ဆရာလေးခေမာရံသီ " သုညတဓမ္မရံသီတရားရိပ်သာ "

  • Home
  • Myanmar
  • Bago
  • ဆရာလေးခေမာရံသီ " သုညတဓမ္မရံသီတရားရိပ်သာ "

ဆရာလေးခေမာရံသီ " သုညတဓမ္မရံသီတရားရိပ်သာ " ဆရာလေးခေမာရံသီ ဦးစီးတည်ထောင်ထားပြီး အမြဲတမ်းဖွင့်သည့်ရိပ်သာ ဖြစ်ပါသည်။☎ 09773989842..

💥 ဖြစ်ပြီးပျက်တဲ့ ရုပ်နာမ်မှ မဖြစ်မပျက်တဲ့ နိဗ္ဗာန်သို့ 💥 #ဖြစ်ပျက်သမျှရုပ်နာမ် သဘောတိုင်းကို စွန့်နိုင်တဲ့ ဉာဏ်ဖြစ်ဖို့...
30/04/2026

💥 ဖြစ်ပြီးပျက်တဲ့ ရုပ်နာမ်မှ မဖြစ်မပျက်တဲ့ နိဗ္ဗာန်သို့ 💥

#ဖြစ်ပျက်သမျှရုပ်နာမ် သဘောတိုင်းကို စွန့်နိုင်တဲ့ ဉာဏ်ဖြစ်ဖို့အတွက်
မရှိတော့မှု / ချုပ်ပျောက်မှုဘက် ဇောင်းပေးပြီး ကြည့်ရသလို

မရှိတော့မှန်း / ပျက်မှန်း သိနေတဲ့ အသိကိုယ်၌ရဲ့ ထပ်မရှိမှု / ထပ်ချုပ်ပျောက်မှု ဘက်ကိုလည်း ထပ်ဇောင်းပေးပြီးတော့
အသိ - အသိချင်း၊ ဉာဏ် - ဉာဏ်ချင်းကိုပါ မကျန်
အသိရဲ့ မရှိတော့မှု / ချုပ်ပျောက်မှုဘက်ကို ဇောင်းပေးပြီး ကြည့်သွားနိုင်ရတယ်။

#အသိကို စွန့်နေတဲ့အသိပဲ ဖြစ်နေရတယ်။

အသိကို စွန့်နေတဲ့အသိပဲ ဖြစ်ခွင့်ပေးတော့တယ်.. ဆိုတဲ့ အခြေအနေ အထိ ဦးတည်နိုင်ရတယ်။

#အသိကိုစွန့်တဲ့ အသိဆိုတာက အသိရဲ့ မရှိတော့မှု / အသိရဲ့ ချုပ်ပျောက်မှုဘက်ကို ဇောင်းပေးပြီး သိတဲ့ အသိကို ပြောတာပေါ့။

#အသိကို ဆုပ်ကိုင်တဲ့ အသိ မဟုတ်ဘူး။

#သိတာလေးတော့ ရှိရမှာပေါ့ ဆိုပြီး ဆုပ်ကိုင်ထားရင်
ဒီ ဖြစ်ပြီးပျက်တဲ့ အသိကို မစွန့်နိုင်တဲ့ အတွက်ကြောင့်

မဖြစ်မပျက်တဲ့ နိဗ္ဗာန်ဘက်ကို လှည့်တဲ့ဉာဏ် မဖြစ်နိုင်တော့ဘူးပေါ့။

#အဲ့ဒီအတွက်ကြောင့် အသိရဲ့ မရှိတော့မှု / အသိရဲ့ ချုပ်ပျောက်မှုဘက်ကို ဇောင်းပေးပြီး အသိကို စွန့်နေတဲ့အသိ ဖြစ်တဲ့အထိ ဦးတည်နိုင်ရမယ်။

ဆရာလေး ခေမာရံသီ

" ရုပ်နာမ်ကို စွန့်ခွာတဲ့ နိဗ္ဗာန်ဘက်ကို လှည့်တဲ့ဉာဏ် "
တရားတော်မှ ကောက်နှုတ်ထားပါသည်။

☎ 09773989842.. 09781872727..

🍒 သုညတဓမ္မရံသီ တရားရိပ်သာ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍ သီလရှင်ဆရာကြီး ဆရာလေးများမှ *ပုဇွန်တောင်မြို့နယ် နှင...
27/04/2026

🍒 သုညတဓမ္မရံသီ တရားရိပ်သာ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သီလရှင်ဆရာကြီး ဆရာလေးများမှ

*ပုဇွန်တောင်မြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ်
*လှိုင်မြို့နယ် သို့

ဆွမ်းဆန်စိမ်း အလှူခံကြွရောက်ခြင်း ကုသိုလ်မှတ်တမ်းများ

🙏 ရရှိလာသည့်အလှူပစ္စည်းများ နှင့် ဝတ္ထုငွေ တို့အား

~ အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ်ရှိ
သုညတဓမ္မရံသီ တရားရိပ်သာတွင် သီတင်းသုံးနေထိုင်၍ သံသရာမှလွတ်မြောက်ကြောင်း
တရားဘာဝနာ အားထုတ်နေကြကုန်သော
သံဃာ၊ သီလရှင်၊ ယောဂီများအတွက် နှင့်

~ ယခုကာလအတွင်း စားဝတ်နေရေးအလွန်ခက်ခဲနေကြသောရပ်ကွက်များသို့ အစားအသောက်များတတ်အားသရွေ့ ပြန်လည်ဖြန့်ဝေ
လှူဒါန်းသွားမည် ဖြစ်ပါသည်။

🙏 ဤကဲ့သို့ သာသနာတော်ကို ထောက်ပံသလို ၊
လိုအပ်သူများအား ပြန်လည် လှူဒါန်းနိုင်ရေးအတွက် လှူဒါန်းသော ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့်

ဆွမ်းဆန်စိမ်း အလှူရှင်များသည်
သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍
အေးငြိမ်းချမ်းသာ ရှိကြပါစေ။
အစစအရာရာ အဆင်ပြေကြပါစေ။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်အတွက်အားကြီးသော အထောက်အပံကောင်းများ ဖြစ်ကြပါစေ။ 🙏

~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842..09781872727..

💞 ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းမှ လွတ်​မြောက်ကြပါစေ 💞💗 ဆရာလေးခေမာရံသီမှ ဦးဆောင်၍ ဆွမ်းဆန်စိမ်း အလှူရှင်များ၏ စုပေါင်းအလှူ...
24/04/2026

💞 ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းမှ လွတ်​မြောက်ကြပါစေ 💞

💗 ဆရာလေးခေမာရံသီမှ ဦးဆောင်၍ ဆွမ်းဆန်စိမ်း အလှူရှင်များ၏ စုပေါင်းအလှူများဖြင့်

~ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ၆၁ ရပ်ကွက် ၊ အဝေရာ ၁ လမ်း တွင်

#၅၆သိန်း ကျပ် တန်ဖိုးရှိ

~ ဆန်ပြည် * ၃၀၀

~ကြက် ဥအလုံး * ၃၀၀၀

~ ငါးခြောက် အထုတ် * ၃၀၀

~ ဘူးသီး အစိတ် * ၃၅၀

~ ချဉ်ပေါင် အစီး * ၃၀၀

~ ထမင်း နှင့် ကြက်သား ကုလားပဲဟင်း ဘူး * ၃၅၀

~ အလှူငွေများ နှင့်

~ ဘုရားပုံတော် တို့အား

သွား‌ရောက်၍ လှူဒါန်းခြင်း ကုသိုလ်မှတ်တမ်းများအား အများဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။

💛 ဆရာလေးခေမာရံသီ မှ ဦးဆောင်၍ ကိုဗစ်ကာလ စတင်ကတည်းက ၂ ပတ်လျှင်
၁ ကြိမ်နှုန်းဖြင့် ဆက်တိုက်လှူဒါန်းလျက် ရှိရာ
ရှေ့ဆက်ပြီးလည်း စာဝတ်နေရေး ခက်ခဲသော နေရာများ ရွေးချယ်၍
အာဟာရများဆက်တိုက် ကူညီလှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ပါသောကြောင့်
ကုသိုလ်ဖြစ် သတင်းပေးနိုင်ပါသည်။

🙏 စုပေါင်းပါဝင် လှူဒါန်းပေးကြသော ဆွမ်းဆန်စိမ်း ကုသိုလ်ရှင်များသည် သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာ၍ ကောင်းကျိုး လိုအင်ဟူသမျှ
ပြည့်ဝကြပါစေ။

ကပ်ကြီးသုံးပါးမှ လွတ်မြောက်ကြပါစေ။

မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်အတွက် အားကြီးသော အထောက်အပံ့ကောင်းများ ဖြစ်ကြပါစေ။

ဘေးအန္တရာယ်အပေါင်း မှ ကင်းဝေး၍ အေးငြိမ်းချမ်းသာ ရှိကြပါစေ။ 🙏

~~~ သာဓု သာဓု သာဓု ~~~

~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842..09781872727..

22/04/2026

“22.4.2026. ”

လှိုင် ဆွမ်းတန်း

သုညတဓမ္မရံသီ တရားရိပ်သာ ဦးစီးပဓာန နာယက
ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သီလရှင်ဆရာကြီး ဆရာလေးများ

လှိုင်မြို့နယ် သို့

ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ခြင်း

- Posted by သုညတဓမ္မရံသီတရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ ခြင်း

☎ 09773989842.

🙏 တရားထိုင် ဓမ္မာရုံကြီးအတွက် အလူမီနီယံမှန်တံခါးတပ်ဆင်ရန် ( သိန်း ၁၃၉၀ ) ရည်စူး အလှူတော် 🙏🏟 ရက်တို / ရက်ရှည် အချိန်မရွေး...
22/04/2026

🙏 တရားထိုင် ဓမ္မာရုံကြီးအတွက် အလူမီနီယံမှန်တံခါးတပ်ဆင်ရန် ( သိန်း ၁၃၉၀ ) ရည်စူး အလှူတော် 🙏

🏟 ရက်တို / ရက်ရှည် အချိန်မရွေးဝင်ရောက် အားထုတ်နိုင်သည့်
သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော် ) တွင်
ယောဂီဦးရေ * ၂၀၀၀ * ဆံ့သည့်

စတုရန်းပေ စုစုပေါင်း * ၄ သောင်း * ရှိ

တရားထိုင် ဓမ္မာရုံကြီး တည်ဆောက်လျက်ရှိရာ

🎀 ဖခင် ဦးစံထွန်း (ခ) ဦးသိန်းလွင် + မိခင် ဒေါ်ဌေး
တို့အားရည်စူး၍

သမီး မကြည်ကြည်သိန်း ၊ မဇင်ဇင်ဌေး
မြေး မလင်းရတနာတိုး
မိသားစု မှ

#အလူမီနီယံမှန်တံခါးတပ်ဆင်ရန်အလှူငွေ = သိန်း ၁၃၉၀ ကျပ် ( သိန်း တစ်ထောင့် သုံးရာ့ ကိုးဆယ် ကျပ် )

လှူဒါန်းထားပါသည်။

~ သံသရာမှလွတ်မြောက်ကြောင်း တရားဘာဝနာအားထုတ်ကြမည့် ယောဂီသူတော်စင် တို့သည်
ဤဓမ္မာရုံကျောင်းတော်ကြီးတွင် မှီ၍ အဖိုးမဖြတ်နိုင်သော အသိဉာဏ်များရနိုင်ရန် အားထုတ်ကြမည်ဖြစ်သောကြောင့်

ကျောင်းအလှူကို လှူဒါန်းခြင်းသည်
ဤကျောင်းကို မှီ၍ တရားအားထုတ်သူများအား
အပူအအေးဒဏ်မှ ကာကွယ်ပေးခြင်း၊
မှက်၊ ခြင်၊ ယင် နှင့် အဆိပ်ရှိသော သတ္တဝါ ဘေးရန်တို့မှ ကာကွယ်ပေးခြင်း ဖြစ်သည့်အတွက် အသက်ကို ပေးလှူခြင်းမည်၏။

ရာသီဥတု သပ္ပါယမျှတစေသဖြင့် စိတ်ကြည်လင်ပြီး ဉာဏ်ပညာဖြစ်လွယ်စေသောကြောင့် အသိဉာဏ်ကို လှူဒါန်းခြင်းလည်းမည်ပါ၏။

ဤ​ကျောင်းကိုမှီ၍ ပြုလုပ်သမျှ ကုသိုလ်တိုင်းအတွက် အထောက်အပံ့ပြုပေးခြင်း ဖြစ်သည့်အတွက်ကြောင့် အရာရာကို လှူခြင်း၊
ကျောင်းမပျက်စီးမချင်း တည်တံ့သောကုသိုလ်ဖြစ်သည့်အတွက်ကြောင့် ထာဝရ ဒါန မည်ပါ၏။

🙏🏻 ဤသို့ပြုလုပ်ရသော ကုသိုလ်ကောင်းမှုအစုစုကြောင့်

သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာပြီး
ကောင်းကျိုးလိုအင်ဟူသမျှ ပြည့်ဝကြပါစေ။

ဘေးရန်အန္တရာယ်အပေါင်းနှင့် ဆင်းရဲခြင်းဟူသမျှမှ ကင်းဝေး၍
အသိဉာဏ်ပညာများ ထက်မြက်ကြပါစေ။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်အတွက် အားကြီးသောအထောက်အပံကောင်းများ ဖြစ်ကြပါစေ။ 🙏🏻

🙏 ကွယ်လွန်သူများသည်လည်း ကုသိုလ်ကောင်းမှုများ ထပ်တူရရှိကာ
ဘဝအဆင့်ဆင့်မြင့်သထက်မြင့်၍သံသရာမှလွတ်မြောက်ကြောင်းတရားမှန်ကိုဘဝတိုတိုဖြင့်သိရှိနားလည် လွယ်နိုင်ကြပါစေ။ 🙏

~ သာဓု သာဓု သာဓု ~

🛑 သုညတဓမ္မရံသီ တရားရိပ်သာသည် အမြဲတမ်း ဖွင့်သည့်ရိပ်သာဖြစ်သည့်အတွက်
သံဃာ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများ
ရက်တို / ရက်ရှည် အချိန်မရွေး တရားစခန်းဝင်၍ အားထုတ်နိုင်ပါသည်။

🏡 သုညတဓမ္မရံသီ တရားရိပ်သာ

သာယာကုန်းရပ်ကွက်၊ ဝန်းဘော်ဒတ်ကွင်း၊ အင်းတကော်မြို့။ အိုးဝေဥယျာဉ်ခြံအနီး၊
ရန်ကုန်မှ ပဲခူးလာလျှင် ရန်ကုန်-ပဲခူးကား စီးပြီး အင်းတကော်မြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်အကျော်၊ အိုးဝေဥယျာဉ်ခြံ လမ်းထိပ်မှတ်တိုင်မှာ ဆင်းရပါတယ်။

ရန်ကုန်-ပဲခူးကားများက သင်္ဃန်းကျွန်းဇဝန အနီးမှ ဂိတ်စထွက်ကြပါတယ်။
ဆူးလေမှ ထောက်ကြန့်သို့စီးပြီး ထောက်ကြန့်မှ ပဲခူးကားပြောင်းစီရင်လည်း ရပါတယ်။

🛑ဆရာလေးခေမာရံသီ ဟောကြားသော တရားတော်များ နာယူလိုပါက

- ဆရာလေးခေမာရံသီ " သုညတဓမ္မရံသီတရားရိပ်သာ "

- ဆရာလေးခေမာရံသီ Khema Ranthi

- ဆရာလေးခေမာရံသီ " သုညတဓမ္မရံသီတရားရိပ်သာ "

များတွင် နာယူနိုင်ပါသည်။

🛑 သုညတဓမ္မရံသီ တရားရိပ်သာအတွက် ပါဝင်လှူဒါန်းလိုပါက အောက်ပါ ဘဏ်အကောင့်များသို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
#အောက်ပါဘဏ်အကောင့်နှင့် Kpay သာ အသုံးပြုပါသည်။ ⬇

Bank - 248 301 248 010 39901 ( Old account)
091 511 248 010 39901 ( Special account )

Account Holder Name - Khema Ranthi

Bank - 200 188 606 95 ( Old account )
400 293 859 22 ( Special account )

Account Holder Name - Khema Ranthi

Bank - 0104 6001 0007 2206 ( Old account )
0109 6009 0000 0418 ( Special account )

Account Holder Name - Khema Ranthi

- 09773989842 ( Khema Ranthi )

money - 09773989842 ( Khema Ranthi )

🛑 Bank Account Name: " Khema Ranthi "
< ဆရာလေး ခေမာရံသီ ၏ အမည်မှန် မမှန် သတိပြုပါရန် >

- Posted by သုညတဓမ္မရံသီတရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842.. 09781872727..

20/04/2026

" 20.4.2026. ”
❤️ သုညတဓမ္မရံသီ တရားရိပ်သာ ဦးစီးပဓာနနယက
ဆရာလေးခေမာရံသီမှ ဦးဆောင်၍ ဆွမ်းဆန်စိမ်းအလှူရှင်များ၏ စုပေါင်းအလှူများဖြင့်

~ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ၆၁ ရပ်ကွက် ၊ အဝေရာ ၁ လမ်း တွင်

#၅၆သိန်း ကျပ် တန်ဖိုးရှိ

~ ဆန်ပြည် * ၃၀၀

~ကြက် ဥအလုံး * ၃၀၀၀

~ ငါးခြောက် အထုတ် * ၃၀၀

~ ဘူးသီး အစိတ် * ၃၅၀

~ ချဉ်ပေါင် အစီး * ၃၀၀

~ ထမင်း နှင့် ကြက်သား ကုလားပဲဟင်း ဘူး * ၃၅၀

~ အလှူငွေများ နှင့်

~ ဘုရားပုံတော် တို့အား

ပြန်လည်လှူဒါန်းခြင်း

- Posted by သုညတဓမ္မရံသီတရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842..09781872727..

💌 - " 21.4.2026.” တွင် ပုဇွန်တောင်မြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ်      - "22.4.2026" တွင် လှိုင်မြို့နယ် သို့        ...
20/04/2026

💌 - " 21.4.2026.” တွင် ပုဇွန်တောင်မြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ်
- "22.4.2026" တွင် လှိုင်မြို့နယ် သို့

ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ပါမည် 💌

🌹 သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော် နှင့်
မှော်ဘီ )
ဦးစီးပဓာနနာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သီလရှင်ဆရာကြီး ၊ ဆရာလေး

🛑 အပါး ၈၀ ကျော် မှ

ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါသည်။

~ သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ် ) တွင် သီတင်းသုံးနေထိုင်၍
သံသရာမှလွတ်မြောက်ကြောင်း တရားဘာဝနာ အားထုတ်နေကြကုန်သော
သံဃာ​တော်များ၊ သီလရှင်များ၊ ယောဂီများအတွက်နှင့်

~ ယခုကဲ့သို့ကြပ်တည်းသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲအလွန်ဖြစ်ကြသော ရပ်ကွက်များသို့ အစားအသောက်များ တတ်အားသရွေ့ ပြန်လည်လှူဒါန်းကူညီနိုင်ရန်အတွက်

ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သုညတဓမ္မရံသီ တရားရိပ်သာမှ သီလရှင် ဆရာကြီး၊ ဆရာလေးများ

ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါ၍
မိမိတို့လောင်းလှူလိုသော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ကိုယ်တိုင်ကိုယ်ကျ လောင်းလှူနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

🙏 ဓမ္မမိတ်ဆွေ ကုသိုလ်ရှင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ 🙏

📆 ဆွမ်းခံကြွရောက်မည့်​ နေ့ရက်၊ နေရာ နှင့် အချိန် ~

🌸 “ 21.4.2026. “ ရက်နေ့တွင်

#ပုဇွန်တောင်မြို့နယ် နှင့် ဗိုလ်တထောင်မြို့နယ် အတွင်းရှိ

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၄၉လမ်းထောင့်ရှိ ရေ​ကျော်​စျေးမှ စတင်၍..
အိမ်ကြီးလမ်း၊ သဇင်လမ်း၊ နှင်းပန်းလမ်း၊ ရေ​ကျော်လမ်း၊
ဦး​ရွှေဂွန်းလမ်း၊ ဦးဝိဇ္ဇာလမ်း၊ လိပ်ကန်လမ်း၊ ရွှေဘုန်းပွင့်ဘုရားလမ်း၊ အိုးဖိုလမ်း၊ ကွက်သစ်လမ်း၊ မဟာ​ဘောဂလမ်း၊ မဟာသုခလမ်း၊ ကျီ​တော်လမ်း၊ ဓမ္မသုခလမ်း၊ မဟာ​ဇေယျလမ်း၊ မောင်းတံလမ်း၊ ဝတ်​ကျောင်းလမ်း၊ ယုဇနလမ်း၊ ဇီဇဝါလမ်း၊ ဒေါနလမ်း၊ စပါယ်လမ်း၊ ခေါင်ရမ်းလမ်း၊ မြောင်းကြီးလမ်း၊ ၄၅, ၄၆, ၄၇, ၄၈, ၄၉, ၅၀, ၅၁, ၅၂လမ်း များသို့

နေ့လည် ၂ နာရီ မှ ၆ နာရီ ခွဲ အထိ အစဥ်လိုက်အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။

🌸 " 22.4.2026. “ ရက်နေ့တွင်

#လှိုင်မြို့နယ်အတွင်းရှိ

သံလမ်း(အင်းစိန်လမ်း) မှ စတင်၍ ကျောင်းကုန်း(၂,၃)လမ်း၊ မယ်ဇီကုန်းလမ်း၊
မြကန်သာလမ်း၊ ခ​ရေ(၁,၂,၃,၄)လမ်း၊ မြနန္ဒာလမ်း၊ ငုဝါ(၂)လမ်း၊ အေးရိပ်မွန်(၁)လမ်း၊ လှိုင်မြစ်လမ်း၊ အေးရိပ်မွန်(၃,၄)လမ်း၊ သီရိ(၁၁,၁၀,၉,၈,၆,၅,၄,၃,၂)လမ်း၊ သီရိလမ်း၊ မြရတနာလမ်း၊ အေးရိပ်မွန်(၉,၈,၇)လမ်း၊ ငုဝါလမ်း၊ လှိုင်ဘူတာရုံလမ်း၊ ပိ​တောက်ရွှေဝါ(၃,၂,၁)လမ်း၊ မြတ်​လေးရုံလမ်း၊ စိတ္တသုခလမ်း၊ အင်းစိန်လမ်း၊ သုခလမ်း၊ လမ်း(၅၀)၊ သီရိမင်္ဂလာလမ်း၊ (၅၁,၅၂)လမ်း၊ ဦးချိုလမ်း၊ (၅၈,၅၉,၆၀)လမ်း၊ မယ်ဇီကုန်းလမ်း၊ သရက်မြိုင်လမ်း များသို့

နေ့လည် ၂ နာရီ မှ ၆ နာရီခွဲထိ အစဥ်လိုက်အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။

🛑 မှတ်ချက် ~ ဆရာလေးခေမာရံသီ ဟောကြားထားသော တရားတော်များ ပါဝင်သည့် တရား sd card နှင့် စာအုပ်များအလှူခံလိုပါက
ယခုဆွမ်းတန်းများသို့ လာရောက် ယူနိုင်ပါသည် ။

🛑 သုညတဓမ္မရံသီ တရားရိပ်သာ သည် အမြဲတမ်း ဖွင့်သည့်ရိပ်သာဖြစ်သည့်အတွက်
သံဃာ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများ
ရက်တို / ရက်ရှည် အချိန်မရွေး တရားစခန်းဝင်၍ အားထုတ်နိုင်ပါသည်။

~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ ဖုန်းနံပါတ် ~ 09773989842..

🍓 သုညတဓမ္မရံသီ တရားရိပ်သာ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍ သီလရှင်ဆရာကြီး ဆရာလေးများမှ *ကမာရွတ်မြို့နယ် နှင့် လ...
19/04/2026

🍓 သုညတဓမ္မရံသီ တရားရိပ်သာ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သီလရှင်ဆရာကြီး ဆရာလေးများမှ

*ကမာရွတ်မြို့နယ် နှင့် လှိုင်မြို့နယ်
*တောင်ဥက္ကလာပမြို့နယ် သို့

ဆွမ်းဆန်စိမ်း အလှူခံကြွရောက်ခြင်း ကုသိုလ်မှတ်တမ်းများ

🙏 ရရှိလာသည့်အလှူပစ္စည်းများနှင့် ဝတ္ထုငွေ တို့အား

~ အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ်ရှိ
သုညတဓမ္မရံသီ တရားရိပ်သာတွင် သီတင်းသုံးနေထိုင်၍ သံသရာမှလွတ်မြောက်ကြောင်း
တရားဘာဝနာ အားထုတ်နေကြကုန်သော
သံဃာ၊ သီလရှင်၊ ယောဂီများအတွက် နှင့်

~ ယခုကာလအတွင်း စားဝတ်နေရေးအလွန်ခက်ခဲနေကြသောရပ်ကွက်များသို့ အစားအသောက်များတတ်အားသရွေ့ ပြန်လည်ဖြန့်ဝေ
လှူဒါန်းသွားမည် ဖြစ်ပါသည်။

🙏 ဤကဲ့သို့ သာသနာတော်ကို ထောက်ပံသလို ၊
လိုအပ်သူများအား ပြန်လည် လှူဒါန်းနိုင်ရေးအတွက် လှူဒါန်းသော ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့်

ဆွမ်းဆန်စိမ်း အလှူရှင်များသည်
သက်ရှည်၊ ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍
အေးငြိမ်းချမ်းသာ ရှိကြပါစေ။
အစစအရာရာ အဆင်ပြေကြပါစေ။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်အတွက်အားကြီးသော အထောက်အပံကောင်းများ ဖြစ်ကြပါစေ။ 🙏

~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842..09781872727..

fans

🌼 ဆရာလေးခေမာရံသီ ၏ သုညတဓမ္မရံသီ တရားရိပ်သာ( အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ် ) တွင်ကျင်းပပြုလုပ်သော သင်္ကြန် ၇ ရက...
18/04/2026

🌼 ဆရာလေးခေမာရံသီ ၏ သုညတဓမ္မရံသီ တရားရိပ်သာ
( အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ် ) တွင်
ကျင်းပပြုလုပ်သော

သင်္ကြန် ၇ ရက် အထူးတရားစခန်းပွဲ ကုသိုလ်မှတ်တမ်းများ

🙏 ရိပ်သာနှစ်ခုပေါင်း ယောဂီဦးရေ * ၁၆၀၀ * ဝန်းကျင် လက်ခံကျင်းပခဲ့ပါသည်။ 🙏

🛑 သုညတဓမ္မရံသီ တရားရိပ်သာသည် အမြဲတမ်း ဖွင့်သည့်ရိပ်သာဖြစ်သည့်အတွက်
သံဃာ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများ
ရက်တို / ရက်ရှည် အချိန်မရွေး တရားစခန်းဝင်၍ အားထုတ်နိုင်ပါသည်။

သင်္ကြန်အထူးစခန်းပွဲမှ လွဲ၍ စာရင်းကြိုပေးစရာ မလိုပါ။

🏡 သုညတဓမ္မရံသီ တရားရိပ်သာ

သာယာကုန်းရပ်ကွက်၊ ဝန်းဘော်ဒတ်ကွင်း၊ အင်းတကော်မြို့။ အိုးဝေဥယျာဉ်ခြံအနီး၊
ရန်ကုန်မှ ပဲခူးလာလျှင် ရန်ကုန်-ပဲခူးကား စီးပြီး အင်းတကော်မြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်အကျော်၊ အိုးဝေဥယျာဉ်ခြံ လမ်းထိပ်မှတ်တိုင်မှာ ဆင်းရပါတယ်။

ရန်ကုန်-ပဲခူးကားများက သင်္ဃန်းကျွန်းဇဝန အနီးမှ ဂိတ်စထွက်ကြပါတယ်။
ဆူးလေမှ ထောက်ကြန့်သို့စီးပြီး ထောက်ကြန့်မှ ပဲခူးကားပြောင်းစီရင်လည်း ရပါတယ်။

~ ရန်ကုန်မှလာလျှင် ကား ၁ နာရီ ကျော်ကျော် စီးရပါမည်။

- Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842.. 09781872727..

17/04/2026

"17.4.2026.” Dhamma Live သင်္ကြန် ၇ရက် အထူးစခန်း နောက်ဆုံးနေ့

ဆရာလေးခေမာရံသီ၏ သုညတဓမ္မရံသီ တရားရိပ်သာ

( အင်းတကော်မြို့နယ်နှင့် မှော်ဘီမြို့နယ် ) တွင် ပြုလုပ်သော
သင်္ကြန် ၇ရက် အထူးစခန်း နောက်ဆုံးနေ့

🌼🌼 ဆရာလေးခေမာရံသီ၏ သင်္ကြန်အထူးစခန်းပွဲ အား

📆 "11.4.2026." မှ "17.4.2026." အထိ
၇ ရက်

🕣 မနက် 8:30 am မှ 10:00 am 🕙
🕜 နေ့လည် 1:30 pm မှ 3:00 pm 🕒
🕡 ည 6:30 pm မှ 8:00 pm 🕗 (တရားအမေးအဖြေ)

တစ်ရက် ၃ ကြိမ် နှင့်

"17.4.2026." တွင်
🕤 မနက် 9:30 am မှ 10:00 am 🕙 အထိ

တိုက်ရိုက် Live လွှင့်ပါမည်။

~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842 ...09781872727..

17/04/2026

🌼 ဆရာလေးခေမာရံသီမှ ဦးဆောင်၍
သုညတဓမ္မရံသီ တရားရိပ်သာ သီလရှင် ဆရာကြီး၊ ဆရာလေးများနှင့် ယောဂီများမှ စုပေါင်း၍

နှစ်သစ် စတုဒိသာ လှူဒါန်းခြင်း

🙏 မြန်မာပြည်သူ ပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ အားလုံး
နှစ်သစ်မှစတင်၍ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကောင်းသောအကြောင်းတရားများ စုပေါင်းပြုလုပ်ခြင်းများဖြင့် ကောင်းသောအကျိုးပေးများ ရရှိနိုင်ကြပါစေ။

ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ အေးငြိမ်းချမ်းသာရှိကြပါစေ။ 🙏

~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

☎ 09773989842 ... 09781872727..

16/04/2026

"16.4.2026.” Dhamma Live
* အနုသယကိလေသာကို ပယ်သတ်နိုင်စေဖို့ *
( တရားအမေးအဖြေ နှင့် မျှဝေခြင်း )

ဆရာလေးခေမာရံသီ၏ သုညတဓမ္မရံသီ တရားရိပ်သာ

( အင်းတကော်မြို့နယ်နှင့် မှော်ဘီမြို့နယ် ) တွင် ပြုလုပ်သော
သင်္ကြန် ၇ရက် အထူးစခန်း ၆ ရက်မြောက်နေ့ ညပိုင်း တရားအမေးအဖြေ နှင့် မျှဝေခြင်း

🌼🌼 ဆရာလေးခေမာရံသီ၏ သင်္ကြန်အထူးစခန်းပွဲ အား

📆 "11.4.2026." မှ "17.4.2026." အထိ
၇ ရက်

🕣 မနက် 8:30 am မှ 10:00 am 🕙
🕜 နေ့လည် 1:30 pm မှ 3:00 pm 🕒
🕡 ည 6:30 pm မှ 8:00 pm 🕗 (တရားအမေးအဖြေ)

တစ်ရက် ၃ ကြိမ် နှင့်

"17.4.2026." တွင်
🕤 မနက် 9:30 am မှ 10:00 am 🕙 အထိ

တိုက်ရိုက် Live လွှင့်ပါမည်။

~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့

🛑 သုညတဓမ္မရံသီ တရားရိပ်သာ သည် အမြဲတမ်းဖွင့်သည့်ရိပ်သာ ဖြစ်သည့်အတွက်
သံဃာ ၊ သီလရှင် ၊ အမျိုးသား ၊ အမျိုးသမီးများ
ရက်တို/ ရက်ရှည် အချိန်မရွေး တရားစခန်းဝင်၍
အားထုတ်နိုင်ပါသည်။

သကြင်္န်မှလွဲ၍ စာရင်းကြိုပေးရန် မလိုပါ။

☎ 09773989842 ...09781872727..

Address

အိုးဝေဥယျာဥ်ခြံလမ်း ၊ အင်းတကော်မြို့နယ်
Bago

Alerts

Be the first to know and let us send you an email when ဆရာလေးခေမာရံသီ " သုညတဓမ္မရံသီတရားရိပ်သာ " posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share