Shine Pharmacy Bago

Shine Pharmacy Bago ဆေးနှင့်ပတ်သတ်ပြီးသိချင်တာများကို?

ညီမလေးတို့ရေ... ဓမ္မတာဆိုတာ မိန်းကလေးသဘာဝမို့ လစဉ်တိုင်း ကြုံနေရမယ့် ကိစ္စမျိုးဆိုတော့ ဓမ္မတာကြောင့် ဖြစ်တဲ့ နာကျင်မှုတွ...
22/09/2025

ညီမလေးတို့ရေ...

ဓမ္မတာဆိုတာ မိန်းကလေးသဘာဝမို့ လစဉ်တိုင်း ကြုံနေရမယ့် ကိစ္စမျိုးဆိုတော့ ဓမ္မတာကြောင့် ဖြစ်တဲ့ နာကျင်မှုတွေ၊ စိတ်အပြောင်းအလဲလွယ်တာတွေနဲ့ ဝက်ခြံလို အသားအရေပြဿနာတွေအတွက် ဂရုစိုက်နေထိုင်ကြဖို့ မှာပါရစေနော်။

ညီမလေးတို့ရဲ့ တစ်လတာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓမ္မတာဝေဒနာတွေရဲ့ လက္ခဏာအခြေအနေတွေကိုလည်း ကြိုတင်ပြင်ဆင်လို့ရအောင် ပုံလေးမှာ ပြောပြပေးထားပါတယ်ရှင်

။ ရက်(၃၀)လုံးကို နာကျင်မှုတွေမရှိဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်ဖို့ အတွက် ပရင်းမ်အီး(PrimE) က ကူညီပေးဖို့ ရှိနေတာလည်း မမေ့နဲ့ဦးနော်...

#ဓမ္မတာကင်းဝေးပြုံးပြုံးလေး

Daneuron (ဒန်နျူရွန်) အားဆေးမှာ ဗီတာမင် ဘီဝမ်း၊ ဘီစစ် နှင့် ဘီတွဲဗ် တို့ပါဝင်တာကြောင့် ဇက်ကြောတက်ခြင်းစတဲ့ အာရုံကြောဝေဒန...
21/09/2025

Daneuron (ဒန်နျူရွန်) အားဆေးမှာ ဗီတာမင် ဘီဝမ်း၊ ဘီစစ် နှင့် ဘီတွဲဗ် တို့ပါဝင်တာကြောင့် ဇက်ကြောတက်ခြင်းစတဲ့ အာရုံကြောဝေဒနာများ အပြင် အညောင်းထိုင်သူများနှင့် ခန္ဓာကိုယ်လှုပ်ရှားမှု အားနည်းတဲ့သူတွေအတွက် အကောင်းဆုံးသော အားဆေးတစ်လက်ပဲဖြစ်ပါတယ်။
Daneuron ကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှု အားနည်းကာ အာရုံကြောအားနည်းခြင်းကြောင့်ဖြစ်တဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပြီး
✅နုံးချိပင်ပန်း
✅ခြေကုန်လက်ပန်းကျသလိုဖြစ်
✅ ခြေလက်ထုံကျဉ်
✅မူးဝေနွမ်းလျကာ ညောင်းညာကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်မှာအသေအချာပဲနော်။
#အာရုံကြောအားနည်းခြင်း_ဝေဒနာအမျိုးမျိုးအတွက်_အကောင်းဆုံး_ဒန်နျူရွန်
ောက်လိုက်_သောက်လိုက်Daneuron

Dyspepsia လို့လည်းခေါ်တဲ့ အစာအိမ်ပြဿနာက ဝမ်းဗိုက်အထက်ပိုင်းမှာ ဒုက္ခပေးတဲ့ အစာမကြေခြင်း တစ်မျိုးပါပဲ။ ဗိုက်နာမယ်၊ အစားစစ...
19/09/2025

Dyspepsia လို့လည်းခေါ်တဲ့ အစာအိမ်ပြဿနာက ဝမ်းဗိုက်အထက်ပိုင်းမှာ ဒုက္ခပေးတဲ့ အစာမကြေခြင်း တစ်မျိုးပါပဲ။

ဗိုက်နာမယ်၊ အစားစစားတာမှမကြာသေးဘူး၊ ဗိုက်ပြည့်သလိုခံစားရမယ် စတဲ့ လက္ခဏာတွေခံစားရတာဟာ အစာမကြေလို့ ဖြစ်လာတာတွေပါ။

အစာမကြေခြင်းဟာ အဖြစ်များပေမဲ့ လူတစ်ဦးနဲ့ တစ်ဦးမှာ ခံစားရတဲ့ အစာမကြေတဲ့ လက္ခဏာက အနည်းငယ် ကွဲပြားနိုင်ပါတယ်။

ဒီလက္ခဏာတွေကလည်း တစ်ခါတစ်လေမှ ပေါ်လာတတ်သလို နေ့စဉ်လဲ ခံစားရနိုင်ပါတယ်။

အစာမကြေတဲ့ ရောဂါလက္ခဏာတွေကတော့-
- အစာစစားပြီး မကြာခင်မှာပဲ ဝသွားသလိုခံစားရခြင်း
- အစာစားပြီး မအီမလည်နဲ့ ရင်ပြည့်သလို အချိန်ကြာကြာခံစားရခြင်း
- ရင်ညွန့်ရိုးနဲ့ ချက်ကြားနေရာတစ်ဝိိုက်မှာ ပြင်းထန် (သို့) အားပျော့တဲ့ နာကျင်မှု နဲ့ ပူလောင်မှုမျိုးခံစားရခြင်း
- ဝမ်းဗိုက်အထက်ပိုင်းနေရာတွေမှာ လေပွခြင်း
- ပျို့အန်ချင်လာတတ်ခြင်း
တစ်ခါတစ်လေ အစာမကြေတဲ့လူတွေလည်း အစာအချဥ်ပြန်တာ ရင်ပူတာကိုလည်း ခံစားရနိုင်ပါတယ်။
ဒီလိုအစာမကြေ ရင်ပြည့်ရင်ကယ်တာတွေဖြစ်လာရင် Unienzyme ကို သတိရလိုက်ပါနော်။

လူတိုင်းနီးပါးက ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အစာမကြေတာ၊ အစာအိမ်နာတာတွေ ဖြစ်ဖူးကြမှာပါ။ 🙋‍♀️များသောအားဖြင့် အစာအိမ်နာတာက ...
19/09/2025

လူတိုင်းနီးပါးက ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အစာမကြေတာ၊ အစာအိမ်နာတာတွေ ဖြစ်ဖူးကြမှာပါ။ 🙋‍♀️

များသောအားဖြင့် အစာအိမ်နာတာက သူ့အလိုလိုသက်သာသွားတာ ဒါမှမဟုတ် ဆေးသောက်လိုက်တာ၊ အစားအသောက်ဆင်ခြင်လိုက်ရုံနဲ့ သက်သာသွားပြီး ကြီးကြီးမားမား နောက်ဆက်တွဲ ပြဿနာဖြစ်တာတွေ ရှားပါတယ်။

ဒါပေမယ့် အစာအိမ်နာတာက ဆေးသောက်လည်း မသက်သာ၊ အောက်မှာ ပြောမယ့် လက္ခဏာတွေလည်း ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။🩺

🔻ဆရာဝန်နဲ့ ပြသင့်တဲ့ စိုးရိမ်စရာကောင်းတဲ့ အစာအိမ်နာခြင်း လက္ခဏာတွေကတော့

▫️ တစ်ပတ်ကျော်တဲ့အထိ အစာအိမ်နာတာမသက်သာခြင်း

▫️ အရင်အခေါက်တွေနဲ့ မတူဘဲ နာကျင်မှုဝေဒနာ ပြင်းထန်လွန်းခြင်း

▫️ အစာနဲ့ ရေ မစားမသောက်နိုင်လောက်အောင် ဆက်တိုက်အန်နေခြင်း

▫️ အစာအိမ်နာခြင်းနဲ့အတူ ခေါင်းမူးလာခြင်း

▫️ သွေးကျဲခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်ပြီးနောက် အစာအိမ်နာလာခြင်း

▫️ သွေးအန်ခြင်း ဒါမှမဟုတ် ဝမ်းထဲသွေးပါခြင်း၊ ဝမ်းမည်းသွားခြင်းတို့ ဖြစ်ခဲ့ရင် ချက်ချင်း ပြသဖို့ လိုပါတယ်။

💁‍♀️ဒီလိုမဟုတ်ဘဲ သာမန်အစာအိမ်နာ ဝေဒနာဆိုရင်တော့ Relcerသောက်ပြီး အစားအသောက်ကို ဆင်ခြင်ရုံနဲ့တင် သက်သာနိုင်ပါတယ်။

Relcer မှာဆိုရင်
▪️ အစာအိမ် အက်စစ်တွေကိုချေဖျက်ပေးပြီး အစာချေခြင်းကို ကူညီပေးနိုင်တဲ့ Aluminium နဲ့ Magnesium Hydroxide
▪️လေထိုးလေအောင့်၊ လေပွခြင်းတွေကို သက်သာပျောက်ကင်းစေတဲ့ Simethicone
▪️ အစာအိမ် နံရံကိုကာကွယ်ပေးပြီး အစာအိမ်နာ ပျောက်ကင်းအောင် ကူညီပေးနိုင်တဲ့ ဆေးဖက်ဝင် နွယ်ချို မှထုတ်လုပ်ထားတဲ့ DGL တို့ပါဝင်တာကြောင့် အစာအိမ် အချဉ်ပေါက်ခြင်းနဲ့ အစာအိမ် ဝေဒနာများကို အထိရောက်ဆုံးနဲ့ အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။

‘အစာအိမ်အချဉ်ပေါက်ခြင်းကို အထိရောက်ဆုံး သက်သာပျောက်ကင်းစေမယ့် Relcer’🩷

Tablet

✨ Omega-3, 6, 9: သင့်ကျန်းမာရေးရဲ့ လျှို့ဝှက်ချက် - သိကောင်းစရာများ ✨- ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့...
18/09/2025

✨ Omega-3, 6, 9: သင့်ကျန်းမာရေးရဲ့ လျှို့ဝှက်ချက် - သိကောင်းစရာများ ✨

- ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ Omega fatty acids တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီထဲမှာမှ Omega-3, Omega-6 နဲ့ Omega-9 တို့ဟာ လူသိများပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။

🧐 Omega-3, 6, 9 ဆိုတာ ဘာတွေလဲ?
ဒါတွေဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (fatty acids) အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

- Omega-3 (မရှိမဖြစ်လိုအပ်၊ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်): EPA (Eicosapentaenoic Acid) နဲ့ DHA (Docosahexaenoic Acid) တို့က အဓိကအမျိုးအစားတွေပါ။ ငါးကြီးဆီ၊ flaxseed၊ chia seeds တို့မှာ တွေ့ရပါတယ်။

- Omega-6 (မရှိမဖြစ်လိုအပ်၊ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်): Linoleic Acid (LA) က အဓိကအမျိုးအစားပါ။ ဟင်းသီးဟင်းရွက်ဆီ (ဥပမာ-နေကြာဆီ၊ ပြောင်းဖူးဆီ)၊ အစေ့အဆံတွေမှာ တွေ့ရပါတယ်။

- Omega-9 (ခန္ဓာကိုယ်က ထုတ်လုပ်နိုင်): Oleic Acid က အဓိကအမျိုးအစားပါ။ သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီးတွေမှာ တွေ့ရပါတယ်။

🌟 Omega-3, 6, 9 ရဲ့ ပုံမှန်မှီဝဲပါကရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ ?

- နှလုံးကျန်းမာရေး
* သွေးတွင်း ကိုလက်စထရော (LDL-မကောင်းသော ကိုလက်စထရော) ကို လျှော့ချပေးပြီး HDL (ကောင်းသော ကိုလက်စထရော) ကို မြှင့်တင်ပေးနိုင်ပါတယ်။
* သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
* သွေးခဲတာကို ကာကွယ်ပေးနိုင်ပါတယ်။

- ဦးနှောက်နှင့် အာရုံကြောစနစ်
* ဦးနှောက်ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းဆောင်တာများအတွက် အရေးပါပါတယ်။
* မှတ်ဉာဏ်ကောင်းမွန်စေခြင်း၊ အာရုံစူးစိုက်မှု တိုးတက်စေခြင်း။
* စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချရာတွင် အထောက်အကူပြုနိုင်ပါတယ်။

- အမြင်အာရုံ
* မျက်လုံးကျန်းမာရေး၊ အထူးသဖြင့် မျက်စိအမြင်အာရုံကို ထောက်ပံ့ပေးပါတယ်။

- အဆစ်အမြစ်များ
* ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့အတွက် အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) ဝေဒနာရှင်များအတွက် သက်သာရာရစေပါတယ်။

- အသားအရေနှင့် ဆံပင်
* အသားအရေကို စိုပြေကျန်းမာစေပြီး ဆံပင်ကိုလည်း သန်စွမ်းတောက်ပစေပါတယ်။

- ကိုယ်ခံအားစနစ်
* ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါများကို ခုခံကာကွယ်ပေးနိုင်ပါတယ်။

- ရောင်ရမ်းမှုလျှော့ချခြင်း
* ခန္ဓာကိုယ်တွင်း နာတာရှည်ရောင်ရမ်းမှုတွေကို လျှော့ချပေးရာမှာ အဓိကကျပါတယ်။

🤔 ဘယ်သူတွေ သောက်သုံးသင့်
လဲ?

* နှလုံးကျန်းမာရေး ဂရုစိုက်လိုသူများ။
* ဦးနှောက်စွမ်းဆောင်ရည် မြှင့်တင်လိုသူများ (ကျောင်းသား၊ ဝန်ထမ်းများ)။
* အမြင်အာရုံကို ကာကွယ်လိုသူများ။
* အဆစ်အမြစ်ကိုက်ခဲမှု သက်သာလိုသူများ။
* အသားအရေနှင့် ဆံပင် ကျန်းမာလှပလိုသူများ။
* ကိုယ်ခံအားစနစ် ကောင်းမွန်စေလိုသူများ။
* Omega-3, 6, 9 ကြွယ်ဝသော အစားအစာများကို ပုံမှန်မစားဖြစ်သူများ။

- Omega-3, 6, 9 ဖြည့်စွက်ဆေးများ မသောက်သုံးမီ သင့်ကျန်းမာရေးအခြေအနေနှင့် ကိုက်ညီမှုရှိမရှိ သိရှိနိုင်ရန် ကျန်းမာရေးပညာရှင် (ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်) နှင့် ဦးစွာ တိုင်ပင်ဆွေးနွေးနိုင်လျှင်တော့ အကောင်းဆုံးပါ။

သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုက အသိပညာနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

Thailand Medical Access
Your Health, Our Priority

ခန္ဓာကိုယ်အတွက်အဓိကလိုအပ်တဲ့အိုင်ယွန်းဓာတ်များနဲ့ပြုလုပ်ထားတဲ့ ပိုကာရီစွက်လေးက ရေဓာတ်ကို ပုံမှန်ထက် ၂.၂ ဆ ပိုမိုလျင်မြန်...
14/09/2025

ခန္ဓာကိုယ်အတွက်အဓိကလိုအပ်တဲ့အိုင်ယွန်းဓာတ်များနဲ့ပြုလုပ်ထားတဲ့ ပိုကာရီစွက်လေးက ရေဓာတ်ကို ပုံမှန်ထက် ၂.၂ ဆ ပိုမိုလျင်မြန်စွာ ဖြည့်တင်းပေးနိုင်တာဖြစ်လို့ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေအတွက် ပိုကာရီစွက်နဲ့အတူ ရှေ့ဆက်လိုက်ကြစို့နော် 🥰✨​

ဆိုင်မှာ သံဘူး ရယ် 350ml ဘူးသေးလေးရယ် ရပါပြီရှင်

Pocari Sweat, made with essential IONs your body needs, helps replenish fluids 2.2 times faster than regular water , so let’s keep moving forward with Pocari Sweat for healthier, happier days ahead! 🥰✨​




#ရေဓာတ်ဖြည့်စွက်ပိုကာရီစွက်​
#ကျန်းမာစွာရေဓာတ်ဖြည့်လိုက်ပါ

အသက် ၂ နှစ်အောက်ကလေးတွေကို မိုးရေချိုးပေးသင့်လား? 🌧️👶အသက် ၂ နှစ်အောက်ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က သေချာမဖွံ့ဖြို...
14/09/2025

အသက် ၂ နှစ်အောက်ကလေးတွေကို မိုးရေချိုးပေးသင့်လား? 🌧️👶
အသက် ၂ နှစ်အောက်ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်က သေချာမဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးတွေဝင်ရောက်ဖို့ ပိုလွယ်ကူပါတယ်။ ဒါ့အပြင် မိုးရေထဲမှာပါလာတဲ့ ညစ်ညမ်းပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေကလည်း ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

အသက် ၂ နှစ်အောက်ကလေးတွေကို မိုးရေချိုးပေးခြင်းရဲ့ အန္တရာယ်များ ⚠️
💧အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါ
မိုးရေထဲမှာ အကြာကြီးနေရင် ကလေးတွေရဲ့ ခန္ဓာကိုယ်အပူချိန်က ကျဆင်းသွားနိုင်ပါတယ်။ အအေးမိခြင်း၊ တုပ်ကွေးရောဂါနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

💧အရေပြားရောဂါများ
မိုးရေထဲမှာ ဓာတုပစ္စည်းတွေနဲ့ ညစ်ညမ်းပစ္စည်းတွေပါဝင်နိုင်တာကြောင့် ကလေးငယ်တွေရဲ့ နူးညံ့တဲ့အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းနဲ့ အရေပြားရောင်ရမ်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

💧ရေစီးကြောင်းနဲ့အတူ ပါလာသော အန္တရာယ်များ
မိုးကြီးတဲ့အခါ ရေစီးကြောင်းတွေက အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေနဲ့ အမှိုက်သရိုက်တွေကို သယ်ဆောင်လာနိုင်ပါတယ်။ ဒီအရာတွေက ကလေးတွေကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။

💧ညစ်ပတ်နေတဲ့ မိုးရေများ
မိုးရေမှာ အညစ်အကြေးတွေပါနိုင်တာကြောင့် မိုးရေချိုးရင်း ကလေးတွေက သောက်မိရင် ဗိုက်နာတာ၊ ဝမ်းလျှောတာနဲ့ အခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ မိုးရေချိုးပေးလို့ရလဲ? ✅
အသက် ၂ နှစ်နဲ့အထက်ကလေးတွေက ကိုယ်ခံအားစနစ်ပိုကောင်းပြီး မိုးရေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ ကလေးက နေမကောင်းဘူးဆိုရင် ဒါမှမဟုတ် ကျန်းမာရေးပြဿနာတစ်ခုခုရှိရင် မိုးရေချိုးပေးတာကို ရှောင်ကြဉ်သင့်ပါတယ်။

မိုးရေချိုးပေးတဲ့အခါ ဘယ်လိုဂရုစိုက်ရမလဲ? 🛀
📌ကလေးကို အချိန်ခဏ‌လေးပဲ ချိုးပေးပါ။
📌ချိုးပြီးတဲ့အခါ ချက်ချင်းရေခြောက်အောင် သုတ်ပေးပါ။
📌နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်ပေးပါ။

ကလေးကို မိုးရေနဲ့မထိတွေ့စေဘဲ မိုးရာသီရဲ့ ပျော်ရွှင်စရာတွေကို ခံစားစေချင်တယ်ဆိုရင်...
🌧️ ကလေးကို ပြတင်းပေါက်ကနေ မိုးရွာတာကို ကြည့်ခိုင်းပါ။
🌧️ အိမ်ထဲမှာ မိုးရွာတဲ့အသံနဲ့ တူတဲ့အသံတွေကို ဖွင့်ပေးပါ။
🌧️ မိုးရာသီအကြောင်း ပုံပြင်တွေ ဖတ်ပြပါ။

ကလေးကို မိုးရေချိုးပေးတော့မယ်ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်အလက်တွေကို သေချာစဉ်းစားပြီး ကလေးရဲ့ကျန်းမာရေးကို အဓိကဦးစားပေးသင့်ပါတယ်နော်။

🩷 မိုးရေစိုလို့ဖြစ်စေ၊ မိုးအေးလို့ဖြစ်စေ ကလေးငယ်လေးမှာ ကိုယ်ပူပြီးဖျားနာတာတွေဖြစ်လာခဲ့မယ်ဆို လိုင်ချီးအနံ့အရသာနဲ့ ပါရာဆေ့ဖ် Syrup ကို တိုက်ပေးနိုင်ပါတယ်။

အသက်ခြောက်လကနေ ၂ နှစ်အရွယ်ကလေးတိုင်းအတွက် စံချိန်အမီဆုံး ပါရာစီတမောဆေးရည်ဆို ပါရာဆေ့ဖ်ကို သတိရပေးနော်။👶

#မိုးရေချိုးခြင်း

သွေးလွန်တုပ်ကွေးရောဂါဆိုတာကူးစက်နိုင်လား ? 🤓🤓သွေးလွန်တုပ်ကွေးသည် မကူးစက်နိုင်သလို လူမှလူသို့ တိုက်ရိုက်မကူးစက်နိုင်ပါ။ သ...
14/09/2025

သွေးလွန်တုပ်ကွေးရောဂါဆိုတာကူးစက်နိုင်လား ? 🤓🤓
သွေးလွန်တုပ်ကွေးသည် မကူးစက်နိုင်သလို လူမှလူသို့ တိုက်ရိုက်မကူးစက်နိုင်ပါ။ သို့သော် သွေးလွန်တုပ်ကွေးရောဂါရှိသူသည် လူကိုကိုက်သောအခါ အခြားခြင်များကြောင့်အခြားလူများသို့ ဗိုင်းရပ်စ် ကူးစက်နိုင်သည်။ ခြင်သည် တစ်ပတ်ခန့်အကြာတွင် ကူးစက်လာနိုင်ပါတယ်😍😍
Remos cream လေးပြန်ရပါပြီရှင်
-3

ခန္ဓာကိုယ်တွင်း ကြွက်သား နဲ့ အရိုးအဆစ် နာကျင်ကိုက်ခဲတာတွေကို ဝေးဝေးပြေးစေမယ့် Deep Heat ပြန်လည်ရောက်ရှိလို့ လာပါပြီရှင်😎...
14/09/2025

ခန္ဓာကိုယ်တွင်း ကြွက်သား နဲ့ အရိုးအဆစ် နာကျင်ကိုက်ခဲတာတွေကို ဝေးဝေးပြေးစေမယ့် Deep Heat ပြန်လည်ရောက်ရှိလို့ လာပါပြီရှင်😎

Deep Heat Rub Plus လိမ်းဆေးဟာ ထင်းရှူးနှင့်ယူကလစ်ပင်မှ ရှရှိသော အဆီ (၂) မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ခန္ဓာကိုယ်တွင်း နာကျင်ကိုက်ခဲမှုများကို ပျောက်ကင်းသက်သာစေတဲ့ အစွမ်းထက် လိမ်းဆေးတစ်မျိုးဖြစ်ပါတယ်✨⚡️

ဒါလေးဆိုင်မှာ ပြန်ရပြီဆိုရင် ချစ်ကာကာတို့ ပျော်မလားရှင်
14/09/2025

ဒါလေးဆိုင်မှာ ပြန်ရပြီဆိုရင် ချစ်ကာကာတို့ ပျော်မလားရှင်

(2011-2024)14နှစ်ပြည့်ခဲ့ပါပြီနော်ကေ့ဆိုင်လေးကို အနယ်နယ် အရပ်ရပ်ကနေ ယုံကြည်စွာ အားပေးလို့ရပါတယ်ရှင်ကေ့ဆိုင်လေးက ဆိုရှယ်လ...
24/08/2025

(2011-2024)14နှစ်ပြည့်ခဲ့ပါပြီနော်

ကေ့ဆိုင်လေးကို အနယ်နယ် အရပ်ရပ်ကနေ ယုံကြည်စွာ အားပေးလို့ရပါတယ်ရှင်

ကေ့ဆိုင်လေးက ဆိုရှယ်လစ် 5 လမ်းထိပ် မဂ္ဂတစ်လမ်းမကြီး ပဲခူးမြို့မှ တည်ရှိပါတယ်ရှင်

Royal bee delivery service ရတဲ့ မြို့တိုင်းကို ပို့ဆောင်ပေးပါတယ်ရှင်

မြို့ထဲဆိုလည်း Deli လေးရှိပါတယ် 3သောင်းဖိုးနဲ့အထက်ဆို မြို့ထဲနဲ့နီးရင် free လည်း ပို့ဆောင်ပေးပါတယ်ရှင်

ဒီနေ့ royal customer လေးတွေကို နှစ်စဉ်လုပ်ပေးနေကြအတိုင်း ကံစမ်းမဲလေးတွေ ဖောက်ပေးခဲ့ပါတယ်ရှင်

မရတဲ့ customer လေးတွေလည်း စိတ်မဆိုးပဲ ဆက်ပြီး ချစ်ခင်အား‌ပေးကြပါဦးရှင်

LOVE YOU ALL😍😍😍

အမှတ်တရအနေနဲ့ ကိုယ့်မိသားစုလိုဖြစ်နေတဲ့ customer လေးတွေနဲ့ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်နော်

မနက်ဖြန် ဝါခေါင်လပြည့်နေ့ ဆိုင်တစ်ရက် ပိတ်ပါတယ်ရှင့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ...
07/08/2025

မနက်ဖြန် ဝါခေါင်လပြည့်နေ့ ဆိုင်တစ်ရက် ပိတ်ပါတယ်ရှင့်

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ရဟန်းတော် ငါးရာကို အကြောင်းပြုပြီး မေတ္တသုတ်တော်ကို ဝါခေါင်လပြည့်နေ့မှာဟောကြားပေးခဲ့တာဖြစ်တဲ့အတွက်‌ကြောင့်
ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့” လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ် 🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့‌လေးမှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒများ တစ်လုံးတဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏

#ဝါခေါင်လပြည့်
#မေတ္တာအခါတော်နေ့

Address

ဆိုရှယ်လစ် 5 လမ်းထိပ်
Bago

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959790223175

Website

Alerts

Be the first to know and let us send you an email when Shine Pharmacy Bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram