Diamond Star Laboratory Bago

Diamond Star Laboratory Bago 1. Blood test for All
2. Routine microbiology
3. Histopathology
4. C&S
5. Haematology
6. Biochemistry

Diamond Star Group ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်.....ဓာတ်ခွဲခန်းအကူ .... အမျိုးသား / အမျိုးသမီးဝန်ထမ်း          (၃)ဥ...
16/01/2026

Diamond Star Group ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်.....

ဓာတ်ခွဲခန်းအကူ .... အမျိုးသား / အမျိုးသမီးဝန်ထမ်း (၃)ဦး အလိုရှိပါသည်....

ပညာအရည်အချင်း........... Nurse Aid (or) အထက်တန်းအောင်

စကားအပြောအဆို သွက်လက် ယဥ်ကျေးရမည်..

တလလျင် နားရက် (4)ရက် ရှိပါသည်.. (Public Holiday မပိတ်ပါ)

နေ့ / ည ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်....

ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ကိုင်ရန် အမှန်တကယ် စိတ်ဝင်စားသူ၊ သွေးမကြောက်သူ ဖြစ်ရမည်.....

အလုပ်ချိန်...... မနက် ၈နာရီမှ ညနေ ၆နာရီအထိ ...... ညနေ ၆နာရီမှ မနက် ၈နာရီအထိ

လစာ ၂၀၀,၀၀၀ ကျပ် (အစမ်းခန့်ကာလအတွင်း)
(မိမိလုပ်နိုင်မှုပေါ်မူတည်ပီး လစာတိုးပေးမည်...)

စိတ်ပါဝင်စားသူများ....
CV form တင်ရန်... Viber No. 09453080338 သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်...

Diamond Star Group ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်.....ဓာတ်ခွဲခန်းအကူ အမျိုးသမီးဝန်ထမ်း          (၃)ဦး အလိုရှိပါသည်.....
23/10/2025

Diamond Star Group ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်.....

ဓာတ်ခွဲခန်းအကူ အမျိုးသမီးဝန်ထမ်း (၃)ဦး
အလိုရှိပါသည်....

ပညာအရည်အချင်း........... Nurse Aid (or) အထက်တန်းအောင်

စကားအပြောအဆို သွက်လက် ယဥ်ကျေးရမည်..

တလလျင် နားရက် (4)ရက် ရှိပါသည်.. (Public Holiday မပိတ်ပါ)

နေ့ / ည ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်....

ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ကိုင်ရန် အမှန်တကယ် စိတ်ဝင်စားသူ၊ သွေးမကြောက်သူ ဖြစ်ရမည်.....

အလုပ်ချိန်...... မနက် ၈နာရီမှ ညနေ ၆နာရီအထိ ...... ညနေ ၆နာရီမှ မနက် ၈နာရီအထိ

လစာ ၂၀၀,၀၀၀ ကျပ် (အစမ်းခန့်ကာလအတွင်း)
(မိမိလုပ်နိုင်မှုပေါ်မူတည်ပီး လစာတိုးပေးမည်...)

စိတ်ပါဝင်စားသူများ....
CV form တင်ရန်... Viber No. 09453080338 သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်...

" ဒီပါဝလီ" နေ့မှာ မိတ်ဆွေ ဟိန္ဒူဘာသာဝင်များနှင့်အတူ မြန်မာပြည်သူများအားလုံး ကျန်းမာပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း Diamo...
20/10/2025

" ဒီပါဝလီ" နေ့မှာ မိတ်ဆွေ ဟိန္ဒူဘာသာဝင်များနှင့်အတူ မြန်မာပြည်သူများအားလုံး ကျန်းမာပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း Diamond Star Laboratory မိသားစုမှ ဆုမွန်ကောင်း တောင်းလျှက်.........

06/10/2025
🙏🙏မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၏ သတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့‌လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်...
06/10/2025

🙏🙏မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၏ သတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့‌လေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း Diamond Star Laboratory မိသားစုမှ ဆုမွန်ကောင်းတောင်းလျက်..🙏🙏

လာရောက် အားပေးပီး ဆေးစစ်မှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဗျ...လုပ်ငန်းတွေလည်း ဆထက်ထမ်းပိုး အဆင်ပြေ အောင်မြင်ပါစေ...🥰🥰😍.......
21/09/2025

လာရောက် အားပေးပီး ဆေးစစ်မှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဗျ...
လုပ်ငန်းတွေလည်း ဆထက်ထမ်းပိုး အဆင်ပြေ အောင်မြင်ပါစေ...🥰🥰😍....




 #သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိလိုသူများအတွက်===========================...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွ...
17/07/2025

#သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာသိလိုသူများအတွက်
===========================
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ)
......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ
........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
#သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
#အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
#အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
#သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
#သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
#အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ

အထက်ပါ သွေးစစ်ဆေးခြင်းများအပြင် special test များကိုလည်း ကျွန်တော်တို့ဆီမှာ စျေးနှုန်းသက်သာ ​တိကျမှန်ကန် မြန်ဆန်စွာ စစ်ဆေးပေးနေပါပြီဗျ.....

... Original uploader
#ကျန်းမာရေးဗဟုသုတရကြပါစေ


15/07/2025

အသည်းရောင်အသားဝါရောဂါ A ပိုးအကြောင်းကို အသည်းရောဂါဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်ဝင်း ရှင်းပြချက်များကို ဗဟုသုတ ရရှိစေခြင်းငှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်..........

အသည်းရောင်အသားဝါရောဂါ A ပိုးကို စစ်ဆေးချင်တယ်ဆိုရင် ကျွန်တော်တို့ ဓါတ်ခွဲခန်းမှာ စစ်ဆေးလို့ရပါတယ်....

HAV Ig M Test..
၂၄နာရီအတွင်း ဆေးစစ်ချက်အဖြေ ရရှိမှာ ဖြစ်ပါတယ်....

ပဲခူးမြို့မှာ ဆေးစစ်ဖို့ လိုအပ်လာတိုင်း Diamond Star Laboratory ကို သတိရလိုက်ပါ....

ဈေးနှုန်း ချိုသာခြင်း...
သွေးစစ်ချက်အဖြေ မြန်ဆန်ခြင်း...
ဆေးစစ်ချက်အဖြေများ မှန်ကန်တိကျခြင်း....

နိုင်ငံခြားသွားမည့်လူများ / နိုင်ငံခြားဘာသာစကား သင်ကြားမည့်သူများ အတွက်လည်း Special Package Blood Tests ဝန်ဆောင်မှုများ ရှိပါတယ်ဗျ......

https://www.facebook.com/share/v/16cJ4fYg9Q/

အစာအိမ်ရောဂါပိုးအကြောင်း သိကောင်းစရာ.....ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က H. pylori ကို အစာအိမ်ကင်ဆာဖြစ်စေသော အကြောင်းရင်း ...
10/07/2025

အစာအိမ်ရောဂါပိုးအကြောင်း သိကောင်းစရာ.....

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က H. pylori ကို အစာအိမ်ကင်ဆာဖြစ်စေသော အကြောင်းရင်း (Group 1 carcinogen) အဖြစ် သတ်မှတ်
ထားသည်။

.pylori ပိုးသည်
အစာအိမ်နှင့် အူသိမ်ဦးပိုင်းကို ကူးစက်တတ်သော ဘက်တီးရီးယားပိုးတစ်မျိုး......
အဖြစ်များသော နာတာရှည်ဘက်တီးရီးယားကူးစက်မှုတစ်ခုဖြစ်ပြီး စနစ်တကျကုသမှုဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို စောလျင်စွာ ကာကွယ်နိုင်သည်။

👉 ဘယ်လို ကူးစက်တတ်လဲ??
- ညစ်ညမ်းသော အစားအစာ၊ ရေ သို့မဟုတ် လက်မှတစ်ဆင့်။
- လူအချင်းချင်း သလိပ်၊ ဝမ်းမှတစ်ဆင့် (အထူးသဖြင့် ကလေးငယ်များတွင်)
- ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုအဖြစ်များပြီး ကမ္ဘာ့လူဦးရေ၏ ၅၀% ခန့် ကူးစက်ခံရထားတယ်။

👉 လက္ခဏာများနှင့် နောက်ဆက်တွဲ
- ဗိုက်အောင့်၊ ပျို့အန်၊ လေပွ၊ အစာမကြေ။ (အချို့တွင် လက္ခဏာမပြ)

နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ???
- အစာအိမ်ရောင်ခြင်း (gastritis)
- အစာအိမ်နှင့် အူသိမ်ဦးပိုင်း အနာ (peptic ulcers)
- အစာအိမ်ကင်ဆာ နှင့်
- MALT lymphoma ၏ အန္တရာယ်မြင့်မားခြင်း။

👉 အစာအိမ်ပိုး ရှိ မရှိ ဘယ်လိုစစ်ဆေးရမလဲ??
- လေမှုတ်စစ်ခြင်း (Urea breath test)
- ဝမ်းစစ်ခြင်း
- အစာအိမ်မှန်ပြောင်းကြည့်ခြင်း (ဇီဝစစ်ဆေးမှု ပြုလုပ်)
- သွေးစစ်ခြင်း (ပဋိပစ္စည်းများအား စစ်ဆေး)

👉 အစာအိမ်ပိုး မကူးအောင် ဘယ်လို ကာကွယ်ရမလဲ???
- သန့်ရှင်းသော ရေ၊ အစားအစာ စားသုံးခြင်း။
- လက်ကို မကြာခဏဆေးခြင်း။
- ကူးစက်နိုင်သော လူနာများနှင့် အတူနေသူများကို စစ်ဆေးကုသခြင်း။
- H. pylori ကူးစက်ခံရသူတချို့တွင် လက္ခဏာမပြဘဲလဲ ရှိတတ်ပါတယ်။
- ကုသမှုသည် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်သော်လည်း ပဋိဇီဝဆေးအလွန်အကျွံသုံးစွဲမှုကို ဂရုပြုရပါမယ်။
- လတ်တလော သုတေသနများတွင် ပရိုဘိုင်အိုတစ်များ၏ အခန်းကဏ္ဍကို လေ့လာလျက်ရှိ။

မိတ်ဆွေတို့ ရောဂါပိုးရှိ မရှိကို စစ်ဆေးခြင်တယ်ဆိုရင်လည်း ကျွန်တော်တို့ဆီမှာ ၂၄နာရီအတွင်း ရောဂါပိုးရှိ မရှိ စစ်ဆေးနိုင်ပါတယ်ဗျ.....

#ဗဟုသုတ

#အစာအိမ်သမားများအတွက်

ဘေးမဖြစ်ဖို့ သွေးပုံမှန်စစ်ပါ။ 🩸🧬သွေးပုံမှန်စစ်တာက...........ကူးစက်ရောဂါတွေကို ကြိုကာကွယ်ဖို့အတွက်သာမက.........ကူးစက်ခံရ...
09/07/2025

ဘေးမဖြစ်ဖို့ သွေးပုံမှန်စစ်ပါ။ 🩸🧬

သွေးပုံမှန်စစ်တာက...........
ကူးစက်ရောဂါတွေကို ကြိုကာကွယ်ဖို့အတွက်သာမက.........
ကူးစက်ခံရရင်တောင် အမြန်ဆုံးတိတိကျကျ ကုသပျောက်ကင်းနိုင်ဖို့...
မဖြစ်မနေလိုအပ်ပါတယ်။ 💉✅

အထူးသဖြင့် ကာလသားနဲ့ HIV တို့လိုရောဂါတွေဟာ...

ကူးစက်ခံရမှန်း မသိလိုက်ဘဲ အချိန်ကြာကြာထားမိရင် အလွန်အန္တရာယ်များပြီး ပြန်ပြင်ဆင်လို့မရတဲ့ ခန္ဓာကိုယ်ပျက်စီးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ⚠️

သွေးပုံမှန်စစ်ပြီး ကူးစက်မှုရှိ/မရှိ ကြိုသိထားမယ်ဆိုရင်...
* ကုသလို့ ပျောက်ကင်းနိုင်တဲ့ ကာလသားရောဂါတွေကိုလည်း ခန္ဓာကိုယ်ကို ဒုက္ခမပေးခင် အမြန်ရှင်းထုတ်နိုင်မယ့်အပြင်... 🛡️

* HIV ပိုးကူးစက်ခံရရင်တောင်မှ လိုအပ်တဲ့ကုသမှုခံယူပြီး ရောဂါပိုးကိုစောစောထိန်းချုပ်နိုင်မှာမို့ ပတ်ဝန်းကျင်ကိုလည်း ပြန်မဖြန့်မိတော့သလို နေ့စဉ်ဘဝမှာလည်း လူကောင်းပကတိအတိုင်း ရှေ့ဆက်နိုင်မှာပါ။ 🧪

မလိုအပ်ဘဲ ဘေးမဖြစ်စေဖို့ သွေးကြိုစစ်ချင်တယ်ဆိုရင်တော့...

Diamond Star Laboratory Bago....

📌 **လိပ်စာ –**
202, သနပ်ပင်လမ်းမတန်း, ပဲခူးလိပ်ပြာကန်ရှေ့, ပဲခူးမြို့.....................

City 🏥
#ပဲခူးမြို့ 📍
💚
#ဓာတ်ခွဲခန်း 🔬
#သွေးစစ်ခြင်း 🩸
#ကာလသားရောဂါ 🛡️
🧪
📞

Diamond Star Group ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်.....ဓာတ်ခွဲခန်းအကူအမျိုးသား / အမျိုးသမီးဝန်ထမ်း          (၃)ဦး အလိ...
09/07/2025

Diamond Star Group ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ရန်.....

ဓာတ်ခွဲခန်းအကူ
အမျိုးသား / အမျိုးသမီးဝန်ထမ်း (၃)ဦး
အလိုရှိပါသည်....

ပညာအရည်အချင်း........... Nurse Aid (or) အထက်တန်းအောင်
စကားအပြောအဆို သွက်လက် ယဥ်ကျေးရမည်..

တပတ် တစ်ရက် နားရက်ရှိပါသည်.. (Public Holiday မပိတ်ပါ)

နေ့ / ည ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမည်....

ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ကိုင်ရန် အမှန်တကယ် စိတ်ဝင်စားသူ ဖြစ်ရမည်.....

အလုပ်ချိန်...... မနက် ၈နာရီမှ ညနေ ၆နာရီအထိ ...... ညနေ ၆နာရီမှ မနက် ၈နာရီအထိ

လစာ ၂၀၀,၀၀၀ ကျပ်
(မိမိလုပ်နိုင်မှုပေါ်မူတည်ပီး လစာတိုးပေးမည်...)

စိတ်ပါဝင်စားသူများ....
CV form တင်ရန်... Viber No. 09453080338 သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်...

Address

202, Thanatpin Road, Bago City
Bago
08011

Telephone

+959781915192

Website

Alerts

Be the first to know and let us send you an email when Diamond Star Laboratory Bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Diamond Star Laboratory Bago:

Share

Category