26/09/2025
💌 - "27.9.2025.” တွင် စမ်းချောင်းမြို့နယ်
- "28.9.2025." တွင် ကမာရွတ်မြို့နယ် သို့
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ပါမည် 💌
🌹 သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော် နှင့်
မှော်ဘီ )
ဦးစီးပဓာနနာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သီလရှင်ဆရာကြီး ၊ ဆရာလေး
🛑 အပါး ၈၀ ကျော် မှ
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါသည်။
~ သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ် ) တွင် သီတင်းသုံးနေထိုင်၍
သံသရာမှလွတ်မြောက်ကြောင်း တရားဘာဝနာ အားထုတ်နေကြကုန်သော
သံဃာတော်များ၊ သီလရှင်များ၊ ယောဂီများအတွက်နှင့်
~ ယခုကဲ့သို့ကြပ်တည်းသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲအလွန်ဖြစ်ကြသော ရပ်ကွက်များသို့ အစားအသောက်များ တတ်အားသရွေ့ ပြန်လည်လှူဒါန်းကူညီနိုင်ရန်အတွက်
ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သုညတဓမ္မရံသီ တရားရိပ်သာမှ သီလရှင် ဆရာကြီး၊ ဆရာလေးများ
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါ၍
မိမိတို့လောင်းလှူလိုသော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ကိုယ်တိုင်ကိုယ်ကျ လောင်းလှူနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
🙏 ဓမ္မမိတ်ဆွေ ကုသိုလ်ရှင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ 🙏
📆 ဆွမ်းခံကြွရောက်မည့် နေ့ရက်၊ နေရာ နှင့် အချိန် ~
🌸 “ 27.9.2025. “ ရက်နေ့တွင်
#စမ်းချောင်းမြို့နယ် အတွင်းရှိ
ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်မှစတင်၍..
ဗားကရာလမ်း(ဗဟိုလမ်းမှပဒုမ္မာလမ်းအထိ)၊ ပဒုမ္မာလမ်း၊
ဦးစံညွန့်လမ်း၊ အရှေ့ကုန်းလမ်း၊ ဦးစံငြိမ်းလမ်း၊ ပန်းခြံလမ်း၊ မင်္ဂလာလမ်း၊ စမ်းရေတွင်းလမ်း၊ ဆရာထွန်းလမ်း ၊ ရန်အောင်လမ်း၊ စမ်းချောင်းလမ်း၊ ဆီဆုံလမ်း၊ လက်ပံလမ်း၊ ဦးဖီးလမ်း၊
နန္ဒဝန်လမ်း၊ မြင့်မိုရ်လမ်း၊ အောင်ချမ်းသာလမ်း၊
သုခလမ်း၊ သီရိမင်္ဂလာလမ်း၊ မင်းလမ်း ၊ သပြေညိုလမ်း၊ သုခမိန်လမ်း၊ ပဏ္ဍိတလမ်း၊ ရှင်စောပုဘုရားလမ်း၊ ရတနာလမ်း၊
မဟာဘောဂလမ်း၊ စေတနာလမ်း၊ ကျောင်းလမ်း၊ မြဝတီလမ်း၊ ရှမ်းကုန်းလမ်း၊ အောင်တော်မူလမ်း၊ စျေးလမ်း၊ သုခလမ်း၊ ရန်ကင်းလမ်း၊ မြေနီကုန်းစျေးလမ်း၊ သီရိမင်္ဂလာလမ်း၊ ဇောတိကလမ်း၊ မပိုလမ်း၊ မြေနုလမ်း များသို့
နေ့လည် ၁ နာရီ ခွဲ မှ ၆ နာရီ ခွဲ အထိ အစဥ်လိုက်အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
🌸 “ 28.9.2025. “ ရက်နေ့တွင်
#ကမာရွတ်မြို့နယ်အတွင်းရှိ
ဟံသာဝတီလမ်း၊ ဟံသာရိပ်မွန်အိမ်ရာ၊ မင်္ဂလာသုခလမ်း၊ အောင်သုခလမ်း၊ အောင်ချမ်းသာလမ်း၊ ဘုရားလမ်း၊ အောင်မင်္ဂလာလမ်း၊ စျေးလမ်း၊ ကွမ်းခြံ(၇)လမ်း၊၊ ဇောတိကလမ်း၊ ကွမ်းခြံ၁,၂,၃,၄,၅လမ်း၊ ဗဟိုလမ်း၊ ပန်းခြံလမ်း၊ မဟာဘောဂ(၁,၂,၃)လမ်း၊ စေတနာသုခလမ်း၊ ထန်းတပင်လမ်း၊ မြသိင်္ဂါလမ်း၊ ရတနာလမ်း၊ နီလာလမ်း၊ သန္တာလမ်း၊ မေသူhousing၊ အောင်ချမ်းသာ(၁,၃)လမ်း၊ ရတနာမြိုင်လမ်း၊ စိန်ရတနာလမ်း၊ ရွှေရတနာလမ်း၊ အောင်လှရိပ်သာလမ်း၊ မိုးစန္ဒာလမ်း၊ ခိုင်ရွှေဝါလမ်း၊ ဇေယျာသီရိလမ်း၊ ဦးထွန်းလင်းခြံလမ်း၊ ပေ၅၀လမ်း၊ လှည်းတန်း(၇,၆,၅,၄,၃,၂,၁)လမ်း၊ လှည်းတန်းလမ်း(ထန်းတပင်လမ်းမှစိန်ဂေဟာရှေ့အထိ) များသို့
နေ့လည် ၁ နာရီ ခွဲ မှ ၆ နာရီ ခွဲ အထိ အစဥ်လိုက်အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
🛑 မှတ်ချက် ~ ဆရာလေးခေမာရံသီ ဟောကြားထားသော တရားတော်များ ပါဝင်သည့် တရား sd card နှင့် စာအုပ်များအလှူခံလိုပါက
ယခုဆွမ်းတန်းများသို့ လာရောက် ယူနိုင်ပါသည် ။
🛑 သုညတဓမ္မရံသီ တရားရိပ်သာ သည် အမြဲတမ်း ဖွင့်သည့်ရိပ်သာဖြစ်သည့်အတွက်
သံဃာ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများ
ရက်တို / ရက်ရှည် အချိန်မရွေး တရားစခန်းဝင်၍ အားထုတ်နိုင်ပါသည်။
~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့
☎ ဖုန်းနံပါတ် ~ 09773989842..