SMKH Clinic bago

SMKH Clinic bago small clinic with good services and standard facilities....

21/05/2025
 #လေဖြတ်မည့်ရှေ့ပြေးလက္ခဏာ_၁၀ချက်*****************************၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်...
19/05/2025

#လေဖြတ်မည့်ရှေ့ပြေးလက္ခဏာ_၁၀ချက်
*****************************
၁။ ဦးခေါင်းနောက်စေ့တွင်
ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ လက် တို့တွင်
မကြာခဏ ကျ ဉ်ခြင်း၊
ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့
ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက်၍
တဆတ်ဆတ် လှုပ်ခြင်း။
(Fluttering or Tic of eyelids
and facial muscles)

၄။ မကြာ ခဏ ဝမ်းချူ ပ်ပြီး
ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation
and fluctuation)

၅။ ညအိပ်ချိန် ကျ ဉ်ထုံခြင်း၊ လန့်နိုးခြင်း။
(Tingling and numbress
of limbs during sleep)

၆။ ဆီး အနီရောင် သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊
မကြာ ခဏ လွတ်ကျ တတ်ခြင်း။
(Freguent fall down of
objects when bandling)

၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး
လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။
(Tingling and aching sensation of
left upper limbs, thumb and lower limbs)

၉။ အမျူ ိးသား များ
အသက် ၄၅-နှစ်ကျော်လျှင်
ရက်ရှည် ခြေ,လက် ထုံ ကျ ဉ်ခြင်း။
(Male over 45yrs,numbers
sensation longtime)
အမျူ ိးသမီး များ
သွေးဆုံးချိန် တွင်
ခြေ,လက် များ ထုံကျ ဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ်
ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။
(Numbness sensation
during menolpasuse)

၁၀။ ရေချူ ိးပြီး လျှင်
မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။
(Redness of eye after bath
(or) Conjunctivities after bath)
___________________________________
#ကြိုတင်သိရှိပြီးလူသားများအားလုံး

အားကစားလုပ်ပါပုံမှန်📌
ဆီးဝမ်းသွေးလေ ညီညွတ်မျှတအောင်နေပါ📌
သွေးလည်ပတ်မှုကောင်းအောင်ဂရုစိုက်ပါ📌
အဆီအဆိမ့်များတာအချိုများတာရှောင်ပါ📌
အဝမလွန်ပါစေနှင့်📌
အထူးသဖြင့်ဝမ်းဗိုက်မပူပါစေနှင့်📌
အအိပ်အစားမှန်ပါစေ📌
အအိပ်အစားမမှန်ရင်သွေးလည်ပတ်မှုချို့ယွင်း၍ရောဂါတွေဝင်လာတတ်ပါသည်📌
အစားအသောက်အနေအထိုင်ဆင်ခြင်ပါ
ကိုယ်လက်လှုပ်ရှားမှုများပါစေ📌
အထိုင်များခြင်းရှောင်ပါ📌
လှုပ်ရှားမှုများပါစေ📌

Omega369ငါးကြီးဆီများကိုစားသုံးပေးခြင်းသည်
သွေးခဲခြင်းကိုသက်သာစေသည်
လေဖြတ်ရောဂါကိုကာကွယ်ပေးပါသည်📌
___________________________________
လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။

Ref; Zin Yaw News
#ကျန်းမာရေးဆိုင်ရာဗဟုသုတများ

19/05/2025
Credit MSI🔹​မိုးရာသီရောက်ပြီဆိုရင် အဖြစ်များလာတာကတော့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဟာ အသက်ရွယ်...
06/06/2024

Credit MSI

🔹​မိုးရာသီရောက်ပြီဆိုရင် အဖြစ်များလာတာကတော့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဟာ အသက်ရွယ်မရွေးဖြစ်ပွားနိုင်ပြီး ပြင်းထန်အဆင့်ထိရောက်ရင် အသက်အန္တရာယ်ရှိလို့ သတိပြုရမယ့် ရောဂါတစ်ခုဖြစ်ပါတယ်။

🔹ဒါကြောင့် ယနေ့မှာ သတိပြုစရာ သွေးလွန်တုပ်ကွေး ရောဂါအကြောင်း တင်ဆက်လိုက်ပါတယ်။
-------------------------------------
Join Us on Telegram: https://t.me/mariestopesmm
Join Our Viber Community: https://invite.viber.com/...
Join Our Facebook Group: https://www.facebook.com/groups/357839388737042

06/05/2024

💉မိုးရာသီ တုပ်ကွေးကာကွယ်ဆေး (2024 Southern Hemisphere Strain)

💉လေးမျိုးစပ်ကာကွယ်ဆေး (Quadrivalent)

🦠𝐀/𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚/𝟒𝟖𝟗𝟕/𝟐𝟎𝟐𝟐 (𝐇𝟏𝐍𝟏)𝐩𝐝𝐦𝟎𝟗- 𝐥𝐢𝐤𝐞 𝐯𝐢𝐫𝐮𝐬

🦠𝐀/𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝/𝟖/𝟐𝟎𝟐𝟐 (𝐇𝟑𝐍𝟐)- 𝐥𝐢𝐤𝐞 𝐯𝐢𝐫𝐮𝐬

🦠𝐁/𝐀𝐮𝐬𝐭𝐫𝐢𝐚/𝟏𝟑𝟓𝟗𝟒𝟏𝟕/𝟐𝟎𝟐𝟏 (𝐁/𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚 𝐥𝐢𝐧𝐞𝐚𝐠𝐞)- 𝐥𝐢𝐤𝐞 𝐯𝐢𝐫𝐮𝐬 𝐚𝐧𝐝

🦠𝐁/𝐏𝐡𝐮𝐤𝐞𝐭/𝟑𝟎𝟕𝟑/𝟐𝟎𝟏𝟑 (𝐁/𝐘𝐚𝐦𝐚𝐠𝐚𝐭𝐚 𝐥𝐢𝐧𝐞𝐚𝐠𝐞)- 𝐥𝐢𝐤𝐞 𝐯𝐢𝐫𝐮𝐬

⭐️(အသက် ၆လ မှ စတင်၍ထိုးနှံနိုင်ပါတယ်)⭐️

- ရာသီတုပ်ကွေးပိုးဟာ အသွင်ပြောင်းတတ်တဲ့ သဘာဝရှိတဲ့အတွက် တစ်နှစ်နဲ့ တစ်နှစ်ကူးစက်နိုင်တဲ့ ပိုးအမျိုးအစား (strain) မတူပါဘူး။ ဒါကြောင့် တစ်နှစ်တစ်ကြိမ်ထွက်ရှိလာတဲ့ တုပ်ကွေးကာကွယ်ဆေးအသစ်ကို ပုံမှန်ထိုးနှံဖို့လိုအပ်ပါတယ်။

ဘယ်သူတွေကိုအဓိကထိုးနှံသင့်သလဲ?

- ကိုယ်ဝန်ဆောင်မိခင်များ
- ကလေးသူငယ်များ (အသက် ၆လမှစတင်ထိုးနှံသင့်ပါသည်။)
- အသက်အရွယ်ကြီးသူများ (အသက် ၆၀နှစ်နှင့် အထက်)
- ရောဂါအခံရှိသူများ (သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုတ်ရောဂါရှိသူများ)
- ကျန်းမာရေးဝန်ထမ်းများ
- ခုခံအားနည်းနေသူများ
- သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ

အသေးစိတ် စုံစမ်းမေးမြန်းရန်

Ph 09966094927

အမှတ်(၁၁၀၆)ဥသာ(၈)လမ်းထိပ် ဆေးခန်း၊

နန်းတော်ရာရပ်ကွက်၊ပဲခူးမြို့။

07/04/2024

လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး
ထိုးနှံ၍ ရပါပီရှင်။

လိပ်စာ -အမှတ် (၁၁၀၆) ဥသာ(၈)လမ်း၊နန်းတော်ရာရပ်ကွက် ၊ပဲခူးမြို့။

Ph - 09966094927 (ဆေးခန်းအချိန်တွင်းသာ)

ဆေးခန်းဖွင့်ချိန်- မနက်၈:၃၀ မှ နေ့လည် ၁၂:၀၀ ထိ
- ညနေ ၃:၃၀ မှ ည၇:၀၀ ထိ

07/03/2024

🔲 မှိုထိပ်ကပ်နာ (Fungal Sinusitis) အကြောင်း သိကောင်းစရာ ^^^^^

⏩ နှာခေါင်းရဲ့ဘေးမှာ လေအိပ်(Paranasal Sinuses) 4 အုပ်စုရှိပါတယ်။
(1) Maxillary (ပါးရိုးလေအိပ်)၊
(2) Ethmoid (မျက်လုံးကြားလေအိပ်များ)၊
(3) Sphenoid (ဦးနှောက်အခြေလေအိပ်) နှင့်
(4) Frontal (နဖူးလေအိပ်)
မြန်မာလို ဆီလျော်အောင်သာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

_ အဲ့လေအိပ်တွေဟာ နှာခေါင်းထဲကို အပေါက်လေးတွေနဲ့ ပွင့်ပြီးဆက်စပ်နေပါတယ်။
လေအိပ်တွေနဲ့ နှာခေါင်းရဲ့အရေပြားတွေဟာ ကောဇောတစ်ခုတည်းဆက်နေတဲ့ အခန်းတွေလိုပါပဲ။
ထို့ကြောင့် နှာခေါင်းယောင်လျှင် တွဲလျက်လေအိပ်တွေ ယောင်နိုင်ပါတယ်။
နှာရည်ထွက်လျှင် အဲ့အခန်းထဲတွေမှာလည်း နှာရည်လိုမျိုးထွက်တတ်ပါတယ်။
အဲ့အရည်တွေဟာ ပုံမှန်ဆို နှာခေါင်းနဲ့ဆက်နေတဲ့ အပေါက်လေးတွေကတဆင့် နှာခေါင်းထဲစီးဆင်းပါတယ်။
အဲ့အပေါက်လေးတွေပိတ်ရင် သက်ဆိုင်ရာအခန်းမှာ နှာရည်တွေစုလာတတ်ပါတယ်။
ထိုမှ တဆင့် ပိုးဝင်ခြင်း မှိုပေါက်ခြင်းစတဲ့အရာတွေဆက်ဖြစ်နိုင်ပါတယ်။

🔸 မှိုထိပ်ကပ်နာက ဘယ်လိုလူတွေမှာဖြစ်သလဲ❓
အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေတဲ့သူတွေ (ဆီးချိုရှိတဲ့သူတွေ၊ အသက်ကြီးရင့်သူတွေ၊ အဟာရချိုတဲ့သူတွေ၊ ထိပ်ကပ်နာအခံရှိသောသူတွေ၊ ကိုယ်ခံအားကျရောဂါဖြစ်နေတဲ့သူတွေ) မှာ ပိုမိုတွေ့ရပါတယ်။

🔸 ဘယ်လိုလက္ခဏာတွေပြလဲ ❓
နှပ်ပုပ်ရည်တွေကျခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်နှာယောင်ခြင်း၊ တင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မြေကြီးခဲကဲ့သို့သော အတုံးများနှာခေါင်းမှထွက်ခြင်း၊ မျက်လုံး ရှေ့သို့ပြူးလာခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ ဖျားခြင်း စသောလက္ခဏာများ ဖြစ်ပါတယ်။

🔸 ဘယ်အချိန်ဆိုဂရုပြုသင့်သလဲ ❓
အထက်ဖော်ပြပါလက္ခဏာများ ထဲမှ အားလုံးမဟုတ်သော်လည်း တချို့မှာ ကုသသော်လည်း ကာလကြာရှည်ရှိနေခြင်း၊ ကိုယ်ခံအားကျနေသူများဖြစ်နေခြင်း ဆိုလျှင် ဂရုပြုသင့်ပါသည်။

🔸 ဘယ်လိုသိနိုင်သလဲ ❓
နှာခေါင်းတွင်းမှန်ပြောင်းကြည့်ခြင်းဖြင့်သော်လည်းကောင်း ကွန်ပြူတာဓာတ်မှန်တွင်လည်းကောင်း တွေ့ရှိနိုင်ပါသည်။

🔸 အရေးကြီးသလား ❓
တချို့ မှိုထိပ်ကပ်နာအမျိုးအစားများ (Invasive fungal sinusitis) သည် စောလျှင်စွာသိရှိကုသခြင်း မရှိလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ပါသည် 🔺

🔸 ဘယ်လိုကုသနိုင်သလဲ ❓
နှာခေါင်းတွင်း မှန်ပြောင်းဖြင့် မှိုများ ပြည်များအား ဖယ်ရှားခြင်း၊ နှာခေါင်းဘေးလေအိပ်အပေါက္များအား စီးဆင်းမှုကောင်းရန် ချဲ့ပေးခြင်း ပြုလုပ်ရန်လိုအပ်သည်။ ခွဲစိတ်ပြီးနောက် လိုအပ်ပါက မှိုသတ်ဆေးသောက်ခြင်း (သို့) မှိုသတ်ဆေးသွင်းခြင်းများ ရောဂါပေါ်မူတည်၍ ရှိနိုင်ပါသည်။

🔸 ဘယ်သူနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသလဲ ❓
နီးစပ်ရာ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပြသသင့်ပါသည်။..
ယေဘုယျအခြေခံ အချက်အလက္များရေးသားထားခြင်းဖြစ်သည်။
Dr.အောင်ထက်ထွန်း

👂👃🧣 နား၊နှာခေါင်း၊လည်ချောင်း ဆိုင်ရာ ဝေဒနာများ နဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေပြသလိုပါက~~~~~

🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်...

👩‍⚕️ နား၊နှာခေါင်း၊လည်ချောင်း ဆိုင်ရာအထူးကုဆရာဝန်ကြီး •••••
နှင့်

🗓️ အပတ်စဉ် စနေ နေ့တိုင်း

☑️ တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်ရှင်💁

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက~~~~~

☎️ ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥 ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#မှိုထိပ်ကပ်နာအကြောင်းသိကောင်းစရာ
#နားနှာခေါင်းလည်ချောင်းခွဲစိတ်အထူးကု

#လိပ်ပြာကန်အထူးကုဆေးခန်း

26/11/2023

🌀 အရေပြား ညှင်း ပြဿနာ^^^

-> ညှင်း ဘယ်လို ဖြစ်ပွား သလဲ?
✨ညှင်း သည် အရေပြားမှိုပိုးဝင်ခြင်း ဖြစ်ပါသည်။ ၎င်းကို pityriasis versicolor လို့လည်းခေါ်ပြီး အရေပြားပေါ်မှာ သဘာဝအတိုင်းနေထိုင်တဲ့ မှိုအမျိုးအစားကြောင့်ဖြစ်တာပါ။ ၎င်း သာမာန် တွေ့ရတဲ့ မှိုဟာ ပိုမို များလာတဲ့ အခါမှာ အရေပြားရောဂါ (ညှင်း ပြဿနာ) ဖြစ်လာတာပါ.....

-> ဘယ်လို သူတွေ မှာ အရေပြား ညှင်း ပေါက်တာ ပို ဖြစ်နိုင်သလဲ?
✨အဆီပြန်သောအသားအရေရှိသူ
.ပူပြင်းတဲ့ရာသီဥတုမှာ နေထိုင်သော သူများ။
.ချွေးအရမ်းအထွက္များသူများ။
.ခုခံအားစနစ် အားနည်းနေသူများမှာ
ညှင်း ပေါက် လွယ်ကြပါတယ်။

-> ညှင်း ကွက္များ ဘယ်လို အစပြု ဖြစ်လာသလဲ?

✨ရောဂါမှိုများမှ ထွက်သော အက်စစ်ဓာတ်များမှ အရောင်ချွတ်စေပြီး အရေပြားနေရာများကို ၎င်းတို့ပတ်ဝန်းကျင်ရှိ အရေပြားထက် အရောင်ကွဲပြားလာကာ အစက်အပြောက္များ သို့မဟုတ် အကွက္များ ဖြစ်လာပါတယ်။

-> ညှင်း ဖြစ်လာရင် တွေ့ရမယ့်လက္ခဏာများ~~~~~

✨ ညှင်း အစက်အ‌ပြောက် အကွက် အနေနဲ့ ရှိတတ်ပါတယ် အရောင် အားဖြင့် အနီးတဝိုက်ရှိ ပုံမှန် အသားအရေထက် ပို ဖျော့ ပိုမည်း အကွက္များ အစက္များ အနေဖြင့် ရှိနိုင်ပါတယ် ဒါ့အပြင်
• အဖြူ၊ ပန်းရောင်၊ အနီရောင် သို့မဟုတ် အညိုရောင် ဖြစ်နိုင်ပါတယ်။

✴️ အေးမြသော ရာသီဥတုတွင် အစက်အပြောက္များ ပျောက်သွားနိုင်ပြီး ပူနွေးစွတ်စိုသော ရာသီဥတုတွင် ပိုဆိုးလာနိုင်သည်။ ၎င်းတို့သည် ခြောက်သွေ့ပြီး အမာရွတ်ဖြစ်နိုင်ပြီး ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

-> ညှင်း ဟု ဘယ်လိုသိနိုင်မလဲ?

🩺 တတ်ကျွမ်းသော ဆရာဝန်များမှာ ညှင်း အစက် အကွက် ပုံပန်းသဏ္ဍာန် ကို သာမာန် မျက်စိဖြင့်ကြည့်ပြီး ရောဂါရှာဖွေနိုင်ပါသည်။

-> ညှင်း ကို ဘယ်လို ကုသ မလဲ?

✅ ကုသမှုမှာ ဆရာဝန် ညွန်ကြားမှုဖြင့် သင့်တော်သော အရေပြားလိမ်းဆေး၊ ဆေးရည် ခေါင်းလျှော်ရည်များ သောက်ဆေး ဆေးဝါးများဖြင့် အရှင်းပျောက်အောင် ကုသ နိုင်ပါတယ်***။
^ ကုသမှုသည် များသောအားဖြင့် မှိုပိုးကူးစက္မှုကို ဖယ်ရှားပေးခြင်းဖြစ်ပါတယ်။
သို့သော် အရေပြားအရောင်ပြောင်းခြင်းကို ဖြေရှင်းရန် လပေါင်းများစွာ ကြာတတ်ပါတယ်။ အရေပြား အရောင်ပြောင်းလဲလာမှု မှာ တဖြေးဖြေး နဂို ပုံမှန် အရောင် ပြန်ရနိုင်ပါတယ်။

-> ညှင်း ထပ်ခါ ထပ်ခါ မဖြစ်ပွားအောင် ဘယ်လိုမျိုး နေထိုင် ရှောင်ကြဉ်ကြမလဲ?

√√√ တချို့ အရေပြား လိမ်းဆေးများဟာ ညှင်း ပေါက်ပွားတာကို ပိုမို အားပေး ပြန့်ပွား ‌လာစေလို့ ✓ ဆရာဝန် ညွန်ကြားချက် မရှိပဲ လိမ်း‌ဆေး သောက်ဆေး များကို မိမိသဘော ဖြင့် အသုံးပြု ခြင်း မပြုရပါ❎
• အဆီပြန်သောအသားအရည်သုံးပစ္စည်းများကို ရှောင်ပါ။
• နေရောင်ခြည်နှင့်ထိတွေ့မှုကို လျှော့ချပါ။ နေရောင်ခြည်နှင့် ထိတွေ့ခြင်းသည် ဖြစ်စဉ်ကို အစပျိုးခြင်း သို့မဟုတ် ပိုဆိုးသွားစေနိုင်ပြီး အသားရောင်သည် အဖုများကို ပို၍မြင်နိုင်စေသည်။
• နေရောင်ကာခရင်မ်ကို နေ့တိုင်းလိမ်းပါ။ အနိမ့်ဆုံးနေရောင်ကာကွယ်မှုအချက် (SPF) 30 ရှိသော နေရောင်ကာလိမ်းဆေး၊ များ သုံးနိုင်ပါတယ်
• တင်းကြပ်သောအဝတ်အစားများ မဝတ်ပါနှင့်။
• ချွေးထွက်ခြင်းကို လျှော့ချရန် ချည်သားကဲ့သို့သော လေ၀င်လေထွက်ကောင်းသော အထည်များကို ၀တ်ဆင်ပါ။
Public Health Knowledge

🗾အရေပြားဆိုင်ရာ ဝေဒနာများနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက ⤵️

🏥လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်...

🩺 အလှအပနှင့်အရေပြားဆိုင်ရာအထူးကုဆရာဝန်...

👩‍⚕️Dr.ဝင်းပပသန်း
M.B.,B.S,M.Med.Sc(Dermatology)
အရေပြားအထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

က

🗓️တနင်္လာနေ့ မှ ကြာသပတေး နေ့ အထိ (၄ ရက်)
ဆေးခန်းထိုင်လျှက်ရှိပါတယ်ရှင် 💁

👉ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက~~~~~

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၇:၀၀)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်🥰

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။


#အရေပြားညှင်းပြဿနာ
#အရေပြားအထူးကုဆရာဝန်
#လိပ်ပြာကန်အထူးကုဆေးခန်း

03/08/2023

⭕ လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြဿနာများ√√√√√
~~~~~~~~~~~~~~~
👉 လိပ်ခေါင်းရောဂါကို ဂရုမစိုက်ဘဲပစ်ထားရင် ဘာတွေဖြစ်လာမှာလဲ ?
- ဝမ်းသွားတဲ့အခါ သွေးပါလာတယ်။ စအိုတဝိုက်က စပ်ဖျဉ်းဖျဉ်းနဲ့ နေရခက်တယ်။ စအိုတဝိုက်က နာသလိုလို ယားသလိုလိုဖြစ်နေတယ် ဆိုရင် လိပ်ခေါင်းရောဂါ ခံစားနေရတာပါ။
- လိပ်ခေါင်းရောဂါက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပေမယ့် နေ့စဉ်ဘဝကို တော်တော်လေး ထိခိုက်စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။
မပြင်းထန်ဘူးဆိုပေမယ့် သေသေချာချာ ကုသဖို့ လိုပါမယ်။ လိပ်ခေါင်းကို သေချာ မကုသဘဲ ထားတာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်လာစေဖို့ လက်ယပ်ခေါ်ရာ ရောက်ပါတယ်။
🔺လိပ်ခေါင်းရောဂါ ဆိုတာ
အစာဟောင်းအိမ် အောက်ပိုင်းနဲ့ စအိုမှာ ရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းနေတာပါ။ သွေးကြောထုံးရောဂါနဲ့ ဆင်တူပါတယ်။ ဖောင်းနေတဲ့ သွေးကြောတွေက အပြင်ဘက်ကို ထွက်လာတာပါ။ ဒီအခြေအနေက နေရထိုင်ရ ခက်သလို တော်တော်လေး နာကျင်ပါတယ်။
🟢လိပ်ခေါင်းရောဂါက အရွယ်ရောက်ပြီးသူ ၄ ဦးမှာ ၃ ဦးလောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ လိပ်ခေါင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပေမယ့် ဘာကြောင့် လိပ်ခေါင်းဖြစ်ရတာလဲ ဆိုတာကို သေသေချာချာ မသိတဲ့ အခါမျိုးလည်း ရှိနိုင်ပါတယ်။
⭕လိပ်ခေါင်း အမျိုးအစားများ
လိပ်ခေါင်းရောဂါက အမျိုးအစားကွဲသလို ခံစားရတဲ့ လက္ခဏာတွေလည်း ကွာခြားနိုင်ပါတယ်။

(1) အပြင် လိပ်ခေါင်း
အပြင် လိပ်ခေါင်းဆိုတာက စအိုတဝိုက် အရေပြား အောက်ဘက္မှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါပါ။
စအို တဝိုက်က ယားယံမယ်၊ စပ်ဖျဉ်းဖျဉ်းဖြစ်မယ်။
နာကျင်မယ်။
နေရထိုင်ရ မအီမသာဖြစ်မယ်။
စအိုတဝိုက် ရောင်ရမ်းမယ်။
သွေးထွက္မယ်။

(2) အတွင်း လိပ်ခေါင်း
အတွင်းလိပ်ခေါင်း ဆိုတာက အစာဟောင်းအိမ် အတွင်းဘက္မှာ ရှိနေတာပါ။ မြင်ရဖို့ မဖြစ်နိုင်သလို အတွင်းလိပ်ခေါင်း ဖြစ်နေမှန်း သတိထားမိဖို့တောင် ခက်ပါတယ်။ ကသိကအောင့် ခံစားမိတာမျိုးကတောင် ဖြစ်တောင့် ဖြစ်ခဲပါ။
ဒါပေမယ့် ဝမ်းသွားတဲ့အခါမှာတော့
နာကျင်မှုမရှိဘဲ သွေးထွက်တာ။ အိမ်သာခွက် ဒါမှမဟုတ် တစ်သျှူးစမှာ သွေးပေနေတာမျိုး တွေ့ရနိုင်ပါတယ်။
နာကျင်မှု၊ စပ်ဖျဉ်းဖျဉ်း ခံစားရမှုနဲ့အတူ စအိုကနေတဆင့် လိပ်ခေါင်း ထွက်လာတာမျိုး ခံစားရနိုင်ပါတယ်။

(3) သွေးခဲပိတ် လိပ်ခေါင်း
အပြင်လိပ်ခေါင်းကြောင့် သွေးထွက်ပြီး သွေးခဲ ပိတ်ဆို့သွားတဲ့ အခြေအနေပါ။ ဒီလိုဖြစ်တဲ့အခါ
မခံနိုင်အောင် နာကျင်တာ
ရောင်ရမ်းတာ
စအိုတဝိုက္မှာ ခပ်မာမာ အဖုဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
# မြန်မြန်သိ မြန်မြန်ကု
ကျန်းမာရေးသုတစွယ်စုံ

⚡⚡⚡⚡⚡
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက

🏥လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေးစင်တာ တွင်

👨‍⚕️👨‍⚕️👩‍⚕️ခွဲစိတ် အထူးကုဆရာဝန်ကြီးများ ဖြစ်တဲ့

Dr.သိန်းလွင်
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

🕘နေ့စဉ္--->နံနက် (၈:၃၀)နာရီ

Dr.သော်ဟိန်းဦး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

🕘 တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး--->နေ့လည် (၁:၀၀)နာရီ

Dr.ဟေမာန်ဦး
M.B.,B.S,M.Med.Sc(Surgery)
ခွဲစိတ်အထူးကုဆရာဝန်ကြီး
ပဲခူးပြည်သူ့ဆေးရုံကြီး

🕘နေ့စဉ္--->(ခွဲစိတ်ခန်းဝင်ရချိန် အပေါ်မူတည်၍အချိန်ချိန်းပေးပါသည်)

တို့နှင့်
နေ့စဉ် တိုင်ပင်‌ေဆွး‌ေနွးကုသမှုခံယူနိုင်ပါတယ်ရှင်💁

👉ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက_______

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၇:၀၀)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#လိပ်ခေါင်း #လိပ်ခေါင်းရောဂါနောက်ဆက်တွဲပြဿနာ

#ခွဲစိတ်အထူးကုဆရာဝန်
#လိပ်ပြာကန်အထူးကုဆေးခန်း

30/07/2023

🛑 သွိုင်းရွိုက်အကျိတ်အကြောင်း သိကောင်းစရာနှင့်
ရောဂါရှာဖွေကုသခြင်းအဆင့်ဆင့် !

➡️ ကျွန်တော်လိုက်နာကျင့်သုံးလျက်ရှိသော
နိုင်ငံအများစုလက်ခံထားသော Guidlines စံသတ်မှတ်ချက္များအပေါ်အခြေခံ၍ ရေးသားထားခြင်းသာဖြစ်ပါသည်~~~

လူနာများ အများဆုံးမေးကြသော...

❓ခွဲရမှာလား
( သို့ )
❓ကင်ဆာဖြစ်နိုင်လား

ဆိုသည်ကို အဆိုပါစံသတ်မှတ်ချက္များအသုံးပြု၍ ဖြေဆိုပါရစေခင်ဗျာ။

ပထမဦးစွာ
- သွိုင်းရွိုက်ဆိုသည်မှာ လူတိုင်းအတွက်
မရှိမဖြစ်လိုအပ်သော 𝗧𝟯 နှင့် 𝗧𝟰 ဟော်မုန်းများထုတ်ပေးသော ဂလင်းဖြစ်ပါသည်။

- အဆိုပါဟော်မုန်းများသည်
လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်များကို
ထိန်းညှိပေးသောအရာများဖြစ်ပါသည်။
ထို့ကြောင့် ပုံမှန်အခြေအနေတွင် ရှိရန်လိုအပ်ပါသည်။

💁 အဆိုပါဟော်မုန်းများ များ‌ေနလျှင်
- ရင်တုန်ခြင်း
- ပိန်လာခြင်း
- ရာသီမမှန်ခြင်း
- စိတ်တိုလွယ်လာခြင်း
- အပူဒဏ်မခံနိုင်ခြင်း
- ချွေးထွက္များခြင်း စသည်တို့ ဖြစ်တတ်ပြီး

နည်းလျှင်မူ
- ဝလာခြင်း
- ဆံပင်ကျွတ်ခြင်း
- ဝမ်းချုပ်ခြင်း
- အအေးဒဏ်မခံနိုင်ခြင်း စသည်တို့ဖြစ်တတ်ပါသည်။

သွိုင်းရွိုက်ကြီးနေခြင်းကို Goiter ဟုခေါ်ပါသည်။
သွိုင်းရွိုက်ကြီးနေလျှင် ဖြစ်နိုင်သောအရာများမှာ
အကျိတ်မရှိပဲ ကြီးသော
• Graves Disease
• Thyroiditis (သွိုင်းရွိုက်ယောင်ခြင်း - Hashimoto, De Quervain, Riedel) စသည်တို့မှာမူ အများစုမှာ မခွဲရတတ်ပေ။

အကျိတ်ရှိ၍ ကြီးနေလျှင်မူ
• အသားလုံးအကျိတ် (Nodule)
• အရည်အိပ် (Cyst)
• အရည်ရော အသားလုံး (Mixed nodule)
တို့ဖြစ်နိုင်သည်။
အသားလုံးမှာ ပို၍ ကင်ဆာဖြစ်တတ်ပါသည်။

*သွိုင်းရွိုက်အကျိတ်ရှိနေလျှင် ဘာလုပ်သင့်သလဲ⁉️

🩸 သွိုင်းရွိုက်ဟော်မုန်းစစ်ရန်လိုပါသည်။
✅ အာထရာဆောင်းရိုက်ရန်လိုပါသည်။
(သွိုင်းရွိုက်ရောဂါရှာဖွေရာတွင် အာထရာဆောင်းသည် CT/MRI တို့ထက် ပိုမိုတိကျအသုံးဝင်ပါသည်။)

❗️သွိုင်းရွိုက်အကျိတ်များသည် #၁စင်တီမီတာ(1 cm)ထက် သေးငယ်လျှင်မူ စိုးရိမ်ရန်မရှိ ဆက်လက်လုပ်ဆောင်ရန်မလိုဟု သတ်မှတ်လေ့ရှိသည်။

❗️ #၄စင်တီမီတာ (4cm) နှင့်အထက်ဆိုလျှင်မူ ခွဲသင့်သော အလုံးဟု သတ်မှတ်လေ့ရှိသည်။

💉 1 cm ထက်ကျော်သော အလုံးများကို TIRADS အဖြေ နှင့် အလုံးအရွယ်အစားပေါ်မူတည်၍ 𝗙𝗡𝗔𝗖/𝗙𝗡𝗔𝗕 ဟုခေါ်သော အပ်ဖြင့်စုပ်၍ အသားစ ယူသင့်/မယူသင့် ဆုံးဖြတ်ရလေ့ရှိသည်။
အသားစယူလျှင် အာထရာဆောင်းအကူအညီဖြင့် ယူခြင်းက ပိုမိုတိကျလေ့ရှိသည်။

𝗧𝗜𝗥𝗔𝗗𝗦(𝗧𝗥) - 1 ရိုးရိုးအလုံး ကင်ဆာမဟုတ်
𝗧𝗜𝗥𝗔𝗗𝗦(𝗧𝗥) - 2 ကင်ဆာဟု သံသယရှိဖွယ် မရှိ
(အဆိုပါနှစ်ခုဆိုလျှင် အပ်နဲ့စုပ်၍ အသားစယူရန်မလို)
𝗧𝗜𝗥𝗔𝗗𝗦(𝗧𝗥) - 3 အနည်းငယ် သံသယရှိဖွယ်ရှိ အလုံးအရွယ်အစား ၂.၅စင်တီမီတာနှင့်အထက် ကျော်လျှင် အသားစယူရန်လို
𝗧𝗜𝗥𝗔𝗗𝗦(𝗧𝗥) - 4 အလယ်အလတ်သံသယရှိဖွယ်ရှိ အလုံးအရွယ်အစား ၁.၅စင်တီမီတာနှင့်အထက် ကျော်လျှင် အသားစယူရန်လို
𝗧𝗜𝗥𝗔𝗗𝗦(𝗧𝗥) - 5 တော်တော်လေးသံသယရှိဖွယ်ရှိ အလုံးအရွယ်အစား ၁စင်တီမီတာနှင့်အထက် ကျော်လျှင် အသားစယူရန်လို

🔬 ထိုကဲ့သို့ စစ်ဆေးထားသော Slides များကိုရောဂါဗေဒဆရာဝန်ကြီးများမှ
Bethesda reporting system ဖြင့် အဖြေထုတ်ပေးမှသာ လူနာကို မည်သို့မည်ပုံလုပ်သင့်သည်ကို ဆက်လက်လမ်းညွှန်၍ ရပါသည်။

𝗕𝗘𝗧𝗛𝗘𝗦𝗗𝗔 အဖြေပေါ်မူတည်၍

𝗕𝗲𝘁𝗵𝗲𝘀𝗱𝗮 𝗜 ဆိုလျှင် ပို့ပေးသော Slides ဖြင့် အဖြေထုတ်လို့မရသဖြင့် ပြန်လည်စစ်ဆေးရန်လိုပါသည်။
𝗕𝗲𝘁𝗵𝗲𝘀𝗱𝗮 𝗜𝗜 ဆိုလျှင် ကင်ဆာဆဲလ်မတွေ့ဟုဆိုလိုပါသည်။ ဆက်လက်စောင့်ကြည့်ရန်လိုပါသည်။
𝗕𝗲𝘁𝗵𝗲𝘀𝗱𝗮 𝗜𝗜𝗜 ဆိုလျှင် မူမမှန်ဆဲလ်တွေ့။ ထပ်ယူခြင်း (သို့) တစ်ခြမ်းခွဲစိတ်ခြင်း စသည်တို့ လုပ်ဆောင်သင့်။
𝗕𝗲𝘁𝗵𝗲𝘀𝗱𝗮 𝗜𝗩 ဆိုလျှင် ကင်ဆာဆဲလ်လည်းဖြစ်နိုင် ခွဲခြားရန်ခက်။ အနည်းဆုံး တစ်ခြမ်းခွဲစိတ်သင့်။
𝗕𝗲𝘁𝗵𝗲𝘀𝗱𝗮 𝗩 ဆိုလျှင် ကင်ဆာဟုသံသယရှိ။ လူနာ၏သဘောပေါ်မူတည်၍တစ်ခြမ်းသို့ အကုန်ထုတ်သင့်။
𝗕𝗲𝘁𝗵𝗲𝘀𝗱𝗮 𝗩𝗜 ဆိုလျှင်မူ ကင်ဆာဟုအဖြေထွက်။ လူနာ၏သဘောပေါ်မူတည်၍ တစ်ခြမ်း (သို့) အကုန်ထုတ်သင့်။
တခြမ်းထုတ်၍ ကင်ဆာဟုအဖြေထွက်ပါက အခြား
ကျန်တစ်ခြမ်းအား ထပ်မံထုတ်ရန်လိုအပ်ပါသည်။

ဤကဲ့သို့စစ်ဆေးမှသာ အနီးစပ်ဆုံးအဖြေမှန်ကိုရနိုင်ပါသည်။ ထို့သို့စစ်ဆေးပြီး ကင်ဆာမဟုတ်ဟုထွက်ထားလျှင်တောင် ခွဲပြီးအသားစအဖြေတွင် ကင်ဆာဖြစ်နိုင်ခြေရှိပါသေးသည်။
ခွဲပြီးအသားစအဖြေမှသာလျှင် တိကျသောအဖြေအတည်ဖြစ်ပါသည်။

ခွဲပြီး အသားစအဖြေကိုလည်း တိကျစွာစစ်ဆေးပေးသည့် ရောဂါဗေဒဆရာဝန်ကြီးများမှသာလျှင် အဖြေမှန်ရတတ်ပါသည်။
ရောဂါဗေဒဆရာဝန်ကြီးများမှ Synoptic reporting system ဖြင့် အဖြေထုတ်ပေးမှသာ ဆက်လက်လုပ်ဆောင်ရန် ရှိသည်များကို ဆုံးဖြတ်၍ ရပါသည်။
ကင်ဆာအရွယ်အစား အခြားပျံ့နှံခြင်း/ဖောက်ဝင်ခြင်းရှိ၊မရှိ စသည်တို့ကို စနစ်တကျ အဖြေထွက်ဖို့လိုပါသည်။

ကင်ဆာအရွယ်အစား ၁စင်တီမီတာအောက်ဆိုလျှင်မူ ခွဲစိတ်မှုဖြင့် လုံလောက်လေ့ရှိပြီး
အဲ့ထက်ကြီးခြင်း(သို့)အခြားနေရာများပျံ့နှံနေခြင်း ဖောက်ဝင်နေခြင်းများရှိပါက အဏုမြူရောင်ခြည်ဆေးသောက်ရန်လိုတတ်ပါသည်။

❌ သွိုင်းရွိုက်အကျိတ်အား ဂလင်းတစ်ခြမ်းမပါပဲ အကျိတ်ချည်းထုတ်ယူ၍မရပါ။
(ခဏခဏ မေးကြလို့ပါ)
#ဒေါက်တာ အောင်ထက်ထွန်း
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်

❇️ နား၊နှာခေါင်း၊လည်ချောင်း ဆိုင်ရာ ရောဂါများ နဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေပြသလိုပါက_____

🏥လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်

👩‍⚕️နား၊နှာခေါင်း၊လည်ချောင်း ဆိုင်ရာအထူးကုဆရာဝန်ကြီး
က
🗓️အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း
🕙 နံနက် (၁၁:၀၀)နာရီ တွင်
ဆေးခန်း ထိုင်လျှက်ရှိပါတယ်ရှင်💁

👉ဆေးခန်း ပြသရန်အတွက် ဘိုကင််ယူရန် နှင့် စုံစမ်းသိရှိလိုသည်များရှိပါက~~~~~

☎️ဆေးခန်းဖုန်း- ၀၉-၇၇၇၉၀၈၃၈၃၊ ၀၉-၈၈၉၀၀၆၀၃၃
တို့ကို (မနက် ၇:၃၀ မှ ည ၇:၀၀)အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ-
အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#သိုင်းရွိုက်အကျိတ်အကြောင်းသိကောင်းစရာ
#နားနှာခေါင်းလည်ချောင်းဆိုင်ရာအထူးကု

#လိပ်ပြာကန်အထူးကုဆေးခန်း

Address

Bago City, Othar13th Street, Nandawyar Quarter
Bago
6101

Telephone

+959966094927

Website

Alerts

Be the first to know and let us send you an email when SMKH Clinic bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SMKH Clinic bago:

Share