22/11/2020
မဟာတြိဂံ
တစ်ချို့ လက်ဖဝါးပြင်ကို လေ့လာ စစ်ဆေး ကြည့်ယင် အဓိက လမ်းကြောင်းကြီးတွေ ဖြစ်တဲ့ ဉာဏ်လမ်းကြောင်း၊ အသက်လမ်းကြောင်း၊ ကျန်းမာ ရေးလမ်းကြောင်းတို့ရဲ့ ထိစပ်ပေါင်းဆုံမှုကြောင့် တြိဂံတစ်ခုဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကို တစ်ချို့သော လက္ခဏာဆရာများက “မဟာတြိဂံ” ရယ်လို့အမည်ကင်ပွန်းတပ်ကြပါတယ်။
အဲဒီ့မဟာတြိဂံရှိတဲ့ လက္ခဏာရှင်ဟာ အမြင် ကျယ်တယ်၊ ရှေ့ရေးနောက်ရေး မြော်မြင်နိုင်တယ်၊ ဘက်စုံကနေ ရှုထောင့်အမျိုးမျိုးနဲ့ တွေးခေါ်နိုင်စွမ်းရှိ တယ်၊ တစ်ဘက်သားအပေါ်မှာ စိတ်ရောကိုယ်ပါ ရက်ရက်ရောရော ကူညီတတ်တယ်၊ ပြီးတော့ ပေးကမ်းလှူဒါန်းရာမှာလည်း စံတင်လောက်ပါပေတယ်။ အများအတွက် အနစ်နာခံပြီး ရှေ့တန်းက ဦးဆောင် ဦးရွက်ပြုတတ်ကြတယ်။
မဟာတြိဂံကျဉ်းနေယင်တော့ လက္ခဏာရှင် ဟာစိတ်သဘောထားသေးသိမ်တယ်။ အမြင်ကျဉ်း တယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်နိုင်စွမ်းမရှိဘူး။ ပြီး တော့သတ္တိနည်းတယ်။
မဟာတြိဂံဟာ လူထုပရိသတ်အများရဲ့အား ပေးမှုကြောင့် အောင်မြင်ကျော်ကြားတာကိုလည်း ညွှန်ပြနေတတ်တယ်လို့ ယူဆရပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ အနုပညာရှင်တွေ၊ အားကစားသမားအကျော်အမော်တွေရဲ့လက်မှာ မဟာတြိဂံကို အများ ဆုံးတွေ့ရလို့ပါဘဲ။
စေပိုင်ထူး(အရှေ့တိုင်းဗေဒင်ပညာ)
Zawgyi
မဟာႀတိဂံ
တစ္ခ်ိဳ႕ လက္ဖဝါးျပင္ကို ေလ့လာ စစ္ေဆး ၾကည့္ယင္ အဓိက လမ္းေၾကာင္းႀကီးေတြ ျဖစ္တဲ့ ဉာဏ္လမ္းေၾကာင္း၊ အသက္လမ္းေၾကာင္း၊ က်န္းမာ ေရးလမ္းေၾကာင္းတို႔ရဲ႕ ထိစပ္ေပါင္းဆုံမႈေၾကာင့္ ႀတိဂံတစ္ခုျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။ ဒါကို တစ္ခ်ိဳ႕ေသာ လကၡဏာဆရာမ်ားက “မဟာႀတိဂံ” ရယ္လို႔အမည္ကင္ပြန္းတပ္ၾကပါတယ္။
အဲဒီ့မဟာႀတိဂံရွိတဲ့ လကၡဏာရွင္ဟာ အျမင္ က်ယ္တယ္၊ ေရွ႕ေရးေနာက္ေရး ေျမာ္ျမင္နိုင္တယ္၊ ဘက္စုံကေန ရႈေထာင့္အမ်ိဳးမ်ိဳးနဲ႕ ေတြးေခၚနိုင္စြမ္းရွိ တယ္၊ တစ္ဘက္သားအေပၚမွာ စိတ္ေရာကိုယ္ပါ ရက္ရက္ေရာေရာ ကူညီတတ္တယ္၊ ၿပီးေတာ့ ေပးကမ္းလႉဒါန္းရာမွာလည္း စံတင္ေလာက္ပါေပတယ္။ အမ်ားအတြက္ အနစ္နာခံၿပီး ေရွ႕တန္းက ဦးေဆာင္ ဦး႐ြက္ျပဳတတ္ၾကတယ္။
မဟာႀတိဂံက်ဥ္းေနယင္ေတာ့ လကၡဏာရွင္ ဟာစိတ္သေဘာထားေသးသိမ္တယ္။ အျမင္က်ဥ္း တယ္၊ ကိုယ့္ကိုယ္ကိုယုံၾကည္နိုင္စြမ္းမရွိဘူး။ ၿပီး ေတာ့သတၱိနည္းတယ္။
မဟာႀတိဂံဟာ လူထုပရိသတ္အမ်ားရဲ႕အား ေပးမႈေၾကာင့္ ေအာင္ျမင္ေက်ာ္ၾကားတာကိုလည္း ၫႊန္ျပေနတတ္တယ္လို႔ ယူဆရပါတယ္၊ ဘာျဖစ္လို႔ လဲဆိုေတာ့ အႏုပညာရွင္ေတြ၊ အားကစားသမားအေက်ာ္အေမာ္ေတြရဲ႕လက္မွာ မဟာႀတိဂံကို အမ်ား ဆုံးေတြ႕ရလို႔ပါဘဲ။