04/07/2022
#ခါးနာဝေဒနာကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများ
အလေးအပင်မတဲ့အခါပဲဖြစ်ဖြစ်၊ အထိုင်များတဲ့အခါပဲဖြစ်ဖြစ် #ခါးနာဝေဒနာ ခံစားရတတ်ပါတယ်။ လူကြီးလူငယ် အသက်အရွယ်မရွေးခံစားရတတ်တဲ့ ခါးနာဝေဒနာ ပျောက်ကင်းသက်သာဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
🔸ရှားစောင်းလက်ပတ်ဖျော်ရည်
ရှားစောင်းလက်ပတ်ဖျော်ရည် ၁၂၅ မီလီလီတာခန့်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ထိုရှားစောင်းလက်ပတ်ဂျယ်လ်ကို နာကျင်မှုခံစားနေရတဲ့ ခါးတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ နေ့စဉ်မှန်မှန် လိမ်းကျံပေးမယ်ဆိုရင် ခါးနာဝေဒနာ သက်သာသွားပါလိမ့်မယ်။
🔸နာနတ်သီးဖျော်ရည်
နာနတ်သီး ၁၁၅ ဂရမ်ကို အတုံးခပ်သေးသေးလေး တုံးထားပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ရေ ၂၅၀ မီလီလီတာကို ဖျော်စက်ထဲထည့်ပြီးနောက် ဖျော်စက်ဖွင့်ကာ မွှေပေးလိုက်ပါ။ ထိုဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဖျော်ရည်မသောက်ချင်သူများအနေနဲ့လည်း နာနတ်သီးကို စားသုံးပေးနိုင်ပါတယ်။
🔸ကြက်သွန်ဖြူ အသုံးပြုပါ
ကြက်သွန်ဖြူ ၁၀ မြွှာကို ညှက်နေအောင် ထောင်းပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်သွန်ဖြူအနှစ်ကို နာကျင်နေတဲ့ ခါးတစ်ဝိုက်ပေါ်သို့ လိမ်းကျံပေးလိုက်ပါ။ ထို့နောက် တဘက်သန့်သန့်တစ်ခုဖြင့် ပတ်ထားပေးလိုက်ပါ။ ၂၅ မိနစ်၊ မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာတော့ ရေစိုနေတဲ့အဝတ်စဖြင့် သန့်စင်ပေးလိုက်ပါ။ ဒီနည်းလမ်းအသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး တစ်နေ့နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။
နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ မနက်မိုးလင်းတိုင်းမှာ ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာခန့်ကို ဝါးစားပေးရမှာပဲဖြစ်ပါတယ်။
🔸ဂျင်းလက်ဖက်ရည်နွေးနွေးလေး သောက်သုံးပါ
ရေနွေးပူ တစ်ဖန်ခွက် (၂၅၀ မီလီလီတာ)ထဲသို့ ၂ လက်မအရွယ်အစား ဂျင်းတုံးတစ်တုံးထည့်ကာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ထို့နောက် အရသာကောင်းမွန်ဖို့ရန်အတွက် ပျားရည်အနည်းငယ်ထည့်ကာ မွှေပေးလိုက်ပါ။ ရေနွေး မအေးခင်မှာ ပူပူနွေးနွေးလေး သောက်သုံးပေးခြင်းအားဖြင့် ခါးနာဝေဒနာကို ကုသပေးလိုက်ပါ။ ဒီဂျင်းလက်ဖက်ရည်ကိုတော့ တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။
Credit
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman By Kay Zin, Medical and health, Bago.