မြန်မာနိုင်ငံရှိ Shija ဆေးရုံများ

  • Home
  • India
  • Imphal
  • မြန်မာနိုင်ငံရှိ Shija ဆေးရုံများ

မြန်မာနိုင်ငံရှိ Shija ဆေးရုံများ Healthcare Destination

05/01/2023
23/09/2022

ဒူးဆစ်နှစ်ဖက်လုံးတွင် ပြင်းထန်အဆစ်ရောင်ရောဂါ ခံစားနေရသည့် အသက် (၆၉)နှစ် အရွယ် မြန်မာနိုင်ငံသား လူနာတစ်ဦးသည် မြန်မာနိုင်ငံမှ ကာလကတ္တားသို့ လေကြာင်းဖြင့် ဆိုက်ရောက်ပြီး ထိုမှတဆင့် မဏိပူရပြည်နယ်ရှိ (Shija ဆေးရုံ နှင့် သုတေသနဌာန) (SHRI) သို့လာရောက် ကုသမှုခံယူခဲ့ပါသည်။ အဆိုပါလူနာအား (16-9-2022) ရက်နေ့တွင် ဒူးခေါင်းနှစ်ဖက်ကို အစားထိုးကုသခဲ့ရာ အောင်မြင်ခဲ့ပြီး ယခုအခါ လမ်းလျှောက်နိုင်ပြီဖြစ်၍ (23-9-2022) ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
အဆိုပါလူနာ၏ ခွဲစိတ်ကုသ အစားထိုးမှုအဝဝကို Shija ဆေးရုံမှ အရိုးအထူးကု Dr. Iboyaima Phuritshabam က ဦးဆောင်ကာ တာဝန်ကျဆရာများနှင့်အတူ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ Shija ဆေးရုံ၏ ပထမဆုံး ဒူးခေါင်းနှစ်ဖက် အစားထိုး ခွဲစိတ်မှု ဖြစ်သလို မဏိပူရပြည်နယ် အတွက်လည်း ပထမဆုံးပင် ဖြစ်ပါသည်။၊ Shija ဆေးရုံတွင် တင်ပါးဆုံရိုးနှင့် ဒူးခေါင်းအစားထိုး ခွဲစိတ်မှုများကို ပုံမှန်လုပ်ဆောင်နေလျက်ရှိပါသည်။
လူနာ၏ပြောကြားချက်များမှာ - မြန်မာနိုင်ငံမှနေ၍ Shija ဆေးရုံ ဆောင်ရွက်စီမံမှုများကို ဦးစွာပထမလေ့လာစုံစမ်း သိရှိခဲ့ပါသည်။ ခွဲစိတ်မှုမပြုလုပ်မီက လမ်းလျှောက်ရန် လွန်စွာမှ အခက်အခဲရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်ရောဂါနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ နည်းပါးခြင်းကြောင့် ကုသမှုပြုလုပ်ရန် နှောင့်နှေးခဲ့ရပါသည်။ ဘန်ကောက်နှင့် စင်္ကာပူရှိ ဆေးရုံများကို ဆက်သွယ်စုံစမ်းမေးမြန်းခဲ့သော်လည်း Shija Hospitals တခုတည်းကသာ ၎င်း၏ မေးမြန်းချက်များကို ဖြေကြားပြီး ကျွမ်းကျင်သူများနှင့် တိုင်ပင်ရန် စီစဉ်ပေးခဲ့သည့်နေရာဖြစ်ခဲ့ပါသည်။ ကာလကတ္တားမှတဆင့် အင်ဖာသို့ရောက်ရှိပြီး ထောက်ပံ့ ပို့ဆောင်မှုအားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးသည့်အတွက်လည်း ဆေးရုံကို အထူး ကျေးဇူးတင်ပါသည်။ ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရာတွင်လည်း ဘန်ကောက်၊ စင်္ကာပူနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက Shija ဆေးရုံ၏ ကုန်ကျစရိတ်မှာ လွန်စွာမှ သင့်တင့်မျှတကြောင်း တွေ့ခဲ့ရပါသည်။ Shija ဆေးရုံတွင် အစားထိုး ကုသခြင်း ကုန်ကျစရိတ်သည် ဘန်ကောက်အောက် လေးဆသက်သာပြီး စင်ကာပူအောက် ဆယ်ဆသက်သာကြောင်း ၎င်းက ရှင်းပြသည်။ Shija တွင် မြန်မာဘာသာပြန်ဆိုသူ ရှိနေခြင်းကလည်း အဆင်ပြေချောမွေ့သော ကုသမှုကို ရရှိစေပါသည်။
အရှေ့တောင်အာရှတွင် အရည်အချင်းပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖြစ်လာစေရန်အတွက် Shija ဆေးရုံသည် မြန်မာနိုင်ငံနှင့် ကျန်းမာရေး ထိတွေ့ဆက်ဆံမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ Mission Myanmar အဆင့်သုံးဆင့်တွင် နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ခွဲစိတ်မှု ၁၃၀ ကြိမ်၊ အတွင်းတိမ် ခွဲစိတ်မှု ၁၇၉ ကြိမ်နှင့် စက်ရုပ်လက်တံဖြင့် ခွဲစိတ်မှု ၃၂ ကြိမ် အခမဲ့ ဆောင်ရွက်ပေးခဲ့ပါသည်။ စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် Shija Overseas Training Program အနေဖြင့် မုံရွာအထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်များနှင့် သူနာပြုများအား စက်ရုပ်လက်တံဖြင့် ခွဲစိတ်မှု၊ အရေးပေါ်ပြုစုစောင့်ရှောက်မှုနှင့် ခွဲစိတ်မှုဆိုင်ရာ နည်းပညာများအား အခမဲ့သင်တန်းများ ပို့ချပေးခဲ့ပါသည်။ Shija သည် ပြည်တွင်းနှင့် နိုင်ငံတကာရှိ ကျန်းမာရေးဆိုင်ရာ ခရီးသွားများကို လက်ကမ်းကြိုဆိုနေလျက်ရှိပါသည်။ ယနေ့အထိ မြန်မာနိုင်ငံမှ လူနာပေါင်း ၂၅၀၀ ကျော်ကို အောင်မြင်စွာ ကုသပေးခဲ့ပြီးဖြစ်ပါသည်။

မဏိပူရတွင် ဒူးအစားထိုးခြင်းသည် စျေးသက်သာသည်။
22/09/2022

မဏိပူရတွင် ဒူးအစားထိုးခြင်းသည် စျေးသက်သာသည်။

18/01/2021
Happy Independence Day
04/01/2021

Happy Independence Day

16/11/2020

Do watch Shija Facebook Live video talk with Dr. Sachikumar Kh., Consultant Neonatologist & Paediatrician, Shija Hospitals on the topic: "PRETERM BIRTH" in observation of World Prematurity Day 2020 on 18th November 2020; 2 PM.

14/11/2020

Shija pioneers in the treatment of piles.

13/11/2020

Avail 15% concession on investigations advised by Vitro Retinal Surgeon and Physician w.e.f. 14th to 21st November, 2020 observing WORLD DIABETES DAY, 14th November, 2020.

27/05/2020

Observing World Emergency Medicine Day 2020.

09/05/2020

We hereby complete 24 years of pioneering in key hole surgery in Manipur.

Address

Shija Hospitals And Research Institute
Imphal
795004

Alerts

Be the first to know and let us send you an email when မြန်မာနိုင်ငံရှိ Shija ဆေးရုံများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မြန်မာနိုင်ငံရှိ Shija ဆေးရုံများ:

Share

Category