TNT Medical Online Shop, Bago

TNT Medical Online Shop, Bago Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TNT Medical Online Shop, Bago, Medical and health, Bago.

30/09/2022

ရန်ကုန်မှာတော့ မသိဘူး၊ နယ်မှာတော့ ဆေးခန်းလာပြရင် ဆေးမထိုးပေးလို့မရဘူးဗျ ။

ခဗျားတို့သိတဲ့အတိုင်းပဲ အ‌ထွေထွေရောဂါကုဆေးခန်းဆိုတာကလည်း ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ အသေးစားစီးပွားရေးလုပ်ငန်းလေးတစ်ခုပဲ ။ ကျွန်တော်တို့အနေနဲ့က လူတွေနေမကောင်းဖြစ်ရင် ပျောက်အောင်သက်သာအောင်ကုပေးရသလို တစ်ချိန်ထဲမှာပဲ အန္တရာယ်မရှိဘူးဆိုရင် လူနာအလိုကျ ( customer အလိုကျ) လိုက်လျောရတာလေးတွေလည်းရှိတယ် ။

လူနာအများစု ( အသက်ကြီး ၊ အတန်းပညာနှိမ့် ၊ ဆေးပညာဗဟုသုတနည်း ၊ ရွာမှာနေ ) က ဆေးထိုးမှ ပျောက်တယ်လို့ ယူဆကြတယ် ။ သူတို့တွေးတာက ဆရာဝန်ဆီလာတာ ဆေးထိုးချင်လို့ ၊ ဆေးသောက်ရုံပဲဆို ဆေးဆိုင်ပဲ သွားဝယ်မှာပေါ့ ။ ဆေးဆိုင်မှာ ဆေးဝယ်သောက်တာ မပျောက်လို့ ဆရာဝန်ဆီလာဆေးထိုးတာပေါ့။ အဲ့လိုတွေးတာ ။ ကိုယ်ကဆေးထိုးမပေးလိုက်ရင် placebo ဇောက်ထိုးရမယ်ထင်တယ် ။ ရောဂါကပျောက်လာရင်တောင် မပျောက်ဘူးထင်မယ် ။ နောက်ပြီး သူတို့က ဆရာဝန်စမ်းသပ်ခဆို သိပ်မပေးချင်ဘဲ ဆေးထိုးခလို့ပဲ သက်မှတ်ထားကြတယ် ။ ပညာကို တန်ဖိုးမထားတတ်တဲ့ society ဖြစ်နေတာလည်း ပါတယ် ။ ပညာအတွက် ပိုက်ဆံသိပ်မပေးချင်ကြဘူး ။

အခု ဒီဟာကို ဆန့်ကျင်ဖို့က လုံးဝကို မထိုးသင့်တဲ့ ကလေးတွေကို လုံးဝမထိုးပါကနေစနေရတယ် ။ ကလေးတင်ပါးကတော့ တကယ်ပြောတာ လုံးဝမထိုးသင့်ဘူး ထိုးလည်းမထိုးရဲဘူး ။ မကျေနပ်ရင် အခြားထိုးပေးတဲ့ဆရာဆီသွား ဒီလိုပဲပြောရတာ။ အခုတဖြည်းဖြည်းနဲ့အောင်မြင်လာတယ် ။ ဘာလို့ဆို ကလေးလူနာကနေရမယ့် ငွေကြေးထိခိုက်မှုကို ကျွန်တော်က ခံသင့်သလောက်ခံနိုင်တယ် ။ ကလေးမိဘအချို့ကလည်း ကလေးကိုဆေးမထိုးသင့်တာ အနည်းနဲ့အများ လက်ခံကြတယ် ။

အဲ့ လူကြီးတွေကို မလိုအပ်ဘဲဆေးမထိုးဖို့ကတော့ အဲ့ယဉ်ကျေးမှုက ချက်ချင်းပြောင်းဖို့မလွယ်သလို ခုနလို ဆေးမထိုးပေးလို့ ကိုယ့်ဆီလာမထိုးလို့ လူနာတွေ ဝုန်းဒိုင်းကျသွားတာကို ကိုယ်က မခံနိုင်ဘူး။ ဆေးကုတိုင်း အဲ့ကိစ္စ HE ပေးဖို့ကလည်း ထင်သလောက်မလွယ်ဘူးလေ ။ ဆရာတစ်ယောက်ဆို ဆေးမထိုး ဆေးခန်းဖွင့်ထားတယ်။ လုံးဝမထိုးဘူး။ သူ့ဆီလည်း သူ့မိတ်နဲ့သူ ပြုံကျနေတာပဲ။ ဒါပေမယ့် သူက ဘောစိဗျ ။ ငွေကြေးအတွက် ဆေးမကုဘူးဆိုတဲ့ အချိန်ရောက်လာရင် ကျွန်တော်လည်း အဲ့လိုလုပ်မယ် စိတ်ကူးတယ် ။ ဆေးလုံးဝမထိုးဘူးတော့မဟုတ်ဘူး ။ တော်ရုံမလိုအပ်ရင် လုံးဝမထိုးဘူးလို့ ငြင်းရဲတဲ့အခြေအနေမျိုးပေါ့ ။

အခုကတော့ မဖြစ်မနေဆန့်ကျင်သင့်တာကို ဆန့်ကျင်ပြီး ကိုယ့်စီးပွားရေးကို အများကြီးထိခိုက်နိုင်တာကိုတော့ မဆန့်ကျင်ရဲသေးဘူးလို့ပဲ ပြောရမှာပါပဲ ။ ဒီ ပို့စ်ကို ဖတ်တဲ့ မိတ်ဆွေတွေကတော့ ဖြစ်နိုင်ရင် မလိုအပ်ရင် ဆေးမထိုးပေးတာက ဘေးထွက်ဆိုးကျိုးပိုနည်းတယ်ဆိုတာကို သိစေချင်တယ် ။

အကြောဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေဆို ချက်ချင်း shock ဖြစ်တတ်တာ ၊ infection ဝင်တာတွေက ကြောက်စရာကောင်းတယ်။ အသားဆေးဆိုလည်း အကြောထိသွားပြီး ခြေမသန်စွမ်းဖြစ်တာ ၊ ပိုးဝင်ပြီး အနာရင်းလာတာ ၊ ခွဲစိတ်ပစ်ရတာ ၊ မလိုအပ်ဘဲ အသားနာတာ အဲ့လိုဟာတွေက ဖြစ်တတ်တယ် ။ အဲ့တော့ သောက်ဆေးလောက်နဲ့ပျောက်နိုင်မယ့် ရောဂါဆို ဆေးမထိုးတာ အကောင်းဆုံးပဲ ။

Credit to ဆရာဝန်ဖင်ရှည်

19/09/2022

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား

ဝမ်းချုပ်တာက နေ့စဉ်ဘဝရဲ့ ပုံမှန် လှုပ်ရှားမှုတွေအပေါ်မှာ တော်တော်လေး သက်ရောက်မှု ဖြစ်စေပါတယ်။ ဝမ်းချုပ်နေတဲ့အခါ မအီမသာဖြစ်နေတာကြောင့် အလုပ်ထဲမှာ အာရုံစိုက်ဖို့ ခက်တာ၊ ပင်ပန်းနေတာမျိုးတွေ ခံစားရပါတယ်။

ဒီလို ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းပါ်မှာ ရာခိုင်နှုန်း များစွာ သက်ရောက်နေတဲ့ အချက်တစ်ခုကတော့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေပါပဲ။ အစားအစာတိုင်းက ဝမ်းချုပ်စေတာ မဟုတ်ပေမယ့် အချို့သော အစားအစာတွေနဲ့ စားသောက်မှုပုံစံတွေက ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။

နေ့စဉ် စားသုံးမှုမှာ အပင်ကနေရရှိတဲ့ အမျှင်ဓာတ် ၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် ပါရှိမှ အူတွေက လှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ပြီး ဝမ်းချုပ်မှု ကင်းဝေးမှာပါ။ ဒါကြောင့် အစားစားတဲ့အခါ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်အောင် စားသုံးတာကလည်း ဝမ်းချုပ်တာကို ထိထိရောက်ရောက် ကာကွယ်တာပါပဲ။

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား ……..

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား ........

နေ့စဉ် စားသုံးမှုမှာ ပါဝင်နေနိုင်တဲ့ ဝမ်းချုပ်စေတဲ့ အစားအစာတွေ ရှိပါတယ်။ ဒါတွေကို သတိလက်လွတ် မစားမိစေဖို့ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို သေချာလေး ဖတ်ကြည့်ဖို့ လိုပါမယ်။

နို့ထွက်ပစ္စည်းတွေ

နို့ အပါအဝင် နို့ကနေ ထုတ်ထားတဲ့ ချိစ်၊ နို့ခဲ၊ ရေခဲမုန့် စတဲ့ အစားအစာတွေ အများကြီး စားသုံးတာက ဝမ်းချုပ်စေနိုင်ပါတယ်။ အကြောင်းကတော့ အဆီပါဝင်မှု များနေတာကြောင့်ပါ။ အဆီပါဝင်မှု များတဲ့ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားတာမျိုး ရှောင်ပါ။

အနီရောင် အသား

အနီရောင် အသားစားတိုင်း ဝမ်းချုပ်တယ်တော့ မဟုတ်ပါဘူး။ အနီရောင် အသားကို အများကြီး စားပြီး အမျှင်ဓာတ်ပါတဲ့ စားစရာတွေကို ထည့်သွင်းစားတာမျိုး မလုပ်တာက အချိန်ကြာလာတဲ့အခါ ဝမ်းချုပ်စေနိုင်တာပါ။ ဒါကြောင့် အနီရောင် အသားစားတဲ့အခါ အမျှင်ဓာတ်ပါတာလေးနဲ့ တွဲစားပေးဖို့ လိုပါမယ်။ ဥပမာ အရွက်ကြော်၊ အရွက်သုပ် တစ်ခုခုနဲ့ တွဲစားတာမျိုးပါ။

အာလူးကြော်

အသင့်စား အာလူးကြော်တွေက ကြွပ်ရွနေအောင် ဆီဝဝ ကြော်ထားတာတွေဖြစ်တာကြောင့် ဝမ်းချုပ်စေနိုင်ပါတယ်။ ဒီလို အာလူးကြော်တွေကို အများကြီး စားလိုက်မယ်ဆိုရင် ဝမ်းချုပ်တာကို ခံစားရမှာ ဖြစ်ပါတယ်။

အေးခဲထားတဲ့ အသင့်စား အစားအစာတွေ

အေးခဲထားတဲ့ အသင့်စား အစားအစာတွေက စားရတာ ခံတွင်းတွေ့တယ်။ ပြင်ဆင်ရတာ မြန်ဆန်လွယ်ကူတယ်ဆိုပေမယ့် သင့်ရဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် အေးခဲထားတဲ့ အသင့်စား အစားအစာတွေကို ဖြစ်နိုင်ရင် ရှောင်ပါ။

ငှက်ပျောသီး

အမျှင်ဓာတ် များတဲ့ အစားအစာတွေက ဝမ်းမှန်စေတာ မဟုတ်ဘူးလား။ ဒါဆို ငှက်ပျောသီးကို ဘာလို့ ဝမ်းချုပ်စေတယ်လို့ ပြောရတာလဲ။ ထူးဆန်းလိုက်တာလို့ တွေးနေပြီလား …..

မမှည့်သေးတဲ့ ငှက်ပျောသီးဆိုရင်တော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေလို့ အမျှင်ဓာတ်ရအောင် ငှက်ပျောသီးစားမယ်ဆို မှည့်နေတဲ့အသီးကို စားဖို့ လိုပါတယ်၊၊

ဆီကြော်စာတွေ

အကြော်၊ ကြက်ကြော်၊ အာလူးချောင်းကြော်လိုမျိုး ဆီများများနဲ့ ကြော်ထားတဲ့ အစားအစာတွေက စားရတာ တော်တော်လေး နှစ်ခြိုက်စရာ ကောင်းပေမယ့် အူနဲ့ အစာခြေစနစ်ကို ပင်ပန်းစေပါတယ်။

ဆီကြော်စာတွေ အစားများတာက အူတွေရဲ့ လှုပ်ရှားမှုကို ထိခိုက်စေပြီး ဝမ်းချုပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီအစားအစာတွေ စားရုံနဲ့ ဝမ်းချုပ်တော့မှာလား၊၊

နေ့စဉ်စားနေကျ အစားအစာတွေထဲမှာ ဒါတွေပါတာနဲ့ ဝမ်းချုပ်တာစေမှာ မဟုတ်ပါဘူး၊၊ နို့တို့၊ အာလူးကြော်တို့ဆိုတာ မကြာမကြာ စားနေကျ သွားရေစာတွေပဲလေ၊၊ ဒါပေမယ့် ဝမ်းချုပ်လို့လား၊၊

တကယ့်ပြဿနာက ဒီအစားအစာတွေ စားတာထက် အမျှင်ဓာတ်အစားနည်းတာပါ၊၊ ဥပမာ အသားစားမယ်၊ နို့သောက်မယ်၊၊ ဗိုက်ပြည့်သွားပြီး အသီးအရွက်တွေ အစားနည်းသွားမယ်ဆိုရင် ဝမ်းချုပ်လာနိုင်ပါတယ်၊၊ ဒါကြောင့် ဒီအစားအစာတွေ စားတဲ့နေ့ဆို အမျှင်ဓာတ်ကို သတိတရနဲ့ ပါအောင် စားပေးသင့်ပါတယ်၊၊ နောက်ဆုံးတော့ မျှတတဲ့ အာဟာရစားဖို့ကသာ လိုရင်း ဖြစ်ပါတယ်၊၊

ဝမ်းချုပ်စေတဲ့ အစားအစာတွေက
ဒါတွေက ဝမ်းချုပ်စေပါတယ်
နို့ထွက်ပစ္စည်းတွေ
အနီရောင် အသား
အာလူးကြော်
အေးခဲထားတဲ့ အသင့်စား အစားအစာတွေ
ငှက်ပျောသီး
ဆီကြော်စာတွေ
Credit to Hello Sayarwon

အကောင်းဆုံးကိုယ်ခံအားကိုရရှိစေဖို့VitaminC  500+ViataminD+Zincသုံးမျိုးပေါင်းစပ်ထားတဲ့အားဆေး ImmuC-Plusတစ်ကဒ် ၁၃၀၀ကျပ်ဇိ...
18/09/2022

အကောင်းဆုံးကိုယ်ခံအားကိုရရှိစေဖို့
VitaminC 500+ViataminD+Zinc
သုံးမျိုးပေါင်းစပ်ထားတဲ့အားဆေး ImmuC-Plus
တစ်ကဒ် ၁၃၀၀ကျပ်
ဇိုင်း/တောင် ၊ဇိုင်း/မြောက်၊အိုးလေးစု၊ပြည်တော်သာ ရပ်ကွက်တွေကမှာယူရင်ပို့ခ Freeပါ။အခြားရပ်ကွက်ကမှာယူရင် ပို့ခ၁၀၀၀ကျပ်။
09955264905ကိုဖုန်းဆက်ပြီးမှာယူနိုင်ပါတယ်။

ပဲခူးမြို့က မိတ်ဆွေများအတွက် ဆေးလိုအပ်ရင် သတိရလိုက်ပါ။မိမိလိုအပ်သောဆေးများကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်။(လက်လီသီးသန့်သာ)
08/09/2022

ပဲခူးမြို့က မိတ်ဆွေများအတွက် ဆေးလိုအပ်ရင် သတိရလိုက်ပါ။
မိမိလိုအပ်သောဆေးများကိုလည်းဆက်သွယ်မှာယူနိုင်ပါတယ်။
(လက်လီသီးသန့်သာ)

👍👍
08/09/2022

👍👍

ဆီးကျောက်ပျော်ဆေးနဲ့သည်းခြေကျောက်​ပျော်ဆေးရှားပါးလေးတွေတစ်ကဒ်၃၅၀၀ပဲခူးမြို့အတွင်း ပို့ခ1000အိမ်အရောက်ငွေချေ09955264905
08/09/2022

ဆီးကျောက်ပျော်ဆေးနဲ့သည်းခြေကျောက်​ပျော်ဆေးရှားပါးလေးတွေ
တစ်ကဒ်၃၅၀၀
ပဲခူးမြို့အတွင်း ပို့ခ1000
အိမ်အရောက်ငွေချေ
09955264905

Address

Bago

Website

Alerts

Be the first to know and let us send you an email when TNT Medical Online Shop, Bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram