အလုံဆေးဆိုင် online

အလုံဆေးဆိုင် online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အလုံဆေးဆိုင် online, Medical and health, Ahlone.

Happy New Year 2024🎉🎊နှစ်သစ်အခါသမယ‌ နေ့လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း  #အလုံဆေးဆ...
31/12/2023

Happy New Year 2024🎉🎊

နှစ်သစ်အခါသမယ‌ နေ့လေးမှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း #အလုံဆေးဆိုင် မိသားစု မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

#အလုံဆေးဆိုင်

ယနေ့ကျရောက်တဲ့  # တန်ဆောင်မုန်းလပြည်နေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း  #အလုံဆေးဆိုင်...
27/11/2023

ယနေ့ကျရောက်တဲ့ # တန်ဆောင်မုန်းလပြည်နေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း #အလုံဆေးဆိုင် မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

#အလုံဆေးဆိုင်

ယနေ့ကျရောက်တဲ့  #သီတင်းကျွတ်လပြည်နေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း  #အလုံဆေးဆိုင် မှ...
29/10/2023

ယနေ့ကျရောက်တဲ့ #သီတင်းကျွတ်လပြည်နေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း #အလုံဆေးဆိုင် မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

#အလုံဆေးဆိုင်

 #ရေယုံအ‌ကြောင်းသိကောင်းစရာများ👉 နီသလိုလို၊ စပ်သလိုလို၊ ယားသလိုလိုလေးဖြစ်ပြန်ပြီ၊ ဒါဆိုသိပြီ၊ တရက်နှစ်ရက်နေ  #နှုတ်ခမ်းဘ...
13/10/2023

#ရေယုံအ‌ကြောင်းသိကောင်းစရာများ
👉 နီသလိုလို၊ စပ်သလိုလို၊ ယားသလိုလိုလေးဖြစ်ပြန်ပြီ၊ ဒါဆိုသိပြီ၊ တရက်နှစ်ရက်နေ #နှုတ်ခမ်းဘေးမှာရေယုံပေါက်တော့မှာပဲ

👉မဝါအတွက်ရေယုံဆိုတာမထူးဆန်းတော့ပါဘူး၊ အလုပ်များလို့ အိပ်ရေးပျက်ရင်၊ နှာစေးချောင်းဆိုးဖြစ်ရင် သူကပါလိုက်ဖြစ်တာ၊ တော်တော်ဆိုးတဲ့ရေယုံပဲ။တခါတလေ ရေယုံပေါက်တော့မယ်ဆိုတာပါ အကြားအမြင်ရနေပြီ။

👉မဖြစ်သေးပါဘူး၊ ရေယုံပေါက်ရင်နာကလည်းနာ၊ ရေကြည်ဖုတွေနဲ့ ညီမလေးဆရာဝန်ကိုသွားမေးဦးမှ။
_________________

🧐ညီမလေးအားလား၊ မမဝါဒီမှာ ရေယုံတွေပေါက်နေလို့၊ မမဝါကပေါက်နေကျ၊ အခုမှာအားလို့ငါ့ညီမကိုသေချာမေးဦးမယ်၊ #ဒီရေယုံကဘယ်တော့မှမပျောက်တော့ဘူးလား ❓❓❓

👉ဒီလိုရှိတယ် မမဝါရဲ့၊ ရေယုံက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ၊ အဲ့ဒီ့ ပိုးတွေမှာ မျိုးကွဲ ၈မျိုးလောက်ရှိတယ်၊ ၁ ၂ ၃ ၄ နာမည်တွေတပ်လိုက်တာပေါ့ မမဝါရယ်၊ အဲ့ထဲမှာမှ ညီမလေးတို့ အခုလို ရေယုံပေါက်တာနဲ့လာတာက နံပတ် ၁ရယ်၊ ၂ရယ် ၃ရယ်ပဲ၊
👉ဒီလို ရေယုံပေါက်စေတဲ့ အကောင်တွေက မမဝါလိုအခု #ပေါက်နေတဲ့အနာတွေအရည်တွေကိုကိုင်မိလို့ဖြစ်စေ #နမ်းတာကဖြစ်စေကူးတယ် #ရေယုံကြောင့်မျက်စိနာနေတဲ့သူတွေသူတို့ရဲ့မျက်ဝတ်အရည်တွေကနေလည်းထိမိကိုင်မိရင်ကူးနိုင်တယ် မမဝါရဲ့
👉 #နောက်ပြီးတော့လိင်အင်္ဂါရေယုံဆိုလိင်ကတဆင့်ထိတွေ့ခြင်းဖြင့်ကူးတယ်
👉 #ငယ်ငယ်ကရေကျောက်ပေါက်ခဲ့ဖူးရင်ကြီးတဲ့အခါခါးပတ်ရေယုံလိုအစုလိုက်ရေယုံကြီးပေါက်တတ်တယ်။ဘာလို့လည်းဆိုရေကျောက်နဲ့ ခါးပတ်ရေယုံနဲ့ ဖြစ်တဲ့အကောင်ချင်းတူလို့လေ
🧐 အော်ဒါဆို ဘယ်လိုပဲဖြစ်ဖြစ်ထိတွေ့တာကတဆင့်ကူးတာပေါ့၊ ဟုတ်တယ် မမဝါ
______________
👉ခုနမမဝါမေးထားတဲ့ #မပျောက်တော့ဘူးလားဆိုတာကို ဆက်ရရင် ဒီဖြစ်စေတဲ့ ဗိုင်းရပ်စ်အကောင်တွေကအရမ်းလည်တယ်၊ သူတို့ကတခါဝင်ပြီးရင် အာရုံကြောအထွေးတွေကြားထဲမှာ ပုန်းနေတာ၊ #ကိုယ်ကနေမကောင်းလို့အိပ်ရေးပျက်လို့ကိုယ်ခံအားကျသွားမှ ဒင်းတို့ကအာရုံကြောထဲကထွက်လာပြီး #ရေကြည်ဖုတွေပေါက်လိုက် #မျက်စိတွေနာလိုက် ဒုက္ခတွေပေးတော့တာ၊ ဒါကြောင့်မပျောက်တော့ဘူးလားဆို ကိုယ်ခံအားကောင်းနေရင်တော့ သူတို့မပေါ်လာဘူး၊ ရောဂါမခံစားရဘူးပေါ့ မမဝါရယ်၊ အရှင်းကြီးတော့ မပျောက်ဖူးပေါ့။
______________
🧐 ဒါဆိုရေယုံက အသက်အန္တရာယ်ရှိတဲ့အထိတော့ဘယ်ဖြစ်မလဲနော်ညီမလေး
👉လူကောင်းတွေမှာတော့ #အစုပ်လိုက်နာတဲ့ရေကြည်ဖုလေးတွေပေါက်မယ် #၃ရက်၄ရက်ကြာရင်ပြန်ကောင်းသွားတယ်ဆိုပေမယ့် #ကိုယ်ခံအားကျဆင်းနေတဲ့သူတွေ ဥပမာ မမရယ် HIVဝေဒနာရှင်တွေ၊ ‌နာတာရှည်သွေးတိုးဆီးချိုကျောက်ကပ်သမားတွေ၊ ကိုယ်ခံအားကျဆင်းစေတဲ့ဆေးသောက်နေရတဲ့သူတွေမှာဆို ဒီရေယုံလေးကပဲ #ပိုးဆိပ်ပြန့်တာ #ဦးနှောက်အမြှေးပါးရောင်တာ၊ #ဦးနှောက်အသားရောင်တာ #အဆုတ်ရေဝင်ပြီးရောင်တာ စတဲ့ အသက်အန္တရာယ်တွေရှိတဲ့အထိဖြစ်နိုင်တယ်။
👉 နောက်ပြီး #ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ခါးပတ်ရေယုံဖြစ်စေတဲ့ ရေကျောက်ပိုးပေါက်ရင် အန္တရာယ်ရှိတဲ့အတွက် #ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ပတ်ဝန်းကျင်မှာရေကျောက်ပေါက်နေတဲ့ကလေးတွေရှိရင်တတ်နိုင်သမျှဝေးဝေးနေရမယ်၊ ဘယ်နေ့အထိလဲဆိုရင် #ရေကျောက်ရေကြည်ဖုတွေအနာဖေးတွေအကုန်ကွာကျပြီး၃ရက်၄ရက်ကြာတဲ့အထိ ရှောင်ရမယ်။
👉 ဒါကြောင့် ရေယုံက ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ခံအားကျတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေမှာ ဖြစ်ပြီဆိုသတိထားရမယ်။
______________
🧐 #ရေယုံကတခြားတော့မရှိပါဘူးညီမလေးရယ်၊ #မြန်မြန်ပျောက်ချင်တာရယ် #နာတာသက်သာချက်တာရယ်ပဲရှိတာဆေးပေးလို့ရလား ??

👉 ရေယုံက လိမ်းဆေးရော၊ သောက်ဆေးရောရှိတယ်မမရဲ့၊ ပိုးကို ထပ်မပွားအောင်လုပ်ပေးတဲ့အတွက် ပိုမဆိုးလာတော့ဘူးပေါ့ မမရယ်၊ ဒါပေမယ့် သောက်ဆေးကတော့ သေချာတိတိကျကျ ဆရာဝန်ညွှန်ကြားတာလိုတယ်၊ ဘာလို့ဆို ကျောက်ကပ်ကောင်းမကောင်း၊ ကိုယ်အလေးချိန် အဲ့ဒါတွေကြည့်ပြီးပေးရလို့မမရဲ့
👉 နောက်တခုက ကိုယ်ခံအားကောင်းလာအောင် ဗိုက်တာမင်၊ သတ္တုဓာတ်တွေ vitamin C တွေသောက်ပေးလို့ရတယ်
👉 အနာသက်သာအောင်ဆေးပေးလို့ရတယ်
👉 ကိုယ်ကလည်း ကိုယ်ခံအားကောင်းလာအောင် အိပ်ရေးဝဝအိပ်၊ အသီးအရွက် အသားငါးစုံအောင်စားပေါ့ မမရယ်၊ ဆေးပေးစရာမလိုပဲကို တော်တော်များများကကိုယ်ခံအားနဲ့ပဲ ပြန်ကောင်းသွားကြတာ။
___________
🧐 အော်ဟုတ်ပြီ ညီမလေး၊ ဒါဆို မမဝါ သေချာအနားယူပြီးနေလိုက်မယ်၊ #နောက်တခုကခုနကခါးပတ်ရေယုံဆိုတာမရှင်းလို့ညီမလေး
👉 အော်မမ ခါးပတ်ရေယုံဆိုတာက ရေယုံအမျိုးအစားတမျိုးပဲ၊ အဲ့အမျိုးအစားက ကလေးတွေမှာဆိုရင် ရေကျောက်၊ လူကြီးတွေမှာဆို ခါးပတ်ရေယုံ ခါးတပတ်အပြည့်ပေါက်တာ အဲ့ဒါမျိုးနဲ့လာတတ်ကြတယ်။ ရေယုံတွေရဲ့ ထုံးစံအတိုင်း ပိုးတွေက #အာရုံ‌ကြောတွေကိုအရမ်းကြိုက်ပြီးအာရုံကြောတွေကိုပိုးတွေကဖျက်ဆီးတော့တအားတော့နာတာပေါ့ မမဝါရယ်
____________
အခုမှပဲရှင်းသွားတော့တယ်၊ ရေယုံအကြောင်းကို၊ အိမ်မှာလူကြီးတွေရှိနေရင် မမဝါရေယုံပေါက်တဲ့အခါသတိထားရမယ်။
ဟုတ်တယ် မမဝါရေ
ငါ့ညီမလေး သေချာရှင်းပြပေးတာကျေးဇူးနော် ♥️

#ရေယုံအကြောင်းသိကောင်းစရာများ
#အလုံဆေးဆိုင်online

ယနေ့ကျရောက်တဲ့  #ဝါဆိုလပြည့်  #ဓမ္မစကြာနေ့မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြကာ တရားထူးတရားမြတ်မျာ...
01/08/2023

ယနေ့ကျရောက်တဲ့ #ဝါဆိုလပြည့် #ဓမ္မစကြာနေ့မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြကာ တရားထူးတရားမြတ်များ ရရှိပိုင်ဆိုင် ပွားများနိုင်ကြပါစေကြောင်း #အလုံဆေးဆိုင် မိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

 ေပြားလေးဘက်နာဖြစ်နေလို့တဲ့  #ဘာလို့ဖြစ်ပြီးဘာတွေရှောင်ရမှာလဲ #ပါးစပ်မှာလည်းအနာလေးတွေခဏခဏပေါက်တယ်အဆစ်လေးတွေနာတယ်  ိုတဲ့ရ...
11/07/2023

ေပြားလေးဘက်နာဖြစ်နေလို့တဲ့
#ဘာလို့ဖြစ်ပြီးဘာတွေရှောင်ရမှာလဲ
#ပါးစပ်မှာလည်းအနာလေးတွေခဏခဏပေါက်တယ်အဆစ်လေးတွေနာတယ် ိုတဲ့ရောဂါလား
ိုတာဘာရောဂါကြီးလဲ ❓❓❓
--------------------
🧐 SLE ရဲ့ အရှည်ကောက်က Systemic Lupus Erythematous လို့ခေါ်ပြီး #တကိုယ်လုံးမှာရှိတဲ့သွေးကြောကိုယ်တွင်းကလီစာတွေကိုတိုက်ခိုက်နိုင်တဲ့ရောဂါတစ်ခုပါ။ အရေပြားလေးဘက်နာလို့ ခေါ်ဆိုကြပေမယ့် #အရေပြားသာမကတစ်ကိုယ်လုံးထိခိုက်နိုင်ပါတယ်။

🧐 SLE ဘာလို့ဖြစ်လဲ ❓❓❓
✅ အခုထိတော့ #ဘာ့ကြောင့်လို့တိတိကျကျရှာမတွေ့သေးပါဘူး၊ ဒါပေမယ့် နေရောင်ခြည်ကြောင့်‌သော်လည်းကောင်း ၊ မွေးရာပါ genetic ဗီဇတွေကြောင့်သော်လည်းကောင်း၊ တချို့သော ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် သော်လည်းကောင်း ပိုဖြစ်တတ်ပါတယ်၊ ဒါ့အပြင် တချို့ဆေးတွေကြောင့်လည်း SLE ဖြစ်တတ်ပြီး ဒီလိုဆေးကြောင့်ဖြစ်တဲ့ SLE တွေမှာ #ဆေးရပ်လိုက်ရင်ပြန်ကောင်းပါတယ်။

🧐 SLE ရောဂါဖြစ်ရင်ဘာတွေခံစားရမှာလဲ ❓
✅ 1997 ခုနှစ်မှာ SLE လို့ရောဂါသတ်မှတ်ဖို့အတွက် #ဒီ၁၁ချက်ထဲက၄ချက်ရှိရင်SLEလို့ပြောနိုင်ပြီ ဆိုပြီးစာတမ်းထုတ်ခဲ့ပါတယ်။
1) မျက်နှာမှာလိပ်ပြာလို ပါးနှစ်ဖက်၊ နှာခေါင်းရိုးမှာ အနီရောင်အကွက်ဖြစ်နေခြင်း (Malar Rash)
2) အရေပြားနီမယ်၊ ကွာကျမယ်၊ အမာရွတ်ကျန်မယ် အထူးသဖြင့် ဦးခေါင်းနဲ့မျက်နှာမှာ (Discoid Rash)
3) နေရောင်ကိုမခံနိုင်ခြင်း၊ နေတအားလောင်တတ်ခြင်း (Photosensitivity)
4) ပါးစပ်မှာ အထူးသဖြင့် အာခေါင်မှာ အပူနာလို အနာလေးတွေ ခဏခဏပေါက်တတ်ခြင်း၊ ပါးစပ်ကအနာသည် နာချင်လည်းနာမယ်၊ မနာချင်လည်းမနာဘူး (Mouth Ulcers)
5) အဆစ်တွေနာမယ် (Arthritis)
6) အဆုတ်အမြှေးပါးယောင်မာ်၊ နှလုံးအမြှေးပါးယောင်မယ် ( Serositis)
7) ဆီးထဲအသားဓာတ်တွေ ပါလာမယ်၊ ကျောက်ကပ်ထိမယ်၊ ဆီးတွေ အမြှပ်ထတယ်ပေါ့ (Renal Disorder)
8) တခြားအ‌ကြောင်းအရင်းမရှိပါပဲ တက်ခြင်း၊ စိတ်ရောဂါရခြင်း (Neurological Disorder)
9) သွေးအားနည်းတယ်၊ သွေးဖြူဥနည်းတယ်၊ သွေးဥမွှားတွေနည်းတယ် (Haematological Disorder)
10) သွေးဖောက်စစ်လိုက်လို့ ဒီ ခန္ဓာကိုယ်ကိုတိုက်နေပါတယ်ဆိုတဲ့ ပစ္စည်းတွေ ရှိတယ်ဆိုပြီး positive ပြတဲ့အခါ (Anti ds Ab, Anti Smith Ab, APL Ab) စတာတွေ
11) နောက်ထပ် ခန္ဓာကိုယ်ကို တိုက်နေတယ်လို့ပြောတဲ့ ANA ဆိုတဲ့ ပစ္စည်းလေး positive လို့ပြတဲ့အခါ
✅ အပေါ်ကပြောသွားတဲ့ အချက် 11ချက်ထဲက #4ချက်ရှိတဲ့အခါSLEလို့သတ်မှတ်ပြီးကုသရပါမယ်။

🧐 SLE သမားတိုင်းကကြောက်စရာကောင်းလား❓
✅ ကိုယ်တွင်းကလီစာတွေကို မထိခိုက်နေသရွေ့ မဆိုးသေးဘူးလို့ပြောလို့ရပါတယ်။ ဥပမာ အရေပြားမှာပဲ အနီကွက်လေးတွေရှိမယ်၊ အဆစ်ရောင်တာလောက်ပဲရှိမယ်၊ နှလုံး၊ကျောက်ကပ်၊ ဦးနှောက် ဒါတွေမထိသေးတဲ့ အခါ မဆိုးသေးဘူးလို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် SLE တိုင်းကတော့ ရောဂါဆိုးတာမဟုတ်ပေမယ့် ရောဂါဆိုးပြီးကျောက်ကပ်ထိလို့ ပျက်စီးသွားတဲ့ SLE တွေလည်းအများကြီးရှိပါတယ်။

🧐 SLE လို့ဆရာဝန်ကပြောတယ်တဲ့၊ ဘာတွေရှောင်ရမလဲ ❓
✅ SLE ကိုကုတဲ့ဆေးတွေဟာ #ကိုယ့်ကိုယ်ခံအားimmuneကိုချတဲ့ဆေးတွေ ဖြစ်တဲ့အတွက် #သူများထက်ရောဂါပိုးဝင်လွယ်ပါတယ်၊ #ဝင်ရင်လည်းချက်ချင်းလက္ခဏာမပြပါဘူး ဒါကြောင့် လူစုလူဝေးများတဲ့ နေရာတွေကို မသွားပါနှင့် ❌❌❌

✅ နေရောင်ထိရင် ရောဂါကြွတတ်တဲ့အတွက် #နေရောင်ကိုတတ်နိုင်သမျှရှောင်ပါ၊ sunscreen လူးပါ၊ လက်ရှည်အကျီဝတ်ပါ။

✅ နေမကောင်းဖျားနာတဲ့အခါ #ပိုးသတ်ဆေး #အကိုက်အခဲပျောက်ဆေးတွေကိုယ့်သဘောနဲ့ကိုယ်မသောက်ရပါဘူး #ကာလရှည်ကြာစွာအရောင်ကျဆေးတွေသောက်ထားရတဲ့အပြင် ောဂါကပါကျောက်ကပ်ထိစေတဲ့အတွက် နေ‌မကောင်းဖြစ်တဲ့အခါ #လက်လွတ်စပယ်ဆေးသောက်လို့မရပါဘူး ❌
______________
🤓 SLE ဆိုတာဘာရောဂါလဲရယ်၊ ဘာလက္ခဏာတွေပြတတ်တယ်၊ ဘာတွေရှောင်ရမယ်ဆိုတာ အကြမ်းမျဉ်းရေးသားပေးထားပါတယ်။

❤️ SLE ရောဂါဝေဒနာရှင်များအားလုံးနေကောင်းကျန်းမာကြပါစေ။
#အလုံဆေးဆိုင်
ြောင်းတစေ့တစောင်း
#အရေပြားလေးဘက်နာ

 #ယူရစ်အက်ဆစ်ဘာလို့များလဲ ❓  #စစ်လိုက်တိုင်းယူရစ်အက်စစ်များတယ် #ဂေါက်ဖြစ်နေပြီလား____________🧐 ကျန်းမာရေးအတွက်သွေးစစ်လို...
13/06/2023

#ယူရစ်အက်ဆစ်ဘာလို့များလဲ ❓
#စစ်လိုက်တိုင်းယူရစ်အက်စစ်များတယ်
#ဂေါက်ဖြစ်နေပြီလား
____________
🧐 ကျန်းမာရေးအတွက်သွေးစစ်လိုက်တာဖြစ်ဖြစ်၊ ခြေထောက်တွေနာလို့ ဂေါက်ရှိမရှိစစ်လိုက်တာဖြစ်ဖြစ် ယူရစ်အက်ဆစ်တက်နေတာကို ကြုံဖူးကြမှာပါ။

🧐 ယူရစ်အက်ဆစ်ဘာလို့တက်လဲ ❓ #ကျွန်တော်အစားလည်းရှောင်တယ်တက်နေတာပဲ #ဘာလို့လဲ
✅ ယူရစ်အက်ဆစ်တွေ #ကျောက်ကပ်ကမစွန့်နိုင်လို့ များရပါတယ်။ ယူရစ်အက်ဆစ်များတဲ့ ၉၀% က ကျောက်ကပ်မစွန့်နိုင်လို့ပါ။ နောက်ထပ်များရတဲ့ အကြောင်းအရင်း တစ်ခုကတော့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ခဏခဏ #သေကြေပျက်စီးကြလို့ ယူရစ်အက်ဆစ်တွေထွက်လာပြီး များသွားတာပါ။

🧐 ကျောက်ကပ်ကဘာလို့ယူရစ်အက်ဆစ်တွေမစွန့်နိုင်တာလဲ ❓
✅ ဒီလူတွေမှာ ယူရစ်အက်ဆစ်ကိုကျောက်ကပ်ကပို မစွန့်နိုင်တာဖြစ်တတ်ပါတယ်။
🩺 နာတာရှည်ကျောက်ကပ်သမားများ
🩺 ဆီးဆေးသောက်နေရသူများ
🩺 အရက်သောက်သုံးနေသူများ
🩺 TB ဆေးသောက်နေရသူတွေနဲ့
🩺 ငွေခဲသတ္တုတွေနဲ့ ကာလကြာရှည်စွာထိတွေ့ကိုင်တွယ်နေရသူများ အစရှိတဲ့သူတွေမှာ #ယူရစ်အက်ဆစ်ပမာဏများတတ်ပါတယ်။

🧐 #ယူရစ်အက်ဆစ်များတိုင်းဂေါက်ဖြစ်မှာလား ❓
✅ ယူရစ်အက်ဆစ်များတာဟာ ဂေါက်ပိုဖြစ်ဖို့ အခွင့်အလမ်းပိုများပေမယ့် #ယူရစ်အက်ဆစ်မတက်ပဲလည်းဂေါက်ရောဂါဖြစ်နိုင်ပါတယ်။

🧐 ကျွန်တော်က ယူရစ်အက်ဆစ်ပဲများ‌နေတာ၊ ခြေမကြီးယောင်ပြီးကိုက်နေတာလည်းမရှိဘူး၊ လူကဘာမှမခံစားရဘူး၊ #ယူရစ်အက်ဆစ်ကျတဲ့ဆေးတွေသောက်ဖို့လိုပြီလား ❓
✅ ဒီလူတွေမှာသာလျှင် #ယူရစ်အက်ဆစ်ကျစေတဲ့ဆေးတွေ အဓိကပေးပါတယ်။
🩺 ဂေါက် ခြေမကြီးနာလွန်းလို့ ကိုက်ကိုက်နေတာ ပိုပိုစိတ်လာပြီ၊ အနည်းဆုံး တနှစ် ၂ကြိမ်လောက်ဖြစ်နေတဲ့သူတွေ
🩺 ခြေမကြီးဘေးမှာအတက်ထွက်သလို ကျောက်တည်တာမျိုးလေးတွေရှိနေရင်
🩺 ဓာတ်မှန်ရိုက်ကြီးလို့ အဆစ်တွေပျက်စီးနေတာတွေ့ရင်
🩺 နာတာရှည်ကျောက်ကပ်သမားတွေ
🩺 ကျောက်ကပ်မှာ ကျောက်ရှိနေတဲ့သူတွေ
🩺 ဆီးချို၊သွေးတိုး အခံရောဂါရှိသူတွေနဲ့
🩺 ယူရစ်အက်ဆစ် level တအားများနေတဲ့သူတွေ 800micromol/L ကျော်တဲ့သူတွေ ဒီလူတွေမှာပဲ #ယူရစ်အက်ဆစ်ပမာဏလျော့ကျတဲ့ဆေးတွေပေးကြပါတယ်။

🧐 ဒါဆိုယူရစ်အက်ဆစ်များတဲ့သူတွေဘာရှောင်ရမလဲ ❓
✅ အနီရောင်အသားတွေအလွန်အကျွံစားတာ
✅ ဘီယာ
✅ ကလီစာတွေ၊ မှိုအမျိုးမျိုး၊အညွန့်အတက်ပါသော
အစားအစာများ၊ ဥပမာ ပဲပင်ပေါက်
✅ ချိုလွန်းသောအချိုရည်များ
✅ ယုန်၊ သမင်၊ ဒရယ် အသားများ ဒါတွေကိုရှောင်ကြဉ်ရပါမယ်။
____________
😎 ယူရစ်အက်ဆစ်ဘာလို့များရလဲ၊ မများပဲကော ဂေါက်ရောဂါဖြစ်နိုင်လား၊ ဆေးတွေကြောင့်ဖြစ်နိုင်လား၊ ဘာအစားအစာတွေရှောင်ရလဲဆိုတာကို အသေးစိတ်ရှင်းပြပေးထားပါတယ်။
အားလုံးနေကောင်းကျန်းမာကြပါစေ
#အလုံဆေးဆိုင်
#ယူရစ်အက်ဆစ်ဘာလို့များလဲ

အစားစားပြီးတိုင်း ဆီးချိုတက်မှာ စိုးရိမ်စရာမလိုတော့တဲ့ ဘဝမှာ မနေချင်ဘူးလား 💡 ✅ ဆရာဝန်ကြီးများရဲ့ ထောက်ခံမှုတွေရထားတဲ့ Di...
20/05/2023

အစားစားပြီးတိုင်း ဆီးချိုတက်မှာ စိုးရိမ်စရာမလိုတော့တဲ့ ဘဝမှာ မနေချင်ဘူးလား 💡

✅ ဆရာဝန်ကြီးများရဲ့ ထောက်ခံမှုတွေရထားတဲ့ Diabetasol (ဒိုင်ယာဘီတစော) အာဟာရမှုန့်မှာ ပါဝင်တဲ့ Vitamin နဲ့ Mineral ၁၇ မျိုး၊ Fiber နဲ့ Calcium တွေက အခုလိုခက်ခဲတဲ့ အချိန်တွေမှာ ဆီးချိုထိန်းဖို့နဲ့ ကိုယ်ခံအားကောင်းဖို့ ကူညီပေးမှာ သေချာပါတယ်။

Diabetasol ကို ဘယ်သူတွေ သောက်လို့ရလဲ?
👵 ဆီးချိုရှိသူများ
👵 ဆီးချိုထိန်းပြီး အာဟာရပြည့်ဝချင်သူများ
👵 ကိုယ်ခံအားပြည့်ချင်သူများ
👵 သက်ကြီးရွယ်အိုများ

Diabetasol ကို ဘာလို့သောက်သင့်လဲ
✅ ဆီးချိုထိန်းပေးပြီး အာဟာရဖြည့်ပေးခြင်းဖြင့် ကိုယ်ခံအားပြည့်ဝစေခြင်း
✅ ပျော်ဝင်လွယ်သော အမျှင်ဓာတ် ကြောင့် ဝမ်းမှန်စေခြင်း၊ အဆာခံခြင်းနဲ့ ဆီးချိုထိန်းခြင်း
✅ Vitamin A, C, E နဲ့ Zinc အပါအဝင် အာဟာရ ၁၇ မျိုးပါဝင်ခြင်း
✅ ပရိတိန်း ကြောင့် ခွန်အားပြည့်ဝစေခြင်း

▶️ ဆီးချိုနှင့်အတူ သက်ရှည် ကျန်းမာစွာနေနိုင်စေမယ့် အာဟာရမှုန့် " ဒိုင်ယာဘီတစော

Diabetasol- 17200 ကျပ်

မုတ်သုံရာသီအတွင်း ရေလွှမ်းမိုးမှုအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့်  ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မည...
12/05/2023

မုတ်သုံရာသီအတွင်း ရေလွှမ်းမိုးမှုအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့် ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မည့် အကြံပြုချက်များ။



WHO Myanmar

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း အလုံဆေးဆိုင်မိသားစုမှ ...
03/05/2023

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း အလုံဆေးဆိုင်မိသားစုမှ ဆုမွန်ကောင်းတောင်း‌ေပးအပ်ပါသည်။❤️

 #သလိပ်မှာTBပိုးစစ်တာလည်းမတွေ့ပဲTBဆေးသောက်ရမယ်တဲ့ #ဘယ်နှလကြာအောင်သောက်ရမှာလဲ ❓❓❓ #ဆေးသောက်ရင်ဘာတွေသတိထားရမှာလဲ ❓________...
29/04/2023

#သလိပ်မှာTBပိုးစစ်တာလည်းမတွေ့ပဲTBဆေးသောက်ရမယ်တဲ့
#ဘယ်နှလကြာအောင်သောက်ရမှာလဲ ❓❓❓
#ဆေးသောက်ရင်ဘာတွေသတိထားရမှာလဲ ❓
___________
🧐 ဒီပြဿနာတွေဟာ TBဆေးသောက်နေတဲ့ လူနာတော်တော်များများ မေးလေ့ရှိတဲ့ပြဿနာတွေပါ။ ဒီနေ့မှာတော့ TB ပိုးဘယ်လိုကူးတယ် ဘယ်လိုကာကွယ်ရမယ်တွေပြောမှာ မဟုတ်ပဲ TB ဆေးအကြောင်းကို အဓိကပြောသွားမှာပါ။

🧐 TB တကယ်ရှိမရှိဘယ်လိုသိမလဲ ❓
✅ သလိပ်ကနေ TB ပိုးကောင်ကို ရှာကြပါတယ်၊ မနက်စောစော ထွက်တဲ့ သလိပ်ကို ဆေးဆိုးပြီးအကောင်ရှာကြပါတယ်၊ ဒါပေမယ့် ဒီမှာပြဿနာတခုက သလိပ်တကယ်အစစ်မဟုတ်ပဲ တံတွေးတွေဖြစ်နေတဲ့အခါ ပိုးရှာလို့မရတော့ပါဘူး။ ဒါကြောင့် သလိပ်ဟပ်ထုတ်ဖို့ ခက်တဲ့လူနာတချို့မှာ ဆေးငွေ့လိုရှူပြီးမှ သလိပ်ရအောင်ဟပ်ထုတ်ခိုင်းရပါတယ်။

✅ အဲ့ဒီ့သလိပ်ကနေ TB ပိုးကောင်ကိုရှာလို့မတွေ့ဘူးဆိုပါစို့၊ ဒါဆို ုတ်တော့ဘူးလား ❓
🧐 ကျွန်မတို့မြန်မာနိုင်ငံလို TB ရောဂါအဖြစ်များတဲ့ ဒေသတွေမှာ ရောဂါလက္ခဏာတွေ TBနဲ့တအားတူတာဖြစ်ဖြစ်၊ ရင်ဘတ် ဓာတ်မှန်ရိုက်ကြည့်လို့ TBနဲ့တအားတူနေတာ၊ အဆုတ်ယောင်တာ ပိုးသတ်ဆေးတွေပေးလည်းမသက်သာတဲ့အခါ ဆရာဝန်တွေတိုင်ပင်ပြီး ေးစသင့်မသင့်တိုင်ပင်ပြီးစစ်ဆေးရပါတော့တယ်။

🧐 ခုနလိုပိုးရှာမတွေ့တဲ့အခါ ----> သလိပ်ကနေပိုးတိုက်ရိုက်တွေ့ဖို့ဆို ပိုးကောင်ရေ ၁၀၀၀ကျော်လိုပါတယ်၊ ဒီထက်ပိုးကောင်ရေ နည်းနေတဲ့အခါ တိုက်ရိုက်ရှာမတွေ့တတ်ပါဘူး၊ ဒါကြောင့် ဒီလိုအခြေအနေတွေမှာ #သလိပ်ကို၃ပတ်၄ပတ်ကြာပိုးမွေးပြီးစောင့်ကြည့်ရပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အဲ့လောက်အကြာကြီးစောင့်စရာမလိုတော့တဲ့ TB ရှိမရှိသိနိုင်တဲ့ TBပိုးကောင်ရေကိုပွားပြီးစစ်တဲ့ Gene Xpert လို့ခေါ်တဲ့ စက်တွေပေါ်လာတဲ့အတွက် TB ရှိမရှိကို မြန်မြန်သိလို့ရပါပြီ။

🧐 ဒါကြောင့် တခါတလေမှာ သလိပ်ပိုး TB ကိုတိုက်ရိုက်ရှာမတွေ့လည်း အရမ်းကို TBလက္ခဏာတွေနဲ့တူနေတဲ့အခါ TBဆေးကိုပေးကြတာပါ။
_____________
🧐 ဒါဆိုဆေးကရောဘယ်နှလကြာအောင်သောက်ရမှာလဲ ❓❓❓
✅ ပထမ 2လမှာ 4မျိုးပေါင်းသောက်ရပြီး ဒုတိယ 4လမှာ 2မျိုးသောက်ရပါတယ်။

🧐 နေ့တိုင်းသောက်ရမှာလား ❓
✅ နေ့တိုင်းသောက်တာက အကောင်းဆုံး option ဖြစ်ပေမယ့် မလွယ်ကူတဲ့နေရာတွေမှာတော့ လူနာတွေအဆင်ပြေအောင် သောက်လို့ရအောင် စမ်းသပ်ထားတဲ့ ဆေးသောက်ပုံသောက်နည်းတွေရှိပါတယ်။

🧐 ဘယ်အချိန်မှာသလိပ်ပြန်စစ်ရမှာလဲ ❓
✅ ပထမ ဆေး 4မျိုးကို 2လအကြာသောက်ပြီးတဲ့အခါ သလိပ်ပြန်စစ်ရပါတယ်၊ အဲ့ဒီမှာ သလိပ်ပိုးဆက်တွေ့နေသေးတဲ့အခါ ဆေး 4မျိုး2လကို နောက်ထပ် တစ်လတိုးပြီး စုစုပေါင်း 3လသောက်ရပါတယ်။ အဲ့ဒီ့စုစုပေါင်း #‌ဆေး4မျိုး3လသောက်ပြီးပြန်စစ်လို့သလိပ်ပိုးရှိနေသေးတဲ့အခါ ဆေးယဉ်ပါးTBဖြစ်နိုင်ဖို့ပိုများသွားတဲ့အတွက် ထပ်စစ်တာတွေထပ်လုပ်ရပါမယ်။
____________
🧐 TB ဆေးမသောက်ချင်ဘူး၊ ဘေးထွက်ဆိုးကျိုးများတယ်တဲ့ ❓❓
✅ ဘေးထွက်ဆိုးကျိုးနည်းတယ်ပြောရင် လိမ်ရာကျပါလိမ့်မယ်၊ အထူးသဖြင့် TB ဆေးတော်တော်များများက #အသည်းထိခိုက်တတ်တာပါ၊ ဒါကြောင့် TBဆေးမစခင်မှာ ဆရာဝန်တွေက အသည်းလုပ်ငန်းဆောင်တာကောင်းမကောင်း အရင်စစ်ဆေးပြီးမှ ပေးကြပါတယ်။

✅ ဒါကြောင့် TBဆေးသောက်တဲ့အခါ #အသားတွေဝါလာတာ၊ #မျက်လုံးတွေဝါလာတာ၊ #နုန်းလာတာ ဒါတွေရှိတဲ့အခါ #ဆရာဝန်ချက်ချင်းပြန်ပြရပါမယ်။နောက်ပြီး အမြင်တွေဝေဝါးလာတာ၊ အနီအစိမ်းအရောင်တွေခွဲရခက်တဲ့ အခါမျိုးမှာလည်း ဆရာဝန်ချက်ချင်းပြန်ပြရပါမယ်။

🧐 အဖြစ်များတတ်တဲ့ TBရောဂါအကြောင်းမှာ #ပိုးလည်းမတွေ့ပဲဘာလို့ဆေးပေးတာလဲရယ်၊ #ဘယ်လောက်ကြာအောင်သောက်ရမလဲ၊ #သလိပ်ဘယ်အချိန်ပြန်စစ်ရမလဲတွေ သေချာဖြေကြားပေးထားပါတယ်။
အားလုံးနေ‌ကောင်းကျန်းမာကြပါစေ ❤️
#အလုံဆေးဆိုင်

နှစ်သစ်ဆုတောင်း🙏🙏နှစ်သစ်အခါသမယ‌ နေ့လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။နှစ်ဟောင်းကအညစ်အကြေးမ...
17/04/2023

နှစ်သစ်ဆုတောင်း🙏🙏

နှစ်သစ်အခါသမယ‌ နေ့လေးမှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
နှစ်ဟောင်းကအညစ်အကြေးများပပျောက်ပြီးနှစ်သစ်ကိုကံကောင်းခြင်းများနှင့်ဖြတ်သန်းနိုင်ကြပါစေကြောင်း #အလုံဆေးဆိုင် မှဆုမွန်ကောင်းတောင်းအပ်ပါသည်။

#အလုံဆေးဆိုင်

🧐 ဆီးချိုသမားတွေစစ်တဲ့ HbA1C ဆိုတာဘာလဲ ❓❓❓✅ အကြမ်းပြောပြရမယ်ဆို ဆီးချိုထိန်းအားကောင်းမကောင်းကြည့်တဲ့ ဆေးစစ်ချက်တမျိုးပါပ...
24/03/2023

🧐 ဆီးချိုသမားတွေစစ်တဲ့ HbA1C ဆိုတာဘာလဲ ❓❓❓
✅ အကြမ်းပြောပြရမယ်ဆို ဆီးချိုထိန်းအားကောင်းမကောင်းကြည့်တဲ့ ဆေးစစ်ချက်တမျိုးပါပဲ၊ အိမ်မှာစစ်တာနဲ့ ဘာကွာလဲဆို ်၈ပတ်ကြာသွေးထဲဆီးချိုထိန်းမှုကိုစစ်ဆေးပါတယ်၊ အခုလက်ရှိ သွေးတွင်းသကြားဓာတ် မဟုတ်ပဲ #သွေးနီဥတွေကိုပိုနေတဲ့သကြားဓာတ်တွေကလာပေါင်းတာကိုစစ်ဆေးတာပါ။

✅ ဆီးချိုသမားတွေမှာ သွေးထဲပိုနေတဲ့ သကြားဓာတ်ပေါင်း‌တွေဟာ ခန္ဓာကိုယ်ထဲကသွေးနီဥတွေကို သွားသွားပေါင်းပါတယ်၊ ဒါကြောင့် ဒီလိုသွားပေါင်းနေတဲ့ သကြားဓာတ်ပမာဏဟာ သွေးနီဥမပျက်စီးသေးသရွေ့ သူတို့ရှိနေပါတယ်၊ ဒါကြောင့် ၈ပတ်ကနေ ၃လ အကြာသွေးချို သက်တမ်းကို HbA1C ကိုဖော်ပြနိုင်ပါတယ်။
_____________
🧐 HbA1C ဘယ်လောက်ရှိရင် #ဆီးချိုရှိပြီပြောနိုင်လဲ ❓❓
✅ 6.5% အထက်ဆို ဆီးချိုရှိပြီဆိုပြီးသတ်မှတ်ကြပါတယ်။

🧐 HbA1C မမှန်တာမျိုးဘယ်အချိန်တွေမှာဖြစ်တတ်လဲ ❓❓
✅ HbA1C နည်းနေတတ်တာမျိုးကို #ကိုယ်တွင်းသွေးယိုစိမ့်မှုတခုခုဖြစ်ဖူးပြီးသားသူတွေ၊ #သွေးနီဥပုံမှန်မဟုတ်လို့ဖျက်စီးခံရတဲ့ရောဂါ‌တွေ၊ #သွေးသွင်းပြီးခါစသူတွေနဲ့ #ကိုယ်ဝန်ဆောင်တွေမှာ ရှိသင့်တတာထက်လျော့နည်းနေတတ်ပါတယ်။

🧐 ဒါကြောင့် ဒီလိုအခြေအနေတွေရှိတဲ့အခါ ဆီးချိုစစ်ဖို့ကို HbA1C ထက်တခြားနည်းလမ်းတွေအသုံးပြုပြီးစစ်ဆေးကြပါတယ်။
_________
✅ အခုဆို HbA1C ဆိုတာဘာလဲရယ်၊ ဘယ်လောက်ဆိုဆီးချိုရှိပြီ၊ ဘယ်အချိန်တွေမှာ အဖြေမှားတတ်တယ်ဆိုတာ အခုဆို အကြမ်းမျဉ်းသိသွားကြပြီ ထင်ပါတယ်။
အားလုံးနေကောင်းကျန်းမာကြပါစေ

#အလုံဆေးဆိုင်

Youtheory collagen လေးရပါပြီ၊ collagen တို့ရဲ့ ထုံးစံအတိုင်း ရေများများနဲ့ သောက်ရမှာ ဖြစ်ပြီး တနေ့ 6လုံးလို့တော့ အညွှန်း...
21/02/2023

Youtheory collagen လေးရပါပြီ၊ collagen တို့ရဲ့ ထုံးစံအတိုင်း ရေများများနဲ့ သောက်ရမှာ ဖြစ်ပြီး တနေ့ 6လုံးလို့တော့ အညွှန်းရေးထားပေမယ့် မင်မင်ကတော့ တနေ့ 2လုံးလောက်ပဲသောက်ပါတယ်၊
1ဘူး 68000ကျပ်

Carbimazole ကို ဒီတံဆိပ်နဲ့လည်းပြန်ရပါပြီ
11/02/2023

Carbimazole ကို ဒီတံဆိပ်နဲ့လည်းပြန်ရပါပြီ

သားသားမီးမီးတို့မှာလည်း တစ်နေကုန်ကျောင်းတက်ရ ပြန်လာရင် ဆော့ကစားရ ပြီးရင် အိမ်စာတွေလုပ်ရနဲ့ စိတ်ရောလူပါ ပင်ပန်းနေပြီပေါ့ ...
30/01/2023

သားသားမီးမီးတို့မှာလည်း တစ်နေကုန်ကျောင်းတက်ရ ပြန်လာရင် ဆော့ကစားရ ပြီးရင် အိမ်စာတွေလုပ်ရနဲ့ စိတ်ရောလူပါ ပင်ပန်းနေပြီပေါ့ 😫😓

ဒါ့ကြောင့် မေမေတို့က သားသားမီးမီးတို့ရဲ့ စိတ်ရောလူပါ ကျန်းမာစေဖို့ Enervon-C Kidz ကို အမြဲတိုက်ကျွေးဖို့လိုပါတယ်။🧡

Enervon-C Kidz မှာ ကလေးများနေ့စဉ်လိုအပ်တဲ့ ဗီတာမင် အေ၊ဘီ၊စီ၊ဒီ တို့ အချိုးအစားမျှတစွာ ပါဝင်တာကြောင့် အားအင်ပြည့်ဝပြီး လန်းဆန်းကျန်းမာစေပါတယ်. ဒါ့အပြင် Vitamin B Complex နဲ့ Vitamin C ရဲ့ စွမ်းအားပြည့်ပေါင်းစပ်ပါဝင်တဲ့ Anti-Stress Formula ကြောင့် သားသားမီးမီးတို့ စိတ်ဖိစီးမှုကင်းဝေးစေမှာအမှန်ပါပဲ... 🤩😃🙌🏻

ဒါကြောင့် အားအင်ပြည့်ဝပြီး စိတ်ရောလူပါ လန်းဆန်းကျန်းမာနေဖို့ဆို Enervon-C kidz တိုက်ဖို့လိုတယ်နော်။ 🧡

သားသားမီးမီး ကျန်းမာရေးပညာပေးများ ပိုမိုသိရှိနိုင်ဖို့ Enervon-C Kidz Community ကို အခုပဲ join လိုက်ပါ 🧡

Enervon-C Kidz Viber Community Group: https://bit.ly/3hUj80z

 #ရယ်လိုက်တာ  #ဆီးထွက်သွားတယ်  #ကလေးမွေးပြီးတည်းကဆီးမနိုင်တော့တာပဲ  #ဝလာလို့လားမသိ  #ဆီးမထိန်းနိုင်တော့ဘူး_____________🧐...
26/01/2023

#ရယ်လိုက်တာ #ဆီးထွက်သွားတယ် #ကလေးမွေးပြီးတည်းကဆီးမနိုင်တော့တာပဲ #ဝလာလို့လားမသိ #ဆီးမထိန်းနိုင်တော့ဘူး
_____________

🧐ဒီဆီးမထိန်းနိုင်တဲ့ပြဿနာဟာ အမျိုးသမီးတော်တော်များများခံစားရလေ့ရှိတဲ့ ပြဿနာပါ၊ တချို့ဆို နှစ်အတော်အတန်ကြာအောင် ဆရာဝန်နဲ့ မဆွေးနွေးရဲတာမျိုး၊ ရှက်တာမျိုးတွေ ဖြစ်ပြီး အချိန်အတော်ကြာအောင် နေခဲ့ရတာမျိုးတွေလည်းရှိပါတယ်။

🧐 အဲ့တော့ ဒီ #ဆီးမထိန်းနိုင်တာဟာ ဘာလို့ဖြစ်ကြတာလဲ ❓❓❓
✅ ဆီးမထိန်းနိုင်တာကို အဓိကအားဖြင့် ၄မျိုးခွဲထားပါတယ်။အမျိုးအစား တစ်ခုနဲ့ တစ်ခုရောနေတာမျိုးလည်းတွေ့ရတတ်ပါတယ်။
နံပါတ် ၁) ချောင်းဆိုး၊နှာချေ၊ ရယ်လိုက်တဲ့အခါ၊ အလေးအပင်မ, လိုက်တဲ့အခါ ဆီးမထိန်းနိုင်ပဲ ထွက်ကျခြင်း။ ဒီလို အခြေအနေတွေမှာ ဆီးထွက်ကျတာကို ကလေးအများကြီးမွေးထားတဲ့ အမျိုးသမီးတွေ၊ သားအိမ်ကျွံတဲ့ အမျိုးသမီးတွေနဲ့ ဆီးကျိတ်ခွဲပြီးသား အမျိုးသားတွေမှာ တွေ့ရတတ်ပါတယ်။

နံပါတ် ၂) ဆီးတအားပေါက်ချင်လာတဲ့အခါ ထိန်းလို့မရတော့ပဲ ထွက်ကျခြင်း။ ဒီအမျိုးအစားက ဆီးအိမ်ကကြွက်သားတွေ တအားညှစ်တဲ့အခါမျိုးဖြစ်တဲ့ ဆီးပိုးဝင်တာ၊ ဆီးကျောက်တည်တာနဲ့ တခြားဦးနှောက်နဲ့ အာရုံကြောပြဿနာတွေမှာ တွေ့ရတတ်ပါတယ်။

နံပါတ် ၃) ပေါက်ချင်ချင် မပေါက်ချင်ချင် တောက်လျောက်ကိုထွက်ကျတာ။ ဒီအမျိုးအစားကိုတော့ သားအိမ်ခေါင်းကင်ဆာအမျိုးသမီးတွေနဲ့ ကလေးမွေးဖွားချိန်တအားကြာသွားတဲ့ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းနဲ့ မွေးလမ်းကြောင်းကြားထဲ လမ်းကြောင်းအပိုဖြစ်ပြီး ဆီးတောက်လျောက်ထွက်ကျတာမျိုးအဖြစ် တွေ့ရတတ်ပါတယ်၊

နံပါတ် ၄) ဆီးလမ်းကြောင်း အောက်ဖက်မှာ ပိတ်နေတဲ့အတွက် ဆီးအိမ်တအားတင်းပြီး တစက်စက်နဲ့ထွက်ကျတာမျိုး။ ဒီအမျိုးအစားကိုတော့ ဆီးကျိတ်ကြီးလို့ ဆီးလမ်းကြောင်းကိုဖိမိပြီး ပိတ်မိတဲ့အခါနဲ့ ဆီးအိမ်ကိုပံ့ပိုးပေးထားတဲ့ အာရုံကြောတွေမကောင်းတော့တဲ့အခါတွေ့ရပါတယ်။
____________
🧐🧐 ဘယ်နည်းတွေနဲ့ ဆီးမထိန်းနိုင်တာကို သက်သာအောင်လုပ်လို့ရမလဲ ❓❓❓
✅ သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရောက်အောင်လုပ်တာက ဆီးမထိန်းနိုင်တာကို အထိုက်အလျောက်ကာကွယ်ပေးပါတယ်။

✅ နောက်ထပ်နည်းတစ်ခုကတော့ ဆီးလမ်းကြောင်းအဝကို ထိန်းထားပေးတဲ့ ကြွက်သားတွေကို အားကောင်းလာအောင် Kegel exercise လိုလေ့ကျင့်ခန်းတွေလုပ်တာပါပဲ။

✅ အရေးကြီးတာကတော့ ဆီးမထိန်းနိုင်တာဖြစ်ရတဲ့ အကြောင်းအရင်းတွေ ဖြစ်တဲ့ ဥပမာ ဆီးကျိတ်ကြီးတာ၊ဦးနှောက်နဲ့ အာရုံကြောပြဿနာစတာတွေကို အဓိက
ကုသရပါမယ်။

✅ တချို့ဆီးမထိန်းနိုင်တဲ့ အမျိုးအစားတွေမှာတော့ သောက်ဆေးပေးတာတွေ၊ ဆီးအိမ်ထဲ ဆေးထိုးတာတွေလုပ်လို့ရပါတယ်

🤓🤓🤓 #ဆီးမထိန်းနိုင်တဲ့ urinary incontinence ရဲ့အမျိုးအစားတွေ၊ အိမ်မှာဘာတွေလုပ်လို့ရလဲ၊ ဘာလို့ဖြစ်တာလဲဆိုတာကို အကြမ်းမျဉ်းသိသွားကြပြီထင်ပါတယ်။
လွတ်လပ်စွာရယ်မောနိုင်ပြီးနေကောင်းကျန်းမာကြပါစေ
#အလုံဆေးဆိုင်

#ဆီးမထိန်းနိုင်ခြင်း

 ို့ထွက်ပြီ  ောင်းနေတုန်းမို့ဆေးမသောက်လို့ရလား ❓❓❓-----------------🧐 ဒီနောက်ပိုင်းမှာ HIVလူနာတွေကို  ြည့်ပဲနဲ့ ဆေးတိုက်လ...
15/01/2023

ို့ထွက်ပြီ ောင်းနေတုန်းမို့ဆေးမသောက်လို့ရလား ❓❓❓
-----------------
🧐 ဒီနောက်ပိုင်းမှာ HIVလူနာတွေကို ြည့်ပဲနဲ့ ဆေးတိုက်လို့ရပါတယ် ဆိုပြီး ပညာရှင်များကအတည်ပြုပြောဆိုကြပါတယ်။

🧐 ဒါဆိုချက်ချင်းအလောတကြီး ARTဆေးသောက်ဖို့လိုပြီလား ❓❓❓
✅ ARTကို များသောအားဖြင့်တော့ မြန်မြန်စလေ့ရှိပါတယ်၊ ဒါပေမယ့် HIV သမားတယောက်ဟာ ောဂါပါတွဲရှိနေတဲ့အခါ #ဦးနှောက်အမြှေးပါးယောင်တဲ့လက္ခဏာတွေရှိတဲ့အခါ ရက်သတ္တပတ်အနည်းငယ်နောက်ဆုတ်ပြီးမှပေးကြပါတယ်။

🧐 ARTသောက်ပြီးဘယ်လောက်ကြာရင်သွေးပြန်စစ်ရမှာလဲ ❓❓❓
✅ စသောက်သောက်ချင်းမှာ 1လနဲ့ 6လမှာ သွေးပြန်စစ်ပြီး ပိုးကောင်ရေလို့ခေါ်တဲ့ viral load 10ဆလောက်ထိကျသွားတတ်ပါတယ်။ ‌အဲ့လိုနဲ့ နောက်ပိုင်းမှာ ART ဆေးသောက်‌ရင်းနဲ့ #ပိုးကောင်ရေကိုရှာမတွေ့နိုင်လောက်တဲ့undetectableဘဝလည်းရောက်သွားပြီ HIV ပိုးကိုပြန်သတ်နေတဲ့ ာဏလည်းတော်တော်လေးတက်လာလေ့ရှိပါတယ်၊ ဒါဆိုရင်တော့နောက်ပိုင်းကို 6လတစ်ခါပဲသွေးစစ်ဖို့လိုပါတော့တယ်။

🧐 HIVကိုယ်ဝန်ဆောင်အမျိုးသမီးတွေရော ARTဆေးသောက်ဖို့လိုလား ❓❓❓
✅ ART ဆက်သောက်နေတဲ့ မေမေတွေက ကိုယ်ဝန်ဆောင်စဉ်ဆက်သောက်သွားလို့ရပါတယ်၊ အခုမှရောဂါပိုးရှိတဲ့မေမေတွေကတော့ #ပထမကိုယ်ဝန်ဆောင်စဉ်၃လ #ဒုတိယကိုယ်ဝန်ဆောင်စဉ်၃လတို့မှာ ARTဆေးစတင်တိုက်ကြပါတယ်။

🧐 HIVပိုး ကလေးမှာကူးမကူးဘယ်အချိန်လောက်မှာသိရပြီလဲ ❓❓❓
✅ များသောအားဖြင့် ဆေးသောက်ပြီးပိုးကောင်ရေ undetectable တိုင်းလို့မရတော့ပါဘူးဆိုပြီးလျော့ချထားတဲ့ လူနာတွေမှာ မိခင်ကနေ ကလေးကို ကူးစက်နှုန်း #၁ရာခိုင်နှုန်းအောက်အထိလျော့ပါတယ်။ ကလေးလေး မွေးလာပြီး #၆ပတ်အတွင်းမှာ ကလေးHIV ပိုးကူးစက်ခံရမရ သွေးဖောက်စစ်ပြီးကြည့်ကြပါတယ်။

🧐 HIVပိုးကို တကြိမ် စစ်ရုံနဲ့ ရှိမရှိပြောနိုင်ပြီလား ❓❓❓
✅ မပြောနိုင်ပါဘူး ❌ 2ကြိမ်စစ်တယ်၊ စစ်တဲ့ test အမျိုးအစားကလည်း မတူတဲ့အခါ HIV positive လို့ပြောလို့ရပါပြီ၊

🧐 HIVပိုးရှိတဲ့မေမေက ကလေးကို မိခင်နို့တိုက်လို့ရလား ❓❓❓
✅ မိခင်နို့မတိုက်ပဲ Formula တိုက်တာတော့ အကောင်းဆုံးပါ၊ သို့သော်ငြား formula ဝယ်ဖို့ အခက်အခဲ ဖြစ်တဲ့ မိခင်များအတွက်တော့ တစ်လလုံးမိခင်နို့တိုက်မှ 0.5%သာ ရောဂါကူးစက်နိုင်တဲ့ မိခင်နို့ကိုပဲရွေးရပါတော့တယ်၊ ဒါပေမယ့် ဒီမှာအရေးကြီးတာက #မိခင်နို့ပဲတိုက်မယ်formulaမတိုက်တော့ဘူးလိုဆုံးဖြတ်ထားရင် #ကလေးအသက်၆လအထိမိခင်နို့တမျိုးတည်းတိုက်ပါ၊ ူလိုက်မိခင်နို့တိုက်လိုက်လုပ်တာဟာ ကလေးရဲ့အူနံရံတွေနည်းနည်းထိတတ်တဲ့အတွက် ူးဖို့အခွင့်အလမ်းပိုများပါတယ်၊ ဒါကြောင့် Formula မနိုင်ဘူး၊ မိခင်နို့ပဲတိုက်မယ်ဆို #မိခင်နို့တမျိုးတည်းကိုပဲတိုက်ပါ။

🩺🩺🩺 HIVပိုးအကြောင်း၊ ဆေးသောက်ရမယ့်အကြောင်းတွေ၊ မိခင်မှကလေးကူးစက်တတ်ပုံတွေကို အနည်းငယ်ဗဟုသုတရသွားကြပြီ ထင်ပါတယ်၊ အထူးသဖြင့် မိခင်နဲ့ ကလေးနို့တိုက်လို့ရမရတွေ၊ ဆေးသောက်ဖို့စောင့်ဖို့ လိုမလိုတွေ အကျိုးတစုံတရာရှိစေရန်ရည်ရွယ်ပါသည်။
အားလုံးနေကောင်းကျန်းမာကြပါစေ။

Address

Ahlone

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959962816705

Website

Alerts

Be the first to know and let us send you an email when အလုံဆေးဆိုင် online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram