Yaung Ni Oo -Pharmacy

Yaung Ni Oo -Pharmacy ရောင်နီဦး- ဆေးဆိုင်

Zaung To (Bago)
(4)

အိမ်ကလူကြီးတွေဆီက ရေခဲရေတွေသိပ်မသောက်နဲ့ လည်ချောင်းနာမယ်ဆို‌ပြီး ပြောတာခံရဖူးတယ်ဟုတ်?ဒီစာလေးမှာ ရေခဲရေသောက်ရင် လည်ချောင်...
25/10/2023

အိမ်ကလူကြီးတွေဆီက ရေခဲရေတွေသိပ်မသောက်နဲ့ လည်ချောင်းနာမယ်ဆို‌ပြီး ပြောတာခံရဖူးတယ်ဟုတ်?

ဒီစာလေးမှာ ရေခဲရေသောက်ရင် လည်ချောင်း နာတတ်လား၊ မနာတတ်ဘူးလား ဆိုတာကို ပြောပြပေးပါ့မယ်။

အဖြေကတော့...

ပုံမှန်တော့ ရေခဲရေသောက်ရင် လည်ချောင်းမနာတတ်ပါ။

ဒါပေမဲ့ ရေခဲရေက လည်ချောင်းယားစေတတ်ပြီး လည်ချောင်းထဲက ချွဲသလိပ်တွေကို ပြစ်ခဲသွားစေပါတယ်။

ဒါကြောင့် အအေးမိနေတဲ့သူ၊ တုပ်ကွေးမိနေတဲ့သူ၊ ဖျားနေတဲ့သူ၊ ရင်ကြပ်တဲ့သူ၊ ချောင်းဆိုးချွဲကြပ်နေတဲ့သူတွေမှာတော့ ရေခဲရေသောက်မိရင် လည်ချောင်းယားမယ်၊ နာမယ်၊ ချွဲသလိပ်တွေ ပိုကြပ်လာပြီး အသက်ရှုမဝဖြစ်စေတတ်ပါတယ်။

ဒါကြောင့် ရေခဲရေသောက်တာက လည်ချောင်းမနာတတ်ပါ။ နာတယ်ဆိုရင်တခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အအေးမိ၊ တုပ်ကွေး၊ လည်ချောင်းနာ၊ ချွဲကြပ်၊ ရင်ကြပ် လည်ချောင်းယား ဖြစ်နေတဲ့သူ‌တွေမှာတော့ ရေခဲရေသောက်ရင် ရောဂါကိုပိုဆိုးစေပါလိမ့်မယ်။

**********************************

Credit -

#ရောင်နီ
#ရေခဲရေ

Metronidazole (metro)  ဆေး၏ အသုံးဝင်ပုံ  အပြင်လူတော်တော်များများကတော့ ဝမ်းကိုက်ရင် သောက်တဲ့ဆေးလောက်ပဲ သိထားပေမယ့် ဆေးရဲ့...
25/10/2023

Metronidazole (metro)


ဆေး၏ အသုံးဝင်ပုံ

အပြင်လူတော်တော်များများကတော့ ဝမ်းကိုက်ရင် သောက်တဲ့ဆေးလောက်ပဲ သိထားပေမယ့် ဆေးရဲ့အာနိသင်က ထိုထက် ပိုကျယ်ပြန့်ပါတယ်

HEAT BCG ။လို့အတိုကောက်လေးမှတ်ထားနိုင်ပါတယ်

* H - ဆိုတာ
အစာအိမ်အနာကိုဖြစ်စေတဲ့ bacteriaဖြစ်တဲ့ Helicobacter pylori ကိုနိုင်လို့ အစာအိမ်အနာ (Peptic ulcer) မှာ သုံးလို့ပါ ။

* E - Entamoeba histolytica
လို့ခေါ်တဲ့ ကပ်ပါးပိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း သုံးပါတယ် ။

* A - သွားနှင့်ခံတွင်း ပြဿ နာတွေကို အဓိကဖြစ်စေတဲ့ Anaerobic bacteria. လို့ခေါ်တဲ့ အောက်ဆီဂျင်မရှိတဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွားနေထိုင်တဲ့ ဘတ်တီးရီးယားတွေကို နှိမ်နင်းနိုင်ပါတယ်။ လောလောလတ်လတ် ခွဲစိတ်ကုသမှုတွေခံယူထားတဲ့ သူတွေ ဥပမာ အူအတတ်ဖြတ်ခြင်း ၊ သားအိမ်ထုတ်ခြင်း စသည်ဖြင့် ခွဲစိတ်ပြီး ပြန်ချုပ်တဲ့အခါ အလွှာလိုက်တစ်လွှာချင်းစီ ပြန်ချုပ်ရပါတယ် ။ အဲ့လိုအလွှာလိုက်ပြန်ချုပ်တဲ့ အခါ အောက်ဆီဂျင်မဲ့ တဲ့ပတ်ဝန်းကျင်တွေကိုဖြစ်စေရာကနေ Anaerobic bacteria တွေပေါက်ဖွားလာပြီး Post-Operative infection ရတတ်ပါတယ် ။ Metro ကို ပေးခြင်းဖြင့် Post op infection ကိုလျော့ချပေးနိုင်ပါတယ် ။

* T -Trichomonas Vaginitis လို့ခေါ်တဲ့ မိန်းကလေးတွေ မွေးလမ်းကြောင်းကနေ အဖြူတွေဆင်းမယ် ။ အနံ့ကလည်း မကောင်းဘူး ၊ယားမယ်ဆိုရင် ၊တစ်ခါတလေ pelvic inflammation တင်ပါးစုံတွေပါရောင်မယ်ဆိုရင် Metro Gel လိမ်းဆေးလေးတွေ ပေးလေ့ရှိပါတယ် ။

* B - Balantidiasis လိုခေါ်တဲ့
Parasite infection မှာလည်းသုံးပါတယ် ။

* C - C.difficile လို့ခေါ်တဲ့ ဘတ်တီးရီးယားတွေ ပေါက်ဖွားပြီး Pseudomonas colitis အူရောင်တဲ့အခါ သုံးပါတယ် ။

* G - Giardia lamblia လိုခေါ်တဲ့ ပါရာဆိုက် ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ကူးဆက်ရောဂါတွေမှာ သုံးပါတယ် ။

စသည်ဖြင့်မှတ်ထားခိုင်းပါတယ် ။ မက်ထရိုဆိုတဲ့ ဆေးကြားလိုက်တာနဲ့ ဝမ်းကိုက်တာတစ်ခုလောက်သိရုံနဲ့ ကျေနပ်လို့မရပါဘူး ။

ဘေးထွက်ဆိုးကျိုးများ
=============

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးလေးတွေတော့ရှိမြဲပါ ။ အင်္ဂလိပ်ဆေးတွေမှာသာမက မြန်မာဆေး တွေမှာလည်းရှိပါတယ် ။

- မက်ထရို (Metro) ကိုလျှာပေါ် တင်လိုက်တာနဲ့ unpleasant taste ပါးစပ်ထဲမှာ အရသာတစ်မျိုးကြီးဖြစ်နေတတ်ပါတယ် ။ ဥပမာ မြေကြီးကိုလျှာပေါ်တင်ထားရသလို Metallic tasteသတ္တုအရသာ နဲ့ ခါးတဲ့ အရသာတွေ့ရတတ်ပါတယ် ။ နောက် လျှာတွေထူခြင်း (Furred tongue) ၊ လျှာရောင်ရမ်းခြင်း (Glossitis) ၊ ပါးစပ်ထောင့်စွန်းလေးတွေရောင်ရမ်းခြင်း (Stomatitis) တွေလည်းဖြစ်တတ်ပါတယ် ။

- အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ အဖွဲ့အစည်းကိုလည်းသက်ရောက်မှုရှိပါတယ် ။ အစာရေမြိုပြွန် နာခြင်း (Epigastric pain) ၊ ဗိုက်အောင့်ခြင်း (Abdominal Pain) ၊ ခံတွင်းပျက်ခြင်း (Anorexia) ၊ မူးဝေခြငိး (Nausea) ၊ အန်ခြင်း (Vomiting) ၊ ဝမ်းလျှောခြင်း (Diarrhoea) စသည်ဖြင့် အဝင်လည်းဆိုး အထွက်လည်းဆိုးတတ်ပါတယ် ။

- ခေါင်းမူး၊ခေါင်းကိုက် ၊အိပ်မပျော် ၊စိတ်မကြည်မလင် ၊ဒယိန်းဒယိုင်ဖြစ်ခြင်း ၊ချာချာလည်မူးဝေခြင်း ၊ထုံကျင်ခြင်း တွေကိုလည်းခံစားရနိုင်ပါတယ် ။

သတိပြုရန်
==========

-Metro ကို အသည်းမှာအဓိကခြေဖြတ်တာ ဖြစ်တာကြောင့် အသည်းမကောင်းတဲ့သူတွေ မပေးသင့်ပါ ။

- ကိုယ်ဝင်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း metro ကြောင့် Mutagenic ၊ Carcinogenic မျိုးရိုးဗီဇ အပေါ်သက်ရောက်မှုရှိနိုင်တာကြောင့်မပေးသင့်ပါ ။

- နောက်တစ်ခုက metro မသောက်ခင် ၁ ရက်အလို ဆေးသောက်ပြီး ၂ ရက်အတွင်း အရက်မသောက်ရပါ ။ အရက်ကိုခြေဖြတ်မယ့် အသည်း အင်ဇိုင်းကို Metro ကပိတ်ထားလို့ဖြစ်ပါတယ် ။

- သွေးကြဲဆေးတွေ ၊ ကိုယ်ဝန်တားဆေးတွေနဲ့ တွဲသောက်မိရင် ဆေးဝါးအချင်းတုန့်ပြန်မှုတွေဖြစ်ပြီး ဆေးအာနိသင်တွေ တိုးတာတွေ ပျက်ပြယ်တာတွေဖြစ်နိင်ပါတယ် ။

- တချို့တွေ metroနဲ့မတည့်တဲ့သူတွေရှိတတ်ပါတယ် ။သောက်လိုက်တာနဲ ခေါင်းအလွန်အမင်းကိုက်မယ် ၊မူးမယ်ဆိုရင်တော့ မသောက်သင့်ပါ ။

.crd

Low Vision အကြောင်း သိကောင်းစရာ======================မျက်စိရောဂါတွေအကြောင်း ပြောကြရာမှာ မြင်အားအပေါ်သက်ရောက်မှု ဘယ်လောက်...
24/10/2023

Low Vision အကြောင်း သိကောင်းစရာ
======================

မျက်စိရောဂါတွေအကြောင်း ပြောကြရာမှာ မြင်အားအပေါ်သက်ရောက်မှု ဘယ်လောက်ရှိတယ် ဆိုတာ အပေါ် မူတည်ပြီး ဖြစ်နေတဲ့ ပြဿနာဟာ အရေးကြီးတယ် မကြီးဘူး သတ်မှတ်ရပါတယ်။
ကြုံရတာကတော့ လူနာကို ရှင်းပြတဲ့အခါ အရေးကြီးပါတယ်ပြောရင် တစ်ချို့လူနာတွေက နားမလည်ဘူး။ ကြောင်ကြည့်နေတတ်ကြတယ်။ ဘာကို အရေးကြီးတယ်ပြောမှန်း မသိဘူး။ မြင်အားနည်းတယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လူအများ သိရှိသဘောပေါက် နားလည်ဖို့ လိုပါတယ်။ သို့မှသာ မိမိခံစားနေရတဲ့ ဝေဒနာဟာ သာမန်လား အရေးကြီးတဲ့ရောဂါလားဆိုတာ သုံးသပ်နိုင်မှာ ဖြစ်တယ်။ အမြင်အားသတ်မှတ်ချက်အဆင့်တွေကို သိရှိသွားရင် သာမန်ဝေဒနာရှိသူက အလွန်အကြူးစိုးရိမ်နေတာမျိုး မဖြစ်တော့ဘူး။တကယ်မြင်အားနည်းတဲ့သူတွေအဖို့မှာလည်း မြင်အားနည်းမှန်းသိမှ မိမိနဲ့လိုက်လျောညီထွေရှိမယ့် ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲယူနိုင်မှာဖြစ်ပါတယ်။
အမြင်အားနည်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုးရှိပါတယ်။ အမြင်အားနည်းတယ်ဆိုတာ ဘာလဲ? အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို တစ်ချက်လောက် အရင် ကြည့်လိုက်ကြရအောင်ပါ။

အဓိပ္ပါယ်ဖွင့်ဆိုချက် 1️⃣
အမြင်အားနည်ခြင်းဆိုတာက ခွဲစိတ်ကုသခြင်း၊ ဆေးဝါး၊ မျက်မှန်၊ မျက်ကပ်မှန်တွေနဲ့ ပြုပြင်ပြောင်းလဲလို့ မရတဲ့ အမြင်အားချို့ယွင်းခြင်းကို ခေါ်ပါတယ်။ အမြင်အားနည်းတယ်ဆိုရာမှာ သာမန်အမြင်ဝါးခြင်းမှသည် မြင်ကွင်းကျဉ်းခြင်း၊ ဥပဒေကြောင်းအရ မျက်စိကွယ်ခြင်းစသည်အထိ ပါဝင်ပါတယ်။ အမြင်အားနည်းတာက အသက်အရွယ်အမျိုးမျိုးမှာ ဖြစ်နိုင်ပြီး အသက် ၆၀ကျော်လာရင်တော့ ဖြစ်နှုန်းများလာပါတယ်။ အမေရိကမှာတော့ အမြင်အားနည်းတဲ့ လူဦးရေ ပမာဏ ၃.၅သန်းကနေ ၅သန်းအထိ ရှိတယ်လို့ ဆိုထားပါတယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက် 2️⃣
အကယ်၍ သင်ဟာ အမြင်အားနည်းတဲ့သူတစ်ယောက်လို့ သတ်မှတ်ခံရတယ်ဆိုရင် သင့်မှာ ပုံသေမဟုတ်ပေမယ့် ကောင်းမွန်တဲ့အမြင်အား အချို့/အနည်းငယ်တော့ ကျန်ရှိနေသေးတယ်လို့ ဆိုလိုတာ ဖြစ်တယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက် 3️⃣
မြင်အားနည်းတယ်ဆိုတာ မျက်မှန်၊ မျက်ကပ်မှန်နဲ့ ပြုပြင်ပြီး သို့မဟုတ် ဆေးဝါးနှင့် ကုသပြီး သို့မဟုတ် ခွဲစိတ်ကုသမှု ပြုလုပ်ပြီးတာတောင် လူတစ်ယောက်ဟာ သူရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရာမှာ အခက်အခဲရှိနေတာကို ဆိုလိုပါတယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက် 4️⃣
မည်သူမဆို ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့တဲ့ မြင်အားကျခြင်းမျိုး ရှိနေလျှင် မြင်အားယိုယွင်းနေသူလို့ သတ်မှတ်ပါတယ်။ အမြင်အားနည်းတာဟာ ပြဿနာအမျိုးမျိုး ရှိလာနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားတဲ့အမြင် အားနည်းခြင်းလက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ အမြင်အားနည်းတယ်လို့ သတ်မှတ်ဖို့ဆိုရင် အမြင်အားပိုကောင်းတဲ့ဘက်မှ မျက်လုံးဟာ မျက်မှန်နဲ့ ပြုပြင်ထားပြီးသော်လည်း တိုးတက်မှုမရှိဘူးဆိုရင်
◾️ ပိုကောင်းတဲ့မျက်လုံးမှာတောင် အမြင်အားက ၂၀/၃၀ - ၂၀/၆၀ ပဲ မြင်ရလျှင် အနည်းငယ်မြင်အားနည်းသူလို့ သတ်မှတ်ပါတယ်။
(၂၀/၃၀ မြင်တယ်ဆိုတာ လူကောင်းတစ်ယောက် ပေ၃၀အကွာက မြင်နိုင်တဲ့အရာကို လူနာက ပေ၂၀အကွာကနေသာ မြင်နိုင်တယ်လို့ ပြောတာပါ)
◾️ အလားတူပဲ။ ၂၀/၇၀ - ၂၀/၁၆၀ ပဲ မြင်ရလျှင် အလယ်အလတ်မြင်အားနည်းသူ
◾️ ၂၀/၂၀၀ - ၂၀/၄၀၀ ထိပဲ မြင်ရလျှင် အလွန်မြင်အားနည်းသူ
◾️ ၂၀/၅၀၀ - ၂၀/၁၀၀၀ ထိပဲ မြင်ရလျှင် အလွန်အမင်းမြင်အားနည်းသူ
◾️ ၂၀/၁၀၀၀ အောက်ပဲ မြင်ရတော့လျှင် အမြင်ကွယ်တော့မည့်သူ
◾️ အလင်းရောင် ဖျဖျတောင် မမြင်ရလျှင် မျက်စိကွယ်နေသူ စသဖြင့် အသီးသီး သတ်မှတ်ထားပါတယ်။

Low Vision လို့ ခေါ်တဲ့ မြင်အားနည်းခြင်းဖြစ်နေရင် ဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်ံ့မှာ မြင်အားနည်းလာတယ်လို့ ခံစားလာရတယ်ဆိုလျှင်မျက်စိဆေးခန်း၊ ဆေးရုံကို ချက်ချင်း သွားရောက်ကုသခြင်း၊ ပုံမှန် မျက်စိစစ်ဆေးပေးခြင်း စသည်တို့ကလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထကောင်းတွေပါပဲ။

The Gift of SIGHT
For happy, healthy eyes!

အရမ်းအဖြစ်များပြီးကြောက်စရာကောင်းတဲ့  #ကင်ဆာဖြစ်စေတတ်သည့်_အကြောင်းရင်းများ=========================(မဖြစ်ခင် ရှောင်ရှားန...
22/10/2023

အရမ်းအဖြစ်များပြီးကြောက်စရာကောင်းတဲ့ #ကင်ဆာဖြစ်စေတတ်သည့်_အကြောင်းရင်းများ
=========================

(မဖြစ်ခင် ရှောင်ရှားနိုင်အောင်ပါ။)

“*မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်ပွားဆုံး (၁၀)နိုင်ငံတွင် ပါဝင်လျှက်ရှိသည်။ မိသားစုတစုထဲတွင် ကင်ဆာဝေဒနာရှင် (၃)ဦးထက်မနည်း တွေ့နေပြီ ဖြစ်ပါသည်။

“ #ကင်ဆာကြောက်ရင်_ပလတ်စတစ်နဲ့ဖော့ဗူးရှောင်”
•••••••••••••••••••••••••••••••••••••••••••

ပလပ်စတစ်တွင်ပါဝင်သော ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နှင့် ဒိုင်အောက်ဇင်းဓါတ်များသည် ပူသောအစားအစာ’ ဆီပါဝင်သောအစားအစာနှင့် ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်၍ သိုလှောင်ထားပါက အစားအသောက်ထဲသို့ ဓါတ်ပြုပျော်ဝင်၍ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး’ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း’ နှင့် မျိုးပွားမှုကို ထိခိုက်ခြင်းတို့ကိုဖြစ်စေပါသည်။ (သားသမီးမရသောစုံတွဲများသတိချပ်ကြပါ။)

မွေးကာစကလေးများကို ပလတ်စတစ်နို့ဗူးဖြင့် နို့မှုန့်တိုက်ခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ မိခင်နို့ကို တိုက်ကျွေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

စတီးချိုင့်’ ဖန်ဗူး’ အင်ဖက်’ စက္ကူတို့ဖြင့် ပြောင်းလဲထုတ်ပိုးကြပါစို့။

မယ်လမင်းပန်းကန်ပြားသည်လည်း အပူနှင့်ထိတွေ့လျှင် ကျောက်ကပ်ပျက်စီးစေ ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေ၍ ကြွေပန်းကန်’ စတီးပန်းကန်များ ပြောင်းလဲအသုံးပြုပါ။

“ကလေးတွေရှောင်ရမည့်_လေဖောင်းမုန့်များ”
•••••••••••••••••••••••••••••••••••••••

*တံဆိပ်အမျိုးမျိုးဖြင့် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချနေသည့် လေဖောင်းမုန့်များ (အာလူးကြော်/ချောင်း’ ဘယာကြော်/ချောင်း’ ကြက်သွန်ကြော်’ ငါးမုန့်ကြော်’ စနက်ခ် Snack များ) စသည်တို့သည် ကြော်ပြီးသားဆီများကို မစွန်းပစ်ပဲ အကြိမ် (၅၀)ထက်မနည်း ပြန်ကြော်နေသည်ကို တောင်ဒဂုံစက်မှုဇုံရှိ စက်ရုံတရုံတွင် စစ်ဆေးတွေ့ရှိရသည်။

*ထိုဆီများ၏ အရောင်သည် ကတ္တရာစေးလို မဲနက်နေသည်။ ထိုအကြော်များကို မအေးမီ ပလတ်စတစ်ပါကင်ထဲသို့ထည့်၍ ပလတ်စတစ်မှ ကင်ဆာဖြစ်စေတတ်သော ဓါတ်သတ္ထုများ ထိုအကြော်ထဲသို့ ဝင်ရောက်သည့်အပြင် ကြောက်စရာကောင်းလှသော ပြန်ကြော်ဆီ အနက်ရောင်များသည်လည်း အသည်းကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်စေ၍ ထိုလေဖောင်းမုန့်များကို လုံးဝမစားသင့်ပေ။ ပြည်ပနိုင်ငံမှလာသော ပီကေများတွင်လည်း သကြားတု’ တားမြစ်ဆိုးဆေး’ ပလတ်စတစ်’ ရာဘာများနှင့် ပြုလုပ်ပြီး ပီကေအချို့တွင် ကင်ဆာဖြစ်စေသော တိုက်တေနီယမ်ဓါတ် ပါဝင်ခြင်းကြောင့် လုံးဝမစားသင့်ပေ။

“ပြန်ကြော်ဆီနှင့်_ကင်ဆာအန္တရယ်”
••••••••••••••••••••••••••••••

*ရေမြောင်းဆီခေါ် ပြန်ကြော်ဆီများသည် တရုတ်နိုင်ငံမူဆယ် ၁၀၅မိုင် လမ်းကြောင်းမှ ဝင်ရောက်လာသလို ထိုင်းနိုင်ငံ ရနောင်းကော့သောင်း’ မြဝတီနယ်စပ်မှလည်း ဝင်ရောက်လာကာ ဓါတုဆေးများဖြင့် အရောင်ချွတ်’ ပဲဆီအနံ့ထည့်ကာ ဆီစျေးကွက်တွင် ပဲဆီသန့်ဟု တံဆိပ်ကပ်၍၎င်း’ တံဆိပ်မကပ်ပဲ အလွတ်ရောင်းချ၍၎င်း’ ကျပ် ၂၅၀၀’ ၃၀၀၀ ကျပ် ပတ်ဝန်းကျင်ဖြင့် ရောင်းချသည်။

လမ်းဘေးလက်ဖက်ရည်ဆိုင်များနှင့် စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာ (၁၀) ဆိုင်ကို စစ်ဆေးရာတွင် (၁၀) လုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ’ အီကြာကွေး’ များကိုကြော်နေသဖြင့် ၎င်းတို့ကို စားသုံးမိပါက ပန်ကရိယကင်ဆာ’ အသံအိုးကင်ဆာ’ အစာအိမ်လမ်းကြောင်းကင်ဆာ’ အူမကြီးကင်ဆာ အမျိုးမျိုးကိုဖြစ်စေသည်။

“အချိုမှုန့်နှင့်ကြက်သားမှုန့်များ”
•••••••••••••••••••••••••••

*ကြက်သားမှုန့်’ အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးဏှောက်နှင့် အာရုံကြောထိခိုက်စေ၍ လေဖြတ်လေငန်းရောဂါ’ လေးဖက်နာရောဂါ’ နှလုံးရောဂါ’ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသောရောဂါ’ အရိုးပွ’ အရိုးပါး’ အရိုးကျွတ်ဆတ်သောရောဂါ’ ဆီးချို’ သွေးချို’ သွေးတိုးရောဂါများကို ဖြစ်ပွားစေ၍ ရှောင်ကြဉ်သင့်ပါသည်။

၎င်းတို့အစား ငါးကို ကြက်သွန်အဖြူ အနီ ဂျင်း တို့ဖြင့် ငါးကို ပြုတ်ကာ ငါးရိုးထွင်၍ ဆီတစက်နှစ်စက်ထည့်ပြီး လှော်ပါ။ ထိုငါးအမှုန့်ကို ခြောက်နေအောင်လှော်ပြီး ဟင်းချက်သည့်အခါတိုင်းထည့်သုံးပါ။ ရေခဲသေတ္တာထဲထားလျှင် ၃-ရက် ခန့်ခံပါသည်။ ငါးတွင် Omega-3 ဓါတ်အများဆုံးပါသည်။

“ခြင်ဆေးခွေအန္တရယ်”
••••••••••••••••••

*နှာခေါင်းကင်ဆာ’ အဆုတ်ကင်ဆာ’ အသက်ရှူလမ်းကြောင်းကင်ဆာတို့ကို ဖြစ်ပွားစေသော ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲ၌ အပြင်းထန်ဆုံးဟု သတ်မှတ်ထားသော (S.2) ပိုးသတ်ဆေး’ လွှစာမှုန့်’ ဗိုင်ဒါကော်’ ဆိုးဆေးနှင့် ကင်ဆာဖြစ်စေတတ်သော ဖော်မယ်ဒီဟိုက်’ မီဖာဖလူသရင်း နှင့် ဓာတုအမွှေးအကြိုင်တို့ပါဝင်သည်။ ၎င်းအပြင် အပြင်းထန်ဆုံး အဆိပ် တမျိုးဖြစ်သည့် Benzene(ဘန်ဇိုင်း) ကာစီနိုဂျင်တစ်မျိုးပါဝင်ပြီး အာရုံကြောမှစ၍ ရိုးတွင်းချဉ်ဆီ အထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတခွေ၏ အဆိပ်ဓါတ်သည် စီးကရက်အလိပ်ပေါင်း (၁၃၇)လိပ် မှထွက်ရှိသော အဆိပ်မှုန့်ပမာဏနှင့် ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရယ်ရှိလုံးဝမသုံးအပ်ပေ။ ခြင်ဆေးခွေအစား နနွှင်းမှုန့်နှင့် နနွှင်းတက်ကို အသုံးပြုပါ။

“အချိုရည်များနှင့်ဂျယ်လီများ”
•••••••••••••••••••••••••

အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး’ တာရှည်ခံဆေး’ သကြားထက်အဆ(၂၀၀) ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကဖိန်းဓါတ်များပါဝင်၍ ခံတွင်းကင်ဆာ’ ကျောက်ကပ်ကင်ဆာ’ ဆီးချိုရောဂါ’ အဝလွန်ရောဂါ’ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်လီဗူးများတွင်လည်း တရုတ်မှလာသော ဂျယ်လီပေါင်ဒါ’ တာရှည်ခံဆေးအမျိုးမျိုး’ ပါဝင်၍ ကလေးများကို လုံးဝမကျွေးသင့်ပါ။

“ #ကော်ဖီမစ်စ်များ_Coffee mix”
•••••••••••••••••••••••••••••

ကဖိန်း’ ကော်ဖီအနံ့’ အချို့ကော်ဖီမစ်စ်များတွင် ထန်းလျှက်ဂျိုးများပါဝင်ပါသည်။ ထန်းလျက်ဂျိုးမှာ ရံဖန်ရံခါ သောက်သုံးလျှင် ပြဿနာမရှိသော်လည်း ရေရှည်နေ့စဉ်သောက်သုံးလျှင် ကင်ဆာဖြစ်စေ၍ မသောက်သုံးသင့်ပါ။

ထို့ပြင် ကော်ဖီမစ်စ်တွင် ပါဝင်သော (Creamer) မှာ နို့ဆီအရသာ မျိုးခံစားနိုင်ရန် ရေမှာ (Milk Fat) က အလွယ်တကူမပျော်ဝင်နိုင်၍ ပျော်ဝင်နိုင်သောအဆီ (Hydro generated vegetable fat) နှင့် အစားထိုးထားခြင်းဖြစ် သည်။ ကော်ဖီမစ်စ်များကို ရေရှည်သောက်သုံးပါက ဆီးချိုရောဂါ’ သွေးတိုးရောဂါ’ ကျောက်ကပ်ပျက်စီးခြင်း’ နှလုံးသွေးတိုးရောဂါ’ စိတ်ကျရောဂါ’ ရင်သားကင်ဆာ’ ဆီးအိမ်ကင်ဆာ’ ဆီးကြိတ်ကင်ဆာ’ ပန်ကရိယကင်ဆာ’ အမျိုးသမီးများ ပဋိသန္ဓေမတည်နိုင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေ၍ လုံးဝမသောက်သုံးသင့်ပါ။

သဘာဝကော်ဖီစေ့ဖြင့် ပြုလုပ်ထားသော ကော်ဖီမှုံ့စစ်စစ်’ သကြား’ နို့ စသည်တို့ဖြင့် ကိုယ်တိုင်ပြုလုပ်သော ကော်ဖီကိုသာ သောက်သုံးသင့်ပါသည်။

“ #ရောင်စုံဆိုးဆေးများနှင့်_အစားအသောက်များ”
•••••••••••••••••••••••••••••••••••••••••••

*တားမြစ်အန္တရယ်ရှိ ဆိုးဆေးများအသုံးပြုထားသော မျှစ်နီမျှစ်ဝါ’ ပုဇွန်ချဉ်နီနီ’ အဝါရောင်ဆိုးထားသော ငါးပုဏ္ဏား’ ငါးမြွေထိုး’ ရွှေငါး’ ကြက်သား’ အရောင်ဆိုးထားသော ငရုတ်သီးမှုံ့’ အရောင်တင်မှုံ့’ နနွှင်းမှုံ့’ ပုဇွန်ခြောက်’ လက်ဖက်’ လက်ဖက်ခြောက်’ ငပိ’ ပဲနီလေး’ ပဲဝါလေး’ မက်မန်းသီး’ ဆီးထုတ်’ ဒံပေါက်ဆိုးဆေး စသည်တို့သည် အသည်းရောဂါများ’ အစာအိမ်ရောဂါများနှင့် အစာအိမ်ကင်ဆာ’ အခြားကင်ဆာရောဂါများလည်း ုဖြစ်စေတတ်သောကြောင့် လုံးဝရှောင်ကြဉ်သင့်ပါသည်။

“အကင်များနှင့်_ကင်ဆာရောဂါ”
•••••••••••••••••••••••••••

*ပြည်ပနိုင်ငံမှ တင်သွင်းလာတဲ့ တုတ်ထိုးအကင်တွေမှာ သုံးထားတဲ့ တာရှည်ခံဆေးကလည်း ကင်ဆာရောဂါဖြစ်စေနိုင်ပြီး ဒီအသားကင်တွေကို (Freezer) တွေ အအေးခန်းတွေမှာ သိုလှောင်ထားတဲ့ အတွက်လည်း အောက်စီဂျင်ဓါတ်တိုးမှု (Oxidation) ဖြစ်ပြီး ကင်ဆာရောဂါကို ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင်မသန့်တဲ့ ပြန်ကြော်ဆီ တွေနဲ့ ကြော်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်ပြန်ရော။ ဒါကြောင့် အကင်များကို လုံးဝ လုံးဝ ရှောင်သင့်ပါတယ်။

“သတိထားသင့်သော_အသီးအနှံများ”
••••••••••••••••••••••••••••••••

*ဓါတုဟော်မုန်းဆေးများအသုံးပြုထား၍ အဆမတန်ကြီးထွားနေသော မုံလာဥအဖြူများ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ’ ပိုးသတ်ဆေးအပြင်းစားသုံးထားသည့် ဂေါ်ဖီထုတ်’ ကိုက်လန်’ မုန်ညင်းရွက်’ ပန်းမုံလာထုပ်’ မုံညင်းထုတ်များ’ ဆေးစိမ်ဆေးဖျန်း၍ မှည့်နေသော သရက်သီး’ သင်္ဘောသီး’ လိမ္မော်သီး’ ပန်းသီး’ ငှက်ပျော်သီးစသည်တို့သည် ကင်ဆာဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။

Organic ဟုခေါ်သော ပိုးသတ်ဆေးမသုံးပဲ သဘာဝအတိုင်းပေါက်သည့် သစ်ဥသစ်ဖု သစ်သီးဝလံများ မိမိခြံထွက်သရက်သီး ခရမ်းချဉ်သီး ရုံးပတီသီး ချဉ်ပေါင် ငရုတ်သီး စသည်များကိုသာ စားသုံးသင့်ပါသည်။

“ဖော်မလင်ခေါ်_ဖော်မယ်ဒီဟိုက်နှင့်ကင်ဆာအန္တရယ်”
••••••••••••••••••••••••••••••••••••••••••••••

*ယခုအခါ ပဲပြားများ’ ချက်နို့ဆီနှင့် မုန့်ဟင်းခါးဖတ်’ မုန့်တီ(နန်းကြီး)ဖတ်များကို တာရှည်ခံအောင် လူသေကောင်တံင် မပုတ်မသိုးအောင်အသုံးပြုသော ဖော်မလင်ကို အသုံးပြုနေကြပါသည်။ ၎င်းဖော်မလင်ခေါ် ဖော်မယ်ဒီဟိုက်အဆိပ်ဓါတ်သည် ကင်ဆာရောဂါအမျိုးမျိုးကို ဆိုးရွားစွာဖြစ်ပေါ်စေ၍ လတ်ဆတ်သော လက်ညှစ်မုန့်ဖတ်များကိုသာ ရွေးချယ်စားသုံးကြပါ။

“သတိထားရမည့်ရေချိုငါးပိ_ငါးခြောက်နှင့်ငံပြာရည်”
••••••••••••••••••••••••••••••••••••••••••••

*အချို့ရေချိုငါးပိများတွင် ယူရီးယား(ပုလဲ) ဓါတ်မြေသြဇာ ထည့်သွင်း ထားကြောင်း သိရသဖြင့် ယူရီးယား(၃)ဂရမ်နှင့်အထက် စားမိပါက အော့အန်ခြင်း ‘ သတိလစ်မေ့မျောခြင်း’ ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ထို့အပြင် ငါးခြောက်များလှန်းရာ တွင် ယင်မနား’ လောက်မတက်စေရန် တရုတ်နိုင်ငံမှလာသော (90%) ယင်ဆေးခဲခေါ် (Tri Chlorophon) ပိုးသတ်ဆေး အသုံးပြုကြောင်း သိရှိရ၍ စားသုံးမိပါက လေဖြတ်လေငန်းရောဂါ’ အာရုံကြော နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေသည်။

“ကင်ဆာဖြစ်စေသော_ဝါးတူ”
•••••••••••••••••••••••••

တစ်ခါသုံးဝါးတူတွင် သာမန် မျက်စေ့ဖြင့်မမြင်ရသော အသည်းကင်ဆာ ဖြစ်စေသည့် မှိုများပေါက်ဖွားလေ့ရှိသဖြင့် လုံးဝမသုံးသင့်ပါ။ သန့်ရှင်းသောဇွန်း’ ခရင်းကို အသုံးပြုပါ။

တရုတ်နိုင်ငံယူနမ်နယ်မှ တင်သွင်းသော တစ်ခါသုံးဝါးတူများတွင်လည်း မှိုမတက်စေရန် ကန့်ငွေ့(Sulphur Dioxide) နှင့် (၄၈) နာရီ ပေါင်းခံပြီး ရေနံဖယောင်းနဲ့ အရောင်တင်တဲ့အခါ ကင်ဆာဖြစ်တဲ့ (Hydro Carbon) တစ်မျိုးပါလာပါတယ်။ ပြီးမှ ပိုဖြူသွားအောင် (Hydrogen Peroxide) ဆေးရည်နှင့်ပြုတ်ပါတယ်။ အဲဒီအထဲမှာ (Sodium Pyro Phosphate) တွေပါ ထည့်ပြုတ်တယ်။ ဒါကြောင့်ဝါးတူများကို လုံးဝ အသုံးမပြုကြပါနဲ့။”

မြန်မာနိုင်ငံသူနိုင်ငံသား အားလုံး ကမ္ဘာသူကမ္ဘာသား အားလုံး ကျန်းမာချမ်းသာ၍ ဘေးဘယာဝေးကွာကြပါ စေ။

ကင်ဆာရောဂါဝေဒနာဆိုးများမှ ၎င်း အခြားရောဂါဝေဒနာဆိုးများမှ၎င်း လုံးဝလုံးဝ ကင်းစင်ကြပါစေရှင်။

:

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာ သိဖို့လိုပါတယ်...Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်.......CP(Auto) ကတော့ ...
21/10/2023

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာ သိဖို့လိုပါတယ်...Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကတော့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျမုးပါ
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကတော့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကတော့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )
........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ)
......BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ
........Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကတော့ C ပိုးစစ်တာပါ
..........( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)
အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကတော့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total ) ကတော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR -ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကတော့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ
........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာပါ
.......CRP ကတော့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ

ကျေးဇူးတင်လျှက်............

Credit dr hein laboratory

 -Pharmacy  me
20/10/2023

-Pharmacy

me

""Amlong  5/10 သွေးတိုးကျဆေး""" Amlodpine သွေးတိုးကျဆေး "=====================- Amlong ဆေးဟာ Amlodipine 5 mg နဲ့ Amlodip...
18/10/2023

""Amlong 5/10 သွေးတိုးကျဆေး""

" Amlodpine သွေးတိုးကျဆေး "
=====================

- Amlong ဆေးဟာ Amlodipine 5 mg နဲ့ Amlodipine 10 mg ဆိုပြီး လာတယ်။

- Angina ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ အတွက်လည်း သုံးတယ်။

- Calcium-Channel Blockers (Calcium Antagonists) အမျိုးအစားဆေးဖြစ်တယ်။

- သွေးကြောနံရံအပေါ်သက်ရောက်ပြီး သွေးဖိအားကိုကျစေတယ်။


- ဆေးနဲ့မတည့်သူ (အလာဂျစ်ဖြစ်သူ) တွေ၊ သွေးဖိအားနည်းနေသူတွေကို မပေးဘူး။

- သတိလစ်နေသူကိုလည်း မပေးဘူး။

- နှလုံး(အတက်ခ်) ရလို့ ၂၈ ရက်အတွင်းရှိသူ၊

- နှလုံးဘယ်ဘက်ခန်းကို သွေးအရောက်နည်းသူတွေကိုလည်း မပေးဘူး။

- ကိုယ်ဝန်ဆောင်နေရင်၊ ကလေးနို့တိုက်နေရရင် ဆရာဝန်ပေးမှသာ သောက်သင့်တယ်။

- အသက် ၁၈ နှစ်အောက်လဲ မပေးဘူး။


တွဲမသောက်သင့်သော ဆေးများ။
------------------------------

- Diltiazem သွေးကျဆေး၊

- Ketoconazole,

- Itraconazole (ဖန်းဂတ်စ်) မှိုဆေး၊

- Ritonavir ခေါ်တဲ့ HIV/AIDS ဆေး၊

- Rifampicin တီဘီဆေး၊

- Cimetidine, နဲ့ Aluminium/Magnesium လေနာဆေးတွေ၊

- Sildenafil (Vi**ra) ယောက်ျား ပန်းသေအတွက် ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။

- တခြားသွေးကျဆေးတွေ ဖြစ်ကြတဲ့

- Beta-blockers, ACE inhibitors,

- Alpha-blockers တွေနဲ့ တွဲပေးရင် သတိထားရမယ်။


- အများအားဖြင့် တစ်နေ့မှာ 5 mg ပေးတယ်။

- ၂-၄ ပတ်မှာ အစွမ်းမပြရင် 10 mg ပေးတယ်။

- အသက်သိပ်ကြီးသူတွေ၊

- ကျောက်ကပ်မကောင်းသူတွေ၊

- ဆေးသောက်ချိန် တူညီသင့်တယ်။

- ဆေးသောက်တာမေ့လို့ ၁၂ နာရီကျော်သွားရင်

- တစ်နေ့ထဲ ၂ ခါသောက် မဖြစ်စေရဘူး။

- ဆေးကို လိုတာထက် သောက်တာများသွားရင် ခေါင်းမူးဝေဝေဖြစ်မယ်။

- အသက်ရှူရခက်မယ်။ ဆီးခဏခဏ သွားချင်လာမယ်။


ဘေးထွက်ဆိုးကျိုးများ။
--------------------

- ခေါင်းကိုက်၊ မောပန်း၊ ခေါင်းမူး၊ အားယုတ်၊ နှလုံးခုန်နေတာကို သတိထားမိတာ၊ နေမကောင်းသလိုနေတာ၊ အစာမကျေ၊ ခြေချင်းဝတ်ရောင်၊ မျက်နှာနီမြန်း၊ ဆေးသောက်နေသူတွေ ခေါင်းမူးတတ်၊ မောပန်းတတ်လို့ ကားမောင်း၊ စက်မောင်းတာ သတိထားရမယ်။

- Grapefruit juice စပျစ်ရည်နဲ့ မသောက်သင့်ဘူး။

- ဆေးကို ရေများများနဲ့ သောက်ရမယ်။


Calcium-Channel Blockers
————————————-

- Calcium များ ကြွက်သား ဆဲလ်များထဲသို့ ဝင်ရောက်ခြင်းကို တားဆီးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ကျဆင်းစေပါသည်။

- Calcium သည် ကြွက်သားဆဲလ်များထဲသို့ ဝင်ရောက်သည့်အခါ ယင်းဆဲလ်များသည် ကျုံ့ဝင်သွားကြသည်။

- Amlong 5 ကဲ့သို့သော Calcium-Channel Blockers ဆေးများ သောက်လိုက်သည့်အခါ

- ကြွက်သားများ၏ ကျုံ့ဝင်မှုကို တားဆီးပေးလိုက်သဖြင့်

- သွေးကြောများ ကျယ်လာပြီး သွေးစီးကြောင်းသည် အခက်အခဲမရှိ လွယ်ကူစွာ စီးဆင်းလာနိုင်သည့် အတွက်

- သွေးပေါင်ချိန်လည်း လျော့နည်းလာခြင်း ဖြစ်ပါသည်။

Crd #

13/10/2023

ကလေး တွေ့ရင် မနေနိုင် စချင်နေတာပဲ 😃😃😃

13/10/2023

တစ်ခါလဲရင် ၂ ခါ ပြန်ထမယ် 💪💪💪

တစ်ယောက်တစ်လက် ဝိုင်းကူပြီး ပြန်လည် ရုန်းထကြတာပေါ့ Fighting Bago

.N.O

Address

Bago

Website

Alerts

Be the first to know and let us send you an email when Yaung Ni Oo -Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram