ဒေါ်ခင်နု အထူးကု ဆေးခန်း

  • Home
  • Myanmar
  • Bago
  • ဒေါ်ခင်နု အထူးကု ဆေးခန်း

ဒေါ်ခင်နု အထူးကု ဆေးခန်း အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေး
09266505033, 09266505088, 09409513704

🙏မင်္ဂလာပါ🙏 ဒေါ်ခင်နုဆေးခန်းမှကြိုဆိုပါတယ်

ဒေါ်ခင်နုဆေးခန်းတွင်
🩸 သွေးစစ်ခြင်း
🩸ဓါတ်မှန် (X-Ray)
🩸 တီဗီဓါတ်မှန် (Ultrasound) ရိုက်ခြင်း
🩸ECG ရိုက်ခြင်း
🩸အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာကုသခြင်းများကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ပါသည်။

🫀နှလုံးရောဂါ လက္ခဏာများ အကြောင်း🫀နှလုံးရောဂါဟာ အသက်အရွယ်မရွေး အဖြစ်များသော ရောဂါဖြစ်ပြီး နှလုံးရောဂါကြောင့် သေဆုံးသူ လူဦ...
27/06/2025

🫀နှလုံးရောဂါ လက္ခဏာများ အကြောင်း🫀
နှလုံးရောဂါဟာ အသက်အရွယ်မရွေး အဖြစ်များသော ရောဂါဖြစ်ပြီး နှလုံးရောဂါကြောင့် သေဆုံးသူ လူဦးရေများလည်း မြင့်မားလာပါတယ်။
နှလုံးကြီးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေး ကြောကျယ်ခြင်းနှင့် နှလုံးအဆီဖုံးခြင်းစသည့် နှလုံးနှင့်သက်ဆိုင်သော ရောဂါများဖြစ်ပွားနေသည့်အလျောက် ရောဂါအစပျိုးနိုင်မည့် လက္ခဏာ များကိုလည်း သိထားသင့်ပါတယ်။

🫀 ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်ခြင်းသည် နှလုံးရောဂါ၏ လက္ခဏာ တစ်ခုဖြစ်နိုင်ချေရှိပါတယ်။ သို့သော် ရင်ဘတ်အောင့်တိုင်းလည်း နှလုံးရောဂါဖြစ်နိုင်ချေ မဟုတ်သလို၊် အခြားသော လက္ခဏာအခြေအနေအမျိုးမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ရင်ဘတ်အောင့်တာ မိနစ်ပိုင်းအတွင်း မပျောက်သွားဘဲ အဆက်မပြတ် ပိုဆိုးလာမှသာ နှလုံးရောဂါအတွက် စိုးရိမ်စရာ လက္ခဏာမျိုး ဖြစ်ပါတယ်။

🫀ရင်တလှပ်လှပ်ခုန်ခြင်း
စိတ်လှုပ်ရှားလွန်းခြင်း၊ စိတ်တုန်လှုပ်ခြင်း စသည့် လက္ခဏာများကြောင့်ဖြစ်ပြီး နှလုံးခုန်နှုန်းကို အလွန်မြင့်မားစေပါတယ်။ ပုံမှန်နှလုံးခုန်ခြင်းထက် ပိုမိုမြန်ဆန်လွန်းခြင်းဟာ ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းမျိုး ဖြစ်တာကြောင့် နှလုံးရောဂါရဲ့ လက္ခဏာတစ်ရပ်ထဲမှာ အပါအဝင်ဖြစ်ပါတယ်။

🫀မူးဝေခြင်း
မူး​ဝေခြင်းတိုင်းသည် နှလုံးရောဂါရဲ့ လက္ခဏာမဟုတ်ပါဘူး။ သွေးဖိအားကျခြင်း၊ သွေးတိုးခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဆီးချို ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အစာအိမ်နှင့် အူလမ်း ကြောင်းရောဂါ၊ အသည်းရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊သွေးအားနည်းခြင်း၊ အာရုံကြော အားနည်းခြင်း စတာတွေကြောင့် မူးဝေအော့အန် တတ်ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါဖြစ်နိုင်ချေကြောင့် ခေါင်းပေါ့သလိုခံစားရကာ အခန်းလည်နေသလိုဖြစ်နေခြင်း၊ မူး​ဝေခြင်း၊ သတိမေ့ခြင်း စသည့်လက္ခဏာမျိုး ဖြစ်တတ်တာကြောင့် မပေါ့ဆဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွင် ပြသကာ တိကျတဲ့ရောဂါအဖြေ ရှာသင့်ပါတယ်။

🫀မောပန်းနွမ်းနယ်ခြင်း
လှုပ်ရှားမှုများပြုလုပ်စဉ် အလိုအလျောက် မောပန်းနွမ်းနယ်ခြင်း၊ အားအင်များ ကုန်ခမ်းနေသလို ခံစားနေရပြီး နေ့ခင်းဘက် အမြဲလိုလို အိပ်ငိုက်နေခြင်းများဟာ နှလုံးရောဂါလက္ခဏာအဖြစ် ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်ချိန် မမှန်ခြင်း၊ အိပ်မပျော်ခြင်းစသည့် အိပ်ချိန်နှင့်ပတ်သတ်ပြီး ပုံမှန်မဟုတ်ခြင်းဟာလည်း နှလုံးရောဂါလက္ခဏာရဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။

🫀အသက်ရှူမဝခြင်း
အသက်ရှုမဝခြင်းဟာ နှလုံးရောဂါလက္ခဏာများထဲတွင် အပါအဝင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ အ၀လွန်ခြင်း၊ မောပန်းခြင်းကြောင့် အသက်ရှုမဝခြင်းမျိုး ဖြစ်တာဖြစ်ပါတယ်။ အသက်ရှုမဝခြင်းဟာ သွေးထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်များ နည်းသွားခြင်း ဖြစ်တာကြောင့် ထိုသို့သော ခံစားမှုမျိုး မကြာခဏ ဖြစ်လာပါက ကျန်းမာရေး စစ်ဆေးမှုများကို ခံယူသင့်ပါတယ်။

အထက်ပါ လက္ခဏာများဖြစ်လာမယ်ဆိုရင် သင့်အနေနဲ့ ကျန်းမာရေး စစ်ဆေးမှုများကို လျင်မြန်စွာ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံးရောဂါမှန်း မသေချာလျှင်လည်း ဆရာ၀န်နှင့် ပြဖို့လိုအပ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့နှလုံးရောဂါကို ဖြစ်စေတဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်၊ အရက်၊ အဆီအဆိမ့်နှင့် စိတ်ဖိစီးမှုများကို လျှော့ချသင့်ကြောင်း အကြံပြုအပ်ပါတယ်။

ပဲခူးမြို့ရှိ ဒေါ်ခင်နု အထူးကုဆေးခန်းတွင် နှလုံးနှင့်ပက်သက်သော ရောဂါများကို နှလုံးအထူးကုသမားတော်ကြီး ဒေါက်တာမောင်မောင်ဌေးမှ စမ်းသပ်ကြည့်ရူ ကုသပေးလျက်ရှိပါသည်။

⭐️နှလုံးအထူးကုသမားတော်ကြီး

🔹ဒေါက်တာမောင်မောင်ဌေး
M.B, B.S, M.Med. (Int.Med), M.Med.Sc(Int.Med),
MRCP(UK), M.Acad MED (UK), Fellowship in Interventional Cardiology (Korea), (India) ရန်ကုန်မြို့။
⏰ စနေနေ့

ဆရာဝန်ကြီးဖြင့် ပြသနိုင်ရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ ကြိုတင် Booking များ ရယူနိုင်ပါတယ်ရှင့်

☎️- 09 266505033, 09 266505088,
#နှလုံးရောဂါလက္ခဏာများ, #‌ဒေါ်ခင်နုဆေးခန်း, , , , ,

ပြင်ပလူနာဌာန (OPD) တွင် လာရောက်ပြသသောလူနာများကို အထူးကုဆရာဝန်ကြီးများမှ စမ်းသပ်ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးလျှက်ရှိပါ...
25/06/2025

ပြင်ပလူနာဌာန (OPD) တွင် လာရောက်ပြသသောလူနာများကို အထူးကုဆရာဝန်ကြီးများမှ စမ်းသပ်ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
ကျန်းမာရေး ဝန်ဆောင်မူများအနေဖြင့်လည်း
🩸 သွေးစစ်ခြင်း
🩸 ဓါတ်မှန်(X-Ray)
🩸 တီဗီဓါတ်မှန်(Ultrasound)ရိုက်ခြင်း
🩸 ECG ရိုက်ခြင်း များကိုလည်း တစ်နေရာထဲတွင် စမ်းသပ်စစ်ဆေးနိုင်ပါတယ်ရှင့်

သင့် ကျန်းမာရေးအတွက်
✴️ အထူးကုသမားတော်ကြီးများ
✴️ နှလုံးအထူးကုသမားတော်ကြီး
✴️ ခွဲစိတ် အထူးကုဆရာဝန်ကြီး
✴️ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်ကြီး
✴️ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး
✴️ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်အထူးကုဆရာဝန်ကြီး
✴️ သားဖွားနှင့် မီးယပ်အထူးကု‌ဆရာဝန်ကြီး
✴️ ကလေးအထူးကုဆရာဝန်ကြီး
✴️နား/နှာခေါင်း/လည်ချောင်း/ဦးခေါင်းပိုင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဆရာဝန်
✴️ တယ်လီဗွီးရှင်း ဓာတ်မှန် (Ultrasound)

ဆက်သွယ် Booking ယူရန်
👉🏻09 266505033, 09 266505088,

တခါတရံ ဆရာဝန်ကြီးများ
အချိန်အပြောင်းအလဲရှိနိုင်သဖြင့် ဆေးခန်းသို့မလာခင်
ဖုန်းဆက်သွယ်မေးမြန်းပေးပါရှင့်

#‌ဒေါ်ခင်နုဆေးခန်း, , , , , #ဓါတ်မှန်,

ကိုလက်စထရောလယ်ဗယ်ကို ဘယ်လို ထိန်းချုပ်ကြမလဲ?ခန္ဓာကိုယ်မှာ ကိုလက်စထရောဓာတ်မြင့်မားနေမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ...
18/06/2025

ကိုလက်စထရောလယ်ဗယ်ကို ဘယ်လို ထိန်းချုပ်ကြမလဲ?

ခန္ဓာကိုယ်မှာ ကိုလက်စထရောဓာတ်မြင့်မားနေမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုလက်စထရောကို ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

🔹အဆီများတဲ့အစားအစာတွေကို လျှော့စားပါ။
ကိုလက်စထရောကို လျှော့ချဖို့က အဆီများတဲ့အစားအသောက်တွေကို လျှော့ချမှ ရပါမယ်။ အထူးသဖြင့် ပြည့်ဝဆီလို့ခေါ်တဲ့ အဆီတွေပါဝင်တဲ့အစားအသောက်များကို ရှောင်ပါ။

မပြည့်ဝဆီလို့ခေါ်တဲ့ ကျန်းမာစေတဲ့အဆီပါဝင်တဲ့ အစားအသောက်များကိုတော့ စားသောက်နိုင်ပါတယ်။

မက်ကရယ်၊ ဆယ်လ်မွန်ကဲ့သို့ အဆီများသည့် ငါးများ၊ ဆန်လုံးညို၊ ဂျူံပေါင်မုန့်၊ ပါစတာ၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ အသီးအရွက်များ များများစားပေးပါ။

အသားပြားများ၊ ကြက်အူချောင်း၊ ဝက်အူချောင်းများ၊ အဆီများသောအသားများ၊ ထောပတ်၊ ခရင်မ်၊ ချိစ်၊ ကိတ်၊ ဘီစကစ်၊ အုန်းဆီပါဝင်သော အစားအသောက်များကို လျှော့စားပါ။

🔹တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စသည့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

🔹ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက ကိုလက်စထရောဓာတ်ကို မြင့်တက်စေပြီး နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါ စသည့် ပြင်းထန်သည့် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

🔹အရက်ဖြတ်ပါ။
ကျန်းမာသန်စွမ်းသော သူတစ်ဦးအနေဖြင့်တောင် တစ်ပတ်ကို အရက် (၆) ခွက်ထက် ပိုမသောက်သင့်ပါ။ အချိန်ခဏလေးအတွင်းမှာ အရက်၊ ဘီယာအများကြီး သောက်ခြင်းကို ရှောင်ရှားပါ။

#ဒေါ်ခင်နုအထူးကုဆေးခန်း
#ပဲခူး

 #လည်ချောင်း တစ်စို့စို့နေခြင်းသည် သင့်လည်ချောင်းတွင် အဖုအကြိတ်တစ်ခု ခံစားရစေသည့် လက္ခဏာတစ်ခုဖြစ်သည်။    sensation' လို့...
23/05/2025

#လည်ချောင်း တစ်စို့စို့နေခြင်းသည် သင့်လည်ချောင်းတွင် အဖုအကြိတ်တစ်ခု ခံစားရစေသည့် လက္ခဏာတစ်ခုဖြစ်သည်။
sensation' လို့လည်း ခေါ်တယ်။
#ကြွက်သားများ တင်းမာလာခြင်း သို့မဟုတ် လည်ချောင်းအတွင်း ယားယံခြင်းကဲ့သို့သော အရာများစွာကြောင့် ဖြစ်ပွားနိုင်သည်။

#လက္ခဏာများမှာ

လူတွေက အမျိုးမျိုး ခံစားရနိုင်သည်။

- လည်ပင်း တင်းကျပ်ခြင်း၊

- လည်ချောင်းအတွင်း ချွဲ ကပ်နေခြင်း

- လည်ချောင်းထဲမှာ တစ်ခုခု ကပ်နေတဲ့ ခံစားချက်

#လည်ချောင်းထဲမှာ တစ်ခုခု ကပ်နေတယ်လို့ ခံစားရပေမယ့် ပုံမှန်အတိုင်း စားသောက်နိုင်ပြီး နာကျင်မှုမရှိပါ။

#ဆရာဝန် စမ်းသပ်မှု လိုအပ်ပြီး၊ ညွှန်ကြားမှုအတိုင်း
လိုက်နာပါက ရောဂါ သက်သာစေပါသည်။

#ကင်ဆာ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။

သိရှိ လိုသည်များကို မေးမြန်းစုံစမ်းရန် နှင့် စာရင်းသွင်းရန် အတွက် 09.266505088/09.266505033
ဆက်သွယ်နိုင်ပါတယ်ရှင့် ။

#ဒေါ်ခင်နုအထူးကုဆေးခန်း #ပဲခူးမြို့

စာချစ်သူတို့ရေ…စိုးရိမ်စရာကောင်းတဲ့ COVID-19 တတိယလှိုင်းကြီးက အနီးအနားကို ရောက်လာပြန်ပြီနော်။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က က...
22/05/2025

စာချစ်သူတို့ရေ…စိုးရိမ်စရာကောင်းတဲ့ COVID-19 တတိယလှိုင်းကြီးက အနီးအနားကို ရောက်လာပြန်ပြီနော်။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေပါ ပြောင်းလဲလာတာကြောင့် အားလုံး သတိထားဖို့ လိုအပ်နေပါပြီ။
ကဲ... ဒါဆို ဒီဗီဇပြောင်း Covid-19 ကူးစက်ခံရရင် နေ့ရက်အလိုက် ဘယ်လိုလက္ခဏာတွေ ထူးခြားလာနိုင်လဲဆိုတာကို Chulalongkorn ဆေးရုံ (ထိုင်းနိုင်ငံ) ကနေ ထုတ်ပြန်ထားတာလေးတွေကို ကြည့်လိုက်ရအောင်နော်။

အစောပိုင်းရက်များ (၁-၃ ရက်)

ပထမဆုံးရက်တွေမှာတော့ ရိုးရိုးအအေးမိတာ၊ လည်ချောင်းနည်းနည်းနာတာလောက်ပဲ ရှိတတ်ပါတယ်။ ဖျားတာ၊ ပင်ပန်းတာမျိုး မဖြစ်သေးဘဲ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။
အလယ်အလတ်ရက်များ (၄-၅ ရက်)
ဒီရက်တွေမှာ အာသီးရောင်ပြီး လည်ချောင်းနာတာ ပိုဆိုးလာနိုင်တယ်။ ကိုယ်အပူချိန်က ပုံမှန် 36.5°C ကနေ 36.7°C လောက်ကို ရောက်လာနိုင်ပြီး အစာမျိုချရခက်တာ၊ ခေါင်းကိုက်တာ၊ အစာအိမ်လေထပြီး နည်းနည်းမူးဝေတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေလည်း စလာတတ်ပါတယ်။
နောက်ပိုင်းရက်များ (၆-၉ ရက်)
၆ ရက်မြောက်နေ့ကနေစပြီး ကိုယ်အပူချိန် 37°C+ အထက်ကို သိသိသာသာ မြင့်တက်လာပြီး ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာကျင်တာ၊ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ 37.4°C ကနေ 38°C +++ အထိ ဖျားလာနိုင်ပြီး အသက်ရှူရတာ အခက်အခဲဖြစ်တာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော/အော့အန်တာတွေပါ ကြုံလာနိုင်ပါတယ်။
၉ ရက်မြောက်နေ့မှာ ရောဂါအခြေအနေ မထူးခြားဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲနေပြီဆိုရင်တော့ သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန် ရိုက်ဖို့ လုံးဝလိုအပ်နေပါပြီနော်။

ဒီတော့ ရောဂါမဖြစ်အောင် ဘယ်လိုတွေ အကောင်းဆုံး ကာကွယ်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်!
၁။ Mask သေချာတပ်ပါ။ 😷
၂။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) လောက် သေချာ စင်အောင် ဆေးပါ။ 🧼
၃။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာလေး နေပါ။ ↔️
၄။ တစ်ခုခုကို ထိပြီးတိုင်း ပိုးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ လက်သန့်ဆေးရည်သုံးတာမျိုး လုပ်ပါ။ 🧴
၅။ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတော့ ဒီအချိန်မှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။ 🚫
၆။ အပြင်သွားတဲ့အခါ လက်အိတ်လေးတွေ ဝတ်သွားရင်တော့ ပိုပြီး စိတ်ချရတာပေါ့နော်။ 🧤
ဒီအချက်အလက်တွေက အားလုံး အသိပညာ ဗဟုသုတရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေပေးတာပါ။ မိမိမှာ ဒီလို ရောဂါလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ ဘာမှမစောင့်ဆိုင်းဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ကိုတော့ လုံးဝမမေ့ပါနဲ့လို့ အထူးမှာချင်ပါတယ်။ အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေနော်!



Crd…..

ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ အခါ...ဆီးကျောက်တည်ခြင်း (သို့) ကျောက်ကပ်ကျောက်တည်ခြင်းဟာ အသက်အရွယ် ၃၀ မှ ၅၀ ကြား ကျား/မ မရွှ...
16/05/2025

ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ အခါ...

ဆီးကျောက်တည်ခြင်း (သို့) ကျောက်ကပ်ကျောက်တည်ခြင်းဟာ အသက်အရွယ် ၃၀ မှ ၅၀ ကြား ကျား/မ မရွှေးဖြစ်နိုင်ပြီး တစ်ခါဖြစ်ပွားဖူးသောသူများတွင် ပြန်လည်ဖြစ်ပွားနိုင်ချေမြင့်မားပါသည်။

စွန့်ထုတ်လိုက်သော ဆီးအတွင်းတွင် ရေဓာတ်နည်းပါးသောကြောင့် အနည်များကို စစ်မထုတ်နိုင်တော့ပဲ အနည်ကျကာ ကျောက်တည်ခြင်းဖြစ်ပါသည်။

ကျောက်တည်သောတည်နေရာအလိုက်
- ဆီးအိမ်အတွင်း ကျောက်တည်ခြင်း
- ကျောက်ကပ်တွင် ကျောက်တည်ခြင်း
- ဆီးလမ်းကြောင်းတလျှောက် ကျောက်တည်ခြင်း ဟူ၍ ၃ မျိုး ခွဲခြားနိုင်ပါတယ်။

ကျောက်တည်သောအခါ ခါးနာခြင်း (သို့) ဆူးခနဲအောင့်ခြင်း၊ ဆီးအဝါရောင် နှင့် အဝါရင့်ရောင်များသွားခြင်း၊ ဆီးအိမ်တဝိုက်ထုံခြင်း၊ သွေးပါခြင်း၊ ဆီးနဲနဲခြင်းစီ မကြာခဏ သွားခြင်း စသည့် လက္ခဏာများ ခံစားရနိုင်ပါသည်။

သိရှိ လိုသည်များကို မေးမြန်းစုံစမ်းရန် နှင့် စာရင်းသွင်းရန် အတွက် 09.266505088/09.266505033
ဆက်သွယ်နိုင်ပါတယ်ရှင့် ။

မင်္ဂလာပါရှင် ''ဒေါ်ခင်နု အထူးကုဆေးခန်း '' တွင်✴️ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ✴️🔹ဒေါက်တာစည်သ...
29/04/2025

မင်္ဂလာပါရှင်
''ဒေါ်ခင်နု အထူးကုဆေးခန်း '' တွင်

✴️ ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောအဆစ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ✴️

🔹ဒေါက်တာစည်သူ
M.B, B.S.M.Med.Sc (Ortho)
⏰ နေ့စဉ် - မနက်(8)နာရီ၊ နေ့လည် 12 နာရီ တွင်
တိုင်ပင်ဆွေးနွေး ကုသလိုသူများအတွက်
လာရောက်ကုသဆွေးနွေးတိုင်ပင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်ရှင်...(အချိန် အပြောင်းအလဲ ရှိနိုင်ပါသဖြင့် ဖုန်းဆက် စုံစမ်း ပေးပါရှင့်)

**** အသေးစိတ် သိရှိလိုသည်များကို မေးမြန်းရန်နှင့် ကြိုတင် ဘိုကင်များ ရယူရန် အောက်ပါ ဖုန်းနံပါတ်များသို့ 📑📑
နေ့စဥ် နံနက် (၇) နာရီမှ ည (၅) နာရီအတွင်း
ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါတယ်ရှင်...

09266505088/09266505033

#ဒေါ်ခင်နုအထူးကုဆေးခန်း #ထိခိုက်ဒဏ်ရာနှင်အရိုးအကြောအဆစ်

သင်္ကြန်ကာလ ဒေါ်ခင်နုဆေးခန်းပိတ်ရက်ကြေညာပေးချင်ပါတယ်ရှင်ပိတ်ရက်➡️ 13နေ့မှစပီး 17ရက်နေ့ထိဖွင့်ရက်➡️  18ရက်နေ့  (နှစ်ဆန်း၂...
12/04/2025

သင်္ကြန်ကာလ ဒေါ်ခင်နုဆေးခန်းပိတ်ရက်ကြေညာပေးချင်ပါတယ်ရှင်

ပိတ်ရက်➡️ 13နေ့မှစပီး 17ရက်နေ့ထိ

ဖွင့်ရက်➡️ 18ရက်နေ့ (နှစ်ဆန်း၂ရက်)နေ့
ပြန်ဖွင့်ပါမယ်နော်ရှင့် 🙏🏼🙏🏼🙏🏼 #ဒေါ်ခင်နု

မင်္ဂလာပါရှင်ဒေါ်ခင်နု အထူးကု ဆေးခန်းတွင်""" တီဗီဓာတ်မှန်​ (Ultrasound) """ ရိုက်လို သူများအတွက်နေ့စဉ် နံနက်(၁၁:၃၀) နှင်...
25/03/2025

မင်္ဂလာပါရှင်
ဒေါ်ခင်နု အထူးကု ဆေးခန်းတွင်

""" တီဗီဓာတ်မှန်​ (Ultrasound) """ ရိုက်လို သူများအတွက်

နေ့စဉ် နံနက်(၁၁:၃၀) နှင့် နေ့လည်(၂) နာရီ တွင်
ကျွမ်းကျင် ဓာတ်မှန်ပညာ အထူးကုဆရာဝန်များ ကိုယ်တိုင် စမ်းသပ် ရိုက်ကူးပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်...

**** အသေးစိတ် သိရှိလိုသည်များကို မေးမြန်းရန်နှင့် ကြိုတင် ဘိုကင်များ ရယူရန် အောက်ပါ ဖုန်းနံပါတ်များသို့ 📑📑
နေ့စဥ် နံနက် (၇) နာရီမှ ည (၅) နာရီအတွင်း
ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါတယ်ရှင်...

09266505088/09266505033

မင်္ဂလာပါရှင်...«ဒေါ်ခင်နု အထူးကု ဆေးခန်း»တွင်"သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်" ဖြင့် တိုင်ပင် ဆွေးနွေး ကုသလိုသူများအတ...
19/03/2025

မင်္ဂလာပါရှင်...

«ဒေါ်ခင်နု အထူးကု ဆေးခန်း»
တွင်

"သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်" ဖြင့် တိုင်ပင် ဆွေးနွေး ကုသလိုသူများအတွက်

🕰️နေ့စဉ်
ဆွေးနွေး တိုင်ပင် ကုသ နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်...

ကြိုတင်ဘိုကင်များတင်၍ ရပါကြောင်းလဲ အသိပေးအပ်ပါသည်ရှင်📖
*****************************************************
-🤰ကိုယ်ဝန်ဆောင် မိခင်များ ဗိုက်အပ်ခြင်း
-🤰မီးယပ်နှင့် ပတ်သက်သော ရောဂါများ ဆွေးနွေးကုသခြင်း
-👼🏻🐥သားဆက်ခြားခြင်းနှင့် ပတ်သက်၍ မှန်ကန် သင့်လျော်သော သားဆက်ခြားနည်းများကို အသေးစိတ် တိုင်ပင် ဆွေးနွေးနိုင်ခြင်း
-🐣လက်မောင်းထဲနှင့် သားအိမ်ထဲသို့ သားဆက်ခြား ပစ္စည်းများ ထည့်ပေးခြင်း/ ထုတ်ပေးခြင်း
👼🏻သားသမီး ရတနာ ထွန်းကားလိုသူများအတွက် အထူး ဆွေးနွေးကုသ တိုင်ပင်နိုင်ခြင်း
-👩သားအိမ်ခေါင်း ကင်ဆာနှင့် အခြားရောဂါများ စစ်ဆေးနိုင်ခြင်း
-👩သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း
အစရှိသည့် သားဖွားနှင့် မီးယပ်နှင့် သက်ဆိုင်သော ရောဂါအမျိုးမျိုး၊ အသိပညာ အမျိုးမျိုးတို့အတွက်
သတ်မှတ်ထားသော အချိန်နှင့် နေ့ရက်များအတွင်း
လာရောက်တိုင်ပင် ဆွေးနွေးကုသနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်...

**** အသေးစိတ် သိရှိလိုသည်များကို မေးမြန်းရန်နှင့် ကြိုတင် ဘိုကင်များ ရယူရန် အောက်ပါ ဖုန်းနံပါတ်များသို့ 📑📑
နေ့စဥ် နံနက် (၇) နာရီမှ ည (၅) နာရီအတွင်း
ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါတယ်ရှင်...

📞09266505088
📞09266505033

#ဒေါ်ခင်နုအထူးကုဆေးခန်း #သားဖွားမီးယပ်

"ဒေါ်ခင်နု  အထူးကု ဆေးခန်း" တွင်နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာ အထူးကုဆရာဝန်ဖြင့်တိုင်ပင်ဆွေးနွ...
11/03/2025

"ဒေါ်ခင်နု အထူးကု ဆေးခန်း" တွင်
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာ အထူးကုဆရာဝန်ဖြင့်
တိုင်ပင်ဆွေးနွေးကုသလိုသော သူများအတွက်
ယခုအပတ် တနင်္ဂနွေနေ့
⏰နံနက် 10:30 နာရီမှာ
လာရောက်တိုင်ပင် ဆွေးနွေးကုသပေးနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင်...
********************************************
👂နားပြည်ယိုခြင်း၊ နားကိုက်ခြင်း၊ နား မကြားခြင်း
👂နား မှိုစွဲခြင်း၊ နား လေးခြင်း
👂👃🏾ပြင်ပ ပစ္စည်းများ နားအတွင်း၊ နှာခေါင်းအတွင်း၊ လည်ချောင်းအတွင်း မတော်တဆ ၀င်ခြင်း
👂နား အကြား အာရုံ စမ်းသပ်ခြင်း
👂နား အူခြင်း
👂နားကင်ဆာနှင့် နားတွင်း အလုံးအကြိတ်များ ဖြစ်ခြင်း
👂နှာခေါင်း ပိတ်ခြင်း၊ နှာရည် ယိုခြင်း၊ အနံ့ မရခြင်း
👃🏾ထိပ်ခပ်နာ ဖြစ်ခြင်း
👃🏾နှာခေါင်း သွေးယိုခြင်း
🦠လည်ချောင်းအတွင်း ပြည်တည်နာပေါက်ခြင်း၊ လည်ချောင်းနာခြင်း
🦠အသံ၀င်ခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် အသံ ကြိုးတွင် ဖြစ်သော ရောဂါအမျိုးမျိုး
🦠အသံအိုး ကင်ဆာ
🦠လည်ပင်း အကြိတ် ကြီးခြင်း၊ လည်ပင်းကြီး ရောဂါနှင့် လည်ပင်းကင်ဆာ ရောဂါများ
🦠ညဖက် အိပ်ပျော်နေစဥ် အသက်ရှူရပ်ခြင်း
စသည့်
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းနှင့် ဆိုင်သော ရောဂါအမျိုးမျိုးကို
အဏုကြည့် မှန်ပြောင်းနှင့် အတွင်း ကြည့် မှန်ပြောင်း(Endoscope) များကို အသုံး ပြုပြီး
တိုင်ပင် ဆွေးနွေး ရောဂါရှာဖွေ ကုသပေးနေပြီ ဖြစ်ပါတယ်ရှင်...
***** တိုင်ပင် ဆွေးနွေး ကုသပေးမည့် ဆရာဝန် *****
ဒေါက်တာ မျိုးမင်း
(နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ် အထူးကု ဆရာဝန်)
M.B;B.Sc (YGN)
M.Med.Sc (ORL)
Dr.Med.Sc(ORL-HNS)
ကြိုတင် ဘိုကင်များ ရယူလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ သိ လိုသမျှကို ဆက်သွယ်
စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင့်

09266505088/09266505033

25/08/2023

🩺 ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်အထူးကုဆရာဝန် 🩺
🔹ဒေါက်တာလင်းကျော်သာ
M.B, B.S.M.Med.Sc (Urology)
ကုတင် ၅၀၀ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့။
⏰ စနေနေ့ - မနက် (9)နာရီ

ဆီးလမ်းကြောင်းဆိုင်ရာရောဂါများအပြင် ကျောက်ကပ်ကျောက်တည်ခြင်း၊ ရောင်ခြင်း၊ အရေအိတ်တည်ခြင်း.... အစရှိသည့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် ဒေါ်ခင်နုဆေးခန်းတွင် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်အထူးကုဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပြသနိုင်ပါပြီရှင့်

👨‍⚕️ဆရာဝန်ကြီးများနှင့် ပြသလိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

☎️ Hotline - 09 266505033, 09 266505088, 09 409513704

💢ဆရာဝန်ကြီးများ အချိန်အပြောင်းအလဲရှိနိုင်သဖြင့် Hotline သို့ဆက်သွယ်မေးမြန်းပြီးမှ ဆေးခန်းသို့လာရန် မေတ္တာရပ်ခံအပ်ပါသည်။💢

🏥 လိပ်စာ - အမှတ် (191)၊ ကမ်းနားလမ်း (ဇိုင်းဂနိုင်းမြောက်ပိုင်း)၊ ပဲခူးမြို့။

#‌ဒေါ်ခင်နုအထူးကုဆေးခန်း, , , ,

အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေး
09266505033, 09266505088, 09409513704

Address

Bago

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 07:30 - 17:00
Saturday 08:00 - 17:00
Sunday 07:30 - 17:00

Telephone

+959266505088

Website

Alerts

Be the first to know and let us send you an email when ဒေါ်ခင်နု အထူးကု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share