Hanuman By Kay Zin

Hanuman By Kay Zin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman By Kay Zin, Medical and health, Bago.

 #ခါးနာဝေဒနာကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများအလေးအပင်မတဲ့အခါပဲဖြစ်ဖြစ်၊ အထိုင်များတဲ့အခါပဲဖြစ်ဖြစ်  #ခါးနာဝေဒနာ ခံစား...
04/07/2022

#ခါးနာဝေဒနာကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းများ

အလေးအပင်မတဲ့အခါပဲဖြစ်ဖြစ်၊ အထိုင်များတဲ့အခါပဲဖြစ်ဖြစ် #ခါးနာဝေဒနာ ခံစားရတတ်ပါတယ်။ လူကြီးလူငယ် အသက်အရွယ်မရွေးခံစားရတတ်တဲ့ ခါးနာဝေဒနာ ပျောက်ကင်းသက်သာဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

🔸ရှားစောင်းလက်ပတ်ဖျော်ရည်

ရှားစောင်းလက်ပတ်ဖျော်ရည် ၁၂၅ မီလီလီတာခန့်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ထိုရှားစောင်းလက်ပတ်ဂျယ်လ်ကို နာကျင်မှုခံစားနေရတဲ့ ခါးတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ နေ့စဉ်မှန်မှန် လိမ်းကျံပေးမယ်ဆိုရင် ခါးနာဝေဒနာ သက်သာသွားပါလိမ့်မယ်။

🔸နာနတ်သီးဖျော်ရည်

နာနတ်သီး ၁၁၅ ဂရမ်ကို အတုံးခပ်သေးသေးလေး တုံးထားပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ရေ ၂၅၀ မီလီလီတာကို ဖျော်စက်ထဲထည့်ပြီးနောက် ဖျော်စက်ဖွင့်ကာ မွှေပေးလိုက်ပါ။ ထိုဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးလိုက်ပါ။ ဖျော်ရည်မသောက်ချင်သူများအနေနဲ့လည်း နာနတ်သီးကို စားသုံးပေးနိုင်ပါတယ်။

🔸ကြက်သွန်ဖြူ အသုံးပြုပါ

ကြက်သွန်ဖြူ ၁၀ မြွှာကို ညှက်နေအောင် ထောင်းပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်သွန်ဖြူအနှစ်ကို နာကျင်နေတဲ့ ခါးတစ်ဝိုက်ပေါ်သို့ လိမ်းကျံပေးလိုက်ပါ။ ထို့နောက် တဘက်သန့်သန့်တစ်ခုဖြင့် ပတ်ထားပေးလိုက်ပါ။ ၂၅ မိနစ်၊ မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာတော့ ရေစိုနေတဲ့အဝတ်စဖြင့် သန့်စင်ပေးလိုက်ပါ။ ဒီနည်းလမ်းအသုံးပြုမယ်ဆိုရင်တော့ အနည်းဆုံး တစ်နေ့နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။

နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ မနက်မိုးလင်းတိုင်းမှာ ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာခန့်ကို ဝါးစားပေးရမှာပဲဖြစ်ပါတယ်။

🔸ဂျင်းလက်ဖက်ရည်နွေးနွေးလေး သောက်သုံးပါ

ရေနွေးပူ တစ်ဖန်ခွက် (၂၅၀ မီလီလီတာ)ထဲသို့ ၂ လက်မအရွယ်အစား ဂျင်းတုံးတစ်တုံးထည့်ကာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ထို့နောက် အရသာကောင်းမွန်ဖို့ရန်အတွက် ပျားရည်အနည်းငယ်ထည့်ကာ မွှေပေးလိုက်ပါ။ ရေနွေး မအေးခင်မှာ ပူပူနွေးနွေးလေး သောက်သုံးပေးခြင်းအားဖြင့် ခါးနာဝေဒနာကို ကုသပေးလိုက်ပါ။ ဒီဂျင်းလက်ဖက်ရည်ကိုတော့ တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးလိုက်ပါ။

Credit

ပြန်လည် ကူးယူမျှဝေပါသည်ခြေဖနောင့်ကွဲနာပျောက်ဖို့~~~~~~~~~~ကိုကံမြင့်တစ်ယောက် ခြေဖနောင့်နာနေလို့ လမ်းကောင်းကောင်းမလျှောက်...
29/03/2022

ပြန်လည် ကူးယူမျှဝေပါသည်

ခြေဖနောင့်ကွဲနာပျောက်ဖို့
~~~~~~~~~~
ကိုကံမြင့်တစ်ယောက် ခြေဖနောင့်နာနေလို့ လမ်းကောင်းကောင်းမလျှောက်နိုင်ဖြစ်နေတယ်။
အလှူပွဲ၊ ထိမ်းမြားမင်္ဂလာပွဲ၊ နာရေးကိစ္စ ဘယ်မှမသွားနိုင်။ ဇနီးနှင့်သားသမီးတွေကိုသာ လွှတ်နေရတယ်။
ကျနော်နဲ့တွေ့ပြီ့း သူကဆေးနည်းတောင်းတယ်။
ခုတော့ ကျနော်ပေးတဲ့ဆေးနည်းနဲ့ သက်သာသွားတယ်တဲ့။
ဆေးနည်းပေးခ ငွေတစ်ပြားမှမရပေမယ့် ပီတိဖြစ်ရတာကတော့ အမှန်ပါ။... .... ... .... ...

ကျနော်က ဆေးတွေပေးတတ်ပါတယ်။ အမှန်ပြောရ ထိုးဆေး၊စားဆေးတွေနဲ့ ရမ်းကုလုပ်မယ်ဆိုရင်တောင်
လုပ်တတ်တယ်။
ဗန်းမောက်ရွှေမှော်၊ တနိုင်းရွှေမှော်များတွင်နေခဲ့စဉ်က လောပန်းများခိုင်းစေချက်အရ(အလုပ်လည်းသက်သာလို့) ဒေါက်တာရမ်းကုအဖြစ်
ခပ်တည်တည်ကြီးလုပ်နေခဲ့ဖူးပါသေးတယ်။😁😁😁😁
မည်သို့ဆိုစေ ဒီလိုလုပ်နိုင်တာဟာ စာဖတ်တဲ့အကျိုးကြောင့်ပါ။
ခုပြောပြတဲ့ ခြေဖဝါးနာပျောက်ဆေးကလည်း စာဖတ်ရင်းရလာတဲ့ဗဟုသုတပါ ။
စာမဖတ်၊ ဗဟုသုတမရှာခဲ့ရင် ခုလိုကူညီနိုင်မှာမဟုတ်။
...
ကိုကံမြင့်လိုခြေဖဝါးကွဲပြီး သွားလာရေးခက်ခဲလို့ စိတ်ဆင်းရဲနေရသူများအတွက်လည်း ဒီနည်းလေးလုပ်ကြည့်ကြပါ။ ကံကောင်းရင်တော့ပျောက်နိုင်ပါတယ်။
မပျောက်ရင်လည်း ဘေးမဖြစ်နိုင်လို့ စိတ်ချသုံးနိုင်ပါတယ်။

ဆေးနည်းများ-
ဆေးနည်း(၁)
ဇွန်ပန်းရွက်(ဇွန်ပန်းက စံပယ်နဲ့မျိုးရင်းတူတယ်)ကို
ညှက်ညှက်ကြိတ်ပြီး ကွဲအက်ရာထဲသိပ်ပေးပါ ။
စိတ်ရှည်ရှည်လုပ်ပါ။ ဆယ်ရက်ခန့်နဲ့သက်သာနိုင်ပါတယ်။

ဆေးနည်း(၂)
ညအိပ်ယာဝင်ခါနီးတွင် ခြေထောက်အား ရေစင်အောင်ဆေးပါ။ ဒူးခေါင်းမှစ၍ ကြာကြာလေးလောင်းဆေးပေးသင့်သည်။
ထို့နောက် ရေစင်အောင်သုတ်ပါ။
ကွမ်းရွက်စိုတစ်ရွက်ကို မကျည်းမှည့်အနှစ်အနည်းငယ်နဲ့ရောကြိတ်။
ကွဲနေတဲ့အရာထဲထည့်သိပ်လိမ်းပေးပါ ။ဤကဲ့သို့ ညစဉ် လုပ်ပေးပါက တစ်ပတ်အတွင်းတွင် သက်သာပျောက်ကင်းနိုင်ကြောင်း သိရပါသည်။ ။

ဆေနည်း(၃)
ငှက်ပျောသီးမှည့်ကို အခွံပါပါအောင်ပြုတ်၍ နေ့စဉ်စားသုံးပေးခြင်း၊ ငှက်ပျောခွံအတွင်းသားဖြင့် ကွဲအက်ရာထဲသို့ ပွတ်လိမ်းပေးခြင်းတို့ဖြင့်လည်း ခြေဖနောင့်ကွဲအက်ဒဏ်ရာအား တစ်ဖြည်းဖြည်းပျောက်ကင်းသက်သာစေနိုင်သေးသည်ဟု ဆို၏။

အထက်ပါဆေးနည်းများသုံးစွဲနေစဉ်အတွင်း နေ့စဉ် ခြေဖဝါးအား ရေနွေးစိမ်ကာ၊ ပွထနေသောဆဲလ်သေများကို တိုက်ချွတ်ဖယ်ရှားပေးပါက ၊ နာကျင်မှုကိုသက်သာစေပြီး လမ်းလျှောက်ရလည်းအဆင်ပြေစေပါလိမ့်မည်။ ။

"ဘေးဘယာ ဝေးကွာကြပါစေ"

ပြည့်စုံမင်းလွင်(ပင်လည်ဘူး)

Credit.

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဒီလိုခွဲနိုင်ပါတယ်။ နာကျင်မှုပုံစံ        ကျောက်ကပ်ထဲ ကျောက်တည်ရင်...
23/03/2022

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဒီလိုခွဲနိုင်ပါတယ်။

နာကျင်မှုပုံစံ
ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးခနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။

လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။

ရိုးရိုး ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲနာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။

ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။

နာကျင်မှု ပျံ့နှံ့ခြင်း
ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကိုပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။
အာရုံကြောထိလို့နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့နာတဲ့ ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။

သက်သာသွားတာ ပိုးဆိုးသွားတာ။
ကျောက်ကပ် ကြောင့်ဖြစ်တဲ့ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။

ကိုယ်ခန္ဓာပုံစံအမှန်လေးပြင်လိုက်ရုံနဲ့သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။

ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ၊ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်း ညင်ညင်သာသာ လုပ်ပေးတဲ့အခါ သက်သာသွားတတ်ပါတယ်။

ခါးနာတာနဲ့အတူရှိနေတတ်တဲ့အခြား လက္ခဏာတွေ
ကျောက်ကပ်ကျောက်တည်တာ ၊ ပိုးဝင်တာမျိုးတွေမှာ ချမ်းတုန်ပြီးဖျားတာ ၊ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ ၊ဆီးထဲ သွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။

ရိုးရိုး ခါးနာတာမှာကျ နာနေတဲ့ ခါးနေရာက ရောင်နေတာ ၊ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။

Credit - ဒေါက်တာonline

 #အလွယ်ကူဆုံးကျောက်ကပ်ဆေးနည်းကိုမျှဝေပေးလိုက်ပါတယ်...။(၁) ကြက်ရိုး နှစ်ဆယ်ကျပ်သားခန့်ကို      ကြာကြာလေး ပြုတ်ပါ...။⬅(၂) ...
21/03/2022

#အလွယ်ကူဆုံးကျောက်ကပ်ဆေးနည်းကိုမျှဝေပေးလိုက်ပါတယ်...။

(၁) ကြက်ရိုး နှစ်ဆယ်ကျပ်သားခန့်ကို
ကြာကြာလေး ပြုတ်ပါ...။⬅

(၂) ကျောက်ဖရုံသီး တစ်စိတ်ကို
ခပ်သေးသေး တုံး၍ ထည့်ပြုတ်ပါ...။⬅

(၃) ငရုတ်ကောင်း ၅ စေ့ခန့်ကို ထုထည့်ပါ..။⬅

(၄) ဟင်းကျက်ပြီဆိုရင်
တရုတ်နံနံပင် အနေတော် ၃ ပင်ခန့်ကို
နုတ်နုတ်စင်း၍ ထည့်ပါ...။⬅

(၅) ပန်းကန်ထဲထည့်ပြီး သောက်ခါနီး
သံပုရာတစ်စိတ်ကို ညစ်ထည့်ပြီး သောက်ပါ...
အရည်ရော အဖတ်ပါ စားပါ...
တစ်အိုးလုံး မကုန်မချင်း နားနားပြီး စားပါ..။⬅

(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက်
ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ...။⬅

📝 ကျောက်ကပ်ဟာ
လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို
လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်...
နေ့စဉ် စားသောက်နေတဲ့
အစားအစာများကို စစ်ထုတ်ပေးရတယ်...။⬅

📝 ယနေ့ခေတ် အစားအသောက်များကလည်း
ဟိုအရင်လို သဘာဝအလျှောက်
တောထဲကရတဲ့ အသီးအနှံ၊
ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး
နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်...
အဆိပ်အတောက်မျိုးစုံလည်း ပါဝင်နေပါတယ်...။⬅

📝 ကြာလာတော့
ကျောက်ကပ်ကို သွားထိပါတယ်...
ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ကာ
ကျောက်ကပ်မှာ ကျောက်တည်ရောဂါများ ဖြစ်လာကြပြီး၊ ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး..။⬅

📝 အစာလည်းဆေး၊
ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း
ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွန်ပေးလိုက်ရပါတယ်...။⬅

လူသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့...😊

ရောင်ပြန်
#ကျန်းမာရေးဗဟုသုတ

 #ပျားရည်ကြက်သွန်ဖြူစားခြင်းအကျိုးကျေးဇူးများကြက်သွန်ဖြူရော ပျားရည်တို့က ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။ကြက်သွန်ဖြူ...
18/03/2022

#ပျားရည်ကြက်သွန်ဖြူစားခြင်းအကျိုးကျေးဇူးများ
ကြက်သွန်ဖြူရော ပျားရည်တို့က ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက သွေးစီးဆင်းမှုအားကိုလည်း ကောင်းစေပါတယ်။ ကြက်သွန်ဖြူက အစာအိမ်ထဲမှာရှိတဲ့ အစာခြေရေတွေ ကောင်းကောင်းမွန်မွန်ထွက်ရှိအောင် ကူညီပေးပါတယ်။

အဲ့ဒီအပြင် သူ့မှာ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

သွေးအတွင်း ကိုလက်စထရောဓာတ်ကို လျော့ချပေးပြီး သွေးကြောတွေထူပြီး မာနေတာတွေကို သက်သာစေကာ သွေးကို ကောင်းကောင်းမွန်မွန် စီးဆင်းစေပါတယ်။ ဒါကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

အသားအရေကို ကောင်းမွန်စေ

ကြက်သွန်ဖြူမှာ ဆဲလ်တွေကို အားကောင်းစေတဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။ ဒီ ဓာတ်တွေက အသားအရေကို ချောမွေ့၊ နူးညံ့ပြီး ၀က်ခြံကင်းစင်တဲ့ အသားအရေကို ရစေပါတယ်။

ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ ကျန်းမာတဲ့ အသားအရေကို ရစေပါတယ်။

ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေး

ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ဘက်တီးရီးယား ပိုးမွှားတွေ ကူးစက်မှုကနေ ကာကွယ်ပေးပါတယ်။

ပျားရည်

ကိုယ်အလေးချိန်ကို ကျဆင်းစေ

ပျားရည်မှာ အချိုဓာတ်တွေပါဝင်ပေမယ့် ပျားရည်နဲ့ ကြက်သွန်ဖြူတို့ကို အစာအိမ်ထဲမှာ အစာမရှိခင်ထားရင် အစာစားချင်စိတ်ကို လျော့ချပေးပါတယ်။

အစာစားချင်စိတ်ကို လျော့ချပေးတာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

ယောင်ယမ်းတာတွေကို ကျစေ

ခန္ဓာကိုယ်မှာ နာကျင်၊ ကိုက်ခဲတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဖျားချင်ချင်ဖြစ်တဲ့အချိန်တွေမှာလည်း သောက်သုံးသင့်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ ၁၂ မွှာ

ပျားရည် ၁ ခွက် (၃၃၅ ဂရမ်)

ရေခရား ၁ ခွက်

ပြုလုပ်နည်း

ကြက်သွန်ဖြူတွေကို ကြိတ်တာဖြစ်ဖြစ် ပါးပါးလှီးတာဖြစ်ဖြစ်လုပ်လိုက်ပါ။

ပျားရည်ကို ရေခရားထဲထည့်ပါ။

ကြက်သွန်ဖြူနဲ့ ရောပါ။

ပြီးရင် ရေခရားကို အဖုံးနဲ့ပိတ်ပြီး ၁ ပတ်လောက် မှောင်တဲ့နေရာမှာ ထားလိုက်ပါ။

မနက်မိုးလင်းရင် ဘာမှမစားရသေးခင်မှာ ကြက်သွန်ဖြူနဲ့ ပျားရည် ရောထားတဲ့ အရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းလောက် နေ့တိုင်းပုံမှန်စားပေးပါ။

ူရင်း

ဂုတ်_ခါး_ဒူး_ဖနောင့် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း အတွက် လက်တွေ့ဆေးနည်း ..====================ဂုတ်_ခါး_ဒူး_ဖနော...
03/03/2022

ဂုတ်_ခါး_ဒူး_ဖနောင့် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း အတွက် လက်တွေ့ဆေးနည်း ..

====================

ဂုတ်_ခါး_ဒူး_ဖနောင့် အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း အတွက် လက်တွေ့ဆေးနည်း

အရိုးကျိုးသည့်နေရာ အရိုးကျီးပေါင်းတက် အရိုးအဖုဖြစ်နေသည့် သူများအတွက် လက်တွေ့ဆေးနည်း

လိုအပ်သည့်ဆေး

၁ ။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် ။ ( ဟင်းနုနွယ်အရိုင်းပင် ဆူးများပါပါသည် )

၂ ။ ထမင်း လက်တစ်ဆုပ် ။

ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက် အမြစ် ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်စုပ် ဆတူကို ဆုံတစ်ခုမှာ ထည့်ထောင်းပါ ။

( မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ )

ထောင်းပြီးရင် ပတ္တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ် ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ ဂုတ် သို့ ခါး တို့အား ပတ္တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး ပုံပါအတိုင်း စက္ကူတိတ်ကပ်ပေးထားပါ ။

ခြေဖနောင့် တတောင်ဆစ် ဒူးတို့အတွက် ဆေးအုံပြီး ပတ္တီးဖြင့်စီးပေးထားလျှင်ရပါသည် ။

မနက် တစ်နာရီကပ် အသစ်ပြန်ထောင်း ညဖက် တစ်နာရီကပ် တနေ့ ၂ ခါကပ်ပေးပါ ။( အချိန်ပိုလည်းရပါတယ် )

ကျီးပေါင်း ( အရိုးအတက်ထွက်ခြင်းအတွက် ထိရောက်ပါတယ်)

တပတ်ခန့်စိတ်ရှည်ရှည်နှင့် ပုံမှန်လုပ်ပေးပာက အရိုးကျီးပေါင်းအတွက် အမှန်တကယ်ထူးခြားလာပါလိမ့်မယ် ။

#မူရင်းသို့လေးစားစွာဖြင့်credit

 #နေမကောင်းလို့  ဆေးသောက်လဲ မပျောက်ပဲ ကြွက်သားများ  #ညောင်းညာကိုက်ခဲနေတာ   #ယူပစ်သလို ပျောက်နည်း။ အိမ်တွင်း ကုထုံး တကယ်လ...
02/03/2022

#နေမကောင်းလို့ ဆေးသောက်လဲ မပျောက်ပဲ ကြွက်သားများ #ညောင်းညာကိုက်ခဲနေတာ #ယူပစ်သလို ပျောက်နည်း။

အိမ်တွင်း ကုထုံး တကယ်လက်တွေ့ ပါ

ပါဝင် ပစ္စည်း
===≈===

ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ လုံး
သံပုရာသီး ၂ လုံး
ဂျင်း ၂ တက်
ရှောက်ရွက်(သို့) သံပုရာရွက်
၁၀ ရွက် ၁၅ ရွက်ခန့်

အားလုံးကို အိုးတခုမှာ ရောပြီး
အိုးထဲ ရေတဝက်ကျော် ထည့်
ပြီးပြုတ်လိုက်ပါ။

ပွတ်ပွတ် ဆူလာတဲ့အခါ
အိုးကို ​ညီတဲ့နေရာမှာချ ဒူးထောင် ထိုင်ပြီး ၁၀ မိနစ်ခန့် စောင် ကို ခေါင်း မှ ခြေထိ
တကိုယ်လုံး ခြုံထားပါ။

မသုံးတဲ့ အိုးကို ခြေခွထိုင်ပီး
လုပ်ရင် ပိုကောင်းပါသည်။

ချွေးတွေ တစ်ကိုယ်လုံး
ရေလောင်းထားသလို ချွေးထွက်
လာပါမယ်။

တော်တော်ကို နေလို့ကောင်းသွားတယ်။ ညောင်းညာ ကိုက်ခဲတာ
အကုန်ပျောက်။

မသွန်ပစ်ပဲ ၅ ခါ ၆ ခါ လုပ်လို့
ရပါတယ်။

ပူအောင် ပြန်နွေးရမှာပါ
အဖျားပါ ပျောက်သွားတယ်။

ဆေးသောက်တာ ကြာပြီ
မပျောက်ဘူး
ခုမှ နေလို့ကောင်းသွားတော့တယ်။
ူရင်း

📌  ခါးစောင်းနေတဲ့ ဝေဒနာသည်တွေ၊         ခြေထော့နဲ့ထော့နဲ့ ဝေဒနာသည်တွေ၊        တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒနာသည်တွေ     ...
22/02/2022

📌 ခါးစောင်းနေတဲ့ ဝေဒနာသည်တွေ၊
ခြေထော့နဲ့ထော့နဲ့ ဝေဒနာသည်တွေ၊
တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒနာသည်တွေ

တွေ့ရင် ကျနော်က သိသိမသိသိ
အတင်းလိုက်မိတ်ဖွဲ့ပါတယ်။
- ဘယ်လိုဖြစ်တာလဲ? ပေါင်တန်းနေတယ်မဟုတ်လား? ခြေထောက်ခြေဖျားတွေ ထုံကျင်နေတယ်မဟုတ်လား? တင်ပါးခွက်က မခံစားနိုင်အောင်
ကိုက်ခဲနေတယ်မဟုတ်လား?
ခါးနာတာကစ တာမဟုတ်လား?
ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ကူညီချင်တယ်-
ကယ်တင်ချင်တယ်လေ။ ဇီဝိတဒါနပေါ့…………

ကဲ ဆေးနည်းလေး – စလိုက်ကြရအောင်……
အချိန်ဆယ်မိနစ်ဆို ရပါပြီ။
အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့……
မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ
(သို့)ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။
လူက နှစ်တောင်လောက်ခွာပြီး ခြေစုံရပ်ပါ။ ယဘယ် (သို့) ညာခြေတဖက်ကို ထိုတန်းပေါ်သို့လှမ်းတင်လိုက်ပါ။ ကျန်တဖက်က ရပ်လျက်ပေါ့။
ထိုသို့တင်လိုက်ပါက ထိုခြေထောက်၏ပေါင်ကြောများ တောင့်တင်းနေပါလိမ့်မည်။
၎င်းပေါင်ခြေသလုံး အောက်ဖက်ရှိ ကြွက်သားများကို မိမိလက်၂ဖက်နှင့် နှိပ်နယ်ချေပေးပါ။ ငါးမိနစ်ခန့်။

ပြီးလျှင် နောက်တဖက်ပြောင်း အလားတူ။
အရမ်း မချွံထက်သော အုန်းမှုတ်ခွက်(တခြမ်းစီ) အနေတော်ကို ကြမ်းပြင်မှာ ချထားပါ။
ဘယ်ညာ၂ဖက်စလုံးတက်ရပ်ပါ။
ပြီးလျှင် ဘယ်ညာ ဘယ်ညာစည်းချက်ကျကျ အချက်၁၀၀ခန့် နင်းပါ။
နင်းသည့်အခါ ခြေဖဝါးအလယ်ခွက် မနင်းရပါ။
ခြေဖဝါးစေါင်းပတ်လည် ဘယ်စောင်းညာစောင်း
ဖနောင့်ခြေဖျားလေးများ စုံအောင်နှံ့အောင် ပူထူလာအောင် နင်းရမည်။
ပြုတ်မကျအောင် တန်းတခုခုကို ကိုင်ထားပါ။

ပြီးပါပြီ...ဒါပါပဲ။ ထိုအချိန်မှစ၍ တစ်ညလုံး
ခြေဖဝါး ရေမထိပါစေနှင့်။
တစ်ညလုံး ခြေဖဝါးက အပူတွေ တရှိန်းရှိန်း ထွက်သလို ခံစားရပါလိမ့်မည်။ အလွန်လွယ်ကူပါသည်။
တစ်ခုပဲ သတိပြုရမည်။ရောဂါကြီးလျှင် ပထမဆုံး
ခါးအမြင့်လောက် ခြေထောက်ကို မြှောက်နိုင်မည်မဟုတ်ပါ။ နိုင်သလောက်အမြင့်ပဲ လုပ်ခိုင်းပြီး တဖြည်းဖြည်းချင်း တိုးမြှင့်သွားပါလေ။ အလွန်လွယ်ကူသောနည်းမို့ အထင်မသေးပါနှင့်။ ကျနော်နည်းပေး၍ ပျောက်ကင်းသွားသူ ၁၂ ဦးထဲတွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန်တယောက် ပါဝင်ပါသည်။ ကျနော်ဆရာဝန်လည်းမဟုတ်ပါ။ ဆေးပညာလည်းနားမလည်ပါ။
သာမန်တပ်မတော်သား စစ်သားတဦးသာ ဖြစ်ပါသည်။ ပျောက်ခဲ့ဖူးလို့ ပျောက်စေချင်လို့ အတွေ့အကြုံ မျှဝေခြင်းသာ ဖြစ်ပါသည်။ ယုံကြည်လျှင် လုပ်ကြည့်ပါ။
မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍…
အကြံပေးစကားပြောကြားရင်း ဒီအကြောင်းရေးဖို့ စိတ်ကူးရလာတာပါ။
စေတနာရှေ့ထား သနားစာနာစိတ်ဖြင့်
အပင်ပန်းခံ စာအရှည်ကြီး ရေးခြင်းဖြစ်ပါသည်။

Credit – Original Poster

Posted in ကျန်းမာရေးဗဟုသုတ

ကြက်သွန်နီ...နဲ့ ဆီးချိူကြက်သွန်နီက..မွှန်၏။Onion...ဆိုတဲ့စကားက..လက်တင်ဘာသာစကားကဆင်းသက်လာကြောင်းမှတ်သားဖူး၏။ကြက်သွန်နီဟာ...
20/02/2022

ကြက်သွန်နီ...နဲ့ ဆီးချိူ

ကြက်သွန်နီက..မွှန်၏။

Onion...ဆိုတဲ့စကားက..လက်တင်ဘာသာစကားက
ဆင်းသက်လာကြောင်းမှတ်သားဖူး၏။

ကြက်သွန်နီဟာ...ဗိုင်းရပ်ပိုးတွေကိုသတ်နိုင်တယ်။
ကြက်သွန်နီမှာ.ပါတဲ့ ဆာဖာဓာတ်ပေါင်းတွေက
သွေးခဲတာကိုတားပေးနိုင်စွမ်းရှိတယ်။

ကြက်သွန်နီ....မှာ.ဖဒရိုနိုက်..ဓာတ်ပေါင်းများစွာပါဝင်လို့
အဆုပ်အတွင်းနံရံတွေကိုကာကွယ်တယ်။
ပန်းနာရင်ကျပ်ကောင်းတယ်။
အဆုပ်/ နှလုံး..နှစ်ခုစလုံးကိုကောင်းစေတယ်။

ကြွက်တက်တက်သူဆို..ကြက်သွန်နီ..အစိမ်းစားကြည့်
သက်သာလာတယ်။

ဆီးချိူသမားတွေ..အဆီများကြတယ်
ကြက်သွန်နီစားပေးပါ။

နေ့တိုင်း.ဟင်းချက်ရင်သူပါ.ပါသည်။
သို့သော်..အလွယ်ရနေတော့ စိတ်မဝင်စားပါ။

ဆီးချိူ..တက်နေသူတွေ..
ကြက်သွန်နီကို..သီးသန့်..သုပ်စား/တို့စား./မြုပ်စား
ကြည့်ပါ။

ဆီးချိူ..မရှိသူလည်းစားပါ။

စားရင်း.စားရင်..အကျိူးကျေးဇူးသိလာပါမည်။
ဆီးချိူ..တကယ်ထိန်းပါသည်။ ကိုယ်တွေ့ပါ။

တစ်ချိန်က..fasting..180 ဖြစ်ခဲ့သော.
ကျွန်မသည်..ထမင်းစားတိုင်း( ထမင်းလျော့ ပြီး)
ကြက်သွန်နီသုပ်..သံပုရာသီး.များများညှစ်.
ငရုပ်သီးစိမ်း.စပ်စပ်လေးနဲ့...များများလေး
ဆက်တိုက်စားခဲ့သည်။

အဖြေတွေ..တိုးတက်လာ၏။

ဒါသည်..ဆေးမြီးတို.မဟုတ်ရပါ။
သဘာဝ.ဓာတ်စာဖြစ်၏။

စားဖို့မေ့နေရင်..စားပါ...ဆီးချိူအတွက်/အဆုပ်အတွက်
ပိုးတွေအတွက်/နှလုံးအတွက်/အသက်ရူလမ်းကြောင်း
အတွက်/ဆီးမထိန်းနိုင်သူ..ဆီးပူ.ဆီးအောင့်သူအတွက်/
အဆီများသူအတွက်/သွေးခဲနေသူအတွက်/
ရောင်ရမ်းခြင်းအတွက်/အစာအိမ်အတွက်/သွေးအား
နည်းသူအတွက်/ကိုယ်ခံအားအတွက်/...

ဟင်းထဲ ထည့်ချက်တာကို..မဆိုလို..

သပ်သပ် .သုပ်စား..တိုစား.ကြပါဟု..ပြောကြားရင်း
ဖတ်ထားသမျှ...ဝေမျှလိုက်ပါသည်။

ချစ်တဲ့...wwk

အိုမီခရွန်ဟာ ကလေးငယ်လေးများတွင် တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်တဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်တဲ့ …ကလေးငယ်လေးတွေမ...
16/02/2022

အိုမီခရွန်ဟာ ကလေးငယ်လေးများတွင် တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်တဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်တဲ့ …

ကလေးငယ်လေးတွေမှာ အိုမီခရွန် ကူးစက်ခံရရင် Croup လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းပြီး တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်ပြီး ချောင်းဆိုးတတ်တာကို တွေ့ရပါတယ်။ ကလေးငယ်လေးတွေရဲ့ လေပြွန်ဟာ ကလေးကြီးတွေနဲ့ယှဉ်ရင် ပိုမိုသေးငယ်တာကြောင့် နည်းနည်းလေးရောင်တာနဲ့ ကျဉ်းသွားပြီး အသက်ရှူခက်တာ၊ အသံကျယ်ကျယ် ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။

>> ကလေးငယ်လေးတွေ လေပြွန်ရောင်တဲ့အခါ
● ချောင်းဆိုးခြင်း၊ အထူးသဖြင့် ညဘက်မှာ ချောင်းပိုဆိုးခြင်း
● ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ လှိုက်ခေါင်းသံလိုမျိုး တဟုန်းဟုန်းနဲ့ အသံကျယ်ကျယ်ချောင်းဆိုးခြင်း
● ဖျားခြင်း
● အသံပြောင်းသွားခြင်း၊ အသံသြလာခြင်း
● အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ ဆူညံနေခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

>> မိမိတို့ကလေးတွေမှာ ဒီလက္ခဏာတွေရှိနေရင် မေမေတို့အနေနဲ့ သက်သာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ -
● စိုထိုင်းဆမြင့်တဲ့ လေ (သို့) အေးမြတဲ့လေကို ရှူရှိုက်စေပါ။ ကလေးကို ရေနွေးငွေ့၊ ဒါမှမဟုတ် အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူခိုင်းပါ။
● အသက်ရှူရတာ လွယ်ကူစေဖို့ မတ်မတ်အနေအထားနဲ့ နေစေပါ။
● ကလေးငိုတဲ့အခါ ချောင်းဆိုးတာ ပိုဆိုးတာကြောင့် ကလေးကို ငြိမ်အောင် ချော့ပေးပါ။
● အရည်နွေးနွေးလေးတွေ တိုက်ပေးပါ။
● အနားယူစေပါ။
● အဖျားရှိရင် အဖျားကျဆေး တိုက်ပါ။
● တခြားဆေးဝါးတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်နဲ့ တိုက်ပါ။

များသောအားဖြင့်တော့ လေပြွန်ရောင်ရမ်းတာဟာ အိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ရပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာခဲ့ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။
● အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ တရွှီရွှီနဲ့ ဆူညံနေရင်
● ငိုခြင်း၊ ဂျီကျခြင်း မရှိတဲ့အချိန်မှာတောင် အသက်ရှူတာ ဆူညံနေရင်
● သွားရည်ကျနေရင်၊ အစာမျိုရခက်ရင်
● ဂနာမငြိမ်ဘဲ ဂျီကျနေရင် (သို့) မှိန်းနေရင်
● အသက်ရှူမြန်ရင်
● အသက်ရှူရခက်ရင် အစရှိတဲ့ ပြင်းထန်လက္ခဏာတွေ ကလေးဆီမှာ ရှိလာရင်တော့ အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

Dr. Aye Hsu Mon

drmyanmar
Child_Health

 #ဖျားနေစဥ်မလုပ်သင့်သောအရာများခုချိန်က မဖျားသေးရင်ပဲ ခေတ်မမှီတော့လို ဖြစ်နေတဲ့ အချိန်မှာ ဖျားပီးတဲ့ သူရော မဖျားရသေးတဲ့ သ...
15/02/2022

#ဖျားနေစဥ်မလုပ်သင့်သောအရာများ

ခုချိန်က မဖျားသေးရင်ပဲ ခေတ်မမှီတော့လို ဖြစ်နေတဲ့ အချိန်မှာ ဖျားပီးတဲ့ သူရော မဖျားရသေးတဲ့ သူတွေရော အောက်ပါအချက်တွေကို လုံးဝ သိထားသင့်တယ်နော် ......

၁။ ဖျားနေတဲ့ သူတွေ ဟာ အဖျားကြောင့် ပါးစပ်ပျက်ပီး အစားမစားချင် ရုံသာ မက..... ဖျားနေစဥ် အစာမစားရဘူး ဟူသောလွဲမှာတဲ့ အယူအဆ တွေကြောင့်ပါ အစားအသောက် မဝင်တတ်ကြပါဘူး၊
ဒါဟာ မှားယွင်းပါတယ်၊ နလန် ထမြန်ဖို့အတွက် နဲ့ခွန်အားအတွက် အစာအာဟာရ က မရှိမဖြစ်လိုအပ်ပါတယ်။

၂။ စောင်အထူကြီး ၊ လေဝင်လေထွက်မကောင်းတဲ့ အနွေးထည် ထူထူ ကြီး ဝတ်ဆင်ထားခြင်းဟာ သင့်ကို စမတ် မဖြစ်စေပါဘူး.. ကိုယ်က ပူရတဲ့ထဲ ၎င်းတို့ကြောင့်ပါ ခန္ဓာကိုယ် အပူချိန်ကို ပိုမို ​မြင့်တတ်စေပါတယ်.....

၃။ လက်ကိုင်ပုဝါ ၊ အဝတ်အစား အသုံးအဆောင် များ ကို ဖျားနေစဥ်အခြားသူများနဲ့ မျှဝေ သုံးစွဲခြင်း မပြုလုပ်ပါနဲ့ ၊ အခြား သူတွေပါ ကူးကုန်ပါလိမ့်မယ်။

၄။ ဖျားနေစဥ် အလုပ်သွားခြင်း ၊ အပြင်ထွက်ခြင်းများ ဟာ လုံးဝ မပြုလုပ်ရမယ့် အရာတွေဖြစ်ပါတယ်။ သင်မရှိမှ ဖြစ်မယ့်အလုပ် ၊ နေ ရာ ဆိုတာမရှိပါဘူး။ ရှိရင်လည်း ချေပစ်ပါ ( နေမကောင်းဘူး ၊ မလာနိုင်ဘူး ၊ စသဖြင့်) လူကြားသူကြားထဲသွားပီိကိုယ့် အတွက် လည်း ပင်ပမ်းပီ အလုပ်မတွင် ၊ သူတစ်ပါး တွေကိုလည်း ရောဂါးပိုးဖြန့်ပီး ဒုက္ခ ပေးတာမျိုး မလုပ်သင့်ပေ ။

၅။ ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်း ကလည်း ဖျားနာခြင်း ကို ပိုမိုတာရှည်စေပီး လူကိုလည်း ပိုပီး ပင်ပန်း နွမ်းလျစေတဲ့အရာ​ဖြစ်ပါတယ် ။

၆။ ပဋိဇီဝပိုးသတ်ဆေး များအား မိမိ စိတ်ရှိတိုင်း ၊( သို့) ဆေးဆိုင်များမှ စပ်ပေးသည့်အတိုင်း သောက်သုံး ခြင်းကိုတော့ အတော့ကို မလုပ်သင့်တဲ့ အချက် ပဲ ဖြစ်ပါတယ် ။ ဖျားတိုင်း ပိုးသတ်ဆေးမလိုသလို လိုရင်လည်း ဘယ်ရောဂါ ဘယ်လို လူနာ ဘယ်ဆေး ဘယ်လောက်ပမာဏ ဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပီး လိုအပ်ရင် ညွန်းပါလိမ့်မယ်။ ကျွန်တော် ကျွန်မ တို့က ၊ အမောက်ဆေလ်လေး ၊ မက်ထရိုဘေး ဘယ်လောက်သောက်လာတယ်ဆိုတာ ဟာ စမတ်ကို ဒေါင်းစေရုံသာမက ၊ ဆေးယဥ်ပါးမှုကိုပါ ဖြစ်စေနိုင်ပါတယ် သိဖို့ ။

၇။ မိမိဖာသာ အဆင်ပြေမယ့် ဆေးသောက်သုံးခြင်းကလည်း မလုပ်သင့်တဲ့ အချက် ပဲ ဖြစ်ပါတယ် ။စပ်ဆေးများ အခြားဖျားနာသူ သောက်သုံးတဲ့ ဆေးတွေကို လိုက်လံသောက်သုံးခြင်းဟာ သင့်ကိုပိုကောင်းဖို့ထက် ပိုမိုဆိုးရွားစေနိုင်ပါတယ် ။

#မိတ်ဆွေများအားလုံးဖျားနာခြင်းမှကင်းဝေနိုင်ကြပါစေ။

dr. ye'lwin

"ဆီးချိုဖြစ်တာနှစ်၂၀ ရှိပြီ"သူ့အမေ ပျောက်တဲ့အတွက်ဆေးနည်းဒါနပြုတာပါ။ဤဆေးနည်းကိုဖြန့်ဝေပါတယ် ။ဆီးချိ ု ဖြစ်တာနှစ်၂၀ ရှိပြီ...
14/02/2022

"ဆီးချိုဖြစ်တာနှစ်၂၀ ရှိပြီ"

သူ့အမေ ပျောက်တဲ့အတွက်ဆေးနည်းဒါနပြုတာပါ။

ဤဆေးနည်းကိုဖြန့်ဝေပါတယ် ။

ဆီးချိ ု ဖြစ်တာနှစ်၂၀ ရှိပြီ သူအမေ ပျောက်တဲ့အတွက်ဆေးနည်းဒါနပြုတာပါ။

ဤဆေးနည်းကိုဖြန့်ဝေပါတယ်လိုအပ်သော ပစ္စည်းမှာ
ရဲယိုရွက် နှင့် ဥသျှစ်သီးပါ ။

" ပြုလုပ်ပုံ "

ရဲယိုရွက် ၉ ရွက် နှင့် ဥသျှစ်သီး ၂ လုံး ကိုရေနှင့်ပွက်ပွက်ဆူအောင် ကျ ို ပါ ။

ရေ ၆ ပုလင်း သို့ ၁၀ ပုလင်း ခန့် နှင့်ထည့်ကျိ ုပါ။

ပွက်ပွက်ဆူ ပြီးအရောင်ရင့်ရင့် ပယင်းရောင်ဖြစ်လျှင်ရပါပြီ၊

တရက် လက်ဖက်ရည်သောက်ခွက်၂ခွက်ခန့်သောက်ပါ။

မနက်တခွက် ညတခွက်သောက်ရပါမယ် ။

သူအမေ ပျောက်တဲ့အတွက်ဆေးနည်းဒါနပြုတာပါ။

ဥသျှစ်သီး အစိုဖြစ်စေ အခြောက်ဖြစ်စေ သုံးစွဲနိုင်ပါသည်။

ဆီးချိုအတွက်သောက်သုံးရန်ဖြစ်ပါတယ် ။

ပိုစ့်တင်သူရဲ့မိခင်နှစ်၂၀ကျော်ဆီးချိုရောဂါဖြစ်နေတာရဲ့ယိုရွက်နဲ့ဥသျှစ်သီးခြောက်နှစ်မျိုးကျိုချက်ပီးမနက်တခွက်ညအိပ်ရာဝင်တခွက်သောက်ရပါတယ် ။

တခါလျက်ရင်၃ရက်၄ရက်စာချက်ရပါတယ် ။

ဥသျှစ်သီး နှင့် ရဲယိုရွက် ကို အစိုရရ အခြောက်ရရ အာနိသင်ရှိတာ တူပါတယ် ။ ။

ပြန်လည်မျှဝေပါသည် ။
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

ဥသျှစ်သီး၏ ကျန်းမာရေး စွမ်းပကား

ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ဥသျှစ်သီးက မှည့်သွားတဲ့အခါ ဆေးဖက်ဝင်တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။

ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့အာနိသင်ရှိပါတယ်။

ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။

အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။

ဝမ်းမှန်မှန် သွားစေပါတယ် ။

ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။

အ ကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ဝမ်းကိုက်တာကို သက်သာစေပါတယ်။

မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက်သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။

အကောင်းဆုံးရလဒ်ကို ရရှိစေဖို့ ဥသျှစ်သီးခြောက် ဒါမှမဟုတ် ဥသျှစ်သီးအမှုန့် ကိုသုံးသင့်ပါတယ်။

အစာအိမ်အနာကို သက်သာစေပါတယ် ။

ဥသျှစ်ရွက်ကို အစာအိမ်အနာကု သဆေးအဖြစ် သုံးကြပါတယ်။

အကြောင်း ကတော့ ဥသျှစ်ရွက်တွေမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ ကျစေပြီး အစာအိမ်အနာကျက်အောင် ကူညီပေးလို့ပါ။

နားရောဂါဝေဒနာတွေကို သက်သာ စေပါတယ် ။

ဥသျှစ်ပင်ရဲ့အမြစ်ကို နားရောဂါ ဝေဒနာတွေ ကုသရေးအတွက် အိမ်သုံးဆေး တစ်လက်အဖြစ် အသုံးပြုကြ
ပါတယ်။

အထူးသဖြင့် ဥသျှစ်ပင်ရဲ့အမြစ်ကို တမာ နားပိုးဝင်တာ၊ နားရောင်ရမ်းတာနဲ့ နား ပြည်ယိုတာစတဲ့ ဝေဒနာတွေကို သက် သာစေပါတယ်။

အကြောင်းကတော့ တမာရွက်မှာ ပိုးသတ်အာနိသင်ရှိပြီး ဥသျှစ် ပင်အမြစ်ပိုင်းမှာ သွေးတိတ်စေတဲ့ အစွမ်း ရှိလို့ပါ။

အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာ တွေကို သက်သာစေပါတယ် ။

ဥသျှစ်ရွက်ကရလာတဲ့ အဆီကို ရှူ ပေးရင် မကြာခဏ အအေးမိတာ၊ အ သက်ရှူလမ်းကြောင်း ဝေဒနာတွေကို ယာယီသက်သာစေပါတယ်။

ဥသျှစ်ရွက် အဆီကို နှမ်းဆီနဲ့ ဆတူရောပြီး နားထင်မှာ လိမ်းပြီး နှိပ်နယ်ပေးရင် ခေါင်းကိုက်တာကို သက်သာစေသလို အအေးမိဝေ ဒနာကိုလည်း လျော့ပါးစေပါတယ်။

ဥသျှစ်ရွက်ပြုတ်ရည်ထဲ ငရုတ်ကောင်းနည်းနည်းထည့်သောက်ရင် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း
ဝေဒနာတွေကို သက်သာစေပါတယ်။

အစာမကြေတာနဲ့ အူမကြီး ပိုးဝင်မှု ကို သက်သာစေပါတယ်ဥသျှစ်သီးဟာ အစာအိမ်နဲ့ အူမကြီး ပြဿနာတွေကို သက်သာစေတဲ့ အလွန် အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ် ပါတယ်။

ဒါကြောင့် အစာမကြတာနဲ့ အူ မကြီး ပိုးဝင်တာတွေလို ဝေဒနာတွေကို ကုသရာမှာ သုံးကြပါတယ်။

Credit Sai Min Thant

မမျှော်လင့်ပဲ အဓိက အမှား ဆင်ခြင်နိုင်အောင်ပါ----------------------------------အသက်(၅၇)နှစ်အရွယ်ထိုင်၀မ်အမျိုးသားတစ်ဦးဟာ ...
13/02/2022

မမျှော်လင့်ပဲ အဓိက အမှား ဆင်ခြင်နိုင်အောင်ပါ
----------------------------------
အသက်(၅၇)နှစ်အရွယ်ထိုင်၀မ်အမျိုးသားတစ်ဦးဟာ ယာဉ်တိုက်မှုတခုကြောင့် လွန်ခဲ့တဲ့လက ဆေးရုံအရေးပေါ်ဌါနကို လာရောက်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ပါတယ်။ လိုအပ်တဲ့စမ်းသပ်စစ်ဆေးကုသပြီးနောက် သောက်ဆေးများနဲ့အတူဆေးရုံမှဆင်းခဲ့ပါတယ်။ ထိုလူနာဟာ အိမ်ပြန်ရောက်ပြီးနောက် မမျှော်လင့်ဘဲ အဓိကအမှား(၃ခု)ကိုလုပ်ဆောင်ခဲ့မိပါတယ်။

၁။ ဆရာ၀န်ပေးတဲ့သောက်ဆေးတကြိမ်သောက်စာကို တခါတည်းဖြင့်သောက်ပါတယ်။
၂။ ဆေးသောက်စဉ် ရေ၁-၂ငုံစာကိုသာ သောက်ပါတယ်။
၃။ ဆေးသောက်ပြီးတာနဲ့ ချက်ခြင်းလဲလျောင်းအနားယူခဲ့ပါတယ်။

အဲဒီနေ့မှစပြီး သူ့လည်ချောင်း/ရင်ခေါင်းတလျှောက်မှာ တစ်ဆို့သလိုနဲ့နေထိမသာဖြစ်ခဲ့ပြီး ၃ရက်နောက်ပိုင်းမှာတော့ လည်ပင်းအောက်ပိုင်းမှာစတင်ယောင်ကိုင်းလာကာ ၅ရက်နောက်ပိုင်းမှာတော့ အသက်ရှုခက်ခဲမောပမ်းမှုတွေပါဖြစ်လာသဖြင့် ဆေးရုံအရေးပေါ်ဌါနကို ထပ်မံအပြေးအလွားရောက်ခဲ့ပါတယ်။ လိုအပ်တဲ့စစ်ဆေးမှုပြုလုပ်ပြီးနောက် တွေ့ရှိရတာက တလုံးတခဲတည်းသောက်ခဲ့တဲ့ဆေးတွေအနက် Capsule ဆေးတောင့်တချို့ဟာ အစာပြွန်နံရံမှာကပ်နေခဲ့ပြီး တဖြည်းဖြည်းစိမ့်၀င်ထိုးဖေါက်ကာ အစာပြွန်နံရံပေါက်နေလျက်အနေအထားပါ။ ကံကောင်းတာတခုက လည်ပင်းက သွေးကြောမ ကြီးများမပေါက်ပြဲသေးသဖြင့် ချက်ခြင်း ရင်ခေါင်းခွဲစိတ်ကုသမားတော်ကို တိုင်ပင်ပြီး အချိန်မှီခွဲစိတ်နိုင်ခဲ့လို့သေမင်းတံခါး၀မှပြန်လာနိုင်ခဲ့ပါတယ်။ အစာပြွန်တစိတ်တပိုင်းတော့ ဖြတ်တောက်ခဲ့ရပြီး အူသိမ်မှပြန်လည်ဖြတ်သောက်ပြီးပြန်ဆက်ခဲ့ရပါတယ်။ မြှားဖြင့်ညွှန်ပြထားတာကတော့ အစာပြွန်ထိခိုက်သွားတဲ့နေရာ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများကိုစေတနာဖြင့်အကြံပြုလိုတာကတော့

*** သောက်ဆေးများကို တတ်နိုင်သရွေ့ တလုံးချင်းစီသောက်ပါ။
*** ဆေးသောက်စဉ် ရေအနည်းဆုံး ၂၀၀စီစီ နှင့်အထက် သောက်သုံးပါ။
*** ဆေးသောက်ပြီး ထိုင်/ရပ်လျက်အနေအထားဖြင့်အနည်းဆုံး ၃၀မိနစ်ရှိသင့်ပြီး ချက်ခြင်းမလဲလျောင်း/မအိပ်စက်သင့်ပါ။

– လူနာဧ။်အမှတ်မထင်ပြုမူ လစ်လျူပြုချက်မှ မမျှော်လင့်ဘဲ ကြီးမားသည့်ဒုက္ခအန္တရာယ်မကျရောက်စေရန် ရည်ရွယ်လျက် —- ကာယသုခ/စိတ္တသုခနှစ်ဖြာပြည်စုံကြပါစေ
#မူရင်းရေးသားသူအားcrdပါရှင့်

ခြေထောက်တွေ ဖောရောင်နေရတဲ့အကြောင်းရင်းခြေထောက်လေးတွေခဏတာဖောနေခြင်းဟာငန်တဲ့အစားအစာတွေစားခြင်းနှင့်အကြာကြီးမတ်တပ်ရပ်နေခြင်...
10/02/2022

ခြေထောက်တွေ ဖောရောင်နေရတဲ့အကြောင်းရင်း

ခြေထောက်လေးတွေခဏတာဖောနေခြင်းဟာငန်တဲ့အစားအစာတွေစားခြင်းနှင့်အကြာကြီးမတ်တပ်ရပ်နေခြင်းတို့ကြောင့်ဖြစ်ပါတယ်.ဒီအချက်တွေကြောင့်မဟုတ်ဘဲဖောရောင်နေတယ်ဆိုရင်တော့အောက်ပါအချက်တွေကြောင့်ဖြစ်ပါတယ်

1. သွေးပြန်ကြောစွမ်းဆောင်ရည်ကျဆင်းခြင်း

ခြေထောက်ရှိသွေးပြန်ကြောတွေကောင်းကောင်းအလုပ်မလုပ်နိုင်ပါကသွေးတွေကောင်းစွာစီးဆင်းနိုင်မှာမဟုတ်တော့တဲ့အတွက်ခြေထောက်နှင့်ခြေကျင်း၀တ်တွေမှာသွေးတွေစုနေတတ်ပြီးခြေထောက်တွေဖောရောင်စေပါတယ်

2. နှလုံးပြဿနာ

နှလုံးပြဿနာကြောင့်သွေးများကိုကောင်းစွာမညစ်နိုင်တဲ့အခါခြေထောက်နှင့်ခြေကျင်း၀တ်တွေဆီမှာသွေးတွေစုပုံနေတတ်ပါတယ်။ဒါကြောင့်သင့်ခြေထောက်လေးတွေဖောရောင်နေတာပါ

3. ကိုယ်၀န်ရှိခြင်း

သားအိမ်ထဲတွင်သန္ဓေသားလေးရှိနေခြင်းကြောင့်၀မ်းဗိုက်ရှိသွေးပြန်ကြောတွေကိုဖိမိနေတတ်ပါတယ်။ဒါကြောင့်သွေးတွေကခြေထောက်နဲ့ခြေကျင်း၀တ်မှာစုပုံနေတတ်ပြီးဖောရောင်လာစေပါတယ်။ကိုယ်၀န်ဆိပ်တက်နဲ့အမျိုးသမီးတွေဆိုပိုပြီးဖောရောင်နေတတ်ပါတယ်

🤷🏼‍♀️ ဘယ်လိုလူတွေဖြစ်တတ်ကြလဲ 💁🏼‍♀️

- အငန်ကြိုက်တဲ့သူ
- အထိုင်များသူ
- အ၀လွန်သူတွေမှာလည်း သွေးလှည့်ပတ်မှုအားနည်းရာကနေ ခြေထောက်များဖောရောင်နေတတ်ပါတယ်

⚜️ မူရင်းရေးသားသူ ⚜️

နှာမွှန်နှာပိတ်ထိပ်ကပ်နာ🎊🎊🎊🎊🎊🎊🎊🎊နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်....ခရေစေ့လွန်ခ...
09/02/2022

နှာမွှန်နှာပိတ်ထိပ်ကပ်နာ
🎊🎊🎊🎊🎊🎊🎊🎊

နတ်ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်....ခရေစေ့

လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်..မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး..{ စီထရင်း (သိုမဟုတ်)ဘာမီတွန်} သောက်ရင် ပျောက်ပါသည် ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။.. တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက်..တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်... အနံဆိုးများတော့ မထွက်သေးပါ။လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။ သူ ၁၄ နှစ်တိုင်တိုင် ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်ဆေးနဲ့ကုသလို့မပျောက်တဲ့ နှာမွှန်ရောဂါကို ခရေစေ့ကိုသွေးလိမ်း၊ ခရေစေ့ကို မီးဖုတ်၊မီးဖုတ်ထားတဲ့အစေ့ကို ငရုပ်ဆုံမှာ ညက်အောင်ထောင်းပြီး အုန်းဆီစစ်စစ်လေးနဲ့ ငယ်ထိပ်ပေါ် လိမ်းတာ ၃ ရက်နဲ့ ပျောက်တယ်လို့ တင်ထားတာတွေ့တာနဲ့ ခရေသီးမှည့်ချိန် (အခုအချိန်)
ကြုံတာနဲ့ ခရေသီးအမှည့်ထဲကအစေ့ကို သွေးပြီး ညအိပ်ယာဝင်ချိန် နှာခေါင်းမှာနှာတံဆွဲသလိုလိမ်း၊နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ခြောက်တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြားကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာပျောက်ကင်းနေတာ အံသြဖွယ်တွေ့ရပါတယ်...အခုစာရေးနေချိန်မှာ ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာရှိသေးချိန်မှာ ၉၅ ရာခိုင်နှုံးခန့် ပျောက်ကင်းနေပါပြီ။(မီးဖုတ်လို့ ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ)

နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ဖြစ်ခဲ့လို့ စိတ်ညစ်နေခဲ့ရင် ငွေကုန်ကြေးကျ မရှိတဲ့ ခရေစေ့လေးသာ သွေးလိမ်းကြည့်ကြပါလို့ ကိုယ်ပျောက်ခဲ့တာလေးကို မျှဝေပေးခြင်းပါ။
Crd
ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ🙏

အရိုးကျီးပေါင်းရောဂါအတွက် အလွန်ကောင်းတဲ့ ဝါးမင်းကျီးပေါင်းကြောင့်မူးသူများအတွက် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တဲ့ “ဝါးမင်း” အက...
09/02/2022

အရိုးကျီးပေါင်းရောဂါအတွက် အလွန်ကောင်းတဲ့ ဝါးမင်း

ကျီးပေါင်းကြောင့်မူးသူများအတွက် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တဲ့ “ဝါးမင်း” အကြောင်းမျှဝေချင်ပါတယ်။

လွန်ခဲ့တဲ့လက ကဖိုးမောင်တယောက် ပက်လက် ကုလားထိုင်ပေါ်ကအထ,မှာမိုက်ခနဲမူးလွန်းတာကြောင့်ဆရာဝန်ပြေးခေါ်ခဲ့ရပါတယ်။ ဆရာဝန်ရောက်လာလို့သွေးပေါင်ချိန်တော့လည်းပုံမှန်သွေးချိုလည်းမရှိ မူးတာကလည်းချာချာလည်။ စမ်းသပ်ပြီးတဲ့အခါ လည်ပင်းကြောရိုးကျီးပေါင်းကြောင့်မူးတာပါ တဲ့။ ဆေးထိုးဆေးသောက်လိုက်တဲ့အခါသက်သာသွားပေမဲ့အရှင်းမပျောက်ပါဘူးအိပ်ယာဝင် အိပ်ယာထ မူးနေတုန်းပါဘဲ။လမ်းလျှောက်ရင်းလည်းတခါတရံမူးနောက်နေတုန်းမို့ အထူးကုပြဖို့စီစဉ်ရပါတော့တယ်။

အထူးကုပြဖို့စာရင်းပေးထားတုန်းမှာဘဲကဖိုးမောင်ရဲ့ မိတ်ဆွေဘကြီးဦးလှတင်ကဓါတ်ပုံထည်းမှာပြထားတဲ့ ဝါးပင်တပင်ကိုခုတ်ယူစေပြီး သွေးလူးခိုင်းပါတယ်။

အသက်၉၀ ဝန်းကျင်ဘကြီးက “အာမခံပါတယ် အဲ့ဒိဝါးပင်လေးကိုသွေးပြီးလည်ပင်း ဂုတ်စသည်
နှံ့စပ်အောင်လိမ်းအိပ်စမ်းပါကွာ။ ဘာအထူးကုမှမလိုပါဘူး”တဲ့

ကဖိုးမောင်ကြီးကလည်း ဝမ်းသာအားရယူလာပြီးညဘက်နဲ့ မနက်ခင်းတွေသွေးလူးပေးလိုက်တဲ့အခါယူပြစ်သလို ပျောက်ကင်းသွားတာမို့အံ့သြဝမ်းသာဖြစ်ကြရပါတယ်။ အထူးကုဆီလည်းမရောက်လိုက်ပါဘူး။

ဖြစ်ခါစမို့ချက်ချင်းသက်သာပုံပါဘဲ။နှစ်ရှည်လများ ခေါင်းငုံ့ပြီးဂီတာတီးလာတဲ့ကဖိုးမောင်မှ ကျီးပေါင်းမဖြစ်ခံနိုင်ပါ့မလား။

ကျီးပေါင်းကြောင့်မူးတတ်သူများအသုံးတည့်ရင်သုံးကြရအောင်ဝါးပင်လေးကို ညွှန်းပြမျှဝေလိုက်ပါတယ်ရှင်။ကဖိုးမောင်ကတော့ အိုကေသွားပါပြီ။

တခြားအကြောအဆစ်နာသူများလည်းသုံးနိုင်တယ်လို့ဘကြီးကပြောပါတယ်။

“အနာ နဲ့ ဆေး တွေ့ကြပါစေ”

🔶🔶ဇက်ကြောတက်တာလား ကျီးပေါင်းရောဂါလား ဒူးနာ ခါးနာလား ပူစရာမလိုဘူး Hanuman လေးဆောင်ထားလိုက် ၁ထုပ်ဆောင်ထားရင်စွယ်စုံသုံးလို...
08/02/2022

🔶🔶ဇက်ကြောတက်တာလား ကျီးပေါင်းရောဂါလား ဒူးနာ ခါးနာလား ပူစရာမလိုဘူး Hanuman လေးဆောင်ထားလိုက် ၁ထုပ်ဆောင်ထားရင်စွယ်စုံသုံးလို့ရတယ်💯

🔶အရိုးအဆစ်တွေမှာ ဝေဒနာဖြစ်ရင် လေးဖက်နာ ဂေါက်ရောဂါ

🔶အကြောတွေမှာ ဝေဒနာဖြစ်ရင် ကျီးပေါင်းရောဂါ

🔶အဆစ်နေရာ အရိုးနုပျက်စီးရာကနေရလာတဲ့ဝေဒနာတွေက အကြောတွေမှာသာပြတတ်တာမို့ အာရုံကြောဆိုပြီပြောတတ်ကြတာပါ

🔶တကယ်တော့ အရိုးနုပျက်စီးလာတဲ့အခါ အပေါက်နဲ့အက်ကြောင်းတွေကနေထွက်လာတဲ့ အရည်တွေကစုသွားပြီ ကြီးထွားလာတာပါ

🔶အဲ့လိုကြီးလာတာနဲ့ ဘေးမှာရှိတဲ့ အာရုံခံအကြောတွေက်ိုထိထား ထောက်ထားသလိုဖြစ်ပြီ ဝေဒနာမျိုးစုံကိုဖြစ်ပေါ်စေတာပါ

🔶လေဖက်နာရောဂါ ကျီးပေါင်းရောဂါကို သက်သာအောင်ဘယ်လိုကုသမလဲ?
📌ဆေးထိုးဆေးသောက်မလုပ်ချင်ဘူး ဆေးပူလိမ်ရတာမကြိုက်ဘူး ကြပ်ထုပ်ကလဲအလွယ်တကူမရနိုင်ဘူး ဆိုရင်တော့
❗❗❗Hanuman ဆေးကပ်ခွါလေးတော့အိမ်မှာဆောင်ထား
❗❗ဆေးကပ်ခွါထဲမှာပါတဲ့ Cussumunar ဂျင်းက အကြောနဲ့အရိုးအဆစ်ရောင်တာ နာကျင်ကိုက်ခဲတာကိုသက်သာစေတဲ့အပြင် သွေးလည်ပတ်မူ့စနစ်ကို အားကောင်းစေပါတယ်
❗❗❗တိုင်းရင်းဆေးစစ်စစ်ဖြစ်လို့ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူးနော်💯💯💯




Address

Bago

Telephone

+959790817730

Website

Alerts

Be the first to know and let us send you an email when Hanuman By Kay Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram