27/01/2025
အလုံး ၃၀ ပါတစ်ဘူးကို 24500 ကျပ် ဖြင့်
ဆေးဘုရင် ဆေးဆိုင်မှာ ဝယ်ယူအားပေးလို့ရပါပြီးရှင့် ။😊😊
🏠 ဆေးဘုရင် Pharmacy
⏩ စျေးရှေ့ဘက်တိုက်တန်း၊ လမ်းမတော်လမ်း၊ ချောက်မြို့။
📱09 444 294 144
💳 Kpayဖြင့်လည်း (%) ထပ်ပေါင်း ပေးစရာမလိုပဲဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
🙏🏻အားပေးမှုကို ဆေးဘုရင်Pharmacy မှ အထူးကျေးဇူးတင်ပါတယ်ရှင့် 🙏🏻
နှလုံးသွေးကြောကျဉ်းတဲ့ အခါ Stent ထည့် ကုသခြင်းဆိုတာဘာလဲ ❓
Stent ဆိုတာက သေးငယ်တဲ့သတ္တုပိုက်ပြွန် တစ်မျိုးဖြစ်ပြီး သွေးကြော ကျဉ်းသူများ ၊ သွေးကြောပိတ်သူများ အနေနဲ့ သွေးလွှတ်ကြော များအတွင်း သွေးများကောင်းမွန်စွာ စီးဆင်နိုင်ဖို့အတွက် ထည့်သွင်းကုသရသည့်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Stent မှာ အမျိုးအစားများစွာရှိပြီး အသက်ရှူလမ်းကြောင်း ၊ သည်းခြေပြွန် နှင့် နှလုံး အပြင်းအခြား ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများထဲသို့ ထည့်ရသော Stent အမျိုးအစားများစွာရှိပါတယ်။
ဒီထဲကမှ နှလုံးသွေးကြောကျဉ်းသောအခါမှာ နှလုံးသွေးကြောများကို ချဲ့ပေးတဲ့
နှလုံးထဲသို့ Stent ထည့် ကုသခြင်းအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံများနဲ့ အညီ စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာကိုတွေ့ရပါတယ်။ ဒီလို ပြောင်းလဲလာတဲ့ စားသောက်မှုပုံစံတွေထဲကမှ မကျန်းမာတဲ့စားသောက်မှုပုံစံအမှားအယွင်းတွေကြောင့် နောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားတဲ့သူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတာကိုလည်းတွေ့ရပါတယ်။ နှလုံး သွေးကြောကိုကျဥ်းစေနိုင်တဲ့ အကြောင်းအရင်းဟာ သွေးကြောတွေထဲမှာ ဆဲလ်သေအစအနများ၊ အဆီများ စုပုံလာပြီး နှလုံးမှသွေးကြောများဆီသို့ သွေးစီးဆင်းမှု လျော့နည်းသွားခြင်းကြောင့်ဘဲဖြစ်ပါတယ် 🫀
ဒီလိုမျိုး သွေးကြောထဲမှာ အဆီတွေနဲ့ ဆဲလ်အသေတွေစုပြုံတာ ကြာလာတဲ့အခါမှာ သွေးကြောတွင်းကျဉ်းပြီးမာကြောလာကာ နှလုံးသွေးကြောများဆီကို သွေးစီးဆင်းမှုနည်းလာစေပြီး ရုတ်တရက် ရင်ဘက်အောင့်တာမျိုး နှလုံးရပ်တန့်သွားတာမျိုး အထိ ဖြစ်သွားနိုင်ပါတယ် ❗
ဒီလိုမျိုး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အသက်သေဆုံးနိုင်သည် အထိ အန္တရာများတဲ့ သောက်ဆေးဖြင့် ကုသ၍မရသော နှလုံးသွေးကြော သိသိသာသာကျဥ်းတဲ့ အခြေအနေမှာဆိုရင်တော့ နှလုံးသွေးကြောချဲ့ခြင်း၊ နှလုံးသွေးကြောထဲသို့ သွေးကြောထောက် ကိရိယာ (𝐒𝐭𝐞𝐧𝐭) ထည့်ခြင်းဖြင့် ကုသနိုင်ပါတယ်။ ချဲ့နိုင်သော ကွန်ယက်ပုံစံ သေးငယ်တဲ့ 𝐦𝐞𝐭𝐚𝐥 𝐜𝐨𝐢𝐥 လေးကို ကျဥ်းနေသော သွေးကြောထဲသို့ ထည့်ပြီး ချဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ နှလုံးသွေးကြောချဲ့ခြင်းကို ထုံဆေးအသုံးပြု၍ လက်ကောက်ဝတ် (သို့) ပေါင်းရင်းသွေးကြောများထဲသို့ (𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫) ထည့်၍ ကုသမှုမျိုးကို ပြုလုပ်လို့ရပါတယ်။ ဒီလိုမျိုး သွေးကြောများထဲသို့ ( Stent ) ထည့်သွင်းတဲ့ ကြီးကြီးမားမား ခွဲစိတ် မှုမျိုးပြုလုပ်ရခြင်းမျိုးမဟုတ်ပဲ လက်ကောက်ဝတ်နှင့် ပေါင်ရင်းသွေးကြောနားတစ်ဝိုက်ကို ခွဲစိတ်မှု အသေးစားပြုလုပ်ပြီး ကင်မပါရာ တပ်ဆင်ထားသော (𝐂𝐚𝐭𝐡𝐞𝐭𝐞𝐫) ကို angiogram လို့ခေါ်တဲ့ တီဗီ မှတစ်ဆင့် Stent ကို လိုချင်တဲ့ နေရာရောက်အောင် ထည့်သွင်း ကုသမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး Stent ထည့်ကုသပြီးတဲ့ နောက်မှာတော့ သွေးတွင်းအဆီများ ထပ်မများအောင်များတာမျိုးမဖြစ်ပွားဖို့အတွက် လူနေမှု ပုံစံကို ပြောင်းလဲ ဂရုတစိုက်နေထိုင်ဖို့ လိုအပ်ပါတယ်။ နှလုံးသွေးကြောကျဥ်းရောဂါကို စီမံတဲ့ အခါမှာတော့ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ ပြင်းထန်တဲ့အခြေနေပေါ် မှာ မူတည်ပြီး ကုသပုံနည်းလမ်းများဟာလည်း ကွာခြားမှုရှိပါတယ်။ စောလျှင်စွာ သတိပြုမိပြီး အချိန်မှီကုသနိုင်ခြင်းဟာ နှလုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲရောဂါ အန္တရာယ်များကနေ ကာကွယ်နိုင်တဲ့ အတွက်ကြောင့် 𝐇𝐞𝐚𝐫𝐭-𝐐 ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များလည်း နှလုံးသွေးကြောကျဥ်းရောဂါကို မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်....❤
#နှလုံးဖြည့်စွက်စာ