
30/05/2025
ဆီးပူညောင်းကျရောဂါဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဆီးပူညောင်းကျရောဂါ ဖြစ်လာပြီဆိုရင် အမျိုးသားတွေမှာ …
👦 ဆီးသွားနေစဥ် ပူလောင်ခြင်းကို ခံစားရခြင်း၊
👦 လိင်အင်္ဂါမှ အဖြူရောင် (သို့) အဝါရောင် (သို့) အစိမ်းရောင် အရည်ဆင်းခြင်း၊
👦 ဝှေးစေ့များ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။
အမျိုးသမီးတွေမှာဆိုရင်တော့ …
👧 ဆီးသွားတဲ့အခါ နာကျင်ခြင်း၊
👧 ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊
👧 တင်ပါးဆုံအတွင်းပိုင်း (သို့) ဝမ်းဗိုက်မှ နာကျင်ခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒီလက္ခဏာတွေကို ခံစားရပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ဆေးပတ်လည်အောင် သောက်သုံးခြင်းဖြင့် အရှင်းပျောက်ကင်းနိုင်ပါတယ်။ 💊
ဆီးပူညောင်းကျရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ …
🔸 လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ။
🔸 Partner အသစ် ဒါမှမဟုတ် Partner များစွာနဲ့ လိင်ဆက်ဆံသူဆိုရင် ဆီးပူညောင်းကျရောဂါစစ်ဆေးခြင်း ပုံမှန်ပြုလုပ်ပါ။
🔸 ဆီးပူညောင်းကျရောဂါ လက္ခဏာရှိသူနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ပါ။
🔸 တစ်ဦးတစ်ယောက်မှာ ဆီးပူညောင်းကျရောဂါဖြစ်ပွားနေပြီဆိုရင် ကိုယ့်ရဲ့ Partner ပါ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်နော်။
ဆီးပူညောင်းကျရောဂါဟာ စောစီးစွာ သိမယ်ဆိုရင် အလျင်အမြန်ပဲ ပျောက်ကင်းအောင် ကုသနိုင်တာကြောင့် ဖြစ်လာခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြဖို့ အကြံပေးချင်ပါတယ်။ ❗
#ဆီးပူညောင်းကျရောဂါ