Docdocdash ကျန်းမာရေး AI

Docdocdash ကျန်းမာရေး AI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Docdocdash ကျန်းမာရေး AI, Medical and health, UNIT 9D, HOLLYWOOD CENTRE, 77-91 QUEEN'S Road WEST, Sheung Wan, Hong Kong.

DocDocDash က သင့်ကျန်းမာရေးလိုအပ်ချက်တွေကို သေချာနားလည်အောင် ကူညီပေးပြီး ထိုင်း၊ မလေးရှားနဲ့ တူရကီက ဆေးရုံတွေနဲ့ ချိတ်ဆက်ပေးနေပါပြီ။

✔ ယုံကြည်စိတ်ချရတဲ့ ဆေးရုံများ
✔ ကျွမ်းကျင်ဆရာဝန်ရဲ့ အကူအညီ
✔ ကုသမှုတချို့အတွက် ချက်ချင်း Booking ရယူနိုင်ခြင်း

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (𝗗𝗥𝗖) နဲ့ ယူဂန်ဒါနိုင်ငံတစ်ဝန်းမှာ အီဘိုလာ (𝗘𝗕𝗢𝗟𝗔) ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေရှိသူ (သ...
22/05/2026

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (𝗗𝗥𝗖) နဲ့ ယူဂန်ဒါနိုင်ငံတစ်ဝန်းမှာ အီဘိုလာ (𝗘𝗕𝗢𝗟𝗔) ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေရှိသူ (သံသယလူနာ) ၆၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၁၃၉ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ထပ်မံတိုးပွားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အခုကူးစက်နေတာဟာ တွေ့ရခဲတဲ့ 𝗕𝘂𝗻𝗱𝗶𝗯𝘂𝗴𝘆𝗼 ဗိုင်းရပ်စ်မျိုးစိတ် ဖြစ်ပါတယ်။ လူသိများတဲ့ 𝗭𝗮𝗶𝗿𝗲 မျိုးစိတ်နဲ့မတူတာကတော့ ဒီမျိုးစိတ်အတွက် အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် သီးသန့်ကုသဆေး လက်ရှိအချိန်အထိ မရှိသေးပါဘူး။

𝗪𝗛𝗢 အနေနဲ့ အာဖရိကအလယ်ပိုင်းမှာ ဒီရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်ကျယ်ပြန့်နေတာအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ အရှေ့တောင်အာရှ အပါအဝင် အခြားဒေသတွေမှာ ကူးစက်ခံရသူရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုး မရှိသေးပါဘူး။

🦠 အီဘိုလာ (𝗘𝗯𝗼𝗹𝗮) ဆိုတာ ဘာလဲ?
ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များ (သွေး၊ တံတွေး၊ ဆီး၊ မစင်၊ အန်ဖတ်) နှင့် အရေပြားပေါက်ပြဲခြင်း သို့မဟုတ် အကျိအမြှေးပါးများမှတစ်ဆင့် တိုက်ရိုက်ထိတွေ့မိရာက ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးထိတွေ့ထားတဲ့ မျက်နှာပြင်များ၊ အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် ရောဂါပိုးရှိတဲ့ တောရိုင်းတိရစ္ဆာန်များ (လင်းနို့၊ မျောက်) ကို ကိုင်တွယ်ရာကလည်း ကူးစက်နိုင်ပါတယ်။

အီဘိုလရောဂါပိုးဟာ လေထုထဲကနေတဆင့် မကူးစက်နိုင်သလို၊ ရိုးရိုးစကားပြောရုံနဲ့လည်း မကူးစက်နိုင်ပါဘူး။
ရောဂါလက္ခဏာတွေကတော့ အစောပိုင်းမှာ တုပ်ကွေးလိုပဲ အဖျားကြီးခြင်း၊ နုံးခွေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ ဖြစ်တတ်ပါတယ်။ နောက်ပိုင်းအဆင့်တွေမှာတော့ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားအနီစက်များထွက်ခြင်းနှင့် သွေးထွက်ခြင်းတို့အထိ ဖြစ်ပွားနိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မိပြီးနောက် ၂ ရက်မှ ၂၁ ရက်အတွင်း လက္ခဏာများ စတင်ပြသတတ်ပါတယ်။

🧴 အထွေထွေ ကာကွယ်ရေးနည်းလမ်းများ
၁။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
လက်ကို ဆပ်ပြာနှင့်ရေ သုံးပြီး စနစ်တကျ မကြာခဏဆေးကြောပါ သို့မဟုတ် အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည် (𝗦𝗮𝗻𝗶𝘁𝗶𝘇𝗲𝗿) ကို သုံးပါ။

၂။ ထိတွေ့မှုကို ရှောင်ကြဉ်ပါ။
ဖျားနာနေသူရဲ့ သွေး၊ ခန္ဓာကိုယ်ထွက်အရည် သို့မဟုတ် ၎င်းတို့ရဲ့ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။ တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် တိရစ္ဆာန်အသေကောင်များကို ကိုင်တွယ်ခြင်း လုံးဝမပြုလုပ်ပါနှင့်။

၃။ ခရီးသွားရာဇဝင်ကို အသိပေးပါ။
အကယ်၍ ရောဂါဖြစ်ပွားရာဒေသများသို့ သွားရောက်ခဲ့ဖူးပြီးနောက် ဖျားခြင်း သို့မဟုတ် ပုံမှန်မဟုတ်တဲ့ လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားပြီး ကုသမှုခံယူပါ။

၄။ သန့်ရှင်းစွာ စားသောက်ပါ။
သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ အစားအစာများကိုသာ စားသုံးပါ၊ တောကောင်သား (𝗕𝘂𝘀𝗵𝗺𝗲𝗮𝘁) စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို ကာကွယ်ဖို့အတွက် ဒီကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်ကြပါနော်။
𝗔𝗜 နဲ့ တိုင်ပင်ရန်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေးအသိပညာ

ပုံမှန်ဆိုရင် ကင်ဆာစစ်ဆေးမှုတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအလိုက် သီးခြားစီ စစ်ဆေးရတာများပါတယ်။ အကယ်၍ ကိုယ်က ဘယ်...
20/05/2026

ပုံမှန်ဆိုရင် ကင်ဆာစစ်ဆေးမှုတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအလိုက် သီးခြားစီ စစ်ဆေးရတာများပါတယ်။ အကယ်၍ ကိုယ်က ဘယ်နေရာကို ဦးစားပေးစစ်ဆေးရမလဲ မသိသေးဘူး၊ ဒါမှမဟုတ် အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေကို တစ်ခါတည်းနဲ့ စုံစုံလင်လင်နဲ့ ကြိုပြီးစစ်ထားချင်တယ်ဆိုရင်တော့ 𝗦𝗣𝗢𝗧-𝗠𝗔𝗦 ကင်ဆာစစ်ဆေးမှုနည်းပညာ ရှိပါတယ်။

𝗦𝗣𝗢𝗧-𝗠𝗔𝗦 ဆိုတာ ဘာလဲ? ဘယ်လိုအလုပ်လုပ်သလဲ? 🧬
ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ရှိနေပြီဆိုရင် အဲဒီဆဲလ်တွေကနေ အရမ်းကိုသေးငယ်တဲ့ 𝗗𝗡𝗔 အပိုင်းအစလေးတွေ (𝗰𝘁𝗗𝗡𝗔) ကို သွေးကြောထဲကို ထုတ်လွှတ်လေ့ရှိပါတယ်။

𝗦𝗣𝗢𝗧-𝗠𝗔𝗦 ကတော့ သာမန်သွေးဖောက်သလိုမျိုး သွေးတစ်ခါပဲ ဖောက်ပြီး၊ အဲဒီသွေးထဲမှာ ကင်ဆာဆဲလ်တွေက ထွက်လာတဲ့ 𝗗𝗡𝗔 အပိုင်းအစလေးတွေ ရှိ၊ မရှိကို 𝗔𝗜 (𝗔𝗿𝘁𝗶𝗳𝗶𝗰𝗶𝗮𝗹 𝗜𝗻𝘁𝗲𝗹𝗹𝗶𝗴𝗲𝗻𝗰𝗲) စနစ်နဲ့ အသေးစိတ် ရှာဖွေပေးတာ ဖြစ်ပါတယ်။

ဆဲလ်တွေရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေတင်မကဘဲ 𝗗𝗡𝗔 ရဲ့ ပုံသဏ္ဍာန်နဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကိုပါ 𝗠𝘂𝗹𝘁𝗶-𝗢𝗺𝗶𝗰𝘀 နည်းပညာနဲ့ ဘက်ပေါင်းစုံကနေ တိုင်းတာပေးတာမို့လို့ ဘယ်အင်္ဂါအစိတ်အပိုင်းမှာ ကင်ဆာလက္ခဏာ စတင်နေပြီလဲဆိုတာကိုပါ ခန့်မှန်းပေးနိုင်ပါတယ်။

သွေးတစ်ခါဖောက်ရုံနဲ့ ဘယ်ကင်ဆာ (၁၀) မျိုးကို စစ်ဆေးနိုင်မှာလဲ?
ပုံမှန်အားဖြင့် ကြိုတင်သိရှိဖို့ခက်ခဲပြီး လက္ခဏာပြတဲ့အချိန်ဆို နောက်ကျသွားတတ်တဲ့ အောက်ပါ ကင်ဆာ (၁၀) မျိုးကို စစ်ဆေးပေးနိုင်ပါတယ် -
🔸၁။ ရင်သားကင်ဆာ
🔸၂။ အူမကြီးကင်ဆာ
🔸၃။ အစာအိမ်ကင်ဆာ
🔸၄။ အသည်းနှင့် သည်းခြေပြွန်ကင်ဆာ
🔸၅။ အစာရေမျိုပြွန်ကင်ဆာ
🔸၆။ မုန့်ချိုအိတ်ကင်ဆာ (𝗣𝗮𝗻𝗰𝗿𝗲𝗮𝘀)
🔸၇။ အဆုတ်ကင်ဆာ
🔸၈။ သားဥအိမ်ကင်ဆာ (𝗢𝘃𝗮𝗿𝘆)
🔸၉။ ဦးခေါင်းနှင့် လည်ပင်းပိုင်းကင်ဆာ
🔸၁၀။ သားအိမ်အတွင်း​နံရံကင်ဆာ (𝗘𝗻𝗱𝗼𝗺𝗲𝘁𝗿𝗶𝘂𝗺)

ဒီစစ်ဆေးမှုက ဘယ်လောက်အထိ ယုံကြည်စိတ်ချရလဲ?
ဒီစစ်ဆေးမှုရဲ့ တိကျသေချာမှုနှုန်း (𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗶𝘁𝘆) က ၉၅% ကျော်ရှိလို့ အဖြေလွဲမှားထွက်နိုင်ခြေ (𝗙𝗮𝗹𝘀𝗲 𝗣𝗼𝘀𝗶𝘁𝗶𝘃𝗲) နည်းပါတယ်။ ပြီးတော့ အဆင့်စုံ ကင်ဆာရောဂါတွေအတွက် ရောဂါရှာဖွေနိုင်စွမ်း (𝗢𝘃𝗲𝗿𝗮𝗹𝗹 𝗦𝗲𝗻𝘀𝗶𝘁𝗶𝘃𝗶𝘁𝘆) ကတော့ ၇၈% ဝန်းကျင်အထိ ရှိပါတယ်။

သတိပြုရန် အချက်များ
𝗦𝗣𝗢𝗧-𝗠𝗔𝗦 ဟာ ရောဂါရှိ၊ မရှိကို ကြိုတင်စစ်ဆေးပေးတဲ့ ကိရိယာ (𝗦𝗰𝗿𝗲𝗲𝗻𝗶𝗻𝗴 𝗧𝗼𝗼𝗹) သာဖြစ်ပြီး အပြီးသတ်အတည်ပြုချက် (𝗗𝗲𝗳𝗶𝗻𝗶𝘁𝗶𝘃𝗲 𝗗𝗶𝗮𝗴𝗻𝗼𝘀𝗶𝘀) တော့ မဟုတ်ပါဘူး။ အဖြေ 𝗣𝗼𝘀𝗶𝘁𝗶𝘃𝗲 ထွက်လာရင် ကင်ဆာဖြစ်ပြီလို့ တန်းပြောလို့မရဘဲ ဓာတ်မှန်ရိုက်တာ ဒါမှမဟုတ် အသားစယူစစ်ဆေးတာတွေကို ဆက်လုပ်ဖို့ လိုအပ်ပါတယ်။

နောက်ထပ် သတိထားစရာတစ်ခုကတော့... ကင်ဆာဖြစ်စ အရမ်းကို စောလွန်းတဲ့ အခြေအနေမျိုးမှာဆိုရင် သွေးထဲက 𝗗𝗡𝗔 မှာ မပေါ်သေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကင်ဆာအန္တရာယ် ပိုစိုးရိမ်ရတဲ့သူတွေအနေနဲ့ မိမိရဲ့ ပုံမှန်ကင်ဆာစစ်ဆေးမှုတွေနဲ့ပါ တွဲဖက်ပြီး စစ်ဆေးဖို့ အကြံပြုချင်ပါတယ်။
ဒီစစ်ဆေးမှုအတွက် သွေးမဖောက်ခင် အစားရှောင်ဖို့မလိုတာကြောင့် မိမိအဆင်ပြေမယ့်အချိန်မှာ ပေါ့ပေါ့ပါးပါး လာရောက်စစ်ဆေးနိုင်ပါတယ်။

ကဲ... ကင်ဆာကို စောစောစစ်ဆေးပြီး စိတ်ချရအောင် အခုပဲ 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 နဲ့ ရက်ချိန်းယူလိုက်တော့နော်။
𝗔𝗜 နဲ့ တိုင်ပင်ရန်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai

#ကင်ဆာ

ထိုင်းနိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ကမ္ဘာ့အဆင့်မီတာကြောင့် တော်တော်လေး နာမည်ကြီးပါတယ်။ ဆေးရုံဆေးခန်းတွေက ...
19/05/2026

ထိုင်းနိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ကမ္ဘာ့အဆင့်မီတာကြောင့် တော်တော်လေး နာမည်ကြီးပါတယ်။ ဆေးရုံဆေးခန်းတွေက စနစ်ကျပြီး ခေတ်မီတဲ့အပြင် ဝန်ဆောင်မှုလည်း ကောင်းတယ်၊ ပြီးတော့ ကုသစရိတ်က ကိုယ့်နိုင်ငံထက် အများကြီး သက်သာတာကြောင့် နိုင်ငံခြားသားတွေ အမြဲလာပြလေ့ ရှိကြပါတယ်။

ထိုင်းမှာ ဆေးရုံပြမယ်ဆိုရင် အစိုးရဆေးရုံ နဲ့ ပုဂ္ဂလိကဆေးရုံ ဆိုပြီး နှစ်မျိုး ရွေးလို့ရတယ်နော်။

၁။ အစိုးရဆေးရုံကြီးများ
ထိုင်းရဲ့ ထိပ်တန်း ပါမောက္ခချုပ် ဆရာဝန်ကြီးတွေ ရှိတဲ့နေရာဖြစ်ပြီး ဆေးဖိုးဝါးခ အလွန်သက်သာပါတယ်။
ဒါပေမဲ့... လူနာ အရမ်းများတာကြောင့် မနက်အစောကြီးကတည်းက သွားစောင့်ရတတ်ပါတယ်။ ဒါအပြင် ရက်ချိန်းရဖို့ တခါတလေ ရက်အနည်းငယ်စောင့်ရနိုင်တာကြောင့် ရက်တိုဗီဇာနဲ့ လာပြမယ့်သူတွေအတွက်တော့ သိပ်အဆင်မပြေလှပါဘူး။
ကုန်ကျစရိတ် ခန့်မှန်းခြေ:
🔸ဆေးရုံစရိတ်: ၅၀ မှ ၃၅၀ ဘတ် ဝန်းကျင်
🔸ဆရာဝန်ပြခ (ပြင်ပလူနာ): ၁၀၀ မှ ၃၅၀ ဘတ် ဝန်းကျင်
🔸ဆရာဝန်ပြခ (အထူးကု): ၁,၀၀၀ မှ ၁,၅၀၀ ဘတ် ဝန်းကျင်
🔸(ပထမဆုံးပြသတာဆိုရင် ဆေးစာအုပ်လုပ်ခ ထပ်ပေးရနိုင်ပြီး ဆေးရုံစကားပြန် မရှိပါဘူး။)

၂။ ပုဂ္ဂလိကဆေးရုံများ
အချို့က ပုဂ္ဂလိကဆေးရုံဆို ဈေးအရမ်းကြီးမယ် ထင်တတ်ကြပါတယ်။ တကယ်တော့ ဟိုတယ်လို အပန်းဖြေရင်း ကုလို့ရတဲ့ ဆေးရုံကြီးတွေ ရှိသလို၊ အစိုးရဆေးရုံနဲ့ ဈေးနှုန်း သိပ်မကွာတဲ့ ပုဂ္ဂလိကဆေးရုံ အလတ်စားလေးတွေလည်း ရှိပါတယ်။
ပုဂ္ဂလိကဆေးရုံတွေက လူတန်းရှည်ကြီး စောင့်စရာမလိုဘဲ မြန်ဆန်ပြီး အင်္ဂလိပ်လိုလည်း ပြောရအဆင်ပြေပါတယ်။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အစိုးရဆေးရုံမှာ ပေးရမယ့်နှုန်းနဲ့ ယှဉ်ရင် ဈေးချင်း သိပ်မကွာဘဲပြလို့ရနိုင်တဲ့ ဆေးရုံတွေလည်းရှိပါတယ်။ ရက်ချိန်းကိုလည်း အကြာကြီး စောင့်စရာမလိုဘဲ ဒီနေ့ယူ၊ ဒီနေ့တန်းပြလို့ ရပါတယ်။
ကုန်ကျစရိတ် ခန့်မှန်းခြေ:
🔸ဆေးရုံစရိတ်: ၁၅၀ မှ ၄၀၀ ဘတ် ဝန်းကျင်
🔸ဆရာဝန်ပြခ (အထူးကု): ၈၀၀ မှ ၃,၅၀၀ ဘတ် ဝန်းကျင် (ပြသလိုတဲ့ ဆေးရုံနဲ့ အထူးကုပေါ် မူတည်ပါတယ်။)
🔸ပုဂ္ဂလိကဆေးရုံတွေမှာ စကားပြန်တွေ ရှိလေ့ရှိပြီး စကားပြန်အတွက် အဖိုးအခ ထပ်ပေးရလေ့မရှိပါဘူး။
🔸ဒါတင်မကသေးပါဘူး၊ ထိုင်းနိုင်ငံပြင်ပကနေ တကူးတက လာပြမယ့်သူတွေအတွက်လည်း ဆေးရုံကနေ လာကြိုပေးတဲ့ အခမဲ့အကြိုအပို့ ဝန်ဆောင်မှုမျိုးတွေ ရှိပါသေးတယ်။

(မှတ်ချက် - အပေါ်ကစျေးနှုန်းလေးတွေက ပျမ်းမျှကုန်ကျစရိတ်ဖြစ်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။)
🌐 ခရီးသွားရင်း ထိုင်းမှာ ဆေးရုံ၊ ဆေးခန်းတွေကို DocDocDash ကနေတစ်ဆင့် အခမဲ့ ရက်ချိန်းယူနိုင်ပါတယ်နော်။
ဆက်သွယ်ရန်:
𝗔𝗜 Chat: https://patient.docdocdash.ai/main/conversation/new
LINE ID:
WhatsApp: +66 93 043 0010
Email: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေး #ဘန်ကောက် #ဆေးရုံ #ဆေးခန်း #ထိုင်းမှာဆေးကုမယ်

🎉အခုဆိုရင် 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 ဟာ နိုင်ငံတကာက လူနာ ၂,၀၀၀ ကျော်ကို အကြံဉာဏ်များအပြင်၊ လိုအပ်တဲ့ ဆေးရုံဆေးခန်း အချက်အလက်တွေနဲ့ ဈေးန...
17/05/2026

🎉အခုဆိုရင် 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 ဟာ နိုင်ငံတကာက လူနာ ၂,၀၀၀ ကျော်ကို အကြံဉာဏ်များအပြင်၊ လိုအပ်တဲ့ ဆေးရုံဆေးခန်း အချက်အလက်တွေနဲ့ ဈေးနှုန်းတွေကို ကူညီလမ်းညွှန်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ဆေးရုံဆေးခန်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး တစ်ခါတည်း ရက်ချိန်းရယူနိုင်အောင်ပါ အစအဆုံး ကူညီပေးလျက်ရှိပါတယ်။

ဘယ်နိုင်ငံမှာပဲ ရောက်နေပါစေ... ဆေးရုံဆေးခန်း ရက်ချိန်းတွေကို လွယ်လွယ်ကူကူ ရယူနိုင်ဖို့ 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 ကို 𝗠𝗲𝘀𝘀𝗮𝗴𝗲 လေးတစ်ချက်ပဲ ပို့လိုက်ရုံပဲနော်…

𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 ကို ယုံကြည်စိတ်ချစွာ အသုံးပြုခဲ့ကြတဲ့ လူနာတွေရဲ့ တကယ့် 𝗥𝗲𝘃𝗶𝗲𝘄 အချို့နဲ့ အတွေ့အကြုံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
𝗖𝗵𝗮𝘁: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေး #ဘန်ကောက် #ဆေးရုံ #ဆေးခန်း #ထိုင်းမှာဆေးကုမယ်

လူတော်တော်များများက အချိုစားလို့ ဆီးချိုဖြစ်တာလို့ သိထားတတ်ကြပါတယ်။ အချိုရည်တွေကို နေ့တိုင်းသောက်တာ ခန္ဓာကိုယ်အတွက် မကော...
15/05/2026

လူတော်တော်များများက အချိုစားလို့ ဆီးချိုဖြစ်တာလို့ သိထားတတ်ကြပါတယ်။ အချိုရည်တွေကို နေ့တိုင်းသောက်တာ ခန္ဓာကိုယ်အတွက် မကောင်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အချိုစားတာတစ်ခုတည်းက ဆီးချိုဖြစ်စေတဲ့ တိုက်ရိုက်အကြောင်းရင်းတော့ မဟုတ်ပါဘူး။

အစားစားလိုက်တဲ့အခါ ခန္ဓာကိုယ်က အဲဒီအစားအစာတွေကို သကြားဓာတ် (𝗚𝗹𝘂𝗰𝗼𝘀𝗲) အဖြစ် ခြေဖျက်ပြီး သွေးထဲကို ပို့ပေးပါတယ်။ အဲဒီအခါ ပန်ကရိယကနေ အင်ဆူလင်ကို ထုတ်ပေးပြီး သွေးထဲက သကြားဓာတ်တွေကို ခန္ဓာကိုယ်ဆဲလ်တွေထဲ ရောက်အောင် ကူညီပေးရပါတယ်။ ဒါမှ ဆဲလ်တွေက အင်အားရပြီး အသုံးပြုနိုင်မှာပါ။

ဒါပေမဲ့ ဆီးချိုဖြစ်ပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ဒီလိုစနစ်တကျ အလုပ်လုပ်ပုံကြီးက အောက်က နည်းလမ်း နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ပျက်စီးသွားတတ်ပါတယ် -
ဆီးချို အမျိုးအစား (၁) နဲ့ (၂) ဘာကွာသလဲ
🔵 အမျိုးအစား (၁) ဆီးချို (𝗧𝘆𝗽𝗲 𝟭)
အမျိုးအစား (၁) ဆီးချိုက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကမောက်ကမဖြစ်ပြီး အင်ဆူလင်ထုတ်ပေးတဲ့ နေရာကို မှားယွင်းဖျက်ဆီးပစ်လို့ ဖြစ်ရတာပါ။ ဒါက အစားအသောက် ဒါမှမဟုတ် နေထိုင်မှုပုံစံနဲ့ လုံးဝမဆိုင်ပါဘူး။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်တတ်ပြီး ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။
🔵 အမျိုးအစား (၂) ဆီးချို (𝗧𝘆𝗽𝗲 𝟮)
အမျိုးအစား (၂) ဆီးချိုကတော့ ခန္ဓာကိုယ်က အင်ဆူလင်တော့ ထုတ်နိုင်သေးတယ်၊ ဒါပေမဲ့ ခန္ဓာကိုယ်ဆဲလ်တွေက အဲဒီအင်ဆူလင်ကို ကောင်းကောင်း တုံ့ပြန်မှုမရှိတော့ဘဲ လက်မခံတာမျိုး (𝗜𝗻𝘀𝘂𝗹𝗶𝗻 𝗥𝗲𝘀𝗶𝘀𝘁𝗮𝗻𝗰𝗲) ဖြစ်တာပါ။

ဒါကတော့ နေထိုင်မှုပုံစံနဲ့ အများကြီးဆိုင်ပြီး လူကြီးတွေမှာ အဖြစ်များပါတယ်။ အဓိက ဖြစ်စေတဲ့အချက်တွေကတော့ -
ဗိုက်မှာ အဆီစုတာ။
လှုပ်ရှားမှုနည်းပြီး အထိုင်များတာ။
အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးတာ။
- မိသားစုထဲမှာ ဆီးချိုမျိုးရိုးရှိတာတွေကြောင့် ဖြစ်တတ်ပါတယ်။

သကြားကတော့ ကယ်လိုရီများပြီး ဗိုက်မှာ အဆီစုစေတဲ့အတွက် အမျိုးအစား (၂) ဆီးချို ဖြစ်ဖို့ သွယ်ဝိုက်ပြီး အားပေးသလို ဖြစ်နေပါတယ်။

🔵 ဆီးချိုရောဂါ ကာကွယ်ဖို့ ဘာလုပ်ရမလဲ
အမျိုးအစား (၂) ဆီးချိုရောဂါကို ကာကွယ်ဖို့အတွက် သကြားဖြတ်ရုံနဲ့ မလုံလောက်ပါဘူး။ အလွန်အကျွံ ပြုပြင်ထားတဲ့ အစားအသောက်တွေကို ရှောင်တာ၊ အိပ်ရေးဝဝ ပုံမှန်အိပ်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာတွေကိုပါ တွဲလုပ်ဖို့ အရေးကြီးပါတယ်။

🔵 ဆီးချိုအကြိုအဆင့် (𝗣𝗿𝗲𝗱𝗶𝗮𝗯𝗲𝘁𝗲𝘀) ကို ဘယ်လိုသိနိုင်မလဲ
ဆီးချိုက ရှေ့ပြေးလက္ခဏာတွေ ပြလေ့မရှိပါဘူး။ ဒါကြောင့် သေချာသိရအောင် ဆေးစစ်ချက် ခံယူဖို့ပဲ လိုပါတယ်။ အသက် ၃၅ နှစ်ကျော်ရင်ဖြစ်ဖြစ်၊ ဆီးချိုဖြစ်နိုင်ခြေ ရှိသူတွေပဲဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဒီသွေးစစ်ချက်တွေကို လုပ်သင့်ပါတယ် -
🔸𝗙𝗮𝘀𝘁𝗶𝗻𝗴 𝗕𝗹𝗼𝗼𝗱 𝗦𝘂𝗴𝗮𝗿 (𝗙𝗕𝗦) 𝗧𝗲𝘀𝘁 - မနက်စာမစားခင် (အစာမစားဘဲ ၈ နာရီကြာပြီးနောက်) သွေးတွင်းသကြားဓာတ် တိုင်းတာခြင်း။
🔸𝗛𝗯𝗔𝟭𝗰 𝗧𝗲𝘀𝘁 - ၃ လအတွင်း သင့်ရဲ့ ပျမ်းမျှသွေးတွင်းသကြားဓာတ်ကို တိုင်းတာခြင်း။

𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 မှာ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေအတွက် လွယ်ကူသက်သာပြီး စိတ်ချလက်ချ ရက်ချိန်းယူလို့ရနေပါပြီ။
𝗔𝗜 နဲ့ တိုင်ပင်ရန်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေးစစ်ဆေးမယ် #ထိုင်းမှာဆေးကုမယ် #ဆီးချို

𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸-𝘂𝗽 လုပ်ဖို့ စဉ်းစားနေတဲ့ သူတွေအတွက် အရမ်းတန်တဲ့ ပရိုမိုးရှင်းကြီး လာပြီနော်။ 😲တစ်ယောက်စာဝယ်ရင် နောက်တစ်ယော...
14/05/2026

𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸-𝘂𝗽 လုပ်ဖို့ စဉ်းစားနေတဲ့ သူတွေအတွက် အရမ်းတန်တဲ့ ပရိုမိုးရှင်းကြီး လာပြီနော်။ 😲

တစ်ယောက်စာဝယ်ရင် နောက်တစ်ယောက်က အလကား (𝗙𝗿𝗲𝗲!) စစ်ဆေးခွင့်ရရှိမှာဆိုတော့…
ချစ်ရတဲ့ မိဘတွေ၊ သူငယ်ချင်း ဒါမှမဟုတ် အိမ်ကလူနဲ့အတူတူ စစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ။
စျေးနှုန်းကလည်း နှစ်ယောက်လုံးအတွက်မှ ၁၇,၀၀၀ ဘတ်ပဲ ကျသင့်မှာဆိုတော့ တစ်ယောက်ကို ၈,၅၀၀ ဝန်းကျင်ပဲ ကျတော့မှာနော်။

ပြီးတော့ ဒီပက်ကေ့ချ်ထဲမှာ ဆရာဝန်နဲ့ ပြသခတင်မကဘဲ မျက်စိအထူးကုဆရာဝန်နဲ့ စစ်ဆေးခနဲ့ ဆေးရုံဝန်ဆောင်ခတွေပါ အကုန်လုံး ပါဝင်ပြီးသားပါ။

အခမဲ့ရတဲ့ (𝗙𝗿𝗲𝗲) ပက်ကေ့ချ်ကို ကိုယ်တိုင်မစစ်ဖြစ်ရင်တောင် တခြားသူတစ်ယောက်ကို လွှဲပေးလို့ရသေးတယ်နော်။

🔸 ဒီအစီအစဉ်လေးက ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိပဲ ရရှိမှာပါ။
🔸 အခမဲ့ရတဲ့ ပက်ကေ့ချ်ကိုလည်း ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အသုံးပြုပေးရပါမယ်။

လူများနေရင် စောင့်ရတာမျိုးမဖြစ်အောင် အဆင်ပြေမယ့်အချိန်ကို 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵မှာ ကြိုတင် 𝗔𝗽𝗽𝗼𝗶𝗻𝘁𝗺𝗲𝗻𝘁 ယူထားဖို့တော့ တိုက်တွန်းပါရစေ။
𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 မှာ ဆေးရုံ ဆေးခန်း ရက်ချိန်းယူရင် ငွေကြိုပေးစရာမလိုသလို ဝန်ဆောင်ခပေးစရာလည်း မလိုပါဘူးနော်။

𝗔𝗜 နဲ့ တိုင်ပင်ရန်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေးစစ်ဆေးမယ် #ထိုင်းမှာဆေးကုမယ်

သွား ခနခန ကိုက်နေပြီဆိုရင် မပေါ့ဆပါနဲ့နော်။ သွားကိုက်နေတာဟာ သွားအမြစ်ထဲမှာ ပိုးဝင်ပြီး ပျက်စီးနေတာ ဖြစ်နိုင်ပါတယ်။ သွားပ...
13/05/2026

သွား ခနခန ကိုက်နေပြီဆိုရင် မပေါ့ဆပါနဲ့နော်။
သွားကိုက်နေတာဟာ သွားအမြစ်ထဲမှာ ပိုးဝင်ပြီး ပျက်စီးနေတာ ဖြစ်နိုင်ပါတယ်။ သွားပိုးစားတာ သိသိချင်းမှာ သွားဆရာဝန်နဲ့ပြရင် သွားဖာရုံနဲ့ ပြီးနိုင်ပေမယ့်၊ သွားအမြစ်ထဲထိ ပိုးဝင်နေပြီဆိုရင်တော့ 𝗥𝗼𝗼𝘁 𝗖𝗮𝗻𝗮𝗹 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 လုပ်ပြီး နဂိုရှိနေတဲ့သွားကို ထပ်မပျက်စီးအောင် တားပြီး အမြန်ဆုံး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

ဘယ်လိုလက္ခဏာတွေဆိုရင် သတိထားရမလဲ?
🔸 သွား တအားကိုက်နေမယ်။
🔸 သွားမှာ အပေါက်ကြီးဖြစ်နေမယ်။
🔸 အပူ၊ အအေး ဒါမှမဟုတ် အချိုစားရင် သွားကျင်မယ်။
🔸 သွားဖုံးတွေ ရောင်နေမယ်။
🔸 တစ်ခုခုဝါးလိုက်တိုင်း နာနေမယ်။
🔸 သွားဖုံးမှာ အဖုလေးတွေ ထွက်နေမယ်။

𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 မှာ သွားဆေးခန်းပြဖို့ အခမဲ့ ရက်ချိန်းယူနိုင်ပါတယ် ✨
ငွေကြိုပေးစရာမလိုသလို ဝန်ဆောင်ခပေးစရာလည်း မလိုပါဘူးနော်။

𝗔𝗜 နဲ့ တိုင်ပင်ရန်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #သွားကျန်းမာရေး #ထိုင်းမှာဆေးကုမယ် #သွားဆေးခန်း

𝙈𝙚𝙩𝙖𝙡 𝘽𝙧𝙖𝙘𝙚𝙨 လား? 𝘾𝙡𝙚𝙖𝙧 𝘼𝙡𝙞𝙜𝙣𝙚𝙧 လား? ဘယ်ဟာက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲ? ဈေးနှုန်းနဲ့ ရလဒ်တွေကို တစ်ပုံချင်းစီထောက်ပြ...
12/05/2026

𝙈𝙚𝙩𝙖𝙡 𝘽𝙧𝙖𝙘𝙚𝙨 လား? 𝘾𝙡𝙚𝙖𝙧 𝘼𝙡𝙞𝙜𝙣𝙚𝙧 လား? ဘယ်ဟာက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲ? ဈေးနှုန်းနဲ့ ရလဒ်တွေကို တစ်ပုံချင်းစီထောက်ပြီး ဖတ်သွားပေးနော်။

✨ 𝘿𝙤𝙘𝘿𝙤𝙘𝘿𝙖𝙨𝙝 ကနေတစ်ဆင့် 𝘽𝙤𝙤𝙠𝙞𝙣𝙜 တင်မယ်ဆိုရင် ဝန်ဆောင်ခ (𝘽𝙤𝙤𝙠𝙞𝙣𝙜 𝙁𝙚𝙚) နဲ့ ကြိုတင်ငွေပေးချေစရာ လုံးဝမလိုတဲ့အပြင်၊ ပိုသက်သာတဲ့ လျော့စျေးတွေလည်း ရရှိနိုင်လို့ အခုပဲ ရက်ချိန်းယူလိုက်တော့နော်။

𝗔𝗜 နဲ့ တိုင်ပင်ရန်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေး #ဘန်ကောက် #ဆေးရုံ #ဆေးခန်း #ထိုင်းမှာဆေးကုမယ်

ကိုယ့်ရဲ့ နေထိုင်မှုပုံစံနဲ့ ကိုက်ညီမယ့် ကျန်းမာရေးစစ်ဆေးမှု 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွေကို 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 မှာ အထူးစျေးနှုန်း ၂,၉၉၀ ဘတ် တည်း...
08/05/2026

ကိုယ့်ရဲ့ နေထိုင်မှုပုံစံနဲ့ ကိုက်ညီမယ့် ကျန်းမာရေးစစ်ဆေးမှု 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွေကို 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 မှာ အထူးစျေးနှုန်း ၂,၉၉၀ ဘတ် တည်းနဲ့ စစ်ဆေးနိုင်နေပြီနော်။

ကိုယ်ရဲ့ 𝗹𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 အလိုက် စစ်ဆေးနိုင်မယ့် 𝗽𝗮𝗰𝗸𝗮𝗴𝗲 တွေက …
𝗣𝗮𝗰𝗸𝗮𝗴𝗲 𝗔: အလုပ်ဖိအားနှင့် စိတ်ဖိစီးမှုများသူများ အတွက်
𝗣𝗮𝗰𝗸𝗮𝗴𝗲 𝗕: ကင်ဆာရောဂါ ဖြစ်နိုင်ခြေရှိသူနှင့် အသင့်စား အစားအသောက်များ စားသုံးသူများအတွက်
𝗣𝗮𝗰𝗸𝗮𝗴𝗲 𝗖: ဆီးချိုဖြစ်နိုင်ချေရှိသူ နှင့် အချိုအစားများသူများအတွက်
𝗣𝗮𝗰𝗸𝗮𝗴𝗲 𝗗: အိပ်ရေးပျက်သူများနှင့် အဆီအဆိမ့် စားသုံးသူများအတွက်
𝗣𝗮𝗰𝗸𝗮𝗴𝗲 𝗘: အငန်ကြိုက်သူများနှင့် အသင့်စားမုန့် အစားများသူများအတွက်

အထူးအစီအစဉ်: ပိုပြီးပြည့်စုံတဲ့ စစ်ဆေးမှုတွေလုပ်ချင်တယ်ဆိုရင်လည်း အပိုဆောင်း 𝗣𝗮𝗰𝗸𝗮𝗴𝗲 တစ်ခုကို ၁,၀၀၀ ဘတ် တည်းနဲ့ ထပ်ထည့်လို့ရသေးတယ်။

📢မေလတစ်လထဲပဲ ရတာမို့ အခုပဲ ဘိုကင်ယူလိုက်တော့နော်။

အခမဲ့ 𝗔𝗜 နဲ့ တိုင်ပင်ရန်: https://qrl.is/bookinDocDocDash
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေး #ဘန်ကောက် #ဆေးရုံ #ဆေးခန်း #ထိုင်းမှာဆေးကုမယ်

အထူးကုဆရာဝန်တွေနဲ့ ပြဖို့ ဆေးရုံမှာ တန်းစီစောင့်ဆိုင်းရတာတွေ၊ ဘယ်လိုရက်ချိန်းယူရမလဲ မသိလို့ စိတ်ရှုပ်နေရပြီလား❓𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀...
07/05/2026

အထူးကုဆရာဝန်တွေနဲ့ ပြဖို့ ဆေးရုံမှာ တန်းစီစောင့်ဆိုင်းရတာတွေ၊ ဘယ်လိုရက်ချိန်းယူရမလဲ မသိလို့ စိတ်ရှုပ်နေရပြီလား❓

𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 မှာဆိုရင် စိတ်ရှုပ်စရာ လုံးဝမလိုဘဲ အထူးကုဆရာဝန်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ရက်ချိန်းကို အခမဲ့ လွယ်လွယ်ကူကူ ရယူနိုင်ပါပြီ။

ရက်ချိန်းရယူဖို့ အဆင့် (၄) ဆင့်ပဲ လိုတယ်နော် -
1️⃣မိမိပြသလိုတဲ့ အထူးကု နယ်ပယ်ကို ပြောပြပေးပါ။
2️⃣ကိုယ်ရေးအချက်အလက် (နာမည်၊ ဖုန်းနံပါတ်၊ ပတ်စပို့ ပထမစာမျက်နှာ) နှင့် ပြသလိုသည့် နေ့ရက်/အချိန်ကို ပို့ပေးပါ။
3️⃣ဆေးရုံနဲ့ 𝗖𝗼𝗻𝗳𝗶𝗿𝗺 ဖြစ်ပြီဆိုတာနဲ့ 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 အဖွဲ့သားများက ၂၄ နာရီအတွင်း အကြောင်းကြားပေးမှာဖြစ်လို့ အေးဆေးသက်သာစွာ စောင့်ဆိုင်းရုံပါပဲ။
4️⃣မြန်မာဘာသာစကားပြန် ဝန်ဆောင်မှုကိုလည်း အခမဲ့ တောင်းဆိုနိုင်ပြီး ဆေးရုံ၊ ဆေးခန်း စကားပြန်များနှင့် တစ်ခါတည်း ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဘာကြောင့် 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 ကို ရွေးချယ်သင့်သလဲ။
🔴ဝန်ဆောင်ခ (𝗔𝗴𝗲𝗻𝘁 𝗙𝗲𝗲) နှင့် ကြိုတင်ငွေပေးချေစရာ လုံးဝ မလိုပါ။
🔵ဆေးရုံ၊ ဆေးခန်းများ၏ မူရင်းဈေးနှုန်းအတိုင်းသာ ဖြစ်ပြီး ဆေးရုံရောက်မှ ကျသင့်ငွေကို တိုက်ရိုက် ပေးချေရမှာ ဖြစ်ပါတယ်။
💁🏻‍♀️ဒါ့အပြင် ဘယ်ဆေးရုံမှာ ပြရမလဲ၊ ဘယ်အထူးကုဆရာဝန်နဲ့ ပိုကိုက်ညီမလဲဆိုတာ ဝေခွဲမရဖြစ်နေတယ်ဆိုရင်လည်း…
𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 မှ ဆရာဝန်များက လူနာ၏ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးရုံနှင့် ဆရာဝန်များကို စနစ်တကျ ရွေးချယ်အကြံပြုပေးသွားမှာဖြစ်ပါတယ်။

🔸အထူးကုဆရာဝန်ပြခ: ၈၀၀ ဘတ် မှစ၍
🔸ဆေးရုံဝန်ဆောင်ခ: ၃၀၀ ဘတ် မှစ၍
📩အခမဲ့ ရက်ချိန်းရယူရန် အခုပဲ ဆက်သွယ်လိုက်ပါ။
𝗔𝗜 နဲ့ တိုင်ပင်မယ်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေး #ဘန်ကောက် #ဆေးရုံ #ဆေးခန်း #အထူးကုဆရာဝန်

သွားညှိလိုက်ခြင်းက သင့်မျက်နှာရဲ့ ပုံပန်းသွင်ပြင်တစ်ခုလုံးကို ပိုမို​အချိုးကျလာ စေနိုင်တယ်ဆိုတာ သင်သိပါသလား? သွားတွေညီရု...
06/05/2026

သွားညှိလိုက်ခြင်းက သင့်မျက်နှာရဲ့ ပုံပန်းသွင်ပြင်တစ်ခုလုံးကို ပိုမို​အချိုးကျလာ စေနိုင်တယ်ဆိုတာ သင်သိပါသလား? သွားတွေညီရုံတင်မကဘဲ မျက်နှာကျကိုပါ ဘယ်လိုပြောင်းလဲပေးနိုင်သလဲဆိုရင် -

မေးရိုး: ပိုမိုသွယ်လျပြီး အချိုးအစားကျလာစေခြင်း။
ပါးရိုး: ပါးရိုးလေးတွေ ပိုမိုပေါ်လွင်ထင်ရှားလာစေခြင်း။
နှုတ်ခမ်း: နှုတ်ခမ်းအနေအထား ပိုမိုပြေပြစ်ပြီး သဘာဝကျလာစေခြင်း။
နှာခေါင်းနှင့် မေးစေ့: မေးရိုးအနေအထားမှန်သွားတဲ့အတွက် ဘေးတစောင်း 𝗽𝗿𝗼𝗳𝗶𝗹𝗲 ကြည့်ရင် ပိုမိုလှပလာစေခြင်း။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြုံးနိုင်ဖို့အတွက် အခုပဲ 𝗗𝗼𝗰𝗗𝗼𝗰𝗗𝗮𝘀𝗵 နဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။
📥 အသေးစိတ်သိရှိလိုပါက 𝗖𝗵𝗮𝘁 𝗕𝗼𝘅 မှာ မေးမြန်းနိုင်ပါပြီ။
𝗔𝗜 နဲ့ တိုင်ပင်မယ်: https://patient.docdocdash.ai/main/conversation/new
𝗟𝗜𝗡𝗘 𝗜𝗗:
𝗪𝗵𝗮𝘁𝘀𝗔𝗽𝗽: +66 93 043 0010
𝗘𝗺𝗮𝗶𝗹: inquiry@docdocdash.ai
ျန်းမာရေးAI #ကျန်းမာရေး #ဘန်ကောက် #ဆေးရုံ #ဆေးခန်း #သွားညှိကုသခြင်း

Address

UNIT 9D, HOLLYWOOD CENTRE, 77-91 QUEEN'S Road WEST, Sheung Wan
Hong Kong

Alerts

Be the first to know and let us send you an email when Docdocdash ကျန်းမာရေး AI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Docdocdash ကျန်းမာရေး AI:

Share