Healthy & Happy

Healthy & Happy Fitness | Nutrition | wellness

Empowering women to a healthier version of them with every bite and rep.

My goal is to promote healthy eating habits, weight lifting and help to achieve their fitness goal. I would like to share how to cook fat loss healthy meal.

ဝိတ်ချချင်တယ်” လို့ ပြောတဲ့ client တွေကို consultation လုပ်တဲ့အချိန်မှာ ကြည်အမြဲတမ်း မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့—၁။ တစ...
29/04/2026

ဝိတ်ချချင်တယ်” လို့ ပြောတဲ့ client တွေကို consultation လုပ်တဲ့အချိန်မှာ ကြည်အမြဲတမ်း မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့—

၁။ တစ်နေ့ကို ဘယ်နှစ်နာရီ အိပ်သလဲ?
၂။ Daily routine ဘယ်လိုရှိလဲ? (တနေ့တာမှာ movement ဘယ်လောက်ရှိလဲ)
၃။ တစ်နေ့ ရေ ဘယ်လောက်သောက်သလဲ?
၄။ တစ်နေ့တာမှာ ဘာတွေစားပါသလဲ?

ဒီမေးခွန်းတွေထဲမှာ အရေးအကြီးဆုံးတစ်ခုကတော့ “အိပ်ချိန်” ပါ။

အထူးသဖြင့် အသက် ၄၀ နား၊ ၄၀ ကျော်လာတဲ့ client တွေအတွက်ဆိုရင်အိပ်ချိန်ကို ပိုပြီး အလေးထားစေချင်တယ်။

ဘာလို့လဲဆိုတော့—

အသက်ငယ်တုန်းမှာ ခေါင်းချတာနဲ့ အိပ်ပျော်နိုင်တယ်။
အသက်၃၀ အရွယ်မှာ Workout + Nutrition ကိုဂရုစိုက်ရုံနဲ့ ဝိတ်ကျနိုင်တယ်။ workout လုပ်ပီး နည်းနည်းပင်ပန်းတာနဲ့ အိပ်ပျော်လွယ်တယ်။

ဒါပေမယ့် အသက် ၄၀ နား၊ ၄၀ ကျော်လာတဲ့အခါ
အရင်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ မလွယ်တော့ဘူး။
ညဘက် တရေးနိုးတာ၊ နိုးပြီး ပြန်အိပ်မရတာမျိုးကြုံလာတဲ့အခါ ကြာရင် ကျန်းမာရေးပါထိခိုက်နိုင်ပါတယ်။ အဲ့တော့ အသက်၄၀နားရောက်လိုက်ရင်
sleep > nutrition > workout (sleep က အရေးကြီးဆုံးဖြစ်သွားတယ်)
(ဒါက ကိုယ်တိုင်တွေ့ကြုံရတာပါ)။

အိပ်ရေးမလုံလောက်တဲ့အခါ—
• ဟော်မုန်းတွေ balance မမှန်တော့ဘူး။
• ဆာလောင်မှု (cravings) ပိုများလာတယ်။
• Fat loss ခက်ခဲလာတယ်။
• Stress level မြင့်တက်လာတယ်။
• Energy နည်းသွားပြီး workout performance ကျသွားတယ်။

အချို့လူတွေက “Diet ကောင်းကောင်းစားရင်၊ workout လုပ်ရင် လုံလောက်ပြီ” လို့ထင်ကြတယ်။
ဒါပေမယ့် အသက်တခုရောက်လာရင် အိပ်ရေးမဝရင်
ကျန်တဲ့အရာတွေ အပြည့်အဝ အကျိုးမရနိုင်ပါဘူး။

ဒါကြောင့်—

အသက် ၄၀ကျော်အရွယ်မှာ ဝိတ်ချချင်ရင်
အစားအသောက်၊ workout တွေထက်
“အိပ်ရေး” ကိုပထမဆုံး ပြန်စဉ်းစားသင့်ပါတယ်။

အကြံပြုချင်တာတွေကတော့—
• တစ်နေ့ကို အနည်းဆုံး ၇- ၈ နာရီ အိပ်ဖို့ကြိုးစားပါ
• အိပ်ချိန်၊ နိုးချိန်ကို routine တခုလို သတ်မှတ်ပါ။ ပုံမှန်ဖြစ်လေ ကောင်းလေပါပဲ။
• မအိပ်ခင် ဖုန်း၊ screen အသုံးပြုမှု လျှော့ပါ။
• ကော်ဖီ၊ tea တို့ကို ညနေပိုင်း မသောက်ပါနဲ့။
ကိုယ့်ဟာကိုယ် ကလေးလို သဘောထားပီး ကလေးတွေငယ်ငယ်က sleeping routine လုပ်သလိုလေး sleep routine လုပ်ပါနော်။ ညနေ ဆို calm down ဖြစ်စေမဲ့ Music နားထာင်တာ၊ ရေနွေးနွေးနဲ့ချိုးတာ.. ညအိပ်ခါနီး stretching လုပ်တာ၊ တရားထိုင်တာမျိုးတွေက ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

Healthy lifestyle တခုတည်ဆောက်ဖို့၊ ကျန်းမာစွာ ဝိတ်ကျဖို့ဆိုတာexercise တစ်ခုတည်းနဲ့ မရပါဘူး။

✅Sleep + Nutrition + Movement
ဒီသုံးခု balance ဖြစ်တဲ့အခါမှ တကယ်တမ်း sustainable result ရနိုင်မှာပါ။



Client တော်တော်များများမေးတတ်တဲ့ question တစ်ခု👇“Workout တွေလုပ်နေတယ်… အစားလည်းထိန်းနေတယ်… ဒါပေမဲ့ body goal မရသေးဘူး။ “...
24/04/2026

Client တော်တော်များများမေးတတ်တဲ့ question တစ်ခု👇

“Workout တွေလုပ်နေတယ်… အစားလည်းထိန်းနေတယ်… ဒါပေမဲ့ body goal မရသေးဘူး။

“Jennifer Lopez လို / ဗရော်နီကာလို/ သဉ္ဇာဝင့်ကျော်လို ကိုယ်လုံး မရနိုင်ဘူးလား?”

ဒီမေးခွန်းရဲ့အဖြေက… တစ်ကြောင်းထဲနဲ့မပြီးဘူးနော်။
အောက်ကအချက်တွေကို ထည့်သွင်းစဉ်းစားရမယ်။

✅Age (အသက်)
အသက်ကြီးလာတာနဲ့အမျှ ကြွက်သားဆုံးရှုံးပြီး metabolism ကျလာတယ်။ Fat burn လုပ်တာ၊ muscle build လုပ်တာက နှေးလာတယ်။ ကိုယ့်အသက်က ၄၀နားနီးလာရင် pre-menopause symptoms လဲထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

✅Genetics (မျိုးရိုးဗီဇ)
လူတိုင်း body type တူမှာမဟုတ်ဘူး။
တချို့က slim naturally, တချို့က muscle build လုပ်ရလွယ်တယ်၊ တချို့က အဆီစု လွယ်တယ်။
ဒါကြောင့် “သူလိုဖြစ်ချင်တယ်” ဆိုတာထက် “ကိုယ့် best version” ကို focus လုပ်ရမယ်။

✅Lifestyle (နေထိုင်မှုပုံစံ)
Gym မှာ 1 hour အချိန် ပေးပြီးဆော့ပီးပါပြီတဲ့..
ကျန်တဲ့ 23 hours မှာ sleep မလုံလောက်၊ stress များ၊ activity နည်းမယ်ဆိုရင် progress က နှေးနေမှာ ဖြစ်ပါတယ်။

✅Habit (အကျင့်)
Weekday မှာ “Diet လုပ်နေတယ်” ပြီး weekend မှာပိုစားဖြစ်နေလား။Portion control မလုပ်ပဲ၊ tracking မလုပ်ပဲစားနေလား။
Smoothie တွေက ကျန်းမာတယ်ဆိုပီး liquid calorie တွေ အများကြီးသောက်မိနေလား။ salad dressing ရဲ့ calories ကို မကြည့်ပဲစားမိနေလား။

Small habits တွေက result ကို control လုပ်တာပါ။ စွဲမြဲစွာလုပ်ခြင်းကလဲ ရလာဒ်ကိုမြန်မြန်ရစေပါတယ်။

🍀Expectation vs Reality
Jennifer Lopez လို body ဆိုတာ…years of discipline / professional coaching / strict routine and full lifestyle control တွေလိုပါတယ်။

Celebrity တွေရဲ့lifestyle က လူသာမာန်တွေရဲ့ lifestyle နဲ့ မတူပါဘူး။ ပြီးတော့ အားကစားသမားဖြစ်တဲ့ ဗရော်နီကာလုပ်တဲ့လေ့ကျင့်ခန်း နဲ့ JLo ရဲ့ လေ့ကျင့်ခန်းတွေလဲ တူမှာမဟုတ်ဘူး။

ဗရော်နီကာလို အားကစားသမားတွေရဲ့ ကိုယ်ခန္ဓာက နေ့စဉ် training 3-6 hours ရှိတယ်။ အလေးချည်းမနေတာမဟုတ်သလို cardio ချည်း focus ထားဆော့တာလဲ မဟုတ်ဘူး။ ဘယ်အချိန်မှာ weight training ၊ ဘယ်ချိန်မှာ cardio training ၊ ဘယ်အချ်န်ကတော့ rest and recovery ဆိုပီး သတ်မှတ်ထားတာမျိုး..
ဒီလိုပဲ JLo လို ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေကျ အစားအသောက် အရမ်းထိန်းရသလို workout ကိုလဲ သေချာဂရုစိုက်ရတယ်။

သာမာန်လူတွေက သူတို့တွေဆော့သလို လိုက်မဆော့နိုင်သလို သူတို့စားသလိုလဲ လိူက်မစားနိုင်ပါဘူး။ နောက်ပီး ကိုယ့်အလုပ်က office job ( ထိုင်ရတဲ့အလုပ်) ဆို ပိုဆိုးပါတယ်။

ဒါကြောင့် ကိုယ့် lifestyle နဲ့ ကိုက်ညီမဲ့ training plan ကိုရွေးချယ်ပြီး သေချာစွဲစွဲမြဲမြဲလုပ်မယ်။ အစားကိုလဲ သေချာလေးစားမယ်ဆိုရင် ကိုယ့်ရဲ့ best version ကို ထုဆစ်နိုင်မှာပါ။

P.S ကြည်လဲ JLo ကိုယ်လုံးလေး လိုချင်နေတာ..
ကြိုးစားနေဆဲပါပဲ 🤣


ဓာတ်ဆီစျေးကြီးသွားတာရယ်။အိမ်မှာ ကလေးကြည့်ပေးမဲ့လူမရှိတာရယ်။အသက်လေးရလာတော့ ညဘက်နိုးရင် ပြန်အိပ်မရ.. အဲ့တော့ မနက်ကို စောစေ...
24/04/2026

ဓာတ်ဆီစျေးကြီးသွားတာရယ်။
အိမ်မှာ ကလေးကြည့်ပေးမဲ့လူမရှိတာရယ်။
အသက်လေးရလာတော့ ညဘက်နိုးရင် ပြန်အိပ်မရ.. အဲ့တော့ မနက်ကို စောစောမထနိုင်လို့ gym မရောက်ဖြစ်တာရယ်..
အကြောင်းအမျိုးမျိုးတွေနဲ့ home workout လေးပဲ ပြန်ပြောင်းဆော့ဖြစ်တယ်။

တော်သေးတယ် မာဆယ်လေးတွေကျန်သေးလို့.. 😄😄
ကိုယ်ကတော့ မာဆယ်လေးတွေကို ကိုယ်ဆော့ ကိုယ်ကြိုက်ပဲ

19/04/2026

မဆော့တာကြာပြီဖြစ်တဲ့ Deadlift..
ဒီနေ့တော့ ပြန်စဆော့ဖြစ်တယ်။
၆၀ကီလို ၇ခါကို အတော် မ ယူနေရတယ်။
အသက်လေးရလာတော့ စိတ်ကလုပ်ချင်ပေမဲ့ ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး

Leg day ဆော့ရင်းတန်းလန်း.. “တော်ပီ မနိုင်တော့ဘူး ရပ်လိုက်တော့မယ်”လို့ တွေးနေရင်းနဲ့.. one more!! One more set!! One more...
19/04/2026

Leg day ဆော့ရင်းတန်းလန်း.. “တော်ပီ မနိုင်တော့ဘူး ရပ်လိုက်တော့မယ်”လို့ တွေးနေရင်းနဲ့..
one more!!
One more set!!
One more exercise!! ဆိုပီး အားတင်းရင်း exercise အားလုံး အပြီးသတ်လုပ်နိုင်သွားတဲ့အခါ.. 💪💪💪
ကျေနပ်မှူအပေါင်း တစ်သောင်း 😆😆

Easter ပိတ်ရက်၊ သင်္ကြန်ပိတ်ရက်မှာ စားချင်တာတွေစား၊ gym ပျက်ရက်တွေများပြီး ခါးမှာအဆီတွေ စစုလာပေမဲ့ Flex လုပ်လို့ မာဆယ်လေးပေါ်လာရင် ကျေနပ်နေရော…
စားချင်တာ စားပြီးပြီဆိုတော့ back to normal routine ပေါ့လေ။


❓Client Question - “ဝိတ်ကျဖို့၊ လှပဖို့ Body Transformation ဖြစ်ဖို့ Personal Trainer လိုလား?”My Answer - Yes & No. Depe...
18/04/2026

❓Client Question - “ဝိတ်ကျဖို့၊ လှပဖို့ Body Transformation ဖြစ်ဖို့ Personal Trainer လိုလား?”

My Answer - Yes & No. Depends on your goal.

ဒီခေတ်မှာ AI တွေ ခေတ်စားနေတော့ fitness ကို intermediate level လောက်ရှိနေပြီဆိုရင် ChatGPT မှာ prompt ပေးပြီး workout, diet plan တွေ ဆွဲပြီးကိုယ်တိုင်လုပ်လို့ရပါတယ်။

ဒါပေမဲ့…Body Transformation ဆိုတာ ၂ ပတ်၊ ၁ လအတွင်း ဖြစ်မယ့်အရာမဟုတ်ပါဘူး။

Consistency (စွဲမြဲစွာလုပ်ခြင်း) + Proper Plan ရှိမှသာ result ကောင်းရပါတယ်။

ဝိတ်ကျချင်တယ်။ body shape လှချင်တယ်။
Body transformation ကို seriously လုပ်ချင်တယ်ဆိုရင်တော့ Personal Trainer တစ်ယောက်ရှိတာက ကိုယ့် body goal ကို မြန်မြန် နဲ့ မှန်မှန် ရောက်အောင် ကူညီနိုင်ပါတယ်။

✅Personal Trainer ရှိရင် ဘာကောင်းလဲ?

• ကိုယ့်အတွက် customized workout plan ရမယ်။

• Diet (စားသောက်ပုံ) ကိုလည်း လမ်းညွှန်ပေးမယ်။

• Motivation ရပြီး ဆက်လုပ်နိုင်မယ် ။(check-in, reminder ရှိမယ်)

• Injury မဖြစ်အောင် safe training လုပ်နိုင်မယ်။

• Stress, lifestyle, mindset, habit tracking တွေပါ support ပေးနိုင်မယ်။

ဒါတွေက AI တစ်ခုတည်းနဲ့ မရနိုင်တဲ့အပိုင်းတွေပါ။

နောက်တစ်ခု…

အကောင်းဆုံး Trainer ရှိရုံနဲ့လည်း result မရပါဘူး။

✅Trainer + Self-discipline + Consistency = Result

အဲ့တော့ Trainer လို/မလိုဆိုတာက

🍀ကိုယ့် fitness level

🍀ကိုယ့် self-discipline

🍀ကိုယ့် motivation ပေါ်မူတည်ပါတယ်။

Beginner ဖြစ်ပြီးဘယ်လိုစလုပ်ရမှန်းမသိဘူး။ ဘေးကနေ တယောက်ယောက်က pushမလုပ်ပေးရင် မလုပ်ဖြစ်ဘူးဆိုရင်တော့ ကိုယ်နဲ့ကိုက်ညီမယ့် Trainer ရှာပြီးလုပ်တာက result မြန်မြန်ထွက်စေပါလိမ့်မယ်။

Intermediate level တွေမှာလည်း body builder competition ဝင်ချင်တယ်။ Hyrox competition ဝင်ချင်တယ်။next level တက်ချင်တယ်ဆိုရင် Trainer လိုပါတယ်။

Trainer ဆိုတာ…

ဖယောင်းတိုင်လိုပဲ ကိုယ်မီးငြိမ်းသွားတဲ့အချိန်မှာ
ပြန်မီးလောင်အောင် ဘေးကနေ မီးကူးပေးမယ့်လူပါ။

အဲ့တာမို့ ကိုယ့်ရဲ့ mindset တွေပြောင်းလဲပီး healthy lifestyle ကို ဖြေးဖြေးချင်းလှမ်းသွားနိုင်အောင် ကူညီပေးမဲ့ trainer မျိုး မိတ်ဆွေတို့ဆီမှာရှိပြီလား။

ရှိနေပီဆိုရင်တော့ မြန်မာနှစ်သစ်ကူးမှာ new year, new me ဆိုပီး body transformation journey ကို စတင်လိုက်ပါတော့..



မိတ်ဆွေများအားလုံး မင်္ဂလာနှစ်သစ်လေးမှာကျန်းမာပျော်ရွှင်ပြီး ဘေးကင်းရန်ကင်း အန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
18/04/2026

မိတ်ဆွေများအားလုံး မင်္ဂလာနှစ်သစ်လေးမှာ
ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းရန်ကင်း အန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Photo credit

မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလမှာ မိတ်ဆွေတို့အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ဘေးရန်ကင်းဝေးကြပါစေ..နှစ်ဟောင်းကအညစ်အကြ...
13/04/2026

မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလမှာ မိတ်ဆွေတို့အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ဘေးရန်ကင်းဝေးကြပါစေ..
နှစ်ဟောင်းကအညစ်အကြေးတွေဆေးကြောပီး နှစ်သစ်ကို စိတ်သစ် လူသစ် အတွေးအမြင်အသစ်တွေနဲ့ စတင်နိင်ကြပါစေ

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှု “Stress” ဆိုတာ လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ အရာတစ်ခုပါ။ ခုခေတ်မှာ ကုန်စျေးနှုန်းတွေကြီးလာတာ၊ ...
10/04/2026

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှု “Stress” ဆိုတာ လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ အရာတစ်ခုပါ။ ခုခေတ်မှာ ကုန်စျေးနှုန်းတွေကြီးလာတာ၊ ဓာတ်ဆီမရတာ၊ ရာသီဥတု ပူတာ၊ စီးပွါးရေးတွေကျပ်လာတာ.. နေရာအနှံ့မှာ စစ်ပွဲတွေဖြစ်လာတာကလဲ ယနေ့ခေတ်လူတိုင်း stress ရစေတဲ့အကြောင်းအရာတွေပါပဲ။

ဒါပေမဲ့ အဲ့ stress ကို ဒီတိုင်းထားလိုက်ရင် Acute stress ကနေမှ Chronic stress ဆိုပြီး နာတာရှည်စိတ်ဖိစီးမှူကနေ depression - Burn out ဖြစ်တဲ့ထိ ဆိုးသွားနိုင်ပါတယ်။ အဲ့တော့ ကိုယ့်ဟာကိုယ် stress ရနေတယ်လို့ ထင်ရင် မြန်မြန် action ယူသင့်ပါတယ်။

💭 Stress ဘာကြောင့်ဖြစ်လာတာလဲ?

Stress ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးထဲက အဖြစ်အများဆုံး အကြောင်းတွေကတော့…

🧐အလုပ်ပင်ပန်းမှု၊ deadline များခြင်း။
💰ငွေကြေးဖိအားများ။
🧑‍🧑‍🧒‍🧒မိသားစု၊ relationship ပြဿနာများ။
😴အိပ်ရေးမလုံလောက်ခြင်း။
😥ကိုယ့်ကိုယ်ကို မယုံကြည်မှု၊ စိတ်ဖိစီးမှုများ။

❌Stress ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများ

❌ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ပင်ပန်းနာကျင်မှု။
❌အိပ်မပျော်ခြင်း (insomnia)
❌စိတ်ကျရောဂါ၊ anxiety
❌အစားအစာမထိန်းနိုင်ခြင်း (overeat / loss of appetite)
❌ကိုယ်အလေးချိန်တက်ခြင်း သို့မဟုတ် လျော့ခြင်း။
❌စိတ်ဓာတ်ကျပြီး motivation လျော့နည်းခြင်း။

🌱 Stress ကို ဘယ်လိုသက်သာအောင်လုပ်မလဲ?

✔️ နေ့စဉ် 10-15 မိနစ် exercise လုပ်ပါ။ (လမ်းလျှောက်ခြင်း၊ yoga၊ strength training)
✔️ Deep breathing / meditation လုပ်ပါ။ or journal writing လေးလုပ်ပါ။
✔️ အိပ်ရေးကို ဝအောင်အိပ်ပါ။ ၇-၈ နာရီ အိပ်နိုင်ရင်အကောင်းဆုံးပါ။
✔️ ကိုယ့်ဟာကိုယ်အချိန်ပေးပီး ကိုယ်ချစ်တဲ့အရာတွေကိုလုပ်ပါ။ (music, reading, cooking) etc..
✔️ မိသားစု၊ မိတ်ဆွေနဲ့ စကားပြောပြီး စိတ်ထွက်ပေါက်ရှာပါ။
✔️ “No” လို့ပြောတတ်ဖို့ သင်ယူပါ (လုပ်ငန်းခွင်မှာ၊ relationship မှာ overload မဖြစ်အောင် ငြင်းသင့်တာတွေ ငြင်းပါ) အားနာခြင်းကလဲ စိတ်ဖိစီးမှူကိုဖြစ်စေပါတယ်။

ကြည့်ရဲ့ motto ကတော့ try 1% better everyday ပါ။
အဲ့တော့ ကိုယ့်ကို နေ့စဉ် 1% တိုးတက်စေမဲ့အလေ့အကျင့်လေးတွေကို နေ့စဉ်လုပ်သွားမယ်ဆိုရင် အကျင့်ကောင်းလေးတွေ ရသွားပါလိမ့်မယ်။
အောက်မှာ Habit tracker sheet လေး sharing လုပ်ပေးထားပါတယ်။ လိုအပ်ရင်ယူသုံးလို့ရပါတယ်။





ဒီနေ့တော့ EvoMotion Workout set လေးနဲ့ tennis ထွက်ရိုက်ဖြစ်တယ်။ Jacket လေး အတော်လှတယ်။ Skort လေးလဲ ချစ်စရာလေး.. အသားလေးအ...
06/04/2026

ဒီနေ့တော့ EvoMotion Workout set လေးနဲ့ tennis ထွက်ရိုက်ဖြစ်တယ်။
Jacket လေး အတော်လှတယ်။
Skort လေးလဲ ချစ်စရာလေး.. အသားလေးအိအိလေးနဲ့ ပုံစံကျပြီး ကိုယ်မှာ ချပ်ချပ်ရပ်ရပ်လေးနဲ့ ကွက်တိဖြစ်နေလို့ အရမ်းကြိုက်နေပြီ။

summer activity လေးအတွက်ဆို အတော်ပဲ။




အလေးမ သက်တမ်း၆နှစ်၊ gym သက်တမ်း၄နှစ်အကြာမှာတော့Lateral raise ကို 8kg dumbbell နဲ့ ၁၂ကြိမ် x ၄ကြော့ မနိုင်ခဲ့ပီ 🤭😂
01/04/2026

အလေးမ သက်တမ်း၆နှစ်၊ gym သက်တမ်း၄နှစ်အကြာမှာတော့
Lateral raise ကို 8kg dumbbell နဲ့ ၁၂ကြိမ် x ၄ကြော့ မနိုင်ခဲ့ပီ 🤭😂

🍀အစားကြိုက်တဲ့ ကြည့် client များအတွက်.. အစားအရမ်းကြိုက်တယ်။ ဒါပေမဲ့ ဝိတ်လဲချချင်တယ်။ အစားတွေအများကြီးစားပြီး ဝိတ်ချတဲ့ န...
30/03/2026

🍀အစားကြိုက်တဲ့ ကြည့် client များအတွက်..

အစားအရမ်းကြိုက်တယ်။ ဒါပေမဲ့ ဝိတ်လဲချချင်တယ်။ အစားတွေအများကြီးစားပြီး ဝိတ်ချတဲ့ နည်းလမ်းရှိလားတဲ့…

ဟုတ်ကဲ့။ ရှိပါတယ်။ အဝစားပြီး ဝိတ်ကျတဲ့နည်းလမ်းရှိတာပေါ့။

Calories deficit meal လေးတွေ နောက်မှ လာပြီး sharing လုပ်ပေးဦးမယ်နော်။

လတ်တလော ကြည်စားနေတဲ့ calories deficit meal လေးတွေကို ပုံလေးနဲ့စာနဲ့တွဲရေးထားပေးပါတယ်။




Address

London

Alerts

Be the first to know and let us send you an email when Healthy & Happy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthy & Happy:

Featured

Share