အလှကုန်နှင့် ဆေးမျိုးစုံဆိုင်

  • Home
  • Myanmar
  • Bago
  • အလှကုန်နှင့် ဆေးမျိုးစုံဆိုင်

အလှကုန်နှင့် ဆေးမျိုးစုံဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အလှကုန်နှင့် ဆေးမျိုးစုံဆိုင်, Medical and health, Bago.

လှပ ချောမွေ့ခြင်းရေချိုးဆပ်ပြာရည်
04/07/2025

လှပ ချောမွေ့ခြင်း
ရေချိုးဆပ်ပြာရည်

25/06/2025

ဝမ်းပျက်ဝမ်းလျှောတာကို ဘယ်လို ကာကွယ်မလဲ

ဝမ်းပျက်ဝမ်းလျှောတာက ဘက်တီးရီးယားတွေ
ဒါမှမဟုတ် ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။
ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး
အလေ့အထတွေက ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

လက်ကို မကြာခဏ သန့်စင်အောင် သေချာဆေးကြောပါ
အရက်ပြန်ပါတဲ့ ရေမလိုလက်သန့်ဆေးရည် အသုံးပြုပေးပါ
သန့်ရှင်းစွာ နဲ့ ကျက်အောင် ချက်ထားတဲ့ အစားအစာတွေကို စားပေးပါ
သန့်ရှင်းတဲ့ရေကို သောက်သုံးပါ။

လှပ ချောမွေ့ခြင်းရေချိုးဆပ်ပြာရည်
20/06/2025

လှပ ချောမွေ့ခြင်း
ရေချိုးဆပ်ပြာရည်

17/06/2025

ယခုလို မိုးရာသီနှင့် ရာသီဥတုအပြောင်းအလဲတွင်
ဖြစ်ပွါးလေ့ရှိသော မိုးမိခြင်း၊အအေးမိခြင်း၊
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊
ခေါင်းကိုက်ခြင်း တို့မဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။

လှပ ချောမွေ့ခြင်း
17/06/2025

လှပ ချောမွေ့ခြင်း

16/04/2025
Be the best version of you
04/02/2025

Be the best version of you

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)ကူးစက်ရောဂါများNorovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလ...
12/12/2024

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကူးစက်ရောဂါများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –

မူးဝေခြင်း

အော့အန်ခြင်း

ဝမ်းဗိုက်နာကျင်ခြင်း

အရည်ဝမ်းသွားခြင်း

ကိုယ်လက်မအီမသာ ဖြစ်ခြင်း

တငွေ့ငွေ့ဖျားခြင်း

ကြွက်သားများ နာကျင်ခြင်း

ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။

မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း
မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။

ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “

တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။

နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။

အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်

ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..

ငှက်ပျောသီး

ဒိန်ချဉ်

အသီးအရွက်ပြုတ်

နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –

အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။

မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။

ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။

နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။

ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။

အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။

ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့ ခရီးမထွက်ပါနဲ့။

Address

Bago

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when အလှကုန်နှင့် ဆေးမျိုးစုံဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share