Dr. Phonesithulwin

Dr. Phonesithulwin 837K Likes • 902K Followers
ASEAN DOCTER WORKING IN TOKYO, JAPAN

01/07/2023

ခေါင်းတစ်ခြမ်းကိုက်ရောဂါက ဖြစ်လိုက်၊ ပျောက်လိုက်နဲ့ နာတာရှည် ဖြစ်တတ်တဲ့ ရောဂါမျိုးပါ။ ခေါင်းကိုက်တာနဲ့အတူ ပျို့ချင်အန်ချင်ဖြစ်တာ၊ ပျို့အန်တာတွေပါ တွဲပြီး ခံစားရတတ်ပါတယ်။
◾ အစားမှားတာ၊
◾ စိတ်ဖိစီးမှုများတာ၊
◾ ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊
◾ ဆူညံတဲ့အသံတွေကြားရတာ . . .စတဲ့ အခြေအနေတွေမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ရုတ်တရက် ထဖြစ်တတ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုရင်လည်း မေးမြန်းနိုင်ပါတယ်။

 #ကလေးလေးကခါးနာတယ်ကျောနာတယ်ပဲပြောပြောနေတယ် #လူသေးသေးလေးက_ကျောပိုးအိတ်အကြီးကြီးလွယ်ထားတာ                    ကလေးတွေ ဆယ်ကျ...
29/06/2023

#ကလေးလေးကခါးနာတယ်ကျောနာတယ်ပဲပြောပြောနေတယ်
#လူသေးသေးလေးက_ကျောပိုးအိတ်အကြီးကြီးလွယ်ထားတာ

ကလေးတွေ ဆယ်ကျော်သက်တွေ ကိုယ်လက်တွေ၊ အရိုးတွေ နာကျဉ်ကြတဲ့အခါ Growing pain (ကြီးထွားလာလို့ နာတာ) ကို ထည့်သွင်းစဉ်းစားသင့်သလို
ခါးနာတယ် ကျောနာတယ် ပုခုံးနာတယ် ငြောင်းတယ် ဆိုရင်လည်း ကျောပိုးအိတ်အလေးချိန်ကို ထည့်သွင်းစဉ်းစားရပါမယ်။
- ကျော ခါး က ကြွက်သားတွေကို Antigravity muscles တွေလို့ခေါ်ပါတယ် (ကမ္ဘာ့မြေကြီးရဲ့ ဆွဲအားမှာကျွန်တော်တို့ လဲကျမသွားရအောင် ထိန်းမတ်ပေးထားတဲ့ ကြွက်သားတွေဖြစ်လို့ အလုပ်များပါတယ်)
- အဲ့ဒီကြွက်သားတွေကို သုံးကာ အလေးချိန်များများကို သယ်ပိုးပြီး တစ်နေရာကနေ တစ်နေရာ သွားနေရတဲ့ ကလေးလေးတွေရဲ့ ကျောကကြွက်သားတွေရဲ့ ပင်ပန်းမှုကို တွေးတောကြည့်ကြပါ
- ခုခေတ်က Child psychology တွေ ခေတ်စားလာတော့ ကလေးတွေ Self confidence တက်ရအောင် မိဘတွေက လိုက်မကူနဲ့ သူ့ဟာသူလုပ်ပါစေ ဆိုတာကလည်း ရှိနေတော့ကာ 😥
အဲ့တော့ ကလေးလေးတွေ ရဲ့ ကျော ခါး ပုခုံး ဝန်မဖြစ်ရအောင်
#ဘယ်လောက်သယ်ကြမလဲ ❓
#ဘယ်လိုသယ်ကြမလဲ ❓
1. #ဘယ်လောက်သယ်ကြမလဲ ❓
ကလေးလေးရဲ့ ကိုယ့်အလေးချိန်ရဲ့ ၁၀-၁၅ ရာခိုင်နှုန်းထက် မပိုသင့်ပါဘူး
ဆိုလိုတာက ကိုယ်အလေးချိန် ပေါင် ၇၀ ရှိတဲ့ကလေးရဲ့ အိတ်ဟာ ၇ ပေါင်ပဲလေးသင့်ပါတယ်
(၈ တန်းကလေးအားလုံးရဲ့ အိတ်က ၇ ပေါင်ရှိရမယ်မဟုတ်ပါဘူး) *တဦးချင်းစီအလိုက်ကွာခြားပါတယ်
တွေးကြည့်ကြရင် - စာသင်ချိန် ၆ ချိန်ရှိတဲ့ နေ့မှာ Text book ၆ အုပ် ၊ note books ၊ စာရေးကိရိယာ တွေအပြင် ကလေးရဲ့တကိုယ်ရည်ပစ္စည်းတွေ က မနည်းမနောပါ။
သင်ထောက်ကူပစ္စည်းတွေ သုံးတဲ့ ပုဂ္ဂလိကကျောင်းတွေ International school တွေ
ကျောင်း Locker ထဲ ပစ္စည်းတွေ သိမ်းခဲ့လို့ရတဲ့ ပုဂ္ဂလိကကျောင်းတွေ ၊ International school တွေ က ပြဿနာမဟုတ်ပေမယ့် ကျွန်တော်တို့တက်တဲ့ရတဲ့ ကျောင်းတွေလိုဆိုရင်တော့ ခါးပေါ်ဝန်ပိတဲ့ ပြဿနာဟာ ဖြေရှင်းပေးသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
2. ဘယ်လိုသယ်ကြမလဲ ❓
ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၀-၁၅ ရာခိုင်နှုန်းရှိတဲ့ အလေးချိန်ဟာ => ပုခုံး (၂) ခုပေါ်မှာ ဝန်ပမာဏ အညီအမျှရှိဖို့ ပုခုံးကြိုး (၂) ခု ဟာ ညီနေရပါမယ်
- ကျွန်တော်ငယ်ငယ်ကဆို Style ပေါ့ - ပုခုံးကြိုးတစ်ဖက်ကိုရှည်ပြီး တစ်ဖက်ပဲလွယ်ပါတယ် ဘေးတစောင်းပုံစံပေါ့ 😅 (အဲ့လို လုံးဝ မလုပ်ရပါဘူး)
- လွယ်အိတ်ဆိုတာက ဝန်မှန်သမျှကို ပုခုံးတစ်ဖက်တည်းပေါ်ပဲ ရှိနေစေလို့ ကျောပိုးအိတ်သုံးစေတာ အသင့်တော်ဆုံးပါ
သုတေသနတွေရှိပါတယ် လွယ်ရတဲ့ဝန်ပမာဏ များလေလေ ခါးနာ ကျောနာအဖြစ်များလေပါ။
လူကြီးမိဘတွေ သတိထားမိစေဖို့ “national school backpack awareness day” ဆိုတာတွေတောင် သတ်မှတ်ထားကြပါတယ်။
ကျွန်တော်တို့ ကလေးတွေအတွက်လည်း အိတ်အလေးကြီးတွေ လွယ်နေရတာတွေ့ရင် ကလေးက ဒုက္ခခံနေရတာကို ပညာတတ်ကြီးဖြစ်မှာလို့ အမြင်မလွဲကြပဲ
ဖြေရှင်းကြရအောင်ပါ။ (ဖြေရှင်းပေးထားပြီး ဆိုလည်း နည်းလမ်းလေးတွေ Share ပေးကြရအောင်ပေါ့ဗျာ)
(Ref; eHealthConnection)
(Photo Credit; eHealthConnection )
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
06:20 pm/28.06.2023
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

အားလုံးပဲ မင်္ဂလာပါ           ၁၀ စုနှစ်နဲ့ချီပြီး လူနာတွေ တွေ့လာ၊ ကုသလာ ၊ အကြံပေးလာရတဲ့ အခါရောဂါတွေဟာ ကံ စိတ် ဥတု အာဟာရ ...
29/06/2023

အားလုံးပဲ မင်္ဂလာပါ
၁၀ စုနှစ်နဲ့ချီပြီး လူနာတွေ တွေ့လာ၊ ကုသလာ ၊ အကြံပေးလာရတဲ့ အခါ
ရောဂါတွေဟာ ကံ စိတ် ဥတု အာဟာရ ဆိုတဲ့အတိုင်း
- ရာသီဥတုဖောက်ပြန်လို့
- အစားအသောက်မဆင်မခြင်သောင်းကြမ်းလို့ ဖြစ်ရတာတွေ အပြင်
* စိတ်ပူပန်မှု စိတ်ဖိစီးမှု စတဲ့ စိတ်ကြောင့်ဖြစ်ရတာ တွေလည်း မနည်းမနောတွေ့လာရပါတယ်
အဲ့ဒါကြောင့် လူနာတွေကို ဆေးကုသမှု ပေးရင်း
👉 အစားအသောက်ဆင်ခြင်ဖို့
👉 ကိုယ်လက်လှုပ်ရှားဖို့
👉 အိပ်ချိိန်မှန်မှန် နဲ့ အိပ်ရေး ဝ ဝ အိပ်ဖို့ စတဲ့ ညွှန်ကြားချက်တွေ အပြင်
👉 သိသာထင်ရှားတဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ ၊ မသိမသာနဲ့ဒုက္ခပေးနေတဲ့ စိတ်ဖိစီးမှုတွေကို ရှာဖွေဖော်ထုတ် ဖြေရှင်းပေးနိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့
စိတ်ပညာပေးဆောင်းပါးတွေရေးသားနိုင်ဖို့ Psychology ကို လေ့လာဆည်းပူးခဲ့ပါတယ်
စိတ်ပညာကို လေ့လာရင်း ကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက် ၊ စိတ်ဒဏ်ရာတွေဟာ ကလေးဘဝက စိတ်အခြေအနေပေါ်အများကြီး မူတည်နေတယ်ဆိုတာ သိလာရတော့ “ကလေးစိတ်ဖွံ့ဖြိုးမှုဆိုင်ရာပညာရပ် - Child Developmental Psychology ကို ထပ်မံလေ့လာဆည်းပူးခဲ့ပါတယ်
အဲ့ဒီ ဘာသာရပ်ဟာ Primary School Teachers တွေနဲ့ ကလေးရှိတဲ့ မိဘတိုင်း တတ်သိထားသင့်တဲ့ ပညာရပ်ဖြစ်တယ်ဆိုတာ သိရှိလာရတဲ့အတွက်
👉 ကလေးဖွံ့ဖြိုးမှုဆိုင်ရာသုတများ ဆိုပြီး Page တစ်ခုဖွင့်ကာ ဆောင်းပါးတွေရေးသားနေပါတယ်
https://www.facebook.com/profile.php?id=100088934481359...
👉 လူကြီးတွေအတွက် စိတ်ဖိစီးမှုဖြေရှင်းနိုင်ရေး ၊ စိတ်ခံစားချက်ထိန်းချုပ်နိုင်ရေး၊ ဘဝမှာ အောင်မြင်တိုးတက်ကြီးပွါးရေးအတွက် လည်း Page တစ်ခုဖွင့်ကာ ဆောင်းပါးတွေရေးသားနေပါတယ်။
https://www.facebook.com/profile.php?id=100070317703804...
ကျန်းမာရေး/စိတ်ပညာ-ဆိုင်ဗဟုသုတများတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်

29/06/2023
 #နှုတ်ခမ်းထောင့်ကွဲနေတယ်_ပါးစပ်ဟတာနဲ့နာနေရော #ကျီးကန်းပါးစပ်ဖြစ်နေတယ်
26/06/2023

#နှုတ်ခမ်းထောင့်ကွဲနေတယ်_ပါးစပ်ဟတာနဲ့နာနေရော
#ကျီးကန်းပါးစပ်ဖြစ်နေတယ်

26/06/2023

လွတ်လပ်စွာ Share နိုင်ပါသည်။

24/06/2023

နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ လူအများစုဟာ နေ့လယ်စာစားပြီးချိန်တွေမှာ ငိုက်မြည်းလာတတ်ကြ...

24/06/2023

住所

Chiyodu-ku
Chiyoda-ku, Tokyo
100-000

ウェブサイト

アラート

Dr. Phonesithulwinがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー