
08/04/2025
ဘုရားကြီးမြို့နှင့် အနီးတဝိုက်ပတ်ဝန်းကျင် မြို့နယ်များအတွင်း နေထိုင်သူ မိဘပြည်သူများရှင့်
🙏🏻🙏🏻🙏🏻🙏🏻🙏🏻
💉ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) 💉
ကို
KYAW KYAR Medical-Centre တွင် ထိုးနိုင်ပါပြီ။
မိုးဦးကျ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်တဲ့
Southern Strains တုပ်ကွေးပိုးမျိုးကွဲ (၄) မျိုးကို
ကာကွယ်ပါတယ်။
(ခ) ကာကွယ်ဆေးထိုးသင့်သူများ
🛑🛑🛑🛑🛑🛑🛑🛑🛑
၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ၊ လူနာနှင့် တိုက်ရိုက်ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများက တုပ်ကွေးကာကွယ်ဆေး ရနိုင်လျှင်၊ မတန်တဆ စျေးမပေးရလျှင် ထိုးသင့်ပါသည်။
(ဂ) ကိုယ်ဝန်ဆောင်များ
🛑🛑🛑🛑🛑🛑🛑
-ကိုယ်ဝန်ဆောင်များ စောထိုးနိုင်လျှင် ကာကွယ်မှုစောစောရသည်။ မည်သည့်လမဆို ထိုးနိုင်သည်။ ကိုယ်ဝန်ဆောင် တုပ်ကွေးဖြစ်လျှင် လက္ခဏာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိ၍ ထိုးသင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင် ထိုးခြင်းဖြင့် မွေးလာမည့် ကလေးကို အသက် ၆ လအထိ တုပ်ကွေးကာကွယ်ပေးနိုင်သည်။
(ဃ) ဆေးအာနိသင်ရစေရန်
🛑🛑🛑🛑🛑🛑🛑🛑
-ရောဂါပိုးက အသွင်အမျိုးမျိုး ပြောင်းနေ၍ ကာကွယ်ဆေးကို နှစ်စဉ်ပြပြင်မွမ်းမံ ထုတ်လုပ်သည်။ ထိုးချင်လျှင်၊ ထိုးသင့်လျှင် နှစ်စဉ်ထိုးရသည်။
-၆ လမှ ၉ နှစ်ထိ ကလေးများတွင် ပထမဆုံးအကြိမ်ထိုးသောနှစ်တွင် အနည်းဆုံး ၄ ပတ်ခြား၍ ၂ လုံး ထိုးရသည်။ နောက်နှစ်များတွင် တစ်နှစ်တစ်ကြိမ်သာ ထိုးဖို့လိုသည်။
-၉ နှစ်ပြည့်ပြီး ကလေးများတွင် ပထမဆုံးစထိုးသော နှစ်တွင် တစ်ကြိမ်သာ လိုပြီး နှစ်စဉ်ထိုးရသည်။
-၉ နှစ်အောက်ကလေးများ အကြောင်းတစုံတရာကြောင့် တစ်ကြိမ်ပဲ ထိုးမိလျှင်လည်း စိတ်တအားမပူပါနှင့်။ လုံးဝမထိုးတာထက်တော့ ခုခံမှုပိုပါသည်။
-တုပ်ကွေးရာသီ မတိုင်ခင် ၂လ ကြိုထိုးလျှင်အကောင်းဆုံးဖြစ်သော်လည်း အဖြစ်များချိန်တွင် ထိုးဖို့နောက်မကျသေးပါ။
-ကာကွယ်ဆေးထိုးပြီး ၂ ပတ်-၃ ပတ်ကြာလျှင် ခုခံမှုစွမ်းရည်စတင် ရရှိသည်။
-ရနိုင်သည့် ခုခံမှုပမာဏက ဆေး၏အာနိသင်ပေါ်တွင်သာမက ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်ဆိုးရွားမှု၊ လူ၏ ပင်ကိုယ်ကိုယ်ခံအားတို့ အပေါ်တွင်ပါ မူတည်သည်။
-ကာကွယ်ဆေးက တုပ်ကွေးပိုးများကို ရာနှုန်းပြည့်ကာကွယ်မပေး၍ ကာကွယ်ရန်အခြားနည်းလမ်းများဖြစ်သော အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ လက်ပုံမှန်ဆေးခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းစသည်တို့ကို ဆက်လက်ကျင့်သုံးဖို့လိုအပ်သည်။
(င) ဘေးထွက်သက်ရောက်မှု
🛑🛑🛑🛑🛑🛑🛑🛑🛑
-အဖြစ်များသည့် ဘေးထွက်သက်ရောက်မှုမှာ ယာယီအဖျားငွေ့ရှိခြင်း၊ ထိုးသည့်နေရာတွင် ယာယီနီခြင်းတို့ဖြစ်သည်။
-မထိုးသင့်သောသူများမှာ ပထမအကြိမ်ထိုးပြီးပြီးခြင်း နှုတ်ခမ်းများ ရောင်လာခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ရှိဖူးလျှင် မတည့်ခြင်းဖြစ်၍ ဆက်မထိုးသင့်ပါ။ အလွန်ရှားသော်လည်း ကြက်ဥမတည့်သူများက ဆရာဝန်အနားရှိလျှင်ထိုးနိုင်သည်။
၊ #ကျော်ကြားဆေးခန်းနှင့်ရောဂါရှာဖွေရေး၊ ၊ ၊ #အာထရာဆောင်း၊ #သွေးစစ်၊ #အထူးကု၊ ၊ ၊ ၊ ၊ #တုပ်ကွေးကာကွယ်ဆေး