Aung Pharmacy-အောင်ဆေးဆိုင်

  • Home
  • Aung Pharmacy-အောင်ဆေးဆိုင်

Aung Pharmacy-အောင်ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Pharmacy-အောင်ဆေးဆိုင်, Pharmacy / Drugstore, .

ဆေးဆိုင် ဖွင့်တာ ၃ နှစ်တောင်ပြည့်သွားပီ 🫶
06/01/2025

ဆေးဆိုင် ဖွင့်တာ ၃ နှစ်တောင်ပြည့်သွားပီ 🫶

https://www.facebook.com/share/p/qYqaYJpYHZYifTCC/?mibextid=qi2Omg
27/06/2024

https://www.facebook.com/share/p/qYqaYJpYHZYifTCC/?mibextid=qi2Omg

#အအေးမိ၍ နှာစေး၊နှာပိတ်ခြင်းနှင့် ဓါတ်မတည့်ခြင်းကြောင့် အရေပြားယားယံခြင်းတို့အတွက် အသုံးပြုသည့် ဆေး

💁‍♀️Cetirizine (ဆီတီရီဇင်း)ဆေးအကြောင်း✅✅✅
================================

💁‍♀️အာနိသင်ရှည်ကြာသော အိပ်ပျော်ခြင်းဘေးထွက်ဆိုးကျိုး မရှိဟုဆိုသော ဟစ်တမင်း တုံ့ပြန်ဆေးတစ်မျိုး ဖြစ်ပါတယ်။

✅ အသုံး
✔️နှာစေးခြင်း၊ ချောင်းဆိုးရင်ကျပ်ခြင်း၊ ယားယံခြင်း၊ အဖု အပိမ့် ထွက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း စသည့်ဓာတ်မတည့်၍ဖြစ်သော လက္ခဏာများ သက်သာပျောက်ကင်းအောင် အသုံးပြုနိုင်သည်။

✅ ဆေးညွှန်းနှင့် အသုံးပြုပုံ
✔️၁၀မီလီဂရမ်(10mg) တစ်နေ့ တစ်ကြိမ် သောက်လျှင်များသောအားဖြင့် လုံလောက်သည်။ လိုအပ်လျှင် ၁၀ မီလီဂရမ် တစ်နေ့ နှစ်ကြိမ်အထိ သောက်နိုင်သည်။

✅ သတိပြုရန်
✔️အိပ်ငိုက်ခြင်းမရှိဟု ဆိုသော်လည်း လုံးဝအိပ်မငိုက်ဟု မဆို နိုင်ပါ။ သို့ဖြစ်၍ ယာဉ်မောင်းသူများ၊ စက်ယန္တရားကြီးများ မောင်းနှင်အလုပ်လုပ်ရသူများ သတိပြုသုံးစွဲသင့်ပါသည်။ ကလေးနှင့် သက်ကြီးရွယ်အိုများသည် ဆေးအပြစ်များကို ပိုမိုခံစားရနိုင်သောကြောင့် သတိပြုသုံး ရပါသည်။ အရက်သောက်ထားသူများ သတိဖြင့်သုံးရပါသည်။ ကျောက်ကပ် မကောင်းသူများ ဆေးချိန်လျှော့သုံးရပါသည်။

🛑 ဆေးအပြစ်များ
✔️ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း၊ စိတ်တိုခြင်းတို့ဖြစ်နိုင်ပါသည်။

🛑 ရှောင်ရန်
❌ဆေးနှင့် မတည့်သူများ၊ နို့တိုက်မိခင်များ မသုံးရပါ။ ကိုယ်ဝန်ဆောင်များ အလွန်လိုအပ်မှသာ သုံးသင့်သည်။
❌ နှစ် နှစ်အောက် ကလေးငယ်များ မသုံးသင့်ပါ။

💊 ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Acitrin, Alatrol, Allercet, Atrzin, Atrol,
Certizin, Cetihes, Cetiriz, Cetizin, Cetzine,Cetrigen,Cetzac,Celozine
Cetrine, Cetrisyn, Cetriz, Cetrisav, Cetrizet, Cetzy, Cezine, CZ-3, Ekon-DT, Gorzine, Itrat,
Lergi, N-Zin,Nosemin, Rhinil, Rhizin, Set-10, Terizin,
Trizin, Trizyn, Unicet,Zemat, Zymed, Zyncet,Zyrtec.
......................................................................................

🕰 ဆေးဆိုင်ဖွင့်ချိန် 🕰
မနက် (၇) နာရီ မှ ည (၇) နာရီထိ

-အောင်ဆေးဆိုင်
#ချောင်းဆုံအနောက်
#ချောင်းဆုံမြို့
📱 09797878415

ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ က ဘာတွေလဲ...
02/06/2024

ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ
ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ က ဘာတွေလဲဆိုတာကို သိပြီးပြီလား! နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတိုင်းမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကောင်းစွာလည်ပတ်စေနိုင်ဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်နေ့စဉ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။ အာဟာရပြည့်ဝစေဖို့အတွက် စားသုံးတဲ့နေရာမှာလည်း သင့်တင့်မျှတတဲ့ ပမာဏဖြစ်ဖို့တော်တော်လေးအရေးကြီးပါတယ်။ အစားအသောက်တွေက အလွန်အကျွံမစားသင့်သလို နည်းနည်းပဲစားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေအတွက် အစာအာဟာရမျှတပြည့်ဝဖို့ကတော်တော်လေးအရေးပါပါတယ်။

ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ ကတော့

ဖျားနာလွယ်မယ်

ရာသီဥတုကြောင့်ဖြစ်ဖြစ် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်ဖြစ် ကလေးက ခဏခဏဖျားနေယ်ဆိုရင် ကလေးက ကိုယ်ခံအားနည်းနေတာပါ။ ဒါကခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေမပြည့်ဝဘူးဆိုတာကိုဖော်ပြနေတဲ့ပြယုဂ်တစ်ခုပေါ့။ ဒါကြောင့် ကလေးရဲ့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အာဟာရပြည့်ဝမျှတအောင်ပြင်ဆင်ကျွေးမွေးပေးပါ။

စိတ်ဖိစီးမယ်၊ စိတ်ဓာတ်ကျမယ်

စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေက ဦးနှောက်ကနေ အရင်းခံလာတဲ့ စိတ်ဝေဒနာတွေပါ။ ခန္ဓာကိုယ်မှာ အမိုင်နိုအက်ဆစ်မလုံလောက်တဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ကလေးက အချိန်ပြည့်စိတ်ညစ်နေမယ်၊ မှိုင်နေမယ်၊ ရန်လိုမယ် စတဲ့အပြုအမူတွေလုပ်လာမယ်ဆိုရင်တော့ အာဟာရမပြည့်ဝမှုကိုခံစားနေရတယ်ဆိုတာသိဖို့လိုပါမယ်။ ဒါကြောင့်ကလေးစားသုံးမယ့်အစားအစာထဲမှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုသေချာထည့်သွင်းပြင်ဆင်ပေးပါ။ Omega-3 fatty acids ကိုလည်မေ့မထားပါနဲ့။

အဝလွန်မယ်

ဝနေတိုင်း ကလေးကကျန်းမာတယ်၊ ဖွံ့ဖြိုးတယ်လို့မထင်ပါနဲ့။ ကလေးက ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာက အာဟာရမပြည့်ဝတာကြောင့် ခံစားရတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အဝလွန်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကလေးကနေ့စဉ်ပြုပြင်ထားတဲ့ အသားတွေ၊ အချိုရည်တွေ၊ အချိုများတဲ့ အစားအစာတွေစားသုံးတာကြောင့် လိုအပ်တဲ့အာဟာရမရဘဲ မလိုအပ်တဲ့အဆီတွေတက်ပြီး အဝလွန်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးဝနေတိုင်း အာဟာရမချို့တဲ့ဘူးလို့မထင်ပါနဲ့။ ဝလွန်တာကလည်း အာဟာရချို့တဲ့နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။

လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ

ကလေးဆိုတာ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမှာဆိုပေမယ့် ကလေးက ဘာကိုမှသေသေချာချာအာရုံမစိုက်နိုင်ဘဲ တစ်ချိန်လုံး လှုပ်ရှားနေမယ်ဆိုရင်တော့ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတာကြောင့်ဖြစ်တဲ့ လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားနေရတာပါ။ ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတဲ့အခါ အာဟာရဓာတ်တွေစုပ်ယူနိုင်စွမ်းနည်းသွားပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရကိုမရရှိတော့ဘဲ အာဟာရချို့တဲ့လာတာကြောင့် ကလေးက လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားရတာဖြစ်ပါတယ်။

စကားပြောတာနောက်ကျတာ

ကလေးစကားပြောနောက်ကျတာက ဗီတာမင် B12 ချို့တဲ့တာကြောင့်ပါ။ ကလေးလေးတွေက ဗီတာမင် B12 ချို့တဲ့မယ်ဆိုရင် ပုံမှန်ထက်စကားပြောနောက်ကျတတ်ပါတယ်။ ဒါကြောင့်ကလေးကို ဝမ်းတွင်းသားတွေ၊ အမဲသား၊ ကြက်သား၊ငါး၊ဝက်၊ ကမာ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးတို့လိုမျိုး ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေကျွေးမွေးပေးပါ။

အရေပြားနဲ့ ဆံသားတွေခြောက်သွေ့မယ်

အရေပြားနဲ့ ဆံသားတွေခြောက်သွေ့ရတာက ကလေးအနေနဲ့ ဗီတာမင် A၊ B၊ E နဲ့ K2 တို့လိုမျိုးပျော်ဝင်လွယ်တဲ့ဗီတာမင်တွေချို့တဲ့နေတာကြောင့်ပါ။ ဒါကြောင့် ကလေးရဲ့ ဆံသားတွေ အရေပြားတွေခြောက်သွေ့နေပြီဆိုရင် ကလေးကို လိုအပ်တဲ့ အာဟာရနဲ့ဗီတာမင်တွေပြည့်ဝအောင်ကျွေးမွေးပေးပါ။

ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်မယ်

ကလေးက ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက အာဟာရချို့တဲ့တာကြောင့်ပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်ဘူးဆိုတဲ့သဘောပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်တဲ့အခါ အစာခြေစနစ်ကျန်းမာရေးချို့တဲ့ပြီး အကျိုးပြုဘက်တီးရီးယားအရေအတွက် လျော့နည်းလာတာကြောင့် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှောဖြစ်ရတာပါ။

အာဟာရမပြည့်ဝမှုကို ဘယ်လိုကာကွယ်မလဲ
အာဟာရမပြည့်ဝမှုကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတစွာစားသောက်ဖို့ပါ။ ကျန်းမာရေးကောင်းဖို့ဆိုရင်နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာ အခုပြောပြတဲ့အစားအစာလေးတွေပါဝင်အောင်ပြင်ဆင်ပေးပါနော်။

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ
ပေါင်မုန့်၊ ထမင်း၊ အာလူးနဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ
နို့နဲ့ နို့ထွက်ပစ္စည်းတွေ
အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို အချိုးကျမျှတစွာပုံမှန်စားသုံးပေးပါ။
crd.Aye Thi Mon မှ ရေးသားသည်။

မင်မင်က ဆေးလည်းရောင်းတယ်  Handmade အိတ်လှလှလေးတွေလည်းရောင်းပါတယ်နော် 𝗖𝗿𝗼𝗰𝗵𝗲𝘁 & 𝗛𝗮𝗻𝗱𝗺𝗮𝗱𝗲 𝗯𝘆 𝗧𝗵𝗮𝗲 page မှာ အများကြီးတင်ထား...
28/11/2023

မင်မင်က ဆေးလည်းရောင်းတယ် Handmade အိတ်လှလှလေးတွေလည်းရောင်းပါတယ်နော်

𝗖𝗿𝗼𝗰𝗵𝗲𝘁 & 𝗛𝗮𝗻𝗱𝗺𝗮𝗱𝗲 𝗯𝘆 𝗧𝗵𝗮𝗲 page မှာ အများကြီးတင်ထားပါတယ်ရှင့်

အားပေးလို့ရပါတယ်ရှင့်😘

 #ချောင်းဆိုးခြင်းနှင့်ချောင်းဆိုးပျောက်ဆေးများချောင်းဆိုးခြင်းတွင် သလိပ်ထွက်သည့် ချောင်းအစိုဆိုးခြင်းနှင့် သလိပ်မထွက်သည...
13/07/2023

#ချောင်းဆိုးခြင်းနှင့်ချောင်းဆိုးပျောက်ဆေးများ

ချောင်းဆိုးခြင်းတွင် သလိပ်ထွက်သည့် ချောင်းအစိုဆိုးခြင်းနှင့် သလိပ်မထွက်သည့် ချောင်းခြောက် ဆိုးခြင်း (၂)မျိုးရှိပါသည်။ မိမိတို့ ချောင်းဆိုးသည့်အပေါ်မူတည်၍ သောက်ရသည့် ချောင်းဆိုးပျောက်ဆေးများကို မှန်ကန်စွာ ဝယ်ယူသောက်သုံးခြင်းသည် ရောဂါပျောက်ကင်းဖို့ရန်အတွက် အရေးကြီးပါသည်။

✅ချောင်းအစိုဆိုးခြင်း
ချောင်းအစို ဆိုးသည့်အခါ သလိပ်အကြည် (သို့) အဝါရောင်(သို့) အစိမ်းရောင် သလိပ်များကို ခပ်ထုတ်၍ထွေးထုတ်မှသာ သက်သာသည့်အတွက် ချောင်းဆိုးသည့်အခါ လူတအားပင်ပန်းရပါသည်။ထိုသို့ချောင်းဆိုးခြင်းတွင် ချွဲသလိပ်များကိုပျော်စေနိုင်သော ဆေးများ (Acetylcysteine (သို့) Carbocysteine) ဆေးများသောက်မှသာ သက်သာပါမည်။
☝️ချွဲသလိပ်ပျော်၍ ချောင်းဆိုးပျောက်စေသည့်ဆေးများမှာ eg. Wood's အပြာရောင်၊ Ascoril ဆေးရည်၊ Bena ဆေးရည်၊Herbicough ဆေးရည်၊ Flemex၊ Solmux၊ Musol၊ Bisolvon ဆေးရည် အစရှိသဖြင့် ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

✅ချောင်းခြောက်ဆိုးခြင်း
အအေးမိခြင်း၊လေပြွန်ရောင်ခြင်းနှင့် ဓါတ်မတည့်ခြင်းတို့ကြောင့် ချောင်းဆိုးသည့်အခါ သလိပ်မပါဘဲ လည်ချောင်းယား၍ ချောင်းဆိုးခြင်းသည် ချောင်းခြောက်ဆိုးခြင်းဖြစ်သည်။ထိုသို့ လည်ချောင်းယား၍ ချောင်းဆိုးသည့်အခါ ချောင်းဆိုးချင်သည့်စိတ်ကို ဟန့်တားပေးနိုင်သောဆေးများ(Dextromethorphan)ပါသည့် ချောင်းဆိုးပျောက်ဆေးများသောက်မှသာ သက်သာပါမည်။
☝️သလိပ်မပါသည့် ချောင်းခြောက် ချောင်းဆိုးပျောက်ဆေးများမှာ eg. Chericof ဆေးရည်၊Zecuf ဆေးရည်၊ Wood'အနီရောင်ဆေးရည်၊Meditone ဆေးရည်၊konidin၊Bronchest၊Atussin၊De-tussin၊Tussolid၊Bluecup၊Terco-D၊Dextromine အစရှိသဖြင့် ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

⭕⭕သတိထားရမည့်အချက်များ⭕⭕
-မိမိဝယ်ယူသည့်ဆေးများကို ဆေးညွှန်းများအတိုင်း မှန်ကန်စွာသောက်သုံးရပါမည်။
-ဆေးသောက်ပြီး (၃)ပတ်ထိ ချောင်းဆိုးမပျောက်ခြင်း
-ကိုယ်ပူခြင်း၊ရင်ဘတ်အောင့်ခြင်း၊ချောင်းဆိုး၍ သွေးပါလာခြင်း၊နှုတ်ခမ်း၊ပါးစပ်၊လက်သည်းများ ပြာနှမ်းလာခြင်း၊အသက်ရှုကျပ်ခြင်းများ ဖြစ်လာလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို​့အမြန်ဆုံးပြသင့်ပါသည်။

🌼🌼🌼ချောင်းဆိုးပျောက်ဆေးများကို မှန်ကန်စွာ ရွေးချယ်သောက်သုံးကြ၍ ချောင်းဆိုးခြင်းများ သက်သာကြပါစေ။

သဲစုနှင်း-Pharmacist

🕰 ဆေးဆိုင်ဖွင့်ချိန် 🕰
မနက် (၇) နာရီ မှ ည (၇) နာရီထိ

-အောင်ဆေးဆိုင်
#ချောင်းဆုံအနောက်
#ချောင်းဆုံမြို့
📱 09797878415

-

18/12/2022
KINOKI ခြေဖဝါးကပ်ပလာစတာ လေး ရောက်ပါပြီးရှင်အောင် ဆေးဆိုင်တွင် ဝယ်ယူအားပေးနိုင်ပါပြီး🕰 ဆေးဆိုင်ဖွင့်ချိန် 🕰 မနက် (၇) နာရီ...
27/10/2022

KINOKI ခြေဖဝါးကပ်ပလာစတာ လေး ရောက်ပါပြီးရှင်
အောင် ဆေးဆိုင်တွင် ဝယ်ယူအားပေးနိုင်ပါပြီး

🕰 ဆေးဆိုင်ဖွင့်ချိန် 🕰
မနက် (၇) နာရီ မှ ည (၇) နာရီထိ

-အောင်ဆေးဆိုင်
#ချောင်းဆုံအနောက်
#ချောင်းဆုံမြို့
📱 09797878415

Neo Mixagrip လေးလုံးကဒ်ဆေး ပြန်ရောက်ပါပြီးရှင်
25/10/2022

Neo Mixagrip လေးလုံးကဒ်ဆေး ပြန်ရောက်ပါပြီးရှင်

Address


Opening Hours

Monday 07:00 - 19:00
Tuesday 07:01 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959797878415

Website

Alerts

Be the first to know and let us send you an email when Aung Pharmacy-အောင်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share