Health & Beauty Life

Health & Beauty Life Good quality fair price

Happy Friday​လေးမှာ Supplement ​ပုံမှန်​သောက်ရတဲ့ကာကာ​လေး​တွေအတွက် အထူး promotion item ​လေး​တွေတင်​ပေးလိုက်ပါပီရှင်📣📣💥💥🌈...
01/09/2023

Happy Friday​လေးမှာ Supplement ​ပုံမှန်​သောက်ရတဲ့ကာကာ​လေး​တွေအတွက် အထူး promotion item ​လေး​တွေတင်​ပေးလိုက်ပါပီရှင်📣📣💥💥

🌈Healthy Origin D3 10000 360🌈
Normal Price - 48000
Sale Price - 40000

🌈Healthy Origin D3 1000 360🌈
Normal Price - 29000
Sale Price - 22000

🌈Nature Bountry D3 1000🌈
Normal Price - 47000
Sale Price - 35000

🌈Life Extension no Flush Niacin🌈
Normal Price - 48000
Sale Price - 40000

🌈Life Extension NAC🌈
Normal Price - 35000
Sale Price - 30000

🌈Life Extension l carnitine🌈
Normal Price - 30000
Sale Price - 21000

🌈Ho alpha lipoic acid 100mg 120🌈
Normal Price - 34000
Sale Price - 29000

🌈Nature Bountry Zinc🌈
Normal Price - 45000
Sale Price - 30000

🌈Life Extension Cithin🌈
Normal Price - 70000
Sale Price - 60000

🌈Sn Magnesium Malate 180🌈
Normal Price - 45000
Sale Price - 30000

ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်❤

📲09423751910သို့လည်းဆက်သွယ်မှာယူနိုင်ပါပီ

🚗🚗မြို့နယ်​ပေါင်း ၃၀၀ ​ကျော်ကို အိမ်အ​ရောက်​ငွေ​ချေစနစ်ဖြင့်ပို့​ဆောင်​ပေး​နေပါပီရှင်



Apple Cider Vinegar(946ml - ဘူးကြီး)🍉Normal Price - 25000🍉🍇Sale Price - 20000🍇ပန်းသီးရှာလကာရည်ပန်းသီးရှာလကာရည်rganic unf...
27/08/2023

Apple Cider Vinegar(946ml - ဘူးကြီး)
🍉Normal Price - 25000🍉
🍇Sale Price - 20000🍇

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်rganic unfiltered with the Mother က အကောင်းဆုံး ဖြစ်ပါတယ်။

၁။ ဗီတာမင်ဓာတ်တွေ ပါရှိခြင်း
(Vitamin A, C, E, B1, B2, B6)

၂။ သတ္တုဓာတ် မျိုးစုံ ပါဝင်ခြင်း
(Calcium, Chromium, Copper, Iron, Magnesium, Manganese, Phosphorus, Potassium, Selenium, Sodium, Zinc)

၃။ အမြှင်ဓာတ် (Fiber) ပါဝင်ခြင်း

၄. The Mother ဆိုတာ pure unfiltered apple cider vinegar မှာ ပါပါတယ်။
ဒီ Mother ထဲမှာ ပါတာတွေကတော့ amino acids တွေ၊ digestive enzymes (အစာချေဆေး) နှင့် အာဟာရဓာတ်များ ပါပါတယ်။ သူတို့တွေဟာ bacteria, fungus ပိုးမွှားတွေကို သုတ်သင်ပေးနိုင်သလို၊ ခန္ဓာကိုယ် ရောင်ကိုင်းခြင်းကိုလဲ သက်သာစေနိုင်ပါတယ်။

၁။ အစာ မစားခင် ၁၅ မိနစ်လောက် အလိုမှာ သောက်ရင် အစာကြေစေပါတယ် (လဖက်ရည်ဇွန်း ၁ - ၂ ကို ရေ ၈ အောင်စ (ငါးကြင်းဖန်ခွက် တခွက်) နဲ့ ရောပြီး သောက်ပါ)

၂။ အရိုးအဆစ်တွေ ကိုက်ခြင်း၊ အသားတွေ နာခြင်းကိုလည်း သက်သာစေပါတယ်။

၃။ ခန္ဓာကိုယ် ခုခံအားကိုလည်း အားရှိစေပါတယ်။
နေမကောင်းတဲ့အခါ တစ်နေ့ကို သုံးကြိမ်လောက် သောက်ပေးနိုင်ရင် ကောင်းပါတယ်။

၄။ လည်းပင်း အကြိတ်တွေ ရောင်တတ်သူများအတွက်လည်း ကောင်းတယ်လို့ ပြောပါတယ်။
(swollen lymph nodes)

၅။ သည်းချေ ကျောက်တည်သူများ ၊ ကျောက်ကြောင့် ဗိုက်နာနေသူများ အတွက် ကောင်းတယ်လို့ ပြောပါတယ်။
သည်းချေကျောက် ကြေစေချင်ရင်
pple cider vinegar 2 teaspoon နဲ့ lemon juice 1 teaspoon ရောပြီး မနက် အိပ်ယာက နိုးနိုးချင်း၊ အစာ မစားမီ သောက်ရမှာ ဖြစ်ပါတယ်။

၆။ ထိတ်ခပ်နာ ရှိသူများ (Sinus infections)
apple cider vinegar ½ cup နဲ့ ရေ ½ cup ရောပြီး ဆူလာတဲ့ အထိ တည်ပြီး အဝကျယ် ဖန်ဘူး တစ်ခုထဲ ထည့်ပြီး အငွေ့တွေကို ရှူပေးရပါတယ်

၇။ ကြို့ ဆက်တိုက် ထိုးနေတာကိုလဲ ပျောက်စေ9ပါတယ်တဲ့ (Hiccups)

၈။ ပွေး ပေါက်နေတဲ့ နေရာကို တို့ရင်လဲ ပျောက်ကင်းနိုင်ပါသတဲ့။

၉ ။ ကျောက်ကပ်မှာ ကျောက်တည်နေတာကို ကြေစေနိုင်တယ်လို့လဲ ပြောပါတယ်။

၁၀။ အသည်းမှ အဆိပ်တွေ ထုတ်ရာမှာလည်း ကောင်းပါသတဲ့။

အရည် သောက်ရင် သွားတွေကို မထိအောင် ပိုက်နဲ့ စုပ်သောက်ပါ။

ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်❤

📲09423751910 သိုလည်းဆက်သွယ်မှာယူနိုင်ပါပီ

🚗🚗မြို့နယ်​ပေါင်း ၃၀၀ ​ကျော်ကိုအိမ်အ​ရောက်ပို့​ဆောင်​ပေး​နေပါပီရှင်🚗🚗


All sold outအလှအပနဲ့ ကျန်မာ​ရေးအတွက် မရှိမဖြစ် collagen ​လေး​တွေကို မင်မင်က အရင်တင်​ပေးလိုက်ပါပီ​နော် လက်ကျန်ဖြတ် sale မ...
26/08/2023

All sold out
အလှအပနဲ့ ကျန်မာ​ရေးအတွက် မရှိမဖြစ် collagen ​လေး​တွေကို မင်မင်က အရင်တင်​ပေးလိုက်ပါပီ​နော်
လက်ကျန်ဖြတ် sale မို့ မြန်မြန်ဦးထားမှစိတ်ချရပါမယ်ရှင့်💥

Orgain Collagen+Super Food(726g)
Normal Price - 80000
Sale Price - 60000

🌈Collagen Type 1&3 ပါဝင်ပီး Joint support ​​ပေးသော​ကြောင့် ဒူးနာခြင်း အတွက်အထူးသင့်​တော်ပါတယ်။ Super food ပါဝင်​​သော​ကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်​သောအာဟာရကိုလည်း​ထောက်ပံ​​ပေးနိုင်ပါတယ်🥑🍉🥦

Neocell Collagen Powder(200g)
Normal Price - 50000
Now - 43000

🌈Collagen Type 1&3 ပါဝင်ပီး Joint support ​​ပေး​သော​ကြောင့် ဒူးနာခြင်းများအတွက်အထူး​ကောင်းမွန်ပါတယ်ရှင့်

Vital Proteins Collagen Peptides(680g)
Normal Price - 140000
Now - 125000

🌈Hollywood မင်းသမီး Jennifer Aniston ကိုယ်တိုင်​သောက်သုံးပီး Review ​ကောင်းများစွာရရှိထား​သော​ collagen ​လေးဖြစ်ပါတယ်ရှင့်

Youtheory Collagen men(390 tablets)
Normal Price - 83000
Now - 75000

🌈Men collagen ထဲမှာ best seller item ​လေးတစ်ခုဖြစ်ပါတယ်ရှင့်

💛ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်

📲09423751910 သိုလည်းဆက်သွယ်မှာယူနိုင်ပါပီရှင်

🚗🚗မြို့နယ်​ပေါင်း 300 ​ကျော်ကို Cash on delivery ဖြင့်ပို့​ဆောင်​ပေးပါတယ်ရှင့်




26/08/2023

Hello💛
Page ​လေး update မဖြစ်တာကြာလို့ ဒီ​နေ့ မင်မင် discount item ​လေး​တွေ​တင်​ပေးပါမယ်ရှင့် collagen ​လေး​တွေလည်းပါပါမယ်​နော်🍉🍇🥦

💃Hollywood မင်းသမီး အသက် ၅၀ ကျော်ပြီဖြစ်တဲ့ Hollywood မင်းသမီး Jennifer Aniston ရဲ့အရွယ်တင်နုပျိုပြီး ​ကျော့ရှင်းလှပခြင်...
28/03/2023

💃Hollywood မင်းသမီး အသက် ၅၀ ကျော်ပြီဖြစ်တဲ့ Hollywood မင်းသမီး Jennifer Aniston ရဲ့အရွယ်တင်နုပျိုပြီး ​ကျော့ရှင်းလှပခြင်းရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုကတော့ Vital Proteins Collagen Peptides ကို နေ့တိုင်း စွဲမြဲစွာသောက်သုံးလို့ပါရှင့်💃

🤗နုပျိုငယ်ရွယ်ရုံတင်မဟုတ်ဖူး​နော် ဆံပင်​လေးကလည်း ထူပီးလှ​ရောကွယ်🤗

🌻သူမရဲ့ ကျန်းမာလှပတဲ့အသားအရည်၊ ဆံပင်နဲ့ ခြေသည်း လက်သည်းတို့အပြင် သန်မာလှတဲ့အရိုးအဆစ်တို့အတွက် Vital Collagen ကို မနက်တိုင်း ကော်ဖီ ၊ Tea၊ ကွေကာအုပ် အသီးဖျော်ရည် တစ်ခုခုထဲကို အမြဲရောစပ်ပြီး သောက်သုံးဖြစ်တဲ့အပြင် Vital Collagen က သူမရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် မရှိမဖြစ်လိုအပ်ပါတယ်လို့ Jennifer ကပြောပါတယ် 🌻

✅ Vital Collagen ကို အခြား Collagen များကဲ့သို့ ပုံမှန်ထုတ်လုပ်နေကျ ပင်လယ်ငါးများကနေ ထုတ်ယူထားခြင်းမျိုးမဟုတ်ပဲ မြက်စားနွားများရဲ့ အရင်းအမြစ်ကနေထုတ်ယူထားတာဖြစ်ပြီး အစာကြေစနစ်ကို အထူးထောက်ပံ့မှုပေးတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုစေသောဓာတ်များကို လျင်မြန်စွာစုပ်ယူပေးနိုင်ပြီး အလှအပအတွက်သာမက ကျန်းမာရေးအတွက်လဲ အထောက်အကူပြုပေးပါတယ်

✔ဆံသားအားနည်းခြင်း
✔လက်သည်း ခြေသည်းကျိုးပဲလွယ်ခြင်း
✔အသက် ၄၀ ကျော်အရွယ်တွင် စတင်ကြုံတွေ့ရတဲ့ အဆစ်အမြစ်​ယောင်ယမ်းခြင်းနဲ့ အရိုးဆိုင်ရာပြဿနာများကို ကာကွယ်ပေးတဲ့အပြင် အစာခြေစနစ်ကို များစွာအကူအညီပေးတဲ့အတွက် ဝမ်းမှန်စေပါတယ်
✔သကြားနဲ့အချိုဓာတ် လုံးဝ မပါဝင်သည့်အတွက် ဆီးချိုသမားများလဲ စိတ်ချစွာသောက်သုံးနိုင်ပါတယ်

ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်❤

📲09423751910 သိုလည်းဆက်သွယ်မှာယူနိုင်ပါပီ
ရန်ကုန်/ပဲခူး/​နေပြည်​တော်/မန်း​လေး အစရှိ​သောမြို့နယ်များကိုလည်း Cash on delivery ရပါတယ်ရှင့်



Youtheory collagen + biotin ​သောက်​​နေကျလူ​တွေအတွက် သတင်း​ကောင်း​လေးလာပီ​နော်အခုလက်ရှိ 💛60000💛 ​ကျော်ဝန်းကျင်ရှိတဲ့ Yout...
28/12/2022

Youtheory collagen + biotin ​သောက်​​နေကျလူ​တွေအတွက် သတင်း​ကောင်း​လေးလာပီ​နော်
အခုလက်ရှိ 💛60000💛 ​ကျော်ဝန်းကျင်ရှိတဲ့ Youtheory collagen ​လေးကို 💥50000💥နဲ့ရပါမယ်ရှင့်
Exp date ​လေးက​တော့ 4/2023 ပါရှင့်

📣3ဘူးသာကျန်​တော့လို့ အမည်၊လိပ်စာ၊ph no အရင်​ပေးသူကို ဦးစား​ပေးပါမယ်ရှင့်📣

💯USA made စစ်စ်ဖြစ်လို့ ယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်ရှင့်

🌻မြန်မာနိုင်ငံအတွင်း မြို့နယ်​ပေါင်း ၃၀၀ ​ကျော်ကိုလည်း အိမ်အ​ရောက်​ငွေ​ချေစနစ်ဖြင့်ပို့​ဆောင်​ပေး​နေပါပီရှင့်

💙Hello Sweet December💙☃️ဒီဇင်ဘာလနှင့်အတူ မင်မင်က ဆံပင်အတွက်သာမက အသားအ​ရေ ​ခြေသည်းလက်သည်းအတွက်ပါ​ကောင်း​သော Natrol Biotin...
03/12/2022

💙Hello Sweet December💙
☃️ဒီဇင်ဘာလနှင့်အတူ မင်မင်က ဆံပင်အတွက်သာမက အသားအ​ရေ ​ခြေသည်းလက်သည်းအတွက်ပါ​ကောင်း​သော Natrol Biotin ​လေးကို discount ချ​ပေးလိုက်ပါတယ်​နော်☃️

📣Normal Price - 28000
📣Discount Price - 22000
Exp Date - 7/2023

💃ဆံပင်ကျွတ်သူများ တ​နေ့(2)လုံးပုံမှန်​သောက်သုံး​ပေးနိုင်ပါတယ်ရှင်

💛ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်

📲09423751910 သိုလည်းဆက်သွယ်မှာယူနိုင်ပါပီ
Bago မြို့တွင်း 100000 ဖိုးနှင့်အထက် Cash on delivery/Delivery free

🚗🚗ရန်ကုန်/​မော်လမြိုင်/မုဒုံ/မန္တ​လေး/​နေပြည်​တော် စ​သောမြို့များ Cash on delivery ပါရှင့်🚗🚗

🚗🚗ကျန်မြို့နယ်များလည်း ကားဂိတ် or အိမ်အ​ရောက်ပို့​ဆောင်​ပေး​နေပါပီရှင်🚗🚗



14/11/2022

🙏 ဘာလို. အိပ်ရေးမဝဖြစ်ကြရတာလဲ ?

၁. ( ဂ )နာရီ အိပ်သော်လည်း !
- တချို. ၈နာရီ အိပ်စက်ကြသော်လည်း။ နိုးလာတဲ့အခါ အိပ်ချင်
မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်
နေတယ်။

- ဘာကြောင့်အဲဒီလိုဖြစ် ရတာလည်းဆိုရင် စိတ်မှာတင်းကျပ်မှု၊
ခန္ဓာကိုယ်တင်းကျပ်မှုတွေနဲ. အိပ်သွားလို.ဖြစ်ပါတယ်။ ဒါကြောင့်
အားပြန်ပြည့်မှု မဖြစ်နိုင်တော့ဘူး။
🙏သတိမထားပဲ ဆက်သွားလို. အခန်.မသင့်ခဲ့လျှင် nervous
break down ဖြစ်နိုင်ပါတယ်။

၂. ဆေးပညာ၏ လက်တွေ.စမ်းသပ်ချက်။
- အမေရိကမှာ ဆေးပညာရှင် တစ်ယောက်၊ ခန္ဓာကိုယ်မှာ electronic
senser တွေတပ်ထားပြီ ကွန်ပြူတာသို. ဆက်သွယ်ကာ၊ screenမှာ
စောင့်ကြည့် နေခဲ့ပါတယ်။
- ခန္ဓာကိုယ်ကို relax လုပ်လိုက် ရင် blood pressure ကျသွားတာ
တွေ.ရတယ်။
- စိတ်နည်းနည်း ပူတာနဲ. heart beat က တက်လာပြီး၊ စိတ်နည်းနည်း
အေးသွားတာနဲ. heart beat က လျော့ကြသွားတယ်။
- အိပ်ပျော်နေတဲ့အချိန်မှာလည်း အနည်းငယ်သာ လျော့ကြသွားပြီး၊
tension တွေရှိနေတာ တွေ.ရတယ်။ ၄င်းကို residual tension
လို.ခေါ်တယ်။ " လက်ကျန် တင်းကျပ်မှု " လို.ခေါ်တယ်။

၃. ဘယ်လို အိပ်ကြမလဲ ? ( Enough is enough )
- မအိပ်ခင်မှာ အချိန်နည်းနည်း တရားရှုမှတ်ပါ။ ( ထိုင်၍ဖြစ်စေ၊
လှဲ၍ဖြစ်စေ )
- အိပ်မှတ်တဲ့အခါ ကိုယ့်အသက်ရှုသံကပင် အကျယ်ကြီးဖြစ်နေ
တတ်တယ်။
- မှတ်ရင်း၊ မှတ်ရင်း ရှုသံက နူးညံ့လာတယ်။ နောက်ကျရင် အသက်မှ
ရှုရဲ.လားထင်မှတ် ရလောက်အောင် နူးညံ့လာပါတယ်။
- စိတ်ဆိုတာက တရားမှတ်နေရင်း အလုပ်ကိစ္စတွေးလိုက်၊ ဟိုတွေး
လိုက်၊ သည်တွေးလိုက် ဖြစ်နေတတ်တယ်။ တစ်နေကုန် တွေးခဲ့
လုပ်ခဲ့ပြီးပြီ။ Enough is enough.
ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားအောင် ကြိုးစားမယ်လို.
ဆုံးဖြတ်၍ တရားမှတ်အိပ်လိုက်ပါ။

၄. အကျိုးများ။
အနည်းငယ် တရားရှုမှတ်၍ အိပ်ခြင်းပင်လျှင်......
- ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတတ်ပေသည်။
- အိမ်မက်ဆိုးများ မမက်ပေ။ သောက အိမ်မက်များမမက်ပေ။
- ၄ နာရီခန်.အိပ်လိုက်ရလျှင် အားပြန်ပြည့်သွားပေသည်။
* တရားရှုမှတ်ရင်းနဲ. ခန္ဓကိုယ်ရော၊ စိတ်ကိုရော လျှော့ပြီးတော့
ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို.ရှိရင် လက်ကျန်
တင်းကျပ်မှု ( residual tension )က အောက်ဆုံးအထိ
ရောက်သွားတယ်။ ၄င်း tension အကျွင်းအကျန် မရှိမှသာ
အိပ်တဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်လာကြတယ်။
အိပ်တတ်ကြပါစေ။

အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး🙏

30/10/2022

ဆရာမကြီး ရဲ့ အတွေ့အကြုံ နဲ့ D3 ရဲ့ အကြောင်း

ကို ထပ်ပြီး သိရှိနားလည် ကြစေရန် ရည်ရွယ်ပြီး

2017 က Post ကို ပြန်လည်တင်ပြပေးလိုက်ပါတယ်

🙁 ခေါင်းကိုက်ခြင်း နဲ့ ပတ်သက်ပြီး

၁..Vitamin D နည်းနေလို့ဖြစ်နိင်ပါတယ်

Finland က Studay တစ်ခုမှာ ယောက်ျားလေး
ပေါင် ၂၆၀၀ ၊ အသက်အားဖြင့် ၄၂ - ၆၀ ကို
၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ စမ်းသတ်မှု များ
ပြုလုပ်ခဲ့ကြပါတယ် ။

Live Science Stuty မှာလည်း ထိုနည်းလည်းကောင်း
ပါဘဲ။69% ဟာ VitaminD3 Livel နည်းနေတာကို
တွေ့ရပါတယ်တဲ့။ less than20 ng/ml

🏵 ဒါကြောင့်မို့ D level ဖောက်ကြည့်သင့်ပါတယ်။

၂.. အခြားဖြစ်နိုင်တဲ့ အကြောင်းများကတော့
အနံ့မျိုးစုံ ၊ မောပန်းနွမ်းလျှခြင်း ၊ စူးရှတောက်ပသော
မီးရောင်များ၊ ကျယ်သောအသံများ၊ ရေဓာတ်နည်းခြင်း
အစားအသောက် ( အထူးသဖြင့် အချို့မှုန့် အခုခေတ်မှာ
အာလူးကြော်က အစ အချိုမှုန့်တွေ ပါပါတယ်)

အထူးသဖြင့် red wine. အချို့သောက်ဆေးများဖြစ်ပါတယ်
Nitrites တွေပါတဲ့ ဝက်အူချောင်း၊Lunch meats
Sodas တွေမှာပါလေ့ရှိတဲ့ Aspartame(nutrasweet)
Sucralose(Splenda) Saccharine

🙂 ခေါင်းကိုက်သက်သာအောင် ဘာတွေ
လုပ်နိင် သလဲ ? ? ?
၁.. Vitamin D3 level နည်းနေမယ် ဆိုရင်
နေရောင်ခြည်မှ ဖြစ်စေ
D3 သောက်သုံးခြင်းမှ ဖြစ်စေ
သက်သာလာနိင်ပါတယ်
10000 IU နဲ့ Super K
5000 IU နဲ့ Supet K
သွေးကျဲဆေး သောက်နေရသူများက K2 နဲ့
နေ့စဉ် သောက်ပေးပါ။

၂.. Magranie headache ဆိုရင် ရေခဲ တင်ပေးပါ
၁၅ မိနစ်လောက်တင်ပြီး ၁၅ မိနစ်လောက်နားပါ။

Tension headache ဆိုရင်တော့ ရေနွေးအိတ်ကို
ခေါင်းအနောက်နဲ့ ဂုတ်ပေါ် တင်ပေးရမှာပါ။

၃.. ရေများများ သောက်ပါ။ Caffeine ပါတဲ့
ဖျော်ရည်များကို ရှောင်ရမှာ ဖြစ်သလို အရက်ကိုလည်း
ရှောင်သင့်ပါတယ်။

၄.. Lemon ရေ သောက်ပါ

၅.. ပန်းသီးစိမ်းကို ဆားအနည်းငယ်နဲ့ စားပါ။

၆.. ပန်းသီးရှာလကာရည် ထမင်းစားဇွန်း ၄ ဇွန်းလောက်
ကို ဇလုံ တစ်ခုထဲမှာ ရေပူနဲ့ရောပြီး၊ အငွေ့ကို ရှုရမှာ
ဖြစ်ပါတယ်။ ရေ ၈ အောင်စနဲ့ ပန်းသီးရှလကာရည်
လဖက်ရေဇွန်း ၂ ဇွန်း ရောပြီးလဲ သောက်ပါ။

၇.. COQ10 100mg - 200mg သောက်ပါ။

၈.. Magnesium malate or ciarate 400 - 600mg
in divided doses သောက်ပါ။

၈.. Vitamin B complex သောက်ပါ။

၉.. အိပ်ရေး ဝအောင် အိပ်ပါ။

၁၀.. စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ပြစ်ပါ။
အဓိက အထက်ဖော်ပြပါ အစားအသောက်ရှေင်ပါ။
ဖြည့်စွက်စာများ ပြန်လည် ဖြည့်ပေးရင် သက်သာ
လာမည်ဟု ထင်ပါသည်။
🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞🎞

🙁 TB ရောဂါကို လွန်ခဲ့သော ၁၀ နှစ်က ကုထားပြီး
အခုပြန်စစ်တော့ TB ကမရှိတော့ဘူး သို့ပါသော်လည်း
ချောင်းဆိုးရင် တစ်လမှာ နှစ်ကြိမ်လောက် သွေးပါ ပါ
နေတယ် ကုနေပေမဲ့ အကြောင်းက မထူးပါတဲ့။

CT scan ရိုက်ကြည့်ဗာ့ Bronchiectasis အဆုပ်လေရှု
လမ်းကြောင်း ရောင်နေတယ်လို့ ပြောပါတယ်။

ဒါနဲ့ လူနာကို Vitamin D 10000 IU နဲ့ SuperK
တွဲပြီး တိုက်ကြည့်တာ အတော် သက်သာသွားပြီး
ချောင်းဆိုးရင်လဲ သွေးမပါတော့တာ ၂ လရှိပါပြီ
ဆိုပြီး ဝမ်းသာ အားရပြောလာပါတယ်။

ဒီနေရာမှာ D level ကို တိုင်းကြည့်ရမှာ ဖြစ်ပါတယ်။
80- 100 ng/ml လောက်ရောက်ပြီ ဆိုရင်
D3 ကို 5000 IU ကို Super နဲ့ ဆက်သောက်ရမှာ
ဖြစ်ပါတယ်။

ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်က တော့ မိတ်ဆွေများ
ကျန်းမာရေး ဗဟုသုတနဲ့ ပြည့်စုံ ကြဖို့ရာဖြစ်ပါတယ်။

21/10/2022

လူတိုင်းလူတိုင်းကျန်းမာဖို့ဆိုရင် D3 နဲ့ thyroid ဟော်မုန်းလုံလုံလောက်လောက်ရှိပြီး အူကျန်းမာရေးကောင်းရင် ရောဂါတွေဖြစ်ခြင်း ကင်းပါပြီ လို့ဆရာမကြီးက ပြောပါတယ်

(၁) လုံလောက်သော D3 ဖြစ်အောင်ပြုလုပ်ခြင်း

နီနီ ဓါတ်ခွဲခန်းမှာ 25 hydroxy D (D3)level ဆိုပြီးသွေးဖေါက်စစ်ပါ ၃၀၀၀၀ ကျပ်ကျပါတယ်
သာမန်လူဆို 70 ng/ ml
ကင်ဆာသမားဆို 100 ng/ ml ရှိရပါမယ် တကယ်လို့ အဖြေက nmol/ l နဲ့ပြနေရင် 0.4 နဲ့ မြှောက်ရပါမယ် ဒါဆို ကျွန်မပြောတဲ့ ng/ml ယူနစ်ကိုရပါမယ်ရှင်
သိပ်နဲနေလို့ အမြန်တင်ချင်ရင် D3 10000iu နဲ့ Super k တစ်လုံးသောက်ပါ
k မရှိလျှင်သော်လည်းကောင်း
ဆေးမစစ်အားလျှင်သော်လည်းကောင်း
ဆေးမစစ်ချင်သေးဘဲ
သောက်ထားချင်လျှင်သော်လည်းကောင်း
စိတ်ကျေနပ်တဲ့ D3 level ရောက်ရှိလို့ ထိန်းထားချင်တဲ့သဘော သောက်ချင်လျှင်သော်လည်းကောင်း
D3 5000 iu နဲ့ super k တစ်လုံးသောက်ပါ
သွေးကျဲဆေးသောက်နေသူများ K2 (MK7) နှင့်သောက်ပါ
D3 အများကြီးသောက်သော်လဲအတက်နှေးသူများ Ox bile နဲ့ ရောသောက်ပါ

(၂) thyroid ဟော်မုန်း လုံလောက်အောင်ပြုလုပ်ခြင်း

Free T3
Free T4
Reverse T3
TSH
Reverse T3
total T3
thyroid antibodies တွေကို စစ်ကြည့်ပါ
စစ်ကြည့်ပြီးတော့ အားလုံး ပုံမှန်ဖြစ်နေလျှင်သော်လည်းကောင်း
မစစ်ချင်/ မစစ်အားလျှင်သော်လည်းကောင်း မနက်အိပ်ရာထထချင်း ချိုင်းအောက်မှာ ပြဒါးတိုင်ကို ငါးမိနစ်ထားပြီး သုံးရက်တိတိ တိုင်းပါ 97.8 အောက်နိမ့်နေလျှင်
metabolic သောက်ပါ Zinc , Selenium နဲ့တွဲသောက်ရင်ပို ကောင်းပါတယ်
သွေးစစ်ကြည့်လို့ hypo ထင်ရှားသူတွေလဲ metabolic သောက်ပါ
နှစ်လုံးက စသောက်ပါ တစ်လလောက်ကြာမှ မနက် နှစ်လုံး ညနေ ၃ နာရီထက်နောက်မကျစေဘဲ ( အိပ်မပျော်ခြင်းမဖြစ်ရန်) သောက်ပါ လိုသေးတယ်ထင်လျှင် မနက် သုံးလုံး ညနေ သုံးလုံးသောက်ပါ
များနေတယ်ထင်လျှင်( အိပ်မပျော် / ရင်တုန်/ စိတ်စောခြင်း/ မအီမသာဖြစ်) ဆေးပြန်လျှော့ပါ လိုတိုးပိုလျှော့နည်းနဲ့မိမိရဲ့အကောင်းဆုံးအနေအထားရှာပါ တယောက်နဲ့တယောက်မတူပါ
တချို့ နှစ်လုံးသောက်လို့မအီမသာဖြစ်ရင် တစ်လုံးလျှော့ကြည့်ပါ အဲဒါမှ မအီမသာဖြစ်ရင် အခြားတံဆိပ်ပြောင်းသောက်ပါ
hyper ဖြစ်သူ metabolic မသောက်ရပါ
hyper ဖြစ်သူနဲ့ auto immune disease ဖြစ်နေသူများ ကတော့ အူကျန်းမာရေးပြုပြင်တဲ့နည်းလမ်းနဲ့ ကျန်းမာအောင်ပြုလုပ်ရမှာဖြစ်ပါတယ်
(၃) အူကျန်းမာအောင်ပြုလုပ်ခြင်း

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက အူအပေါ် 80% မူတည်နေပါတယ်
အရိုးပြုတ်ရည်သောက်
တစောင်းလက်ပတ်အနှစ် ( ဂျယ်လီ) စား
ပန်းသီးရှာလကာရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေတခွက်နဲ့ရောပြီး အစာမစားခင် ၁၅ မိနစ်ကြိုသောက် ဒီနည်းနဲ့အဆင်မပြေ ( အချဉ်ပေါက်ရင်) အစာစားပြီး နာရီဝက်ကြာမှသောက်ပါ
probiotic 20 billion ကို ကြိုတင်ကာကွယ်လိုသူ တစ်လုံး ကုသလိုသူ နှစ်လုံးသောက်
ဒိန်ချဉ် ချဉ်ဖတ် ကင်ချီ စား
အချို နို့ glutin ဂျုံ ု ရွှေခြည် ရှောင်
ငံပြာရည်မျိုးစုံ အချိုမှုန့် ရှောင်
ကျွတ်ကျွတ်ဝါးရသောကြေခဲတဲ့အစာရှောင်
ဓါတုဆေးဝါးများပါဝင်တဲ့အစားရှောင်
ပိုးသတ်ဆေးရှောင်
ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အဆင်သင့်စားစရာရှောင်
စည်သွပ်ဗူးများရှောင်
အသီးအချို ပျားရည် လျှော့စား ( ကင်ဆာရောဂါရှိသူရှောင်ပါ)
ထိုက်သင့်တဲ့လေ့ကျင့်ခန်း (မများလွန်း မနည်းလွန်း) လုပ်ပါ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါ
အစာစားပြီး ဆနွင်းလ္ဘက်ရည်ဇွန်းဝက်နဲ့ သံလွင်ဆီ ထမင်းစားဇွန်း (သို့)Cod liver oil လ္ဘက်ရည်ဇွန်း ပြည့်ပြည့်မောက်မောက်(သို့) နှမ်းဆီစစ်စစ်
ထမင်းစားဇွန်းတစ်ဇွန်း ရောသောက်ပါ
စိတ်ဖိစီးမှုလျှော့
အိပ်ရေးဝအောင်အိပ်
ညစာနဲ့အိပ်ချိန်ဝေးအောင်လုပ် ( ၆) နာရီအကောင်းဆုံး
ခန္ဓာကိုယ် သံချေးမတက်အောင် လုံလောက်တဲ့ antioxidants သောက်
အရွက်ဖျော်ရည် ကြိုတင်ကာကွယ်လိုသူ နှစ်ခွက် ကုသလိုသူ လေးခွက် ရောဂါပြင်းထန်သူ(ကင်ဆာသမားများ) ခြောက်ခွက် ရှစ်ခွက်သောက်ပါ အဓိက က အစိမ်းရောင်ရင့်ရင့် ဖြစ်ရပါမယ်
အကောင်းမြင်ဝါဒ ထားပါ

အားလုံးရောဂါကင်းပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝ ပိုင်ဆိုင်နိုင်ကြပါစေ

Credit to Ma Than Than Nwe

06/10/2022

အရက်မသောက် ဘီယာမသောက်
အသည်းရောင် ဘီပိုး စီပိုး မရှိဘဲ
အသည်းခြောက် အသည်းကင်ဆာ
ဖြစ်ပြီးသေတယ်ဆိုတာ
(Fungus) မှို က အသည်းကို တန်းထိလို့ပါ။

Fungus ဟာမြင့်မားတဲ့
အပူချိန်မှာတောင် မသေပါဘူး။
ရေနှင့်ဘယ်လိုဆေးကြောသန့်စင်
ပျောက်မသွားပါဘူး။

မြန်မာနိုင်ငံရဲ့
အစားအသောက်အတော်များများမှာ
မှို(Fungus)ဖြစ်ပေါ်မှုသည်၇၅% ရှိပါတယ်။

လူရဲ့ခန္ဓာကိုယ်အပေါ်ယံအရေပြားမှာ
ချွေးပေါက်တွေသည်လည်း
အမြဲသန့်ရှင်းမှုမရှိပါက မှိုစွဲကပ်မှုဖြစ်ပေါ်စေပါတယ်။

အဲဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေး
အမြဲပြုလုပ်သင့်ပါတယ်။

ကင်ဆာရောဂါရဲ့၈၀% ဟာ
မှို(Fungus) ကြောင့်ဖြစ်တယ်
လေ့လာရရှိသလောက်မျှဝေပါတယ်။

မှိုတက်တဲ့ အစားအစာတွေကတော့
အများကြီးပါပဲ။ မှိုများများတွေ့ရတတ်တာ
ငြုတ်သီးခြောက်၊ ငြုတ်သီးမှုန့်
အချဉ်အမျိုးမျိုး မုန်ညင်းချဉ် မုန်လာချဉ်
ကြက်သွန်ဥချဉ် ကတက်ချဉ် လဘက်အစို
စီတိုဝူး သနပ်မျိုးစုံ ယိုမျိုးစုံ ပဲအကြော်စုံ
ရက်လွန် ဟင်းလျာများ စသည်ဖြင့်
ဖြစ်ပါတယ်။

Credit

💗💗 ဆရာမကြီး ပြောတဲ့ 💗💗 ဖြည့်စွက်စာ တွေသောက်နေတဲ့ အခါမှာ ဘယ်အချိန် သောက်မလည်း ဘာနဲ့ သောက်မလည်း 💥 ၁။ Protein. တွေဖြစ်တဲ့  ...
11/09/2022

💗💗 ဆရာမကြီး ပြောတဲ့ 💗💗

ဖြည့်စွက်စာ တွေသောက်နေတဲ့ အခါမှာ

ဘယ်အချိန် သောက်မလည်း ဘာနဲ့ သောက်မလည်း

💥 ၁။ Protein. တွေဖြစ်တဲ့
N acetyl L cystiene
Carnitine
L glutamine
မနက် အစာမစားခင် မိနစ်၃၀ ခွာသောက်ပါ
ရေရှည်သောက်မယ်ဆို အသားဓာတ်များပါစေ။

💥 ၂။ Vitamin းအများစုက အစာအိမ်ကို အနှောက်
အယှက် ပေးလို့ အစာစားပြီးမှ သောက်ပါ။

D3, Super K, Magnesium ascorbate,B complex Folate, P5P, Vitamin A, Vitamin E, Biotin

💥 ၃။ Mineral အများစုကို အစာစားပြီးသောက်ပါ။
Selenium, Zine, iron,Magnesium, citrate

💥💥💥 အ ထူး တွဲ တွေ က 💥💥💥

√ ** Magnesium နဲ့ D3 နဲ့ တွဲရင် D3 side affect
လျော့ပါတယ်။

√ *** Magnesium D3, K2 ပေါင်းသောက်ရင်
အရိုးအတွက်အတော်လေး ကောင်းပါတယ်။

√ *** Folate, P5P, B12 အတွဲက အာရုံကြော
အတွက်ကောင်းပါတယ်။

💥 ၄။ Probiotics အများစုက အစာမစားခင် ၁၅ မိနစ်
အလိုနဲ့ ထမင်းစားပြီး သောက်ပါ ဒါက အကောင်းဆုံးပါ
မတည့် မှ ညအိပ့်ခါနည်း သောက်ပါ။

💥 ၅။ Oxbile, Enzyme, ACV
ထမင်း မစားခင် မိနစ် ၃၀ အလိုသောက်ပါ ဗိုက်အောင့်
တတ်ရင် မစားခင် ၁၀မိနစ် အလိုသောက်လည်း ရပါ
တယ် ပေါင်းသောက်လည်း ရပါတယ်
Oxbyle ကိုအစာမစားခင်သောက် ထမင်းစားပြီး
Vitamin A, Unique E, D3, K2 သောက်ရင် အကျူ ိး
ပိုရပါတယ်။

💥 ၆။ Cinsulin ထမင်းစားပြီး သောက်ပါ ဆီးချူ ိကျလို့ပါ။

💥 ၇။ အရွက်ရည် ထမင်းနဲ့ အတူသောက်ပါ။

💥 ၈။ Antioxidant Netword ရဲ့ပါဝင်ပစ္စည်းတွေ
ဖြစ်တဲ့ R lipolic acid, Vitamin C, NAC, Vitamin E
Selenium, Zinc, Carotenoid တို့ကို
ပေါင်းသောက်မယ်ဆိုရင် (သို့မဟုတ်)
Antioxidant Netword ဆေး
တစ်မျူ ိးထဲကို သောက်မယ်ဆိုလျှင်
(ကိုယ်ဝန်ဆောင်မိခင်လုံးဝ မသောက်ရပါ)
သွေးကျ တတ်ပါတယ် သွေးကျဆေး သောက်နေရင်
သွေးကျ ဆေးနဲ့ ဝေးဝေးသောက်ပါ။
Selenium ပါလို့ အရေပြားကင်ဆာရှိရင် မသုံးရပါ။

💥 ၉။ D Ribose သကြားအစားထိုးလို့ ရပါတယ် ဆီးချူ ိ
မတက်ပါ။

💥 ၁၀။ ACV ကို pink salt နဲ့ ဖျော် သံပုရာသီး ညှစ်ပြီး
သောက်ရင် detox ဖြစ်သလို အဆီကျပါတယ် ။

⭐ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်

📲09423751910 သိုလည်းဆက်သွယ်မှာယူနိုင်ပါပီ

🚗🚗ရန်ကုန်/​မော်လမြိုင်/မုဒုံ/မန္တ​လေး/​နေပြည်​တော် စ​သောမြို့များ Cash on delivery ပါရှင့်🚗🚗

🚗🚗ကျန်မြို့နယ်များလည်း ကားဂိတ် or အိမ်အ​ရောက်ပို့​ဆောင်​ပေး​နေပါပီရှင်🚗🚗


အမျိုးသမီးတွေအတွက်အားကိုးရာဆေးတလက်ဖြစ်တဲ့Evening Promise Oil ​လေးပါရှင့် Evening Promise Oil ဆိုတာEposoft, Eve 500, Prim...
29/08/2022

အမျိုးသမီးတွေအတွက်
အားကိုးရာဆေးတလက်ဖြစ်တဲ့
Evening Promise Oil ​လေးပါရှင့်

Evening Promise Oil ဆိုတာ
Eposoft, Eve 500, Prim E တို့မှာပါတဲ့
အဓိကပါဝင်ပစ္စည်းပါ

ညနေခင်းနှင်းဆီပန်းပင်လို့ခေါ်တယ်
အဲ့အပင်က
မြောက်အမေရိကမှာက အများဆုံးပေါက်တယ်

အဓိကအားဖြင့်
Evening Promise Oil (EPO)ကို
မြန်မာပြည်မာဆိုရင်တော့
ရာသီလာတဲ့အခါနာကျင်မှုကင်းအောင်
ကြိုတင်သောက်ရတဲ့ဆေးဆိုပီး
အများစုကသိကြတယ်ပေါ့နော်
ဘာလို့လဲဆိုတော့
အမျိုးသမီးဟော်မုန်းအတွက်အထောက်အကူပြုတဲ့
အပင်ကရတဲ့Phytoestrogen ဓာတ်တွေ
သူ့မာအပြည့်ပါတယ်
Plant Estrogenပေါ့

ပီးတော့
ဘာတွေကောင်းသေးလဲ?
*ဟော်မုန်းမညီမျှမှူ‌ကြောင့်ဖြစ်တဲ့
ဝက်ခြံတေ အဆီဖုတေ အဆီပြန်တာတေကို ပျောက်ကင်းစေနိုင်တယ်
*နှင်းခူရောဂါတေကိုသက်သာစေတယ်
ရင်သားကင်ဆာဖစ်စေတာ
ရင်သားအကြိတ်ဖစ်စေတာမျိုးတေကနေ
ကာကွယ်ပေးနိုင်တယ်
*ရင်သားကို တင်းပီးရှိရင်းစွဲကိုပြည့်စေတယ်
*အသားအရေကိုကျန်းမာစေပီးချောမွေ့စေတယ် ကြည်လင်စေတယ်
*စိတ်ဖိစီးမှု စိတ်တိုတာတေကို လျော့ကျစေတယ်
*ရာသီလာခါနီးနဲ့ရာသီလာချိန်မာဖစ်တဲ့ရင်သားနာကျင်မှုတေကိုသက်သာစေတယ်
*အသားအရေပူတာတေကိုသက်သာစေတယ်
*သွေးပေါင်တက်တာတေကိုလျော့စေတယ်
*နှလုံးကျန်းမာရေးကိုလည်းကောင်းစေတယ်
*အာရုံကြောနာကျင်မှုကိုလည်းသက်သာစေတယ်
*အရိုးအဆစ်တေနာကျင်တာကိုလည်းသက်သာစေတယ်
*သွေးဆုံးရောဂါတေအတွက်လည်း
ကာကွယ်မှုပေးတယ်

သူ့ကိုရင်သားကင်ဆာကုသရာမာ
တွင်တွင်ကျယ်ကျယ်သုံးကြတယ်
အသက်တို့
အမျိုးသမီးတေအနေနဲ့
EPO ကို တနေ့ကို 500 mg ကနေ 6000 mg အထိသောက်လို့ရတယ်

Evening Promise oil ကို Vitamin E နဲ့တွဲ​သောက်ခြင်းဖြင့် အသားအရည်ကြည် ရာသီမှန်ပီး ရာသီလာချိန်ခံစားရတဲ့​ဝေသနာ​တွေလည်း သက်သာနိုင်ပါတယ်ရှင့်

Side Effectsအနေနဲ့ကတော့
ဗိုက်အောင့်တတ်တယ်
ခေါင်းကိုက်တတ်တယ်
အာ့လိုလူတေကကျတော့
EPO ကို mg အများကြီးစမသောက်ပဲ
နဲနဲခြင်းကနေ
တဖြည်းဖြည်းတိူးတိူးပီးသောက်ရတယ်
အစာစားပီးမှသောက်ရတယ်
Side Effectsမပြတဲ့သူတေကတော့
သောက်ချင်သလိုသောက်လို့ရတယ်


⭐ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်

📲09423751910 သိုလည်းဆက်သွယ်မှာယူနိုင်ပါပီ

🚗🚗ပဲခူး/ရန်ကုန်/​မော်လမြိုင်/မုဒုံ/မန္တ​လေး/​နေပြည်​တော် စ​သောမြို့များ Cash on delivery ပါရှင့်🚗🚗

🚗🚗ကျန်မြို့နယ်များလည်း ကားဂိတ် or အိမ်အ​ရောက်ပို့​ဆောင်​ပေး​နေပါပီရှင်🚗🚗




24/08/2022

#သက်ရှည်ကျန်းမာဖို့အတွက်အရေးအကြီးဆုံးအချက်များ
===

၁။ ညအိပ်ယာဝင်ခါနီးတိုင်းသွားတိုက်ပါ။
သွားတိုက်ပြီးသည်နှင့် ဘာမျှမစားသင့်တော့ပါ။

ခံတွင်းသန့်လျှင်ရောဂါ အမျိုး အစား ၇၀ကိုအလိုလိုကာကွယ်ပြီးသားဖြစ်သည်၊ ခံတွင်းမသန့်ရှင်းသည်နှင့်ရောဂါအမျိုးအစား ၇၀ကိုဖိတ်ခေါ်ပြီးသားဖြစ်သည်။

၂။ အသက်ကြီးသည်အထိသွားခိုင်မှ သက်ရှည်ကျန်းမာနိုင်သည် ငယ်စဉ်ကတည်းက သွားကျန်းမာကြံ့ ခိုင်အောင် အမာစာများတအား မစားပါနှင့်၊ အချိုလျော့ စားပါ၊ ခံတွင်းသန့်ရှင်းဖို့ အမြဲ ဂရုစိုက်ပါ။

၃။ မိမိစိတ်တွင် ‌မေတ္တာတရားကိုသာလက်ခံပါ၊ စိတ်ချမ်းသာ စရာ ကိုသာတွေးပါ။

၄။ သူတစ်ပါးကိုပေးဖို့ရာသာတွေးပါ၊ ရယူဖို့ရာဘယ်တော့မှ မတွေးပါနှင့်။

၅။အစာစားတိုင်းကြေညက်အောင်ဝါးစားပါ။

၆။ ကန်စွမ်းရွက်ကိုနေ့စဉ်စားပါ၊ကြော်၊ပြုပ်၊ချဉ်ရည်ဟင်းချက်၊တစ်ခါတစ်ရံအရိုးကိုထန်းလျက်နှင့်ပြုတ်သောက်ပါ၊ ကန်စွမ်းရွက်သည်ဝမ်းဗိုက်ထဲရောက်နေသောရောဂါဖြစ်မည့် အဆိပ်မျိုးစုံကိုပယ်ဖျောက်ပေးသည်။အသားအရည်ကိုချောမွေ့လှပစေသည်၊သွေးကိုသန့်ရှင်းစေသည်။
အမျိုးသမီးများဓမ္မတာကိစ္စ၊သွေးဆုံး၊မီးယပ်ရောဂါမှန် သမျှ ကိုကောင်းအောင်ကုသပေးသည့်သဘာသမားတော်ဖြစ်သည်၊ကန်စွမ်းရိုးသည်အသက်ကြီးလျှင်
အလိုလိုကုန်ခန်းလာသည့်အရိုးတွင်းမှ ကက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးသည်။

၇။ မနက်အိပ်ယာထရေနွေးဆူအောင်တည်၍‌ ခေတ္တအအေးခံကာခပ်နွေးနွေးကိုတစ်ဝကြီးသောက်ပါ၊
သောက်ပြီး၄၅မိနစ်ကြာမှအစာစားပါ၊ ကင်ဆာ၊
သွေးတိုး ဆီးချိုစသောနာတာရှည် ရောဂါများကို ပျောက်ကင်း စေ သကဲ့သို့ မလိုအပ်သောအဆီများကို
ချပေးသည်၊ သတိပြုရမည်မှာညကတည်းကတည်ထားသောဓါတ်ဘူးထဲထည့်ထားသောရေနွေးမဖြစ်ဖို့လိုသည်။ညသိပ်ရေနွေးသည် အဆိပ်ဖြစ်သောကြောင့်မသောက်သင့်ပါ။

၈။ တစ်ရက်တစ်ကြိမ်ကြက်သွန်ဖြူ၄တက်လောက်ကို
ထမင်းနှင့်မြှုပ်စားပါ။
စားနည်းမှာ ကြက်သွန်ဖြူ ၄ တက်ကိုအခွံခွါကာ ပြားသွားအောင်ထုပါ။
အနည်းဆုံး ၁၅မိနစ်ကြာအောင်စောင့်ပြီးမှထမင်းနှင့်မြှုပ်စားပါ။
နှလုံးသမားများ နှစ် လ ကျော်အတွင်းသက်သာ ပျောက်ကင်းနိုင်သည်၊ များလွန်းလျှင်မကောင်းပါ၊ သုံးလေးတက်ထက်ပိုမစားသင့်ပါ၊ ကြက်သွန်ဖြူကိုပြားလိုက်လျင်ထွက်လာသောအစေးနှင့်ပြင်ပအောက်ဆီဂျင်လေထိသွားသောအခါကျမှ ဆေးဖြစ်ပြီး၊သွေးသန့်အောင် သွေးကျဲအောင်လုပ်ပေးနိုင်သော ဓါတ်ကိုဖြစ်စေသောကြောင့် အနည်းဆုံး ၁၅မိနစ် စောင့်ပြီးမှစားရခြင်းဖြစ် သည်။

ထိုကြက်သွန်ဖြူသည်နှလုံးသမားများစားနေသော သွေးကြဲဆေးထက် လေးဆ ပိုပြီးအာနိသင်ရှိ ကြောင်း၊ ပြင်သစ်ဆရာဝန်တ‌စ်ယောက်ပြောဖူးပါသည်။

ကြိုတင်စားထားလျင်လေအားသွေးအားကို ကောင်းစေသည့်အပြင် သွေးကိုပါသန့်စေသောကြောင့် သွေးတိုး၊လေးဘက်နာ ရောဂါ၊လေဖြတ်ရောဂါ၊ နှလုံး ရောဂါများကို ကာကွယ်ပြီးသားဖြစ်သည်။

၈။ တစ်ရက်လျင်ပုံမှန်ဖန်ခွက်ဖြင့် ရေ ၈ ခွက်ခန့်ဝင်အောင်သတိထားသောက်ပါ။
ဆီးသွားချင် လျှင် အောင့်မထားဘဲချက်ခြင်း သွားပါ။

ကျန်းမာရေးကို ရွှေငွေပစ္စည်းဥစ္စာများနှင့်ဘယ်သောအခါမှမလဲမိအောင်ဂရုစိုက်ပါ။
အချိန်မှန်အိပ်အချိန်မှန်စားလျှင် ‌ရောဂါဖြစ်ဖို့ အလွန်ခဲယဉ်းပါသည်။

ကျန်းမာရေး ထိခိုက်သည်နှင့်ပြည့်စုံနေသော စီးပွါးရေး၊
အိမ်ထောင်ရေး၊ ပညာရေးများသည် ဘာမျှ သုံးစားမရတော့သည်ကိုသတိပြုပါ၊

အားလုံး သက်ရှည်ကျန်းမာကြပါစေ။

Credit ; ..........

😍ကျန်းမာစွာနဲ့ ဖြေးဖြေး အိုကြမယ်နော်😍အသက် ၄၀၊ ၅၀ ကျော်လာပြီ ဆိုရင် အသားအရည်ဟာ တင်းတင်းရင်းရင်းမရှိတော့ဘဲ စတင် တွဲကျလာတာက...
12/08/2022

😍ကျန်းမာစွာနဲ့ ဖြေးဖြေး အိုကြမယ်နော်😍

အသက် ၄၀၊ ၅၀ ကျော်လာပြီ ဆိုရင် အသားအရည်ဟာ တင်းတင်းရင်းရင်းမရှိတော့ဘဲ စတင် တွဲကျလာတာကို သတိထားမိကြပါလိမ့်မယ်။ သိသာတဲ့နေရာတွေကတော့ လည်ပင်း၊ မျက်ခွံ စတင်တွဲကျလာခြင်း၊ မျက်နှာမှာ အသားအရည် လျော့ကျလာခြင်းဖြစ်ပါတယ်။

သွေးဆုံးသွားတဲ့အခါ ပိုသိသာလာပါတယ်။
နုပျိုနေစေတဲ့ ဟော်မုန်းလဲ သိသိသာသာ လျော့နည်းသွားလို့ ဖြစ်ပါတယ်။ အသက်၆၀ ကျော်သွားရင်တော့ အတော်လေးကို သိသာလာပါတော့တယ်။

အသက်ကြီးလာတာနဲ့အမျှ Collagen and Elastin အားနည်းဆုတ်ယုတ်လာလို့ ဖြစ်ပါတယ်။ (Natural aging process)။ Collagen ဆိုတဲ့ ပရိုတင်း amino acids ဆိုတာ Gelatin Gel ကဲ့သို့ ခပ်ပြစ်ပြစ် ချွဲချွဲ ကော်ကဲ့သို့ ဖြစ်နေသည့် ဓာတ်ဖြစ်ပါတယ်။

Collagen မှာ ပါဝင်နေတဲ့ အဓိက ပရိုတင်းဓာတ် သုံးမျိုးကတော့ Glycine, Proline, Hydroxyproline ဖြစ်ပါတယ်။ (Triple helix), glutamic acid လဲ ပါပါတယ်၊ Proteins are building blocks. Vegetables are for cleaning purpose.

Collagen ကို အများဆုံး တွေ့ရတဲ့ နေရာတွေကတော့
အရိုး၊ အရွတ်၊ သွေးကြောနံရံ၊ မျက်လွှာ၊ အူနံရံ၊ ခါးကြောရိုးကြား နေရာများ၊ သွား၊ ကြွက်သား၊ အရေပြားအောက်ခြေ၊ အရိုးနု စသည်ဖြင့်ဖြစ်ပါတယ်။ (Bone, Skin, tendons, ligaments, cartilage cushions)

Collagen တွေ လျော့လာတာ အသက်ကြီးလာခြင်းတည်းဟူသော အကြောင်းတစ်ခုတည်းတော့ မဟုတ်ပါ။ အစားအသောက် အနေအထိုင်နဲ့လဲ သက်ဆိုင်နေပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကာယိက ဒုက္ခ စေတသိက ဒုက္ခ များနေတဲ့ stressful life, အာဟာရဓာတ်တွေ ချို့တဲ့နေခြင်း၊ အစားအသောက် မဆင်ခြင်ခြင်း၊ သကြား အစားများခြင်း၊

ပတ်ဝန်းကျင် အဆိပ်တွေ (ဓာတ်မြေဩဇာမှာ ပါတဲ့ Glyphosate) ဟာလဲ Collagen ဓာတ်ယုတ်လျော့စေပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် Collagen ဓာတ်လျော့ပါးသွားမယ်ဆိုရင် ရောဂါမျိုးစုံ ရလာတတ်ပါတယ်။

အဆစ်နှစ်ခုကြားမှာ cushion ကြားခံထားတဲ့ အရိုးနု cartilage ပါးလာပြီဆိုရင် အဆစ်တွေ နာကြပြီပေါ့။
ခေတ်သစ် မြန်မာ ခေါ်နည်းကတော့ ကျီးပေါင်းပါ၊
ဒူးကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဂုတ်ကျီးပေါင်း စုံနေတာပါဘဲ။ ဒူးနာပြီ၊ ခါးနာပြီ၊ ပေါင်ရိုး အားမရှိတော့ပါ။
ကြွက်သားတွေပါ အားယုတ်လာပါတယ်။ ကြာရင် အိပ်ယာထဲမှာ လဲပြီး လမ်းမလျှောက်နိုင်တော့တာတွေ ဖြစ်လာတယ်။

MRI ရိုက်လို့ ကင်ဆာကြောင့် မဟုတ်ဘူး၊ အရိုးကျိုးလို့ မဟုတ်ဘူးဆိုရင် Collagen powder ကို အရင် သောက်ကြည့်နိုင်ပါတယ်။ Glycine powder လေးနဲ့ ရောသောက်ကြည့်ပါ။ ဘာဥပါဒ်မှလဲ မရှိပါ။

Collagen Powder 20 gram (2 scoops) (ဗူးထဲမှာ ကော်ဇွန်းလေး ပါလာတယ်)
Glycine powder လဖက်ရည်ဇွန်း တစ်ဇွန်း
Vitamin C powder 1000mg
ဖျော်ပြီး သောက်ကြည့်နိုင်ပါတယ်။
ဒီ အမှုံ့တွေဟာ ရေ၊ ကော်ဖီ၊ အရွက်ဖျော်ရည်၊ အသီးဖျော်ရည် အကုန်လုံးမှာ ထည့်ဖျော်လို့ရပါတယ်။

Collagen Powder ထဲမှာ Glycine ပါနေပါသော်လည်း ယခုခေတ်မှာ ပေါင်းသတ်ဆေး Glyphosate တည်းဟူသော မဟာရန်သူကြီးကရှိနေတော့ ပမာဏ ပိုထည့်ရင် ကောင်းပါတယ်။ အထူးသဖြင့် ကျီးပေါင်းရောဂါရှိပြီး နာကျင်နေကြသူတွေပေါ့။

ကိုယ်တိုင်လဲ စမ်းသပ်ကြည့်လိုက်ပါတယ်။ ၃၊ ၄ ပတ် အကြာမှာ ကျွန်မဒူးတော့ အတော်လေး ကောင်းသွားပါပြီ။
ကျွန်မ သောက်တဲ့အတိုင်း ပြောပြနေတာ ဖြစ်ပါတယ်။

စာဖတ်ကြည့်တာကတော့ လုံးဝ ကောင်းဖို့ဆိုတာ ကိုယ့်ရောဂါ ဘယ်လောက်ကျွမ်းနေပြီလဲ ပေါ်မှာလဲ မူတည်နေပါတယ်။ စာဆိုအရ ၂ လ မှ ၆ လ အထိ ကြာနိုင်တယ်တဲ့။ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။

အရိုးပြုတ်ရည် သောက်ရင် Collagen, Glycine ရပါတယ်၊ ဒါပေမယ့် ပမာဏ ဘယ်လောက် ရလဲ ပြောရခက်ပါတယ်။

Collagen ဟာ Autoimmune သမားတွေအတွက် အလွန်သင့်တော်ပါတယ်။ Leaky gut အတွက်ပါ၊ Probiotics လေးပါထည့်လိုက်၊ မတည့်တဲ့ အစားအသောက်ပါ ရှောင်လိုက်မယ်ဆိုရင် ထိန်းလို့ မရနိုင်စရာ အကြောင်းတော့ မရှိပါ။

ဈေးကြီးကြီးနဲ့ရောင်းနေကြတဲ့ collagen cream တွေမှာ Collagen molecules တွေဟာ အရွယ်အစားအားဖြင့် ကြီးနေတာကြောင့် အရေပြားထဲကိုကောင်းစွာဝင်နိုင်စွမ်းရှိဖို့ ခက်ပါတယ်တဲ့။

မျက်နှာအရေပြားထဲကို ထိုးဆေး အနေနဲ့ ထိုးမယ်ဆိုရင် မျက်နှာတစ်ခုတည်း လောလောဆယ် အကျိုးရှိမယ်။ အခြား လိုအပ်တဲ့ နေရာတွေ အကျိုးမခံစားရပါ။ ၁ နှစ် ၂ နှစ်ပြီးရင် ပြန်ဖြစ်ပြန်ရော။

ထိုနည်းတူစွာ collagen ကို နာနေတဲ့ ဒူးထဲကို ထိုးထည့် မယ်ဆိုရင်လည်း သက်သာတယ်ဆိုရင် ဒူးဘဲ သက်သာမှာလေ။ အခြားနေရာတွေ အတွက် အကျိုးမရှိပြန်ဘူး။ ပိုက်ဆံလည်း အများကြီးပိုကုန်မှာ ဖြစ်တယ်။

Collagen ကို သောက်မယ်ဆိုရင် တစ်ကိုယ်လုံးအတွက် အကျိုးရှိမှာဖြစ်တယ်၊ အရေပြားရော၊ အရိုး၊ အရိုးနု ၊ အရွတ် အားလုံးအတွက် ကောင်းသွားနိုင်ပါတယ်။ ဆံပင်၊ လက်သည်း ခြေသည်း တွေအတွက်လဲ ကောင်းတယ်လို့သိရပါတယ်။ အရေပြားလဲ တင်းတင်းရင်းရင်း ဖြစ်လာမယ်။ fine wrinkles လဲ လျော့သွား နိုင်တယ်။ အရိုးတွေ ကြွက်သားတွေလဲ ပြန်သန်စွမ်းလာနိုင်တယ်။ အဆစ်တွေ နာကျင်ခြင်းမှ သက်သာလာနိုင်တယ်။ ရေရှည်မှာ အကုန်အကျလဲ အများကြီး ပိုသက်သာပါလိမ့်မယ်။

Collagen powder သောက်မယ်ဆိုရင်
၁။ အရသာရှိအောင်ထည့်ထားတာမျိုး ရှောင်သင့်ပါတယ်။ Unflavored လို့ ခေါ်တဲ့ သဘာဝ အတိုင်းသောက်နိုင်ရင် ပိုကောင်းပါတယ်။
၂။ အချို့ တံဆိပ်တွေမှာ heavy metal contamination တွေရှိနေတတ်ပါတယ်။ အထူးသဖြင့် Arsenic ဖြစ်ပါတယ်။ Mercury , Cadmium contaminants တွေလည်းအနည်းငယ်ရှိနေတတ်ပါတယ်။

မြန်မာပြည်မှာ လောလောဆယ် ဝယ်လို့ရနေတဲ့ NEOCELL တံဆိပ်က ကောင်းပါတယ်။ သန့်တယ်။
အရသာထည့်ထားတာ ထက်ကို ဘာအရသာမှ မထည့်ထားတာ ပိုကောင်းပါတယ်။
Bio optimal collagen powder လဲ ကောင်းတယ်။ အရမ်းသန့်တယ်။
Zint collagen powder သန့်တဲ့စာရင်း ဝင်တယ်။
Grass fed beef powder က အသင့်တော်ဆုံးလို့ ထင်ပါတယ်။ (Vegetarian လဲ ရှိတယ်၊ Marine source လဲရှိတယ်)

Collagen type 1
ခန္ဓာကိုယ်ထဲမှာ အများဆုံးရှိနေတဲ့ ပရိုတင်းဓာတ် 90% ဖြစ်ပါတယ်။ တစ်ကိုယ်လုံးအတွက် အထောက်အကူဖြစ်တယ်။
Collagen Type 2
elastic cartilage အဆစ်နှစ်ခုအကြားက အရိုးနု မှာအများဆုံးတွေ့ရတယ်။
Collagen type 3
သွေးပြန်ကြော၊ သွေးလွှတ်ကြော၊ ကြွက်သား၊ ခန္ဓာကိုယ် အစိတ်အပိုင်းမှာတွေ့ရတယ်။ သွေးကြော ကျားကန်အားမရှိလို့ သွေးကြောပေါက်လွယ်တဲ့လူတွေ။ ကြွက်သား အားနည်းနေသူတွေအတွက် အလွန်ကောင်းပေါ့။
Collagen type 4
အရေပြားမှာ အများဆုံးတွေ့ရပါတယ်။

Collagen powder တွေမှာ type ၄ မျိုးလုံး အနဲနဲ့ အများ ပါနေပါတယ်။

⭐ဝယ်ယူလို​သော USA made supplement များကိုပစ္စည်းမှန် ​စျေးနှုန်းမှန်ဖြင့် Health & Beauty Life page တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်

📲09423751910 သိုလည်းဆက်သွယ်မှာယူနိုင်ပါပီ
Bago မြို့တွင်း 50000 ဖိုးနှင့်အထက် Cash on delivery/Delivery free

🚗🚗ရန်ကုန်/​မော်လမြိုင်/မုဒုံ/မန္တ​လေး/​နေပြည်​တော် စ​သောမြို့များ Cash on delivery ပါရှင့်🚗🚗

🚗🚗ကျန်မြို့နယ်များလည်း ကားဂိတ် or အိမ်အ​ရောက်ပို့​ဆောင်​ပေး​နေပါပီရှင်🚗🚗



★ သိုင်းရွိုက်ဟော်မုန်းဓာတ်များလာခြင်း        ဟိုက်ပါသိုင်းရွိုက် Hyperthyroidism ဟာ ၂ မျိုး ၂ စား ရှိပါတယ် ၊၊       ၉၀%...
09/08/2022

★ သိုင်းရွိုက်ဟော်မုန်းဓာတ်များလာခြင်း
ဟိုက်ပါသိုင်းရွိုက် Hyperthyroidism ဟာ ၂ မျိုး ၂ စား ရှိပါတယ် ၊၊
၉၀% သောဟိုက်ပါသိုင်းရွိုက်ဟာ အော်တိုအင်မြူးကြောင့်ဖြစ်ပါတယ် ၊၊ Grave's disease လို့လည်းခေါ်ပါတယ် ၊၊
၁၀% ကတော့ ရိုးရိုး သိုင်းရွိုက်ဟော်မုန်းများလာခြင်း ဖြစ်ပါတယ် ၊၊
အော်တိုအင်မြူးကြောင့်ဖြစ်တဲ့ ဟိုက်ပါသိုင်းရွိုက်ဟာ အူလမ်းကြောင်းမကောင်းလို့ဖြစ်ပါတယ် ၊၊
ဒိလိုအခြေအနေမျိုးမှာ သိုင်းရွိုက် အင်တိဘော်ဒီ တွေထွက်ပါတယ် ၊၊

သိုင်းရွိုက်ဟော်မုန်းထုတ်တာများလို့ -
* ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ သိုင်းရွိုက်ဂလင်းကို အမျိုးမျိုးသော ခေတ်မိဆေးတွေနဲ့ ဝိုင်းပြီး သုတ်သင်လေ့ရှိကြတယ် ၊၊ ဟော်မုန်းမထွက်အောင် ဆေးတွေနဲ့ လိုက်ပိတ်တာက တစ်မျိုး ( methimazole , carbimazole PTU စသည်ဖြင့် )

* သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ပြီး ထုတ်ပစ်ကြတာ တစ်မျိုး ၊၊

* Radio active iodine . အနူမြူရောင်ခြည်နဲ့ လုံးဝကို ဖျက်ဆီးပစ်လိုက်တတ်ကြတာက တစ်မျိုး ၊၊

အမှန်ဆိုရင် သိုက်ရွိုက်ဂလင်းက သူ့ဘာသာသူ ရောဂါထဖြစ်တာမဟုတ်ပါ ၊၊ အောက်ပါအကြောင်းတွေကြောင့်တာ အခုလို အဖြစ်မျိုးရောက်ရတာ ဖြစ်ပါတယ်၊၊

၁ / ဘဝရဲ့ ဖိအားဒဏ်ကို ယောနိသောမနသိကာရ မထားနိူင်ခြင်းကြောင့် စိတ်ဖိစိးမှုများနေခြင်း ၊၊ ဒါကြောင့်လည်း နှလုံးခုန်မြန်နေခြင်း ၊ စိတ်စောခြင်း ၊၊ သွေးပေါင်တက်ခြင်း ၊ အိပ်မပျော်ခြင်း ၊စသည်တို့ ဖြစ်တတ်ပါတယ် ၊၊

၂ / ကောင်းမွန်စွာ အစာမခြေနိူင်ခြင်း ၊ အူကျန်းမာရေးချို့တဲ့ခြင်း ၊၊

၃ / ပတ်ဝန်းကျင်အဆိပ်များ ၊၊

၄ / ရောဂါဖြစ်စေသော ပိုးမွှားများ ၊၊
( အထူးသဖြင့် H Pylori infection )

၅ / ဗီဇ - အချို့မိသားစုတွေမှာ ပိုပြီး အဖြစ်များတတ်ကြပါတယ် ၊၊

ဟိုက်ပါသိုင်းရွိုက်ဖြစ်လာပြီဆိုရင် ဖြစ်ခါစမှာ ရောဂါလက္ခဏာတွေကို ထိန်းသိမ်းနိူင်ဖို့ ဓာတုဆေးဝါးများကို သုံးဖို့ လိုငော်လည်း ရေရှည်အတွက်တော့ အခုလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ပြင်ရမှာဖြစ်ပါတယ် ၊၊
အကြောင်းအရင်းတွေကို မပြင်သမျှ ကာလပတ်လုံး ရေရှည်မှာ မအောင်မြင်နိူင်ပါ ၊၊
သိုင်းရွိုက်ဂလင်းကို သေအောင်သတ်မဲ့အစား သူ့ကို ဒီလို အခြေအနေမျိုးရောက်အောင် ဖန်တီးလိုက်တဲ့ အကြောင်းတွေကို ပြန်ပြင်ရမှာဖြစ်ပါတယ် ၊၊
သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဖြစ်တာမို့ သူ့ကို အဏုမြူရောင်ခြည်ဖြင့် သေအောင်သတ်ခြင်း ၊ ခွဲစိတ်ပြီး အကုန်လုံး ထုတ်ပစ်ခြင်း ၊ တို့ကို မလုပ်သင့်ဘူးလို့ ထင်ပါတယ် ၊၊
သိုင်းရွိုက်ဂလင်း မရှိတော့ရင် ဆေးသောက်နေပေမဲ့လည်း -
* မထိရောက်ရင်သော်လည်းကောင်း ၊၊
* မသောက်ရင်သော်လည်းကောင်း ၊၊
* ပေးတဲ့ဆေးက အချိန်အဆ မမှန်ရင်သော်လည်းကောင်း ၊၊
ဘဝ အရည်အသွေးတွေ ကျဆင်းပြီ ဖြစ်ပါတယ်၊၊နောက်ဆုံးမှာတော့ -
ဟိုက်ပိုသိုင်းရွိုက် { Hypothyroid } တွေ ဖြစ်ကုန်ကြတယ်ဆိုတာ မမေ့လိုက်ကြစေချင်ပါ ၊၊
သိုင်းရွိုက်ဂလင်းကို ဖျက်ဆီးလိုက်တာကြောင့် ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေ ခန္ဓာကိုယ်က လိုအပ်သလောက် မထွက်နိူင်တော့ပါ ၊၊
ဒီနေရာမှာ သင်ခန်းစာလေး ယူစေချင်တာကတော့ - အဏုမြူ ကုထုံးကို ရှေးဦးကုထုံး အနေနှင့် မသုံးစေချင်ပါ ၊၊ ခွဲစိတ်ပြီး သိုင်းရွိုက်ဂလင်းကို ထုတ်ပစ်ခြင်းလည်း မလုပ်စေချင်ပါ ၊၊
ဂလင်းက မတန်မဆကြီးနေပြီး လေရှူလမ်းကြောင်း ၊ အစာမျိုလမ်းကြောင်းတွေ ပိနေရင်တော့လည်း ခွဲသင့်ရင်ခွဲရမှာဖြစ်ပါတယ် ၊၊ သို့သော် အကုန်ထုတ်ပစ်စရာ မလိုပါ ၊၊ ဆေးနဲ့ အရင်ထိန်းကြည့်ပြီး အကြောင်းအရင်းတွေကို သွားပြီး ပြင်ရမှာ ဖြစ်ပါတယ် ၊၊ ဒါမှလည်း ဆေးကုသရာမှာ အောင်မြင်မှာ ဖြစ်ပါတယ် ၊၊
အဓိကဖြစ်တဲ့ တေဇောဓာတ် မရှိတော့ဘူးဆိုရင် ဓာတ်ကြီး ၄ ပါးထဲက. ၁ ပါး ချို့ယွင်း သွားပြီ ဖြစ်ပါတယ် ၊၊
ရုပ်တွေဖြစ်ကြောင်းများ ဖြစ်ကြတဲ့ - ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ ၊ မှာလည်း ဥတု ချို့ယွင်းသွားပြီ ဖြစ်ပါတယ် ၊၊
ပဋိသန္ဓေဇနကကံကြောင့် အသက်ရှည်နိုင်ပေမဲ့လို့ ဥတုချို့ယွင်းသွားရင် ဘဝ အရည်အသွေးတွေ ကျဆင်းပြီ ဖြစ်ပါတယ် ၊၊
မိတ်ဆွေများအားလုံး ဓာတ်ကြီး ၄ ပါး မျှနေအောင် နေတတ်ကြပါစေ ၊၊ အကြောင်းအကျိုးတွေကိုလည်း ဆက်စပ်တတ်သူများ ဖြစ်ကြပါစေ ၊၊
Second Opinion . Third Opinion ယူရမှာလည်း ဝန်မလေးကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် ၊၊

Dr . Daw Khin Nwe Win
To A Better Health.

Address

Taungoo Street
Bago

Telephone

+959423751910

Website

Alerts

Be the first to know and let us send you an email when Health & Beauty Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram