Cow Cow Wellness

  • Home
  • Cow Cow Wellness

Cow Cow Wellness "နေ့ရက်တိုင်းမှာ ကျန်းမာဖို့ အာဟာရပြည့်ဝ Cow Cow နို့"

🦴 အသက်ကြီးလာတဲ့အချိန် ကိုယ့်ရွယ်တူတွေကြားထဲမှာ “ဟိုလူပေါင်ရိုးကျိုးလို့စတီးရိုးထည့်ရတယ်” “ဒီလူတင်ပဆုံရိုးအက်လို့အိပ်ရာပေ...
15/08/2024

🦴 အသက်ကြီးလာတဲ့အချိန် ကိုယ့်ရွယ်တူတွေကြားထဲမှာ “ဟိုလူပေါင်ရိုးကျိုးလို့စတီးရိုးထည့်ရတယ်” “ဒီလူတင်ပဆုံရိုးအက်လို့အိပ်ရာပေါ်မှာပက်လက်” ဆိုတဲ့သတင်းတွေကမကြားချင်မှအဆုံးပါပဲ။

😓ဒီလိုတွေကြားရင် ကိုယ်တိုင်လည်းကြောက်စိတ်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့နေနေသာသာ သိပ်တောင်မလှုပ်ရှားရဲတော့လူကလေးလံထိုင်းမှိုင်းလာပြီး ကျန်းမာရေးပါထိခိုက်လာပြီလေ။

🥛ဒီလိုတွေမဖြစ်ရအောင် အရိုးကျန်းမာရေးကိုအထောက်အကူပြုတဲ့ ကယ်လ်ဆီယမ်နဲ့ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 ကြွယ်ဝစွာပါဝင်တဲ့ 𝐂𝐨𝐰 𝐂𝐨𝐰 နို့မှုန့်ကို ခုချိန်ထဲက တစ်ရက်နှစ်ခွက်ပုံမှန်သောက်သုံးပြီး အရိုးကြံ့ခိုင်သန်မာအောင်ပြင်ဆင်ထားရင်တော့ ခြေလှမ်းတိုင်းမှာယုံကြည်မှုရှိရှိနဲ့ လှုပ်ရှားသွားလာနိုင်ပြီပေါ့။

🥛𝐂𝐨𝐰 𝐂𝐨𝐰 နို့မှုန့်ဟာ နယူးဇီလန်နိုင်ငံသဘာဝမြက်စားနွားနို့ကထုတ်ထားပြီး သကြားနဲ့ဓာတုပစ္စည်းအရောအနှောမပါဝင်တာကြောင့်လူကြီးလူငယ်အရွယ်သုံးပါး လူမျိုးဘာသာမရွေး စိတ်ချယုံကြည်စွာသောက်သုံးနိုင်တဲ့ သဘာဝနွားနို့မှုန့်စစ်စစ်ပါပဲ။

"အိပ်ပျော်အားပြည့်အချိုကင်းမို့ 𝐂𝐨𝐰 𝐂𝐨𝐰 အဆီထုတ်နို့ကိုရွေးကြစို့“





🥰 𝐂𝐨𝐰 𝐂𝐨𝐰 ရဲ့ပရိသတ်ကြီးကို ဗဟုသုတရစေမယ့် ကျန်းမာရေးအကြောင်းအရာတွေပိုမိုကျယ်ပြန့်စွာ မျှဝေပေးနိုင်ဖို့အတွက် 𝐂𝐨𝐰 𝐂𝐨𝐰 𝐕𝐢𝐛𝐞𝐫...
11/08/2024

🥰 𝐂𝐨𝐰 𝐂𝐨𝐰 ရဲ့ပရိသတ်ကြီးကို ဗဟုသုတရစေမယ့် ကျန်းမာရေးအကြောင်းအရာတွေပိုမိုကျယ်ပြန့်စွာ မျှဝေပေးနိုင်ဖို့အတွက် 𝐂𝐨𝐰 𝐂𝐨𝐰 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 ကိုဖန်တီးလိုက်ပါပြီ။

🥳𝘾𝙝𝙖𝙣𝙣𝙚𝙡 ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ 𝘾𝙝𝙖𝙣𝙣𝙚𝙡 ကို 𝙅𝙤𝙞𝙣 ထားတဲ့ 𝙎𝙘𝙧𝙚𝙚𝙣𝙨𝙝𝙤𝙩 ကိုဒီပို့စ်အောက် ကွန်မန့်ပေးထားသူများထဲမှ (၅)ဦးကို ဖုန်းဘေလ် (၁၀၀၀၀) လက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။

❗️ကံစမ်းနိုင်မယ့်ကာလကတော့ (၁၁.၈.၂၀၂၄) မှ (၃၁.၈.၂၀၂၄) ထိဖြစ်ပါတယ်။

🎉ကံထူးသူများကိုတော့ (၁.၉.၂၀၂၄) မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။

❗️အငြင်းပွါးဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက 𝐂𝐨𝐰 𝐂𝐨𝐰 ရဲ့ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါတယ်။

“နေ့ရက်တိုင်းမှာကျန်းမာဖို့ အာဟာရပြည့်ဝ 𝐂𝐨𝐰 𝐂𝐨𝐰 နို့”





📢𝗖𝗼𝘄 𝗖𝗼𝘄 ရဲ့ အာဟာရဆိုင်ရာ အထူးပြုဆရာဝန် 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 အရောက်လာခဲ့ပြီနော် 👩‍⚕️အာဟာရဆိုင်ရာ အထူးပြုဆရာဝန်နဲ့တွေ့ဆုံချိန်မှာ ဘာတ...
09/08/2024

📢𝗖𝗼𝘄 𝗖𝗼𝘄 ရဲ့ အာဟာရဆိုင်ရာ အထူးပြုဆရာဝန် 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 အရောက်လာခဲ့ပြီနော်

👩‍⚕️အာဟာရဆိုင်ရာ အထူးပြုဆရာဝန်နဲ့တွေ့ဆုံချိန်မှာ ဘာတွေလုပ်လို့ရမလဲ ❓️

✅️𝗜𝗻𝗯𝗼𝗱𝘆 𝗧𝗲𝘀𝘁 အခမဲ့ စစ်ဆေးနိုင်မယ်
✅️𝗗𝗶𝗲𝘁 𝗣𝗹𝗮𝗻 နဲ့ ပတ်သတ်ပြီး အသေးစိတ်ဆွေးနွေးနိုင်မယ်
✅️ကျန်းမာရေးနှင့်ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းနိုင်မယ်

ဘယ်နေရာမှာရှိမှာလဲ❓️
🏠𝗞𝗕𝗧𝗖 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝗰𝗵𝗼𝗼𝗹 (𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗖𝗮𝗺𝗽𝘂𝘀)
🗓 ၁၃.၈.၂၀၂၄ မှ ၁၅.၈.၂၀၂၄ အထိ
🕘နံနက် ၉နာရီ မှ ညနေ ၄နာရီအထိ

😯ဒါ့အပြင် 𝗖𝗼𝘄 𝗖𝗼𝘄 နို့မှုန့်တိုက်ကျွေခြင်း ၊ 𝗦𝗽𝗶𝗻 𝗮𝗻𝗱 𝗪𝗵𝗲𝗲𝗹 အစီအစဥ်များလည်း ရှိမှာမို့ လာရောက်ခဲ့ကျဖို့ ဖိတ်ခေါ်လိုက်ပါတယ်




👨‍👩‍👧‍👧 𝐂𝐨𝐰 𝐂𝐨𝐰 ချစ်ရတဲ့ သားသား၊မီးမီးလေးတွေ ကျန်းကျန်းမာမာ နေနိုင်ဖို့ အထူးအစီအစဉ်အနေနဲ့ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တ...
06/08/2024

👨‍👩‍👧‍👧 𝐂𝐨𝐰 𝐂𝐨𝐰 ချစ်ရတဲ့ သားသား၊မီးမီးလေးတွေ ကျန်းကျန်းမာမာ နေနိုင်ဖို့ အထူးအစီအစဉ်အနေနဲ့ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာမြတ်နိုးဦးက 𝐂𝐨𝐰 𝐂𝐨𝐰 ရဲ့ ကလေးလေးတွေအတွက် သွားနှင့်ခံတွင်း ကျန်းမာရေးနဲ့ပတ်သတ်ပြီး မေးသမျှကို ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။

👩‍⚕️မေးမြန်းနိုင်တဲ့ကာလကတော့ (၇.၈.၂၀၂၄) ကနေ (၁၁.၈.၂၀၂၄) ထိဖြစ်ပါတယ်ခင်ဗျာ။

🤩 သားသား၊မီးမီးတို့ သွားနှင့်ခံတွင်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာမက အကုန်လုံးကိုဖြေကြားပေးသွားမှာမို့ ခုပဲ 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာသိချင်တာလေးတွေမေးခဲ့ကြတော့နော်။

“ဥာဏ်ရည်ထက်မြက်အားအင်တက်ဖို့ 𝐂𝐨𝐰 𝐂𝐨𝐰 မလိုင်ပြည့်နို့ကိုရွေးချယ်စို့“





"တိတ်ဆိတ်သောရောဂါ" ဟု ရည်ညွှန်းလေ့ရှိသော Osteoporosis အိုစတီယိုပိုရိုဆစ်( အရိုးပွဝေဒနာ )သည် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီ...
05/08/2024

"တိတ်ဆိတ်သောရောဂါ" ဟု ရည်ညွှန်းလေ့ရှိသော Osteoporosis အိုစတီယိုပိုရိုဆစ်( အရိုးပွဝေဒနာ )သည် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောလူတို့ကို ထိခိုက်စေ၊ ခံစားစေသည့် ရောဂါတခု ဟုလည်းဆိုနိုင်ပါသည်။

သာမန်အရိုးအခြေအနေတစ်ခုဟုလည်း ဆိုနိုင်သလို ဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးများတွင် အသက်ကြီးလာသည်နှင့်အမျှဖြစ်ပွားတတ်ပါသည်။ ယင်း သည် အရိုး များ၏ အားအင် ကိုနည်း ပါး စေ ပြီး ကျိုးပဲ့ ခြင်း အန္တရာယ် ကို လည်း ဖြစ်ပွားစေပါသည်။ ထို့ အပြင်၎င်း သည် လူတစ်ဦး ၏ ကျန်းမာရေး နှင့် ဘဝ အရည်အသွေး (Health and Quality of life ) အတွက် ဆိုးရွား သော အကျိုးဆက် များ ရရှိ နိုင် သည် ။ အရိုးပွဝေဒနာ ကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကာကွယ်ရန် နည်းအမျိုးမျိုး ရှိသော်လည်း ထိရောက်မှု အရှိဆုံးနည်းတစ်နည်းမှာ ကျမတို့ နေတိုင်းစားနေသည့် အစားအစာထဲတွင် နို့ထည့်သွင်းပေးခြင်းဖြစ်ပါသည်။

နို့သည် အသားဓါတ် အပြင် ကယ်လ်စီယမ်ပါဝင်မှုကြောင့် ကျန်းမာသောအရိုးများကိုခိုင်ခံစေပြီး အရိုး၏ density (သိပ်သည်းဆ)ကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သော ၊ အရေးကြီးသော ၊ သတ္တုဓါတ်ပါဝင်သော အာဟာရ တစ်မျိုးဖြစ်ပါသည်။ အမှန်မှာ ခန္ဓာကိုယ်အတွင်း ကယ်လဆီယမ်၏ ၉၉% ခန့်ကို အရိုးများနှင့် သွားများတွင် သိမ်းဆည်းထားပါသည်။ ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို လုံလောက်စွာ မရရှိနိုင် သို့မဟုတ် လုံလောက်အောင်မစားသုံးနိုင်တဲ့အခါ အရိုးတွေထဲက ကယ်လ်စီယမ်တွေက လျှော့ကျသွားပြီး အချိန်ကြာလာတာနဲ့အမျှ အားနည်းသွားတတ်ပါတယ်။ နို့ကို မှန်မှန်စားသုံးခြင်းက နေ့စဉ် ကယ်လ်စီယမ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး အရိုးသိပ်သည်းမှုနှင့် ခွန်အားကို မြှင့်တင်ပေးပါသည်။

ထို့အပြင် ကယ်လ်စီယမ် တစ်ခုတည်းသာ အရိုးကျန်းမာရေးအတွက် မလုံလောက်ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာက ကယ်လ်စီယမ်ကို ထိရောက်စွာ စုပ်ယူအသုံးပြုနိုင်ရန် အတွက် ဗီတာမင်ဒီလည်းလိုအပ်ပါသေးသည်။ ဗီတာမင်ဒီ ရှိမှာ သာလျှင် နို့ကို အစာခြေစနစ်မှ သွေးကြောအထိ ကယ်လ်စီယမ်ကို စုပ်ယူရာတွင် အထောက်အကူပြုပြီး အရိုးများကို ခိုင်ခံ့စေလေ့ရှိသည်။ ဗီတာမင်ဒီသည် အရိုးကျန်းမာရေးထိန်းသိမ်းရေးနဲ့ အရိုးပွဝေဒနာ နဲ့ ဆက်နွှယ်တဲ့ ကျိုးပဲ့မှုအန္တရာယ်ကို လျော့နည်းစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါသည်။

နို့သည် အရိုးများအပါအဝင် တစ်ရှူးများဆောက်လုပ်ရေးနှင့် ပြုပြင်ရန် မရှိမဖြစ်လိုအပ်သည့် အရည်အသွေးမြင့် ပရိုတင်းရင်းမြစ်တစ်ခုဖြစ်ပါသည်။ နို့ရည်ပါ ပရိုတင်းတွင် အရိုးသိပ်သည်းမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုကို အထောက်အကူပြုသည့် အမီနိုအက်ဆစ်များပါဝင်ပါသည်။ ကျမတို့ရဲ့အစားအစာများတွင် နို့ပါဝင်ခြင်းက အရိုးခွန်အားကို ထောက်ပံ့ပေးရန် လိုအပ်သော ပရိုတင်းကို ရရှိစေသည်။ နို့သည် ကယ်လဆီယမ်နှင့် ဗီတာမင်ဒီလောက်သာ မဟုတ်ပါ။ ယင်းတွင် အရိုးကျန်းမာရေးကို အကျိုးပြုသည့် အခြားလိုအပ်သည့် အာဟာရဓါတ် များစွာလည်း ပါဝင်ပါသည်။

ယင်းတို့တွင် ဖော့စဖောရပ်စ်၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ်တို့ပါဝင်ပြီး ယင်းတို့အားလုံး အရိုးသိပ်သည်းမှုကို ထိန်းသိမ်းရာတွင်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပါသည်။ ထို့ပြင် နို့သည် အလုံးစုံသောကျန်းမာရေးကို အထောက်အကူပြုသည့် အာဟာရဓာတ်များမျှတစွာ ပါဝင်သည့်အတွက်ကြောင့် ၊ အရိုးပါး၊ အရိုးပွ ရောဂါရှိသူတို့အတွက် အကျိုးရှိသောရွေးချယ်မှုတစ်ခုဖြစ်စေတယ်လို့ ကျမ က တင်စားပါရစေရှင်။

နို့သောက်ခြင်းသည် အာဟာရဓာတ်တွေရဲ့ အကောင်းဆုံးရင်းမြစ်တစ်ခုဖြစ်ပေမဲ့ အဆီနည်းတဲ့နို့ကို ရွေးချယ်ဖို့ စားသုံးသူတွေကို အကြံပေးချင်ပါတယ်ရှင်။ ဤကဲ့သို့ရွေးချယ်စရာများက လည်းနှလုံးကျန်းမာရေးအတွက် အကျိုးရှိနိုင်လို့ဖြစ်ပါသည်။ များသောအားဖြင့် အသက်ကြီးလာသည်နှင့်အမျှ အရိုးပါး၊ အရိုးပွ ရောဂါ ရှိသူတွေမှာ အဆီမရှိဘဲ အရိုးကျန်းမာအောင် တည်ဆောက်ခြင်းက အကျိုးကျေးဇူးများ ကို ပိုမိုရရှိနိုင်ပါသည်။

နှလုံးသွေးကြောကျန်းမာရေးကို ထိန်းသိမ်းရေးပြုလုပ်ခြင်းကလည်းအခြားကျန်းမာရေး ဆိုးဝါးမှု အန္တရာယ်ကို လျော့နည်းစေသောကြောင့် ရိုးဆက်ရောင်ရမ်းနာရှိသူ၊ အရိုးပါး၊ အရိုးပွ ရောဂါရှိသူ တို့အတွက် မရှိမဖြစ်လိုအပ်နေပါသည်။ အသက်ကြီးလာသည်နှင့် အမျှ နှလုံးကျန်းမာရေး ကလည်းအရေးကြီးလှပါသည်။သို့အတွက်ကြောင့် နေ့စဉ်အစားအစာထဲတွင် နို့ထည့်သွင်းခြင်းသည် အရိုးကျန်းမာရေးကို ထောက်ပံ့ပေးရန်နှင့် ရိုးဆက်ရောင်ရမ်းနာ၊ အရိုးပါး ရောဂါ နှင့်ဆက်နွှယ်သည့် အန္တရာယ်ကို လျော့နည်းစေသည့် ရိုးရှင်းပြီး လွယ်ကူသည့် ထိရောက်သောနည်းတစ်နည်းဖြစ်ပါ သည်။

ကယ်လ်စီယမ်၊ ဗီတာမင်ဒီ၊ ပရိုတင်းနှင့် အခြားသတ္တုဓါတ်များကဲ့သို့သော မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များသည် အရိုးသိပ်သည်းမှုနှင့် ခွန်အားထိန်းသိမ်းရန် လိုအပ်ပါသည်။
သို့သော် ဟန်ချက်ညီသောအစားအစာ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာသောဘဝပုံစံသည်လည်း ရိုးဆက်ရောင်ရမ်းနာ ၊ အရိုးပါး၊ အရိုးပွ ရောဂါစသည်တို့ကို ကာကွယ်ရေးအတွက် အဓိကအရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း ကိုလည်း သတိရဖို့အရေးကြီးပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် အရိုးကျန်းမာရေး ဒါမှမဟုတ် အစားအစာရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုရင် ဘဝတစ်လျှောက်လုံး ခိုင်ခံ့ပြီး ကျန်းမာတဲ့ အရိုးတွေကို ထိန်းသိမ်းခြင်းအပေါ် ကိုယ်ပိုင်လမ်းညွှန်မှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သည့် ဆရာဝန် သို့မဟုတ် အာဟာရဆရာဝန်များနှင့် တိုင်ပင်သင့်ပါတယ်။

မိမိတို့၏အရိုးများ ကျန်းမာ၊ သန်စွမ်းကြပြီး ၊ ပျော်ရွှင်တဲ့မိသားစုဘဝများကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။

ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး





✅ကင်ဆာရောဂါဝေဒနာရှင်တွေအနေနဲ့ ရောဂါကိုခံနိုင်ရည်ရှိဖို့၊ဆေးဒဏ်ကိုခံနိုင်ဖို့အတွက် အာဟာရကောင်းမွန်စွာရရှိဖို့လိုအပ်ပါတယ်။...
03/08/2024

✅ကင်ဆာရောဂါဝေဒနာရှင်တွေအနေနဲ့ ရောဂါကိုခံနိုင်ရည်ရှိဖို့၊ဆေးဒဏ်ကိုခံနိုင်ဖို့အတွက် အာဟာရကောင်းမွန်စွာရရှိဖို့လိုအပ်ပါတယ်။

🥛နွားနို့ဟာ အာဟာရဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါကုသနေသူတွေအတွက် အကျိုးကျေးဇူးအများကြီးရှိစေပါတယ်။

🥛နွားနို့မှာပါဝင်တဲ့ Calcicum နဲ့ Vitamin D တွေကအရိုးကိုအားကောင်းစေတဲ့အတွက် ဓာတ်ရောင်ခြည်ကုသမှုကြောင့် အရိုးထိခိုက်မှုကိုလျော့နည်းစေခြင်း၊ ရေဓာတ်ပြည့်စုံလုံလောက်စွာရရှိစေခြင်း ၊အစာကြေလွယ်ခြင်း၊ကိုယ်အလေးချိန်ထိန်းပြီးကြွက်သားများသန်မာ​စေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊စွမ်းအင်အလုံအလောက်ရရှိစေခြင်း တို့ကြောင့် ကင်ဆာရောဂါဝေဒနာရှင်များအနေနဲ့နွားနို့ကိုပုံမှန်လေးသောက်သုံးသင့်ပါတယ်။

🥛𝐂𝐨𝐰 𝐂𝐨𝐰 နွားနို့မှုန့်ဟာ နယူးဇီလန်သဘာဝမြက်စားနွားကထုတ်လုပ်ထားပြီး သကြားနဲ့ဓာတုအရောအနှော၊ တာရှည်ခံပစ္စည်းမပါဝင်တာကြောင့် ကျန်းမာရေးအတွက်ရွေးချယ်ဖို့အသင့်တော်ဆုံးပါပဲ။

“နေ့ရက်တိုင်းမှာကျန်းမာဖို့ အာဟာရပြည့်ဝ 𝐂𝐨𝐰 𝐂𝐨𝐰 နို့”






ကျမတို့လူသားအားလုံးသည် ကျန်းမာရေးကောင်းမွန်ဖို့ လွန်စွာ အရေးကြီးပါသည်။ ”ကျန်းမာရေးသည်လာဒ်ကြီးတပါးဟူ၍  “ဆောင်ပုဒ်လည်းရှိခ...
29/07/2024

ကျမတို့လူသားအားလုံးသည် ကျန်းမာရေးကောင်းမွန်ဖို့ လွန်စွာ အရေးကြီးပါသည်။

”ကျန်းမာရေးသည်လာဒ်ကြီးတပါးဟူ၍ “ဆောင်ပုဒ်လည်းရှိခဲ့ပါသည်။ ကျန်းမာရေး ကောင်းမွန်ရန် အစားအသောက်နှင့် အနေအထိုင် ( Life Style ) သည် လွန်စွာ အရေးကြီးကြောင်း လူတိုင်း နီးပါးသိရှိပါသည်။ သို့အတွက်ကြောင့်လည်း ခန္ဓာကိုယ် အလေးချိန် မတက်အောင်ပြုလုပ်ကြသည်။

ခန္ဓာကိုယ် အလေးချိန်ကိုထိန်းသိမ်းဖို့ လေ့ကျင့်ခန်းများ မျိုးစုံ ပြုလုပ်ကြပါသည်။ ကျမတို့ ခန္ဓာကိုယ်တွင် ကြွက်သား၊ အဆီ ( visceral fat / Subcutaneous fat ) အရိုး နှင့်ရေ ပါဝင်ကြရာ တခုနှင့် တခု ပါဝင်နှုန်း မတူညီကြပါ။ ယခင် က ခန္ဓာကိုယ် အလေးချိန် ကို BMI ဖြင့် ဆုံးဖြတ် ခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် Body Composition Machine များဖြင့် ကြွက်သား အလေးချိန်၊ အဆီအလေးချိန်၊ အရိုးအလေးချိန်၊ ရေပါဝင်သည့် ပမာဏ စသည်ဖြင့် အသေးစိတ်သိနိုင်ပါသည်။

ယေဘူရအားဖြင့် အမျိုးသားများတွင်ကြွက်သားပမာဏသည် 75-89 ရာခိုင်နှုန်း နှင့် အမျိုးသမီးများတွင် 63- 75.5 ရာခိုင်နှုန်း ရှိသင့် ပါသည်။ အသက် လေးဆယ်ကျော်သွားသည်နှင့် ကြွက်သားများက တနှစ်လျှင် ၂ ရာခိုင်နှုန်းနီးပါးလျှော့သွား တတ်သည်ကိုလည်းသတိပြုသင့်ပါသည်။

ကျန်းမာရေးကောင်းမွန်နိုင်ရန်အတွက် ကြွက်သား ပမာဏ များဖို့လိုပြီး အဆီပမာဏ လျှော့နည်းဖို့ လိုအပ်ပါသည်။ အထူးသဖြင့် အစာအိမ် အူလမ်းကြောင်း တလျှောက် တွင် အဆီပမာဏာ များ နေခြင်းက နောက်ဆက်တွဲရောဂါ များဖြစ်သည့် ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ အသည်းအဆီဖုန်းရောဂါ စသည်တို့ဖြစ်စေသဖြင့် ခန္ဓာကိုယ်တွင် အဆီများကိုလျှော့ချနိုင်ရန်လွန်စွာ မှ အရေးကြီးပါသည်။

သို့အတွက်ကြောင့်ခန္ဓာကိုယ် အတွင်း ကြွက်သားပမာဏကို တည်ဆောက်ခြင်း က ပိုမိုအရေးကြီးပါသည်။ ကြွက်သားပမာဏ များပြားခြင်းနှင့် အဆီ နည်းပါးခြင်း က ကိုယ်ခန္ဓာဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်သည်။

• အဆီဆုံးၡုံးခြင်း ဖြစ်ပေါ်ရန် ကယ်လိုရီ များစွာ လည်း ကုန်ဆုံးရန်လိုအပ်ပါသည်။ အမျိုးသမီး တယောက် တွင် အဆီပါဝင်နှုန်းသည် ၃၅ ရာခိုင်နှုန်း၊ အမျိုးသားတယောက်တွင် ၂၅ ရာခိုင်နှုန်းထက် မပိုသင့်ကြောင်း ဖေါ်ပြထားပါသည်။
ပြေးခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ရေကူးခြင်းစသည့်လေ့ကျင့်ခန်းများသည် ကယ်လိုရီ များလောင်ကျွမ်းစေခြင်း နှင့် အဆီဆုံးၡုံးမှုကို မြှင့်တင်ပေးပါသည်။

ကြွက်သားပမာဏကို တည်ဆောက်ရာတွင် ပထမဦးစွာကျန်းမာပြီး မျှတသောအစားအစာ ( Healthy balanced Diet ) ကိုအခြေခံအုတ်မြစ် အနေဖြင့် စားသောက်ရမည်ဖြစ်ပါသည်။ အာဟာရဓါတ် အနေဖြင့် ကာဗိုဟိုက် ဒြိတ်ဓါတ် ၊ အသားဓါတ်၊ အဆီ ဓါတ်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓါတ် တို့ပါဝင်အောင်စားသောက်ရပါမည်။ ကြွက်သားတည်ဆောက် နိုင် မှု ကိုအများဆုံးပေးနိုင်သည့် အာဟာရ ဓါတ် ကတော့ ပရိုတင်းဟုခေါ်သည့် အသားဓါတ်ဘဲ ဖြစ်ပါသည်။ အသားဓါတ်ကိုတော့ အသား၊ ငါး၊ကြက်ဥ၊နို့ ၊ ပဲအမျိုးမျိုး၊ အစေ့ အဆန်၊ တိုဖူး တို့ မှ အများဆုံးရရှိပါသည်။

ဤ ပရိုတင်းနှင့် အခြားအာဟာရဓာတ်များ ကို ရရှိသည့် အစားအစာ အများကြီးရှိသည့်အနက် မှ သဘာဝ အလျောက်အားဖြင့် နို့ လည်း ပါဝင်ပါ သည်။ “နို့က ကြွက်သားဆောက်ဖို့ ကောင်းသလား” ဟုမေးစရာရှိပါသည်။ နို့ သည် ကယ်လ်စီယမ် ၊ ဖော့စဖောရပ် ၊ ပိုတက်ဆီယမ် ၊ အိုင်အိုဒင်း ၊ ဗီတာမင် ဘီ၂ နှင့် ဘီ၁၂ အပါအဝင် အခြား အာဟာရဓာတ် များ စွာ ပါရှိသည့် အတွက် ပရိုတင်း ၏ ကောင်းမွန် သော အရင်းအမြစ် တစ် ခု ဖြစ် ပြီး ကြွက်သား ကြီးထွား မှု နှင့် ပြုပြင် ထိန်းသိမ်း ရေး ကို ကူညီ နိုင်သည့် အကျိုး ရှိ သော ရွေးချယ် မှု တစ် ခု ဖြစ် စေ သည် ။

နို့သည် ကိုယ်ခန္ဓာတည်ဆောက်မှုအတွက်လွန်စွာမှပင် ကောင်းပါသည်။ အမှန်ဆိုရလျှင် ယင်းတွင် ကြွက်သားကြီးထွားမှုကို ထောက်ပံ့ရန်နှင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ပြီးနောက် အားလျော့နေသော ဂလိုင်ကိုဂျင်( Glycogen ) များကို ဖြည့်ဆည်းပေးပြီး အာဟာရ ကို ပြန်လည် ဖြည့်တင်းပေးနိုင်သည်။ နို့ တွင် ဝေးပရိုတင်း ( Whey protein ) အပြင် နှေးကွေးစွာ စုပ်ယူနေသည့် ကေစင်း ပရိုတင်း ( Casin Protein ) လည်းပါဝင်သဖြင့် ညအိပ်ရာ မဝင် မှီ သောက်သုံးရန် ရွေးချယ် သင့်သည်။ ၄င်း ကေစင်ပရိုတင်းကလည်း ကြွက်သားကြီးထွားမှု ကို ည အိပ်ချိန်တွင် အထောက်အကူပြုပေးပါသည်။

ကြွက်သား ကြီးထွား မှု ကိုပြုလုပ်ရာတွင် ဘဝမှာရှိတဲ့ အရာအများစုလိုပါ ပဲ ဟန်ချက်ညီဖို့ အရေးကြီးပါသည်။ အစားအစာ တစ် ခု မှ မိမိ တို့ လိုအပ် သော အရာ အားလုံး ကို ရယူ ရန် မ ဖြစ် နိုင် ပါ ၊ နောက်ပြီး အဖြေ အားလုံး ကို ပေး မည့် အံ့ဖွယ် အစားအစာ များ ၊ သို့မဟုတ် ကြွက်သား ကြီးထွား မှု အတွက် စုံလင် သော အစားအစာ တစ် ခု တည်းဟူ၍ မ ရှိ ပါ ။ ကျန်းမာပြီး မျှတသောအစားအစာသည် အမြဲတမ်း ပင် အခြေခံအုတ်မြစ်ဖြစ်သင့်သည်။

အစားအစာ အပြင် လေ့ကျင့်ခန်းပြုလုပ်ရန်လည်း အရေးကြီးပါသေးသည်။ အလေးကိုအသုံးပြုသော လေ့ကျင့်ခန်းများက ကြွက်သားတည်ဆောက်မှုနှင့် ကြီးထွားမှုကို ပိုပြီးအထောက်အကူပြုသည်ကိုတွေ့ရပါသည်။

အားလုံး ကျန်းမာ ၊ ပျော်ရွှင်တဲ့မိသားစု ဘဝများကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🙏🙏🙏

ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်





🤰🏻ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ မေမေ့အတွက်တင်မဟုတ်ပဲ ဗိုက်ထဲကဘေဘီလေးအတွက်ပါပိုပြီးစားသောက်ရပြီနော်။🤗 မေမေကအစားရွေးနေမယ် သေချ...
28/07/2024

🤰🏻ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ မေမေ့အတွက်တင်မဟုတ်ပဲ ဗိုက်ထဲကဘေဘီလေးအတွက်ပါပိုပြီးစားသောက်ရပြီနော်။

🤗 မေမေကအစားရွေးနေမယ် သေချာမစားဘူးဆိုရင် ဘေဘီလေးတွေက မေမေ့ဆီကအာဟာရတွေအလုံအလောက်မရနိုင်ပဲ ကြီးထွားဖွံ့ဖြိုးမှုမှာအဟန့်အတားဖြစ်စေပါတယ်။

🥛𝐂𝐨𝐰 𝐂𝐨𝐰 နို့မှုန့်ဟာ လုံလောက်တဲ့အာဟာရတွေရရှိဖို့ အစားအများကြီးမစားနိုင်တဲ့မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်လိုအပ်တဲ့ 𝗢𝗺𝗲𝗴𝗮-𝟯 𝗳𝗮𝘁𝘁𝘆 𝗮𝗰𝗶𝗱, 𝗖𝗮𝗹𝗰𝗶𝘂𝗺, 𝗣𝗿𝗼𝘁𝗲𝗶𝗻 နဲ့ဗီတာမင်၊သတ္ထုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး သကြားနဲ့ဓာတုအရောအနှော လုံးဝမပါဝင်တာကြောင့် တစ်နေ့တစ်ခွက်ပုံမှန်သောက်သုံးပေးရုံနဲ့ မေမေနဲ့ဘေဘီနှစ်ဦးစလုံးအတွက် အားအင်ပြည့်ဝအာဟာရရှိစေမှာပါ။

“အိပ်ပျော်အားပြည့်အချိုကင်းမို့ 𝐂𝐨𝐰 𝐂𝐨𝐰 အဆီထုတ်နို့ကိုရွေးကြစို့”





𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ရဲ့အကျိုးကျေးဇူးများ———————————————————💡 𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ဆိုတာဘာလဲ?𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ဆိုတာဟာ နှလု...
25/07/2024

𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ရဲ့အကျိုးကျေးဇူးများ
———————————————————
💡 𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ဆိုတာဘာလဲ?
𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ဆိုတာဟာ နှလုံးကျန်းမာရေးကိုအထောက်အကူပြုတဲ့ကျန်းမာတဲ့အဆီတွေပါ။

💡 𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ကိုခန္ဓာကိုယ်ကထုတ်နိုင်လား?
𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ကိုခန္ဓာကိုယ်ကလုံလောက်အောင်မထုတ်နိုင်ပါဘူး။ သူတို့ဟာမရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေထဲပါဝင်တာကြောင့် အစားအသောက် သို့ ဖြည့်စွက်အားဆေးတွေကနေတဆင့်ရယူရပါတယ်။

💡 𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ?
𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 ကိုကောင်းစေတယ်/ သွေးခဲရာမှာကူညီပေးတယ်/ နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်/ မျက်လုံးအားကောင်းစေတယ်/ ကိုယ်တွင်းယောင်ယမ်းမှုလျော့ကျစေတယ်/
/အယ်လ်ဇိုင်းမားဖြစ်ပွါးမှုကိုလျှော့ချပေးတယ်/ မိခင်နဲ့သန္ဓေသားရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုပါတယ် ။

🥛𝐂𝐨𝐰 𝐂𝐨𝐰 နို့မှုန့်မှာ 𝐎𝐦𝐞𝐠𝐚-𝟑 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ကြွယ်ဝစွာပါဝင်တာကြောင့် အရည်အသွေးကောင်းမွန်ပြီး အာဟာရပြည့်ဝတဲ့ နွားနို့စစ်စစ်ကိုသောက်သုံးချင်သူများရွေးချယ်သင့်ဆုံးအမှတ်တံဆိပ်ပါပဲ။

“နေ့ရက်တိုင်းမှာကျန်းမာဖို့ အာဟာရပြည့်ဝ 𝐂𝐨𝐰 𝐂𝐨𝐰 နို့”






😢အသက် ၄၀ ဝန်းကျင်နားရောက်လာတာနဲ့ ဇရာရဲ့လက္ခဏာတွေကစတင်ပေါ်ပေါက်လာပါပြီ။😞အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊အိပ်မပျော်ခြင်း၊က...
23/07/2024

😢အသက် ၄၀ ဝန်းကျင်နားရောက်လာတာနဲ့ ဇရာရဲ့လက္ခဏာတွေကစတင်ပေါ်ပေါက်လာပါပြီ။
😞အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊အိပ်မပျော်ခြင်း၊ကိုယ်အလေးချိန်တက်လွယ်ခြင်း၊အသားအရေပျက်စီးလာခြင်း၊သွေးတိုးဆီးချိုရောဂါများစတင်ဝင်လာခြင်း စတဲ့စိတ်ရောကိုယ်ပါကျန်းမာမှုတွေဟာ လျော့နည်းလာတတ်ပါတယ်။
🤗ဒီလိုဇရာ​ကြောင့်ပျက်စီးလာမှုတွေကိုကြံ့ကြံ့ခံနိုင်ဖို့ 𝐂𝐨𝐰 𝐂𝐨𝐰 နို့ကိုခုချိန်ထဲကစပြီးနေ့စဉ်သောက်သုံးသင့်ပြီနော်။
😍 𝐂𝐨𝐰 𝐂𝐨𝐰 နို့မှုန့်ဟာ သွေးတွင်းသကြားဓာတ်နဲ့သွေးပေါင်ချိန်ထိန်းပေးခြင်း၊ စိတ်ဖိစီးမှုလျှော့ချပေးပြီးအိပ်ပျော်စေနိုင်ခြင်း၊အသားအရေစိုပြည်နုပျိုစေခြင်း၊အရိုးများကိုကြံ့ခိုင်သန်မာစေခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိစေတဲ့အပြင် အဆီထုတ်နို့မှုန့်အမျိုးအစားကိုပါရွေးချယ်သောက်သုံးနိုင်လို့ ဝိတ်တက်မှာလည်းစိုးရိမ်စရာမလိုတော့ဘူးပေါ့။

"အိပ်ပျော်အားပြည့်အချိုကင်းမို့ 𝐂𝐨𝐰 𝐂𝐨𝐰 အဆီထုတ်နို့ကိုရွေးကြစို့”





ကလေး ဘဝ ၏ အစောပိုင်း နှစ် များ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးများ သည် လျင်မြန် စွာ ကြီးထွား မှု နှင့် ဖွံ့ဖြိုး တိုးတက...
22/07/2024

ကလေး ဘဝ ၏ အစောပိုင်း နှစ် များ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးများ သည် လျင်မြန် စွာ ကြီးထွား မှု နှင့် ဖွံ့ဖြိုး တိုးတက် မှု ကာလ တစ် ခု ဖြစ်သဖြင့်၊ သင့်တော်သော၊ ပြည့်စုံသော အာဟာရ ကို ရရှိခြင်းသည် ၄င်း တို့ ၏ အလုံးစုံသောကျန်းမာရေး ကို အရွယ်ရောက်သောအချိန်တွင်သေချာ စွာရရှိစေရန် အခြေခံ အုတ်မြစ်တစ်ခုအဖြစ်လိုအပ်ခြင်းဟူ၍ တင်စားလေ့ရှိပါသည်။

မရှိမဖြစ်လိုအပ်သော အာဟာရများအနက် နို့သည် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော၊ လိုအပ်သော အာဟာရအဖြစ် ထောက်ပံ့ပေးရာတွင် ပါဝင်ပါသည်။
ဤဆောင်းပါးတွင် (၂)နှစ်အထက် ကလေးများ၏ အာဟာရလိုအပ်ရာများကို ဖြည့်ဆည်းပေးရန်နှင့် ၄င်း တို့၏ ခန္ဓာကိုယ်ကြီးထွားမှု့နှင့် ဦးနှောက် ဖွံ့ဖြိုးရေးအပြင် အသိစိတ်တိုးပွားမှုကို ထောက်ပံ့ပေးရာတွင် နို့၏အရေးပါသောအခန်းကဏ္ဍကို မီးမောင်ထိုးပြပေးချင်ပါသည်။

နို့တွင်ပါရှိသောကယ်လ်စီယမ်နှင့် ဗီတာမင်ဒီတို့သည် (၂)နှစ်အထက် ကလေးများအတွက် အထူးအရေးပါသည့် အာဟာရဓါတ်ဖြစ်ပါသည်။ ကယ်လ်စီယမ်သည် ခိုင်ခံ့ပြီး ကျန်းမာသောအရိုးများနှင့် သွားများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။

နေရောင်ခြည် ဗီတာမင်ဟု ရည်ညွှန်းလေ့ရှိသော ဗီတာမင်ဒီသည် နို့တွင်ပါရှိသည့်အတွက်ကြောင့် ကယ်လ်ဆီယမ်ကို အရိုးများကို ပို့ဆောင်ခြင်းအတွက် ခန္ဓာကိုယ်က ထိရောက်စွာ အသုံးချနိုင်စေရန် အထောက်အကူပြုသည်။ဤအာဟာရဓာတ်များသည် တစ်သက်လုံးအတွက်အရေးကြီးသော အရိုးကျန်းမာရေး အတွက်၊ အုတ်မြစ်ချပေးသည့် ခိုင်ခံ့သောအရိုးစုစနစ်တစ်ခု ဖွဲ့စည်းရန် များစွာ အထောက် အကူ ပြုသည်ဟုဆိုနိုင်ပါသည်။

ထို့အပြင်နို့သည် အကောင်းဆုံးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အမီနိုအက်ဆစ် အားလုံးပါဝင်သည့် အရည်အသွေးမြင့် ပရိုတင်း ၊ ရင်း မြစ်တစ်ခု ဖြစ်ပါသည်။ ကိုယ်ခန္ဓာမြန်မြန်ကြီးထွားမှုနှင့် ကြွက်သားများ ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ပွားနေသည့် ကလေးများအတွက် (၂ နှစ် မှ ၅ နှစ်များအတွင်း )အထူးအရေးကြီးသည်။
ဦးနှောက်သည် နှစ်အစောပိုင်းကာလအတွင်း- ၃နှစ် မှ၅ နှစ် တွင် သိသိသာသာကြီးထွားလာပြီး အသိဉာဏ် ကြီးထွားမှုအတွက် လုံလောက်သောအာဟာရဖွံ့ဖြိုးမှုမှာ အရေးကြီးလှပါ သည်။
ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ အဆီအက်ဆစ်အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ အဆီတွေကို နို့က ထောက်ပံ့ပေးပါတယ်။
ဤ အဆီ များ သည် အာရုံကြော လမ်းကြောင်း များ ဖွဲ့စည်း ခြင်း နှင့် သိမြင် နိုင် သော လုပ်ဆောင် ချက် များ ကို ထောက်ပံ့ပေးခြင်း ၊ ကလေးတစ်ဦး ၏ သင်ယူ နိုင်ခြင်းစွမ်းရည်(cognitive functions) နှင့် အလုံးစုံသော စိတ် ကျန်းမာရေး (overall mental well-being) တွင် အရေးပါ သော အခန်း ကဏ္ဍ တစ် ခု အဖြစ်ပါဝင်ပါ သည်။

နို့သည် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီတို့ ကြွယ်ဝရုံသာမက ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓာတ်အမျိုးမျိုးလည်း ပါရှိပါသည်။
ဗီတာမင် အေ၊ ဗီတာမင် ဘီ၁၂၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့သည် နို့တွင်တွေ့ရသော အာဟာရဓာတ်များ ဖြစ်ပြီး ကလေးတယောက် ၏ ကိုယ်ခံအားစနစ်၊ အမြင်အာရုံနှင့် ဇီဝကမ္မ ဖြစ်စဉ်ကို အထောက် အကူ ပြုပေးသည်။ကိုယ်ခံအားစနစ် ကောင်းမွန်ရန်အလွန်အရေးကြီး လှပါသည် ။ ကလေးငယ်များတွင် ကိုယ်ခံအား စနစ် ကောင်းမွန်မှသာ အချို့သောရောဂါများ ( အထူးသဖြင့် upper respiratory tract infection ) ကို ကာကွယ်ပေးနိုင်ပါသည်။

ထို့ပြင် နို့ရည် တွင် ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ကဲ့သို့သော Eletrolyte များပါဝင်သည့် အတွက် ရေဓါတ်နှင့်အတူ electrolyte မညီမျှမှုကိုလည်း ဟန့်တားပေးနိုင်ပါသည်။
နိဂုံးချုပ် အနေဖြင့် ၊ ကလေးငယ်များ ၏ အစားအစာ တွင် နို့ ပါဝင် ခြင်း သည် ၄င်း တို့ ၏ အကောင်းဆုံး ကြီးထွား မှု နှင့် ဖွံ့ဖြိုး တိုးတက် မှု ကို သေချာ စေရန် အခြေခံကျ သော ၊ အရေးကြီးသော အာဟာရ ဓါတ်တခုဖြစ်သည်ဟု မီးမောင်းပြချင်ပါသည်။ကယ်လ်စီယမ်၊ ဗီတာမင်ဒီ၊ ပရိုတင်းများ၊ အရေးကြီးသော အဆီများ၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ ပါဝင်ခြင်းက နို့ကို အဖိုးတန် အာဟာရဓာတ် တခုအဖြစ် သတ်မှတ်ပေးချင်ပါသည်။

မိဘများနှင့် ပြုစုစောင့်ရှောက်သူများသည် ကလေးများအတွက် လိုအပ်သောအာဟာရများကို ဖြည့်ဆည်းပေးရန် အစားအစာများကျွေးမွေးခြင်းတွင် နို့ပါဝင်ခြင်းသည် ကလေးငယ်များ၏ ခန္ဓာကိုယ် နှင့် ဦးနှောက်ဖွံ့ဖြိုးရေး အတွက် အရေးကြီးမှုကို သတိပြုသင့်သည်။
ထိုသို့ပြုခြင်းဖြင့် ကလေး၏ကျန်းမာရေးနှင့် ရေရှည်ကျန်းမာရေးအတွက် ခိုင်ခံ့သောအုတ်မြစ်တစ်ခု တည်ဆောက်ရန် အထောက်အကူပြုပြီး ၊ ကျန်းမာသန်စွမ်းပြီး ကျေနပ်ပျော်ရွှင်စေသည့် ဘဝအခြေအနေကို ဖန်တီးပေးနိုင်ပါသည်။

ချစ်လှစွာသော ကလေးများနှင့်အတူ ဖေဖေ၊ မေမေ တို့အားလုံး ကျန်းမာ ၊ ပျော်ရွှင်တဲ့မိသားစု ဘဝများကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။

ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး





ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့မှစ၍ ဝါတွင်းသုံးလတာကာလပတ်လုံး ကျန်းမာစွာဖြင့် ကုသိုလ်ထူးကုသိုလ်မြတ်များ ပြုနိုင်ကြပါစေလို့ ...
19/07/2024

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့မှစ၍ ဝါတွင်းသုံးလတာကာလပတ်လုံး ကျန်းမာစွာဖြင့် ကုသိုလ်ထူးကုသိုလ်မြတ်များ ပြုနိုင်ကြပါစေလို့ ကောင်းကောင်းမိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

“နေ့ရက်တိုင်းမှာကျန်းမာဖို့ အာဟာရပြည့်ဝ Cow Cow နို့”






Address

50th Street

11161

Telephone

+9595005800

Website

Alerts

Be the first to know and let us send you an email when Cow Cow Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cow Cow Wellness:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram