Shwe Oo Min Vimutti Sukha Forest Meditation Centre

Shwe Oo Min Vimutti Sukha Forest Meditation Centre အစဉ်မပြတ် သတိကပ် အမြတ်မဂ်ဖိုလ်ရပါစေ။

27/09/2025

ရှင်ပြုသည် ဆိုသည်မှာ
🌸🔺🌿🌸🔺🌿🌸🔺

ဒို့ ရှင်ပြုတယ်ဆိုတာ မသေအောင်ပြောတာ၊
ရှင်တာဆိုတာ သေတာနဲ့ဆန့်ကျင်ဘက်မဟုတ်ဘူးလား။
( မှန်ပါဘုရား ... )

ရှင်ပြုတယ်ဆိုတာ ရှင်အောင်ပြုတာ
အဲဒါကို ရှင်ပြုတဲ့. . . ကြားဖူးလား ။

ဒို့ အခုလက်ရှိရွာထဲလူတွေနဲ့ ရွာထဲစိတ်အတိုင်းဆိုရင်
ဒို့က ခင်မင်စိတ်နဲ့လိုက်လုပ်နေရတာ ။
ရွာထဲမှာ ပစ္စည်းမခင်မင်ရင်လည်းမရနိုင်ဘူးလေ၊
ငွေကစ ခင်မင်မှရတယ် ဟုတ်ဗျာ ။
( တင်ပါ့ဘုရား ... )

ရွာထဲမှာက လိုချင်စိတ်နဲ့လုပ်ရတာ ။
ဒို့ သာသနာမှာက လိုချင်စိတ်ပယ်ရတယ်၊
မလိုချင်အောင်ကြိုးစားရတယ် ဟုတ်နော်...။

လိုချင်စိတ်ရဲ့ဆက်တွဲက ဘာလာမှာတုန်းဆိုရင်...
လိုချင်တာမရရင် မကျေနပ်စိတ်လာမှာပေါ့ ဟုတ်နော်။

လိုချင်စိတ်အားကြီးနေလို့ဖြစ်စေ၊
မကျေနပ်စိတ်အားကြီးနေလို့ဖြစ်စေ၊
စိတ်မဲကြီးဝင်လာရင် ဘာဖြစ်ဖြစ်လည်းဝင်လာမှာပဲ ။
`မောဟ´ ဆိုတာ ဘာဖြစ်ဖြစ်ကိုပြောတာပါ ။

• လောဘလွန်တော့ ဒို့စာလိုတော့ အဟီရိကပေါ့၊
ရှက်ရကောင်းမှန်းမသိတော့ဘူးလေ။
• ဒေါသလွန်လာတော့ အနောတ္တပ္ပဖြစ်သွားမှာပေါ့၊
ကြောက်ရကောင်းမှန်းမသိတော့ဘူးလေ။
• အဟီရိက အနောတ္တပ္ပ ဆိုတဲ့`မောဟ´က
တခြားကလာတာမဟုတ်ဘူး၊ ဒို့ လောဘလွန်
ဒေါသလွန်ကနေလာတာ၊ ဟုတ်နော်... ။

ပြီးတော့ ဒေါသလွန် လောဘလွန်တဲ့ပုဂ္ဂိုလ်
ကိုယ့်စိတ်ကိုယ့်ဆီမှာမရှိဘူး ပျံ့နေတယ်။
ပျံ့နေတယ်ဗျ ဥဒ္ဓစ္စစိတ် ...

အဲဒီမောဟဆိုတာလည်း
အဲဒီလောဘ ဒေါသ ၂ခုနဲ့လုပ်ရတာပါ။
သို့သော် ရွာထဲမှာဒေါသနည်းပါတယ်၊သောကများပါတယ်၊
သောကနဲ့လုပ်ရတာများပါတယ်၊ ဟုတ်နော်... ။

ကိုယ် ကိုယ်တိုင်ခေါင်းမှမအေး စိတ်မှအထိုင်မကျဘဲ၊
ဘာလုပ်လုပ် ယတိပြတ်မဆုံးဖြတ်နိုင်ဘူး ။
အဲ့တော့ ကိုယ် ကိုယ်တိုင်မသိတော့
ချီတုံချတုံ ' ဝိစိကိစ္ဆာ ' လည်း မောဟလည်း ဝင်မှာပဲ ။

အဲဒါအကုန်လုံးပေါင်းရင်တော့
ကြိုက်စိတ်တခုအကြောင်းပြုလို့ အဲဒါဖြစ်တာ ။

• အဲ့တာဖြစ်လို့ သေခါနီး သက်မဲ့ပစ္စည်းဖြစ်ဖြစ်၊
သက်ရှိပစ္စည်းဖြစ်ဖြစ်၊ ဟောဒါငါ့ပစ္စည်း
ဟောဒါက ငါ့သားငါ့သမီး၊ ငါ့မိသားစု
သူတို့အပေါ်ကိုခင်မင်စိတ်နဲ့သေရင် `ပြိတ္တာ´။

• သူတို့အပေါ် ငါမရှိရင် ဒင်းကလေးတို့ဆိုရင်
စိတ်မချစိတ်နဲ့သေရင်တော့ `ငရဲ´သွားမှာ။

• ပြီးတော့ ဒါကတော့ငါ့မိသားစုပဲ ဒါကတော့ငါ့အိမ်ပဲ၊
သေစရာရှိတာတောင် ဆေးရုံမှာသေမယ်ဆိုရင်တောင်
အသေမခံဘူး၊သေချင်းသေ ငါ့အိမ်ပြန်ပို့
ငါ့အိမ်မှာပဲသေမယ်။ ရှိသလား ဒီလိုမျိုး ....
( ရှိပါတယ်ဘုရား ... )

ဲဒါကငါ့အိမ် ဒါကငါ့မိသားစု ဒီစိတ်နဲ့သေရင်အဲဒီနားမှာပဲ
တိရစ္ဆာန်လာဖြစ်မှာ၊ စွဲတဲ့နေရာလာပြီး`တိရစ္ဆာန်´ဖြစ်မှာပဲ ။

• အသူရကာယ်ဆိုတာ စာလိုကျတော့
အကောင်ကြီးတွေကိုခေါ်တာပါ။
ပြိတ္တာဆိုတာက အိမ်စွဲတဲ့ပုဂ္ဂိုလ်ကလည်း လက်ရှိဒီရုပ်
ဒီအရွယ်ဒီပုံစံအတိုင်းပါ မပြောင်းဘူး
အသူရကာယ်ကျတော့ပြောင်းတယ် ။

အသူရကာယ်က ဘယ်လိုလူတွေရောက်တတ်တုန်းဆိုတော့
အလှူမတတ်သူတွေရောက်တာ၊ ကျောင်းလှူတယ်
ဒါငါ့ကျောင်း ငါ့ကျောင်းနဲ့ ဒိဋ္ဌိနဲ့စွဲနေတယ်လေ၊
သေခါနီးကျောင်းအာရုံပြု ၊ အဲဒါသဘက်ဖြစ်။
အဲဒါကို ` အသူရကာယ်´ ခေါ်တာလေ ...
ရှေးခေတ်ကတော့သဘက်လို့သုံးတယ် ဒို့တောက ။
သူကအကောင်ကြီးတယ်...
ဒီလိုသေလို့ဒီလိုပုံစံအရွယ်မဟုတ်ဘူး။

• အသူရကာယ်ဆိုတာ အလှူမတတ်သူတွေ
ရောက်တာတဲ့ဗျ၊ အလှူမတတ် ၊
ကျောင်းဒကာ ကျောင်းပြန်စောင့်ရတတ်တယ်၊
အလှူမတတ် ဘုရားဒကာ ဘုရားပြန်စောင့် ။

အဲဒါကို အပါယ်လေးဘုံလို့ခေါ်တာပါ ။

• အဲဒီဘဝတွေရောက်တော့ ဒို့ ပါရမီမတက်တော့ဘူးလေ။
တိရစ္ဆာန်တဘဝလုံးကြည့်ပါ ပါရမီမတက်ပါဘူး။
တက်ဖို့နေနေသာသာ တက်ရကောင်းမှန်းကိုမသိတာ။

သူတို့မှာဓာတ်ကောင်၊ ဒို့လိုကုသိုလ်နဲ့ဖြစ်တာ
မဟုတ်တဲ့အတွက် ဥာဏ်မပါဘူး ။
ဓာတ်ကောင်က သူ့ဓာတ်နဲ့တည့်ရင် ကြိုက်တယ်၊
မတည့်ရင် မကြိုက်ဘူး ။

အဲ့တော့ တိရစ္ဆာန်ဘဝ ဘဝပေါင်းများစွာ ဒီစိတ်နဲ့သွားတာ။

အဲ့တော့ အပါယ်လေးဘုံမှာ အညွှန့်တက်လို့လား?
( မတက်ပါဘုရား ... )

အဲ့တော့ အညွှန့်မတက်ရင် သစ်ပင်မှာသေတာပေါ့ ။
ဒီကြား ထဲ သစ်ပင်အခြောက်ကြီးဆိုတော့
ပိုးကိုက်ခံရအုန်းမှာထင်တယ်... ။

မြွေကြည့်ပါ၊ တဘဝလုံးလုံး ကြွက်တို့ ဖားတို့
အဲဒါတွေလိုက်စားနေရတာ ... ။
သူများအသက်နဲ့အသက်ရှင်ရတဲ့တိရစ္ဆာန်မှန်သမျှ
သူ့မှာ အညွှန့်မတက်တဲ့အပြင် ပိုးကိုက်ခံရသေးတယ်။
ပိုးကိုက်ခံရမှတော့ ပင်တိုင်တောင်ရှိပါအုန်းမလား၊
( မရှိပါဘုရား ... )

• အဲ့တာအသေပဲလေ၊ ဟုတ်ကဲ့လား ...။

အဲဒီဘဝတွေရောက်တော့ သက်တော့သက်ရှိမှာပေါ့၊
ဘဝရှိ အသက်ရှိလိမ့်မယ်ထင်တယ် ။
ဘဝတော့ရှိမှာပေါ့ ပါရမီရှေ့မတိုးတဲ့အတွက်
အဲဒါ အသေဘဝ ... ။

အဲ့ဒိအသေကလွတ်အောင် အပါယ်ကလွတ်အောင်
ပြုစုတာကို ရှင်အောင်ပြုလို့ ' ရှင်ပြု ' လို့ခေါ်တာ။

အဲ့ဒိအသေက ရှင်အောင်ပြုတာကို ရှင်ပြုတာ ။
( မှန်ပါဘုရား ... )

ဘယ့်နှယ်တုန်း ရှင့်ဒကာကြီး ပြုနိုင်ပါ့မလား ။
( ကြိုးစားပါ့မယ်ဘုရား ... )

ဒို့ လူဖြစ်တော့ အညွှန့်ရှိတယ်လေ တက်နိုင်တယ်၊
အရွက်ကောမထွက်နိုင်ဘူးလား ။
လူသည်အရွက်လည်းထွက်ပါတယ်
အညွှန့်လည်းတက်ပါတယ် ... ။

• နတ်မှာတော့ အညွှန့်တော့တက်နိုင်ပါတယ်၊
အရွက်မထွက်ဘူး ... ။

သူတို့က ဒို့လိုဘူတရုပ်မဟုတ်ဘူး ဥပါဒါန်ရုပ်တွေလေ၊
အစွဲရုပ်ခေါ်သပေါ့ ... ။

အစွဲရုပ်ဆိုတော့ ဒို့လို လှူဖို့ရာပစ္စည်းမရှာနိုင်မဖွေနိုင်ဘူး၊
ဒို့လိုလည်းမကျင့်နိုင်ဘူး ... ။

ဒို့ စာကဆိုတာတော့ ဒီကကျင့်နည်းပါသွားမှ၊
ဒီကအရှိန်ပါသွားမှ ဟိုမှာအညွန့်တက်တာ ။
ဒီကဘာမှပါမသွားဘူး ဒါနတခုကောင်းလေးနဲ့
နတ်သွားဖြစ်ရင်၊ ဟိုကျ ယောင်ပေယောင်ပေနဲ့
အချိန်ကုန်မှာ ဟုတ်ဗျာ ...။

ဒို့ရန်ကုန်လိုပြောရင် ညစျေးတန်းလျှောက်တာနဲ့ပြီးသွားမှာ။

ဒို့ လူမှာက အညွှန့်လည်းတက် အရွက်လည်းထွက်နိုင်ရင်၊
ပွင့်လည်းပွင့် သီးလည်းသီးနိုင်တယ် ဟုတ်နော် ... ။

အဲဒီလို အညွှန့်လည်းတက်တယ် အရွက်လည်းရှိတယ်၊
အဲဒီကနေ အရွက်ကြောင့် အညွှန့်ကြောင့် သူ့မှီခိုပြီး၊
ပွင့်ပြီ သီးပြီဆိုရင် ရှင်ပြီနော် ... ။
အဲဒီလိုကိုရှင်ရမှာတဲ့ဗျ ... ။

• ရှင်ပြုတယ်ဆိုတာ အဲဒါပြောတာ ...
ရှင်အောင်ပြုရမှာ ဟုတ်နော် ... ။

• အဲ့တော့ ရှင်ဒကာ ရှင်အမဆိုတာ
လယ်ပိုင်ရှင်ယာပိုင်ရှင်ပဲ။

လယ်ပိုင်ရှင်ယာပိုင်ရှင်က မျိုးစေ့ချပြီးရင်
ရှင်အောင်ပြုစုရမှာ ။

ရှင်အောင်ပြုစုမှ အရွက်ထွက်မှာ အညွှန့်တက်မှာ
အနှံကြီးမှာပေါ့ ။

ပြီးတော့ လယ်သမားယာသမားက
စိုက်ပြီးတဲ့နောက်လည်း၊အခုခေတ်ပြောတဲ့
နှံဖျက်ပိုးတို့ ရွက်လိပ်ပိုးတို့
ဒါတွေမကျအောင်လည်း ထိန်းရအုန်းမှာဗျ ။

အဲတော့ ဒို့က ရှင်ပြုတာက သင်္ကန်းလေးစီးလိုက်ပြီး
ကတုံးလေးတုံးလိုက်ရင် ပြီးပြီလို့ထင်တာနော် ။
အဲလိုမဟုတ်ဘူး ရှင်အောင်ပြုရမှာနော် ။

ဒို့စာလိုတော့ သာမဏေရ
သမဏနဲ့ ဧရ ၂ခုပေါင်းမှ သာမဏေရ ခေါ်တာ ။
သာမဏဆိုတာ ငြိမ်သက်အေးချမ်းခြင်းရှိသူလို့
အဓိပ္ပါယ်ရတယ် ... ။

• ဘိက္ခုဆိုတာ ရဟန်း
• ကိုရင်ကျတော့ သာမဏေ

ဘိက္ခုကျတော့ ကိလေသာကိုအကြွင်းမဲ့ဖျက်ဆီးပစ်တာ၊
" ကိလေသေ ဘိန္ဒတီတိ ဘိက္ခု "
ကိလေသာကိုဖျက်ဆီးတာရဟန်း၊
အဲဒါကို ဘိက္ခုလို့ခေါ်တာ ။

ကိလေသာကိုဖျက်ဆီးတာမဟုတ်ဘူး၊
ထကြွသောင်းကျန်းနေတဲ့ကိလေသာကို
အေးငြိမ်းအောင်လုပ်တာ သမဏ ကိုရင် ။
အဲ့တော့ သမဏဆိုတာအဲ့ဒါပြောတာဗျ
ကိလေသာငြိမ်းအောင်လုပ်ရမှာ ။

ရှိတဲ့အရွယ်ကတော့ မိဘကမွေးတဲ့ကလေးလေ
ကလေးကတော့ ကလေးလိုဆော့မှာပေါ့
သို့သော် ကျင့်နေတဲ့အချိန်မှာ သာမဏေဖြစ်ရမယ်။

ဒို့ ရန်ကုန်မှာကျတော့ ဆရာများက
သူတို့ကိုပုံသွင်းကောင်းတယ် ။
ဆရာတွေကတော့ လူငှားတွေနဲ့တူပါတယ် ။
ငယ်သူလေးတွေကျတော့ ငယ်သူနဲ့တန်အောင်၊
၁၅မိနစ်စီ တရားအထိုင်ခိုင်း ကလေးကဒါလောက်ပဲရမှာပေါ့၊
ဒို့ လူကြီးလို ၁နာရီ ၂နာရီတော့မရနိုင်ဘူး ။

၁၅မိနစ်တန်းဖြုတ်ရင်တော့ ကလေးပဲ ...
၁၅မိနစ်ထိုင်နေတဲ့အချိန်ဟာ ကိလေသာ
ငြိမ်သက်နေတာလေ၊ သာမဏေပေါ့ ... ။

အဲဒီကလေးတွေက အိမ်ပြန်လာရင်
ည၇နာရီဆို ဘုရားဝတ်တက်ပြီ။
ဒါပြီး၁၅မိနစ်တရားထိုင်ကုန်ကြပြီ ။
အလေ့အကျင့်နော် ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်
ကျင့်ယူရတာနော်၊ အလကားနေရင်းတတ်တာမရှိဘူး ။
ဒီလိုဆို သူတို့လေးတွေ ပါရမီမရှင်သန်နိုင်ဘူးလား ။
( ရှင်သန်နိုင်ပါတယ်ဘုရား ... )

ဒီကလေးတွေက ကျုပ်တို့ ခင်ဗျားတို့ထက်သာတယ်၊
သူတို့က ကျုပ်တို့လိုစိတ်မနှံ့ဘူး ။
ကျုပ်တို့လူကြီးတွေက စိတ်နံ့တာ စကြာဝဠာအထိနှံ့တာဗျ။

စိတ်မနှံ့တာကလေး ဘယ်မှမသွားဘူးလေ၊
အတွေ့အကြုံလည်းဘယ်မှမရှိဘူးလေ၊
သူတို့က ခဏလေးနဲ့ရတာ လူကြီးလိုမဟုတ်ဘူး၊
မြင်တာတော်တော်မြန်ပါတယ် ။

ပြင်ကြည့်ပါ ဥယျာဉ်မှုးက၊
ဆရာသမားများ ရဟန်းများကလည်း
အဲဒီလိုပုံသွင်းပေးကြရမယ် ရှင်ကျန်နေရစ်ရမယ်။
အသွင်းနဲ့တင်မပြီးစေရဘူး သာမဏေတက်ကြရမှာ။

သာသနာနဲ့ကြုံတုန်း ဒီသာသနာမှာသီးရင်သီး၊
နောက်သာသနာဆိုတာလည်း ဒီကမျိုးစေ့ချန်ထားမှလေ၊
မျိုးစေ့မှချန်မထားရင် နောက်သာသနာမှာ
စိုက်စရာပျိုးစရာ ရှိမှာမဟုတ်ဘူးလေ ။

အဲ့တော့ ဒို့က ပြုစုပျိုးထောင်ရမှာ၊
သူတို့ရှင်အောင်ပြုစုပျိုးထောင်ဖို့
မယ်တော် ခမည်းတော်နဲ့ ဥပစ္ဈယ်ဆရာအရေးကြီးဆုံး ။

ဒါရှင်ပြု ဒို့အမြဲပြောနေကြစကားတွေပါ ...
ဒို့ကရှင်အောင်ပြုရမှာနော်...

• လူကလူ
• လူကနတ်
• လူကအရိယာ
အဲဒါရှင်တာ အပင်တက်တာ။
အဲ့သလောက်ထိရှင်အောင်ပြုရမှာဗျ ...
ပြုနိုင်ကြပါ့မလား ရှင်ဒကာ ရှင်ဒကာမတွေက ။
( ကြိုစားပါ့မယ်ဘုရား ...)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

25/09/2025

"ဘဝအဓိပ္ပါယ်"
🌸🍃🌸🍃🌸

ဒုက္ခကြီးကြီးမားမားကြုံရပြီးမှစိတ်ထားမြင့်မြတ်သွားတဲ့သူတွေအများကြီးရှိပါတယ်။အဲဒီလိုလူအတွက်သူကြုံရတဲ့ဒုက္ခဟာအဓိပ္ပါယ်ရှိတယ်လို့ ခံစားရမယ်...။

သေလောက်တဲ့ရောဂါမျိုးဖြစ်ပြီးမှစိတ်ဓါတ် ရင့်ကျက် လေးနက်မြင့်မြတ်လာတဲ့သူတွေ ရှိတယ်။ပစ္စည်းဥစ္စာတွေ အကုန်လုံးဆုံးရှုံးပြီးမှ ဘဝအဓိပ္ပါယ်ကို
ရှာတွေ့သွားတဲ့သူတွေ ရှိတယ်...။

အဓိပ္ပါယ်ဆိုတာအတွေ့အကြုံတိုင်းမှာ ရနိုင်ပါတယ်။ကိုယ်က မြင်တတ်ဖို့ယူတတ်ဖို့ပဲ လိုတယ်...။

ဒါကြောင့် ကောင်းတာဖြစ်စေဆိုးတာဖြစ်စေ ကြုံရတဲ့အခါမှာ"ဒီအတွေ့အကြုံဟာ ငါ့ကို ပိုပြီးစိတ်ထားကောင်းတဲ့သူပိုပြီးအသိဉာဏ်လေးနက်တဲ့သူဖြစ်စေရမယ်" လို့
သဘောထားရင်အဲဒီအတွေ့အကြုံဟာတန်ဖိုးရှိတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့အတွေ့အကြုံ ဖြစ်လာမယ်...။

ကိုယ် တွေ့ကြုံခံစားရတဲ့ဒုက္ခထဲက လေးနက်တဲ့ အသိဉာဏ်ရအောင် လုပ်နိုင်တဲ့သူ၊
ဒုက္ခကြုံလို့စိတ်ထားပိုပြီးလေးနက်သွားတဲ့သူဟာအောင်မြင်မှုရတဲ့သူလို့ဆိုနိုင်တယ်။

ကောင်းတာတွေ ကြုံရပြီးစိတ်ထားညံ့သွားတဲ့သူဟာရှုံးနိမ့်သွားတဲ့သူလို့ ဆိုနိုင်တယ်။

ဆုံးရှုံးမှုတွေကို ကြုံနေရပေမယ့်ဘဝအဓိပ္ပါယ်ကို ရှာတွေ့လို့ကိုယ့်ဘဝကိုကိုယ်
ကျေနပ်နေတဲ့သူတွေ၊စိတ်ချမ်းသာနေတယ် လို့တောင်ဆိုနိုင်တဲ့သူတွေကို တွေ့နိုင်ပါတယ်...။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

13/09/2025

ဝဋ်
😗
ကိုယ့်တစ်ယောက်တည်း လည်နေသော
ထိုဝဋ်ကို ပို၍ ကြောက်ပါ...

ပတ်ခြာလည်တာ သံသရာခြေရာမဆုံးပြီ.။

၁။ ကြိုက်စွဲ မကြိုက်စွဲတို့သည်ကား
ကိလေသာဝဋ်တည်း
၂။ ထိုအစွဲတို့အတိုင်း ကိုယ်လှုပ်နှုတ်ဖွင့်
ပြုကျင့်ပေးရခြင်းကား ကမ္မဝဋ်တည်း။
၃။ ကိုယ်ပြုကျင့်ထားသောအတိုင်း
ကိုယ်ပြန်လည်ခံစားနေရခြင်းကား
ဝိပါကဝဋ်တည်း။

ဤ၌ ဝဋ်ဟူသည် လည်ပတ်ခြင်းကိုဆို၏။

ကိုယ်ကြိုက်သောအချက် တစ်လည်ကွက်ကွက်
ကြံစည်ပြုကျင့် ခံစားခွင့်ရနေခြင်းတည်း။

ထိုလည်ပတ်မှုသည် ...
(က) မိမိတစ်ဦးတည်းလည်း လည်စေ၏။
( ခ) တစ်ဖက်သားများနှင့်
အပြန်အလှန်လည်း လည်စေ၏။

ထိုတွင် တစ်ဦးတည်း လည်ပတ်မှုကား
၁။ ငါသည်…ကြက်သားစားချင်၏။
ဤတွင် ကိလေသဝဋ် စတင်လိုက် ချေပြီ။

၂။ ငါသည်…မည်သည့်အချိန်
မည်သည့်အကောင်သတ်မည်ဟု
ဆုံးဖြတ်ချက်နှင့်အတူ ထိုအတိုင်း
ကိုယ်နှုတ်နှစ်ပါး တစ်ပါးပါးတို့ဖြင့်
သတ်ချေ သတ်စေ၏။
ကမ္မဝဋ် ဆိုက်လာပြီ။

၃။ ထိုကြက်သားကိုချက်ပြီးသော် စားသုံးမိ၏
ဝိပါကဝဋ်သို့ ထိုးဆိုက်သွားတော့ပြီ။

တစ်ဖန် ...
စားမိက တိုးကြိုက်လာ၏။
တိုးကြိုက်က တိုးစွဲသွားချေရာ
ကိလေသာဝဋ်သို့ တစ်ကြော့ပြန်ချေပြီ။ထိုအစွဲကြီးအတိုင်းလျှင်
ကြံစည်လိုက် ဆုံးဖြတ်လိုက်
ပြုကျင့်လိုက်တို့ဖြင့် တစ်ဘဝလုံးလုံး
ဝဋ်သုံးမျိုး တစ်ဦးတည်း ပတ်လည်
လှည့်နေတော့ရာ…

ကြက်ကြိုက် ကြက်စွဲသမားတို့လည်း
အနားမရတော့ရှာပြီ။
ဝက်ကြိုက်ဝက်စွဲသမားတို့လည်း
အနားမရတော့ပါပြီ။

သည့်အတူ ...
နွားစွဲ ငါးစွဲမှသည် မယားစွဲ သားစွဲတိုင်အောင်သော
အစွဲအငြိသမားအားလုံးလျှင် သက်မဲ့သက်ရှိမကျန်
အပြန်ပြန်အလှန်လှန်အားဖြင့်သော်လည်းကောင်း
အလှန်လှန်အပြန်ပြန်အားဖြင့်သော်လည်းကောင်း
ဝဋ်လည်နေတော့ရာ အားရသည် နားရသည်ဟူ၍
အလျဉ်းမရှိကြပြီ။

စိတ်သည် သူ့ဆန္ဒဖြင့် ရထားသော
ဤကိုယ်ကို အနားမပေးလို၊

ကိုယ်သည်လည်း စိတ်ပေးဘဝချမ်းသာလိုရကား
၎င်းစိတ်ကို အနားမယူစေလို။

ဤသို့ဖြင့် ...
စိတ်ကစားလိုက် ကိုယ်သွားလိုက်၊
တစ်ဖန် ကိုယ်ကစားလိုက် စိတ်သွားလိုက်တို့ဖြင့်
တစ်ဦးနှင့်တစ်ဦးတို့ လှုပ်နေကြရာ ...
အဘယ်မှာ အအားအနား ရပါချိမ့်မည်နည်း။

ဤကား
တစ်ဦးတည်း ဝဋ်လည်နေကြရပုံများတည်း။


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

02/09/2025

ဘုရားပြောတဲ့ စကား
🌟💥🌟💥🌟💥🌟

ဘုရားစကားက
ဘာပြောလဲ ဆိုတော့ -
❝ သုံးခွန်း ❞ ထဲပဲ ပြောပါတယ်
များများ မပြောပါဘူး •••

အဲဒီ့
စကားသုံးခွန်း လိုက်နာလို့ရှိရင် -
🔹ခုလည်း ကောင်းမယ် ,
နောင်လည်း ကောင်းမယ်
နိဗ္ဗာန်ထိအောင်
ကောင်းခြင်း သုံးမျိုးကိုလည်း
တာဝန်ယူပါတယ် •••

🔹သူလည်း ချမ်းသာမယ် ,
ကိုယ်လည်း ချမ်းသာမယ်
နိဗ္ဗာန်ထိအောင် ချမ်းသာစေနိုင်တဲ့
ချမ်းသာသုံးမျိုးကိုလည်း
တာဝန်ယူပါတယ် •••

🔹ခုလည်း အကျိုးရှိမယ် , နောင်လည်း အကျိုးရှိမယ်
နိဗ္ဗာန်ထိအောင်အကျိုးရှိမယ့်
အကျိုးထူး သုံးမျိုးကိုလည်း
ဗုဒ္ဓဘာသာရဲ့ အဲ့ဒီ့ စကားသုံးခွန်းက
တာဝန်ယူပါတယ် •••

အဲဒီ့စကားသုံးခွန်းက ဘာတုန်းဆိုတော့ -
၁။ မကောင်းတာဆိုရင် မလုပ်နဲ့
၂။ ကောင်းတာဆိုရင်
လုပ်နိုင်သမျှ လုပ်တဲ့
၃။ မိမိ စိတ်ကလေးကို
သန့်ပြန့်စင်ကြယ်အောင် ထားတဲ့။
ဒါလေးသုံးချက် လိုက်နာကြဖို့ပါဘဲ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

28/08/2025

ဒေါသအကြောင်း သိကောင်းစရာ
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

တစ်နာရီလောက် ပြင်းပြင်းထန်ထန်
သောက ဖြစ်လိုက်ရပြီဆိုရင် စိတ်တိုလိုက်ရပြီဆိုရင် အဲဒီ သောက ဖြစ်လိုက်ရတာဟာ ၁၂နာရီလောက် ပင်ပန်းတဲ့ အလုပ်ကို လုပ်လိုက်ရတာထက် အားပိုကုန်သွားပါတယ်။

အဲဒါကြောင့်မို့လို့
ဒေါသဖြစ်လိုက်တာနဲ့ ချက်ချင်း အဲဒီဒေါသကို ပြန်ကြည့်တဲ့ အလေ့အကျင့်များများလုပ်ပါ။

ဒေါသဖြစ်တာကို သိတာများလာလေလေ
ယောက်ယက်ခက်တာ ကြောက်တာ၊စိုးရိမ်တာတွေ တဖြည်းဖြည်း နည်းလာလေလေပါပဲ။အဲဒါတကယ် လက်တွေ့လုပ်ကြည့်မှပဲ သိမှာပါ။ချက်ချင်းတော့ ဖြစ်မလာဘူး။

တကယ်ကြိုးစားကြည့်တဲ့ အခါမှာ
သောကဖြစ်တဲ့စိတ် စိုးရိမ်တဲ့ စိတ်တွေ
တဖြည်းဖြည်းချင်း လျော့လာတယ်။
အေးချမ်းလာတယ်။
နောက်နေ့မှာ ကိုယ်လုပ်ရမယ့် ကိစ္စကို
ခေါင်းအေးအေးနဲ့ လုပ်နိုင်ပြီးတော့
ပြောစရာ ရှိတဲ့ ကိစ္စကိုလဲ အေးအေးဆေးဆေး ပြောနိုင်လာတယ်။

အရင်ကထက် ကိုယ့်ကိုယ်ကို
ယုံကြည့်မှု အများကြီးတိုးလာတယ်
စဉ်းစားရဲတယ် အေးအေး ဆေးဆေး
စဉ်းစားတယ် မျှမျှတတ စဉ်းစားတယ်
ဆုံးဖြတ်ရဲလာတယ်။

အရင်တုန်းက -
တခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင်
ငါဆုံးဖြတ်တာ မှန်ရဲ့လား ခြေတုန်ချတုန်
ဖြစ်ရတာနဲ့တင် နာရီပေါင်းများစွာ ကုန်သွားတာမျိုး မဖြစ်တော့ဘူး။

အခုတစ်ခုခုကို စဉ်းစားလိုက်ရင်ပဲ
ရှင်းရှင်းလင်းလင်း အေးအေးဆေးဆေး
စဉ်းစားပြီးတော့ ဆုံးဖြတ်လိုက်ရင်လဲ ခိုင်မာတဲ့ဆုံးဖြတ်ချက်ဖြစ်သွားတယ်ပြောစရာဆိုစရာရှိရင်လဲခေါင်းအေးအေး စိတ်အေးအေးနဲ့ပဲ ရှင်းပြလိုက်တယ်။

ဘယ်သူမှ -
သူတပါး အလိုက်အကို ရာခိုင်နှုန်းပြည့် လိုက်လုပ်မပေးနိုင်ဘူး။အဲဒီတော့ ကိုယ်ဘယ်လောက် ကြိုးစားကြိုးစားရာခိုင်နှုန်းပြည်တော့အလိုကျ မဖြစ်ဘူးလို့ သိလာတယ်။

သတိရှိတဲ့လူဟာ
ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိလာတယ်
သတ္တိလဲ ပိုရှိလာတယ် စိတ်ဓါတ်အင်အားတွေ
အသိဥာဏ် အင်းအားတွေ ပိုပိုပြီး တိုးတက်လာတယ် အားရှိလာတယ်။

အဲဒါကြောင့် ဒေါသဖြစ်တာနဲ့ -
ကိုယ်စိတ်ကို ကိုယ်ကြည့်ပြီး သိပြီး ချက်ချင်း
ငြိမ်းချမ်းအောင် အေးချမ်းအောင်နေသွားဖို့ပါပဲ ။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

27/08/2025

ကိုယ့်ကို နှိပ်စက်နေတာ သူများမဟုတ်ပါ
🌿💐🌿💐🌿💐🌿💐🌿💐🌿💐🌿
လောဘကြောင့် စိတ်ပင်ပန်းတယ် ၊ ဒေါသကြောင့် စိတ်ပင်ပန်းတယ် ၊ မာနကြောင့် စိတ်ပင်ပန်းတယ် ၊
ကိုယ့်ထက် သူများက သာသွားပြီ ။ ကိုယ်လိုချင်တဲ့ အခွင့်အရေးမျိုးကို ကိုယ်ကမရဘဲနဲ့ သူများရသွားပြီ ။ အဲ့ဒါတွေ တွေးတွေးပြီးတော့ အိပ်မပျော်တော့ဘူး ။ အင်မတန် စိတ်ဆင်းရဲရတယ် ။

မာနဖြစ်နေရင်လည်ုးပြိုင်ချင်တယ် ။ ယှဉ်ချင်တယ် ။ သားသမီးချင်းလည်း ပြိုင်လိုက်တာပဲ ။ လင်မယားချင်းလည်း ပြိုင်လိုက်တာပဲ ။ ငါ့ယောက်ျားက ဘယ်လိုတော်တာ ၊ ငါ့မိန်းမက ဘယ်လိုတော်တာ ၊ ငါ့သားသမီးက ဘယ်လိုတော်တာ ၊ နောက်ဆုံး ရောဂါချင်းတောင် ပြိုင်လိုက်သေးတယ် ။

ငါ့ရောဂါက မြန်မာပြည်ကဆေးနဲ့ မပျောက်ဘူး ။ ဂျာမနီကလာတဲ့ဆေးနဲ့မှ ရတာ ၊
ငါ့ရောဂါက အဆင့်အတန်းသိပ်မြင့်တယ် ။
ငါ့ရောဂါက တော်ရုံတန်ရုံဆရာ၀န်နဲ့ ပြလို့မရဘူး ။ ဘယ်နိုင်ငံက ဘွဲ့ရတဲ့ ပါရဂူကိုပြမှ ဖြစ်မှာ ဆိုပြီး ပြိုင်ချင် ကြွားချင်တဲ့ သဘောတွေက ဖြစ်တတ်တယ် ။
တော်ရုံတန်ရုံဆေးနဲ့ တော်ရုံတန်ရုံဆရာ၀န်နဲ့ ပျောက်သွားရင်ကိုပဲ သိပ်မကြိုက်ချင်ဘူး ။ စိတ်ရဲ့သဘာ၀က ဒီလိုပါပဲ ။တရားအားထုတ်ရင်တောင်မှ ရိပ်သာချင်း ပြိုင်တယ်။ တော်တော်ပြိုင်ချင်တဲ့ စိတ်ပဲ ။ အင်မတန်ဆန်ကြယ်တယ် ။

မာနကို အဓိပ္ပါယ်ပြန်နဲ့နေရာမှာ တချို့က ထောင်လွှားခြင်းလို့ အဓိပ္ပါယ်ပြန်တယ် ။ ထောင်လွှားခြင်းသက်သက် မဟုတ်ပါဘူး ။ သူနဲ့ငါနဲ့ဆိုတဲ့ ယှဉ်တဲ့သဘော ၊ နိုင်းယှဉ်တဲ့သဘော ၊ ပြိုင်တဲ့သဘောကလည်း မာနပဲ ။ သူတို့က ငါ့ထက်သာသွားပြီ ။ ငါတို့ကတော့ နိမ့်ကျတယ် ဆိုတာတွေဟာ မာနတွေပဲ ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ၊ မိမိနဲ့သူတစ်ပါးဖြစ်ဖြစ် ၊ မိမိပစ္စည်းနဲ့ သူတစ်ပါးပစ္စည်းဖြစ်ဖြစ် မိမိနဲ့ပတ်သက်နေတာတစ်ခုခုနဲ့ သူတစ်ပါးနဲ့ပတ်သက်နေတာတစ်ခုခု တစ်နည်းနည်းနဲ့ နှိုင်းယှဉ်လိုက်တာဟာ မာနပဲ ။
compare (နှိုင်းယှဉ်လိုက်တာ)လုပ်တာမာနပဲ၊

တကယ် အသိဥာဏ်ရင့်ကျက်တဲ့သူဟာ compare မလုပ်တော့ဘူး ။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပြီး ကိုယ့်ဟာကိုယ်အေးအေးဆေးဆေးနေသွားတာပဲ ။ သူများနဲ့နှိုင်းပြီး ပြိုင်တဲ့စိတ် မရှိတော့ဘူး ။

compare လုပ်တာ (နှိုင်းယှဉ်တာ) အင်မတန် ပင်ပန်းပါတယ် ။ ကိုယ့်စိတ်ထဲမှာ သတိထားကြည့်စမ်းပါ ။ တစ်နေ့တစ်နေ့ ဘယ်လောက် compare လုပ်နေသလဲဆိုတာ ။ ဒါတွေကို မြင်အောင် ကြည့်စမ်းပါ ။ ကိုယ့်ကို နှိပ်စက်နေတာ သူများမဟုတ်ဘူး ။ ကိုယ့်စိတ်ပဲ ။ အဲ့ဒါကို သေသေချာချာ လေးလေးနက်နက် သဘောပေါက်ဖို့လိုပါတယ် ။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
Credit :

🙏🏻ဝါဆိုသင်္ကန်းကပ်ပွဲ 🙏🏻 သို့ 🌹ကာလဒါန 🌹 🌷ကုသိုလ်အမျှ 🌷👉ရယူနိုင်ကြပါရန် ရင်းနှီးစွာ မေတ္တာဖြင့် ဖိတ်ကြားအပ်ပါသည်
30/07/2025

🙏🏻ဝါဆိုသင်္ကန်းကပ်ပွဲ 🙏🏻 သို့

🌹ကာလဒါန 🌹

🌷ကုသိုလ်အမျှ 🌷

👉ရယူနိုင်ကြပါရန် ရင်းနှီးစွာ မေတ္တာဖြင့် ဖိတ်ကြားအပ်ပါသည်

29/07/2025

လက်တွေ့ စမ်းသပ်ကြည့်ကြပါ
🪾🌴🪾🌴🪾🌴🪾🌴🪾🌴

ပစ္စည်းတစ်ခုခုကို ...
မိမိဘေးနားဝယ် စုပုံထားလျက်က
ငါ့ဖို့ ဟူ၍ လည်းကောင်း
ငါ့မယားဖို့ ငါ့သားဖို့ ဟူ၍ လည်းကောင်း
ကြံစည် စိတ်ကူးကြည့်လိုက်စမ်းပါ။

ထိုအကြံအစည်အတိုင်း
ဆုံးဖြတ်ပြီးသည်နှင့် တပြိုင်နက်
ထိုပစ္စည်းပုံကို သိမ်းပိုက်လိုသော ဆန္ဒ၊
တပ်မက်ငြိစွန်းသော ရာဂ၊
ချစ်ခြင်းပေမ နှင့် ယှဉ်သော
အကုသိုလ်စေတနာများ တဖွားဖွားပေါ်
ထွက်လာပါမည်။

လက်တွေ့ စမ်းသပ်ကြည့်ပါလေ။

တစ်ဖန် ........

ငါ့ပစ္စည်းမဟုတ်၊
ငါ့မယား၊ ငါ့သား စားသုံးရန်မဟုတ်။

အများဖို့ ဟူ၍ ....
ကြံစည်စိတ်ကူး စိတ်ကလေးများဖြင့်
ဆုံးဖြတ် ကြည့်လိုက်စမ်းပါ။

ထိုအခါ သိမ်းပိုက်လိုသော ဆန္ဒ
ကင်းကွာသွားသည်ကို လည်းကောင်း
တပ်မက်မှု ရာဂ ရှင်းသွားသည်ကို လည်းကောင်း
ချစ်ခြင်းပေမ ရှဲသွားသည်ကို လည်းကောင်း
ဒိဋ္ဌ ခံစားရပါမည်။

လက်တွေ့ စမ်းသပ်ကြည့်ပါ။

အာရုံပြု မှန်ကန်မှု ....
စေတနာထားတတ်မှုသည် ....
အရေးကြီးကြောင်း သဘောပေါက်ပါလေ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

28/07/2025

"ခေတ်မမီနဲ့ ခေတ်ဆန်ကြ"
❄️☘️❄️☘️❄️☘️❄️☘️
ဆုတ်ကပ်ဆိုတော့ ခေတ်ကအောက်ကိုလျှောပြီး မျောသွားနေတယ်။
ခေတ်ကိုမီပြီး ခေတ်နောက်လိုက်နေရင်တော့စုန်းစုန်းမြှုပ်မှာပဲ ။

ဒီတော့ခေတ်ကို ‌ဆန်တက်ရမှာ၊ခေတ်ဆန်တယ်ဆိုတာသူများမလုပ်တာကို လုပ်တာပဲ

သူများတွေ လောဘကြီးနေချိန်မှာတို့က လောဘမကြီးပဲနေကြ ။

သူများတွေ ဒေါသကြီးနေချိန်မှာတို့က မေတ္တာနဲ့ သည်းညည်းခံနေကြ ။

သူများတွေ မာနနဲ့ မသမာစိတ်နဲ့ လုပ်နေချိန်မှာတို့က သမာသမတ်နဲ့လုပ်ကြ ။

သူများတွေ နှမြောတွန့်တိုနေချိန်မှာတို့က ရက်ရက်ရောရောပေးကမ်းကြ ။

သူများတွေ မုသားဘယ်လောက်ပြောပြောတို့က မှန်တာပဲပြောကြ ။

သူများတွေအင်္ကျီအမဲကြီးဝတ်လာရင်ကိုယ်က ဖြူစင်ပြလိုက်
မင်းအင်္ကျီက မည်းညစ်ပေရေနေတာပဲလို့ ပြောမနေနဲ့
အဖြူ နဲ့ အမဲ ယှဉ်ပြလိုက်သူ့ဟာသူ သိလာပါလိမ့်မယ် ။

ခေတ်မီပြီး ရောလိုက်မနေနဲ့ခေတ်ကို ဆန်တက်ကြ ။

ဘယ့်နှယ်လဲ။ခေတ်မီ မှာလား.?ခေတ်ဆန် မှာလား ?

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Address

Shwe Oo Min Myittar Street
Bago
08016

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595169906

Website

Alerts

Be the first to know and let us send you an email when Shwe Oo Min Vimutti Sukha Forest Meditation Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Oo Min Vimutti Sukha Forest Meditation Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram