30/01/2023
Beginnerများ ကြွက်သားတည်ဆောက်တဲ့အခါ
သိထားရမဲ့ အချက်များ - - 💁♂️💡
⚡ ကြွက်သားတည်ဆောက်ထားရင်
ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချပေးခြင်း ၊
အရိုးများသန်မာလာခြင်း ၊
ဇီဝဖြစ်ပျက်မှု ပိုမိုမြန်ဆန်ခြင်း နှင့်
lean မာဆယ် တိုးလာခြင်း စတဲ့
အကျိုးကျေးဇူးများစွာကို
ရရှိနိုင်ပါတယ် ။ 😉
ဒါပေမဲ့ မိတ်ဆွေက ကြွက်သားတည်ဆောက်ဖို့
ဘယ်လိုစတင်ရမလဲ သေချာမသိဘူးဖြစ်နေလား ❓🤔
⚡ အရင်ဆုံး
ကြွက်သားမျှင်များအကြောင်းကို
သိအောင်လုပ်ပါ ။
dumbbell တွေနဲ့
အလေးမ မခင် ကြွက်သားကြီးထွားမှုကို
ဘယ်လိုဖြစ်ပေါ်စေလဲ ဆိုတာကို
နားလည်ဖို့ အရေးကြီးပါတယ် ။
ကျွန်တော်တို့ရဲ့ ကြွက်သားတွေကို
သန်မာဖို့အတွက်
ကြွက်သားမျှင်တွေ ပျက်စီးဖို့ လိုတယ် ။
ဘယ်လိုကြီးလဲ ? 🙄
⚡ ဒီလိုပါ ၊
strength training မှာ squat လုပ်လုပ်
biceps curl ပဲ လုပ်လုပ်
ဒီပျက်စီးမှုကို အရင်ဖန်တီးတယ် ။
ပြီးရင် ပျက်စီးသွားတဲ့ ကြွက်သားအမျှင်တွေကို
အတူတကွ ပြန်စုစည်းပြီး
myostaellite ဆဲလ်တွေကို အစပျိုးစေပြီး
နောက်ဆုံးမှာ
ကြွက်သားက အရင်ကထက်
ပိုမိုသန်မာလာစေပါတယ် ။
⚡ ကြွက်သားမျှင်တွေရဲ့
အဓိက အမျိုးအစားနှစ်မျိုးက
(slow-twitch) နဲ့
(fast-twitch) တို့ဖြစ်တယ် ။
သူတို့နှစ်ခုရဲ့
စွမ်းအင်ထုတ်ပုံချင်းကလဲ မတူဘူး ။
slow-twitch က ပြေးခြင်း ၊
စက်ဘီးစီးခြင်းလိုမျိုး ခံနိုင်ရည်ရှိတဲ့
လှုပ်ရှားမှုတွေအတွက်
တည်ဆောက်ထားတဲ့ fiber ဖြစ်တယ် ။
ဆိုလိုတာက
လေ့ကျင့်ခန်းကို
အချိန်ကြာကြာ ထိန်းထားနိုင်တယ် ။
⚡ fast-twitch က slow-twitchထက်
ပိုပြီးလျင်မြန်စွာ ဆုတ်ယုတ်တယ် ။
ဒါကြောင့် ဒီ fiber က
ကြာကြာပြေးခြင်းတွေ ဘာတွေ မလုပ်နိုင်ဘူး ။
ဒါပေမဲ့ fast-twitch က
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေအတွက်
အဓိက တာဝန်ရှိတယ် ။
ဒါကြောင့် မိတ်ဆွေက
ကြွက်သားတည်ဆောက်ချင်တယ်ဆိုရင်
fast-twitch ကို အာရုံစိုက်ချင်ပါလိမ့်မယ် ။
ကြွက်သားတည်ဆောက်ဖို့
အကောင်းဆုံးပရိုဂရမ်က ဘာလဲ ❓
⚡ ကြွက်သားတည်ဆောက်ခြင်းရဲ့
နောက်ကွယ်က သိပ္ပံပညာကို နားလည်လာပြီဆိုရင်
အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖု့ိ
အချိန်ရောက်ပါပြီ ။
shirt-busting biceps နဲ့
hulk-like quads တွေကို တည်ဆောက်လိုလား ❓
ဒါမှမဟုတ်
လက်နဲ့ ခြေထောက်ကြွက်သားတွေကို
တည်ဆောက်ချင်လား ❓
⚡ ကြွက်သားတည်ဆောက်ဖို့
အကောင်းဆုံးပရိုဂရမ်က
ကိုယ့်ရည်မှန်းချက်တွေပေါ်မှာ မူတည်တယ် ။
ကြွက်သားကြီးကြီးမားမားရလိုသူတွေက
အဆစ်တစ်ခုတည်း
ဒါမှမဟုတ်
သီးသန့်လေ့ကျင့်ခန်းတွေကို ဦးစားပေးပြီး
လုပ်ဆောင်သင့်တယ် ။
အလုံးစုံကြွက်သားတွေကို
မြှင့်တင်လိုသူတွေက
ပေါင်းစပ်လေ့ကျင့်ခန်းတွေကို
လုပ်ဆောင်သင့်တယ် ။
⚡ အဆစ်တစ်ခုတည်းကို အာရုံစိုက်ခြင်း ၊
သီးသန့်လေ့ကျင့်ခန်းများကို လုပ်ခြင်းက
ကြွက်သားအုပ်စုတစ်စု ပစ်မှတ်ထားဖို့ ကူညီပေးပြီး
ကြွက်သားပျက်စီးမှု ဖြစ်စေဖို့ ကူညီပေးတယ် ။
ဆိုလိုတာက အလေးမပြီးတာနဲ့
တခြားလေ့ကျင့်ခန်းတွေ လုပ်ဖို့
အပြည့်အ၀ မရနိုင်တော့ပါ ။ ✨
⚡ အလေးမသူတွေက
6-12 reps နဲ့ 4 sets ပြီးအောင်ပြုလုပ်နိုင်စေမဲ့
အလေးချိန်ကို ရွေးချယ်သင့်ပြီး
၉၀ စက္ကန့်မှ ၂မိနစ်အထိ အနားယူပါ ။
မိတ်ဆွေက
ကြွက်သား ခွန်အားတည်ဆောက်ချင်ပြီး
ကြွက်သားအရွယ်အစားကို
တည်ဆောက်ချင်တာ မဟုတ်ရင်
ပေါင်းစပ်လေ့ကျင့်ခန်းတွေကို အာရုံစိုက်ပါ ။
ဥပမာ - squat နဲ့ shoulder press ၊
Reverse lunge နဲ့ biceps curl ၊
bent-over row နဲ့ triceps kickback ။
⚡ ဒါပေမဲ့
ပေါင်းစပ်လေ့ကျင့်ခန်းတွေက
lean mass ကို မြှင့်ဖို့ ဒါမှဟုတ်
ကြံ့ခိုင်မှုကို တည်ဆောက်ဖို့
ရည်ရွယ်ချက်ရှိသူတွေ အတွက်သာ ဖြစ်တယ် ။
ပေါင်းစပ်လေ့ကျင့်ခန်းကို
12-20 reps နဲ့ 3 sets ပြုလုပ်ပြီး
set တစ်ခုချင်းစီကြားမှာ စက္ကန့် ၆၀ အနားယူပါ ။
Beginner တစ်ယောက်က
ကြွက်သား ဘယ်လောက်မြန်မြန်တည်ဆောက်နိုင်လဲ ❓
⚡ Beginner တစ်ယောက်အနေနဲ့ ရလဒ်တွေကို
ဘယ်လောက်တောင် မြန်မြန်ဆန်ဆန်
မြင်နိုင်လဲဆိုတာကို သိရင်
မိတ်ဆွေ အံ့သြနေပေလိမ့်မယ် ။
ကြွက်သားအရွယ်အစား အပြောင်းအလဲများကို
အမှန်တကယ် မြင်တွေ့ဖို့
၆ပတ်မှ ၁၀ပတ်ခန့်သာ ကြာနိုင်တယ် ။
တကယ်လို့ သုံးလအတွင်းမှ
ပြောင်းလဲမှုတွေ မရှိရင်
ကျွမ်းကျင်လက်မှတ်ရကြံ့ခိုင်ရေး ပညာရှင်များထံမှ
အကြံယူပါ ။ 🧏♂️
⚡ လေ့ကျင့်ခန်းလုပ်ချိန်
တဖြည်းဖြည်းကြာလာတဲ့အခါ
Gym ဆော့တဲ့အခါ
ကြွက်သားတွေက
မတိုးတက်လာတော့ဘူး ။
လေ့ကျင့်ခန်းလုပ်သက် ပိုကြာလေ ၊
ကြွက်သားကြီးထွားဖို့ ခက်ခဲလာလေ ။
အလေးမဖို့ အချိန်ဘယ်လောက်ပေးရမလဲ ❓
⚡ အလေး မဖို့အတွက်
ကိုယ့်ရဲ့ social life (လူမှုဘဝ) ကို
စတေးလိုက်ဖို့တော့ မလိုအပ်ပါဘူး ။ 🚨
တစ်ရက်ကို ၄၅မိနစ် ၁နာရီလောက်
လေ့ကျင့်ခန်းလုပ်တာက
လုံလောက်တယ် ။
သွေးပူလေ့ကျင့်ခန်းလုပ်ချိန်ပါ ထည့်တွက်ရင်
ဒီထက် နည်းနည်းကြာနိုင်တယ် ။
Gym မှာ ၂နာရီလောက် အချိန်ပေးနေစရာ မလိုဘူး ။
⚡ တစ်ပတ်မှာ ဘယ်နှရက် လေ့ကျင့်ခန်းလုပ်သင့်လဲ ဆိုတာ
ကြံ့ခိုင်မှုအဆင့် ၊ အသက် ၊ အာဟာရ ၊
အိပ်စက်မှုအရည် အသွေးနဲ့
စိတ်ဖိစီးမှုအဆင့်အလိုက် ကွဲပြားနိုင်တယ် ။
ဒါပေမဲ့
beginner တွေအတွက်တော့
တစ်ပတ်ကို ၃ရက် အလေးမ တာက
လုံလောက်ပါတယ် ။
ကျန်တဲ့ရက်တွေမှာ cardio လုပ်ပြီး
တစ်ပတ်တစ်ရက်လောက် အနားယူပါ ။
Gym ကို ၁နာရီလောက်သွားလိုက်တာက
ကျန်တဲ့အချိန်တွေမှာ
အထိုင်များနေရမယ်လို့ မဆိုလိုဘူး ။
ကိုယ့်အိမ်မွေး တိရစ္ဆာန်နဲ့
ပန်းခြံတဝိုက်မှာ လမ်းလျှောက်တာ ၊
ပေါ့ပေါ့ပါးပါး အကြောဆန့်တာ ၊
ကိုယ့်ကလေးနဲ့ စက်ဘီးစီးတာ စသဖြင့် လုပ်ပေးပါ ။
⚡ နောက်တစ်ခုက
အနားယူခြင်းက ကြွက်သားတည်ဆောက်မှု
လုပ်ငန်းစဉ်အတွက်
အရေးကြီးကြောင်း သတိရပါ ။
လေ့ကျင့်ခန်းလုပ်ပြီး
အနားယူမှသာလျှင်
ကြွက်သားတွေက ပိုသန်မာတာပါ ။ 😇❤
personal fitness trainer (men physique ,trainer Jack Logan)
Rehab Trainer
International Sport Sciences Association ,Nutritionist,Bodybuilding Coach,Certified Personal Trainer