ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Amarapura
  • ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး Win Specialist Clinic & Diagnostic Center

ဝင်း "အထူးကု ​ဆေးခန်းတွင် ကာကွယ်​ဆေးမျိုးစုံ                 ✅️  ရာသီတုပ်​ကွေး ကာကွယ်​ဆေး flu vaccine          ✅️ သားအိမ...
25/06/2025

ဝင်း "အထူးကု ​ဆေးခန်းတွင် ကာကွယ်​ဆေးမျိုးစုံ

✅️ ရာသီတုပ်​ကွေး ကာကွယ်​ဆေး flu vaccine
✅️ သားအိမ်​ခေါင်း ကငိဆာ ကာကွယ်​​ဆေး
✅️အသည်း​ယောင် အသား၀ါ ဘီပိုး ကာကွယ်​ဆေး
✅️ အသည်း​ယောင် အသားဝါ A ပိုး ကာကွယ်​ဆေး
✅️မေးခိုင်ကာကွယ်​​ဆေး
✅️​ ခွေးရူးပြန် ကာကွယ်​ဆေး
✅️ Covid ကာကွယ်​ဆေး
✅️.​သွေးလွန်တုပ်​ကွေး ကာကွယ်​ဆေး..အစရှိသည်တို့ ထိုးနှံနိုင်ပါပြီ ရှင်

​ဆေးခန်းတွင် ✨️Cold chain , ​ဆေးQualityမှန်, ​
စျေးမှန် များဖြင့် အထူးကု ဆရာ၀န်များကိုယ်တ်ုင် ထိုး​ပေး​သော​ကြောင့် အထူးစိတ်ချယုံကြည်စွာ ထ်ုးနှံလို့ရပါပြီ 😊

ဆေးခန်းဖွင့်ချိန်⏰~~မနက် ၇နာရီမှ နေ့လည် ၁၂နာရီ
နေ့လည် ၃နာရီမှ ည ၇နာရီ

♦ဆေးခန်းလိပ်စာ~~နန်းရတနာစျေးအနောက်တောင်
၊အာရှဘဏ်လမ်း၊နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်၊
အမရပူရမြို့

☎09 760288774 ​
ဆေးလာမထိုးမှီ phကြိုတင်ဆက်သွယ်bookingယူ​ပေးပါရန်




#ရာသီတုပ်ကွေးကာကွယ်ဆေး

ဝင်း "အထူးကု ​ဆေးခန်းတွင် ကာကွယ်​ဆေးမျိုးစုံ                 ✅️  ရာသီတုပ်​ကွေး ကာကွယ်​ဆေး flu vaccine          ✅️ သားအိမ...
07/03/2025

ဝင်း "အထူးကု ​ဆေးခန်းတွင် ကာကွယ်​ဆေးမျိုးစုံ

✅️ ရာသီတုပ်​ကွေး ကာကွယ်​ဆေး flu vaccine
✅️ သားအိမ်​ခေါင်း ကငိဆာ ကာကွယ်​​ဆေး
✅️အသည်း​ယောင် အသား၀ါ ဘီပိုး ကာကွယ်​ဆေး
✅️ အသည်း​ယောင် အသားဝါ A ပိုး ကာကွယ်​ဆေး
✅️မေးခိုင်ကာကွယ်​​ဆေး
✅️​ ခွေးရူးပြန် ကာကွယ်​ဆေး
✅️Covid ကာကွယ်​ဆေး ...အစရှိသည်တို့ ထိုးနှံနိုင်ပါပြီ ရှင်

​ဆေးခန်းတွင် ✨️Cold chain , ​ဆေးQualityမှန်, ​စျေးမှန် များဖြင့် အထူးကု ဆရာ၀န်များကိုယ်တ်ုင် ထိုး​ပေး​သော​
ကြောင့် အထူးစိတ်ချယုံကြည်စွာ ထ်ုးနှံလို့ရပါပြီ 😊

ဆေးခန်းဖွင့်ချိန်⏰~~မနက် ၇နာရီမှ နေ့လည် ၁၂နာရီ
နေ့လည် ၃နာရီမှ ည ၇နာရီ

♦ဆေးခန်းလိပ်စာ~~နန်းရတနာစျေးအနောက်တောင်
၊အာရှဘဏ်လမ်း၊နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်၊
အမရပူရမြို့

☎09 760288774 ​ဆေးလာမထိုးမှီ phကြိုတင်ဆက်သွယ်bookingယူ​ပေးပါရန် 🩶




#ရာသီတုပ်ကွေးကာကွယ်ဆေး

💦  နှစ်စဉ်ထိုးနှံသင့်သော မိုးရာသီတုပ်ကွေးကာကွယ်ဆေး(၄)မျိုးစပ်💧💉WHO/CDC/FDA အသိအမှတ်ပြုကာကွယ်ဆေးVaxigrip Tetra 2025💉မိုးရ...
07/03/2025

💦 နှစ်စဉ်ထိုးနှံသင့်သော မိုးရာသီတုပ်ကွေးကာကွယ်ဆေး(၄)မျိုးစပ်💧💉

WHO/CDC/FDA အသိအမှတ်ပြုကာကွယ်ဆေး
Vaxigrip Tetra 2025💉

မိုးရာသီမတိုင်မှီထိုးနှံရသော ကာကွယ်ဆေးဖြစ်သော
ကြောင့်ကြိုတင်ကာကွယ်လိုသူများအတွက် အထူးသတင်းကောင်းပါးအပ်ပါသည်။

မိုးရာသီမရောက်မှီ ထိုးနှံထားပါမှ
မိုးရာသီတွင် ဖြစ်ပွါးတတ်သော (seasonal flu)
Covide-19 ကပ်ရောဂါနှင့်လက္ခဏာဆင်တူနိုင်သည့်
ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန်
ကာကွယ်ဆေးကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ပေးနိုင်သည်သာမက ဖြစ်ပွားလာပါကလည်းရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။

✳️ Vaxigrip Tetra 2025 ကတော့ အရှေ့တောင်အာရှမှာအဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးကို ကာကွယ်ပါသည်။

▫️A/H1 N1
▫️A/H3 N2
▫️B/Washington
▫️B/Phuket တို့ဖြစ်ပါသည်။

» ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို အသက်(၆)လအထက်မှ စတင်၍ထိုးနှံနိုင်ပါသည်။

» အောက်ပါသတ်မှတ်ချက်ရှိသူများမှာ ပုံမှန်လူများထက် ပိုမိုထိုးနှံသင့်ပါသည်။

- ကိုယ်ဝန်ဆောင်မိခင်များ
- အသက်(၆) လမှ(၅)နှစ်အထိကလေးများ
- သက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
- နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့) ဖြစ်ပါသည်။

*အသက်(၉)နှစ်အောက်ကလေးများတွင် ယခင်ကထိုးခဲ့ဘူးပါက (၁)လုံးသာထိုးရန်လိုအပ်ပါသည်။

*ယခင်ကထိုးခဲ့ဘူးခြင်းမရှိပါက ပထမအကြိမ်(၁)လုံးထိုးပြီး တစ်လအကြာတွင်နောက်ထပ်(၁)လုံး ထပ်မံထိုးရန်လိုအပ်ပါသည်။

*အသက်(၉)နှစ်အထက်ဆိုပါက(၁)လုံးသာထိုးရန်
လိုအပ်ပါသည်။



#ရာသီတုပ်ကွေးကာကွယ်ဆေး
#မိုးရာသီတုပ်ကွေးကာကွယ်ဆေး





#တုပ်ကွေး
#တုပ်ကွေးကာကွယ်ဆေး

07/03/2025

Hepatitis A vaccine
အသည်းရောင်အသားဝါ A ပိုး ကာကွယ်ဆေး
ထိုးလို့ရပါတယ်ရှင်။ 💉💉💉........................................................................
အသည်းရောင်အသားဝါ " အေ" ရောဂါနှင့် ပတ်သက်၍ အမေးများသည့် မေးခွန်းများ
-------------------------------------------
ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

(၁) အိမ်မှာ အသည်းရောင်အသားဝါ အေရောဂါတစ်ယောက်ဖြစ်ရင် အိမ်သားတွေကို ကူးနိုင်ခြေ ရှိပါသလား၊ တစ်အိမ်ထဲနေသူတွေက ဘယ်လိုကာကွယ်ရမလဲ ဆရာ။ ?
ကူးစက်တဲ့ နည်းလမ်းက ပိုးပါတဲ့ မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေကို စားသောက်မိလို့ပါ။
အိမ်မှာ ရောဂါပိုးရှိသူရှိရင် ရောဂါပိုးရှိသူက စွန့်ထုတ်လိုက်တဲ့ မစင်ထဲမှာ အသည်းရောင်အသားဝါ အေပိုး အများကြီး ပါသွားတယ်။ ဒီတော့ ရောဂါပိုးရှိသူ အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ လက်ကို စနစ်တကျမဆေးရင် ဗိုင်းရပ်စ်ပိုး ကပ်နေတဲ့ လက်နဲ့ ထိတွေ့တဲ့အရာတွေကို အိမ်သူအိမ်သားတွေက ကိုင်ပြီး လက်သေချာမဆေးဘဲ အစားအသောက် စား မယ်ဆိုရင် ကူးစက်နိုင်ပါတယ်။ ကူးစက်တဲ့နည်းကို ကာကွယ်ဖို့ဆိုရင် ရောဂါပိုးရှိသူ အိမ်သာတက်ပြီးတဲ့အခါ လက်ကို စနစ်တကျ ဆပ်ပြာနဲ့ သေချာဆေးရင် အိမ်သူအိမ်သားတွေကို ကူးစက်နိုင်တဲ့ ရာခိုင်နှုန်း အလွန်နည်းသွားပါမယ်။
မစင်ကနေ ပါတဲ့ အသည်းအရောင်အသားဝါအေပိုးတွေက အပြင်မှာ လနဲ့ချီပြီး အသက်ရှင်နိုင်တယ်။ အထူးသဖြင့် ရေဆိုးတွေထဲမှာ ရှိနေနိုင်တော့ ကိုယ်ဝယ်လာတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတာတွေမှာ မသန့်တဲ့ရေနဲ့ ထိတွေ့ထားမယ်ဆိုရင် အဲဒါကို သေချာမဆေးကြောမိဘဲ ချက်မိတာ၊ သေချာကျက်အောင် မချက်မိတာတို့ဆိုရင် အဲဒါကို စားမိရင်းနဲ့ ကူးနိုင်ပါတယ်။ ရေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရေတွင်းရေကန်သုံးတဲ့သူတွေက ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။ စနစ်တကျ ကျိုချက်ပြီး သောက်ဖို့ လိုအပ်ပါတယ်။
နောက်တစ်ခုက ရောဂါပိုးရှိနေသူနဲ့ Oral S*x, A**l S*x ဆက်ဆံရာကနေ ကူးနိုင်တာကိုလည်း သတိ ထားရပါမယ်။

(၂) အသည်းရောင်အသားဝါ အေရောဂါက တစ်ခါ ဖြစ်ပြီးရင် ပြန်ဖြစ်တတ်ပါသေးသလား ဆရာ။ ?
အသည်းရောင်အသားဝါ အေရောဂါက ကာကွယ် ဆေးထိုးထားရင်ဖြစ်ဖြစ်၊ ရောဂါတစ်ခါဖြစ်ပြီးရင်ဖြစ်ဖြစ် တစ်သက်လုံး ကိုယ်ခံအားရတယ်လို့ ဆိုပါတယ်။ တိတိကျကျလေ့လာမှုအရ နှစ်ပေါင်း ၁၁ နှစ်ကနေ ၂၅နှစ်ကျော်လောက်အထိ ကာကွယ်တဲ့ ဓာတ်တွေ ရှိတယ်၊ ပြန်ပြီး ကူးစက်မှုမရှိဘူးလို့ တွေ့ရှိထားပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ တစ်ခါဖြစ်ပြီးသားသူတွေက နောက်ထပ်မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။
အသည်းရောင်အသားဝါ အေရောဂါက ကာကွယ် ဆေးရှိပါတယ်။ ကလေးတွေက စပြီး ထိုးလို့ရပါတယ်။
တစ်နှစ်နဲ့ နှစ်နှစ်ကြားထဲမှာ ကာကွယ်ဆေး နှစ်လုံး ထိုးရပါတယ်။ ကာကွယ်ဆေးတစ်လုံးနဲ့ တစ်လုံးကြား ၆လကနေ တစ်နှစ်ခွဲအတွင်း ခြားလို့ရပါတယ်။ စစချင်းထိုးတယ်၊ နောက်ခြောက်လနေရင် ဒုတိယတစ်လုံး ထိုးတယ်ဆိုရင် ကာကွယ်ပြီး ဖြစ်ပါတယ်။
အပြင်စာစားသောက်နေတဲ့ ဆယ်ကျော်သက်တွေမှာတော့ အသည်းရောင်အသားဝါ အေပိုးက ဝင်ခဲ့ရင် ဝင်တဲ့သူ ရဲ့ ၁၀ ယောက်မှာ တစ်ယောက်ပဲ အသည်းရောင်အ သားဝါ အေရောဂါ ဖြစ်ပါတယ်။ ကျန်တဲ့ ၉ယောက်က မဖြစ်ဘဲ ကိုယ်ခံစနစ်ထွက်ပေါ်နေတာ တွေ့ရပါတယ်။ ကျောင်းတက်၊ အလုပ်လုပ်ဖို့ ဆေးစစ်တဲ့အခါ တစ်ခါမှ ရောဂါလက္ခဏာမပြခဲ့ဘဲနဲ့ အသည်းရောင် အသားဝါအေရဲ့ ကိုယ်ခံစနစ် (Immunity) ကို စစ်လိုက်ရင် အင်တီဘော်ဒီရှိနေတာကို တွေ့ရပါတယ်။ ဒီလိုလူတွေမှာ ကြီးလာတဲ့အခါ အသည်းရောင် အသားဝါ အေရောဂါဖြစ်ဖို့ ရာခိုင်နှုန်း နည်းသွားပါတယ်။

(၃) အသည်းရောင်အသားဝါ အေရောဂါအဖြစ်များတဲ့နေရာကို မသွားခင် ကာကွယ်ဆေးကို ဘယ်လောက်ကြိုထိုးသင့်ပါသလဲ ဆရာ။?
အသည်းရောင်အသားဝါ အေရောဂါအဖြစ်များတဲ့ နေရာကို မသွားခင် ကာကွယ်ဆေးကို နှစ်ပတ်ကြိုတင်ထိုးထားသင့်ပါတယ်။ ဒါဆိုရင် ကာကွယ်နိုင်မှု စွမ်းအားရရှိမှာ ဖြစ်ပါတယ်။

(၄) အသည်းရောင်အသားဝါ အေရောဂါအတွက် ဆေးကုပြီးရင် မျက်စိဝါတာ ပျောက်သွားမှာလား ဆရာ။ ?
ဒီတစ်လအတွင်း အသည်းရောင် အသားဝါအေရောဂါဖြစ်သူ လူနာ ၅-၆ ယောက်လောက် ဆရာ့ဆီ လာပြနေတာ ရှိပါတယ်။ သူတို့က စစချင်း ငွေ့ငွေ့လေး ဖျားတယ်၊ မအီမသာဖြစ်တယ်၊ အစားအသောက် ပျက်တယ်ဆိုပြီး လာပြတာပါ။ ရိုးရိုးတုပ်ကွေးလား ဆိုပြီး စစ်လိုက်တဲ့အခါ အသည်းအင်ဇိုင်းတွေက ထောင်နဲ့ချီပြီး တက်နေတာ တွေ့ရပါတယ်။ ဒါနဲ့ အသည်းရောင်အသားဝါအေပိုးရဲ့ ကိုယ်ခံစနစ်(IgM) ကို ထပ်မံစစ်လိုက်တဲ့အခါ Positive ဖြစ်နေတာ တွေ့ ရပါတယ်။ ဖျားပြီး တစ်ပတ်လောက်မှာ ဘီလီရူဘင် နည်းနည်းတက်ပြီး မျက်စိဝါစ ပြုလာပါတယ်။ ဆီးအရောင်ရင့်ပြီး တချို့သူတွေမှာ ဝမ်းအရောင်ဖျော့သွားတယ်၊ ဖြူသွားပါတယ်။ ဘယ်တော့မှ ဝါတာ လျော့လဲဆိုတော့ ၂ပတ်နဲ့ ၄ပတ်အရောက်မှ မျက် စိဝါတာ ဖြည်းဖြည်းချင်းလျော့ပါတယ်။ ဒါကြောင့် အသည်းရောင် အသားဝါ အေရောဂါဖြစ်နေတဲ့အချိန်မှာ အသည်းကို အနားပေးသလို လူကိုလည်း အနားပေးရပါတယ်။ ရေများများ သောက်ပေးဖို့ လိုပါတယ်။ အဆီချေဖျက်နိုင်မှု ကျဆင်းတဲ့အတွက် အဆီပါတဲ့အစာတွေကို လျှော့စား၊ ရှောင်စားရပါတယ်။ အရက်နဲ့ အသည်းထိခိုက်နိုင်တဲ့ ဆေးဝါးတွေကို မသောက်ရပါဘူး။

14/03/2024

ကိုဗစ် ကာကွယ်ဆေးများ
ထိုးနှံနိုင်ပါသည်
Vaccination Card
ပေးပါတယ် ☑

👨‍⚕️👩‍⚕️' ဝင်း ' က​လေး အထူးကု​ ဆေးခန်း 🧑‍⚕️👩‍⚕️ဆေးခန်းဖွင့်ချိန်⏰~~မနက် ၇နာရီခွဲမှ    နေ့လည် ၁၂နာရီ                     ...
31/01/2024

👨‍⚕️👩‍⚕️' ဝင်း ' က​လေး အထူးကု​ ဆေးခန်း 🧑‍⚕️👩‍⚕️

ဆေးခန်းဖွင့်ချိန်⏰~~မနက် ၇နာရီခွဲမှ နေ့လည် ၁၂နာရီ
နေ့လည် ၃နာရီမှ ည ၇နာရီ
(ပိတ်ရက်မရှိ)

♦ဆေးခန်းလိပ်စာ~~နန်းရတနာစျေး အနောက်တောင်
၊အာရှဘဏ်လမ်း​ပေါ် ၊နန်းတော်ရာစံပြကွက်သစ်၊
မှန်တန်းရပ်၊ အမရပူရမြို့

☎09 760288774

#ဝင်းကလေးအထူးကု
#ဝင်းဆေးခန်း #အမရပူရ

ဝင်း အထူးကုဆေးခန်း တွင် ကာကွယ်ဆေးများ ကို✅ စျေးမှန်✅ Qualityမှန်✅ Cold Chain စိတ်ချစွာဖြင့်  ထိုးနှံနိုင်ပါသည် 📍သားအိမ်ခ...
31/01/2024

ဝင်း အထူးကုဆေးခန်း တွင် ကာကွယ်ဆေးများ ကို
✅ စျေးမှန်✅ Qualityမှန်
✅ Cold Chain စိတ်ချစွာဖြင့် ထိုးနှံနိုင်ပါသည်

📍သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး
📍 ကိုဗစ် ရောဂါကာကွယ်ဆေးများ (Covidshield /Covaxin)
📍 ရာသီတုပ်ကွေးကာကွယ်ဆေး (Vexagrip)
📍ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ
📍အသည်းရောင် အသားဝါဘီ ပိုး ကာကွယ်ဆေးများ
📍​မေးခိုင် ကာကွယ်​ဆေး

ဆေးခန်း လိပ်စာ⏭
အာရှလဏ်လမ်း ၊နန်းတော်ရာစံပြကွက်သစ်၊နန်းရတနာစျေး အနီး၊ မှန်တန်းရပ်၊အမရပူရမြို့

ဆေးခန်းအချိန်⏰ မနက် ၇နာရီမှ နေ့လည်၁၂နာရီ
ညနေ ၃နာရီမှ ည ၇နာရီထိ
(ပိတ်ရက်မရှိ)

☎09 760288774


#ဝင်းကလေးအထူးကု #ဝင်းဆေးခန်း #အမရပူရ #ကာကွယ်ဆေး



ကလေးငယ်များ ကိုယ်ခံစွမ်းအားကောင်းစေနိုင်သောနည်းလမ်းများ - (၁) ကိုယ်ဝန်ဆောင်ဘဝမှာ သင့်တင့်မျှတသောအာဟာရကိုစားသုံးပါ။ မိခင်...
31/01/2024

ကလေးငယ်များ ကိုယ်ခံစွမ်းအားကောင်းစေနိုင်သောနည်းလမ်းများ -

(၁) ကိုယ်ဝန်ဆောင်ဘဝမှာ သင့်တင့်မျှတသောအာဟာရကိုစားသုံးပါ။ မိခင်အတွက် လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံပါ။ မိခင်ရဲ့အချင်းကနေတဆင့် သန္ဓေသားအတွက် လိုအပ်တဲ့ကိုယ်ခံစွမ်းအားများရောက်ရှိနိုင်ပါတယ်။

(၂) မိခင်နို့တစ်မျိုးတည်းကို ခြောက်လအထိတိုက်ကျွေးပါ။ မိခင်ကိုယ်တိုင်လည်း သင့်တင့်မျှတသောအာဟာရကိုစားသုံးပါ။မိခင်နို့ရည်ကတဆင့်လည်း အဖိုးတန်တဲ့ကိုယ်ခံစွမ်းအားများရရှိပါတယ်။

(၃) ကလေး ကာကွယ်ဆေးများပုံမှန်ထိုးနှံပါ။ မွေးကင်းစမှစ၍ပုံမှန် ကာကွယ်ဆေးများကိုထိုးနှံသင့်ပါတယ်။ တုတ်ကွေးကာကွယ်ဆေးကိုလည်းနှစ်စဉ်ထိုးသင့်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါနဲ့ နာတာရှည်ရောဂါရှိနေတဲ့ကလေးတွေ တုပ်ကွေးကာကွယ်ဆေးထိုးနှံသင့်ပါတယ်။

(၄) အိပ်ရေးဝဝအိပ်ပါ။
ကိုယ်ခံအားကောင်းဖို့အတွက်ကလေးများသည် သူ့အသက်အရွယ်အလိုက်အိပ်သင့်တဲ့အချိန်အတိုင်းအိပ်ဖို့လိုပါတယ်။
အသက် ၅ နှစ်အောက် ကလေးများအတွက် အနည်းဆုံး ၁၀ နာရီနဲ့ ၅နှစ်အထက် ကလေးများအတွက် ၉နာရီခန့် အိပ်ချိန်ရှိသင့်ပါတယ်။

(၅) သင့်တင့်မျှတတဲ့အာဟာရကိုမှီဝဲပါ။
ကိုယ်ခံစွမ်းအားကောင်းဖို့အတွက်အာဟာရကနေရရှိတဲ့ ဗီတာမင်များသည်လည်းအရေးကြီးပါတယ်။ မျှတပြီး အာဟာရပြည့်ဝတဲ့အသားငါး၊ အသီးအနှံ၊ အစေ့အဆံ စသည်တို့ကိုစားသုံးသင့်သလို အစားအသောက်သန့်ရှင်းလတ်ဆတ်ရပါမယ်။ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ မဖြစ်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အာဟာရ မပြည့်စုံလျှင်/ ကလေးက မစားလျှင် ပုံမှန်လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ ပုံမှန် ကလေးအားဆေးများ တိုက်ကျွေးပါ။

(၆) လက်ဆေးပါ။
နှာစေးချောင်းဆိုးပြီး၊အိမ်သာတက်ပြီး၊အပြင်ကပြန်လာပြီး စတဲ့အချိန်တွေမှာ စနစ်တကျလက်ဆေးတတ်ရန်သင်ပေးပါ။

(၇) မလိုအပ်တဲ့ စိုးရိမ်သောက၊ ပင်ပန်းမှုတွေကိုလျှော့ချပေးပါ။
ဥပမာ - ကျောင်းစာ၊ ကျူရှင်စာများနှင့် တနေကုန် လုံးပန်းနေရခြင်းမျိုးပါ။

(၈) ပုံမှန်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။ ပုံမှန်ကစားချိန်ပေးပါ။

(၉)ရောဂါပိုးတွေအလွယ်တကူ ဝင်ရောက်နိုင်တဲ့ အခြေအနေများ (ဥပမာ - လူထူထပ်တဲ့နေရာ၊ မသန့်တဲ့အစားအသောက်) ကို ရှောင်ကြဉ်ပါ။ ကျောင်းတက်နေသောကလေးများသည် စာသင်ခန်းကျဉ်းလေးအတွင်း အချင်းချင်းကူးစက်မှုမြန်ဆန်သဖြင့် ခဏခဏပို၍ နေမကောင်းဖြစ်တတ်ပါတယ်။ ထို့ကြောင့် ကလေးတစ်ယောက်နေမကောင်းဖြစ်လျှင် ကျောင်းမလွှတ်သင့်ပါ။

မိဘများအနေနဲ့ ဒီနည်းလမ်းတွေကို စောစောစီးစီးထဲက စနစ်တကျ ပုံမှန် လိုက်နာကျင့်သုံးမယ်ဆိုရင်ကလေးတစ်ယောက်ရဲ့ရှိသင့်ရှိထိုက်တဲ့ကိုယ်ခံစွမ်းအားရှိနေမှာပါ။
crd Dr Kyaw Lin

👩‍⚕️👨‍⚕️   ဝင်း   အထူးကု ​ဆေးခန်း   🧑‍⚕️👩‍⚕️နယ်​ဝေး နယ်နီးမှ ​ဆွေမျိုးများရှင့် ......ကျန်းမာ​ရေး နှင့်ပတ်သက်​သော ​ဆွေး​...
30/01/2024

👩‍⚕️👨‍⚕️ ဝင်း အထူးကု ​ဆေးခန်း 🧑‍⚕️👩‍⚕️

နယ်​ဝေး နယ်နီးမှ ​ဆွေမျိုးများရှင့် ......
ကျန်းမာ​ရေး နှင့်ပတ်သက်​သော ​ဆွေး​နွေး ကုသမှု့များ ၊​
အကြံဥာဏ်များယူခြင်း၊ ရောဂါရှာ​ဖွေ မှု့ များ နှင့်
ကာကွယ်​ဆေးများ ထိုးခြင်း တို့အား 'ဝင်း '​ဆေးခန်းမှ
ပိတ်ရက်မရှိ ဝန်​ဆောင်မှု့ ​ပေးလျှက်ရှိပါတယ် ရှင် 😊

ဆေးခန်းဖွင့်ချိန်⏰~~မနက် ၇နာရီမှ နေ့လည် ၁၂နာရီ
နေ့လည် ၃နာရီမှ ည ၇နာရီ

🏥 ဆေးခန်းလိပ်စာ~~နန်းရတနာ​ ​စျေး အ​နောက်တောင်၊ အာရှဘဏ်လမ်း၊နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်၊
အမရပူရမြို့

☎09 760288774

#ဝင်းဆေးခန်း #အမရပူရ #ဝင်းကလေးအထူးကု

သာယာကြည်နူး ကုသိုလ်ထူး ရွှင်မြူးဝေဖြာ ဆေးပေါင်းခတဲ့တန်ဆောင်တိုင်အခါသမယလေးမှာ.....                       မြန်မာပြည်သူ၊ပြည...
26/11/2023

သာယာကြည်နူး ကုသိုလ်ထူး ရွှင်မြူးဝေဖြာ ဆေးပေါင်းခတဲ့တန်ဆောင်တိုင်အခါသမယလေးမှာ.....

မြန်မာပြည်သူ၊ပြည်သားများ အားလုံး၊ မိသားစုဆွေမျိုးများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီးစီးပွားဥစ္စာလာဘ်လာဘတွေတိုးပွားပါစေကြောင်း
၀င်းအထူးကု​ဆေးခန်းမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🙏🙏🙏🙏

𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 🪔🪔🏮🏮✨️သီတင်းကျွတ် အခါသမယ✨️မှာ  မိတ်​ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ကိုယ်၏ ကျန်းမာခ...
29/10/2023

𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 🪔🪔🏮🏮

✨️သီတင်းကျွတ် အခါသမယ✨️မှာ မိတ်​ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ကိုယ်၏ ကျန်းမာခြင်း များပြည့်စုံပြီး ဘေးဘယာကင်း၊ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်းWin Specialist Clinic မိသားစု မှ တောင်းဆုမေတ္တာပြုအပ်ပါသည်ရှင်🙏🙏🙏

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial  Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်...
24/09/2023

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။..

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။

Crd;မျက်စိအထူးကုဆရာဝန်တစ်ဦး

Address

Amarapura

Telephone

+959760288774

Website

Alerts

Be the first to know and let us send you an email when ဝင်း အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category