Ziwaka Pharmacy

Ziwaka Pharmacy “ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏”

People with anxiety disorders often experience intense and excessive fear and worry that causes problems in their family...
12/11/2023

People with anxiety disorders often experience intense and excessive fear and worry that causes problems in their family, social, school and work life. But anxiety disorders can be treated! Here's what you need to know ⬇️

Ziwaka Pharmacy
#ဇီဝက #ဆေးဆိုင် #အရာတော်

People with anxiety disorders often experience intense and excessive fear and worry that causes problems in their family, social, school and work life. But anxiety disorders can be treated! Here's what you need to know ⬇️

12/11/2023

◻️ လေထုညစ်ညမ်းမှုဟာ ကျွန်တော်တို့ရဲ့ နံဘေးမှာတိတ်တဆိတ်ရှိနေပြီး လူကြီး၊ လူငယ်မရွေးကို အန္တရာယ်ပေးလျက် ရှိပါတယ်။ ၎င်းက သင့်ခန္ဓာကိုယ်ရဲ့ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ သင့်ရဲ့ အဆုတ်၊ နှလုံးနဲ့ ဦးနှောက်တွေကို ထိခိုက်စေပါတယ်။
◻️ မော်လီကျုးတစ်ခုစာသာရှိပြီး မမြင်နိုင်တဲ့ အဆိပ်ရှိသောအမှုန်တွေဟာ လေထုညစ်ညမ်းမှုရဲ့ သေစေနိုင်တဲ့လက်နက်တွေဖြစ်ပါတယ်။ သင် အသက်ရှူလိုက်တိုင်းမှာ ၎င်းအမှုန်လေးတွေဟာ သင့်အဆုတ်ရဲ့ ကာကွယ်မှုအတားအဆီးတွေကို ကျော်ဖြတ်ကာဝင်ရောက်သွားပါတယ်။
◻️ သင့်ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်က ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားရာမှာ ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်စေပြီး ၎င်းအမှုန်လေးတွေဟာ အတားအဆီးတွေကို ထိုးဖောက်ကာ အဆိပ်တွေ တနည်းအားဖြင့် ကင်ဆာဆဲလ်တွေကို အမြစ်တွယ်စေပါတယ်။
◻️ ၎င်းအမှုန်လေးတွေဟာ သင့်ရဲ့ သွေးကြောထဲလည်းရောက်ရှိသွားပြီး သွေးကြောများကို ရောင်ရမ်းစေကာ သွေးကြောများကျဉ်းလာပြီး သွေးပေါင်ချိန် မြင့်တက်စေပါတယ်။ တနေ့မှာ လေဖြတ်ခြင်းအထိ ဖြစ်လာစေနိုင်ပါတယ်။
◻️ ၎င်းအမှုန်လေးတွေကပဲ သင့်စားသောက်မှုကနေဖြစ်လာတဲ့ သွေးကြောတွင်းအဆီခဲတွေကို ပြုတ်ထွက်စေပြီး သင့်နှလုံးနဲ့ ဦးနှောက်ကို သွေးပို့လွှတ်မှုကို ပိတ်စေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် လေထုညစ်ညမ်းမှုကနေ နှလုံးအမောဖောက်မှု၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါတွေကို ဖြစ်စေပါတယ်။

🎯 "ဒီမမြင်နိုင်တဲ့ လူသတ်သမားဖြစ်တဲ့ လေထုညစ်ညမ်းမှုကို ရပ်တန့်ကြပါစို့"

📍 ပဋိဇီဝဆေး💊များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားချက်ရှိမှသာ သောက်သုံးပါ။📍 နေကောင်းကျန်းမာလာသော်လည်း ညွှန်ကြ...
12/11/2023

📍 ပဋိဇီဝဆေး💊များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားချက်ရှိမှသာ သောက်သုံးပါ။
📍 နေကောင်းကျန်းမာလာသော်လည်း ညွှန်ကြားထားသည့်ဆေး💊များကို သတ်မှတ်ထားသော အညွှန်းနှင့်ကာလအတိုင်း အပြည့်အဝကုန်အောင် သောက်သုံးရမည်။
📍 ကျန်ရှိနေသော ပဋိဇီဝဆေး💊များကို တစ်ဦးနှင့်တစ်ဦး မျှဝေ သုံးစွဲခြင်း မပြုရ။

ပဋိဇီဝဆေးယဉ်ပါးမှုကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး
World Antimicrobial Awareness week 2023
18-24 November 2023


မျက်စိနာခြင်း (Pink Eye) ဟု မျက်ခွံနှင့် မျက်လုံးတို့ကို ဖုံးအုပ်ထားသည့်အကြည်လွှာ မျက်မြှေးပါးရောင်ခြင်းကြောင့် မျက်လုံး...
13/10/2023

မျက်စိနာခြင်း (Pink Eye) ဟု မျက်ခွံနှင့် မျက်လုံးတို့ကို ဖုံးအုပ်ထားသည့်အကြည်လွှာ မျက်မြှေးပါးရောင်ခြင်းကြောင့် မျက်လုံး၏အဖြူသားများကို နီမြန်းစေပြီး ပန်းရောင်မျက်ခွံနှင့် မျက်လုံးတို့ကို ဖြစ်ပေါ်စေပါတယ်။

- မျက်စိနာခြင်းဟာ ဘယ်လိုပျံ့နှံံ့ပါသလဲ
- မျက်စိနာခြင်း၏ လက္ခဏာတွေက ဘာတွေလဲ
- မျက်စိနာလျှင် ဘယ်လိုပြုမူနေထိုင်ရမလဲ
- မျက်စိနာခြင်းကို ဘယ်လိုကာကွယ်ရမလဲ
- ရုတ်တရက် မျက်မြှေးရောင်ရမ်းခြင်း (acute conjunctivitis) လက္ခဏာတွေက ဘာတွေလဲ

Moisturizer အစိုဓာတ်ထိန်းဆေး သုံးနည်းမျက်နှာ အဆီပြန်သူတွေလည်း အစိုဓာတ်ထိန်းဆေး moisturizer တွေ ထည့်သုံးရမယ်။ အာနိသင်က ရေ...
13/10/2023

Moisturizer အစိုဓာတ်ထိန်းဆေး သုံးနည်း

မျက်နှာ အဆီပြန်သူတွေလည်း အစိုဓာတ်ထိန်းဆေး moisturizer တွေ ထည့်သုံးရမယ်။ အာနိသင်က ရေဓာတ်ဖြည့်ပေးတယ်။ အရေပြားခြောက်သွေ့မှုကို ကာကွယ်လို့ အဆီဂလင်းက သိပ်အလုပ်မလုပ်ရဘူး။ ဝက်ခြံမပေါက်တော့ဘူး။ ဒီအချက်တွေမှာ ကောင်းတယ်။

အစိုဓာတ်လိမ်းဆေးတွေက gel , lotion , cream ပုံစံအမျိုးမျိုးနဲ့လာတယ်။ သို့သော် အဆီပြန်တဲ့အသားအရေမှာ lotion နဲ့ cream အမျိူးအစားကို မသုံးသင့်ဘူး။ အဲဒီနေရာမှာ gel သို့မဟုတ် light lotion ကိုသာ သုံးသင့်တယ်။ icone ပါတာတွေက အဆီဓာတ်အခြေခံတွေဖြစ်လို့ အဆီပြန်သူတွေနဲ့ မတဲ့ပါဘူး။ water based ကိုသာ အသုံးပြုသင့်ပါတယ်။

skin care ဝယ်တဲ့အခါ label ကို သေချာဖတ်ပါ။ အဆီပြန်တဲ့အသားအရေအတွက် water-based(ရေဓာတ်အခြေခံ), oil-free (အဆီမပါ) စသည်တာတွေ သုံးရမယ်။ နောက်ပြီး non-comedogenic (အဆီဂလင်း ပိတ်ဆို့တာ မဖြစ်စေ)၊ non-acnegenic ( ဝက်ခြံမပေါက်စေ) ရေးထားရင် အဆီပြန်တဲ့အသားအရေမှာ သုံးစွဲနိုင်တယ်။ ပြောစရာရှိတာက oil free ဆိုပေမယ့် တချို့လိမ်းဆေး တွေမှာ ပျားဖယောင်းတွေပါနေတတ်တယ်။ ဝက်ခြံထွက်သူမှာ ပျားဖယောင်းသုံးရင် ပိုဆိုးလာတတ်တယ်။ နောက်ပြီး alcohol မှန်သမျှ အသားအရေပိုခြောက်စေလို့ အဆီဂလင်း ပိုအလုပ်လုပ်ရတယ်။ ဝက်ခြံပိုထွက်စေတတယ်။ ဒါတွေသတိပြုရှောင်ရမယ်။

အဆီပြန်၊ဝက်ခြံထွက်သူဟာ အရေပြားဆဲလ်သေ ဖယ်ပေးတဲ့ exfoliate ပါတာတွေ သုံးသင့်တယ်။ lactic, glycolic, and salicylic acid စတာတွေ ကောင်းတယ်။ သို့သော် paraffin, cocoa butter, oilsစတာတွေ ရှောင်သင့်တယ်။

အသက်ငယ်ရွယ်သူ ဝက်ခြံထွက်သူတွေမှာ anti-acne moisturizer တွေ သုံးသင့်ပေမယ့် အသက်(၄၀)ကျော်အရွယ်မှာတော့ အိုမင်းရင့်ရော်မှုကို ကာကွယ်တဲ့ anti-aging moisturizerတွေကိုသာ ရွေးချယ်သုံးသင့်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကု ဆရာဝန်

၆၆လမ်း ၊ ၃၉ လမ်းထောင့်၊မန္တလေး။
09 2051590

မိုးရာသီအခါ ရေကြီးရေလျှံခြင်းကြောင့် 🌊-ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများနှင့် -ပိုးမွှားများမှတစ်ဆင့်ကူးစက်တတ်သော ရောဂါအ...
13/10/2023

မိုးရာသီအခါ ရေကြီးရေလျှံခြင်းကြောင့် 🌊

-ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများနှင့်
-ပိုးမွှားများမှတစ်ဆင့်ကူးစက်တတ်သော ရောဂါအန္တရာယ်များ
-အစားအစာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ
တိုးများလာစေပါတယ်

⚠️ရေကြီးရေလျှံမှုဖြစ်ပွားသောနေရာတွင်
ရောက်ရှိနေပါက

-ရေလွှမ်းမိုးထားသည့်နေရာတွင် လမ်းလျှောက်ခြင်း သို့ ယာဉ်မောင်းခြင်းကိုရှောင်ကြဉ်ပါ
- ဓါတ်လိုက်မှုအန္တရာယ်မှ ကာကွယ်ရန် ရွေ့လျားစီးဆင်းမှု မရှိသည့်ရေနှင့် ဝေးရာတွင်နေပါ

⚠️ရေကြီးရေလျှံမှု ဖြစ်ပွားပြီးသည့်အခါ

-ရေကြီးရေလျှံထားသောရေနှင့် ထိတွေ့ထားသော အရာ၀တ္ထုမှန်သမျှကို ဆေးကြောသန့်စင်ပါ
-နံရံ၊ ပြတင်းတံခါးနှင့် ကြမ်းခင်းမျက်နှာပြင်တို့ကို ရေ၊ဆပ်ပြာ၊ အရောင်ချွတ်ဆေးတို့ဖြင့် သန့်ရှင်းရေးပြုလုပ်ပါ
-ပြန်လည်မသန့်စင်နိုင်တော့သော ပစ္စည်းများကို စွန့်ပစ်ပါ
-မြွေအန္တရာယ် သတိရှိပါ

16/07/2023

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွါးစေရန် 🦟

⚠️ တားဆီးပါ ကာကွယ်ပါ ရပ်တန့်ပါ


Sometimes we want our kids to yell 'NO!' 🙅‍♂️Protecting them is…Teaching kids that nobody has the right to touch them wi...
16/07/2023

Sometimes we want our kids to yell 'NO!' 🙅‍♂️

Protecting them is…
Teaching kids that nobody has the right to touch them without consent.

Encourage them to practice asserting themselves by yelling 'no!' or running away from uncomfortable situations.

16/07/2023

တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်မှုတစ်မျိုးဖြစ်ပြီး အသက်ကြီးငယ်မရွေး အလွန်အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ တုပ်ကွေးရာသီကို တဖြည်းဖြည်းချဉ်းကပ်လာတာနဲ့အမျှ ဒီရောဂါနဲ့ပတ်သက်လို့ သတိပြုစရာလေးတွေရှိလာပါတယ်။ ⚠️

"ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည်" ဆိုတဲ့အတိုင်း မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးပါ။ ဒါပေမဲ့ Flu Vaccine ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး လူအများကြားမှာ ရေရေရာရာမသိသေးတာတွေ အသိလွဲနေတာလေးတွေရှိနေတဲ့အချက်တွေအများကြီးရှိပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ "Flu Vaccine ထိုးတော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပထမပိုင်းအနေနဲ့ မနန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thinn)နဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစိုပြေ (Dr. So Pyay) တို့က Flu Vaccine ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် သိသင့်သိထိုက်တဲ့အချက်လေးတွေကို မျှဝေထားပါတယ်နော်။ 💖

နောက်ရက်မှာလည်း ကျန်ရှိတဲ့ ဒုတိယပိုင်းကို ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

 #ကျောက်ကပ်မှာပြဿနာရှိကြောင်းသိနိုင်တဲ့လက္ခဏာ_၁၀_ခု(၁) အရမ်းပင်ပန်း၊ အားကုန်နေတာဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာကျောက်ကပ်...
07/07/2023

#ကျောက်ကပ်မှာပြဿနာရှိကြောင်းသိနိုင်တဲ့လက္ခဏာ_၁၀_ခု

(၁) အရမ်းပင်ပန်း၊ အားကုန်နေတာဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင် သွေးထဲမှာအဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီး သွေးညစ်စေပါတယ်။ အဲဒီအခါ လူတွေကပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့ သွေးအားနည်းတာပဲဖြစ်ပါတယ်။

(၂) အိပ်မပျော်တာ

ကျောက်ကပ်က ကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစား သွေးထဲမှာအဆိပ်အတောက်တွေကျန်နေတာပေါ့။ ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါကဆက်နွှယ်မှုလည်းရှိနေပြီးကျောက်ကပ်ရောဂါရှိသူတွေမှာအိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။

(၃) အသားခြောက်ပြီးယားတာ

ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကကဏ္ဍအတော်များများမှာအရေးပါပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်ထဲကအရည်ပိုတွေနဲ့အညစ်အကြေးတွေကိုဖယ်ရှားစွန့်ထုတ်ပေးတယ်၊ သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊ အရိုးတွေကြံ့ခိုင်ဖို့ ထောက်ပံ့တယ်၊ သွေးထဲမှာသတ္တုဓာတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။ အသားအရေခြောက်သွေ့ပြီးယားယံနေတာက ကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓာတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။

(၄) ဆီးခဏခဏသွားချင်နေတာ

အထူးသဖြင့် ညဘက်မှာ ဆီးခဏခဏသွားချင်တာ ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။ တစ်ခါတလေဒီလိုဖြစ်တာဟာဆီးလမ်းကြောင်းပိုးဝင်တာဒါမှမဟုတ် အမျိုးသားတွေမှာဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(၅) ဆီးထဲမှာသွေးပါတာ

ကျောက်ကပ်ကျန်းမာနေရင် သွေးထဲကအညစ်အကြေးတွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးကလာပ်စည်းတွေကိုထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်ကယိုယွင်းနေတဲ့အခါ သွေးကလာပ်စည်းတွေကဆီးထဲကိုစတင်ယိုစိမ့်လာနိုင်ပါတယ်။ ဆီးထဲသွေးပါတာဟာကျောက်ကပ်ရောဂါရှိတယ်လို့အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ ကျောက်ကပ်ကျောက်တည်တာ၊ ရောဂါပိုးဝင်တာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

(၆) ဆီးကအမြှုပ်တွေထတာ

ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင် ၊ အထူးသဖြင့် ဆီးသွားပြီး ရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။ ဒါဟာဆီးထဲမှာ albumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကို ဖော်ပြတာဖြစ်ပါတယ်။

(၇) မျက်လုံးမို့အစ်နေတာ

ဆီးထဲမှာပရိုတင်းရှိနေတာဟာ ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ပရိုတင်းတွေကို ခန္ဓာကိုယ်ထဲမှာထိန်းပေးရမယ့်အစားကျောက်ကပ်ကဆီးထဲကိုပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။

(၈) ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီး ခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။ ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၉) အစာစားချင်စိတ်နည်းတာ

ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ ကျောက်ကပ်ကြောင့် ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်ကစစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်ဓာတ်တွေစုပုံလာတာကအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၁၀) ကြွက်တက်တာ

ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyte တွေမညီမျှတော့ပါဘူး။ ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီး ဖော့စဖရပ်စ်ဓာတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။

Crd. To Original

ပြန်လည်မျှဝေထားပါသည်။
Like and Share လုပ်ထားနိုင်ပါသည်။

Ziwaka Pharmacy 🍀

#ဆေး #ဆေးဆိုင် #ကျန်းမာရေး #ဇီဝက #အရာတော်

Address

Ayadaw
02291

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Alerts

Be the first to know and let us send you an email when Ziwaka Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram