Mettamanju Sasana Meditaion

Mettamanju Sasana Meditaion Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mettamanju Sasana Meditaion, Meditation Center, Bago.

04/03/2025
ကျောက်မဲဆရာတော်မတ္တရာဆရာတော်မြောင်းမြဆရာတော်တို့ဘုရားတပည့်ဓမ္မိက ရိုသေလေးမြတ်စွာခြေတော်ဦးခိုက်ကာ လျှောက်ထားပါတယ်ဘုရား။တပ...
03/03/2025

ကျောက်မဲဆရာတော်
မတ္တရာဆရာတော်
မြောင်းမြဆရာတော်တို့ဘုရား

တပည့်ဓမ္မိက
ရိုသေလေးမြတ်စွာ
ခြေတော်ဦးခိုက်ကာ
လျှောက်ထားပါတယ်ဘုရား။

တပည့်တော်မှာ
ပြည်ပတရားစခန်းတွေ
မလွှဲမရှောင်သာ
သွားသွားနေရတဲ့အတွက်
ဂိုဏ်းက ပေးအပ်တဲ့
တာဝန်တွေကို ကြေပွန်စွာ
မဆောင်ရွက်နိုင်ခဲ့ရင်
မသင့်တော်ပါဘုရား။

ဒါကြောင့်
ဗဟိုဝန်ဆောင်အဖြစ်မှ
နှုတ်ထွက်ခွင့်
ပြုပါရန် ရိုသေစွာ
လျှောက်ထားပါသည်ဘုရား။

အောင်လံဦးစန္ဒိမာကိစ္စနဲ့
ပတ်သက်ပြီး လိုင်းပေါ်မှာ
တပည့်တော်အပေါ်
စွပ်စွဲရေးသားထားတွေဟာ
တစ်ခုမှ မမှန်ပါ။ မဟုတ်ပါ။
တပည့်တော်ရဲ့
အခြေအနေမှန်ကို
ဆရာတော်တို့
အသိဆုံးပါဘုရား။
အဲဒီကိစ္စကြောင့်
နှုတ်ထွက်တာလဲ
မဟုတ်ပါဘုရား။

ရိုသေလေးမြတ်စွာ
ခြေတော်အစုံတို့ကို
ဦးခိုက်လျက်

ဓမ္မိက

ဆိတ်ဆိတ် နေသူကိုလည်း ကဲ့ရဲ့ကြ၏။ စကားများသူကိုလည်း ကဲ့ရဲ့ကြ၏။ နှိုင်းချိန်ပြောတတ်သူကိုလည်း ကဲ့ရဲ့ကြ၏။ လောက၌ အကဲ့ရဲ့မခံရသူ...
07/12/2024

ဆိတ်ဆိတ် နေသူကိုလည်း ကဲ့ရဲ့ကြ၏။

စကားများသူကိုလည်း ကဲ့ရဲ့ကြ၏။

နှိုင်းချိန်ပြောတတ်သူကိုလည်း ကဲ့ရဲ့ကြ၏။

လောက၌ အကဲ့ရဲ့မခံရသူမရှိ။

တကယ်အကဲ့ရဲ့ ခံရသူ တကယ်အချီးအမွမ်းခံရသူ ဟု
ရှေးကလည်း မရှိဘူး၊

နောင်လည်း ရှိမည်မဟုတ်၊ ယခုလည်း မရှိ”

************************************************

ကဲ့ရဲ့ ချီးမွမ်းခြင်း
+++++++++

အချို့ လာဘ်မရခြင်း စသော လောကဓံကို အတော်အတန် ခံနိုင်ရည်ရှိသူပင် ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းကြောင့်ကား မတုန်မလှုပ်ပဲ မနေနိုင် ဖြစ်ရ၏။

အချို့ သူတပါး အကဲ့ရဲ့ ခံရသောအခါ ‘ အို … ချီးမွမ်း, ကဲ့ရဲ့ ခုနစ်ရက်ပေါ့ ဘာအရေးစိုက်စရာရှိသလဲ’ ဟု ဂရုမထားဘဲ နေနိုင်ကြ၏။

ဤစကားမှာ ဘုရားဟောအရပင်ဖြစ်၏။

မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးတော်မူစဉ် အရှင်သာရိပုတ္တရာ စသော ပုဂ္ဂိုလ်အများအပြား ရဟန်းပြုခဲ့၏။

ထိုအခါ လူအများက ကဲ့ရဲ့ကြ၏။

ထို အကြောင်း ရဟန်းများ လျှောက်ထားသောအခါ ဘုရားရှင်က ရဟန်းတို့ … ထိုအသံမှာ ကြာရှည်စွာ ဖြစ်နေလိမ့်မည် မဟုတ်၊ ခုနစ်ရက်သာ ရှိနေလိမ့်မည်ဟု မိန့်တော်မူ၏။

(ဝိနယ မဟာဝဂ္ဂ ၅၅)

******

အတုလဥပါသကာ
++++++++++++

အတုလဥပါသကာ-က ဘုရားရှင်အား မိမိတရား နာလာကြောင်း လျှောက်၏။ “တရားနာပြီးပြီလော” ဟု မေးတော်မူသော် “မြတ်စွာဘုရား အရှင်ရေဝတထံ သွားရာ အရှင်ရေဝတ-က စကားမပြော၊ အရှင်သာရိပုတ္တရာကား အဘိဓမ္မာတရားတွေ အများကြီးဟောသည်၊ အရှင်အာနန္ဒာ ထံ ရောက်ပြန်တော့ တရား နည်းနည်းလေး ဟောလိုက်သည်။ ထို့ကြောင့် ထိုအရှင်တွေကို စိတ်ဆိုးပြီး ဘုရားထံရောက်လာရ ကြောင်း’ လျှောက်၏။

ထိုအခါ ဘုရားရှင်က

‘အတုလ … လောက၌ ဘုရင်ကိုလည်း အချို့ ကဲ့ရဲ့ကြ, အချို့ ချီးမွမ်းကြ၏။

နေ, လ, မြေ တို့ကိုလည်း အချို့ ကဲ့ရဲ့ကြ, ချီးမွမ်းကြ၏။

ငါဘုရားကိုပင် ကဲ့ရဲ့သူ ကဲ့ရဲ့ကြ, ချီးမွမ်းသူ ချီးမွမ်းကြ၏။

လူမိုက်တို့ ကဲ့ရဲ့သည်မှာ လိုရင်းမဟုတ်၊

ပညာရှိသူများ မကဲ့ရဲ့အောင် ချီးမွမ်းခံရအောင် ဂရုစိုက်ရမည်၊

ဤကဲ့ရဲ့ခြင်းမှာ ယခုခေတ်ပေါ် တရားသဘောမဟုတ်။

ရှေးလက်ဟောင်း သဘောတရားဖြစ်၏။

ဆိတ်ဆိတ် နေသူကိုလည်း ကဲ့ရဲ့ကြ၏။

စကားများသူကိုလည်း ကဲ့ရဲ့ကြ၏။

နှိုင်းချိန်ပြောတတ်သူကိုလည်း ကဲ့ရဲ့ကြ၏။

လောက၌ အကဲ့ရဲ့မခံရသူမရှိ။

တကယ်အကဲ့ရဲ့ ခံရသူ တကယ်အချီးအမွမ်းခံရသူ ဟု ရှေးကလည်း မရှိဘူး၊

နောင်လည်း ရှိမည်မဟုတ်၊

ယခုလည်း မရှိ” ဟု ဟောတော်မူ၏။

ဤတရားမှာ အကဲ့ရဲ့ ဖြေဆေး တစ်လက်ပင် ဖြစ်သည်။
(ဓမ္မပဒ-ဋ္ဌ-၂-၂၀၉)

===============================
ဆက်ရန်/-

[ ပရိယတ္တိသာသနဟိတဓမ္မာစရိယ သိရောမဏိ အရှင်ဝါသေဋ္ဌာဘိဝံသ (သပြေကန်ဆရာတော်ဘုရားကြီး) စီရင်ရေးသားအပ်သော မှတ်သားဖွယ် အဓိပ္ပါယ် အဆုံးအဖြတ်နှင့်တကွ “ပရိတ်ကြီးနိဿယသစ်” စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။]

05/12/2024

ယခုလူတွေဟာအများအားဖြင့် သစ္စာလေးပါးအမှန်တ ရားကို အမှန်အတိုင်း မသိကြဘူး။ဒုက္ခသစ္စာဆိုတာ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ထင်ရှားတွေ့နေရတဲ့ သဘောတရားတွေပဲ။ အဲဒါတွေဟာ ခဏမစဲ ဖြစ်ပျက်နေလို့မမြဲဘူး။ မမြဲတဲ့အတွက် နှစ်သက်ဖွယ် အားကိုးဖွယ်မရှိတဲ့ ဆင်းရဲတွေပဲ။ကိုယ့်အလိုအတိုင်းမဖြစ်တဲ့အတွက် အစိုး ရတဲ့အတ္တမဟုတ် အနတ္တသဘောတရားတွေပဲ။ အဲဒါ တွေကို အမှန်အတိုင်းမသိကြဘူး။မြဲတယ် ချမ်းသာတယ် ကောင်းတယ် ငါပဲ သူပဲလို့ ထင်မှတ်နေ ကြတယ်။အဲဒါဟာ အဝိဇ္ဇာပဲ။အဲဒီလို မြဲတယ် ကောင်းတယ် ငါပဲလို့ထင်တဲ့ အဝိဇ္ဇာကြောင့် အဲဒီ မြင်ကြားတွေ့သိရတာတွေကို သာယာနှစ်သက်တယ် လိုချင်တယ်။အဲဒါက တဏှာပဲ။သာယာနှစ်သက်တဲ့ အတွက် စွဲလမ်းတယ် ဥပါဒါန်ပဲ။စွဲလမ်းတဲ့အတိုင်း ရအောင်အားထုတ်ပြုလုပ်တယ် ကံနှင့်သင်္ခါရတွေပဲ။ အဲဒါတွေဟာ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ သင်္ခါရဆိုတဲ့ အကြောင်းတရားငါးပါးပဲ။အတိုချုပ်အားဖြင့်တော့ ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ ကမ္မဝဋ်တွေပဲ။

အဲဒီကမ္မဝဋ်ကြောင့် ဘဝဟောင်းကသေတဲ့အခါမှာ ဝိပါကဝဋ်ဆိုတဲ့ အကျိုးတရားတွေဖြစ်တယ်။ဖြစ်ပုံက တော့ သေခါနီးမှာ မိမိပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတာ ထင်ပေါ်လာတယ်။ကိုယ်ပြုခဲ့တဲ့အမှုကံပြန်ပေါ်လာ တယ်။အဲဒီကံကိုပြုစဉ်ကအခြေအနေအာရုံ(ကမ္မနိမိတ်) လည်းပေါ်လာတယ်။အဲဒီကံကြောင့်ဖြစ်ရမည့်ဘဝက အခြေအနေ(ဂတိနိမိတ်)လဲ အိမ်မက်မက်သလိုပေါ်လာ တယ်။အဲဒီသုံးပါးထဲက တစ်ပါးပါးကို စွဲလမ်းရင်းသေ သွားတယ်။သေတယ်ဆိုတာ ခဏမစဲဖြစ်ပျက်နေတဲ့ စိတ်အစဉ်ထဲမှာ နောက်ဆုံးစိတ်ကလေး ပျက်သွားတဲ့ နောက် အဲဒီကိုယ်ထဲမှာ နောက်ထပ်စိတ်အသစ်မဖြစ် လာတော့ဘဲ ရပ်စဲသွားတဲ့သဘောပါပဲ။အဲဒီလို ရပ်စဲ သွားတယ်ဆိုပေမယ့် လုံးဝရပ်စဲသွားတာတော့မဟုတ် ဘူး။သေခါနီးမှာစွဲလမ်းခဲ့တဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ် ဆိုတဲ့ အာရုံတစ်ခုခုကို အာရုံပြုပြီး ကံအားလျော်စွာ ဘဝအသစ် ဌာနအသစ်မှာ စိတ်ဝိညာဉ် အသစ်ဖြစ်ပြန် တယ်။

အဲဒီဝိညာဉ်နှင့်တစ်ပါးတည်းပဲ နာမ်ရုပ် အာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးတရားတွေလည်းဖြစ်ပေါ်ကြ တယ်။အဲဒါဟာ အဝိဇ္ဇာအစရှိသော အကြောင်းငါးပါး ကမ္မဝဋ်ကြောင့် ဝိညာဉ်အစရှိသော အကျိုးဝိပါကဝဋ် တရားတွေ ဖြစ်ပေါ်ပုံပါပဲ။အဲဒီဖြစ်ပုံအတိုင်းပဲ ပဋိသန္ဓေမှ စ၍ စုတိတိုင်အောင် အကြောင်းတရားကြောင့် အကျိုးနာမ်ရုပ်တရားတွေမပြတ်ဖြစ်သွားတယ်။အဲဒီလို ဖြစ်နေစဉ်အတွင်းမှာ အကောင်းအဆိုးခံစားရတဲ့ ဝေဒနာကြောင့် တဏှာ ဥပါဒါန်အစရှိသော အကြောင်း တရားတွေထပ်ဖြစ်ပြန်တယ်။အဲဒီအကြောင်းတရား တွေကြောင့် နောက်တစ်ဘဝ၌ ဝိညာဉ်အစရှိသော အကျိုးတရားတွေဖြစ်ရပြန်တယ်။ဒီပုံဒီနည်းဖြင့် အကြောင်းကြောင့်ဖြစ်နေတဲ့ အကျိုးတရားမျှသာရှိ တယ်။ဒီလိုအဝိဇ္ဇာစသည်နှင့်တကွ ကံအကြောင်း ကြောင့် ဘဝသစ်ဝိညာဉ်အစရှိသော ရုပ်နာမ်တွေဖြစ် ပေါ်တာကိုပဲ နတ်ပြည်ရောက်သွားတယ် နတ်ဖြစ်သွား တယ် ငရဲရောက်သွားတယ်စသည်ဖြင့် ပြောရတယ်။

အမှန်စင်စစ်အားဖြင့်တော့ ပုဂ္ဂိုလ်သတ္တဝါ အကောင်အထည်လိုက် ပြောင်းရွှေ့သွားတာရယ်လို့ မရှိဘူး။ရှေးဘဝကကံအကြောင်းကြောင့် နောက်ဘဝ၌ ရုပ်နာမ်အသစ် ဖြစ်သွားခြင်းမျှသာရှိတယ်။တစ်ဘဝ အတွင်းမှာလဲ ရှေးရှေးစိတ်စသော အကြောင်းကြောင့် နောက်နောက်စိတ်စသော အကျိုးအဆက်ဆက်ဖြစ် သွားတဲ့ နာမ်ရုပ်အစဉ်မျှသာရှိတယ်။အဲဒီသဘောကို ယခုလို တရားနာပြီးတော့လဲ သိထားရတယ်။စာပေ ကျမ်းဂန်တရားစာအုပ်တွေကို ကြည့်ရှုပြီးတော့လဲ သိထားရတယ်။အဲဒီလိုသိထားတဲ့သူမှာ"သေပြီးတဲ့ နောက် ဘာမျှမရှိတော့ဘူး" ဆိုတဲ့ဥစ္ဆေဒဒိဋ္ဌိလဲမဖြစ်ဘူး "သေပြီးတော့လည်း တစ်နေရာရာမှာ ပြောင်းရွှေ့ပြီး တည်မြဲတည်ရှိနေတယ်" ဆိုတဲ့ သဿတဒိဋ္ဌိလည်း မဖြစ်ဘူး။အဲဒီ ဒိဋ္ဌိ ၂ ပါးလုံးကင်းတယ်။

ဒါပေမယ့် သုတမယဉာဏ်အသိကတော့ သိပ်မခိုင်မြဲ တတ်ဘူး။ဘာဝနာမယဉာဏ်အသိကမှ ပိုပြီးခိုင်မြဲတယ် ဒါကြောင့် သုတမယဉာဏ်လောက်နဲ့ အားရမနေဘဲ ဝိပဿနာဘာဝနာအလုပ်ကို အားထုတ်ရတယ်။ အားထုတ်တော့ နာမ်နဲ့ရုပ်ကို ပိုင်းခြားသိပြီးတဲ့နောက် အဲဒီနာမ်ရုပ်၏အကြောင်းကိုပါသိလာတယ်။သိပုံက တော့ လက်ခြေစသည်ကို ကွေးဆန့်လှုပ်ရှားတဲ့အခါမှာ ကွေးဆန့် လှုပ်ရှားလိုတဲ့စိတ်ကိုပါ ရှုမှတ်သိရတယ်။ ဒါကြောင့် "ကွေးချင်တဲ့စိတ်ကြောင့် ကွေးရုပ်ဖြစ်တယ် ဆန့်ချင်တဲ့စိတ်ကြောင့်ဆန့်ရုပ်ဖြစ်တယ် လှုပ်ချင်တဲ့ စိတ်ကြောင့်လှုပ်ရုပ်ဖြစ်တယ် သွားချင်တဲ့စိတ်ကြောင့် သွားရုပ်ဖြစ်တယ် ရပ်ချင်တဲ့စိတ်ကြောင့်ရပ်ရုပ်ဖြစ်တယ် ထိုင်ချင်တဲ့စိတ်ကြောင့်ထိုင်ရုပ်ဖြစ်တယ်" စသည်ဖြင့် မတွေးမဆရဘဲ သဘောကျပြီး သိလာတယ်။ မြင်တယ် ကြားတယ် စသည်ဖြင့်မှတ်တဲ့အခါတွေမှာလဲ "မျက်စိရှိလို့ မြင်တယ် အဆင်းရှိလို့ မြင်တယ် နှလုံးသွင်းမိလို့မြင်တယ် နားရှိလို့ကြားတယ် အသံရှိလို့ ကြားတယ် နှလုံးသွင်းမိလို့ ကြားတယ်" စသည်ဖြင့် ရုပ်နာမ် အကြောင်းကြောင့် မြင်သိမှု ကြားသိမှုစသော အကျိုးဖြစ်ပေါ်လာပုံကို သဘောကျပြီး သိလာတယ်။

နောက်ပြီးတော့ "ရှေးရှေးစိတ်ရှိလို့ နောက်နောက်စိတ် ဖြစ်ရတယ်" ဆိုတာကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိလာတယ်။"မှတ်သိစရာအာရုံရှိလို့ မှတ်သိမှုဖြစ်ရ တယ်" ဆိုတာကိုလည်း သိလာတယ်။အဲဒီလို သိလာ တဲ့အတွက်"စိတ်တွေဟာ တစ်စိတ်ချင်းအသစ်အသစ် ဖြစ်ပျက်နေတယ်" ဆိုတာကိုလည်း သဘောပေါက် လာတယ်။ဒါကြောင့်"သေတယ်ဆိုတာလဲ ယခုမှတ်သိရတဲ့ စိတ်ကလေးတစ်ခု ပျက်သွားတာမျိုး ပဲ။ပုဂ္ဂိုလ်သတ္တဝါ အကောင်လိုက် သေပျက်သွားတာ မဟုတ်ဘူး" လို့လဲသိတယ်။ဘဝအသစ်ဖြစ်တယ်ဆို တာလည်း ယခု မှတ်သိရတဲ့စိတ်ကလေးတခု ဖြစ်ပေါ် လာတာမျိုးပဲ။ပုဂ္ဂိုလ်သတ္တဝါအကောင်လိုက် ပြောင်းရွှေ့လာတာ ဖြစ်ပေါ်လာတာ မဟုတ်ဘူး" လို့လည်းသိတယ်။

ဒါကြောင့်"ဘဝအသစ်ဖြစ်တယ်" ဆိုတာဟာ ရှေးကံကြောင့် သေခါနီးကစွဲလမ်းခဲ့တဲ့အာရုံကို အာရုံပြု ပြီးစိတ်အသစ်ကလေး ဖြစ်ပေါ်လာတာပဲလို့ အကြောင်းကြောင့်အကျိုးဖြစ်ပုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် သဘောပေါက်ပြီး သိတယ်။ယခုပြောခဲ့တဲ့အတိုင်း အကြောင်းအကျိုးဆက်စပ်ပြီး ရုပ်နာမ်မျှသာ မပြတ်ဖြစ်နေတယ်ဆိုတာကိုသိတဲ့အတွက် "သေပြီး တော့လည်း အတ္တကောင် တည်မြဲတည်ရှိနေတယ်" ဆိုတဲ့ သဿတဒိဋ္ဌိလဲ ကင်းကွာသွားတယ်။နောက်ပြီး တော့"ဘုရားသခင်ကဖန်ဆင်းလို့ဖြစ်တယ် သူ့အလိုလို ဖြစ်တယ်"ဆိုတဲ့ အယူမှားတွေလဲ ကင်းကွာသွားတယ်။ အဲဒီမှာ "ဖန်ဆင်းလို့ ဖြစ်တယ်" ဆိုတာက ဝိသမဟေတုကဒိဋ္ဌိ ခေါ်တယ်။သူက သဿတဒိဋ္ဌိထဲ မှာအတွင်းဝင်တယ်။"သူ့အလိုလို ဖြစ်တယ်" ဆိုတာက အဟေတုကဒိဋ္ဌိ ခေါ်တယ်။သူက ဒုစရိုက်မိစ္ဆာဒိဋ္ဌိထဲမှာ အတွင်းဝင်တယ်။အကြောင်းအကျိုးကို ပိုင်ခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ဟာ အဲဒီ ဒိဋ္ဌိ ၄ မျိုး၏ ဆန့်ကျင်ဘက်ဖြစ်တယ်။

မဟာစည်ဆရာတော်ဘုရားကြီး
သလ္လေခသုတ်တရားတော်ကြီး(ဒုတိယတွဲ)

03/12/2024

မီး ၁၁ မီး
********

၁။ ဇာတိမီး
၂။ ဇရာမီး
၃။ မရဏမီး
၄။ ရာဂမီး
၅။ ဒေါသမီး
၆။ မောဟမီး
၇။ သောကမီး
၈။ ပရိဒေဝမီး
၉။ ဒုက္ခမီး
၁၀။ ဒေါမနဿမီး
၁၁။ ဥပါယာသမီး

သူသူငါငါ ဖြစ်လေရာဝယ်
ဦးစွာကြိုဆီး #ဇာတိမီး က
အပြီးပုံသေ လောင်မြိုင်လေ၏။
မသွေတစ်သီး #ဇရာမီး လည်း
အပြီးနောက်မှာ ကပ်လျက်ပါ၏။
မကွာစေရ #မရဏ ဟု တစ်ဘဝဖျက်ဆီး လောင်သည့်မီးလည်း
ငြီးငြီးပြောင်ပြောင် အမြဲလောင်၏။

လောင်ပုံလောင်အား မထင်ရှားလည်း၊
နုထွားပျိုမျစ် အရွယ်ဖြစ်သော်၊
အချစ် #ရာဂ မီးတွေထ၍၊
#ဒေါသ ထန်ပြင်း #မောဟ ညှင်း၏။

မကင်းနိုင်အောင် ထို့နောက်နောင်လည်း၊
တောက်လောင်ဖိစီး #သောက မီးကြောင့်၊
ဝမ်းနည်းဖွယ်တွေ အထွေထွေနှင့်၊
#ပရိဒေဝ ငိုကြွေးရ၍၊
#ဒုက္ခ လည်းထပ် #ဒေါမနသ် နှင့်၊
ဆက်စပ်မကွာ #ဥပါယာသ လွန်ပြင်းပြလျက်၊
သက်မျှမရှူ တက်အောင်ပူသည်......
ဆူဆူဆယ့်တစ် မီးတောက်တည်း။

(အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်ကြီး)

🙏🙏🙏

03/12/2024

ရဟန်းအတွက် အာပတ်(အပြစ်)၂မျိုး
------------------------------------------------------

မင်းမြတ် ညစ်နွမ်းမှုအပြစ်တို့သည်

(၁) လောကပြစ်၊
(၂) ပညတ်တော်ပြစ်ဟု နှစ်ပါးရှိကုန်၏။

#လောကပြစ်ဟူသည်

အကုသိုလ်ကမ္မပထတရားဆယ်ပါးတို့တည်း။ ဤအကုသလကမ္မပထတရားဆယ်ပါးကို လောကပြစ်ဟု ဆို အပ်၏။

#ပညတ်တော်ပြစ်ဟူသည်

လောက၌ လူတို့အား အပြစ်မရှိစေကာမူ ရဟန်းတို့အားသာ မလျောက်ပတ် မလျော်ကန်သော အမှု၌ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ''အသက် ထက်ဆုံး မလွန်ကျူးအပ်''ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ ဤအမှုကို ပညတ် တော်ပြစ်ဟု ဆိုအပ်၏။

နေ့လွဲညစာ စားခြင်းသည် လူ၌ အပြစ်မရှိ။ ထိုနေ့လွဲညစာ စားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ်ရှိ၏။

မြက်သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းသည် လူ၌ အပြစ်မရှိ။ ထိုဖျက်ဆီးခြင်းသည် မြတ်စွာဘုရား သာသနာတော်၌ကား အပြစ်ရှိ၏။

ရေ၌ ရွှင်မြူး ကစားခြင်းသည် လူ၌ အပြစ် မရှိ။ ထိုရေ၌ ရွှင်မြူးကစားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ် ရှိ၏။

ဤသို့ ဤသို့ သဘောရှိကုန်သော အမှုတို့သည် မြတ်စွာဘုရားသာသနာတော်၌ အပြစ်တို့တည်း။

လောကပြစ်ကို ရဟန္တာပုဂ္ဂိုလ်သည် မလွန်ကျူး။ ပညတ် တော်ပြစ်ကိုမူကား ရဟန္တာသည် မသိသည် ဖြစ်၍ ရောက်သော် ရောက်ရာ၏။

(ခီဏာသဝသတိသမ္မောသပဥှာ၊ မိလိန္ဒပဉှာ)

🙏🙏🙏

29/11/2024

ရဟန်းဒုဿီလ၏ လူဒုဿီလထက်
သာလွန်သော ဂုဏ်ရည်များ
----------------------------------------------------

မင်းမြတ် ရဟန်းဒုဿီလသည် လူဒုဿီလထက်

(က) ဆယ်ပါးသော ဂုဏ်တို့ဖြင့် အထူးသဖြင့် လွန်ကဲကုန်၏။
(ခ) ဆယ်ပါးသောအကြောင်းတို့ဖြင့်လည်း လွန်ကဲစွာ မြတ်သောအလှူကို သုတ်သင်နိုင်၏။

#လူထက်သာသော_ကုသိုလ်အလုပ်များ

အဘယ် သို့လျှင် ရဟန်းဒုဿီလ၏ ဤဆယ်ပါးသော ဂုဏ်တို့သည် လူဒုဿီလထက် အထူးသဖြင့် လွန်ကဲကုန် သနည်းဟူမူ-

မင်းမြတ် ဤသာသနာတော်၌ ရဟန်းဒုဿီလသည်-

(၁) ဘုရား၌ ရိုသေခြင်း ရှိ၏။
(၂) တရား၌ ရိုသေခြင်း ရှိ၏။
(၃) သံဃာ၌ ရိုသေခြင်း ရှိ၏။
(၄) သီတင်းသုံးဖော်တို့၌ ရိုသေခြင်း ရှိ၏။
(၅) ပါဠိသင်ကြားခြင်း, အဋ္ဌကထာသင်ကြားခြင်း၌ လုံ့လထုတ်၏။
(၆) ကြားနာရခြင်း များ၏။
(၇) မင်းမြတ် သီလပျက်သော်လည်း ဒုဿီလသည် ပရိသတ်ဘောင်သို့ ရောက်လတ်သော် (သီလဝန်) အသွင်အပြင်တို့ကို ဖြစ်စေ၏။ ကဲ့ရဲ့ခြင်းမှ ကြောက်သောကြောင့် ကိုယ်မှု၊ နှုတ်မှုကို စောင့်ရှောက်၏။
(၈) ထို့ပြင် ထိုဒုဿီလရဟန်း၏ စိတ်သည် ကမ္မဋ္ဌာန်းသို့ ရှေးရှုသည်လည်း ဖြစ်၏။
(၉) ရဟန်းသာမန်သို့ ကပ်ရောက်၏။
(၁၀) ရဟန်းဒုဿီလသည် မကောင်းမှုကို ပြုသော်လည်း ပုန်းလျှိုးကွယ်လျှိုး ကျင့်၏။

မင်းမြတ် ဥပမာသော်ကား လင်ရှိသော မိန်းမသည် ပုန်းကွယ်၍ လျှို့ဝှက်သဖြင့်သာလျှင် မကောင်းမှုကို ကျင့်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် မကောင်းမှုကို ပြုသော်လည်း ပုန်းလျှိုးကွယ်လျှိုး ကျင့်၏။ မင်းမြတ် ရဟန်းဒုဿီလ၏ ဤဂုဏ်ဆယ်ပါးတို့သည် လူဒုဿီလထက် အထူးသဖြင့် လွန်ကဲကုန်၏။

#အလှုကိုစင်ကြယ်စေနိုင်ခြင်းအကြောင်းများ

အဘယ်သို့လျှင် ဆယ်ပါးသော အကြောင်းတို့ဖြင့် လွန်ကဲစွာ အလှူကို သုတ်သင်နိုင်သနည်း။

(၁) အပြစ်ကင်းသော ချပ်မိန်ညိုနှင့်တူသော သင်္ကန်းကို ဆောင်သည်၏ အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။
(၂) ဘုရားအရိယာတို့နှင့် တူစွာ ဦးပြည်းသော အသွင်ကို ဆောင်သောကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။
(၃) ရဟန်းသံဃာအပေါင်းသို့ သက်ဝင်သည့်အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင် နိုင်၏။
(၄) ဘုရားတရားသံဃာကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ကပ်ရောက်သည့် အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။
(၅) ကမ္မဋ္ဌာန်းအလုပ်ရှိသူတို့၏ တည်နေရာ ကျောင်းကန်၌ နေထိုင်သည့် အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။
(၆) ဘုရားသာသနာတော်၏ တည်တံ့ခြင်းကို လိုလား ရှာမှီးသောကြောင့်လည်း မြတ်သောအလှူကို သုတ်သင်နိုင်၏။
(၇) မြတ်သော တရားကို ဟောကြားတတ်သောကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။
(၈) တရားလျှင် မှီခိုရာ လားရာလည်းလျောင်းရာရှိသည့် အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။
(၉) ဘုရားသည် အမြတ်ဆုံးဟု ဧကန်စင်စစ် ဖြောင့်မတ်သော အယူရှိသည့်အဖြစ်ကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။
(၁၀) (တစ်လလျှင် နှစ်ကြိမ် ပါရိသုဒ္ဓိစသော) ဥပုသ်ကို ဆောက်တည်သောကြောင့်လည်း မြတ်သော အလှူကို သုတ်သင်နိုင်၏။

မင်းမြတ် ဤသို့လျှင် ဤဆယ်ပါးသော အကြောင်းတို့ဖြင့် လွန်ကဲစွာ မြတ်သော အလှူကို သုတ်သင်နိုင်၏။

မင်းမြတ် ဥပမာသော်ကား

- ရေသည် အလွန် နောက်ကျုချွဲပျစ်သော်လည်း ညွန်ပျောင်း ရွှံ့ကြမ်း မြူအညစ်အကြေးကို ပယ်နိုင်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် အကျင့်အလွန် ဖောက်ပြန်သော်လည်း ဒါယကာတို့၏ မြတ်သော အလှူကို သုတ်သင်နိုင်၏။

- ရေနွေးသည် ကျိုက်ကျိုက်ဆူသော်လည်း အလျှံတပြောင်ပြောင် တောက်လောင်သော မီးပုံကြီးကို ငြိမ်းစေနိုင်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် အလွန် အကျင့်ပျက်သော်လည်း ဒါယကာတို့၏ မြတ်သော အလှူကို သုတ်သင်နိုင်၏။

- ဘောဇဉ်သည် အရသာမရှိသော်လည်း ဆာလောင်ခြင်း အား နည်းခြင်းကို ပယ်နိုင်၏။ မင်းမြတ် ဤအတူသာလျှင် ရဟန်းဒုဿီလသည် အကျင့်ပျက်သော်လည်း ဒါယကာတို့၏ မြတ်သော အလှူကို သုတ်သင်နိုင်၏။

- နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် မဇ္ဈိ မနိကာယ်မြတ်ဟု တံဆိပ်ခတ်အပ်သော ဒက္ခိဏဝိဘင်္ဂသုတ် ပါဠိတော်၌- ''သီလရှိသော အကြင်ဒါယကာသည် အလွန်ကြည်လင်သော စိတ်ရှိသည် ဖြစ်၍ မွန်မြတ်သော ကံ၏ အကျိုးကို ယုံကြည်လျက် တရားသဖြင့် ရအပ်သော လှူဖွယ်ကို ဒုဿီလရဟန်းတို့အား ပေးလှူ၏။ ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏''ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏ဟု (မိန့်တော်မူ၏)။

(ဒုဿီလပဥှာ၊ မိလိန္ဒပဉှာပါဠိတော်)

29/11/2024
`` သတိပဋ္ဌာန် ဝိပဿနာအကျိုး (၇)မျိုး  ́ ́🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹၁။ စိတ်ညစ်ကြေးတွေ ကင်း စင်စေ၊ ကျင့်လေ သတိပဋ္ဌာန်။၂။ စိုးရိမ်မှုတွေ လ...
01/11/2024

`` သတိပဋ္ဌာန် ဝိပဿနာအကျိုး (၇)မျိုး ́ ́
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
၁။ စိတ်ညစ်ကြေးတွေ ကင်း စင်စေ၊ ကျင့်လေ သတိပဋ္ဌာန်။
၂။ စိုးရိမ်မှုတွေ လွန်မြောက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။
၃။ ငိုကြွေးမှုတွေ လွနေ် မြာက်စေ၊ ကျင့်လေ သတိပဋ္ဌာန်။
၄။ ကိုယ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။
၅။ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်းစေ၊ ကျင့်လေ သတိပဋ္ဌာန်။

၆။ အရိယာမဂ်တွေ ရလိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။
၇။ နိဗ္ဗာန်မသွေ ရောက်လိုပေ၊ ကျင့်လေ သတိပဋ္ဌာန်။
သတိပဋ္ဌာန်(၄)ပါးဖြင့် ဝိပဿနာတရား ပွားများအားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် ၊ ဤပြဆိုပြီးသော အကျိုး(၇)မျိုးကို
မုချမသွေ ရရှိကြမည် ဖြစ်ပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။
( ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ )

 # #အနန္တကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏  # #ဝိပဿနာအလုပ်ပေးတရားတော်(30မိနစ်)Q.ဝိပဿနာအလုပ် ဆိုတာ ဘာလဲ?A.ဝိပဿနာအလုပ...
31/10/2024

# #အနန္တကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ # #ဝိပဿနာအလုပ်ပေးတရားတော်(30မိနစ်)

Q.ဝိပဿနာအလုပ် ဆိုတာ ဘာလဲ?
A.ဝိပဿနာအလုပ်ဆိုတာ ကိုယ်ထဲမှာ ရှိနေတဲ့ ရုပ်တရားနာမ်တရားတွေကို အမှန်အတိုင်းသိအောင် လို့ အားထုတ်ရတာပဲ၊

Q.ရှုတယ် မှတ်တယ် ဆိုတာ ဘာလုပ်တာတုံး?
A.ရှုတယ် မှတ်တယ်ဆိုတာ သေသေချာချာ သိအောင်လို့ အသိဉာဏ်နဲ့ စူးစိုက်ပြီး နှလုံးသွင်းလိုက် တာကို ခေါ်တာပါဘဲ။

Q.ရုပ်တရား ဆိုတာ ဘာလဲ?နာမ်တရား ဆိုတာ ဘာလဲ?
A.ရုပ်တရားဆိုတာ အခုထင်ရှား တွေ့နေရတဲ့ အရာဝတ္ထုတွေပါပဲ၊ ထင်ရှားတွေ့နေရတဲ့ ကိုယ်ကြီးတစ်ခုလုံးဟာ ရုပ်အစုအဝေး ရုပ်တရားတွေပါပဲ၊ နာမ်တရားဆိုတာကတော့ သိသိနေတဲ့ စိတ်ပါပဲ၊

Q.ရုပ်နာမ်တွေ ဘယ်ခါဖြစ်နေတာလဲ?အမှန်တိုင်းသိအောင်
ဘာ လုပ်ရမလဲ?
A.အဲဒီရုပ်နာမ်တွေက မြင်တိုင်းမြင်တိုင်းလဲ ထင်ရှား ဖြစ်နေတယ်၊

ဒါ့ကြောင့် အဲဒီရုပ်နာမ်တွေကို အမှန်အတိုင်း သိအောင် မြင်တိုင်းမြင်တိုင်း မြင်တယ်မြင်တယ်လို့ ရှုရ မှတ်ရမယ်၊

ထို့အတူ နားက ကြားတိုင်း ကြားတိုင်းလဲ ကြားတယ်ကြားတယ်လို့ မှတ်ရမယ်၊

နှာခေါင်းက အနံ့ကို နံတိုင်းလဲ နံတယ်နံတယ်လို့ မှတ်ရမယ်၊

လျှာက အရသာကို စားသိတိုင်းလဲ သိတယ်သိတယ်လို့ မှတ်ရမယ်၊

ကိုယ်က တွေ့ထိတိုင်းလဲ ထိတယ်ထိတယ်လို့ မှတ်ရမယ်၊

စိတ်ကူးစဉ်းစားကြံစည်တိုင်းလဲ စိတ်ကူးတယ် စဉ်းစားတယ် ကြံစည်တယ်စသည်ဖြင့် မှတ်ရမယ်၊

Q.အားထုတ်ခါစ ဘာက စ,ပီး ရှုရမလဲ?
A.ဒါပေမယ်လို့ အားထုတ်ခါစမှာတော့ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်းကို အကုန်လုံးသိအောင် လိုက်ပြီး မမှတ်နိုင်သေးဘူး၊ ဒါ့ကြောင့် ထင်ရှားသိလွယ်တဲ့ တရားကစပြီး မှတ်ရမယ်။

အသက်ရှူတိုင်းရှိုက်တိုင်း ဝမ်းဗိုက်ထဲက ဖောင်းလိုက်ပိန်လိုက်နဲ့ တောင့်တင်းလှုပ်ရှားနေတာဟာ အမြဲမပြတ်ထင်ရှားနေတယ်၊ အဲဒါဟာ ဝါယောဓာတ် လို့ခေါ်တဲ့ ရုပ်တရားဘဲ၊ အဲဒါကစပြီး ရှုမှတ်ရမယ်၊

Q.ရှုနည်းက ဘယ်လိုလဲ?
A.အဲဒါကို ရှုမှတ်ရအောင် ရှေးဦးစွာ ဝမ်းဗိုက်ကို စိတ်နဲ့စိုက်ပြီး ကြည့်နေရမယ်၊

အသက်ရှူသွင်းလိုက်တဲ့အခါ ဖောင်းတက်လာတာကို တွေ့လိမ့်မယ်၊

အသက်ရှူထုတ် လိုက်တဲ့အခါ ပိန်ကျသွားကို တွေ့လိမ့်မယ်၊

ဖောင်းတက် လာတာကို ဖောင်းတယ်လို့ မှတ်ရမယ်၊ ပိန်ကျသွားတာကို ပိန်တယ်လို့ မှတ်ရမယ်၊

Q.စိတ်နဲ့စိုက်ကြည့်ရုံတင် မထင်ရှားရင် ဘာလုပ်ရမလဲ?
A.စိတ်နဲ့စိုက်ပြီး ကြည့်နေရုံနဲ့ မထင်ရှားသေးရင် ဗိုက်မှာလက်နဲ့ထိထား၊

အသက်ရှူကိုတော့ မပြင်နဲ့၊ နှေးအောင်လဲ အသက်အောင့်မထားနဲ့၊ မြန်အောင်လဲ အားမထုတ်နဲ့၊ ပြင်းပြင်းကြီးလဲမရှူနဲ့၊ အသက်ရှူကို ပြင်လိုက်ရင် မောသွားလိမ့်မယ်၊

ဒါ့ကြောင့် ပကတိရှူမြဲ အတိုင်း မှန်မှန်ကလေးရှူရမယ်၊

အသက်ရှူမှားသွားရင် မှန်မှန်ကလေးပြန်ထား၊

ဒီလိုမှန်မှန်ကလေးရှူနေရင် ဖောင်းတက်လာတာကို ဖောင်းတယ်လို့မှတ်၊ ပိန်ကျ သွားတာကို ပိန်တယ်လို့မှတ်၊

Q.ဖောင်းတယ်ပိန်တယ် နှုတ်က ထုတ် ဆိုရမှာလား?

A.“ဖောင်းတယ် ပိန်တယ်” ဒီလို အဆိုကလေးတွေကတော့ စိတ်ထဲတင်ဆိုရမှာနော်၊ ပါးစပ်ကတော့ ဆိုနေဘို့မလိုပါဘူး။

Q.ဝိပဿနာရှုတာ ဘာက လိုရင်းလဲ?
A.ဝိပဿနာရှုတယ်ဆိုတာ အမည်တွေ အဆို တွေက လိုရင်းမဟုတ်ဘူး၊ သိဘို့က သာပြီးလိုတယ်၊

Q.ဖောင်းတာပိန်တာကို ဘယ်လို သိရမှာလဲ?
A.ဒါ့ကြောင့် ဆိုရုံကလေးနဲ့တော့ မပြီးသေးဘူး၊
ဖောင်းတယ် လို့ မှတ်တဲ့အခါမှာ ဖောင်းစကနေပြီး ဖောင်းဆုံးတိုင်အောင် ဖောင်းတက်လာတာကလေးကို မျက်စိနဲ့မြင်သလို သေသေ ချာချာ သိသွားစေရမယ်၊ ပိန်တယ်လို့ မှတ်တဲ့အခါမှာလဲ ပိန်ကျသွားတာကလေးကို ပိန်စက ပိန်ဆုံးတိုင်အောင်မျက်စိနဲ့မြင်သလို ထင်ထင်ရှားရှား သိသွားစေရမယ်။

ဖောင်းတယ်လို့မှတ်ရင် ဖောင်းတာနဲ့အသိ ကပ်သွားစေ ရမယ်၊ ခဲနဲ့ပစ်လိုက်တော့ ဖတ်ကနဲ ထိမှန်သွားတာလို ဟိုကပေါ်လာတဲ့ မှတ်စရာအာရုံနဲ့ ဒီကရှုမှတ်လိုက်တဲ့ စိတ်နဲ့ဟာ တစ်ခါတည်း အံကျကိုက်သွားအောင်လို့ ဂရုစိုက်ပြီးမှတ်ရမယ်၊

ပိန်တယ်လို့မှတ်တော့လဲ အတူတူ ပဲ၊ ပိန်တာနဲ့ မှတ်တာနဲ့ အံကျကိုက်သွားစေရမယ်၊ ဘာမှ အထူးမှတ်စရာမရှိရင် ဖောင်းတာပိန်တာကလေး၂-ခုပဲ မှတ်နေရမယ်၊ ဖောင်းတယ် ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ မပြတ်မှတ်နေရမယ်။

Q.စိတ်က ဖောင်းပိန်မှာ မနေတော့ရင် ဘယ်လိုမှတ်ရမလဲ?
A.ဒီလိုမှတ်နေရင်း စိတ်ကတခြားကို ထွက် သွားတာလဲ ရှိလိမ့်ဦးမယ်၊ အဲဒီလို ထွက်သွားတဲ့ စိတ်ကလေးကိုလဲ လိုက်ပြီးမှတ်ရမယ်၊

အဲဒီ စိတ်ကလေး ကို သွားတယ်သွားတယ်လို့မှတ်၊ ဒီလို တချက်နှစ်ချက် လောက်မှတ်လိုက်ရင် သူကမသွားပြန်ဘူး၊ ဒီတော့ ဖောင်းတယ်ပိန်တယ် ဖောင်းတယ်ပိန်တယ်လို့ ပြန်မှတ် သွားရုံဘဲ၊

စိတ်ကလေးက တစ်နေရာရာရောက်သွားရင် ရောက်တယ်ရောက်တယ်လို့မှတ်၊ ပြီးရင် ဖောင်းတယ်
ပိန်တယ်လို့ ပြန်မှတ်သွားရုံဘဲ၊

စိတ်ကူးထဲမှာ လူတစ်ယောက်ယောက်နဲ့တွေ့ရင်လဲ တွေ့တယ်တွေ့တယ် လို့မှတ်၊ ပြီးရင် ဖောင်းတယ်ပိန်တယ်လို့ ပြန်မှတ်သွားရုံဘဲ၊

လူတစ်ယောက်ယောက်နဲ့တွေ့ပြီး စကားပြောနေမှ သတိရတဲ့အခါလဲရှိတယ်၊ အဲဒီလို စကားပြောနေတဲ့ စိတ်ကူးကိုလဲ ပြောတယ်ပြောတယ်လို့မှတ်။

လိုရင်းကတော့ ဘာပဲဖြစ်ဖြစ် စိတ်ကူးကြံစည်မှုတွေ ဖြစ်တိုင်းဖြစ်တိုင်း လိုက်မှတ်ဖို့ပါဘဲ၊

မှတ်ပုံက တော့ စိတ်ကူးရင် စိတ်ကူးတယ်လို့မှတ်၊ စဉ်းစားရင် စဉ်းစားတယ်၊ ကြံရင် ကြံတယ်၊ သိရင် သိတယ်၊ နှလုံးသွင်း ရင် နှလုံးသွင်းတယ်လို့မှတ်၊

စိတ်ထဲမှာ ပျော်တယ်ထင်ရင် လဲ ပျော်တယ်ပျော်တယ်လို့မှတ်၊ ပျင်းရင်လဲ ပျင်းတယ် ပျင်းတယ်လို့မှတ်၊ ဝမ်းသာရင်လဲ ဝမ်းသာတယ်ဝမ်းသာ တယ်လို့မှတ်၊ စိတ်ပျက်ရင်လဲ စိတ်ပျက်တယ်စိတ်ပျက် တယ်လို့မှတ်။

ဒီလို စိတ်ကူးလေးတွေကို ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ပြီးသိနေတာကဘာတုံးလို့ဆိုရင် စိတ္တာနုပဿနာ ခေါ်တယ်။

Q.စိတ်တွေ ဖြစ်တိုင်းမမှတ်ရင် ဘယ်လိုထင်တတ်လဲ?
A.ဒီလို စိတ်ကလေးကို ဖြစ်တိုင်းဖြစ်တိုင်း မရှူနိုင် မသိနိုင်ကြတဲ့အတွက် ဒီစိတ်ကလေးကို ပုဂ္ဂိုလ်သတ္တဝါ ကောင်လို့ ထင်နေကြတာ၊

စိတ်ကူးနေတာဟာ ငါဘဲ၊ ငါစဉ်းစားနေတယ်၊ ငါကြံနေတယ်၊ ငါသိနေတယ်လို့ ထင်နေကြတယ်၊ “ကလေးသူငယ်အဖြစ်က အခုထက်ထိ တစ်ဘဝလုံး အသက်ရှင်ပြီးသိနေတဲ့ ငါကောင်ကလေးဟာ တကယ့်ကိုရှိနေတယ်”လို့ ထင်နေကြတယ်၊

အမှန်မှာတော့ ငါကောင်ကလေးဆို တာ ရှိတာကိုမဟုတ်ဘူး၊ တစ်ခုချင်းတစ်ခုချင်း ဆင့်ကာဆင့်ကာ မပြတ်ဖြစ်နေတဲ့ ဒီစိတ်ကလေးသာရှိတာပဲ၊

Q.စိတ်ကို ဘာ့အတွက် မှတ်ရတာတုံး
A.အဲဒီ တစ်ခုချင်းတစ်ခုချင်း ခဏမစဲ မပြတ်ဖြစ်နေတဲ့ စိတ်ကလေးကို ကိုယ်တိုင်မျက်မှောက်သိအောင်လို့ မှတ်ရတာတဲ့၊ ဒါ့ကြောင့် ဒီစိတ်ကလေးကို ဖြစ်တိုင်း ဖြစ်တိုင်း မှတ်ရမယ်၊

Q.မှတ်လိုက်တော့ စိတ်လေး ဘာဖြစ်သွား?
A.ဒီစိတ်ကလေးကတော့ မှတ်လိုက်ရင် ပျောက်လွယ်ပါတယ်၊ ကြံတယ်ကြံတယ်လို့ တချက်နှစ်ချက် လောက်မှတ်လိုက်ရင် သူကမရှိတော့ဘူး၊ ပျောက်သွား တော့တာဘဲ၊ အဲဒီတော့ ဖောင်းတယ်ပိန်တယ်၊ ဖောင်းတယ် ပိန်တယ်လို့ ပြန်မှတ်သွားရုံဘဲ။

Q.ထိုင်တာကြာလို့ ညောင်းလာပူလာ ဘယ်လိုမှတ်ရမလဲ?
A.ထိုင်နေတာကြာတော့ ကိုယ်ထဲက ညောင်းတာ ပူတာတွေလဲ ပေါ်လာလိမ့်ဦးမယ်၊ အဲဒါတွေကိုလဲ လိုက်ပြီး မှတ်ရမယ်၊

ညောင်းရင် ညောင်းတာကလေးကို သေသေ ချာချာသိအောင် စိတ်နဲ့စိုက်ပြီး ညောင်းတယ်ညောင်းတယ် လို့မှတ်၊ ပူရင်လဲ ပူတယ်ပူတယ်မှတ်၊

နာရင်လဲ နာတယ် နာတယ်မှတ်၊ မောရင်လဲ မောတယ်မောတယ် မှတ်ရုံပါဘဲ၊

ဒီညောင်းတာ ပူတာ နာကျင်ကိုက်ခဲတာ မောပန်းတာ အနေအထိုင်ခက်တာတွေဟာ ဒုက္ခဝေဒနာတွေချည်း ဘဲ၊ ဒါ့ကြောင့် ဒါတွေကိုရှုမှတ်နေတာက ဝေဒနာ နုပဿနာတဲ့။

Q.ဒီ ခံစားမှုဝေဒနာတွေကို မမှတ်ရင် ဘာဖြစ်မလဲ?
A.ဒီဝေဒနာကလေးတွေကို ဖြစ်တိုင်းဖြစ်တိုင်း မရှုနိုင် မသိနိုင်ကြတဲ့အတွက် ညောင်းတာ ပူတာ နာကျင်ကိုက်ခဲ တာလေးတွေကိုပဲ ငါလို့ ထင်နေကြတယ်၊ ငါညောင်းနေ တယ်၊ ငါပူနေတယ်၊ ငါနာနေတယ်လို့ ငါကောင် သတ္တဝါ ကောင်အနေနဲ့ ထင်နေကြတယ်၊

အရင်ကတော့ ငါကောင်းနေတာဘဲ၊ အခုမှ အနေအထိုင်ခက်လာတယ်လို့ ငါတစ်ယောက်ထဲအနေနဲ့ ထင်နေကြတယ်၊ အမှန်မှာတော့ ဒီလိုမဟုတ်ဘူး၊

ကိုယ်ထဲမှာ မကောင်းတဲ့အတွေ့တွေနဲ့ တွေ့တွေ့ပြီးတော့ မကောင်းတဲ့ ခံစားမှုကလေးတွေ တစ်ခုပြီးတစ်ခု အသစ်အသစ် ဖြစ်နေတာဘဲ။

ဓာတ်မီးပွင့်များမှာ ဓာတ်အားကလေးတွေ အသစ်အသစ် လာတိုင်းလာတိုင်း မပြတ်လင်းနေသလို ပါဘဲ၊

ကိုယ်ထဲမှာ မကောင်းတဲ့အတွေ့ကလေးတွေနဲ့ အသစ်အသစ် တွေ့တိုင်းတွေ့တိုင်း မကောင်းတဲ့ခံစားမှု ကလေးတွေ ဆင့်ကာဆင့်ကာ မပြတ်ဖြစ်နေတာဘဲ၊

အဲဒါကလေးတွေကို သေသေချာချာသိအောင် ညောင်းရင် ညောင်းတယ်ညောင်းတယ်၊ ပူရင်လဲ ပူတယ် ပူတယ်၊ နာရင်လဲ နာတယ်နာတယ်လို့ ဒီလိုစူးစိုက်ပြီး မှတ်နေရမယ်၊

Q.​ညောင်းတာ ပူတာ နာတာကို မှတ်ခါစ ဘာဖြစ်တတ်လဲ?
A မှတ်ခါစမှာတော့ ညောင်းတာ ပူတာ နာတာ ကလေးတွေက တိုးတိုးပြီးတော့လဲ ညောင်းလာ ပူလာ နာလာတတ်တယ်၊

Q.ပြင်ချင်လာရင် ဘယ်လို မှတ်ရမလဲ လုပ်ရမလဲ?
A.အဲဒီတော့ ပြင်ချင်တဲ့စိတ်ကလေးက ပေါ်လာလိမ့်မယ်၊

အဲဒီစိတ်ကလေးကိုလဲ ပြင်ချင်တယ် ပြင်ချင်တယ်လို့မှတ်၊ ပြီးတော့ ညောင်းတာ ပူတာကိုပဲ ပြန်ပြီး မှတ်နေရဦးမယ်။

Q.သည်းခံ မှတ်ရင် ဘာ ရမှာလဲ
A.သည်းခံရင် နိဗ္ဗာန်ရောက်တယ်တဲ့။ သည်းခံ ရင် နိဗ္ဗာန်ရောက်တယ်ဆိုတာ ဒီပြင်နေရာမှာထက် ဟောဒီတရားအားထုတ်ရာမှာ ပိုပြီးအသုံးကျတယ်၊

တရားအားထုတ်ရင် သည်းခံမှပဲ၊ ညောင်းတာပူတာကို သည်းမခံပဲနဲ့ ခဏခဏရွှေ့လိုက်ပြင်လိုက်လုပ်နေရင် တော့ သမာဓိမဖြစ်နိုင်ဘူး၊ သမာဓိမဖြစ်ရင် ဉာဏ် မဖြစ်ဘူး၊ ဉာဏ်မဖြစ်တော့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရောက် ဘူးပေါ့၊

ဒါ့ကြောင့် သည်းခံပြီးမှတ်နေရတယ်၊ တရား အားထုတ်ရာမှာ သည်းခံရတယ်ဆိုတာကလဲ ကိုယ်ထဲက ဒုက္ခဝေဒနာတွေကို သည်းခံရတာပဲ များပါတယ်၊

ဒါ့ကြောင့် ညောင်းတာ ပူတာ နာကျင်တာ အခံခက်တာတွေ ဖြစ်လာ လို့ရှိရင် ရုတ်တရက်အမှတ်ဖျက်ပြီးတော့ မရွှေ့လိုက် မပြင်လိုက်ရသေးဘူး၊ ညောင်းတယ်ညောင်းတယ်၊ ပူတယ် ပူတယ်စသည်ဖြင့် သည်းခံပြီးမှတ်နေရဦးမယ်၊

ဒီလို သည်းခံပြီးမှတ်နေရင် တော်ရုံတန်ရုံ ဝေဒနာ ကတော့ ပျောက်သွားပါလိမ့်မယ်၊

သမာဓိဉာဏ် အားကောင်းတဲ့အခါများမှာတော့ အင်မတန်ကြီးကျယ်တဲ့ဝေဒနာတွေတောင် ပျောက်ပျောက် သွားတာကို တွေ့ရပါလိမ့်မယ်၊ ဒီလိုပျောက်သွားတဲ့အခါမှာ ဖောင်းတယ်ပိန်တယ်လို့ ပြန်မှတ်သွားရုံဘဲ။

Q.မနေနိုင်လို့ ပြင်ရင် ဘယ်လို​ပြင်ရမှာလဲ?
A.အတော်ကြာအောင် ပေမှတ်နေပေမယ့်လို့လဲ မပျောက်နိုင်ဘူး မနေသာလှဘူးဆိုရင်တော့ ပြင်ရတာပေါ့၊

ဒါပေမဲ့ ပြင်ချင်တဲ့စိတ်ကလေးကစပြီးတော့ ပြင်ချင်တယ် ပြင်ချင်တယ်လို့မှတ်၊

လက်ကြွရင် ကြွတယ်ကြွတယ်လို့မှတ်၊ ရွှေ့ရင် ရွှေ့တယ်ရွှေ့တယ်မှတ်၊ ဖြေးဖြေးကလေးပဲ ရွှေ့ ရမယ်နော်၊

အဲဒီ ဖြေးဖြေးကလေး ရွှေ့သွားတာလေးကိုပဲ လိုက်ပြီးတော့ ကြွတယ်ကြွတယ် ရွှေ့တယ်ရွှေ့တယ် ထိတယ်ထိတယ်လို့ ဒီလိုအစဉ်အတိုင်း မှတ်သွားရမယ်။

ကိုယ်ကြီးကယိမ်းလိုက်လို့ရှိရင် ယိမ်းတယ် ယိမ်းတယ်မှတ်၊ ခြေထောက်ကြွလာရင် ကြွတယ်ကြွတယ် မှတ်၊ ရွှေ့ရင် ရွှေ့တယ်ရွှေ့တယ်မှတ်၊ ချရင် ချတယ် ချတယ်မှတ်၊ အပြုအပြင်မရှိပဲ ငြိမ်နေပြန်ပြီဆိုရင်တော့ ဖောင်းတယ်ပိန်တယ် ဖောင်းတယ်ပိန်တယ်လို့ ပြန်မှတ်နေ ရမယ်၊

{ ဆက် လက် တင် ပြ ပေး သွား ပါ မည် }
Ashin Kovida.ကင်မွန်းစခန်း
31-10-2024

ဆရာကလဲ နိဗ္ဗာန်ပေါက်တရားကိုကျနပြည့်စုံအောင်ဟောရမယ်၊မဟောရင် ဆရာ့တာ၀န်ချွတ်ယွင်းတဲ့အတွက် တပည့်မှာ မဂ်ဖိုလ်နဲ့လွဲသွားနိုင်ပ...
31/10/2024

ဆရာကလဲ နိဗ္ဗာန်ပေါက်တရားကို
ကျနပြည့်စုံအောင်ဟောရမယ်၊

မဟောရင် ဆရာ့တာ၀န်ချွတ်ယွင်းတဲ့အတွက် တပည့်မှာ မဂ်ဖိုလ်နဲ့လွဲသွားနိုင်ပါတယ်။

တပည့်ကလည်း ပြည့်စုံအောင် နာယူရမယ်၊
ကျင့်လဲကျင့်ရမယ် ၊

မနာဘူး မကျင့်ဘူးဆိုရင် ဘုရားလက်ထက်တုန်းက
တရားမဆုံးမီထသွားတဲ့ [ ပေယလို မဖြစ်ရလေအောင်]
လူလိုဘဲတပည့်တာ၀န်ချွတ်ယွင်းတဲ့အတွက် မဂ် ဖိုလ် နဲ့ လွဲသွားနိုင်ပါတယ်။

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး

#ဓမ္မအလင်းဖြင့်ကောင်းသောလမ်းသို့စေညွန်ရာ
#ပုညသိန်းနိုင်ponnyatheinnain

30/10/2024

Address

Bago

Telephone

+959428135023

Website

Alerts

Be the first to know and let us send you an email when Mettamanju Sasana Meditaion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share