Moria Soulspace

Moria Soulspace 🌿 Spiritual Counsellor | Emotional Healer | Dream Decoder 🌙

28/08/2025

🌊 အိပ်မက်ထဲက ရေ — သင့်စိတ်ဝိညာဥ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခြင်း

သင့် အိပ်မက်ထဲမှာ ရေကိုမကြာခဏ မြင်မက်ဖူးပါသလား? ဒါဆိုရင်တော့ ဒီပို့စ်လေးက သင့်အတွက်ဖြစ်ပါလိမ့်မယ်။ အိပ်မက်ထဲမှာ ရေကို မကြာခဏ မြင်တွေ့ရတယ်ဆိုတာဟာ သင့်ရဲ့ အတွင်းစိတ်နဲ့ ဆက်စပ်နေတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

တစ်ခါတလေ ကြည်လင်တဲ့ရေထဲမှာ ရေကူးနေတာမျိုး၊ တစ်ခါတလေ မိုးသည်းထန်နေတဲ့အိပ်မက်မျိုး၊ ဒါမှမဟုတ် ရေနစ်ရာကနေ ရုန်းကန်ထွက်ဖို့ ကြိုးစားနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအိပ်မက်တွေက သင့်ရဲ့ စိတ်အခြေအနေ၊ စိတ်ဖိစီးမှုတွေနဲ့ ဘဝရဲ့ စီးဆင်းမှုတွေကို ဖော်ပြနေတတ်ပါတယ်။

🔑 အဓိက အချက်များ
▫ အိပ်မက်ထဲက ရေဟာ သင့်ရဲ့ စိတ်ခံစားမှုတွေကို ထင်ဟပ်ပြသပါတယ်။
▫ ရေဟာ တစ်ခါတရံ သက်သာရာရစေပြီး တစ်ခါတရံမှာတော့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြနိုင်ပါတယ်။
▫ ဒီအိပ်မက်တွေက သင့်ရဲ့ စိတ်ခံစားမှုအခြေအနေတွေအပေါ် ပိုမိုသိမြင်နားလည်စေနိုင်ပါတယ်။

ဥပမာအားဖြင့်၊ အိပ်မက်ထဲမှာ ကြည်လင်တဲ့ရေကန်ကို တွေ့ရတာဟာ သင့်ဘဝမှာ အသစ်အစပြုဖို့ အချိန်ရောက်ပြီဆိုတာကို ပြသနေနိုင်ပါတယ်။

🔮 ဝိညာဉ်ရေးရာအရ ရေ၏ စီးဆင်းမှု—

သင့်အိပ်မက်ထဲမှာ မြစ်တစ်စင်းထဲမှာ စီးမျောနေတယ်ဆိုပါစို့။ ဒါဟာ သင် ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စရပ်တွေကို အလျင်စလို မလုပ်ဘဲ သဘာဝအတိုင်း စီးဆင်းသွားဖို့ လိုအပ်တဲ့ အချိန်ကာလတစ်ခုကို ညွှန်ပြနေပါတယ်။

ရေကြီးတဲ့လှိုင်းတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ရဲ့စိတ်အခြေအနေမှာ စိုးရိမ်ပူပန်မှုတွေ၊ ဖိစီးမှုတွေ များနေတာကို ဖော်ပြတတ်ပါတယ်။

ရေနဲ့ပတ်သက်တဲ့အိပ်မက်တွေဟာ သင့်ရဲ့လက်ရှိ စိတ်အခြေအနေက ရှုပ်ထွေးနေလား၊ ဒါမှမဟုတ် တည်ငြိမ်နေလားဆိုတာကို ပြသပေးနိုင်ပါတယ်။

🧠 စိတ်ပညာ အမြင်အရ – ရေဟာ စိတ်ကို ပြသနေတယ်
▪ ကြည်လင်သောရေ: သင် စိတ်တည်ငြိမ်မှု ရှိနေပါတယ်။
▪ ပင်လယ်မုန်တိုင်း၊ ရေလှိုင်းကြီး: သင့်မှာ ဖိစီးမှုတွေ များနေပြီး စိတ်မအေးမချမ်း ဖြစ်နေတတ်ပါတယ်။

🌧️ ရေဖြစ်စဉ်အမျိုးမျိုးနဲ့ အဓိပ္ပါယ်များ

အိပ်မက်ထဲက ရေရဲ့အခြေအနေအလိုက် အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။

– ပင်လယ် ငြိမ်သက်နေတာဟာ စိတ်တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုရှိခြင်းကို ပြပါတယ်။

– လှိုင်းကြီးတွေ မြင်ရတာကတော့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများခြင်းကို ညွှန်ပြပါတယ်။

– ရေကြည်နေတယ်ဆိုရင်တော့ စိတ်ရှင်းလင်းမှု၊ တည်ငြိမ်မှုရှိနေတာပါ။

– ရေနောက်နေတာ / ​ညစ်ညမ်းနေတာဆိုရင် စိတ်ရှုပ်ထွေးခြင်း၊ မသိစိတ်က တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

– မိုးရွာနေတာကတော့ စိတ်သစ် ဖြစ်ပေါ်လာခြင်း၊ သန့်စင်မှုကို ဆိုလိုပါတယ်။

– ရေကြီးခြင်း (Flood) အိပ်မက်ဟာ စိတ်ထဲက ခံစားချက်တွေ ထိန်းမနိုင်အောင် များပြားနေခြင်းကို ဖော်ပြပါတယ်။

– ရေအေးနဲ့ ရေချိုးခြင်းကတော့ စိတ်ထဲက မကောင်းတဲ့အရာတွေ၊ ပင်ပန်းမှုတွေကို သန့်စင်ချင်ခြင်းကို ပြသပါတယ်။

🌱 အသစ်စတင်ခြင်းနဲ့ ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှု:

အိပ်မက်ထဲက ရေဟာ သင့်ဘဝမှာ လာမယ့် အပြောင်းအလဲတွေ၊ သင့်စိတ်ထဲမှာ ပြင်ဆင်နေတဲ့ အသစ် အစတစ်ခုကို တိုက်ရိုက်ပြသတတ်ပါတယ်။

✅ ရေကြည်နေတယ်ဆိုရင် — သင့်ရဲ့ အတွင်းစိတ်က အသစ်အသစ်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။

✅ ရေနောက်နေတယ်ဆိုရင် — သင့်စိတ်ထဲက မသန့်စင်သေးတဲ့၊ မရှင်းလင်းသေးတဲ့ အရာတွေကို သတိပေးနေတာ ဖြစ်နိုင်ပါတယ်။

ဒီလိုအိပ်မက်တွေကို အဓိပ္ပါယ်ဖွင့်ဆိုပြီး ကြည့်ရှုတာက သင့်ဘဝအပေါ် ပိုမိုတွေးတောသုံးသပ်နိုင်စေပြီး ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်ပါတယ်။

မိတ်ဆွေတို့ကော မကြာခဏ ရေနဲ့ပတ်သက်တဲ့ အိပ်မက်တွေကို မြင်မက်နေရပါသလား။ သင့်အိပ်မက်တွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာချင်တယ်ဆိုရင် သင်မက်ဖူးတာတွေကို အောက်က ကွန်မန့်မှာမျှဝေပေးနိုင်ပါတယ်။ အဓိပ္ပါယ်ဖော်ထုတ်ဖို့ Moria ကို ဆက်သွယ်လိုက်ပါ 📩

Moria 🌧 || 19.6.25

26/08/2025

MIND | BODY | SPIRIT 🌿
( Self–care for each piece of you)

ကျွန်မတို့ တစ်ခါတစ်လေ မေ့နေတတ်တဲ့ အရာတစ်ခုက ဘဝရဲ့ အစစ်အမှန်အောင်မြင်မှုဆိုတာ ပြင်ပက ရရှိတဲ့ ပစ္စည်းတွေ၊ ဂုဏ်တွေ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ် (Body)၊ စိတ် (Mind) နဲ့ ဝိညာဉ် (Spirit) သုံးခုစလုံးကို ဟန်ချက်ညီညီ ပေါင်းစပ်ထိန်းသိမ်းနိုင်ဖို့ပါပဲ။ ကျွန်မတို့ ရှူရှိုက်နေတဲ့ လေတိုင်းမှာတောင် ကိုယ့်ရဲ့ ပြည့်စုံတဲ့ ကိုယ်ပိုင်တည်ရှိမှုက တည်ရှိနေပါတယ်။

🌿 ခန္ဓာကိုယ်ကို အားဖြည့်ပါ

သင့်ခန္ဓာကိုယ်ဟာ သင့်ရဲ့ဘဝခရီးအတွက် အဖိုးတန်တဲ့ ယာဉ်တစ်စီးပါပဲ။ သူ့ကို ဂရုစိုက်ဖို့က သင့်တာဝန်ပါ။

▫ ကြံ့ခိုင်မှု အတွက် အားကစားလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပြီး အင်အားတွေ ပြန်ဖြည့်တင်းပါ။

▫ နှလုံးသားကျန်းမာရေး အတွက် Cardio လေ့ကျင့်ခန်းတွေလုပ်ပါ။ သင့်နှလုံးသားကို ခိုင်မာပြီး ကျန်းမာနေပါစေ။

▫ ကိုယ်ခန္ဓာလှုပ်ရှားမှု အတွက် အကြောလျှော့ ပါ။ သင့်ခန္ဓာကိုယ်ကို လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားခွင့်ပေးပါ။

📚 စိတ်ကို ပြုစုပျိုးထောင်ပါ

သင့်စိတ်ဟာ အဆုံးမဲ့ ဖြစ်နိုင်ချေတွေ ပြည့်နှက်နေတဲ့ စကြာဝဠာတစ်ခုပါပဲ။ သူ့ကို အစာကျွေးပြီး တိုးတက်အောင် လုပ်ပါ။

▫ ဗဟုသုတ တိုးပွားဖို့ စာဖတ် ပါ။ ကမ္ဘာကြီးအကြောင်း၊ ကိုယ့်အကြောင်း ပိုသိအောင် ကြိုးစားပါ။

▫ ကိုယ်ပိုင်အမြင် တွေရဖို့ မှတ်စုရေး ပါ။ အတွေးတွေကို ချရေးပြီး ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လေ့ကျင့်ပါ။

▫ စိတ်ကူးစိတ်သန်း တွေ ထွန်းကားအောင် ဖန်တီးမှု တွေ လုပ်ပါ။ စိတ်ကူးတွေကို အကောင်အထည်ဖော်ပြီး လောကကြီးကို အလှဆင်ပါ။

🕊 ဝိညာဉ်ကို ငြိမ်းချမ်းပါစေ

သင့်ဝိညာဉ်ဟာ သင့်ရဲ့ အတွင်းစိတ်အာဏာပါပဲ။ သူ့ကို ငြိမ်းချမ်းအောင် ထားပြီး ကြီးထွားခွင့် ပေးလိုက်ပါ။

▫ နေ့တိုင်း ကျေးဇူးတင်ခြင်း ကို အလေ့အကျင့်လုပ် ပါ။ သေးငယ်တဲ့အရာတွေအတွက်ပါ ကျေးဇူးတင်တတ်တဲ့ စိတ်ထားမျိုး မွေးမြူပါ။

▫ သဘာဝတရား ထဲမှာ အချိန်ဖြုန်းပြီး စိတ်အပန်းဖြေ ပါ။ သဘာဝရဲ့ အလှအပတွေကနေ ခွန်အားယူပါ။

▫ စိတ်တည်ငြိမ် ဖို့အတွက် တိတ်ဆိတ်တဲ့အချိန် တစ်ခု ဖန်တီးပါ။ ဆိတ်ငြိမ်မှုထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေပါ။

ဘဝမှာ တကယ်အနားယူတယ်ဆိုတာ ကိုယ့်ရဲ့ ခန္ဓာကိုယ် (Body)၊ စိတ် (Mind) နဲ့ ဝိညာဉ် (Spirit) ကြားက ပြီးပြည့်စုံတဲ့ မျှတမှုထဲမှာပဲ တည်ရှိပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ရဲ့Body-Mind-Soul ကိုချစ်ပါ၊ ဂရုစိုက်ပါ၊ လေ့ကျင့်ပါ။

🍃 True healing comes when the mind, body and spirit are aligned in balance 🍃

Moria || 18.7.25

26/08/2025

✨ သင်မြင်နေတဲ့ 111,222,555....တွေက Universe ရဲ့ message တွေလား ✨

Moria အတွက် Angel Numbers ဆိုတာ ၂၀၂၂ ကနေ ယခု ၂၀၂၅ အထိ နေ့စဉ်မပြတ် မြင်နေရတဲ့ ဂဏန်းလေးတွေဆိုလည်း မမှားပါဘူး။ Awakening တစ်လျှောက် မိမိစိတ်နဲ့ ကိုယ်နဲ့ align ဖြစ်အောင် အမြဲ message တွေ ရခဲ့တဲ့ ဂဏန်းလေးတွေပေါ့။ စစချင်းတော့ ဒီဂဏန်းတွေက ဘာကိုရည်ရွယ်မှန်း မသိခဲ့ပေမဲ့ နေ့နေ့ညည မြင်တွေ့လာရတဲ့အခါ အိပ်မက်တွေရယ်၊ Angel Numbers တွေရယ်က Moria အတွက် လမ်းညွှန်ချက်တွေ ဖြစ်လာခဲ့တယ်။

ဒါဆို သင်ကော နာရီမှာပဲဖြစ်ဖြစ်၊ ကားနံပါတ်ပြားမှာပဲဖြစ်ဖြစ်၊ ဘေလ်တွေပေါ်မှာပဲဖြစ်ဖြစ် ထပ်ခါတလဲလဲ ဂဏန်းလေးတွေ မြင်နေရပြီလား။ ဒါတွေကို Angel Numbers လို့ ခေါ်ပြီး စကြာဝဠာ (Universe) က သင့်ကို မက်ဆေ့ချ် ပို့​ပေးနေတာလို့ ယုံကြည်ကြည့်ပါ။ ဒါဟာ သင့်ရဲ့ဘဝလမ်းကြောင်းအတွက် အရေးကြီးတဲ့ လမ်းညွှန်မှုတွေ၊ အားပေးမှုတွေ ဖြစ်နိုင်ပါတယ်။
ဒီတော့... အဖြစ်များတဲ့ Angel Numbers တွေရဲ့ အဓိပ္ပာယ်လေးတွေကို လေ့လာကြည့်ရအောင်!

🔅 111 (သို့) 1111 - အစပြုခြင်းနှင့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာခြင်း
▫ သင့်ရဲ့ အတွေးတွေ၊ စိတ်ဆန္ဒတွေ အမှန်တကယ် ဖြစ်လာတော့မယ်ဆိုတဲ့ နိမိတ်ပါပဲ။
▫ ကောင်းမွန်တဲ့ အတွေးတွေပဲ တွေးပါ၊ သင့်ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း မြင်ယောင်ပါ။ အသစ်အစပြုဖို့ အချိန်ကောင်းပါ။

🔅 222 (သို့) 2222 - ဟန်ချက်ညီခြင်းနှင့် ယုံကြည်မှု
▫ သင့်ဘဝမှာ ဟန်ချက်ညီမှုနဲ့ သဟဇာတဖြစ်မှုတွေ လိုအပ်နေကြောင်း ဒါမှမဟုတ် ဖြစ်လာတော့မယ်ဆိုတာကို ပြသနေပါတယ်။
▫ သင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး အရာအားလုံး အဆင်ပြေသွားမယ်ဆိုတာ ယုံကြည်ပါ။ စိတ်ရှည်ပါ။

🔅 333 (သို့) 3333 - ကြီးထွားမှုနှင့် Guardians တို့၏ အားပေးမှု
▫ သင်ဟာ Guardians တွေရဲ့ ကာကွယ်မှု၊ လမ်းညွှန်မှုတွေနဲ့ ဝန်းရံထားတယ်ဆိုတာကို ပြသပါတယ်။
▫ သင့်ရဲ့ ဖန်တီးနိုင်စွမ်းကို အသုံးပြုပြီး ဘဝမှာ ရှေ့ဆက်ဖို့ အားပေးနေပါတယ်။ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရပါ။

🔅 444 (သို့) 4444 - ကာကွယ်မှုနှင့် တည်ငြိမ်မှု
▫ အားကြီးတဲ့ စွမ်းအားတွေက သင့်ကို ကာကွယ်ပေးနေတယ်၊ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ လက္ခဏာပါ။
▫ ခိုင်မာတဲ့ အုတ်မြစ်တွေ တည်ဆောက်ဖို့၊ တည်ငြိမ်မှုရဖို့ အာရုံစိုက်ပါ။ အရာအားလုံး သင့်အတွက် အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါ။

🔅 555 (သို့) 5555 - အပြောင်းအလဲနှင့် ပြောင်းလဲခြင်း
▫ သင့်ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်ဆိုတဲ့ အမှတ်အသားပါပဲ။
▫ အသစ်အသစ်သော အခွင့်အလမ်းတွေကို လက်ခံဖို့နဲ့ အဟောင်းတွေကို စွန့်လွှတ်ဖို့ တိုက်တွန်းနေပါတယ်။ ပြောင်းလဲမှုကို ကြိုဆိုလိုက်ပါ။

🔅 666 (သို့) 6666 - ပြန်လည်သုံးသပ်ခြင်းနှင့် ဦးစားပေးမှုများ
▫ လူအများစုက ဒီဂဏန်းကို အနုတ်လက္ခဏာလို့ ထင်တတ်ကြပေမယ့် တကယ်တမ်းကတော့ သင့်ရဲ့ ဦးစားပေးမှုတွေကို ပြန်လည်သုံးသပ်ဖို့ သတိပေးတာပါ။
▫ ပစ္စည်းဥစ္စာတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေအပေါ် အာရုံစိုက်နေတာ များနေပြီဆိုရင် ဝိညာဉ်ရေးရာနဲ့ လောကီရေးရာကြား ဟန်ချက်ညီအောင် ထိန်းညှိဖို့ တိုက်တွန်းနေတတ်ပါတယ်။

🔅 777 (သို့) 7777 - ကံကောင်းခြင်းနှင့် ဝိညာဉ်ရေးရာ နိုးကြားမှု
▫ ကောင်းသော ကံတရားနဲ့ ဝိညာဉ်ရေးရာ တိုးတက်မှုတွေ ဖြစ်လာတော့မယ်ဆိုတဲ့ လက္ခဏာပါ။
▫ သင့်ရဲ့ ဉာဏ်ပညာကို ယုံကြည်ပြီး ဝိညာဉ်ရေးရာ ခရီးလမ်းမှာ ဆက်လက်လျှောက်လှမ်းဖို့ အားပေးနေပါတယ်။

🔅 888 (သို့) 8888 - ကြွယ်ဝမှုနှင့် ပြီးစီးခြင်း
▫ ငွေကြေး ဒါမှမဟုတ် တခြား ကဏ္ဍတွေမှာ ကြွယ်ဝချမ်းသာမှုတွေ ဖြစ်လာတော့မယ်ဆိုတဲ့ နိမိတ်ပါပဲ။
▫ ဘဝမှာ လုပ်ဆောင်ခဲ့တဲ့ အရာတွေရဲ့ အသီးအပွင့်တွေကို ခံစားရတော့မယ်ဆိုတာကို ပြသပြီး၊ ပြီးမြောက်အောင်မြင်မှုရဲ့ လက္ခဏာပါ။

🔅 999 (သို့) 9999 - ပြီးဆုံးခြင်းနှင့် အသစ်စတင်ခြင်း
▫ ဘဝရဲ့ အခန်းကဏ္ဍတစ်ခု ပြီးဆုံးတော့မယ် ဒါမှမဟုတ် ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာတော့မယ်ဆိုတာကို ပြသပါတယ်။
▫ အဟောင်းတွေကို လွှတ်ချပြီး အသစ်အသစ်သော အစပြုခြင်းတွေကို လက်ခံဖို့ အသင့်
ပြင်ဆင်ပါ။

🔅 1010 - စိတ်ဝိညာဉ်နိုးကြားမှုနှင့် အပြောင်းအလဲအစ
▫ 1010 ကို မြင်ရတာဟာ ဝိညာဉ်ရေးရာ နိုးကြားမှုရဲ့ လက္ခဏာပါ။
▫ သင့်ရဲ့ အတွေးတွေကို အာရုံစိုက်ပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ စတင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ Guardians တွေက သင့်ကို လမ်းညွှန်နေပါတယ်။ သင်လိုချင်တဲ့ ဘဝကို ဖန်တီးဖို့အတွက် သင့်အတွေးတွေဟာ အရေးပါကြောင်း သတိပေးနေခြင်းလည်း ဖြစ်ပါတယ်။

🔅 1212 - အကောင်းမြင်စိတ်နှင့် အိပ်မက်များ ဖြစ်ပေါ်လာခြင်း
▫ 1212 ကို မြင်ရတာဟာ အကောင်းမြင်စိတ်ထားဖို့နဲ့ သင့်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေဟာ တဖြည်းဖြည်း လက်တွေ့ဖြစ်လာတော့မယ်ဆိုတာကို ပြသပါတယ်။
▫ သင့်ရဲ့ အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေကို အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ထားရှိဖို့ အားပေးနေပါတယ်။ သင့်ရဲ့ပန်းတိုင်ဆီသို့ ဆက်လျှောက်လှမ်းပါ။

ဒီ Angel Numbers တွေကို မြင်တွေ့ရတဲ့အခါ သင့်ရဲ့ စိတ်ခံစားချက်၊ လက်ရှိဘဝအခြေအနေတွေနဲ့ ချိတ်ဆက်ပြီး စဉ်းစားကြည့်ပါ။ ဒါတွေဟာ သင့်အတွက် ပေးပို့တဲ့ အဓိပ္ပာယ်ရှိတဲ့ မက်ဆေ့ချ်တွေ ဖြစ်နိုင်ပါတယ်။

Moria ☽
25 May 2025

26/08/2025

Pile 2

စိတ်ရဲ့ ရှုပ်ထွေးမှုတွေကနေ လွတ်မြောက်နိုင်မယ်။ ရွေးချယ်ရခက်နေတာတွေ အဖြေရှာနိုင်ပြီး ကိုယ်စွမ်းကိုယ်စကို ဖော်ထုတ်နိုင်ဖို့ရှိတယ်။ Spiritualသမားတွေအနေနဲ့ ကိုယ်တိုင်ရဲ့ Higher Self ကို ပိုချိတ်ဆက်နိုင်ပြီး ဉာဏ်အလင်းပွင့်မှုတွေရရှိနိုင်တယ်။ ရှုပ်ထွေးနေတဲ့ ကိစ္စတွေအတွက် မှန်ကန်တဲ့ အဖြေကို ဖော်ဆောင်နိုင်မယ်။ ရှာဖွေနေတဲ့ အမှန်တရားအတွက် ထောက်ခံချက်တွေရရှိလာနိုင်တယ်။ ကြိုးစားပြီးရှင်သန်နေတဲ့ အကြောင်းကိစ္စတွေမှာ ကိုယ်တိုင်ရဲ့ ရပ်တည်မှုကို ပိုပြီး ခိုင်မာလာစေပါလိမ့်မယ်။

Connection တွေ ချစ်ခင်ရသူတွေနဲ့ ပြန်ပေါင်းစည်းနိုင်ဖို့ရှိတယ်။ ကိုယ်မျှော်လင့်နေတဲ့သူ၊ ဝေးကွာနေတဲ့သူတွေဆီက အဆက်အသွယ်ပြန်ရတတ်တယ်။ အချစ်ဦး၊ အချစ်ဆုံးတွေနဲ့ ပြန်ပေါင်းစည်းဖို့ရှိလာနိုင်တယ်။ ဝေးကွာနေတဲ့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ပေါင်းစည်းနိုင်မယ်။ ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုကို ပြန်လည်ပုံဖော်နိုင်ပါမယ်။ တစ်ချို့တွေအတွက် မွေးရပ်မြေနဲ့ ဆက်စပ်တဲ့ကိစ္စတွေအဆင်ပြေလာနိုင်တယ်။ တစ်ချို့က ကိုယ်သွားချင်တဲ့နေရာဆီ ခရီးထွက်ခွင့်ရဖို့ရှိတယ်။ ပိုပြီး မှန်ကန်တဲ့ နှလုံးသားချင်းနီးသူတွေနဲ့ ဆုံစည်းရမယ်။ ကိုယ်အတွက် ချစ်ခင်ပေးနိုင်သူတွေ နားလည်ပေးနိုင်သူတွေ ကြုံရဆုံရဖို့ရှိပြီး ကောင်းမွန်တဲ့ ချစ်ခြင်းမေတ္တာတွေ လက်ခံရရှိပါလိမ့်မယ်။

ဖြိုဖျက်သင့်တာတွေကို ဖြိုဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်နိုင်မယ်။ တစ်ချို့တွေအနေနဲ့ ပျက်စီးသွားတဲ့ အိပ်မက်တွေ ပြန်စနိုင်ဖို့ အခွင့်အရေးတွေ ရရှိလာနိုင်တယ်။ အိုးအိမ်အသစ်ပြောင်းရတတ်တယ်။ ကိုယ့်အတွက် ပိုပြီးကိုက်ညီတဲ့ ပတ်ဝန်းကျင်အသစ် လူအသစ်တွေနဲ့ ကြုံရဖို့ရှိတယ်။ အရင်နဲ့မတူတဲ့ ဘဝအသစ်ကို တည်ဆောက်ဖို့ လမ်းကြောင်းတွေပေါ်လာပြီး ကိုယ့်နှလုံးသားနဲ့ကိုက်ညီတဲ့ ဘဝဖြတ်သန်းမှုဆီ ဦးတည်နိုင်ပါလိမ့်မယ်။

25/08/2025
25/08/2025

🔮🧿 Tarot အ‌ဖြေဆိုတာ Yes or No ကောင်းတယ် မကောင်းဘူး ရတယ် မရဘူးဆိုတာနဲ့ ရပ်သွားတာမဟုတ်ပါဘူး။ အနာဂတ်ကို ခန့်မှန်းခြင်းကပဲ Tarot ရဲ့ အနှစ်သာရမဟုတ်ပါဘူး။

🧿 ကိုယ့်ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆက်နွယ်မှုတွေအရ ရှေ့ဆက်မှာ ဘာတွေဖြစ်လာနိုင်လဲ။ ဘာတွေ သတိပြုဆင်ခြင်သင့်လဲ၊ ဘာတွေကို အားထည့်လုပ်သင့်လဲစသဖြင့် ရှေ့ဆက်ရှင်သန်မှုအတွက် လမ်းညွှန်ချက်တွေကို ရှာဖွေနိုင်ကြတာဖြစ်ပါတယ်။

အနာဂတ်အကောင်းအဆိုးကို ဟောပြောရုံတင်မဟုတ်ပါဘူး။ ရှေ့ဆက်အတွက် လမ်းပြမှု၊ လမ်းညွှန်မှုတွေဖြစ်ပါတယ်။

🔮 Tarot အဖြေဖြစ်ဖြစ်၊ တခြား ရှေ့ဖြစ်ဟောပညာရပ်အရဖြစ်ဖြစ် အဖြေတွေဟာ အမြဲတမ်း တည်တံ့နေတာရယ်တော့ မဟုတ်ပြန်ဘူး။ ကံဟာ ကိုယ်ပြုတဲ့ အရာပေါ်လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ ကိုယ်တိုင်ကသာ အဓိကပါ။

🧿 Tarot အဖြေဟာ ဘယ်ကာလအထိပဲ အကျုံးဝင်တယ်ဆိုတာမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ဟောကိန်းဆိုတာထက် ညွှန်ပြမှုဖြစ်သင့်တာမလို့ပါပဲ။ ကိုယ်လျှောက်မဲ့လမ်းအတွက် အထောက်အပံ့တစ်ခုဖြစ်ပါတယ်။

🔮 ကိုယ်တိုင်အတွက် သင့်လျော်တဲ့ လမ်းပြမှုတွေရဖို့ရာ Tarot ကိုဖတ်ကြတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့လမ်းကိုလျှောက်လှမ်းနိုင်ဖို့ ထောက်ပြ လမ်းညွှန်မှုတွေနဲ့ ဘယ်လမ်းကတော့ ဘယ်ကိုရောက်သတဲ့၊ လမ်းသွားရင် ဘာကိုတော့ ဂရုစိုက်ရသတဲ့ဆိုပြီး Guidance တွေပေးကြတာပါ။

🧿 Guidance တွေကို ကိုယ်တိုင်က ကျင့်သုံးနိုင်တဲ့အခါ ကိုယ်လိုရာခရီးကို ရောက်နိုင်ကြတာပါပဲ။

Types of Souls in the Universe 🌌​လူသားတစ်ဦးစီမှာ ထူးခြားတဲ့ စိတ်နေစိတ်ထားနဲ့  ဝိညာဉ်ရေးရာ စရိုက်လက္ခဏာတွေရှိကြပါတယ်။ ဒီလ...
25/08/2025

Types of Souls in the Universe 🌌

​လူသားတစ်ဦးစီမှာ ထူးခြားတဲ့ စိတ်နေစိတ်ထားနဲ့ ဝိညာဉ်ရေးရာ စရိုက်လက္ခဏာတွေရှိကြပါတယ်။ ဒီလိုမတူညီမှုတွေဟာ ဘာကြောင့်လဲလို့ တွေး​​ကြည့်မိဖူးလား? New Age Spirituality အယူအဆတွေအရ ကျွန်မတို့ဟာ ရုပ်ခန္ဓာသက်သက်မဟုတ်ဘဲ မွေးကတည်းက ကိုယ်ပိုင်ထူးခြားတဲ့ ဝိညာဉ်တစ်မျိုးစီ ပါလာတယ်လို့ ယုံကြည်ကြပါတယ်။ ဒီအယူအဆတွေကို ရှေးဟောင်းဒဿနတွေ၊ စိတ်ပညာရပ်တွေနဲ့ New Age လှုပ်ရှားမှုတွေကနေ အခြေခံပြီး အမျိုးအစား ၈ မျိုးအဖြစ် ခွဲခြားထားပါတယ်။ ကိုယ့်​ရဲ့ဝိညာဉ်ဟာ ဘယ်အမျိုးအစားဖြစ်မလဲဆိုတာ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်လိုက်ပါနော်။

🔅Types of Souls

​၁။ Earth Angels

​သူတို့ကမေတ္တာနဲ့ အလင်းရောင်ကို ဖြန့်ဝေဖို့အတွက် ကမ္ဘာကိုရောက်လာကြတဲ့ သူတွေလို့ ယုံကြည်ကြပါတယ်။

​မူလဇစ်မြစ်: ဒီအယူအဆဟာ နတ်သမီးတွေနဲ့ ကောင်းကင်ဘုံသားတွေအကြောင်းကို ပြောပြတဲ့ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ ဘာသာရေးအယူအဆတွေကနေ ဆင်းသက်လာပြီး New Age လှုပ်ရှားမှုတွေထိပါ လူသိများလာခဲ့ပါတယ်။

​ထူးခြားချက်: သူတို့ဟာ လူတွေကို ကူညီဖို့၊ ကုစားပေးဖို့နဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့နေရာဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိရှိ မွေးဖွားလာကြတယ်လို့ ယုံကြည်ကြပါတယ်။ ​သူတို့မှာ စိတ်ထားနူးညံ့ပြီး စာနာစိတ်အလွန်ကြီးမားပါတယ်။
​သဘာဝတရားနဲ့ တိရစ္ဆာန်တွေကို ချစ်မြတ်နိုးကြပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ စိတ်အားထက်သန်ကြပါတယ်။

​၂။ Starseeds

သူတို့ကျတော့ ကမ္ဘာမြေနဲ့ ကွဲပြားတဲ့ စကြဝဠာနေရာတွေကနေ ရောက်ရှိလာတယ်လို့ ယုံကြည်ကြတဲ့သူတွေဖြစ်ပါတယ်။ ဥပမာ- Sirius ဒါမှမဟုတ် အခြား Galaxy ကနေ လာခဲ့တာလို့ ယုံကြည်ကြတာမျိုးပါ။ Starseed တွေဟာ လူသားခန္ဓာကိုယ်ထဲကို ဝင်ရောက်မွေးဖွားလာကြပေမဲ့ သူတို့ရဲ့အတွင်းစိတ်ကတော့ မူလနေရာကို လွမ်းဆွတ်နေတတ်ကြပါတယ်။

​မူလဇစ်မြစ်: ၁၉၇၀ ပြည့်လွန်နှစ်တွေက စတင်ခဲ့တဲ့ New Age လှုပ်ရှားမှုရဲ့ အဓိကအယူအဆတွေထဲက တစ်ခုဖြစ်ပါတယ်။

​ထူးခြားချက်: ဒီလိုလူတွေက လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ခံစားရပြီး လူမှုရေးအဆက်အသွယ်တွေမှာ အခက်အခဲရှိနိုင်ပါတယ်။
​နက္ခတ်ဗေဒင်၊ ဂြိုလ်တွေနဲ့ စကြဝဠာအကြောင်းကို စိတ်ဝင်စားတတ်ကြပါတယ်။
​ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့အဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးဖို့အတွက် မွေးဖွားလာတယ်လို့ အလေးအနက် ယုံကြည်ကြပါတယ်။

​၃။ Old Souls

ဘဝပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး
အသိပညာ၊ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေ ပြည့်ဝနေတဲ့ ဝိညာဉ်တွေဖြစ်ပါတယ်။

မူလဇစ်မြစ်: ပြန်လည်မွေးဖွားခြင်း (Reincarnation) ကို အခြေခံတဲ့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနဲ့ အခြားရှေးဟောင်းအယူအဆတွေကနေ ဆင်းသက်လာပါတယ်။ စိတ်ပညာရှင် Carl Jung ရဲ့ "archetype" (မူလပုံစံ) သဘောတရားနဲ့လည်း ဆက်စပ်နေပါတယ်။

​ထူးခြားချက်: ​သူတို့ရဲ့အသက်အရွယ်ထက် ပိုမိုရင့်ကျက်ပြီး ဉာဏ်ပညာရှိပုံပေါက်ပါတယ်။
​တစ်ကိုယ်တည်းနေရတာကို ပိုနှစ်သက်ပြီး အတွင်းစိတ်ကို လေ့လာဆန်းစစ်တတ်တဲ့သူတွေ (introspective) ဖြစ်ပါတယ်။
​ပစ္စည်းဥစ္စာတွေထက် ဝိညာဉ်ရေးရာတန်ဖိုးတွေကို ပိုမိုဦးစားပေးကြတဲ့သူတွေပါ။
​လက်ရှိခေတ်ရေစီးကြောင်းတွေထက် သမိုင်းဟောင်းတွေ၊ ရှေးဟောင်းအနုပညာတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာကိစ္စတွေကို ပိုမိုဦးစားပေးတတ်ကြပါတယ်။

​၎။ Mystic Souls

သူတို့ကျတော့ အလိုလိုသိမြင်နိုင်စွမ်း (intuitive) နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည် (psychic) တွေရှိပြီး မမြင်ရတဲ့ ဝိညာဉ်ကမ္ဘာကြီးနဲ့ အဆက်အသွယ်ရှိနိုင်သူတွေဖြစ်ပါတယ်။

​မူလဇစ်မြစ်: ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ဘာသာရေးအဖွဲ့အစည်းများ (ဥပမာ- Sufism, Kabbalah) နဲ့ တွေးခေါ်ရှင်များရဲ့ အယူအဆတွေကနေ ဆင်းသက်လာပါတယ်။

​ထူးခြားချက်: စိတ်အာရုံခံစားမှုအလွန်မြင့်မားပြီး သူတို့ပတ်ဝန်းကျင်က စွမ်းအင်တွေကို ခံစားသိရှိနိုင်ကြပါတယ်။ ​တစ်ယောက်တည်း ဆိတ်ငြိမ်စွာနေရတာကို နှစ်သက်ပြီး အတွင်းစိတ်အသိဉာဏ်ကို တိုးတက်အောင် လုပ်ဆောင်တတ်ကြပါတယ်။
​ဘာသာရေးအယူအဆတွေထက် ဝိညာဉ်ရေးရာ (spirituality) လမ်းစဉ်ကို ပိုမိုဆည်းပူးလိုကြပါတယ်။
​အိပ်မက်တွေ၊ နမိတ် တွေနဲ့ အာရုံခံစားမှုတွေကနေတစ်ဆင့် သတင်းအချက်အလက်တွေကို ရရှိတတ်ကြတဲ့သူတွေဖြစ်ပါတယ်။

​၅။ Lightworkers

ကမ္ဘာမြေကြီးကို ကုစားပေးဖို့၊ အမှန်တရားကို ဖြန့်ဝေဖို့နဲ့ အပြောင်းအလဲတွေကို ဖန်တီးပေးဖို့ ရောက်ရှိလာကြသူတွေဖြစ်ပါတယ်။

မူလဇစ်မြစ်: Starseeds အယူအဆနဲ့အတူ New Age လှုပ်ရှားမှုကနေ စတင်ပေါ်ပေါက်လာခဲ့တာပါ။ ကမ္ဘာကြီးရဲ့ "တုန်ခါမှုအဆင့်" (vibrational level) ကို မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ အယူအဆတစ်ခုပါ။

​ထူးခြားချက်: ​လူသားအားလုံးအတွက် အကောင်းဆုံးဖြစ်စေမယ့် အပြောင်းအလဲတွေကို ဖန်တီးပေးဖို့ ရည်မှန်းချက်ကြီးမားကြပါတယ်။
​ကုထုံးပညာရှင်၊ ဆရာဝန်၊ ဆရာ၊ အနုပညာရှင် စတဲ့ ကုစားပေးနိုင်တဲ့ အလုပ်တွေကို စိတ်ဝင်စားကြပါတယ်။
​လူတွေရဲ့ နာကျင်မှုနဲ့ ဒုက္ခတွေကို စာနာနားလည်ပြီး ကူညီပေးလိုစိတ်ရှိပါတယ်။
​သူတို့ဟာ ကြောက်ရွံ့မှုနဲ့ အဆိုးမြင်စိတ်တွေကို အလင်းရောင်နဲ့ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတယ်လို့ ယူဆကြပါတယ်။

​၆။ Creative Souls

သူတို့ရဲ့ခံစားချက်နဲ့ အတွေးတွေကို အနုပညာ၊ ဂီတ၊ စာပေ စတာတွေနဲ့ ထုတ်ဖော်ပြသသူတွေဖြစ်ပါတယ်။

​မူလဇစ်မြစ်: Plato လို ရှေးဟောင်းဒဿနပညာရှင်တွေရဲ့ "အနုပညာဟာ ဝိညာဉ်ရဲ့ဖော်ပြမှုဖြစ်တယ်" ဆိုတဲ့ အယူအဆတွေကနေ အခြေခံပါတယ်။ လူသားမျိုးနွယ်မှာ အနုပညာဟာ ရှေးကတည်းက တည်ရှိနေတဲ့ သဘောတရားတစ်ခုပါ။

​ထူးခြားချက်:သူတို့ဟာ ​အရာဝတ္ထုတွေကို မတူညီတဲ့ရှုထောင့်ကနေ မြင်နိုင်စွမ်းရှိပြီး အသစ်အဆန်းတွေကို ဖန်တီးလိုစိတ်ရှိပါတယ်။
​ကမ္ဘာကြီးကို သူတို့ရဲ့အမြင်နဲ့ ထိတွေ့ဖန်တီးချင်ကြတဲ့အတွက် စိတ်ကူးစိတ်သန်းတွေ အမြဲပြည့်နေတဲ့သူတွေပါ။
​တခြားသူတွေကို စိတ်အားတက်ကြွစေပြီး စိတ်ကူး
သစ်တွေ ပေးနိုင်စွမ်းရှိတဲ့သူတွေဖြစ်ပါတယ်။

​၇။ Warrior Souls

Karma (ကံတရား) စက်ဝန်းတွေကို ဖြတ်ကျော်ဖို့နဲ့ တခြားသူတွေကို ကာကွယ်ပေးဖို့ ရောက်ရှိလာတဲ့ စွမ်းအားကြီးမားတဲ့ ဝိညာဉ်တွေဖြစ်ပါတယ်။

မူလဇစ်မြစ်: ကမ္ဘာ့သမိုင်းတစ်လျှောက်မှာရှိခဲ့တဲ့ သူရဲကောင်းပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေကနေ ဆင်းသက်လာပါတယ်။ Carl Jung ရဲ့ "Hero" archetype နဲ့လည်း ဆက်စပ်မှုရှိပါတယ်။

​ထူးခြားချက်: ​ခေါင်းဆောင်ကောင်းတွေဖြစ်ပြီး မတရားမှုကို တွန်းလှန်ချင်စိတ်ရှိပါတယ်။
​သူတို့ဟာ စစ်တိုက်တာ ဒါမှမဟုတ် ပုန်ကန်တာ အဲ့လိုသဘောမျိုး မဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးရာ စိန်ခေါ်မှုတွေကို ရဲရင့်စွာရင်ဆိုင်နိုင်ကြတဲ့သူတွေပါ။
​တရားမျှတမှုအတွက် ရပ်တည်ပေးပြီး အားနည်းသူတွေကို ကာကွယ်ပေးလေ့ရှိပါတယ်။
​အခက်အခဲတွေကို အလွယ်တကူလက်မလျှော့ဘဲ ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ခွန်အားလည်းရှိပါတယ်။

​၈။ Twin Flame Souls

မူလက ဝိညာဉ်တစ်ခုတည်းဖြစ်ခဲ့ပြီး နှစ်ခြမ်းကွဲသွားတဲ့ ဝိညာဉ်တွေဖြစ်ပါတယ်။ နောက်ဘဝတွေမှာ ပြန်လည်ဆုံဆည်းဖို့နဲ့ အဆင့်အတန်းမြင့်တက်ဖို့ ကြိုးစားနေကြပါတယ်။

မူလဇစ်မြစ်: ရှေးဟောင်းဒဿနပညာရှင် Plato ရဲ့ "Symposium" စာအုပ်မှာ ဖော်ပြထားတဲ့ "ဝိညာဉ်နှစ်ခြမ်း" (two-halves of a soul) အယူအဆကနေ ဆင်းသက်လာပါတယ်။ New Age ယုံကြည်မှုတွေမှာ လူသိများလာပါတယ်။

​ထူးခြားချက်: ​​Twin Flame ဆက်ဆံရေးဟာ Romantic ဆန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေလည်း ဖြစ်နိုင်ပါတယ်။
​ဒီဆက်ဆံရေးက လူနှစ်ဦးစလုံးရဲ့ အားနည်းချက်တွေကို ပေါ်လွင်စေပြီး တစ်ယောက်နဲ့တစ်ယောက် ဝိညာဉ်ရေးရာ တိုးတက်အောင် ကူညီပေးပါတယ်။
​ဒီလိုဆက်ဆံရေးတွေဟာ စိန်ခေါ်မှုတွေ များပေမယ့် အဆင့်မြင့်တဲ့ ဝိညာဉ်ရေးရာနိုးထမှုကို ဖြစ်ပေါ်စေပါတယ်။

🔅 ​ဒီအယူအဆတွေဟာ သိပ္ပံနည်းကျ အထောက်အထားမရှိဘဲ ယုံကြည်မှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိရဲ့စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုမိုနားလည်နိုင်ဖို့အတွက် အပေါ်ကအချက်တွေက အထောက်အကူပြုနိုင်ပါတယ်။ သင့်ကိုယ်သင် ဘယ်ဝိညာဉ်အမျိုးအစားနဲ့ အနီးစပ်ဆုံးတူညီလဲဆိုတာကို စဉ်းစားကြည့်ခြင်းအားဖြင့် ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကို ပိုမိုပီပြင်စွာ မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

Moria°
25.8.25

Soft echoes of gratitude from a client’s reading. 🌸M°
25/08/2025

Soft echoes of gratitude from a client’s reading. 🌸

M°

25/08/2025

The Unseen Laws- သင့်ဘဝကို လျှို့ဝှက်စွာ ပုံဖော်နေတဲ့ စကြဝဠာရဲ့ စည်းမျဉ်းများ🌀

ဘဝဆိုတာ မြင်သာတဲ့ အရာတွေချည်းနဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝ၊ ကြုံတွေ့ရတဲ့ ကံကြမ္မာတွေ၊ ရရှိတဲ့ အောင်မြင်မှု ဒါမှမဟုတ် အခက်အခဲတွေအားလုံးဟာ "မမြင်နိုင်တဲ့ နိယာမများ" (The Unseen Laws) လို့ခေါ်တဲ့ နက်နဲတဲ့ စည်းမျဉ်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီနိယာမတွေကို "စိတ်ဝိညာဉ်ဆိုင်ရာ နိယာမများ" (Spiritual Laws) လို့လည်း ခေါ်ဆိုကြပြီး၊ ကျွန်မတို့ရဲ့ အတွေး၊ ခံစားချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေက စကြဝဠာထဲမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ပေးပြီး ကျွန်မတို့ဆီ ဘယ်လိုပြန်လာသလဲဆိုတာကို ရှင်းပြပေးနေပါတယ်။

ဒီနိယာမတွေဟာ လူတစ်ဦးတစ်ယောက်က သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ရှေးခေတ်ပညာရှိတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဝိညာဉ်ရေးရာ ကျွမ်းကျင်သူတွေက စကြဝဠာရဲ့ လည်ပတ်ပုံကို နှစ်ပေါင်းများစွာ လေ့လာရင်း ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ဥပမာ ဗုဒ္ဓဘာသာရဲ့ ကံတရား (Karma)၊ ဆွဲဆောင်မှုနိယာမ (Law of Attraction) စတဲ့ အယူအဆတွေဟာ ဒီနိယာမတွေရဲ့ အစိတ်အပိုင်းတွေပါပဲ။
ဒီမမြင်နိုင်တဲ့ နိယာမတွေကို နားလည်ပြီး လိုက်နာမယ်ဆိုရင် သင့်ဘဝကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ပုံဖော်နိုင်မှာပါ။ အဓိက နိယာမတွေကို မြင်အောင် ရှင်းပြရရင်–

၁။ အပြန်အလှန်တုံ့ပြန်မှု နိယာမ (Law of Reciprocity)

ဒီနိယာမက ပြောတာက: "သင်ပေးတဲ့အတိုင်း ပြန်ရမယ်။"

သင်ဟာ ပတ်ဝန်းကျင်ကို မေတ္တာ၊ ကူညီဖေးမမှု၊ ဒါမှမဟုတ် ကောင်းတဲ့ စွမ်းအင်တွေ ပေးလိုက်ရင်၊ အဲဒီအရာတွေဟာ အဆပေါင်းများစွာ တိုးပွားပြီး သင့်ဆီ ပြန်လည်ရောက်ရှိလာမှာပါ။ ဆန့်ကျင်ဘက်အနေနဲ့ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ လုပ်ရပ်တွေကလည်း သင့်ဆီကိုပဲ အဆိုးရလဒ်တွေ ပြန်ယူလာပါလိမ့်မယ်။ (ဥပမာ- စိုက်ပျိုးတဲ့မျိုးစေ့အတိုင်း ရိတ်သိမ်းရတာနဲ့ တူတူပါပဲ။)

၂။ အခွင့်အာဏာ နိယာမ (Law of Authority)

ဒီနိယာမက ပြောတာက: "သင့်ကိုယ်သင် တန်ဖိုးထားပြီး ကိုယ်ပိုင်အာဏာကို သိရင် ဘယ်သူမှ သင့်ကို မထိန်းချုပ်နိုင်ဘူး။"

ဆိုလိုတာက သင်ဟာ ကိုယ့်ရဲ့ တန်ဖိုး၊ အရည်အချင်းနဲ့ ကိုယ့်ဘာသာရပ်တည်နိုင်စွမ်းကို ရှင်းရှင်းလင်းလင်း သိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမယ်ဆိုရင်၊ ပြင်ပလွှမ်းမိုးမှုတွေ (လူတွေရဲ့ အကြံပေးမှု၊ အဆိုးမြင်စိတ်တွေ) က သင့်အပေါ် လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်သာ မရေမရာ၊ မခိုင်မာဖြစ်နေမယ်ဆိုရင်တော့ သင့်ဘဝကို တခြားသူတွေက လွယ်လွယ်နဲ့ ပုံသွင်းသွားနိုင်ပါတယ်။ (ဥပမာ- ခိုင်မာတဲ့ အုတ်မြစ်ရှိတဲ့ အိမ်တစ်လုံးကို လေပြင်းက လှုပ်လို့မရနိုင်သလိုပါပဲ။)

၃။ ပဲ့တင်ထပ်မှု နိယာမ (Law of Resonance)

ဒီနိယာမက ပြောတာက: "သင့်ရဲ့ အတွင်းစိတ်နဲ့ ကိုက်ညီတဲ့အရာတွေကိုပဲ သင်ဆွဲဆောင်တယ်။"

ကျွန်မတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေဟာ စွမ်းအင်လှိုင်းတွေလိုပါပဲ။ သင်က အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်တဲ့ စွမ်းအင်တွေကို ထုတ်လွှတ်နေရင်၊ အဲဒီလို အကောင်းမြင်တဲ့လူတွေ၊ အခွင့်အလမ်းတွေက သင့်ဆီ ရောက်လာပါလိမ့်မယ်။ အဆိုးမြင်စိတ်နဲ့ ပူဆွေးနေရင်တော့ အဲဒီလိုအရာတွေပဲ ပြန်ဆွဲဆောင်မိပါလိမ့်မယ်။ (ဥပမာ- ရေဒီယိုက လှိုင်းနှုန်းချင်းတူမှ သီချင်းသံ ကြားရသလိုပါပဲ။)

၄။ အချိန်အခါ နိယာမ (Law of Timing)

ဒီနိယာမက ပြောတာက: "အရာရာတိုင်းမှာ သူ့ရဲ့ သင့်တော်တဲ့အချိန် ရှိတယ်။"

တချို့သော ကိစ္စရပ်တွေ၊ အောင်မြင်မှုတွေဟာ သင်ဘယ်လောက်ကြိုးစား ကြိုးစား၊ ဘယ်လောက်ပဲလိုချင်နေပါစေ၊ သူ့ရဲ့ သင့်တော်တဲ့အချိန်အခါ ရောက်မှ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီနိယာမကို နားမလည်ဘဲ အတင်းအကျပ် အလျင်စလိုလုပ်မိရင် အဆင်မပြေတာ၊ နှောင့်နှေးတာ ဒါမှမဟုတ် ပိုဆိုးတဲ့ရလဒ်တွေ ကြုံရနိုင်ပါတယ်။ (ဥပမာ- အသီးတစ်လုံးဟာ အချိန်တန်မှ မှည့်သလိုမျိုးပါပဲ။)

၅။ ဝိညာဉ်ရေးရာ ကြွေးမြီ နိယာမ (Law of Spiritual Debt)

ဒီနိယာမက ပြောတာက: "မကောင်းတဲ့ လုပ်ရပ်တိုင်းမှာ အကြွေးတင်တယ်။"

ဆိုလိုတာက လိမ်တာ၊ ခိုးတာ၊ တခြားသူကို မတရားလုပ်တာလို မကောင်းတဲ့ လုပ်ရပ်တိုင်းဟာ "ကံကြမ္မာ အကြွေး" ဒါမှမဟုတ် "ဝိညာဉ်ရေးရာ အကြွေး" တစ်ခုကို ဖန်တီးပါတယ်။ ဒီအကြွေးကို မဆပ်မချင်း (နာကျင်မှု၊ နောင်တ ဒါမှမဟုတ် အခက်အခဲတွေနဲ့ ပြန်ပေးဆပ်ရတဲ့အထိ) သင့်ဘဝရဲ့ ကောင်းမွန်တဲ့ စီးဆင်းမှုကို ပိတ်ဆို့ထားပါလိမ့်မယ်။ (ဥပမာ- ပိုက်ဆံချေးပြီး ပြန်မဆပ်ရင် ဒုက္ခရောက်ရသလိုမျိုးပါပဲ။)

၆။ ဝင်ရောက်ခွင့် နိယာမ (Law of Access)

ဒီနိယာမက ပြောတာက: "သင့်ရဲ့ မြင့်မြတ်တဲ့အရာတွေကို မလိုအပ်တဲ့သူတွေနဲ့ မမျှဝေပါနဲ့။"

သင့်ရဲ့ အတွင်းစိတ်ငြိမ်းချမ်းမှု၊ ကိုယ်ပိုင်စွမ်းအင်၊ ဝိညာဉ်ရေးရာ လမ်းကြောင်း ဒါမှမဟုတ် လျှို့ဝှက်အသိပညာတွေကို မထိုက်တန်တဲ့သူတွေ၊ အဆိုးမြင်သူတွေနဲ့ အလွယ်တကူ မျှဝေခြင်းဟာ သင့်အပေါ် မကောင်းတဲ့ စွမ်းအင်တွေ ဝင်ရောက်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အတွင်းပိုင်းလုံခြုံမှုကို အမြဲကာကွယ်ပါ။ (ဥပမာ- တန်ဖိုးကြီးပစ္စည်းကို သူခိုးလက်ထဲ အပ်သလိုမျိုး မဖြစ်စေနဲ့။)

၇။ မြင့်မြတ်သော ဖလှယ်မှု နိယာမ (Law of Sacred Exchange)

ဒီနိယာမက ပြောတာက: "ဘာကိုပဲ လိုချင်လိုချင်၊ ကိုယ်တိုင်လည်း ပြန်ပေးဆပ်မှုတစ်ခုခု လုပ်ရမယ်။"

စကြဝဠာဆီကနေ ကောင်းချီးမင်္ဂလာ၊ လိုအင်ဆန္ဒ ဒါမှမဟုတ် အကူအညီတစ်ခုခုကို သင်တောင်းဆိုတဲ့အခါ၊ သင်ကိုယ်တိုင်ကလည်း ပြန်လည်ပေးဆပ်မှုတစ်ခုခု လုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ပိုက်ဆံချည်းပဲ မဟုတ်ပါဘူး။ စေတနာသန့်သန့်နဲ့ ဆုတောင်းပေးတာ၊ လှူဒါန်းတာ၊ အချိန်ပေးပြီး ဝန်ဆောင်မှုပေးတာ ဒါမှမဟုတ် အမှန်တရားကို မျှဝေတာ စတဲ့ ပေးဆပ်မှုမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ အပေးအယူမျှတမှ သင့်ဆီ ကောင်းတာတွေ စီးဆင်းလာပါလိမ့်မယ်။ (ဥပမာ- ဘဏ်ထဲကို ငွေထည့်မှ ပြန်ထုတ်လို့ရသလိုမျိုးပါပဲ။)

၈။ ဝှက်ထားသော မျက်စိ နိယာမ (Law of Hidden Eyes)

ဒီနိယာမက ပြောတာက: "သင်လုပ်သမျှ၊ တွေးသမျှ အရာအားလုံးကို စကြဝဠာက မြင်နေတယ်။"

ဘယ်သူမှ မမြင်ဘူး မသိဘူးလို့ ထင်ရတဲ့အချိန်မှာတောင် သင့်ရဲ့ အတွေး၊ စကားနဲ့ လုပ်ရပ်တိုင်းဟာ စကြဝဠာထဲမှာ မှတ်တမ်းတင်ခံရပြီး ပဲ့တင်ထပ်နေပါတယ်။ အကောင်းအဆိုးမရွေး၊ သင်ပြုမူသမျှရဲ့ အကျိုးဆက်တွေက သင့်ဆီကို ပြန်လာပါလိမ့်မယ်။ ဒါကြောင့် သင်တစ်ယောက်တည်း ရှိနေချိန်မှာတောင် ကောင်းတဲ့အရာတွေကိုပဲ လုပ်ဆောင်ဖို့၊ ကောင်းတဲ့အတွေးတွေကိုပဲ တွေးဖို့ အရေးကြီးပါတယ်။ (ဥပမာ- CCTV ကင်မရာက အမြဲစောင့်ကြည့်နေသလိုမျိုးပါပဲ။)

🔅 ဒီနိယာမတွေကို နားလည်ပြီး နေ့စဉ်ဘဝမှာ အသုံးချမယ်ဆိုရင် သင့်ရဲ့ ကံကြမ္မာကို သင်ကိုယ်တိုင် ပိုမိုကောင်းမွန်စွာနဲ့ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

Moria || 16.7.25

25/08/2025

🌌 You Are The Universe — ဘယ်လိုနည်းနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးမလဲ?

ဘဝမှာ သင်လိုချင်တာတွေ၊ အောင်မြင်ချင်တာတွေ ရှိပါသလား။ သင့်စိတ်ထဲမှာ "ငါ့အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်" လို့ ထပ်ခါထပ်ခါတွေးမိပါသလား။အဲဒီလို မေးခွန်းတွေဟာ စကြဝဠာနဲ့ ချိတ်ဆက်ဖို့ သင့်စိတ်က ပေးတဲ့ အချက်ပြချက်တွေသာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ – စကြဝဠာဆိုတာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင့်ရဲ့အတွေး၊ စိတ်ခံစားမှု၊ လုပ်ဆောင်မှုတိုင်းဟာ စကြဝဠာနဲ့ တစ်ခုတည်းဖြစ်နေတာပါ။သင်အတွေးထဲမှာ ထားရှိတဲ့အရာကပဲ သင့်ဘဝမှာ ဖြစ်ပေါ်လာတာပါ။ဒါကြောင့် သင့်ရဲ့ အတွေးတစ်ချက်၊ စိတ်လှုပ်ရှားမှုတစ်ရပ်ကိုပင် တန်ဖိုးထားပြီး စွမ်းအင်ကောင်းတွေနဲ့ ပံ့ပိုးဖို့ အချိန်ရောက်နေပါပြီ။

🌀 ဒီနေရာမှာ စကြဝဠာနဲ့ ကိုယ်တိုင်ချိတ်ဆက်ပြီး ကိုယ့်ဘဝကို ဖန်တီးဖို့ နည်းလမ်း (၁၀) ချက်ကို မျှဝေပေးချင်ပါတယ်..

၁။ ရရှိပြီးပြီဟု ယုံကြည်ပါ
သင်အမှန်တကယ်လိုချင်တဲ့အရာတွေကို "ငါရရှိပြီးပြီ" ဆိုတဲ့ စိတ်ခံစားမှုနဲ့ ပြည့်ဝစွာ ယုံကြည်ပါ။ စကြဝဠာကြီးက သင့်ရဲ့ "ယုံကြည်မှု" ကို အမြဲတမ်း ကြားနေ၊ သိနေပါတယ်။

၂။ မလိုချင်တာကို မစဉ်းစားပါနဲ့
သင့်စိတ်ထဲမှာ ငွေမရှိတာထက် ငွေရှိနေတဲ့ပုံစံကို စဉ်းစားပါ။ သင်အာရုံစိုက်တဲ့အရာက ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ်။

၃။ အကောင်းမြင်စွမ်းအင်နဲ့ နေထိုင်ပါ
သင့်ရဲ့ စိတ်ဓာတ်တွေက အနာဂတ်ပုံစံကို ဆွဲဆောင်နေပါတယ်။ ကျေးဇူးတင်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ရှင်သန်ပါ။

၄။ ယခုကာလနဲ့အတူ နေထိုင်ပါ
စကြဝဠာက "အနာဂတ်" ကို မသိပါဘူး။ "ငါ ဖြစ်နေပြီ" ဆိုတဲ့ ပစ္စုပ္ပန်ကာလ ခံစားချက်ကသာ အရေးကြီးပါတယ်။

၅။ Affirmation ရှင်သန်မှုနဲ့ ပြောဆိုပါ
"ငါရရှိပြီးပြီ" ဆိုတဲ့ စကားလုံးတွေနဲ့ မနက်တိုင်း စတင်ပါ။ ဤအတည်ပြုချက်များက သင့်စိတ်ကို ခိုင်မာစေပါတယ်။

၆။ ပုံဖော်ပါ၊ ခံစားပါ
သင့်ရဲ့အိမ်၊ အလုပ်၊ ဆန္ဒတွေကို စိတ်ထဲမှာ ချည်းမြင်တင်မထားဘဲ အမှန်တကယ်ရရှိနေသလို ခံစားကြည့်ပါ။ စိတ်ကူးနဲ့ မြင်ယောင်ခြင်း (Visualize) က အရေးကြီးပါတယ်။

၇။ ကိုယ့်စိတ်အတွင်းကို နားထောင်ပါ
သင့်ရဲ့ Intuition နဲ့ Gut Feeling (အတွင်းစိတ် ခံစားချက်) တွေဟာ သင့်အတွက် လမ်းညွှန်ချက်တွေပါ။ သင့်ခံစားချက်က "မှန်ကန်တဲ့လမ်း" ကို ပြောပြနေပါတယ်။

၈။ ပျော်ရွှင်မှုကို လိုက်နာပါ
သင့်စိတ်ကို ကောင်းမွန်ပျော်ရွှင်စေတဲ့အရာတွေကို လိုက်နာလုပ်ဆောင်ပါ။ ဒါတွေကပဲ သင့်ရဲ့ Soul Alignment (ဝိညာဉ်ရဲ့ လမ်းကြောင်းမှန်) ကို ဦးတည်စေပါတယ်။

၉။ ကိုယ့်ဖြစ်ချင်တဲ့ ပုံရိပ်ကို အာရုံစိုက်ပါ
သင်ဖြစ်ချင်တဲ့ အနာဂတ်ပုံစံကို စိတ်ထဲမှာ တည်ဆောက်ပြီး ယခုကတည်းက အဲဒီပုံရိပ်အတိုင်း ပုံဖော်နေထိုင်ပါ။

၁၀။ သင်သည် စကြဝဠာဖြစ်သည်
သင့်ကိုယ်သင် စကြဝဠာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြင်ပါ။ သင့်ရဲ့စွမ်းအင်ကပဲ သင့်အနာဂတ်ဖြစ်စဉ်တွေဖြစ်တဲ့ ငွေကြေး၊ ဆန္ဒ၊ အောင်မြင်မှုတွေကို ဖန်တီးနိုင်စွမ်းရှိပါတယ်။

တကယ်တော့ Universe သင့်ကို ချစ်ပါတယ်။ သင့်အထဲမှာပဲ အားလုံးရှိပြီးသားပါ။
ယနေ့ကစပြီး သင့်စိတ်ထဲက အကြောင်းအရာတွေကို ဂရုပြုပြီး သင့်ဘဝကို ပြန်လည်ဖန်တီးပါ။
"သင်က စကြဝဠာပဲ၊ ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးနိုင်သူပဲ ဖြစ်တယ်" ဆိုတာကို အမြဲသတိပြုပါ။
ယခုမှစတင်၍ သင်၏ဆန္ဒနှင့်အညီ ဘဝတစ်ခုကို ဖန်တီးလိုက်ပါ။💫

Moria ☽
9 June 2025

A soul recognizes another soul — thank you again 🧿🌿M°
24/08/2025

A soul recognizes another soul — thank you again 🧿🌿

M°

Address

Ahlone

Website

Alerts

Be the first to know and let us send you an email when Moria Soulspace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram