Call Your Family Doctor

Call Your Family Doctor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Call Your Family Doctor, Family medicine practice, New Inn Hall Street, Oxford.

16/10/2021

ပြန်ကောင်းလာပြီးနောက်ပိုင်း လက္ခဏာတွေက
*******************************************
၁။ လက်ဖဝါးတွေ ပုံမှန်ထက်ပို ပူနေပါတယ်။

၂။ ခန္ဒာကိုယ်က ချမ်းချင်တဲ့အချိန်ထချမ်းပါတယ်။ တခါတလေကျတော့လည်း ချွေးအများကြီးထွက်ပြီး အိုက်တတ်ပါတယ်။

၃။ နည်းနည်း လှုပ်ရှားလိုက်တာနဲ့ မောပြီးဟိုက်လာပါတယ်။
တစ်ခါတစ်လေ ကျတော့ လှုပ်လှုပ်ရှားရှား မလုပ်ပဲ ထိုင်နေ အိပ်နေရင်း နဲ့ကို နည်းနည်းမောပီး အသက်ရှုကြပ်လာတတ်ပါတယ် ။
Spo2 တိုင်းကြည့်တော့ မကျပါဘူး။

၄။ ချောင်းနည်းနည်းဆိုးပါတယ်။

၅။ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ပါဘူး ။
ခဏခဏ လန့်နိုးပါတယ်။ တစ်ခါတစ်လေ မနက်အစောကြီးနိုးနေပြီး ပြန်အိပ်မရတော့ပါဘူး။

၆။ ခြေဆစ် လက်ဆစ်တွေ နာတာ ကိုက်တာတွေ ဖြစ်ပါတယ်။

၇။ လည်ချောင်းထဲမှာ ချွဲနဲနဲကပ်ပြီး စကားပြောရင်အသံက တချက်တချက် ညောင်နာနာဖြစ်ပြီး တိမ်ဝင်သွားပါတယ်။

၈။ဗိုက်ခဏခဏဆာပီးအများကြီးစားလိုက်ရင် တစ်ခါတစ်လေ လေတွေပွအစာမကြေတာမျိုးလဲ ဖြစ်ပါတယ်။

၉။စိတ်ဓါတ်က တက်လိုက် ကျလိုက်ဖြစ်နေပါတယ်။ စိတ်ပူပင်စရာ အလုပ်ကိစ္စတွေ စိတ်ဖိစီးစရာ ဒေါသဖြစ်စရာကိစ္စ ဟာ မစဉ်းစားပဲ သူ့အလိုလို ခေါင်းထဲ ဝင်လာတတ်ပါတယ်။

၁၀။ ရင်ဘတ်နဲ့ ကျောကုန်းကို ထိရင် ဖိလိုက်ရင် နာပါတယ်။

၁၁။ လက် ရင်ဘတ်နဲ့ ကျောကုန်းမှာ အနီဖုတွေ အနီပြင် အနီစက်တွေ ထွက်လာပါတယ် ။

၁၂။ ခြေသလုံးကြောတွေ ပေါင်ကြောတွေ တင်းပီး တောင့်နေတတ်ပါတယ်။

၁၃။ တခါတလေ ခေါင်းနည်းနည်းကိုက်ပီး ခေါင်းလေး ခေါင်းအုံနေတတ်ပါတယ်

၁၄။တခါတလေ ရင်တုန်ပီး လူကတုန်ကယင်ဖြစ်တတ်ပါတယ်

၁၅။ရေထိလိုက်တာနဲ့ ခဏလေးအတွင်း လက်ဖဝါးကအရေပြားတွေ တွန့်ကုန်ပါတယ်။

အခုကဘယ်လိုဖြစ်နေလဲဆိုတော့ နေမကောင်းဘူးလားဆိုတော့ လဲမဟုတ်ဖူး🙄

ကောင်းနေပြီလားဆိုတော့လဲ မဟုတ်ပြန်ဘူး ကောင်းပြီလား မကောင်းဘူးလားကိုယ့်ဟာကိုလဲ မသိ အဲ့လိုဖြစ်နေတာပါ။

ဘာပဲဖြစ်ဖြစ် day 20 ကျော်လာတဲ့သူတွေဟာ အဆိုးဆုံး အခြေအနေကို ဖြတ်ကျော်ပြီးသွားပါပြီ။
ရှေ့ဆက်ပိုပြီးကောင်းဖို့ပဲရှိပါတယ်။
ဂရုမစိုက် ပေါ့ပေါ့ဆဆ နေတာမျိုး တော့ လုံးဝမလုပ်ပါနဲ့ ။

နောက်ထပ် ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။
ဉပမာ - နောက်ဆက်တွဲ သွေးခဲပိတ်တဲ့ ပြဿနာလို မျိုးတွေ ဖြစ်လာရင် အကုန်လုံးဆုံးရှုံးသွားနိုင်ပါတယ် ။
ကျမတို့ဟာ အသက်နဲ့ရင်းပီး ဒီရောဂါကို တိုက်နေရတာပါ။
ရန်သူကို မျက်ခြေပြတ်မခံသလို ကျမတို့ ခန္ဒာကိုယ်ကိုလဲ အမြဲဂရုစိုက်ပီး သတိနဲ့ စောင့်ကြည့်နေရပါမယ်။

Day 20 နောက်ပိုင်း သတိထားသင့်တဲ့ အချက်တွေက

၁။ရေချိုးခေါင်းလျှော်သတိထားပါ ။
ရေနွေးနဲ့ချိုးပါ ။
အအေးခံတာမျိုးမလုပ်ပါနဲ့ ။

၂။သွေးမခဲအောင် ခြေထောက်လေ့ကျင့်ခန်း
နေ့တိုင်းလုပ်ပေးပါ။

၃။အလေးအပင်တွေ မ မပါနဲ့။
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

၄။အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးပါ။

၅။Spo2 နဲ့ Heart rate ကို တနေ့ ၃ ကြိမ်လောက် တိုင်းပေးပါ ။

၆။အစားအသောက်ကို မလျော့ပါနဲ့ ။
အဟာရပြည့်အောင်စား
များများစားပေးပါ။
# (weight တက်လာလဲနောက်မှ ပြန်ချလို့ရပါတယ်)

၇။စောစောအိပျပါ ညည့်နက်တဲ့အထိမနေပါနဲ့ ။

၈။ရေများများသောက်ပါ။

၉။အမြဲတမ်းစောင်းပီး အိပ်ပါ ပက်လက်လုံးဝမအိပ်ပါနဲ့ ။

၁၀။ရေနွေးသောက်ပါ။

အရေးကြီးတဲ့ သတိထားရမယ့်
အချက်တွေက

၁။O2 ကျလာရင်
၂။နားနေပေမယ့်လဲ Heart Rate အရမ်းတက်နေရင်
၃။ခြေတွေ လက်တွေ ထုံလာရင်
၄။ရင်ဘတ် အောင့်လာရင်
၅။ခြေသလုံး တွေ ယောင်နေ နာနေတာမျိုး ဖြစ်လာရင်
၆။ချောင်းအဆက်မပြတ် ဆိုးတာမျိုးဖြစ်နေပြီဆိုရင် -

ဆရာဝန်နဲ့ ချက်ခြင်းပြပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ သွေးစစ်တာတွေ ရင်ဘတ်ဓါတ်မှန်ရိုက်တာတွေကို လုပ်သင့်ပါတယ်။
ကောင်းနေပြီဆိုပြီး လူကောင်းတယောက်လို အလုပ်တွေကို မလုပ်ပါနဲ့။ ပြန်ဖျားတတ်ပါတယ်။

အရမ်းကြောက်ပြီး ဘာမှ မလုပ်ပဲ တချိန်လုံး အိပ်ယာထဲ မှာ နေတာမျိုးလဲ မလုပ်ပါနဲ့။
သွေးခဲတတ်ပါတယ်။
အသက်ကို ဥာဏ်စောင့် ဆိုသလို ပေါ့ပေါ့ဆဆ မနေပဲ ဉာဏ်နဲ့ ယှဉ်တဲ့ သတိအမြဲရှိနေရပါမယ်။
အများကြီးလဲ စိတ်ပူပန် စိတ်အားငယ်တာမျိုး မဖြစ်ပါနဲ့ ။ ကိုယ့်ဘက်က လုပ်စရာ ရှိတာ အားလုံး ကို သေချာ လုပ်ထားပြီးရင် ရပါပြီ ။ကျန်တာက ကံတရားပါ။
တတ်နိုင်သလောက်စိတ်ကို ပျော်အောင်နေပါ။
ဒီအချိန်မှာ အသက်ထက်အရေးကြီးတာ ဘာမှမရှိပါဘူး။ကြွေလွင့်သွားရတဲ့သူတွေအတွက် စိတ်မကောင်းပေမယ့် ဒီအချိန်မှာ အသက်ရှင်နေသေးတာဟာ အကောင်းဆုံး Blessing ဆိုတဲ့စိတ်နဲ့ ရှင်သန်နေထိုင်ပါ။
နောက် ၂ လ ၃ လ လောက်အထိ သွားသတိ လာသတိ စားသတိ ဘာပဲလုပ်လုပ်အမြဲတမ်းသတိကပ်ထားရပါမယ်။အမြဲတမ်းမမေ့မလျော့ သတိနဲ့နေထိုင်ပါ။

မိတ်ဆွေ များအားလုံး ကျန်းမာ ချမ်းသာပြီး
ဒီကပ်ဆိုးကြီးတွေကို အတူတကွ ကျော်ဖြတ်နိုင်ကြပါစေ။

Credit #

07/08/2021

1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး😓
2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်😥😥
3. ရင်ကြပ်တယ် သလိပ်ထွက်တယ်😪
4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)🗣🗣🗣
5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်🤢🤢🤢
6. ခေါင်းကိုက်တယ်😰
7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)
8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်
9. ည အိပ်မပျော်ဘူး
___________

1. #အားမရှိဘူး_နုံးနေတယ်

နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊
Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။

- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)
- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)
- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)
- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)

2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်

Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်
SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့်
👉 ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်
👉 ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်

- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့
- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

3. ရင်ကြပ်တယ် သလိပ်ထွက်တယ်

ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊
- Position ခဏခဏ ပြောင်းပေးခြင်း
- ကျောကုန်းကို ပုတ်ပေးခြင်း
- ရေနွေးသောက်ပေးခြင်း
- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်)

သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)

4. ချောင်းခြောက်ဆိုးတယ်

အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်

- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)
- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)
- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ
- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)
- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။

5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်

သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)
ကိုဗစ်လူနာတွေကြတော့
👉 နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊
👉 တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။
👉 Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်
👉 အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။

- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။
- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ

အရေးတကြီးမှာလိုတာက

👌 အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်
#အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်
တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်

(6) ခေါင်းကိုက်တယ် ၊
(7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊
(8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊
(9) ည အိပ်မပျော်ဘူး

ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။
ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်

👉 ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ
👉 ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ
👉 အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား

စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။

- စိတ်အေးအေးထားပါ
- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ
- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ 👉 နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်
- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်

30/07/2021

လူနာစောင့်ပါးနပ်လိမ်မာရင် လူနာမသေဘူး
အောက်စီမီတာတွေ ဖြုတ်လိုက်ကြပါတော့။

အောက်စီမီတာလို့အလွယ်ခေါ်နေကြတဲ့ သွေးတွင်းအောက်စီဂျင်တိုင်းတဲ့ စက်ကလေးမှာ ထူးခြားတာ တခုရှိတယ်။
SPO2လို့ခေါ်တဲ့ သွေးတွင်းအောက်စီဂျင်ပမာဏကို တိုင်းတဲ့ကိန်းဂဏာန်းနဲ့
PR လို့ခေါ်တဲ့ သွေးခုန်နှုန်း တိုင်းတဲ့ ကိန်းဂဏာန်း နှစ်ခု ရှိပါတယ်။

ထူးခြား,ဝာာက သွေးခုန်နှုန်းမြန်နေရင်
သွေးတွင်းအောက်စီဂျင်နည်းတတ်ပါတယ်။
ဒီနှစ်ချက်က အလွန်ဆက်စပ်နေတာကို ကျနော်လေ့လာမိပါတယ်။
စက်ကို တီထွင်သူက
ဆက်စပ်မှုရှိလို့ ဂဏာန်းနှစ်ခုကို တခါတည်း ထည့်ပေးထားပုံပေါ်ပါတယ်။
အောက်ကပုံက အဲ့ဒီအတွက်သက်သေပါပဲ။

PR.121 မှာ
SpO2 87ဖြစ်နေပါတယ်။

SpO2 98 ဖြစ်နေချိန်မှာ
PR. 87ပါ။

သွေးခုန်နှုန်း ဘာ့ကြောင့် မြန်နေတာလဲ ဆိုရင်
နှလုံး ခုန်နှုန်း မြန်လို့ပါ။
ဒီနေရာမှာ နှစ်ပိုင်းပြောရပါလိမ့်မယ်။
1က စိုးရိမ် ပူပန်တတ်သူတွေ နှလုံး ခုန်နှုန်းမြန်ပါတယ်။
2 ကိုဗစ်အနိုင်ယူလို့ရတဲ့ သူတွေ ကွယ်လွန်ခါနီးရင်
သွေးခုန်နှုန်းက အရမ်းများတတ်တာ ကို
လက်လှမ်းမီသလောက် ကျနော်လေ့လာမိပါတယ်။

1အမျိုးအစားက အလွယ်တကူ စိတ်ဖိစီးမှု ၊စိတ်ပူပန်မှုတွေ လျော့ ချနိုင်ရင် သွေးတွင်းအောက်စီဂျင်ကျနေတာကို ပြန်တက်အောင်ကြိုးစားဖို့ လွယ်သလောက် ဒုတိယ အပိုင်းက လူတွေ အတွက် က မမှီတော့ပါဘူး။

အဲ့ဒီတော့ ကျနော်တို့ လူနာကို ဒုတိယ အဆင့်ထိမရောက်အောင် ကျနော်တို့ လုပ်နိုင်တာ သူ့ရဲ့ စိုးရိမ်ပူပန်တတ်မှု၊စိတ်ဖိစီးမှုကို လျော့ချနိုင်အောသ်ကြိုးပမ်းကြရပါလိမ့်မယ်။

‌ပထမအဆင့် အောက်စီမီတာကို မလိုအပ်ပဲ
အမြဲတပ်ထားတာမျိုးရှောင်ကျဉ်သင့်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုရင်ဖြင့် အောက်စီဂျင်ကျနေတာကိုသိနေလို့ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတဲ့ အတွက် တက်လာရမည့်အောကီဂျင်တွေ က ပုံမှန်မတက်လာတာမျိုး အများကြီး ကြုံဖူးပါတယ်။
အတော်များများက အောကီဂျင်ကျလာရင် အသံမြည်ပါတယ်။အ့ဲဒီအသံက လူနာအတွက် သေမင်းခေါ်သံ လို အလွန်ဆိုးရွားပါတယ်ဗျာ။

ဒုတိယအဆင့်က လူနာက မမောဘူးဆိုရင်
အောက်စီဂျင်ပိုက်ကို ခဏလောက်ဖြုတ်ထားပါ။
သူဘာသာ လွတ်လတ်လပ်လပ် အသက်ရှုပါစေ။
အောက်စီမီတာနဲ့ မတိုင်းပါနဲ့ သူအသက်ရှုလို့ အဆင်မပြေမှ ပြန်တပ်ပေးပါ။
အောက်စီဂျင်ကို ဖြုတ်လိုက်တပ်လိုက် မကြာခဏ လုပ်ပေးခြင်းသည်လည်း သူ့အတွက်အားအင်တွေ ဖြစ်ပီး အောက်စီဂျင်ပေးခြင်းမှ လွတ်သွားပါလိမ့်မယ်။

အထက်က အချက်တွေက
ကျနော်လေ့လာထားမိတာတွေပါ။

အရေးကြီးဆုံးက လူနာစောင့်ပါ။
လူနာစောင့်ရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေက လူနာကို အများကြီး ထိခိုက်တတ်တာ သတိပြုရပါလိမ့်မယ်

ကျနော်တို့ လူနာကို စောင့်ရှောက်ရာမှာ
အရေးကြီးဆုံးက လူနာစောင့်သည် စိတ်ပူပန်မှုနည်းတတ်သူဖြစ်ရင် လူနာ အတွက် အကောင်းဆုံးပါပဲ။

အားလုံးကျန်းမာကြပါစေ။

Crd

Address

New Inn Hall Street
Oxford
OX12

Website

Alerts

Be the first to know and let us send you an email when Call Your Family Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share