06/11/2023
Dr မာမီ ရဲ့ အကြံပြုစာလေး Link လေးပါထည့်ပေးထားပါတယ်ရှင်
ကလေးနဲ့ ပါတ်သတ်တဲ့ ကျန်းမာရေး ဗဟုသုတအစုံကို Dr မာမီ Page မှာဝင်ရောက်လေ့လာကြပါနော်...
https://m.facebook.com/story.php?story_fbid=776754567798055&id=100063905567444&mibextid=2JQ9oc
ကလေးလေးတွေကို ၂လ ၃လနဲ့ ဖြည့်စွက်စာကျွေးလို့ရပြီလား?
•••••••••••••••••••••••••••••••••••••••••••••••••••••
နိုင်ငံခြားမှာဆို ၃လလောက်နဲ့ကျွေးတယ်ဆို?
•••••••••••••••••••••••••••••••••••••••••••••••••••
အဖြေ။ ။ မိခင်နို့(Breastmilk)မှာပါဝင်တဲ့ Protein, Fat, Glucose, Nutrients တွေဟာ ကလေးအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ formula milk တွေနဲ့ မိခင်နို့ဟာ အခြားဟာတွေပျမ်းမျှတူတယ်လို့ ပြောလို့ရပေမယ့် အဓိကကတော့ Colostrum (နို့ဦးရည်)မှာကွာခြားပါတယ်။
Colostrum မှာ ပါတဲ့ Immunoglobulin မျိုး , WBC လိုမျိုးက ဘယ် formula နို့မှုန့်ကမှမထည့်ပေးနိုင်ပါဘူး။ အလကားရတဲ့ နို့ဦးရည်မှာပါတဲ့ဓာတ်တွေကို ကောင်းလှပါတယ်ဆိုတဲ့ formula မှာ ဘယ်လိုမှမရနိုင်ပါဘူး။
ရေကတော့ မွေးကင်းစကလေးကို ရိုးရိုးရေပိုကို အခုထိ ဘယ်နိုင်ငံမှာမှ မတိုက်သင့်သေးဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကလည်း အခုထိ ခွင့်ပြုမထားပါဘူး။ မိခင်နို့တစ်မျိုးတည်းကိုသာ အသက်၆လအထိတိုက်ဖို့ပြောထားပါတယ်။
ဘာကြောင့်လဲဆိုတော့ မိခင်နို့မှာရေဓာတ်၈၀ရာခိုင်နှုန်းကျော်ပါလို့ဖြစ်ပါတယ်။ မိခင်နို့နဲ့မလောက်ရင် formula ကူခိုင်းတာကတော့ နိုင်ငံတကာမှာရှိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ကျန်းမာရေးအသိကတော့ သူများနိုင်ငံလောက်မထွန်းကားတဲ့အတွက် ကလေးမွေးပြီဆို အစကတည်းက မိခင်နို့တိုက်ဖို့ကိုမတွေးဘဲ နို့ဘူးကူဖို့ mindset နဲ့စတတ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကဆရာဝန်တွေက ပိုပြီး တင်းကြပ်ထားရတာမျိုးရှိပါတယ်။
ဒါ့အပြင် ဖြည့်စွက်စာကို ၆လမှကျွေးခိုင်းခြင်းဟာ ပျမ်းမျှကို တွက်ချက်ပြီး ပြောထားရတာဖြစ်ပါတယ်။ ၆လအထိ မိခင်နို့တစ်မျိုးတည်းက လုံလောက်ပါတယ်။ မိခင်က အာဟာရပြည့်ဝစွာစားသောက်နေဖို့သာလိုပါတယ်။
တချို့အခြေအနေများမှာ ၄လ-၅လစသဖြင့် စောကျွေးရတာတွေရှိတတ်ပါတယ်။ ဒါပေမယ့် ဒီတိုင်း ဘေးအိမ်ကအန်တီကြီးကပြောလို့ လိုက်ကျွေးရတာမျိုးမဟုတ်ပါဘူး။
❗ဆရာဝန်နဲ့တိုင်ပင်အပြီးမှာ ကလေးက ၆လမပြည့်သော်လည်း ခေါင်းခိုင်နေခြင်း၊ အာဟာရလိုအပ်ချက်ရှိနေခြင်း၊ တခြားသော ဖြည့်စွက်စာစားဖို့ အဆင်သင့်ဖြစ်သောလက္ခဏာများပြည့်စုံနေခြင်းအပြင် ကျန်းမာရေးအခြေအနေတွေကိုပါထည့်တွက်ပြီးမှ စောကျွေးလို့ရပါတယ်။
ဖြည့်စွက်စာကို ၆လမှစကျွေးလို့ လုံးဝနောက်မကျပါဘူး။ ကျန်းမာရေးအသိသေချာမရှိဘဲ စောကျွေးမှသာ ကလေးမှာပြဿနာဖြစ်နိုင်တာပါ။ အူပိတ်နိုင်တယ်၊ ဝမ်းပျက်နိုင်ပါတယ်။
မိခင်နို့သည် ရွှေပါ။
ထမင်းဆိုတာ ကျွန်မတို့နောက်ပိုင်းမှာ တစ်သက်လုံးစားရမယ့်အရာပါ။ မိခင်နို့ကိုတော့ တသက်လုံးစို့နိုင်ဖို့ အခွင့်အရေးမရှိပါဘူး။ ဒါကြောင့် ဖြည့်စွက်စာကို ဆရာဝန်များနဲ့ဆွေးနွေးထားခြင်းမရှိဘဲ အဆောတလျင်မကျွေးဖို့ပဲ remind လုပ်ချင်ပါတယ်ရှင်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
Dr.မာမီ