𝐋𝐞𝐭 𝐭𝐡𝐞 𝐂𝐚𝐫𝐝𝐬 𝐒𝐚𝐲

  • Home
  • Myanmar
  • Banmaw
  • 𝐋𝐞𝐭 𝐭𝐡𝐞 𝐂𝐚𝐫𝐝𝐬 𝐒𝐚𝐲

𝐋𝐞𝐭 𝐭𝐡𝐞 𝐂𝐚𝐫𝐝𝐬 𝐒𝐚𝐲 ✨Tarot reading ✨
TikTok -

ဒီနေ့လုပ်ပေးမယ့် pick a picture  Reading right person နဲ့ ပတ်သက်တဲ့ topic လေးဖြစ်ပါတယ်ခမျ။ကိုယ်ရဲ့ right person နဲ့ဘယ်တေ...
30/10/2025

ဒီနေ့လုပ်ပေးမယ့် pick a picture Reading right person နဲ့ ပတ်သက်တဲ့ topic လေးဖြစ်ပါတယ်ခမျ။
ကိုယ်ရဲ့ right person နဲ့ဘယ်တော့ တွေ့ရမလဲ။ တွေ့ပြီးရင်ကော သူက ကိုယ့်နားရှိနေတုန်းလား။ right person wrong time ဖြစ်ခဲ့ကြတာလား။

General reading ဖြစ်တာမို့ လူတိုင်းနဲ့တော့ မကိုက်ညီနိုင်ပါဘူးနော်။ တော်တော်များများနဲ့တော့ အဆင်ပြေလိမ့်မယ်လို့ မြင်မိပါတယ်။

Like and share လုပ်ခြင်းဖြင့် Noah ကိုကူညီပေးပါ။
Feedback လေးတွေကိုလဲ comment မှာကြားချင်ပါတယ်





အစက bubble wrap အကြည်နဲ့ ထုပ်ပေးမလို့ဘဲ ဒါပေမယ့် packing ဖောက်တာနဲ့ မြင်ရရင် blind box အရသာ အရမ်းမရမှာစိုးလို့ အမဲရောင်န...
29/10/2025

အစက bubble wrap အကြည်နဲ့ ထုပ်ပေးမလို့ဘဲ ဒါပေမယ့် packing ဖောက်တာနဲ့ မြင်ရရင် blind box အရသာ အရမ်းမရမှာစိုးလို့ အမဲရောင်နဲ့ ထုပ်ထားပေးပါ‌တယ်နော်။ Noah ကတော့ မနေနိုင်လို့ တစ်ခုဖောက်လိုက်တာ Love and Beauty လေး ရသွားတယ်။ ကိုယ့်ပစ္စည်းကိုယ်ကတော့ အရမ်းကြိုက်။ Love and Beauty ရတဲ့လူတွေအတွက်က secret တစ်ခုရှိတယ်နော်။ အဲ့တာက ရသွားမှဘဲ cb မှာတိုးတိုးလေးလာပြောပြမယ်။ Love and Beauty spell jar ရရင် cbမှာ လာဆက်သွယ်ပေး။🤫
spell jar လေးက ကျန်ပါသေးတယ်နော်။ ရချင်ရင် cb ကို ဆက်သွယ်ပေးပါဗျ။

Noah အခုတလော transformation မျိုးစုံကြုံရပြီး တော်တော်လေးပျောက်နေခဲ့တာ အခု ဒီ spell jar လေးနဲ့ come back လုပ်ပါမယ် ဗျ။Sp...
28/10/2025

Noah အခုတလော transformation မျိုးစုံကြုံရပြီး တော်တော်လေးပျောက်နေခဲ့တာ အခု ဒီ spell jar လေးနဲ့ come back လုပ်ပါမယ် ဗျ။
Spell jar လေးက blind box သဘောမျိုးပါ။
Spell jarက အမျိုးအစားလေးမျိုးပါ။

ပုံစံလေးကိုနဲနဲ ဆန်းဆန်းလေးဖြစ်အောင် key chain ပုံစံလေးလုပ်ထားပါတယ်ဗျ။ဘယ်သွားသွားဆောင်လို့ရတဲ့ intention နဲ့ပေါ့ပေါ့ပါးပါးအ‌သေးလေးလုပ်ထားတာပါ။

Spell jarလေးက တစ်ခုကို တစ်ခုကို 9999ks ဖြစ်ပါတယ်။

1. Love and Beauty
ဒီ spell jar လေးက နာမည်အတိုင်းဘဲ အချစ်နဲ့ အလှအပ အတွက်ပါ။ သူ့ရဲ့ပုံစံက သူများကို ချစ်တာ ဦးစားမပေးဘဲ ကိုယ့်ကိုယ်ကိုချစ်တတ်အောင်သင်ပေးပြီး သူများအချစ်ကို နောက်မှယူမယ့်ပုံစံမျိုးပါ။ ဒါလေးဆောင်ပြီးရင် ကိုယ့်ကိုယ်ကိုလှအောင် နေထိုင်တတ်လာမယ်။ သူများအမြင်မှာလဲ လှလှပပလေးဖြစ်နေမယ်ပေါ့နော်။

2. Money booster
ဒီတစ်ခုက နာမည်အတိုင်းဘဲ Money Boosterဆိုတော့ ငွေ၀င်တာတွေကို boost လုပ်ပေးပြီး ငွေ၀င်ကြမ်း‌စေမယ်ပေါ့နော်။ abundance spell jar‌က လူတိုင်းနီးပါး သိကြပါတယ်။အဲ့တော့ အရမ်းကြီး ရှင်းပြတော့ဘူး။

3.Obsidian Shield
‌တော်ရုံအားနဲ့ မထိုးဖောက်နိုင်တဲ့အကာအကွယ်တစ်ခုနဲ့ ဆောင်ထားတဲ့ လူကို protectလုပ်ပေးမယ့် protection spell jar လေးပါ။ spiritualကော mental ကော physicalကော အနှောက်အယှက်ပေးမာတွေကို ကာကွယ်ပေးမှာပေါ့နော်။

4.Loved Unconditional
ဒီတစ်ခုကတော့ secret လေးပေါ့နော်။ လုံး၀ pure love, Unconditional loveကို လက်ခံမယ့် spell jar မျိုး။ Love and Beauty နဲ့ မတူတာက သူက ကိုယ့်ကို သူများက ချစ်မှာကို ဦးစားပေးတာမျိုး။ဒါလေးက တစ်ခုဘဲ ရှိတာနော် ။

ဒါတွေအားလုံးက noah စိတ်ကြိုက်လုပ်ထားတာ မဟုတ်ဘဲ calling ရတဲ့အတိုင်းလုပ်ထားတာမလို့။ လူမှန်နေရာမှန်ကိုဘဲ ရမှာပါ။

ဒီနေ့ KHB က ဆရာပိုင်ပိုင်ကိုယ်တိုင်လုပ်ထားတဲ့ divination tool ဖြစ်တဲ့ Persephone's Rune လေးနဲ့ Message ဘေးတင်ပေးချင်ပါတယ...
25/09/2025

ဒီနေ့ KHB က ဆရာပိုင်ပိုင်ကိုယ်တိုင်လုပ်ထားတဲ့ divination tool ဖြစ်တဲ့ Persephone's Rune လေးနဲ့ Message ဘေးတင်ပေးချင်ပါတယ်။

Topic လေးက ကွယ်လွန်သွားတဲ့သူတစ်ယောက်ယောက်က အခုချိန်မှာ ဘယ်လို ဘ၀မှာရောက်နေတာလဲ ဆိုတာလေးဖြစ်ပါတယ် ။ ကွယ်လွန်ပြီးသူ ဘယ်သူ့ကိုမဆို ကြည့်ပေးလို့ရပါတယ်။

Noahစာမလုပ်ခင်မှာ မြန်မြန်လေးမရရအောင် လုပ်ထားတာပါ။ message လေးကိုလည်း တိုတိုတဲ့ လိုရင်းလေးဘဲ ရေးထားပေးပါတယ်။
Thanks Everyone ✨

ဒီ spell jar လေးက stockကျန်ပါသေးတယ် ။ မှာယူလို့ရပါသေးကြောင်း
12/09/2025

ဒီ spell jar လေးက stockကျန်ပါသေးတယ် ။
မှာယူလို့ရပါသေးကြောင်း

Kamp Half Blood ကနေ Tarot သင်ပြီး Certificate ရခဲ့ပါပြီ။ အရင် 2021စသင်ကတည်းက KHBက ဆရာပိုင်ဘဲ သင်ပေးခဲ့တာဖြစ်ပြီး ကြားထဲ ...
10/09/2025

Kamp Half Blood ကနေ Tarot သင်ပြီး Certificate ရခဲ့ပါပြီ။ အရင် 2021စသင်ကတည်းက KHBက ဆရာပိုင်ဘဲ သင်ပေးခဲ့တာဖြစ်ပြီး ကြားထဲ ပျက်လပ်သွားပြီး အခုပြန်သင်တဲ့အချိန်မှာလဲ KHB နဲ့ဘဲ ပြန်ပြီး polish လုပ်ခွင့်ရခဲ့တာ အရမ်း၀မ်းသာပါတယ်နော်။

ပညာဒါနပေးခဲ့တဲ့ KHB ကဆရာနှစ်ယောက်လုံးကိုလည်း ကျေးဇူးအများကြတင်ပါတယ်ဗျ။

TAROT FEESလေးကိုလည်း နဲနဲတိုးထားပါတယ်။
အသေးစိတ်အတွက် Page Messenger မှာစုံစမ်းနိုင်ပါတယ်။

999 (9ရက် 9လ 2025 )မှာ spell jar လုပ်ဖို့ message လေးရတာနဲ့လုပ်ဖြစ်သွားတာ။ အစက မလုပ်တော့ဘူးလို့တွေထားပေမယ့် လုပ်ဖို့ mes...
09/09/2025

999 (9ရက် 9လ 2025 )မှာ spell jar လုပ်ဖို့ message လေးရတာနဲ့လုပ်ဖြစ်သွားတာ။ အစက မလုပ်တော့ဘူးလို့တွေထားပေမယ့် လုပ်ဖို့ message လေးရတာနဲ့ လုပ်လိုက်တာ လုပ်လဲ လုပ်ပြီး လူလဲ flag ပြသွားတယ်။ ညကလုပ်ပြီး တင်ဖို့ အရချိန်မရှိတာနဲ့ ခုမှ တင်လိုက်တာ။
Spell Jarလေးတွေက ဘယ်ဟာ၀ယ်မယ်ဆိုပြီး ရွေးလို့ မရပါဘူး။ Blind Box ပုံစံမျိုးပါဗျ။

Price -43000

ခါတိုင်း ဈေးထက် နဲနဲများနေတာက ကိုယ်လဲ energy အများကြီးသုံးထားရတယ်။လူလဲ စစ်ချချင်လို့။ Mother Hakate ကိုယ်တိုင်လဲ ဒီဈေးသတ်မှတ်ထားပေးတာ မလို့ပါ။
ဒါပြီးရင် spell jar လုပ်တာ ခနနားပါပြီနော်။ ဒါကြောင့် လာယူထားကြတော့။

ထိုက်သူလက်ထဲရောက်ပါစေ။

ဒီနေ့က ခါတိုင်းလို Reading လေးတွေ တင်ပေးမှာမဟုတ်ဘဲ Noah လုပ်ထားတဲ့ spell jar လေးတွေနဲ့ မိတ်ဆက်ပေးသွားမှာပါဗျ။ Mother Hak...
03/09/2025

ဒီနေ့က ခါတိုင်းလို Reading လေးတွေ တင်ပေးမှာမဟုတ်ဘဲ Noah လုပ်ထားတဲ့ spell jar လေးတွေနဲ့ မိတ်ဆက်ပေးသွားမှာပါဗျ။ Mother Hakate ဆီက Noahလိုချင်တာလေးတွေ ကပ်ချွဲရင်း တောင်းတော့ Motherက ခါတိုင်းလို tarot reading တွေလုပ်ရုံနဲ့ မရဘဲ ကိုယ်တတ်တဲ့ magickကိုအသုံးပြုပြီး ရအောင်ယူရမယ်တဲ့။ ကိုယ်လဲ tarot reading တွေကနေများ ရမလားစောင့်တာ မရဘူးဗျာ။ ထူးခြားတာက အခုတလောလဲ very witchy ဖြစ်နေတာ။ သူငယ်ချင်းကလဲ သူ့အိမ်ကိစ္စတွေနဲ့ အဆင်မပြေတဲ့အချိန်မှာ ကိုယ်က healing spell craft နဲ့သူ့ကို healing လုပ်ပေးဖြစ်တယ်။ သူငယ်ချင်းက တော်တော်ကို သက်သာသွားတာ။Mother Hakate ကျေးဇူးကြောင့် အရမ်းတွေ အစွမ်းထက်နေတာဗျာ။ ပြီးတော့ ကိုယ်ကိုတိုင်လဲ ဟိုနေ့က spell လေးလုပ်ဖြစ်တယ် ။ လုပ်တာကတော့ ကိုယ့်ကိုကိုယ်အတွက်ပါဘဲ ။ပိုပြီး glow up ဖြစ်အောင် လူချစ်လူခင်ပေါအောင် ။အချစ်ရေး ကံတက်အောင်ပေါ့။ ဘာရယ်မဟုတ်ဘူး လုပ်နေတုန်း crush အကြောင်းလေး တွေးမိလိုက်တာ။ စက္ကန့်ပိုင်းလေးဘဲနော် ။ပြီးတော့ တကယ် ပြန်ဖျက်ချတာ။ဒါပေမယ့် spell လုပ်ပြီး နာရီ၀က်လောက်ဘဲ ရှိသေးတယ်။ Crush က စကားလာပြောရောဗျာ။ ဒီတလောကိုယ်လဲ တော်တော် magick power တွေ တက်နေတာသတိထားမိတယ် ။ ကိုယ့်ဘေးက လူတွေတင် မကဘူး။ ကိုယ့် page နဲ့ အကောင့်ထဲက လူတွေကိုပါ အကျိုးပြုပေးပါအုံးလို့ message ရတာနဲ့ ဒီ spell jar လေးတွေကိုလုပ်ပေးဖြစ်သွားတာ။ spell jar တစ်ခုချင်းစီရဲ့ အကြောင်းကို တစ်ပုံချင်းစီမှာ ရေးထားပေးပါတယ်။

Price ကတော့ 33000 ကျပ်တိတိဖြစ်ဖြစ်ပါတယ်။

၀ယ်ရင် လက်ဆောင်ပေးမယ့် အစီအစဉ်လဲရှိသေးတယ်‌နော်။
ထိုက်တန်သူတို့ ရကြပါစေ။🥰

ခုလို အလှဆင်ဖို့ idea ပေးခဲ့တဲ့ KHB က ဆရာ ပိုင်ပိုင်ကို ကျေးဇူးအများကြီးတင်ပါတယ်ခမျ။
Good luck 🍀

ဒီနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ကျနော် စာအုပ်တွေ  ကဖတ်ထားတဲ့ knowledge တွေနဲ့ လိုင်းပေါ်ကနေ လေ့လာထားတဲ့အရာတွေပေါ...
31/08/2025

ဒီနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ကျနော် စာအုပ်တွေ ကဖတ်ထားတဲ့ knowledge တွေနဲ့ လိုင်းပေါ်ကနေ လေ့လာထားတဲ့အရာတွေပေါင်းပြီး ကိုယ့်idea လေးနဲ့ create လုပ်ထားတဲ့ဟာလေးပါဗျာ။ ဒါလေးကို ကျနော် create လုပ်ဖြစ်သွားတဲ့အကြောင်းအရင်းက‌တော့ ကျနော့်ရဲ့သူငယ်ချင်းက spiritually, emotionally and physically ကျန်းမာရေးသိပ်မကောင်းနေတာနဲ့ သူ့ကို ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ အကူအညီလေးပေးချင်တာကြောင့် ဒီ spell ကို create လုပ်ဖြစ်ခဲ့တာ။ အခုသူကဘဲ နင့်ရဲ့spell လေးကို share လုပ်ပေးပါလားဆိုပြီး အကြံပေးလို့ဘဲ မျှဝေပေးဖြစ်တာပါ။ သူ့ကိုလည်း ဒီကနေဘဲ ကျေးဇူးတင်ပါတယ်နော်။

Spell လုပ်နေရင်း ကျနော့်ရဲ့ အတွေ့အကြုံအရ Sharing လုပ်ပေးချင်တာလေးရှိပါတယ်။ အဲ့တာကတော့ spell လုပ်တဲ့အချိန် intention အရမ်းအရေးကြီးပါတယ်။ visualize လုပ်နိုင်ရင် ပိုပြီးတော့တောင် ကောင်းပါသေးတယ်။စိတ်စွမ်းအင်ပေါ့နော်။ ကိုယ့် intention ကကောင်းလေလေ spell က အရမ်းအစွမ်းထက်လေလေပါဘဲ။ ပြီးတော့ ထည့်မယ့် ပစ္စည်းတွေနဲ့ အဓိပ္ပာယ်တွေကိုသေချာသိထားဖို့လိုအပ်ပါတယ်။ သိရုံမက ပစ္စည်းတွေကို ထည့်တဲ့အခါမှာလည်း ပါးစပ်က ဘာကြောင့်ထည့်တာပါ ဆိုတာကိုပါ ရွတ်ပေးပါ။ ဥပမာ - pink salt ထည့်နေချိန်ဆို " i set protection" ဆိုပြီး အသံအားကောင်းကောင်းနဲ့ရွတ်ပေးပါ။ တစ်ခြားပါ၀င် ပစ္စည်းတွေ ထည့်ရင်လဲ ထိုနည်းလည်းကောင်းပါဘဲနော်။ ကျနော် မျှဝေပေးချင်တာကတော့ ဒီလောက်ပါဘဲဗျ။ အားလုံးအတွက် အသုံး၀င်လိမ့်မယ်လို့ မြင်မိပါတယ်။
Thank you very much 😊
Good luck 🍀



' ကိုယ့်ရဲ့ အတိတ်က လူက ကိုယ့်ဆီပြန်လာအုံးမှာလား။ ကိုယ်နဲ့ အနာဂတ်မှာ ပတ်သက်မှု‌တွေရှိနေအုံးမှာလား' ဆိုတဲ့အကြောင်းလေးနဲ့ ပ...
28/08/2025

' ကိုယ့်ရဲ့ အတိတ်က လူက ကိုယ့်ဆီပြန်လာအုံးမှာလား။ ကိုယ်နဲ့ အနာဂတ်မှာ ပတ်သက်မှု‌တွေရှိနေအုံးမှာလား' ဆိုတဲ့အကြောင်းလေးနဲ့ ပက်သက်ပြီး Pick a Picture reading လေးလုပ်သွားပေးပါမယ်။ဒီ reading လေးက အတိတ်ကလူလို့ပြောတဲ့အတွက် relationships ,situationship တိုင်းအတွက် resonate ဖြစ်ပါတယ်နော်။ friendship တွေအတွက်လဲ အဆင်ပြေပါတယ်နော်။ ရှည်ရှည်ဝေးဝေးတော့ မပြောတော့ဘူး ထုံးစံအတိုင်း အသက်ရှူသွင်းရှူထုတ် သုံးကြိမ်လောက်လုပ်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ ပုံလေးကိုရွေးပါနော်။



Midnight Message ✨ ဒီ post လေးကလေ ညမှတင်တဲ့အတွက် တွေ့တဲ့လူနည်းမယ်ဆိုတာဘေးကိုသိပါတယ်။ဒါပေမယ့် တွေ့ရင် ဒါဟာ မင်းအတွက် mess...
31/07/2025

Midnight Message ✨

ဒီ post လေးကလေ ညမှတင်တဲ့အတွက် တွေ့တဲ့လူနည်းမယ်ဆိုတာဘေးကိုသိပါတယ်။ဒါပေမယ့် တွေ့ရင် ဒါဟာ မင်းအတွက် message ပါဘဲနော်။
ဒီpost လေးတွေ့တဲ့လူတွေက လက်ရှိမှာ delulu အခြေအနေဖြစ်နေတယ်ဆိုတာလေးကို မြင်မိတယ်။အိပ်မပျော်တဲ့ညတွေများမယ်ပေါ့နော်။ စိတ်ပူပင်မှုတွေ အရမ်းများလိမ့်မယ်။ ငွေကြေးကိစ္စ ၊ မိသားစုကိစ္စတွေနဲ့ပတ်သက်တဲ့ ပြဿနာလေးတွေ ဖြစ်နေတယ်လို့မြင်မိတယ်။ဒါပေမယ့် စိတ်မပူပါနဲ့နော်။ မကြာခင်အချိန်အတောအတွင်းမှာ ဒီပြဿနာတွေ ဖြေရှင်းနိုင်ပါလိမ့်မယ်။
အချစ်ရေးကိစ္စနဲ့ ပက်သက်ပြီးတော့ကတော့ အဆင်ပြေနေသေးတယ်။ လက်ထက်ပြီးကာစလူတွေဆိုရင် ကလေးရနိုင်တာလေးတွေ ရှိနိုင်တယ်။ အဲ့ဒီကလေးလေးက လာဘ်ကောင်လေးဖြစ်လိမ့်မယ်နော်။ သမီးရည်းစားတွေဆိုရင် ကိုယ့်ရည်းစားက ကိုယ့်ကို လက်ဆောင်ပစ္စည်းလေးတွေ မုန့်ဖိုးတွေ ပေးနိုင်တာလေးရှိတယ် အမ်းမယ်ပေါ့နော်။
အိမ်ထောင်ကျနိုင်ကိန်းလည်းတွေ့ပါတယ်နော်။







Random Message ✨ ကိုယ်က တစ်ယောက်‌ယောက်ကို ရေရှည်သွားဖို့စဉ်းစားထားတာတွေ married life ကိုသွားဖို့ စဉ်းစားထားတာတွေရှိရင် အ...
26/07/2025

Random Message ✨

ကိုယ်က တစ်ယောက်‌ယောက်ကို ရေရှည်သွားဖို့စဉ်းစားထားတာတွေ married life ကိုသွားဖို့ စဉ်းစားထားတာတွေရှိရင် အခုကစအကောင်
အထည်ဖော်ကြပါ။ ကလေးယူဖို့ စဉ်းစားထားတဲ့သူ သို့မဟုတ် သားဆုပန်ထားတဲ့လူတွေ ကလေးရနိုင်ပါတယ်။ လက်ရှိကိုယ်ရဲ့လက်တွဲဖော်က ရေရှည်အတွက်အဆင်ပြေမယ့်လူ ဖြစ်ပါလိမ့်မယ်နော်။

ငွေကြေးပိုင်းမှာဆိုရင် အ၀င်နဲ့အထွက်မျှနေတာမျိုးရှိတယ်။ သုံးတဲ့အခါမှာ ကိုယ့်ကိုကိုယ်ဦးစားပေးပါ။ ကိုယ်ရဲ့ဆန္ဒကိုလဲ ဦးစားပေးကြပါအုံး။
မိတ်ဆွေတွေထဲက ကိုယ့်အပေါ်မနာလိုနေသူတွေ မလိုမုန်းထားသူတွေပေါနေတယ် ။ချောက်ချခံရတာတွေ လိမ်ခံရတာတွေရှိနိုင်တယ် ။ ပိုက်ဆံလိမ်ခံရတာမျိုးတွေ ရှိနိုင်တယ်နော်။ သုံးလ သုံးနှစ် ကာလသာ ရှိသေးတဲ့အတွဲတွေ cheat လုပ်တာလေးတွေ ရှိနိုင်ပါတယ်နော်။

Like and comment to claim message ✨

Address

Banmaw/Myanmar
Banmaw

Website

Alerts

Be the first to know and let us send you an email when 𝐋𝐞𝐭 𝐭𝐡𝐞 𝐂𝐚𝐫𝐝𝐬 𝐒𝐚𝐲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐋𝐞𝐭 𝐭𝐡𝐞 𝐂𝐚𝐫𝐝𝐬 𝐒𝐚𝐲:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram