A Bliss Medic

A Bliss Medic Corner of sharing bliss of life

Study methods/designs and evidence levels
01/02/2026

Study methods/designs and evidence levels

01/02/2026



Sharing the bliss of life.

How I prepare the Journal club presentation Tips & tricks Trainees or clinical fellows ဘဝမှာ journal club presentation လ...
31/01/2026

How I prepare the Journal club presentation
Tips & tricks
Trainees or clinical fellows ဘဝမှာ journal club presentation လုပ်ဖို့ presentation preparation လူတိုင်းလုပ်ဖူးကြတာပါပဲ။
ကိုယ့် presentation ကို effective, memorable and smooth presentation ဖြစ်ဖို့ ကြိုးစားရတာပါပဲ။
Preparation အတွက် အခြား clinical duty တွေနဲ့ Limited timeဖြစ်တဲ့အခါ preparation လုပ်ရတာ အဆင်ပြေစေမယ့် cookie-cutter tips and tricks လေး ပြောပြချင်တာပါ။
အရေးအကြီးဆုံးကတော့ အရွေးမှန်ဖို့ပါ။ ကိုယ့် speciality နဲ့ ကိုက်ညီမယ့် recent relevant and high- impact article ဖြစ်ရင် အဆင်အပြေဆုံးပါပဲ။ clinical RCT, systematic reviews or guideline-changing studies တွေက ဖတ်ရ ဆွေးနွေးရတာ အဆင်ပြေစေပါမယ်။ နောက်အရေးကြီးတာက ကိုယ့် article ဟာ audience’s level နဲ့ match ဖြစ်သင့်ပါတယ်။ အရွေးခက်ရင် ကိုယ့် CS ကို အကူအညီတောင်းကြည့်နိုင်ပါတယ်။
ကိုယ် ရွေးထားတဲ့ journal ကို ကိုယ် ကိုယ်တိုင် ကျကျနန နားလည်ခြင်းက presentation တစ်ခု လုံးအတွက် အရေးကြီးပါတယ်။
Abstract ကစဖတ်ပါ။ ပြီးရင် Figures & tables နောက်တဆင့် Full text ကို thoroughly ဖတ်စေချင်ပါတယ်။
ဖတ်ရင်းနဲ့ -
1. PICO ကို identify လုပ်ပါ။ ( Population, Intervention, Comparison, Outcome)
2. Study design ( RCT, cohort, case-control, meta analysis)
3. Strength & limitations
4. Key results: absolute vs relative effects
5. Clinical relevance: how this changes practice
Simple bullets points တွေနဲ့ summarized သေသေချာချာလုပ်ထားပါ ။

နောက်တစ်ဆင့်ကတော့ ကိုယ့် presentation ကို prepare လုပ်ပါ။
A typical journal club flow -
1. Title & Background
Title of the article and authors
Why this study is important ဆိုတာ အကြမ်းဖျဉ်းရှင်းပြပါ။ Clinical context/ knowledge gap ကို ရှင်းပြပါ။
2. Objectives
What is the study aimed to answer
3. Methods
Study design, population, intervention, comparisons and outcomes
Key inclusion/ exclusion criteria
Statistical methods- ကိုယ်နားလည်သလောက် briefly ရှင်းပြနိုင်ပါတယ် ။ Audience အများစုက stat-lovers မဟုတ်တတ်တာ သတိပြုပါ😃
4. Results
Figures or tables သုံးနိုင်ပါတယ်။ visual aids များများ သုံးရင် ပိုအဆင်ပြေပါမယ်။
journal တစ်ခုလုံး screen shot လုပ်ပြီးတင်တာမျိုးကို ရှောင်ပါ။ audience အတွက် စိတ်ရှုပ်စေပြီး ကိုယ့် presentation အတွက်လည်း အထောက်အကူ မဖြစ်စေတတ်ပါဘူး။
Primary outcomes ကို အရင် highlight လုပ်ပါ။ ပြီးမှ secondary outcomes ကို တင်ပါ။
Effect sizes, confidence intervals and p values ကို report လုပ်ပါ။
5. Discussion
Author’s conclusions
Strength & limitations ကို ဆွေးနွေးပါ။
ကိုယ့်ရဲ့ critical appraisal ကို ဒီနေရာမှာ discuss လုပ်ပါ
Is it valid?
Is it reliable?
Is it applicable?
6. Clinical implications
How this changes ( or doesn’t change ) practice ကို comment ပေးပါ။
7. Take Home message
3-5 bullet points max summarized လုပ်ပြီး အဆုံးသတ်နိုင်ပါတယ်။
Presentation tips ပြောရရင်တော့ practice ပါပဲ။
- Keep slides clean
- Use visuals
- Time management is key
- Practice loud before you present
- Anticipate questions- study limitations, biases, applicability ဒီနေရာတွေက questions လာတတ်ပါတယ်။
Tricks ကတော့
- One slide, one message - rule သုံးကြည့်ပါ။
- Highlight numbers and percentages
- Explain the stat in simple ways : treatment ပေးရင် risk ကို 20% လျော့နိုင်မယ်လို့ ပြောပြမယ့်အစား ဒီ treatment သုံးရင် patients ငါးယောက်မှာ တစ်ယောက်ကတော့ benefit ရပါမယ် လို့ပြောပြမယ်ဆိုရင် statistical air လျော့နိုင်လို့ သဘောပေါက်လွယ်မှု ပိုရပါမယ်။
- Engage your audience ပါ။ Background or results နဲ့ပက်သက်တဲ့ questions မျိုးလေးတွေ အမေးအဖြေ လုပ်ကြည့်လို့ရပါတယ်။
Critical appraisal frameworks and checklist တွေလည်းရှိတာမို့ Journal club မှာ ပေါ့ပေါ့ပါးပါး presentation လုပ်နိုင်ဖို့ ဒီ tips and tricks တွေက ကူညီပေးနိုင်မယ် မျှော်လင့်ပါတယ်။
JC preparation tips PowerPoint လေး ထည့်ပေးလိုက်ပါတယ်။
Enjoy your study 📚





Clinical information ကိုယ်သိချင်တာ ရှာဖတ်တာဖြစ်ဖြစ် Journal တစ်စောင် Journal club မှာဖတ်ဖို့ ပြင်တာပဲဖြစ်ဖြစ် critical a...
31/01/2026

Clinical information ကိုယ်သိချင်တာ ရှာဖတ်တာဖြစ်ဖြစ် Journal တစ်စောင် Journal club မှာဖတ်ဖို့ ပြင်တာပဲဖြစ်ဖြစ် critical appraisal စမယ်ဆိုရင် အရိုးရှင်းဆုံး စစဉ်းစားဖြစ်တာကတော့ -
Is this a good study? And Does it matter for our patients? ဆိုတာပါပဲ။
Appraisal အပြီးမှာ ကိုယ်ကိုတိုင် ရှင်းလင်းနေရမယ့် အဖြေဟာ ဒီမေးခွန်းပါပဲ။

Critical appraisal အတွက် Simple steps တွေ ပြောရမယ်ဆိုရင်တော့

1. Research question လေးနဲ့စပါ။ What is the study asking ပေါ့။ ကိုယ့်လူနာ ကိုယ်သိချင်တဲ့ အခြေအနေနဲ့ relevant ဖြစ်ရဲ့လား ။ Real uncertainty in practice ကို ဖြေရှင်းရဲ့လား ဆိုတာပါပဲ။ PICO ကို သုံးရင် good question format ထွက်လာပါမယ်။ Question က ကိုယ်သိချင်တာနဲ့ မကိုက်ရင်တော့ ကျန်တာတွေက သိပ်အရေး မပါမှာမို့ အချိန်ကုန်မခံပါနဲ.။

2. Study design အဆင်ပြေရဲ့လား။ ကိုယ့် question နဲ့ study design ကိုက်ရဲ့လား စစ်ပါ။
Treatment အတွက် ဆိုရင် RCT randomized controlled trials
Diagnosis အတွက်ဆိုရင် Diagnostics accuracy study
Prognosis အတွက်ဆိုရင် Cohort study
Harm အတွက်ဆိုရင် Cohort or case-control study
Wrong design ဆိုရင် weak conclusions တွေရတတ်တာ သတိပြုပါ ။

3. Methods အဆင်ပြေရဲ့လား ။ Internal validity ကို check လုပ်တာပါ။
Intervention/ treatment (or exposure) really cause the outcome, or could something else explain it? ဆိုတာကို စစ်တာပါ။
Good internal validity ရှိရင်
- Results ဟာ biased မဖြစ်ပါဘူး။
- Groups are fairly comparable ဖြစ်ပါမယ်။
- Conclusions ဟာ logically follow from the data ပါ။
Poor internal validity ဆိုရင်တော့
- Results could be explained by bias, confounding, or errors ဖြစ်ပါမယ်။
- Differences between groups existed before intervention ပါ။ fair comparison မဖြစ်ပါ။
- Important data are missing or unreliable ဖြစ်ပါမယ် ။
Internal validity စစ်တဲ့ အသေးစိတ်ကို နောက်မှ ပြောပါမယ်။ internal validity ဆိုတာ လူနာတွေမှာ apply မလုပ်ခင် study results ရဲ့ ယုံကြည်ရမှုကို စစ်တာပါ ။
Internal validity: Is the result true?

4. What are the results? ပါ။ အရေးကြီးတာက focus on the meaning , not just the P values ဖြစ်ဖို့အရေးကြီးပါတယ်။
- What is the main outcome?
- How big is the effect size?
- Are the results precise ( confidence interval) ?
- Are they statistically and clinically significant? ဒီအချက်ကလည်း အတော်အရေးကြီးပါတယ်။
Statistical significance tells us whether the result is real; clinical significance tells us whether it matters.

5. Are the results applicable? External validity ကိုစစ်တာပါ
Good external validity ရှိရင်
- Study မှာ ပါတဲ့ patient characteristics နဲ့ လက်တွေ့ အပြင်က ကိုယ့် patients တွေရဲ့ characteristics တူရပါမယ်။
- Study setting ကလည်း အပြင်က clinical environment နဲ့တူရပါမယ်။
- Intervention ဟာ real practice မှာ လုပ်နိုင်မယ့် intervention ဖြစ်ရပါမယ်။
- Outcomes ဟာ ကိုယ့်patient တွေအတွက် အကျိုးရှိ ကိုက်ညီမယ့် outcomes ဖြစ်ရပါမယ်။
Poor external validity ဆိုရင်တော့
- Study population ဟာ ကိုယ့်လူနာ characteristics တွေနဲ့ မကိုက်ညီတာ ( ဥပမာ younger ages, less comorbidities)
- Setting က unrealistic or highly specialized ဖြစ်နေတာ
- Interventions ဟာ ကိုယ် လက်လှမ်းမမီတဲ့ resources တွေပါနေတာ
- Outcomes don’t reflect real patient priorities
External validity ကိုစစ်ခြင်းအားဖြင့် even if the study is true, does it apply to my patients? ဆိုတဲ့ အဖြေကို ရပါမယ်။

6. What are the results? ပါ။ အရေးကြီးတာက focus on the meaning , not just the P values ဖြစ်ဖို့အရေးကြီးပါတယ်။
- What is the main outcome?
- How big is the effect size?
- Are the results precise ( confidence interval) ?
- Are they statistically and clinically significant? ဒီအချက်ကလည်း အတော်အရေးကြီးပါတယ်။
Statistical significance tells us whether the result is real; clinical significance tells us whether it matters.

7. Are the results applicable? External validity ကိုစစ်တာပါ
Good external validity ရှိရင်
- Study မှာ ပါတဲ့ patient characteristics နဲ့ လက်တွေ့ အပြင်က ကိုယ့် patients တွေရဲ့ characteristics တူရပါမယ်။
- Study setting ကလည်း အပြင်က clinical environment နဲ့တူရပါမယ်။
- Intervention ဟာ real practice မှာ လုပ်နိုင်မယ့် intervention ဖြစ်ရပါမယ်။
- Outcomes ဟာ ကိုယ့်patient တွေအတွက် အကျိုးရှိ ကိုက်ညီမယ့် outcomes ဖြစ်ရပါမယ်။
Poor external validity ဆိုရင်တော့
- Study population ဟာ ကိုယ့်လူနာ characteristics တွေနဲ့ မကိုက်ညီတာ ( ဥပမာ younger ages, less comorbidities)
- Setting က unrealistic or highly specialized ဖြစ်နေတာ
- Interventions ဟာ ကိုယ် လက်လှမ်းမမီတဲ့ resources တွေပါနေတာ
- Outcomes don’t reflect real patient priorities
External validity ကိုစစ်ခြင်းအားဖြင့် even if the study is true, does it apply to my patients? ဆိုတဲ့ အဖြေကို ရပါမယ်။
External validity: Is the result useful for my patients?

8. နောက်ဆုံးကတော့ What does this change ( if anything)? ဆိုတာပါပဲ။ Critical appraisal ends with a decision, not a summary ပါ။
Should this influence guidelines or local practice?
Does the result confirm, challenge, or add to existing evidence?
What are the limitations and uncertainties?
အချုပ်ပြောရရင်
Critical appraisal DIY ward friendly stepwise approach ကတော့ -
Step 1: What is the study question?
Step 2: Is the study design appropriate?
Step 3: Are the methods valid ( internal validity)?
Step 4: What are the results?
Step 5: Are the results applicable ( external validity)?
Step 6: What does this change? Could you bring the results back to practice?
CASP Checklists: CASP website one page PDFs for every study type အတွက် checklist တွေ ရနိုင်ပါတယ်။ Beginners တွေ အတွက် အဆင်ပြေတဲ့ website ပါ။
JAMA : Users’ guides to the medical literature ရဲ့ linksတွေ ပါ။ access တော့ လိုပါမယ်။ clinical scenario တွေနဲ့ ရှင်းပြတာမို့ ဖတ်ရတာ ပိုပြီး အဆင်ပြေပါမယ်နော်။
Comment မှာ links ပါနော်။
Enjoy your study 📚






Half of what we learn in medical school is wrong. We just don’t know which half.George Packer Berry, 1949-1965, Past Dea...
31/01/2026

Half of what we learn in medical school is wrong. We just don’t know which half.
George Packer Berry, 1949-1965, Past Dean of the Harvard Medical school
မတည်မြဲခြင်းကပဲ တည်မြဲတယ်ဆိုတာဟာ medical sciences မှာ အမှန်တရားတစ်ခုပါပဲ။
Medical knowledge တွေဟာ အလုံးစုံ မပြည့်စုံတတ်သလို၊ မှန်ပါတယ်လို့ လက်ခံထားတာတဲ့ အယူအဆတွေက အတော်နေကြာရင် မှားနေတတ်ပြန်ပါတယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ Hormone replacement therapy and prevention of heart disease ပါ။
Certainty is rare in medicine 😃ဖြစ်လို့ပဲ critical appraisal က လုပ်ရတာပါ။ ဒါမှ outdated or incorrect practices တွေအတွက် မေးခွန်းတွေ ထွက်လာနိုင်မှာပေါ့။
အပေါ်ကပြောတဲ့ wrong half မှားနေတဲ့ တစ်ဝက်ကို critical appraisal က ကူရှာပေးနိုင်ပါလိမ့်မယ်။ ဘယ်တစ်ဝက်က မှားနေတာလဲ ချက်ချင်းတော့ သိမှာမဟုတ်ပေမယ့် wrong half ကို ယုံကြည်နိုင်ချေ နည်းလာအောင်တော့ critical appraisal က ကိုယ်တွေ ကို ကူညီပါလိမ့်မယ်။ Clinicians တွေဟာ ကိုယ်တွေ အသင်ခံခဲ့ရဘူးတာတွေကို question ထုတ်၊ test လုပ်၊ reassess အမြဲပြန်လုပ်တတ်အောင် critical appraisal skills နားလည်ထားသင့်တာပါပဲ။
Critical appraisal is how medicine stays honest ⚖️ ပါ။
Enjoy your study 📚





မေးခွန်းများ မေးခွန်းတွေမေးတတ်လား လို့ ကိုယ့်ကိုကိုယ် စဉ်းစားဖူးတယ်။ မေးခွန်းမေးရတာ ခက်လား လို့မေးရင် ကိုယ့် တကိုယ်စာတော...
31/01/2026

မေးခွန်းများ
မေးခွန်းတွေမေးတတ်လား လို့ ကိုယ့်ကိုကိုယ် စဉ်းစားဖူးတယ်။ မေးခွန်းမေးရတာ ခက်လား လို့မေးရင် ကိုယ့် တကိုယ်စာတော့ ခက်တယ်လို့ ဖြေချင်ပါတယ်။ အခြေအနေ အကျိုးအကြောင်း အချိန်အခါ ဆီလျော်စွာ right answer ရနိုင်ဖို့ မေးခွန်းမေးသူအတွက် ဆိုရင် အတော်အားထုတ်မှ right question ထွက်လာပြီး ချောမွေ့တဲ့ အဆုံးသပ်ရတတ်တာဆိုတော့ မေးခွန်းတစ်ခုထွက်ဖို့ အားထုတ်ရတာ ခက်တယ်လို့ ပြောချင်တာပါပဲ။ မမေးဖြစ်လိုက်တဲ့ မေးခွန်းတွေ အကြောင်းကို စဉ်းစားရင်တော့ လွမ်းစရာတွေ ဖြစ်လာမှာပေါ့နော် 🙃
အခုလတ်တလော နေ့စဉ်ဘဝမှာ လည်း မေးခွန်းပေါင်း များစွာနဲ့ လုံးချာလည်နေတာပဲလေ။ မေးခွင့်ကြုံချိန်မှာ အမေးတတ်ဖို့ တော့ အတတ်နိုင်ဆုံးကြိုးစားတာပါပဲ ။
Albert Einstein ကတော့ “If I had an hour to solve a problem, I’d spend fifty-five minutes thinking about the question and five minutes thinking about solutions.” လို့ဆိုပါတယ်။
Question ကောင်းတစ်ခုဟာ a response of the information တစ်ခု ရနိုင်ရုံထက်ပိုတဲ့ thinking ကို နိုးဆွနိုင်တာ၊ reasoning ကို ထိန်းကျောင်းနိုင်တာ၊ ပေးလာမယ့် အဖြေရဲ့ boundary ကို ကန့်သတ်နိုင်တာ စတဲ့ ဂုဏ်တွေနဲ့ ထိန်းညှိပြီးသား Answer တစ်ခုထွက်လာနိုင်ရပါမယ်။ Clarity in inquiry is the foundation of meaningful response ပါ။
Clinical နဲ့ပက်သက်ရင် တစ်နေ့တစ်နေ့ သိချင်တဲ့ မေးဖြစ်တဲ့ အကြောင်းအရာတွေဆိုရင်တော့ သာမန်အားဖြင့် ရောဂါ ဖြစ်နှုန်း frequency & rate , ရောဂါဖြစ်ခြင်းအကြောင်းတရား etiology & risk factors, ရောဂါအမည် diagnosis, ဘာလုပ်လို့ရမလဲ intervention & ဘယ်လောက်ကောင်းနိုင်ချေရှိလဲ prognosis လို့ ခွဲခြားနိုင်ပါမယ်။
ကိုယ်သိချင်တဲ့ အဖြေရနိုင်ဖို့ clear focused clinical question မေးတတ်ရပါမယ်။ PICO ဆိုတာကတော့ medical research မှာ အသုံးအများဆုံး simple framework to formulate the clinical questions ပါ။ PICO က ကိုယ့်ရဲ့ clinical question ကို clarify လုပ်ပေးပါမယ်။ ထိရောက်တဲ့ literature ရှာနိုင်ဖို့က ဒီclarification က အရေးအကြီးဆုံးပါ။
1. P - population ( or patient/ problem)
Who is the patient or group interested?
Age, disease , conditions or setting တွေ ပါပါမယ်။
2 .I - Intervention (or Exposure)
What is the main treatment, test, or factor?
Drug, procedure, diagnostic test or lifestyle changes တွေ ပါပါမယ်။
3. C - Comparison
What is the alternative to the intervention?
Another treatment, placebo or no intervention တို့ ပါပါမယ်။
4 .O - Outcome
What results are of interest in measuring?
Symptom improvement, mortality, quality of life, or side effects တို့ ပါပါမယ်။
နားလည်လွယ်မယ့် clinical question ဥပမာပေးရရင်
In adults with HFpEF (P), do SGLT2 inhibitors (I) compared with standard care (C) reduce mortality (O)?
အတိုချုပ်ပြောရရင် PICO ဟာ vague clinical ideas တွေကို structured, answerable research questions အဖြစ် ပြောင်းပေးတဲ့ tool တစ်ခုပါပဲ။
Poorly framed question ဟာ မှုန်ဝါးမပြတ်သားတဲ့ map တစ်ခုလိုပါပဲ။ destination တော့ ပြကောင်း ပြမှာ ဖြစ်ပေမယ့် reliable path ပါချင်မှ ပါမှာပါ။
Well-crafted question ကတော့ compass လိုပဲ aligning attention and intention ပေးနိုင်မှာပါ။ ရေအလာကောင်းဖို့ မြောင်းအပေးကောင်းရမယ်လို့ ပြောချင်ပါရဲ့။
Voltaire ကပြောဖူးတယ်။ “Judge a man by his questions rather than by his answers.” Questions reflect the depth of our understanding and the seriousness of our pursuit ပါ။
Asking well is not a preliminary step to thinking; it is thinking!

လိုချင်တဲ့ အဖြေရအောင် မေးနိုင်ကြပါစေ 🙂
Enjoy your study 📚 ပါ။





Clinical နဲ့ပက်သက်တဲ့ topic တစ်ခုသိချင်လို့ စာရှာဖတ်ရင် Google မှာ ရိုက်ရှာလေ့ရှိလားဟင်။ အခုခေတ်က topic တစ်ခုကို Google ...
31/01/2026

Clinical နဲ့ပက်သက်တဲ့ topic တစ်ခုသိချင်လို့ စာရှာဖတ်ရင် Google မှာ ရိုက်ရှာလေ့ရှိလားဟင်။
အခုခေတ်က topic တစ်ခုကို Google search bar မှာ ရိုက်လိုက်ရင် AI overview နဲ့ အဖြေ မြန်မြန်ထုတ်ပေးနိုင်တော့ သဘောကျစရာ အတော်ကောင်းတယ်နော်။ သတိပြုရမှာက overview ပဲဖြစ်လို့ information ရဲ့ အတိမ်အနက် နဲ့ reliable ဖြစ်မှုကို ဂရုပြုရမယ်။ ကိုယ့်လူနာကလည်း ဒီလောက်တော့ ရှာလာမှာလေ.. နော် 😃
But academically literature search လုပ်မယ်ဆိုရင် ဒီထက်ပိုပြီး စနစ်ကျအောင် ကိုယ့်ကို ကိုယ် ပျိုးထောင်သင့်တယ်ထင်တာပဲ။ အင်တာနက် အလွယ်တကူရနေတဲ့ ခေတ်မှာ literature search ကို free website တွေကနေ စနစ်တကျရှာကြည့်စေချင်တာပါ။ နောက်မှ AI assisted literature search ဘယ်လိုအဆင်ပြေကြောင်း လဲ လာပြောဦးမယ် but AI သုံးရင် check point လေးတွေတော့ ရှိထားရမယ်။
Clinicians တွေ အတွက် ကတော့
အလုပ်ထဲမှာ ward round ရင်းဖြစ်ဖြစ် အဖြေ မြန်မြန်လေးရှာချင်ရင် Trip Database https://www.tripdatabase.com/ လေး စမ်းကြည့်ပါ PICO တစ်ခါတည်းပါပါတယ်။ Guidelines, SR နဲ့ key clinical studies တွေ ရနိုင်လို့ ကိုယ်လိုချင်တဲ့ အဖြေ အမြန်ရနိုင်ပါမယ်။
In-depth and credibility လိုချင်ရင်တော့ PubMed သုံးကြည့်ပါ။ PubMed link ပါ။
https://pubmed.ncbi.nlm.nih.gov/?otool=cuwmclib

Audit တို့ QIP တို့ အတွက် အဆင်ပြေပါတယ်။ ကိုယ့် research protocol ပြင်ဖို့ အတွက် အတော်အသုံးဝင်တာ သုံးကြည့်ရင် သိလာမှာပါ။
PubMed ကိုဘယ်လို ရှာရမလဲ - step by step guide လေး ပြင်ထားတာရှိလို့ ထည့်ပေးလိုက်တယ်။ step အတိုင်းသွားရင် ကိုယ်လိုချင်တာ ဘယ်လို filter လုပ်မလဲ ဆိုတာ ရှာကြည့်ရင်း နားလည်လာပါလိမ့်မယ်။
NICE evidence search UK ကတော့ UK specific guidance, pathways and evidence တွေပါ။ Standards of care and medico legal safety အတွက် အတော့်ကို ကောင်းပါတယ်။ www.evidence.nhs.uk Complaint တို့ SAI တို့ Datix တို့များ ဝင်လာရင် ဒီနေရာကို ပြေးပြီး အပြန်ပြန်အလှန်လှန် ရှာရတာလေနော် 😂 ကိုယ်လုပ်တာ ဘာများ ကျန်နေ မလဲလို့။
Secondary database တွေဖြစ်တဲ့ Cochrane Library တို့ google scholar တို့ Semantics Scholar တွေမှာလည်း ရှာလို့ ရပါတယ်။
Google အစား PubMed ကို ပြောင်းသုံးကြည့်တဲ့ အခါ ရလာမယ့် အားသာချက်တွေကို သဘောကျမှာတော့ သေချာပါတယ်။ Google က general background reading အတွက် အဆင်ပြေပေမယ့်
Reliable, evidence based , clinically useful ဖြစ်တဲ့ အဖြေကို မြန်မြန်ရချင်ရင်တော့ medical research articles တွေကို focused လုပ်ပေးတဲ့ online search websitesတွေမှာရှာပါလို့ ညွှန်းချင်တာပါပဲ။
ကိုယ်သုံးရင်း နဲ့ ကြိုက်တဲ့ sites လေးတွေကတော့ အပေါ်က ၃ ခုပေါ့။ Sharing is caring မို့ညွှန်းလိုက်တာ။
Enjoy your study 📚 ပါ။
Happy New Year 2026 🎄❄️🎄❄️🎄❄️






EBM အတွက် ဖတ်လို့ကောင်းတဲ့ website link လေး ပို့လိုက်ပါတယ်။https://med.cornell.libguides.com/ebmEBM အကြောင်းကို တိုတိုရှ...
31/01/2026

EBM အတွက် ဖတ်လို့ကောင်းတဲ့ website link လေး ပို့လိုက်ပါတယ်။
https://med.cornell.libguides.com/ebm
EBM အကြောင်းကို တိုတိုရှင်းရှင်း ရေးထားပြီး ဆက်ကြည့်လို့ရမယ့် links တွေ အများကြီးနဲ့မို့ စပ်စုကြည့်ရင် သိပ်မပျင်းစေရပါဘူး 🙃။
Recent EBM publications တွေရဲ့ link လည်းပါလို့ access ရရင် ဖတ်လို့ကောင်းပါတယ်။ PubMed tutorials အတွက် links ကတော့ active ဖြစ်မနေပါဘူး။
မနေ့ကပြောတဲ့ hierarchy of evidence based resources link ပါ
https://med.cornell.libguides.com/c.php?g=761619&p=5461240
Hierarchy ဟာ 4S ကနေ 6S ကို တဖြေးဖြေးတက်လာခဲ့တာမို့ ဒီပုံက S ငါးလုံးပဲ ပါနေတာ သတိထားမိမှာပါ။ Synopsis of single studies အဆင့်လေး နောက်ပိုင်း ပိုတိုးလာတာပါ။
Enjoy your study 📚 ပါ။





LibGuides: Evidence-Based Medicine: Levels of Evidence

Pyramids များနှင့် Critical appraisal ခုခေတ်ကလေ ဆေးကုရင် patient centered evidence based medicine နဲ့ ကုပါလို့ ညွှန်းကြတ...
31/01/2026

Pyramids များနှင့် Critical appraisal
ခုခေတ်ကလေ ဆေးကုရင် patient centered evidence based medicine နဲ့ ကုပါလို့ ညွှန်းကြတယ်။
EBM က evidence ကောင်းတာလေးရှာတတ်အောင် ကြိုးစားဖို့ ပြောပါတယ်။
EBM ကို အရိုးရှင်းဆုံးပြောရရင် - Clinical problem တစ်ခုရှိလာရင် research information တွေသုံးတတ်ဖို့၊ strong and weak evidence ကို ခွဲခြားတတ်ပြီး uncertainties ကို ရိုးသားစွာ သိမြင်ချပြနိုင်ဖို့ နဲ့ ကိုယ့် clinical expertise ကို အသုံးချပြီး patient-tailored management ကိုဆုံးဖြတ်ပေးနိုင်တာဟာ EBM ပါပဲ။
Critical appraisal skill ကတော့ quality of the best research evidence ကို check လုပ်နိုင်တဲ့ skill ပါ။ Critical appraisal ဟာ EBM ရဲ့ QC ( quality control system) ပါ။
“EBM tells us to use evidence; critical appraisal tells us which evidence deserves to be used “ ပါ။
Level of evidence pyramid ကတော့ အများစုရင်းနှီးတာမို့ ပြောစရာလိုမယ်မထင်ပါဘူး။ Research hierarchy ဟာ ladder of trust ပါပဲ။ အပေါ်မြင့်လာလေ results အပေါ် ယုံကြည်ရမှု ပိုမြင့်လာလေပါပဲ။ ဘာကြောင့်လဲဆိုတော့ higher level studies တွေဟာ
- bias ဘက်လိုက်မှု ပိုနည်းလာပါတယ်
- Fair comparison ပိုဖြစ်လာပါတယ်
- By chance မတော်တဆ တိုက်ဆိုင်မှုတို့ individual opinion တို့ ပိုနည်းလာပါတယ်။
သံပေါင်တံတားတစ်စင်းရဲ့ ခံနိုင်ဝန်အားကို စစ်မယ်ဆိုရင်
- အင်ဂျင်နီယာ တစ်ယောက်ရဲ့ ထင်မြင်ချက် ဟာ expert opinion ပါ
- သံပေါင် တံတားတစ်စင်းရဲ့ accident story တစ်ခုဟာ case report ပါ
- အခြားသံပေါင်တံတားတွေပါ လိုက်တိုင်ဆိုင်စစ်ကြည့် တာ observation study ပါ
- ခံနိုင်ဝန်အတွက် stress testing လုပ်လိုက်တာဟာ RCT ပါ
- စစ်ထားတာတွေ အကုန်လုံးကို review လုပ်ပြီးထုတ်ပေးလိုက်တာဟာ systematic review ပါ
ဒါဆိုရင် သေချာချင်ရင် ဘယ်လမ်းလိုက်မလဲ စဉ်းစားရလွယ်သွားပါမယ်။

6S pyramid ကို ဘယ်လိုနားလည်မလဲ
6S က Hierarchy of evidence based resources တွေဖြစ်ပါတယ်။ Information resources ကို ranking ပေးထားတာပါ။ သူလည်း အပေါ်ရောက်လေ evidence level မြင့်လေပါပဲ။ 6 S သုံးရင် high quality information ကို အချိန်တိုတိုနဲ့ ရပါမယ်။ အပေါ်ကနေ စရှာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ higher level evidence တွေက အဆင်သင့် appraised and synthesized လုပ်ပြီးသားမို့ပါ။
Research evidence pyramid and EBM resources pyramid နှစ်ခုကို ချိတ်ဆက်ရင် ဒီလိုလေး နားလည်ကြည့်လို့ရပါတယ်။
System - ဟာ ideal level ပါ။ Clinical decision support system CDSS ကို electronic health record မှာ လာထည့်ပေးထားတာပါ။ Encompass system NHS က ဒီ level ပါ။
Summaries- UpToDate လိုမျိုးပါ။ one stop shop ပါပဲ။ clinical condition တစ်ခုအတွက် ဘာလိုလို ရနိုင်ပါတယ်။
Synopsis of synthesis- ACP journal club လိုမျိုးပါ။ SR ကို summarizes ပြန်လုပ်ပေးထားတာပါ။
Synthesis- Systematic review ပါ။ data analysis ပါရင် meta analysis ပါ။ Cochrane Library က တော့ SR အတွက် အကောင်းဆုံးပါ။
Synopsis of single studies- high quality primary study ကို appraisals တစ်ခါတည်း လုပ်ပေးထားတာပါ။
Studies - individual original research papers တွေပါ။ PubMed, MEDLINE, Embase, CENTRAL (Cochrane trials database), Web of science or Scopus, Trial registries ( Clinical Trial.gov, WHO ICTRP) စတာတွေမှာ ရှာနိုင်ပါတယ်။ ကိုယ့်ဘာသာ appraisal လုပ်ရပါမယ်။ အဖြေတစ်ခုအတွက် အချိန်ကြာကြာရှာရမယ် တွေ့လာတဲ့ results က အခြား study result နဲ့ ကွဲလွဲကောင်း ကွဲလွဲနိုင်ပါမယ်။
Kind reminder ကတော့
ထိပ်ဆုံးက စရှာပါ။ လိုချင်တဲ့ information ကို အခြား synthesized evidence အဆင့်တွေမှာ မတွေ့မှပဲ individual studies level အောက်အဆင့်တွေမှာ ဆင်းရှာပါ။ Individual studies တွေအတွက် critical appraisal လုပ်ဖို့ မမေ့ပါနဲ့ နော်။

Enjoy your study 📚 ပါ






ဟိုးအရင်ခေတ် ဆေးကုကြစဉ်က ဒီနေ့ခေတ်လို latest medical research ကို လွယ်လွယ်ကူကူ လက်လှမ်းမီ ခဲ့ ကြတာမဟုတ်ပါဘူး။ ဒီအတွက် In...
26/12/2025

ဟိုးအရင်ခေတ် ဆေးကုကြစဉ်က ဒီနေ့ခေတ်လို latest medical research ကို လွယ်လွယ်ကူကူ လက်လှမ်းမီ ခဲ့ ကြတာမဟုတ်ပါဘူး။ ဒီအတွက် Individual own judgment and experience ကို အဓိက အသုံးပြုခဲ့ ကြရပါတယ်။ နောက်ပိုင်း modern medical practice မှာတော့ individual approach ထက် evidence based medicine EBM ကို ဦးစားပေးလာပါတယ်။

Key points in EBM
1. Recognise uncertainties in clinical knowledge – clinical research problem
2. Use research information to reduce uncertainties
3. Discriminate between strong and weak evidence
4. Quantify and communicate uncertainties with probabilities

EBM - expertise in integrating
1. Best research evidence
2. Clinical expertise
3. Patient Values
in each clinical decision.”
Haynes, Devereaux & Guyatt. 2002

EBM ကို အရိုးရှင်းဆုံးပြောရရင် - Clinical problem တစ်ခုရှိလာရင် research information တွေသုံးတတ်ဖို့၊ strong and weak evidence ကို ခွဲခြားတတ်ပြီး uncertainties ကို ရိုးသားစွာ acknowledge လုပ်နိုင်ဖို့ နဲ့ ကိုယ့် clinical expertise ကို အသုံးချပြီး patient-tailored management ပေးနိုင်တာပါပဲ။

Critical appraisal skill ဆိုတာဟာ quality of the best research evidence ကို check လုပ်နိုင်တဲ့ skill ပါ။ Critical appraisal ဟာ EBM ရဲ့ QC ( quality control system) ပါ။
“EBM tells us to use evidence; critical appraisal tells us which evidence deserves to be used “

Enjoy your study 📚 ပါ






Journal တွေ article တွေ ဖတ်ဖို့ ပြောကြတဲ့ အခါ အခုမှ ကျောင်းပြီးလာတဲ့ medics တစ်ယောက်အနေနဲ့ research papers တွေဟာ ခေါင်းခ...
26/12/2025

Journal တွေ article တွေ ဖတ်ဖို့ ပြောကြတဲ့ အခါ အခုမှ ကျောင်းပြီးလာတဲ့ medics တစ်ယောက်အနေနဲ့ research papers တွေဟာ ခေါင်းခြောက်စရာ ရွေးချယ်မှုတွေ ဖြစ်နေတတ်ပါတယ်။ ပထမဦးဆုံး Medical papers တစ်ခုချင်းဆီရဲ့ အလုပ်လုပ်ပုံ information ပေးပုံတွေ မတူဘူးဆိုတာကို အရင်နားလည်ရပါမယ်။ တစ်ချို့ paper က new treatments ကို test လုပ်ပါတယ်၊ တစ်ချို့က ရှိပြီးသား အချက်အလက်တွေကို summarize လုပ်ပေးပါတယ်၊ real world experience တွေ ပြောပြတဲ့ papers တွေလည်း ရှိပါတယ်။ ကိုယ်ဖတ်မယ့် paper ရဲ့ အမျိုးအစားပေါ်မူတည်ပြီး ဒီ paper က ပေးမယ့် Information ရဲ့ evidence ခိုင်မာမှုကို ဆုံးဖြတ်ရပါမယ်။ ဒါကို research hierarchy လို့ခေါ်ပါမယ်။

Medical papers တွေမှာ အတွေ့များတဲ့ အမျိုးအစားတွေကတော့

၁။ Case reports/ case series
နေ့တိုင်း အလုပ်ထဲတွေ့နေတဲ့ case တွေထဲက ထူးခြားတာမျိုးကို report ရေးကြတာပါ။
BMJ case reports, Journal of Medical Case reports JMCR , Oxford Medical case reports OMCR စတဲ့ journal မျိုးတွေပါ။
Unusual illness, reaction, ဒါမှမဟုတ် outcome တွေ ကို ရေးကြပါတယ်။ first signal of something new ဖြစ်တတ်လို့ case reports တွေဟာလည်း အရေးပါပါတယ်။ ဒါပေမယ့် cause and effect ဆက်စပ်ပြနိုင်မှု မှာတော့ အားနည်းပါတယ်။

၂။ Observational study
ဘာဖြစ်နေလဲ စောင့်ကြည့် နေတာ observations ပါပဲ။ “ မပြောသေးဘူး ကြည့်နေတယ် “ မဟုတ်ပါဘူး။ စောင့်ကြည့်ပြီး ပြောပါတယ်။

Snapshot တစ်ချက်ဖြတ်ပြီး တွေ့တာတွေ ပြောပြတာ ကို cross sectional study လို့ ဆိုပါတယ်။ One moment မှာတွေ့တာတွေ ပြောတာမို့ ရောဂါတစ်ခု ဘယ်လောက် common ဖြစ်နေလဲ ဆိုတဲ့ မေးခွန်းမျိုးရဲ့ အဖြေအတွက် cross sectional study တွေက ကောင်းပါတယ်။

ဖျက်ခနဲ တစ်ချက်တည်း မဟုတ်ပဲ တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေရင်တော့ တစ်ခုခုတော့ တွေ့လာပါမယ်။ Different exposure ရထားတဲ့ group တစ်ခုကို စောင့်ကြည့်နေရင် တစ်ချိန်မှာ outcome ကို တွေ့လာပါမယ်။ ဒါကို Cohort study လို့ ဆိုပါတယ်။
V**e သုံးစွဲသူတွေဟာ မသုံးသူတွေထက် primary spontaneous pneumothorax ပိုဖြစ်တတ်လား ဆိုတာမျိုးက cohort study အတွက် research questions တွေပါ။

နောက် observational study ကတော့ case - control study ပါ။ ဒီ study တွေက outcome ကစပါတယ်။ condition တစ်ခုတွေ့ပြီးတော့ အဲဒီနေရာကနေ ဘာနဲ့ ဆက်စပ်ခဲ့လဲဆိုတာ နောက်ပြန်လိုက်ပါတယ်။ ဒီcondition မဖြစ်တဲ့ case နဲ့ နှိုင်းယှဉ်ပါတယ်။ လတ်တလောနာမည်ကြီးတဲ့ case control study ကတော့ BMJ 2024 မှာ published လုပ်ခဲ့တဲ့ use of progestogens and the risk of intracranial meningioma ပါ။

၃။ RCTs
အများစုနဲ့ ရင်းနှီးမယ့် study ပါ။
New drug တစ်ခု ကောင်းပါတယ်လို့ ပြောဖို့ Randomized controlled trials RCTs တွေလုပ်ကြပါတယ်။ Cause and effect - ကို ပြနိုင်ဖို့ အကောင်းဆုံး study - gold standard လို့ပြောကြပါတယ်။ Bias ကို လျော့ချနိုင်ဖို့ ဒီဇိုင်းတွေလုပ်ထားပါတယ်။ ငွေကြေးအကုန်အကျ များလွန်းတဲ့ research အမျိုးအစားပါ။ RCTs တွေမှာ လည်း limitations တွေရှိပါတယ်။ practicality မှာ စရိတ်ကြီးလို့ industry bias ဝင်လာနိုင်တာ၊ study time ကြာတာ၊ rare diseases တွေအတွက် case အရေအတွက်နည်းလို့ statistically powerful ဖြစ်တဲ့ RCT မရနိုင်တာ၊ effective ဖြစ်လောက်တဲ့ treatment တစ်ခုကို withhold လုပ်တာဟာ ethically sound မဖြစ်တာမို့ တစ်ချို့ treatment တွေအတွက် RCT မလုပ်နိုင်တာ၊ နောက်လူပြောအများဆုံးတစ်ခုကတော့ real world မှာ အပြည့်အဝ အသုံးပြုလို့မရတာ- generalization မှာအားနည်းတာမျိုးပါ။
အခုနောက်ပိုင်း RCTs တွေရဲ့ generalizability gap ကို ဖြည့်နိုင်ဖို့ Real world evidence RWE ဆိုတာကို hybrid model အနေနဲ့ သုံးလာပါတယ်။ RWE တွေက RCT တွေနဲ့ equivalent တော့ မဖြစ်ပေမယ့် daily clinical practice မှာ effectiveness အတွက်တော့ အားကိုးရမယ့် data တွေလို့ ဆိုပါတယ်။ ဒီနှစ်ခုကို propensity score matching နဲ့ statistically balanced လုပ်နိုင်ပေမယ့် အပြည့်တော့ မတူနိုင်ဘူးလို့ဆိုပါတယ်။ အခုနောက်ပိုင်း FDA လို medical community and regulators တွေက decision အတွက် RWE ကို ပိုအသုံးပြုလာပေမယ့် RWE ဟာ RCT ရဲ့ complementary အဆင့်မှာပဲ အသိအမှတ်ပြုထားပါသေးတယ်။

၄။ Systematic reviews SRs
SR က one clear clinical question တစ်ခုနဲ့ ပက်သက်တဲ့ all reliable studies တွေကနေ အကောင်းဆုံး အဖြေတစ်ခုထုတ်တာပါ။ Careful summary of all good studies ပါ။ ကောင်းတဲ့ အချက်တွေ အကုန်စုပြလို့ very strong evidence ပါ။
Step by step plan နဲ့ သွားရလို့ systematic review လို့ ဆိုပါတယ်။ Personal review မဟုတ်ပါဘူး။
ဘယ်လို steps တွေလဲဆိုတာ နောက် အလျဉ်းသင့်ရင် ပြောပါမယ်။
ဘယ် phone အမျိုးအစားက battery အခံဆုံးလဲ ဆိုတဲ့ မေးခွန်းကို သူငယ်ချင်းတစ်ယောက်က ညွှန်းတဲ့ အဖြေက normal review ဖြစ်ပြီး phone အမျိုးအစား တစ်လုံးစီတိုင်းမှာ တစ်နေ့ YouTube videos အတွက် ခြောက်နာရီ game အတွက် နှစ်နာရီ စီ သုံး ကြည့်ပြီး ဘယ် battery အကောင်းဆုံးလဲ ဆုံးဖြတ်တာဟာ systematic review ဖြစ်ပါတယ်။

၅။ Meta- analysis
Systematic review တစ်မျိုးပါပဲ။ multiple studies တွေရဲ့ data ကို pool လုပ်ပြီး ပိုရှင်းတဲ့ အဖြေ - combined overall results ထုတ်ပေးတာပါ။ results တွေ combined လုပ်ပြီး ပြတဲ့အခါ larger reliable study တွေကို ပိုပြီး weightage ပိုပေးပါတယ်။ study တွေရဲ့ similar ဖြစ်မှု မဖြစ်မှု - Heterogeneity ကိုလည်းစစ်ပေးနိုင်ပါတယ်။

၆။ Guidelines and consensus statements
အားလုံးနဲ့ ရင်းနှီးပြီးသားပါ။ Expert panel က ရေးပါတယ်၊ multiple study types တွေကို အသုံးပြုပါတယ်။ Daily treatment decisions အတွက် အရေးအပါဆုံးပါပဲ။ သိသင့်တာက guidelines ဟာ original research မဟုတ်ပါဘူး but most influential in clinical practice ပါ။ သတိပြုသင့်တဲ့ အချက်တွေကတော့ - guideline ရဲ့ evidence ဟာ အသုံးပြုထားတဲ့ data ရဲ့ quality ပေါ်အများကြီးတည်ပါတယ်။ expert agreement တွေပါတာမို့ group thinking တွေ personnel belief တွေ ပါလာပါမယ်။ Consensus does not always mean correct ပါ။ Conflict of interest ဟာ guidelines ရဲ့ recommendations တွေအပေါ်လွှမ်းမိုးမှုရှိနိုင်ပါတယ်။ Medical knowledge ပြောင်းလဲမှုဟာ မြန်ဆန်တာမို့ new studies တွေနဲ့ old guidance ဟာ မကိုက်ညီနိုင်တာ guidance က outdated ဖြစ်နေတာ တွေ ရှိနိုင်ပါတယ်။ အရေးအကြီးဆုံးက guidelines တွေဟာ average patients နဲ့ typical situations များအတွက်ပါ။ elderly patients တွေ ၊ multiple comorbidities တွေရှိတဲ့ patients တွေ ၊ rare conditions တွေ ၊ cultural and resources မတူတဲ့ အခြေအနေ တွေ ဒီလို case မျိုးတွေမှာ guideline ကိုချည်း အားမကိုးပဲ clinical judgment သုံးဖို့ အရေးကြီးပါတယ်။ guidelines တွေဟာ complex decision တွေကို oversimplify လုပ်တတ်တာမို့ real life မှာ ပိုပြီး practical ကျတဲ့ decisions မျိုး စဉ်းစားပေးတတ်ရပါမယ်။ ပြောရရင် guidelines တွေဟာ မြေပုံညွှန်းပါ။ directions ညွှန်ရာမှာ အသုံးကျပါတယ်။ traffic တွေ weather တွေ road closures တွေ မပြပါဘူး။ Drivers still need judgement ပါ။ Google map ခေါ်ရာနောက်လိုက်ရင်း ချောင်ကြိုချောင်ကြား ရောက်ဖူးသူတွေ ဒါကို ခံစားလို့ရမှာပါ 😃

၇။ Qualitative research
Qualitative research တွေကတော့ ကိန်းဂဏန်းတွေနဲ့
ရေတွက်တာမဟုတ်ပဲ လူတွေရဲ့ experiences တွေ opinion တွေကို နားထောင်ပြီး တော့ themes တွေ explanation တွေ ထုတ်ပေးနိုင်ပါတယ်။ Real human experience တွေသိနိုင် လူတွေရဲ့ behavior and decision တွေသိနိုင် patient centered care ကို improve လုပ်ပေးနိုင်ပါတယ်။

ဒီလောက်ဆို medical paper တွေ ရဲ့ အမျိုးအစား ကွဲပြားပုံကို ရိပ်မိမယ် ထင်ပါတယ်။ ကျောင်းတက်တုန်းက Textbook တွေ Monographs တွေဖတ်ခဲ့ ၊ အလုပ်ထဲ ရောက်တော့ guidelines တွေပဲ ဖတ်ဖြစ်နေရင် article တွေဘက်ကို ကြိုးစားဖတ်ကြည့်စေချင်ပါတယ်။ Paper တွေဖတ်ရင်းနဲ့ တဖြည်းဖြည်း research သဘောတရားနဲ့ နေသားကျလာမှာပါ။

Critical appraisal လုပ်နိုင်ဖို့ အတွက် statistics တွေ မိုးပျံအောင် ကျွမ်းကျင်စရာမလိုပါဘူး။ Basic research သဘောတရားနားလည်လာရင် critical appraisal ဟာမခက်ပါဘူး။ နေရာတကာကို သံသယ မျက်လုံးနဲ့ Is this true ? လို့ လိုက်ကြည့်နေတာ မဟုတ်၊ How confident should I be that this is true? လ်ို့ ပြောင်းတွေးကြည့်လိုက်တာမျိုးပါ။

Enjoy your study 📚 ပါ






Critical appraisal ကိုလေ နားလည်အောင် ကြိုးစားသင့်တယ်လို့ထင်တယ်။နားလည်လွယ်အောင် ပြောရရင် medical journal တစ်စောင် ဒါမှမဟု...
25/12/2025

Critical appraisal ကိုလေ နားလည်အောင် ကြိုးစားသင့်တယ်လို့ထင်တယ်။
နားလည်လွယ်အောင် ပြောရရင် medical journal တစ်စောင် ဒါမှမဟုတ် medical information တစ်ခုကို စုံမှိတ် ပြီးလက်ခံလိုက်တာ မဟုတ်ပဲ ဒီသတင်း အချက်အလက်ဟာ ဘယ်လောက်ယုံကြည်ရလဲ၊ fair ဖြစ်ရဲ့လား တကယ်ရော အသုံးဝင်ရဲ့လား ဆိုတာ ကို သေသေချာချာ စေ့ဌကြည့်ပြီးမှ လက်ခံတာမျိုးပေါ့။ ဒီလို စေ့ဌ သုံးသပ်ခြင်းကို critical appraisal လုပ်တယ် လို့ ဆိုလိုတာပါပဲ။
ဥပမာပေးရရင် used car တစ်စီး ဝယ်တော့မယ်ဆို ကိုယ်ဘယ်လို စဉ်းစားမလဲ က စတွေးကြည့်ပါ
ဒီကားကလေ အရမ်းကောင်းတာပဲလို့ dealer က ညွှန်း ယုံ နဲ့ တော်ရုံမဝယ်ပါဘူး
ဒီ dealer က ဘယ်လို background ရှိလဲ စပ်စုမှာပဲ
ကားကိုလည်း ကိုယ်တိုင် သွားကြည့်ချင်မိမှာပဲ
အရင် accident ဖြစ်ဘူးလား သိချင်မှာပဲ
အခြား ဒီကားမျိုးမောင်းဖူးသူတွေရဲ့ review လည်း နားထောင်ချင်တတ်တာပဲ
ကိုယ့်လိုအပ်ချက်တွေနဲ့ရော ကိုက်ညီလား စဉ်းစားမှာပဲ။
Critical appraisal လုပ်တယ် ဆိုတာဟာလည်း ဒီလိုပဲ ကားဝယ်သလို medical study တစ်ခု အပေါ် အသုံးမပြုခင် သုံးသပ်ကြည့်တာပါပဲ။
ဒါဆိုရင် medical doctor တစ်ယောက် journal တစ်စောင် article တစ်စောင်ဖတ်ရင် ဘာတွေ စဉ်းစားမလဲ
၁။ ဒီ study ကို ဘယ်သူ လုပ်တာလဲ
နာမည်ကျော် ဆေးရုံ သို့ ယူနီဗာစတီ ဆိုရင် စိတ်ချရမှု မြင့်နိုင်တာပေါ့
Researchers တွေဟာ ဒီ study ကနေ ငွေရေးကြေးရေး အကျိုးခံစားခွင့် financial benefits ရထားသလား
ကားဝယ်ချိန်က စဉ်းစားတဲ့ dealer ရဲ့ trustworthyဖြစ်မှုမျိုးကို ဒီမှာ ခံစားကြည့် လို့ ရပါတယ်
ငွေရေးကြေးရေးအကျိုးခံစားခွင့် financial benefits ဆိုတာဟာ - researcher ဟာ
-ဆေး သို့ ဆေးပစ္စည်း company ကနေ လခ ရယူတာ
-company မှာ အစုရှယ်ယာ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တာ
-funding၊ gifts or speaking fees ယူတာ
-researchers ရဲ့ career လမ်းကြောင်းဟာ ဒီ study ရဲ့ positive results ပေါ် မူတည်တာ
စသဖြင့် အမျိုးမျိုး ရှိတတ်ကြပြီး ဒါကို conflict of interest လို နားလည်နိုင်ပါတယ်
၂။ study ကို သေသေချာချာ လုပ်ခဲ့သလား
စိစစ်ရမယ့် အချက်တွေက
- လူဦးရေ လုံလောက်လား study size ကို ဆိုလိုပါတယ်
- Fair comparison ဖြစ်ရဲ့လား
- Study ရဲ့ important details တွေ အကုန်ပြထာလား ဖွက်ထားတာများ ရှိလား 😃 ဘာအချက်တွေ ရှာ ကြည့်ရမလံ နောက်အဆင်ပြေရင် ပြောကြပါမယ်
ကားဝယ်ရင်လည်းဒီ သဘောတရားမျိုးပါပဲ ။ ကားအင်ဂျင်ကို သေသေချာချာစစ်ကြည့်ရဲ့လား အပြင်က ဖုံသုတ်ဆေးမှုတ်ထားရုံပဲလား။ ခွဲခြားနားလည် ဖို့ အရေးကြီးတယ်လေနော်။
၃။ ထွက်လာတဲ့ results က ပြောထားသလို ဖြစ်ရဲ့လား
-အကြောင်းအရာ အချက်အလက်နှစ်ခု အတူတွေ့ရုံနဲ့ ဆက်စပ်ပါတယ်လို့ အတင်း ကောက်ချက်ချလို့ မရပါဘူး တစ်ကယ် ဆက်စပ်မှုရှိလား သုံးသပ် ကြည့်ရပါမယ်
တွေ့လာတဲ့ results ကကော real life မှာ တကယ် အသုံးကျမှာလား စစ်ကြည့်ရပါမယ်
Dealer က ဆီစား သက်သာတယ်လို့ ပြောလိုက်ရင် ဘယ်လိုသက်သာတာလဲ ဘယ်လောက် ကိုယ့်အတွက် အဆင်ပြေနိုင်မလဲ တွက်သလိုမျိုးပေါ့
၄။ ဒီ study ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ရဲ့လား
- Study ပါတဲ့ study population ရဲ့ အသက် ၊ ရောဂါအခံ စတာတွေ ကို ကြာ့်ကြည့်ပါ
- ကိုယ့်ရဲ့ heath care system မှာ ဆိုရင်ရော ဒီ results က တစ်မျိုးပြောင်းသွားနိုင်လား။
ကားကတော့ မြို့လမ်းမှာ မောင်းရတာ ချောနေတာပဲ ကိုယ်နေတာ က တောကြိုအုံကြား လှည်း လမ်းထက် နည်းနည်းပဲသာရင် ကိုယ်နဲ့ ဒီကား ကိုက်မလား စဉ်းစားရတော့တာပါပဲ။
ဆိုတော့ကာ
paper တစ်စောင် က Coffee က တော့ နှလုံးကျန်းမာရေး အတွက် မကောင်းဘူးလို့ပြောရင် -
၁။ လူဘယ်နှစ်ယောက်ကို စစ်ထားတဲ့ study လဲ။
၂။အရင်ကတည်းက နှလုံးမကောင်းတဲ့ လူတွေ ကို coffee တိုက်ပြီး ဒီ results ထွက်လာတာလား
၃။ ဘယ်လို coffee ကို သုံးခဲ့တာလည်း ခါးခါးဆိမ့်ဆိမ့် strong ဖြစ်တဲ့ Robusta လား ရိုးရိုး coffee ပဲလား
၄။ တကယ်ပဲ harm ဖြစ်တယ်ဆိုတာ approve ဖြစ်ရဲ့လား just association ပဲလား။ တွဲတွေ့ရုံနဲ့ အတင်းဆက်စပ်ပစ်လို့ မရဘူးလေနော်။
Critically appraise လုပ်တတ်လာရင် false hope နည်းလာပါမယ် လူပြောနဲ့ မယုံတော့ဘူးပေါ့ မလိုအပ်ပဲလည်း စိတ်မပူရတော့ဘူး ကိုယ်က medical personnel အနေနဲ့ better advice ကို confidence ရှိရှိပေးနိုင်လာမယ် Information ကို hype ဖြစ်လို့လိုက်တာထက် evidence နဲ့ ပိုသွားတတ်လာမှာပါပဲ။ သကြားလျော့တာတို့ vitamin D တို့လို hype တွေကို ဘယ်လို ကိုင်တွယ်မလဲလို့ တွေးကြည့်စေချင်တာပါ
အမှန်ကတော့ journal reading အတွက် နှစ်နှစ်ဆက်တိုက် အားထုတ်ပေမယ့် snack တောင် provide မလုပ်နိုင်လို့ engagement နည်းနေတာ အားမရလို့ စိတ်ပေါက်ပေါက်နဲ့ ရေးတဲ့စာ………


Merry Christmas 🎄🎁 🎄🎁🎄🎁ပါ @






Address

Dublin

Alerts

Be the first to know and let us send you an email when A Bliss Medic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to A Bliss Medic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram