Global Care Bagan International Clinic

Global Care Bagan International Clinic It is 24/7 International Clinic, provides emergency service, Specialists, ambulance, Digital Xray, Ultrasound, laboratory Investigations Insurance Claims.

23/03/2020

COVID 19 - ကျန်းမာရေးပညာပေး -

အိမ်မှာပဲနေပါ -

၁၊ စကတည်းကပိုးမရှိ၊ အိမ်မှာပဲနေရင်
ဘာမှမဖြစ်ပါ။

၂၊ ပိုးတော့ရှိတယ်၊ ရောဂါလက္ခဏာမပြဘူး၊ ရှိမှန်းမသိဘူး။ဒါပေမဲ့အိမ်မှာပဲနေရင် သူများကိုမကူးပါ။

၃၊ ရောဂါလက္ခဏာပြပြီး ပိုးရှိမှန်းသိလို့၊ အိမ်မှာပဲနေရင် ရောဂါပျောက်မြန်တဲ့အပြင် သူများကိုမကူးပါ။

၄၊ အိမ်မှာမနေဘဲအပြင်ထွက်မယ်ဆိုရင်တော့ ကိုယ့်မှာပိုးမရှိရင်လည်းကိုယ့်ကိုကူးနိုင်တယ်။ကိုယ့်မှာပိုးရှိရင်လည်း သူများကိုကူးနိုင်တယ်။

ဒါကြောင့် မလိုအပ်ဘဲအပြင်မထွက်ပါနဲ့။

အိမ်မှာပဲနေပါ။

Credit to ဒေါက်တာကျော်လင်း (ကလေးအထူးကုဆရာဝန်)

Sharing is Caring! COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပေးပန်ကြားခြင်းနေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ မတ်လ (၁၃) ရက်၊...
13/03/2020

Sharing is Caring!

COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပေးပန်ကြားခြင်း
နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ မတ်လ (၁၃) ရက်၊ (၁၄း၀၀) နာရီ

သားတို့၊ သမီးတို့၊ ကျောင်းသူကျောင်းသားတို့၊ ကလေးတို့ လိုက်နာဖို့ ပြန်လည်မျှဝေပါတယ် ...https://mohs.gov.mm/Main/content/p...
09/03/2020

သားတို့၊ သမီးတို့၊ ကျောင်းသူကျောင်းသားတို့၊ ကလေးတို့ လိုက်နာဖို့ ပြန်လည်မျှဝေပါတယ် ...

https://mohs.gov.mm/Main/content/publication/2019-ncov

ဆီးချိုရောဂါရှိသူများ ဘာကြောင့် နှစ်စဉ် ဆီးချို စစ်ဆေးရမှာလဲ==========••••••••••===•••💊💊💊ဆီးချိုရောဂါသည် ရောဂါဖြစ်မှန်း ...
27/02/2020

ဆီးချိုရောဂါရှိသူများ ဘာကြောင့် နှစ်စဉ် ဆီးချို စစ်ဆေးရမှာလဲ
==========••••••••••===•••

💊💊💊ဆီးချိုရောဂါသည် ရောဂါဖြစ်မှန်း စတင်သိရှိချိန်မှစ၍ ဆီးချိုထိန်းဆေးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း မှန်မှန်သောက်ရန် လိုအပ်ပါသည်။
💡💡💡ဆီးချိုရောဂါကို သေသေချာချာကုသပါက အောက်ဖော်ပြပါ နောက်ဆက်တွဲ ရောဂါဝေဒနာဆိုးများကို ကာကွယ်နိုင်သဖြင့် ထိရောက်စွာ ကုသရန် အရေးကြီးကြောင်းဝေဒနာရှင်ကိုယ်တိုင် နားလည်ခံယူ လိုက်နာကျင့်သုံးရန်လိုအပ်ပါသည်။
🥬🥝🍏ကျန်းမာရေးနှင့်ညီညွတ်သောလတ်ဆတ်သည့် အစားအသောက်များ စားသောက်ခြင်း၊
နေ့စဉ် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင်ထိမ်းသိမ်းနေထိုင်ခြင်း၊ဆေးလိပ်စီးကရက် ရှောင်ကြဉ်ခြင်း၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်၊ ပုံမှန် သွေးတွင်းသကြားဓါတ်တိုင်းတာပြီး
ကျွမ်းကျင်သမားတော်ကြီးများနှင့်တိုင်ပင်ကာကျန်းမာရေးစစ်ဆေးနေထိုင်ခြင်းသည်ဆီးချို၊သွေးချိုရောဂါမဖြစ်အောင် အကောင်းဆုံးတားဆီးကာကွယ် နေထိုင်ခြင်းဖြစ်ပါသည်

✍️ ဆီးချိုရောဂါသည် သွေးတွင်းအက်ဆစ်များခြင်း (Diabetes Ketoacidosis*) နှင့် ဆီးချိုတအားတက်ပြီး သတိလစ်ခြင်း (Hyperosmolar Non-ketotic Coma*)
ဆီးချိုမထိန်းနိုင်သောလူနာများတွင် သွေးတွင်းသကြားဓါတ် အလွန်မြင့်မားခြင်းနှင့် ဇီဝဓါတုဓါတ်မညီမျှခြင်းတို့ကြောင့် ဖြစ်သည်။
စသော အသက်အန္တရာယ်ထိခိုက်နိုင်သည့် အခြေအနေများကို တိုက်ရိုက်ဖြစ်စေနိုင်သည်။
✍️ ဆီးချိုရောဂါရှိသူများသည် အခြားဖျားနာခြင်းများဖြစ်ရန်လည်း ပို၍လွယ်ပါသည်။ ဥပမာအားဖြင့် ဆီးချိုရောဂါရှိသူများသည် မရှိသူများနှင့်ယှဉ်လျှင် အဆုတ်ရောင်ရောဂါ သို့မဟုတ် တုပ်ကွေးရောဂါ တို့ကြောင့် သေဆုံးနိုင်ချေပိုများသည်။

နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့်လည်း

-------------------------------------------------
📍နှလုံးရောဂါ
📍လေဖြတ်ခြင်း
📍သွေးတိုး
📍မျက်စိကွယ်ခြင်း
📍ကျောက်ကပ်ရောဂါ
📍အာရုံကြောစနစ်ယိုယွင်းခြင်း
📍သွားနှင့်ခံတွင်းရောဂါများ
📍ကိုယ်ဝန်အတွက် ပြဿနာများ

🏩 ခန့်မှန်းခြေ ၆၀% မှ ရ၀% သော ဆီးချိုလူနာများတွင် အာရုံကြောစနစ်ထိခိုက်မှု အနည်းနှင့်အများ ရှိတတ်သည်။ ထိတွေ့ခံစားမှုအာရုံမကောင်းခြင်း သို့မဟုတ် ခြေထောက်နှင့်လက်တို့ နာကျင်ခြင်း၊ အစာခြေမှုနှေးကွးခြင်း၊ လက်ချောင်းလေးများတွင် ထုံကျင်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာ ပြဿနာများရှိတတ်သည်။
ဆီးချိုနှင့်ဆက်နွယ်သည့် ပြင်းထန်သော အာရုံကြောရောဂါသည် ခြေထောက်ဖြတ်တောက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။
သတိလစ်ခြင်း (Hyperosmolar Non-ketotic Coma*) စသော အသက်အန္တရာယ်ထိခိုက်နိုင်သည့် အခြေအနေများကို တိုက်ရိုက်ဖြစ်စေနိုင်သည်။

ကျေးဇူးတင်ပါတယ်ရှင့်။

ဂလိုဘယ်ကဲ(လ်) ပုဂံဆေးခန်းတွင် သွေးဆေးစစ်မှူများ ပုံရိပ်ဖော် စက်ဖြင့် ဓာတ်မှနိရိုက်ပေးခြင်း အထွေထွေဆရာဝန်၏ ဆွေးနွေးတိုင်ပင်ခြင်း များကို ပုဂံမြို့သစ်တွင် ဝန်ဆောင်မှုများ ပေးပါ သည်။

☎️0944936 9844 , 09449369855

ခြေကျင်းဝတ်လည်ခြင်း ***********************ခြေကျင်းဝတ်လည်ခြင်းဆိုတာဟာ လူတော်တော်များများ ဘဝမှာကြုံတွေ့ဖူးတဲ့ အခြေအနေတစ်ရ...
21/02/2020

ခြေကျင်းဝတ်လည်ခြင်း
***********************

ခြေကျင်းဝတ်လည်ခြင်းဆိုတာဟာ လူတော်တော်များများ ဘဝမှာကြုံတွေ့ဖူးတဲ့ အခြေအနေတစ်ရပ်ပါ။ ခြေကျင်းဝတ်လည်ပြီး နောက်ခြေကျင်းဝတ်နေရာက ရောင်ရမ်းနာကျင်လာမယ်ဆိုရင်တော့ ခြေကျင်းဝတ်နေရာက အရွတ်ကလေးတွေ ထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုအခြေအနေတွေမှာ ခြေကျင်းဝတ်လည်သွားနိုင်ပါသလဲ။
=============••••=====
များသောအားဖြင့် ရုတ်တရက်ခြေထောက်အလှည့်အပြောင်း အချိန်မှာ (ဥပမာ - ဘောလုံးကစားခြင်းဖြင့်) ခြေကျင်းဝတ်နှင့် ခြေဖျားတို့ လားရာ ဆန့်ကျင်ဘက်လှည့်မိတဲ့ အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေရှိမှာလဲ။
=====•••••=====••••••=====

ဖြစ်တဲ့နေရာမှာ ရုတ်တရက် နီရဲရောင်ရမ်းနာကျင်ခြင်း၊ သွေးခြေဥခြင်းမှာ ဖြစ်လာနိုင်ပါတယ်။ ပြင်းထန်ရင် လုံးဝမလှုပ်ရှားနိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းများ ဖြစ်နိုင်ပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်သင့်သလဲ။
====•••••======•••••=====•••===

ဆရာဝန်နဲ့သေချာစမ်းသပ်ကုသပြီး လိုအပ်လျှင် ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သင့်ပါတယ်။

ဘယ်လိုကုသရမလဲ။
==•••••======••••======•••••===
ဦးဆုံးပထမအနေဖြင့် “RICE” နည်းဗျူဟာကို သုံးသင့်ပါတယ်။ “RICE” ဆိုတာကတော့ -

“Rest” - ခြေထောက်ကို သေချာအနားပေးသင့်ပါတယ်။ နာကျင်မှုမရှိဘဲ လှုပ်ရှားနိုင်တဲ့အထိ ဂျိုင်းထောက်သုံးသင့်ရင် သုံးပြီး အနားပေးသင့်ပါတယ်။

“ICE” - ပထမ ၂၄ နာရီမှ ရ၂ နာရီအတွင်း (သို့) အရောင်ကျသွားတဲ့အချိန်အထိ ရေခဲထုပ်ကို ၁ နာရီ ၂ နာရီခြား တစ်ခါစီ ၁၀ မိနစ်မှ မိနစ် ၂၀ လောက် ကပ်ပေးပါ။ ရေခဲနှင့် အရေပြားကြားမှာ ပိတ်စပါးတစ်ခုလောက် ခံထားပေးပါ။

“Compresion” - ကျံု့နိုင်ဆန့်နိုင်သော ပိတ်စဖြင့် ပြုလုပ်ထားသော ပတ်တီးများ စည်းပေးထားခြင်းကလည်း အရောင်သက်သာစေပါတယ်။

“Elevation” - တစ်ရက်လျှင် ၂ နာရီမှ ၃ နာရီလောက်ထိ ခြေထောက်ကို မြှင့်ထားပေးပါ။ နှလုံး၏အထက် Level သို့ မြှင့်ထားနိုင်ရင် ပိုကောင်းပါတယ်။

ကိုက်ခဲနာကျင်မှု သက်သာအောင် အကိုက်အခဲပျောက်ဆေးများလည်း သောက်သုံးနိုင်ပါတယ်။ ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်သင့်ပါတယ်။ သင့်လျော်မှန်ကန်သော ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများကလည်း ခြေကျင်းဝတ်လည်ခြင်းအတွက် အရေးကြီးပါတယ်။ တကယ်လို့ခြေကျင်းဝတ်လည်တာဟာ ပုံမှန်အတိုင်းပြန်မကောင်းသေးခင် အချိန်မှာဆိုရင် အဆစ်က အားနည်းနေတဲ့အတွက်ကြောင့် နာတာရှည်အဆစ်ရောင်ခြင်းများ ဖြစ်နိုင်ပါတယ်။ အကယ်၍ ခြေကျင်းဝတ်က ပုံမှန်အတိုင်း ပြန်မကောင်းဘဲ အားနည်းနေဦးမယ်ဆိုရင် အရွတ်ထိခိုက်မှု ပြင်းထန်မယ်ဆိုရင် ခွဲစိတ်ကုသရခြင်းများ ပြုလုပ်နိုင်ပါတယ်။

ကျန်းမာရေး ဗဟုသုတများ ရရှိရျ် အကျိုးရှိကြပါစေ။

အစားအစာနှင့် ဓာတ်မတည့်ခြင်း-------------------------------------🖊 မိမိကိုယ်ခံအားသည် စားသောက်မှုအပေါ် ပုံမမှန်    တုံ့ပြန...
18/02/2020

အစားအစာနှင့် ဓာတ်မတည့်ခြင်း
-------------------------------------

🖊 မိမိကိုယ်ခံအားသည် စားသောက်မှုအပေါ် ပုံမမှန် တုံ့ပြန်ခြင်းကို ဓာတ်မတည့်ခြင်းဟု ခေါ်ပါသည်။
အမေရိကန်က အစားအသောက်ဓာတ်မတည့်ခြင်းကို လေ့လာကြည့်ရာ အမေရိကန် ၁၅ သန်းခန့် အစားအသောက်နှင့် ဓာတ်မတည့်ကြောင်းတွေ့ရသည်။အမေရိကန်ရှိ ကလေး ၁၃ ယောက်တွင် ၁ ယောက်မှာ အစားအစာနှင့် ဓာတ်မတည့်ခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်။

🖊အစားအသောက်နှင့် ဓာတ်မတည့်ခြင်းသည် အရေပြား၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်း သို့မဟုတ် နှလုံးသွေးကြောကို ထိခိုက်စေသည်။

📝ဓာတ်မတည့်ခြင်းကို ဖြစ်စေသော အစားအစာများမှာ

နွားနို့၊ ဥအမျိုးမျိုး၊ မြေပဲ၊ ငါး၊ ပင်လယ်စာ၊ ဂျုံ၊ ပဲ၊ သီဟိုဌ်စေ့၊
နို့နှင့် သစ်ကြားစေ့ကဲ့သို့သော အစေ့အဆန်များဖြစ်သည်။

ဓာတ်မတည့်သော ပုံမှန်လက္ခဏာများမှာ
- နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ အဖုအပိန့်များ ထွက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်လေ့ရှိသည်။

💡အလွန် ပြင်းထန်သော ဓာတ်မတည့်သည့် လက္ခဏာများမှာ -

အသက်ရှူခက်ခဲခြင်း၊ အသက်ရှူသံ ပုံမှန်မဟုတ်ခြင်း၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်းရောင်ခြင်း၊ အင်ပြင်ထခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း၊ ပျို့အန်ခြင်းတို့ဖြစ်သည်။

ပြင်းထန်သော ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် လက္ခဏာများအတွက် မိမိနှင့် ဓာတ်မတည့်သော အစာကို သေချာမှတ်ထားပြီး ဓာတ်မတည့်သောလက္ခဏာထပ်မဖြစ်စေရန် နောက်တစ်ခါစားသောက်ခြင်မှ ရှောင်ရှားသင့်သည်။

ပြင်းထန်သော ဓာတ်မတည့်ခြင်းအတွက် သွေးများနှင့်၊ အရေပြားဓာတ်မတည့်မှုကို သေချာစိစစ်ပြီး ကုသမှုခံယူသင့်သည်။

👩🏼‍⚕️👩🏼‍⚕️👩🏼‍⚕️ကုသမှုသည် မိမိခံစားရသော ဓာတ်မတည့်ခြင်းလက္ခဏာအပေါ် မူတည်၍ မတူညီသောကြောင့် နီးစပ်ရာ၊ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြီး ဆွေးနွေးတိုင်ပင် ကုသသင့်သည်။

Credit: Dr. Khine Chit Su

ကျန်းမာရေး ဗဟုသုတများ ဖတ်ရှူခြင်းဖြင့် အကျိုးရှိစွာ အသုံးချကြစို!

Global Care Bagan International Clinic

ကလေးဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း သိကောင်းစရာများ =====••••=====•••••=••••••=====•••••ဝမ်းအရည်များ မကြာခဏသွားခြင်းကိုခ...
17/02/2020

ကလေးဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း သိကောင်းစရာများ
=====••••=====•••••=••••••=====•••••

ဝမ်းအရည်များ မကြာခဏသွားခြင်းကိုခေါ်ဆိုပါတယ်။ အူမှာ ရောဂါတစ်စုံတစ်ရာဖြစ်ပွားခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ကလေးငယ်များ အစားအစာများ စတင်ကျွေးမွေးတဲ့ အရွယ်မှစပြီး ဝမ်းမာမာ နှင့် မှန်မှန်သွားတတ်လာပြီဖြစ်ပါတယ်။
ဒါပေမဲ့ သစ်သီးနဲ့၊ ဟင်းသီးဟင်းရွက်တွေများများ ကျွေးမိရင် ဝမ်းပျော့ပျော့ မကြာခဏ သွားတတ်ပါတယ်။ တစ်ခါတစ်ရံ မသန့်ရှင်းတဲ့ အစားအစာကြောင့် လည်းကောင်း၊ မတည့်တဲ့ အစားအစာတို့ကြောင့်လည်းကောင်း အစာအဆိပ်သင့်ခြင်းကြောင့် လည်းကောင်း၊ ဝမ်းသွားခြင်းများရှိတတ်ပါသည်။ အူအတွင်း ရောဂါပိုးဝင်ရောက်ခြင်းများရှိတတ် ပါသည်။ အူအတွင်းရောဂါပိုးဝင်ရောက်ခြင်းမရှိဘဲ တုပ်ကွေးရောဂါတွင်လည်း တစ်ခါတစ်ရံဖျားခြင်း၊ ဝမ်းလျှောခြင်းတစ်လှည့်စီ ဖြစ်ပွားနေခြင်းကို ကလေးကြီးများတွင်တွေ့ရတတ်ပါတယ်။

စိုးရိမ်ရပါသလား
အရည်ခန်းခြောက်ခြင်းဖြစ်လာနိုင်၍ စိုးရိမ်ရပါတယ်။

သင့်ပထမဆုံးဘာလုပ်သင့်သလဲ
=================•••••===
၁။ အသက်တစ်နှစ်အောက် ကလေးငယ်လေးဟာ ခြောက်နာရီကျော်ကြာအောင် ဝမ်းခဏခဏ သွားနေမယ်ဆိုရင် ဆရာဝန်ထံ ချက်ချင်းပြသဖို့လိုပါတယ်။
၂။ ဓာတ်ဆားရည်ခပ်များများတိုက်ပေးဖို့လိုပါတယ်။
၃။ ကလေးကိုယ်ပူချိန်ကိုတိုင်းကြည့်ပါ။ လိုအပ်ရင် ရေဖတ်တိုက်ပေးပါ။
၄။ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစားအစာများသန့်ရှင်းရေးကို ဂရုစိုက်ပါ။ မိသားစုများ အားလုံးကို ရောဂါကူးစက်သွားစေနိုင်ပါတယ်။

ဆရာဝန်ထဲပြသရန်လိုအပ်ပါသလား
=====•••••====•••••••======
ကလေးကိုယ်ပူချိန်တက်ပြီး အန်ခြင်း၊ ဝမ်းသွားခြင်းရှိလျှင်လည်းကောင်း၊ ဝမ်းတွင်သွေးနှင့် အကျိအချွဲများပါနေလျှင်လည်းကောင်း ဆရာဝန်ထံချက်ချင်းသွားပြဖို့လိုပါတယ်။

ဆရာဝန်ကဘာတွေလုပ်ပေးရမှာလဲ
======•••••=====••••====
• ဓာတ်ဆားရည်ကို ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုလျှင် ၂၀၀ စီစီနှုန်းအနည်းဆုံး တိုက်ကျွေးပေးရန်နှင့် ဆန်ပြုတ်၊ စွပ်ပြုတ်၊ သစ်သီးဖျော်ရည်တို့လို အစာကြောလွယ်တဲ့ အရည်များများတိုက်ပေးရန် ညွှန်ကြားပါလိမ့်မယ်။ ကလေးကိုအိပ်ရာထဲမှာထားပြီး ပြုစုပေးဖို့ လိုအပ်ပါတယ်။
• မိခင်နို့တိုက်ကျွေးနေတဲ့ ရင်သွေးငယ်များအတွက်တော့ ယခင်အတိုင်း မိခင်နို့ဆက်လက်တိုက်ကျွေးဖို့ ညွှန်ကြားပါလိမ့်မယ်။

သင်ဘာလုပ်ပေးနိုင်မလဲ
• သန့်ရှင်းရေး ဂရုစိုက်လုပ်ဆောင်ပါ။
• ဝမ်းနူးစေသော အစားအစာများကို မကျွေးပါနှင့်။

Credit:
ဒေါက်တာမာမာဆွေ

ဂလိုဘယ်ကဲ(လ်) ပုဂံဆေးခန်းကို ပုဂံမြို့သစ်တွင် (၂၄) နာရီ ဖွင့်လှစ် ထားပါသည်။
09449369844

သတိထားသင့်သော နာကျင်မှု (၅) မျိုး------------------------------------------(၁) ရင်ဘတ်အောင့်ခြင်းရင်ဘတ်နေရာမှာ ဖိညှစ်ထားသ...
10/02/2020

သတိထားသင့်သော နာကျင်မှု (၅) မျိုး
------------------------------------------

(၁) ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်နေရာမှာ ဖိညှစ်ထားသလို ဆုပ်ဆွဲထားသလို နာကျင်တာမျိုးဆိုရင် နှလုံးရောဂါဖောက်တဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ အချို့ဝေဒနာသည်တွေက သူတို့ ခံစားရမှုကို ရင်ဘတ်ပေါ် ဆင်တက်ထိုင်သလို ပဲလို့ ဖော်ပြတတ်ကြပါတယ်။ နှလုံးသွေးကြော သိပ်ကျဉ်းလာတဲ့အတွက် နှလုံးကြွက်သားတွေဆီ သွေးနဲ့အတူ လေသန့်ဓာတ်တွေ ရောက်ရှိမှု မလုံလောက်တဲ့အတွက် နှလုံးကြွက်သားတွေ ဒဏ်ဖြစ်လို့ ခံစားရတာပါ။ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဝေဒနာ ပိုဆိုးရွားတတ်ပါတယ်။ စိတ်လှုပ်ရှားမှု ပြင်းထန်တဲ့ အခါမှာလည်း ခံစားရတတ်ပါတယ်။အမျိုးသမီးတွေ ခံစားရမှုက အမျိုးသားများနဲ့ တစ်ခါတစ်ရံ ကွဲပြားတတ်ကြပါတယ်။ ခြေကုန်လက်ပမ်းကျသလို ခံစားရတတ်ပါတယ်။ အသက်ရှူမြန်ပြီး မောလာတတ်ပါတယ်။ အချို့ အမျိုးသမီးတွေမှာ ချွေးပြန်တတ်ပါတယ်။ ပုံမှန်တွေ့နေကျမဟုတ်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်ဘတ်ဖိညှစ်ဆုပ်ဆွဲထားသလို နာကျင်တယ်။ ပျို့မယ်၊ ချွေးထွက်မယ်။ အိပ်နေလျက်ခံစားရသူတွေမှာ ထထိုင်လိုက်လည်း မသက်သာဘူးဆိုရင် အရေးကြီးပါပြီ။ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အနီးဆုံးအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရပါလိမ့်မည်။ ရင်ဘတ်အောင့်တာမျိုးအပြင် နှလုံးရောဂါဖောက်လို့ ဖြစ်ပွားတတ်တဲ့ နာကျင်မှုဟာ တစ်ခါတစ်ရံ ပုခုံးနဲ့ လက်မောင်းတစ်လျှောက် (အထူးသဖြင့် ဘယ်ဖက်) မှ ခံစားလာရတတ်ပါတယ်။ လည်ပင်းနဲ့ မေးရိုးတို့ဆီမှာလည်း နေရာ ပြောင်းပြီး Referred pain လက္ခဏာ ပြတတ်ပါတယ်။ နှလုံးရောဂါဖောက်မှုမှာ အချိန်မီ ကုသမှုခံယူဖို့ လိုအပ်တဲ့အတွက် မနှောင့်နှေးသင့်ပါဘူး။

(၂) ဆိုးဆိုးဝါးဝါး ခေါင်းကိုက်ခြင်း

တစ်ခါတစ်ရံ ကွဲထွက်မတတ် ခေါင်းကိုက်တတ်ပြီး ဘာဆေးသောက်သောက် မသက်သာတဲ့အခါမျိုး ရှိတတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် အတော်များများက ဦးနှောက်ကင်ဆာများ ဖြစ်နေမလားလိ့ု စိုးရိမ်တတ်ကြတယ်။ တကယ်တော့ ဦးနှောက်မှာ အာရုံခံစားမှုတွေ ဖြစ်ပျက်နေပေမယ့် ဦးနှောက်ကိုယ်တိုင်က ထိသိခံစားမှု မရှိလှပါဘူး။ ဒါကြောင့် ခေါင်းကိုက်မှုတွေဟာ အခြားအကြောင်းအရာတွေကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် ခေါင်းကိုက်ခြင်းအချို့ဟာ ဦးနှောက်သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတွေရဲ့ လက္ခဏာတစ်ခုခုဖြစ်နေတတ်ပါတယ်။ ဒါ့အပြင်ခေါင်းကိုက်ခြင်းဟာ အရင်ကခံစားရတဲ့ ဝေဒနာနဲ့ မတူခြင်း၊ ဇက်ခိုင်ခြင်း ထုံကျင်ခြင်း အားနည်းလာခြင်းစတာတွေ ရှိမရှိ သတိထားရမှာ ဖြစ်ပါတယ်။ ခေါင်းကိုက်တာဟာ အအေးပတ်ဖျားခါနီးမှာလည်း ဖြစ်ပွားတတ်ပါတယ်။ ဒါပေမယ့် ထိုင်ရာမှ မတ်တတ်ထရပ်လိုက်တဲ့ အခါ ခေါင်းကိုက်တာ ပိုဆိုးလာရင်၊ ဆေးသောက်တာတောင် အချိန်ကြာကြာဖြစ်ပွားနေရင်တော့ ခံစားနေရတဲ့ ခေါင်းကိုက် ဝေဒနာဟာ ရိုးရိုးခေါင်းကိုက်တာမဖြစ်နိုင်ဖို့ များတတ်ပါတယ်။

(၃) ကျောအောက်ပိုင်း နာကျင်ကိုက်ခဲခြင်း

ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်ခြင်း၊ လှုပ်ရှားမှု လိုက်လျောညီထွေ မဖြစ်တာကြောင့် ကျောအောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲ တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နေတတ်ပါတယ်။ ကာယကံရှင်မှာ ဆီးချိုရောဂါနဲ့ သွေးတိုးရှိနေမယ်။ လှုပ်ရှားမှု လုပ်တဲ့အခါ ပိုဆိုးဝါးခဲ့မယ်ဆိုရင် နှလုံးရောဂါရဲ့ လက္ခဏာဖြစ်ဖို့ များလာပါပြီ။ တစ်ခါတစ်ရံ ကျောရိုးဆစ်ကြားခုခံပြား ပျက်စီးလို့လည်း ဝေဒနာခံစားရတတ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ခါးကိုက်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ကျောရိုးတစ်လျှောက် ရှိနေတဲ့ သွေးလွှတ်ကြောမကြီးရဲ့ ရောဂါတစ်မျိုး Aortic Dissection မှာလည်း ကျောအောင့်တတ်ပါတယ်။ ဆွေမျိုးသားချင်းတွေထဲမှာ သွေးကြောမရောဂါဖြစ်ပွားသူရှိဖူးရင် အရေးကြီးပါပြီ။ အမြန်ဆေးရုံပြသဖို့ လိုအပ်တတ်ပါတယ်။

(၄) ဗိုက်အောင့်ခြင်း

ဗိုက်အောင့်ဝေဒနာဟာ ခန့်မှန်းရခက်တဲ့ ဝေဒနာပါ။ ဒါပေမယ့် ခံစားရတဲ့ နေရာအပေါ်မူတည်ပြီအကြမ်းဖျင်းတော့ သိနိုင်ပါတယ်။ ရင်ညွန့်နေရာမှာ အောင့်ရင်တော့ အစာအိမ်ရောဂါပါ။ အရပ်အခေါ်တော့ လေအောင့်တာလို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံ မုန့်ချိုအိတ်ရောင်ခြင်းကြောင့်လည်း ဗိုက်အောင့်တတ်ပါတယ်။ အရေးကြီးတဲ့ရောဂါပါ။ဝမ်းဗိုက် အလယ်ပိုင်းလောက်မှာ အောင့်ရင် အူအတက်ရောင်တာဖြစ်တတ်သလို အူလမ်းကြောင်းတစ်နေရာကျဉ်းမြောင်းပိတ်ဆို့လို့ လေထိုးတာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အိမ်ထောင်ရှိခဲ့ရင် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic Pregnancy) ဖြစ်တတ်ပါသေးတယ်။
ဝမ်းဗိုက်အောက်ပိုင်း ညာဘက်မှာ အောင့်ရင် အူအတက်ရောင်တာ ဖြစ်ဖို့ များပါတယ်။ အဆိုပါနေရာကို ခပ်ဖျော့ဖျော့ဖိပြီး ဇတ်ခနဲ ဖိထားတာ လွှတ်လိုက်ရင် ပိုပြီးပြင်းထန်စွာနာရင်တော့ အူအတက်ရောင်တာသေချာသလောက်ပါပဲ။ အူအတက်ရောင်ရုံသာမက ပြည်တည်ပေါက်ပြဲသွားရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ အမြန်ဆုံးခွဲစိတ် ဖယ်ရှားပစ်ရပါလိမ့်မယ်။

(၅) ခြေသလုံးနာကျင်ခြင်း

ပြင်းပြင်းထန်ထန်ခြေထောက်လှုပ်ရှားမယ်ဆိုရင် ခြေသလုံးတွေ နာကျင်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ အနည်းငယ် ရောင်နေသလို ဖြစ်နေတတ်ပါတယ်။ အကြောင်းရှိနေလို့ အကျိုးရလဒ်သဖွယ် ဖြစ်တဲ့အတွက် ပူပင်စရာ မရှိပါဘူး။ ဒါပေမယ့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ ခြေထောက်တစ်ဖက် ရောင်ဖောင်းနေမယ်။ နီနေမယ်။ နာကျင်နေမယ်ဆိုရင် ခြေထောက်သွေးပြန်ကြောမှာ သွေးခဲဆို့နေတာ ဖြစ်နိုင်ပါတယ်။ ခြေထောက် သွေးပြန်ကြောမှာ ပိတ်ဆို့နေတတ်တဲ့ သွေးခဲဟာ တစ်ခါတစ်ရံပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောငယ်တွေဆီ ရောက်ရှိ ပိတ်ဆို့သွားနိုင်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဝေဒနာဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုနည်းသူတွေ ခရီးအသွားများပြီး အထိုင်ကြာသူတွေမှာ ခြေထောက် သွေးပြန်ကြောအတွင်း သွေးခဲပိတ်ဆို့မှုရောဂါ ဖြစ်ပွားတတ်ပါတယ်။ အသက် ၆၀ ကျော်၊ ကိုယ်ဝန်ဆောင်၊ အဝလွန်သူနဲ့ သွေးကြောထုံးရောဂါရှိသူတွေမှာ ဖြစ်နိုင်ခြေ မြင့်မားတတ်ပါတယ်။

ကျန်းမာရေး ဗဟုသုတများ မျှဝေခြင်း ကြောင့် အကျိုးရှိနိုင်ကြပါစေ။

ဂလိုဘယ်ကဲ(လ်) ပုဂံဆေးခန်းသည် (၂၄) နာရီ ပိတ်ရက်မရှိ ပုဂံမြို့သစ်တွင် ဖွင့်လှစ်ထားပါသည်။
အရေးပေါ် ကျန်းမာရေးအတွက်လည်း ပင်တိုင်ဆရာဝန်ကြီးမှ ကုသမှူ များ ပေးလျက်ရှိပါသည်။
Ph - 09449369844 & 09449369855

ရုတ်တရတ်နှာခေါင်းလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ထိပ်ကပ်နာ(acute sinusitis)  *****************************************...
05/02/2020

ရုတ်တရတ်နှာခေါင်းလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ထိပ်ကပ်နာ(acute sinusitis)
*********************************************
🖋ထိပ်ကပ်နာ ဖြစ်ရခြင်းသည် လူ့ဦးခေါင်းခွံတွင် နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းခွံတွင်းလေလမ်းကြောင်း ပိတ်ဆို့မှုကြောင့်ဖြစ်သည်။

🖋နှာခေါင်းတွင်းရှိအခန်းလေးများရောင်ရမ်းကာ နှပ်ရည်များထွက်၍ပိတ်ဆို့ခြင်းဖြစ်သည်။နှာခေါင်းလမ်းကြောင်းပိတ်ဆို့မှုကြောင့် အသက်ရှူရခက်သည့်အပြင် မျက်လုံးနှင့်မျက်နှာများဖောင်းအစ်လာပြီး ခေါင်းကိုက်နိုင်ပါသည်။

🖊များသောအားဖြင့် တုပ်ကွေးဖြစ်ခြင်းမှ အစပျိုးတတ်ပြီး ဘတ်တီးရီးယားပိုးမဝင်ပါက တစ်ပတ်မှ (၁ဝ)ရက်အတွင်းသက်သာပျောက်ကင်းသွားတတ်ကြပါသည်။
🖊ဆေးဝါးများဖြင့်ကုသသော်လည်း (၁၂) ပတ်ကျော်
အထိ မပျောက်ကင်းပါက နာတာရှည်ထိပ်ကပ်နာဟုသတ်မှတ်ထားပါသည်။နာတာရှည်ထိပ်ကပ်နာဖြစ်ပွားပါက နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ပါသည်။

အဓိကလက္ခဏာများ

- နှာခေါင်းနှင့်လည်ချောင်းမှ ခပ်ပျစ်ပျစ် အဝါရောင် သို့မဟုတ် အစိမ်းရောင်အရည်များထွက်ခြင်း

- နှာခေါင်းပိတ်၍အသက်ရှူရခက်ခြင်း

- နဖူး၊မျက်လုံး၊ပါးနှင့်နှာခေါင်းဝန်းကျင် ဖောင်းအစ်၍နာကျင်ခြင်း

အခြားလက္ခဏာများ

- နားအတွင်းလေဖိအားများ၍နားအူနေခြင်း

- ခေါင်းကိုက်ခြင်း

- အပေါ်မေးရိုးနှင့်သွားများကိုက်ခြင်း

- အနံ့၊အရသာခံစားမှုအာရုံလျော့ခြင်း

- ချောင်းဆိုးခြင်း (အထူးသဖြင့် ညပိုင်းတွင်ဆိုးခြင်း)

- နှာခေါင်းနှင့်ပါးစပ်မှအနံ့အသက်ဆိုးများထွက်ခြင်း

- ပင်ပန်းနွမ်းလျခြင်း

- ဖျားနာခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

- ဗိုင်းရပ်စ်ပိုးကြောင့်တုပ်ကွေးဖြစ်ခြင်းမှတစ်ဆင့် ထိပ်ကပ်နာဖြစ်ခြင်း (အဖြစ်များသည်။)

- ဘတ်တီးရီးယားပိုးဝင်ခြင်း

ဖြစ်နိုင်ချေများသူများ

- ဓာတ်မတည့်ခြင်းလက္ခဏာရှိသူများ

- နှာခေါင်းလမ်းကြောင်းပုံစံမမှန်သူများ (နှာခေါင်းတွင်းအလုံး၊အကျိတ်ရှိသူများ၊နှာခေါင်းတွင်းရှိနှာနုရိုးသွေဖယ်ခြင်းများ)

- Cystic fibrosis ဟုခေါ်သောရောဂါရှိသူများ

- ခုခံအားကျဆင်းမှုရောဂါ (HIV/AIDS)ရောဂါရှိသူများ

နောက်ဆက်တွဲ ပြဿနာများ

- နာတာရှည်ထိပ်ကပ်နာဖြစ်တတ်ခြင်း

- ဦးနှောက်အမြှေးပါးရောင်ခြင်း

- ဗိုင်းရပ်စ် သို့မဟုတ် ဘတ်တီးရီးယားပိုးသည် အရေပြားနှင့်အရိုးများသို့ပျံ့နှံ့ကာ အရေပြားဆဲလ်နှင့်အရိုးများကိုပါရောင်စေပါသည်။

- အနံ့ခံအာရုံလျော့ခြင်း(ဦးခေါင်းခွံအတွင်းရှိအနံ့နှင့်သက်ဆိုင်သောအာရုံကြောကိုရောင်စေသောကြောင့်ဖြစ်သည်။)

- အကယ်၍ပိုးသည်အမြင်အာရုံလမ်းကြောင်းသို့ရောက်သွားပါက မျက်စိအမြင်အာရုံချို့ယွင်းခြင်းတို့ဖြစ်တတ်ပါသည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ခဏတာ ထိပ်ကပ်နာဖြစ်ခြင်းသည် များသောအားဖြင့် အလိုအလျောက်ပျောက်ကင်းသွားတတ်ကြပြီး ဆရာဝန်နှင့်ကုသရန်မလိုအပ်ပေ။

- သို့သော်ရောဂါလက္ခဏာမှာ ရက်ရှည်ပြီး ပို၍ဆိုးလာခြင်း၊အဖျားရက်ရှည်ခြင်း၊ခဏခဏပြန်ဖြစ်ခြင်းနှင့်နာတာရှည်ထိပ်ကပ်နာဖြစ်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။

- မျက်နှာဖောင်းအစ်လာခြင်း၊မခံနိုင်အောင်ခေါင်းကိုက်ခြင်း၊အဖျားကြီးခြင်း၊မူးဝေခြင်း၊ပုံရိပ်နှစ်ထပ်မြင်ရခြင်း၊ဇာတ်ခိုင်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်။

စစ်ဆေးမှုများ

- နှာခေါင်းတွင်းသို့မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း

- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- နှာခေါင်းနှင့်နှာခေါင်းလမ်းကြောင်းမှအသားစယူကာ ပိုးကိုစစ်ဆေးခြင်း

- ဓာတ်မတည့်သောလက္ခဏာများရှိမရှိ စစ်ဆေးခြင်း တို့ပြုလုပ်နိုင်ပါသည်။

ကုသခြင်း

- ပိုးသတ်ထားသောဆားရည်ဖြင့် နှာခေါင်းတွင်းသို့ အစက်ချ၍ဆေးခြင်း

- ရောင်ရမ်းမှုကို လျော့နည်းစေသောဆေးပါသည့် နှာခေါင်းဖျန်းဆေးများအသုံးပြုခြင်း

- နာကျင်မှုများရှိပါက အကိုက်အခဲပျောက်ဆေးများအသုံးပြုခြင်း

- ပဋိဇီဝဆေးဝါးများဖြင့်ကုသခြင်း (များသောအားဖြင့်မလိုအပ်ပေ၊သို့သော်ဘတ်တီးရီးယားပိုးဝင်မှုကြာရှည်ခြင်း၊ပြင်းထန်ခြင်းတို့ဖြစ်ပါက ပဋိဇီဝဆေးဖြင့်ကုသရန်လိုအပ်ပါသည်။)

- Immunotherapy (ဓာတ်မတည့်သောသူများတွင် မတည့်သောအရာကိုမိမိကိုယ်၏ခုခံအားစနစ်မှယဉ်သွားအောင်ပြုလုပ်ခြင်း)

ကာကွယ်ခြင်း

- ရေနှင့်အသီးဖျော်ရည်များသောက်သုံးပါ။

- ကော်ဖီသောက်သုံးခြင်း၊အရက်သောက်သုံးခြင်းတို့ကိုရှောင်ကြဉ်ခြင်း

- ရေနွေးငွေ့လေးရှူပေးခြင်း၊ရေနွေးနွေးလေးဖြင့်ရေချိုးပေးခြင်း

- မျက်နှာကိုရေနွေးဝတ်လေးနှင့်နှိပ်နယ်ပေးခြင်း

- နှာခေါင်းကိုပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးခြင်း တို့ဖြင့်ကာကွယ်နိုင်ပါသည်။

Ref: Mayo Clinics

Credit:Dr Toe

ကျန်းမာရေး ဗဟုသုတများ ဖတ်ရှူခြင်းဖြင့် အကျိုးရှိစွာ အသုံးချကြစို့!

ကျန်းမာရေးအတွက် သိကောင်းစရာများ မျှဝေပါသည်။
03/02/2020

ကျန်းမာရေးအတွက် သိကောင်းစရာများ မျှဝေပါသည်။

03/02/2020

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃-၂-၂၀၂၀ ရက်နေ့၊ နံနက် (၁၁း၂၅) နာရီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၀း၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆောင်ရွက်ခဲ့ပါသည်။

(အဆိုပါ အကြောင်းအရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၃၁-၁-၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိသော တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားအား သီးခြားခန်းတွင်ဆက်လက်ကုသရန်မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။

ထို့အပြင် ၎င်းနှင့် အတူ လေယာဉ်တစ်စီးတည်း အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးသည်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။

Novel Coronavirus (2019-nCoV) advice for the public 👨‍👩‍👧‍👦👨👩Protect yourself and others from getting sickမိမိနှင့် အခြာ...
29/01/2020

Novel Coronavirus (2019-nCoV) advice for the public 👨‍👩‍👧‍👦👨👩
Protect yourself and others from getting sick
မိမိနှင့် အခြားသူများ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ပါ။

source: WHO Myanmar

Address

Swal Taw Street And Sabai Street, New Bagan
Bagan
100501

Alerts

Be the first to know and let us send you an email when Global Care Bagan International Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Global Care Bagan International Clinic:

Share

Category