Zayer Dental and General Clinic

Zayer Dental and General Clinic Morning7-12. Evening 4-8Hr

သင်္ကြန်ကာလဇေယျာ သွားနှင့်ခံတွင်း ဆေးခန်း ပိတ်ပါသည်။(၁၉ . ၄. ၂၅ ပြန်ဖွင့်ပါမည်။)ဇေယျာ အထွေထွေရောဂါကုဆေးခန်း ပုံမှန်အချိန...
12/04/2025

သင်္ကြန်ကာလ

ဇေယျာ သွားနှင့်ခံတွင်း ဆေးခန်း ပိတ်ပါသည်။
(၁၉ . ၄. ၂၅ ပြန်ဖွင့်ပါမည်။)

ဇေယျာ အထွေထွေရောဂါကုဆေးခန်း ပုံမှန်အချိန်များအတိုင်း ဖွင့်နေပါမည်။

မြန်မာနှစ်သစ်မှစ ကိုယ်၊စိတ် နှစ်ဖြာ ဘေးဘယာ ဝေးကွာကြပါစေကြောင်း
ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါသည်🙏

ဇေယျာဆေးခန်း ဖွင့်ခဲ့တာ ၁၀နှစ်တောင်တိုင်ခဲ့ပါပေါ့။မုန့်လက်ဆောင်း တိုက် အလှူတစ်ခု ပြု ပြီးမြောက်ခြင်း‌ပါ။ဘေးကင်းရန်ကွာ ကျ...
14/04/2024

ဇေယျာဆေးခန်း ဖွင့်ခဲ့တာ ၁၀နှစ်တောင်တိုင်ခဲ့ပါပေါ့။မုန့်လက်ဆောင်း တိုက် အလှူတစ်ခု ပြု ပြီးမြောက်ခြင်း‌ပါ။
ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ🙏

12/04/2024

ဇေယျာ သွားနှင့်ခံတွင်းဆေးခန်း ၁၉.၄.၂၄မနက်ပြန်ဖွင့်ပါမည်။
ဇေယျာ အထွေထွေရောဂါကုဆေးခန်း ပုံမှန်အချိန်အတိုင်းနေ့စဥ်ဖွင့်နေပါသည်။
အေးချမ်းသာယာ ၊ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ကြပါစေ🙏

အပူဒဏ် သတိပေးစာအပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ ရောက်န...
19/04/2023

အပူဒဏ် သတိပေးစာ

အပူချိန်အရမ်းမြင့်တက်နေပါတယ်။
ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင် ယခင်က ၁'C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။အပူချိန် ၁'C တက်လာတိုင်းပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။
မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။ အခု အပူချိန် ၂'C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။ ဒီအခြေအနေဟာ တော်သေးတယ်လို့ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။အအေးစာတွေက အပူစုပ်နိုင်ပေမယ့်အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာနံနက် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်းသွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်းရှောင်ကြဉ်ကြပါ။ချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ။ဆားနှင့် ရေသောက်ခြင်းကိုလည်းမပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။ အဲယားကွန်းခန်းအတွင်းအဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါကခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။အဲကွန်းခန်းထဲ ကြာရှည်နေရသူများအပူထဲသို ထွက်ချိန်မှာသွေးပေါင်ကျ/တတ်ပြီးမူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။ အရိပ်ရ အေးမြသောနေရာတွင်နေပါ။
အငန်/အချိုလျော့စားကြပါ။
ချွေးထွက်လွန်သူမှ လွဲ၍ ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။ဟင်းကျန်များ နွေးရာတွင်ရေဖြည့်ထည့်၍ နွေးပါ။လက်သုပ်များ သန့်ရှင်းမှုသတိထားစဥ်ချင်စားပါ။

မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။



ကပ် ၃ ပါးကင်းဝေးကြပါစေ🙏🙏🙏

ဒီသကြ်န်တွင်း ဇေယျာ သွားနှင့်ခံတွင်း နှင့်အထွေထွေ ရောဂါကု ဆေးခန်း တို့ နေ့စဥ် ဖွင့်ပါသည်။
09/04/2023

ဒီသကြ်န်တွင်း ဇေယျာ သွားနှင့်ခံတွင်း နှင့်အထွေထွေ ရောဂါကု ဆေးခန်း တို့ နေ့စဥ် ဖွင့်ပါသည်။

13/08/2022

ဆေးဈေးနှုန်းတွေ အဆမတန်တက်လာတာ မထူးဆန်းပေမယ့် ဆေးမသောက်နိုင်တော့တဲ့ နာတာရှည်ရောဂါသည်တွေများလာတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။

"သေမထူး နေမထူး ဘဝတွေဖြစ်နေပြီ ဆရာ" တဲ့။
"ဆေးမသောက်ရလို့ သေမယ်ဆိုရင်လည်း ရွေးချယ်စရာမရှိဘူးဆရာ"တဲ့။

အဲ့လိုလူနာတွေ အရမ်းများလာနေပြီ။
ဘယ်လိုလုပ်ကြမလဲ

ကျွန်တော့် သဘောအရဆိုရင်
မဖြစ်မနေ ဆေးတွေကိုတော့ မပြတ်စေချင်ဘူး။
မိမိရဲ့ ဆရာဝန်ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ဝိတ်လျှော့ကြတော့။
နာမည်ရှိတဲ့ ဆေး Brand တွေကို လက်လွှတ်လိုက်တော့။
သူတို့က ဈေးပိုကြီးတာကိုး။
ဆေးတူ ဈေးသက်သာတာတွေကို ပြောင်းသောက်ကြပေါ့။
မသောက်မနေရဆေးမဟုတ်တဲ့ အားဆေးတွေ ဖြည့်စွက်စာတွေကို လျှော့သောက်။ မဟုတ်ရင်လည်း ဖြတ်လိုက်တော့။

ဒီလောက်ပဲ အကြံပေးနိုင်တော့တယ်။
မသိတာရှိရင် CB မှာ လာမေးလို့ရပါတယ်။

20/05/2022

ရာသီ တုပ်ကွေး ကာကွယ်ဆေးတွေ ထိုးလို့ရနေပါပြီ။(ဆေးအလုံးရေအကန့်အသတ်ရှိလို့ကြိုတင်စာရင်းပေးထားနိုင်ပါသည်)

Bပိုးကာကွယ်ဆေး ၊ ခွေးရူးပျံ ကာကွယ်ဆေး တို့လဲ ထိုးနှံလို့ရကြောင်း တဆက်ထဲအသိပေးအပ်ပါသည်။

သင်္ကြန်ကာလအတွင်း"ဇေယျာ"🙏 အထွေထွေရောဂါကုဆေးခန်း ပုံမှန်အချိန်အတိုင်းဖွင့်ပါသည်။🙏သွားနှင့်ခံတွင်းဆေးခန်းကိုနှစ်ဆန်း၂ရက်နေ...
08/04/2022

သင်္ကြန်ကာလအတွင်း

"ဇေယျာ"

🙏 အထွေထွေရောဂါကုဆေးခန်း ပုံမှန်အချိန်အတိုင်းဖွင့်ပါသည်။

🙏သွားနှင့်ခံတွင်းဆေးခန်းကိုနှစ်ဆန်း၂ရက်နေ့မှပြန်ဖွင့်ပါမည်။

🙏ကပ် ၃ ပါးဘေး ကင်းဝေးကြပါစေ🙏

ကလေးကိုဗစ်=========ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး) ရေးသားသည်။✳️ အခု ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ်      တအိမ်ထ...
10/02/2022

ကလေးကိုဗစ်
=========
ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)
ရေးသားသည်။

✳️ အခု ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ်
တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ
သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
(ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ်
တော်တော်ရှားပါတယ်
အဖျာကြီးပြီး ရက်ကြာရင် စဉ်းစားရပါမယ်)

🤒 ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်
ပါရာစီတေမာတိုက္ပါ
၁၅ မီလီဂရမ် / ကီလိုဂရမ် (15𝑚𝑔/𝑘𝑔)
ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီတခါ တိုက်လို့ရပါတယ်
ပုံမွန္တိုက္ဖို့မလိုပါဘူး
တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင်မသုတ်ပါနဲ့
အင်္ကျီမလဲပါနဲ့ ချွေးက ခန္ဓာကိုယ်ရဲ့ အပူကိုစုပ်ယူ
ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️ ၁နှစ်အောက် ( အစက်ချဆေး Drop )
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/ 𝐁𝐚𝐛𝐲𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/
𝐍𝐚𝐩𝐚 𝐝𝐫𝐨𝐩 အလားတူတွေရှိပါတယ်
100𝑚𝑔/𝑚𝑙 ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️ ၁ နှစ်က ၅ နှစ်
အရည် (𝐒𝐲𝐫𝐮𝐩 𝐨𝐫 𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧) တွေရှိပါတယ်
120𝑚𝑔/5𝑚𝑙 နဲ့ 250𝑚𝑔/5𝑚𝑙ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜/𝐏𝐫𝐨𝐠𝐞𝐬𝐢𝐜/𝐒𝐚𝐫𝐚/𝐍𝐚𝐩𝐚 စသည်ဖြင့်
တံဆိပ်မျိုးစုံ ရှိပါတယ်

➡️ ၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား 500𝑚𝑔 ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ
(15𝑚𝑔/𝑘𝑔) တွက်ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံး
တခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ

🤧 နှာစေး နှာခေါင်းပိတ်ရင်
𝐂𝐞𝐭𝐫𝐢𝐳𝐢𝐧𝐞 𝐬𝐲𝐫𝐮𝐩 ( 𝐂𝐞𝐭𝐫𝐢𝐧𝐞/ 𝐀𝐝𝐞𝐳𝐢𝐨/ 𝐎𝐫𝐦𝐢𝐬𝐭)
အလားတူတွေရှိပါတယ်
1𝑚𝑙 မှာ 1𝑚𝑔 ပါပါတယ်
၂နှစ်အောက်ကလေးအတွက် ပမာဏမဖေါ်ပြထားပါ

➡️ မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1𝑚𝑙 ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5𝑚𝑙 ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5𝑚𝑙 ၂ ကြိမ်

ဆေးပြား 10𝑚𝑔/𝑡𝑎𝑏 ဆိုရင်
၁-၃ နှစ်ကြား - တစိတ် ၁/၄ - ၂ ကြိမ်
၃-၅ နှစ်ကြား - ၁/၃ - ၂ကြိမ်
၅ နှစ် အထက် - ၁/၂ - ၂ ကြိမ် ပေးပါတယ်

😖 နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (𝐏𝐡𝐲𝐬𝐢𝐨𝐝𝐨𝐬𝐞 𝐨𝐫 𝐒𝐞𝐚𝐰𝐚𝐭𝐞𝐫 𝐬𝐩𝐫𝐚𝐲)
မကြာခဏ ထည့်ပေးနိုင်ပါတယ်

➡️ ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့်
လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

💩 ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - 𝐌𝐏𝐅
လိမ္မော်အရသာ - 𝐏𝐡𝐚𝐫𝐨𝐥𝐢𝐭/ 𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥/ 𝐄𝐥𝐞𝐜𝐭𝐫𝐚𝐥/
𝐄𝐥𝐞𝐜𝐭𝐫𝐨𝐫𝐮𝐬𝐡 (ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ၊ ဆေးလိုမသောက်ရပါ
ရေဆာတိုင်း ရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည်/
ဆန်ပြုတ်ကျဲကျဲ ဆားခတ်ပြီး သောက်နိုင်ပါတယ်

🤮 အန်ရင်
𝐃𝐨𝐦𝐩𝐞𝐫𝐢𝐝𝐨𝐧𝐞 အအန်ပျောက်ဆေး တကြိမ်
သေါက်လို့ရပါတယ်

➡️ အစက်ချဆေးဆိုရင်
0.02-0.04𝑚𝑔/ 5𝑘𝑔 တွက်လို့ရပါတယ်
(𝐕𝐨𝐧𝐞𝐭𝐚/ 𝐃𝐞𝐟𝐥𝐮𝐱 စသည်ဖြင့် )

➡️ အရည် ဆိုရင်
0.02-0.04𝑚𝑔/ 5𝑘𝑔 နဲ့တွက်လို့ရပါတယ်
(𝐌𝐨𝐭𝐢𝐥𝐢𝐮𝐦 𝐬𝐲𝐫𝐮𝐩/ 𝐂𝐨𝐬𝐲 စသည်ဖြင့် )

ဆက်တိုက်အန်၊ အစာမဝင်ရင် ဆေးရုံတက်ပါ

👶🦠 ကလေးကိုဗစ်ဖြစ်ရင် လူကြီးကို ကူးနိုင်ပါတယ်
အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ
အသက်အန္တရာယ်ရှိပါတယ်
သတိ အရမ်းထားဖို့လိုပါတယ်

👩🏻‍🦰 🍼 မိခင်ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို
မိခင်နို့ ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ
မိခင် မတ်စ်တပ်ပါ
မျက်နှာအုပ် (𝐅𝐚𝐜𝐞 𝐒𝐡𝐢𝐞𝐥𝐝) ပါတတ်ပါ

(ကလေးအထူးကု ပါမောက္ခ ဒေါက်တာဦးစောဝင်း
ရေးသားသည်)

To Original Uploader🙏🏼🙏🏼

Address

ဇေယျာဆေးခန်း၊ပဲခူး
Bago
BAGO

Telephone

+95943008088

Website

Alerts

Be the first to know and let us send you an email when Zayer Dental and General Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zayer Dental and General Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram