Moe Aung

Moe Aung စစ်မှန်သောပစည်းများကိုသာရောင်းချ ပေးပါတယ်

15/12/2024
ရှောက်ရွက်စားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ဖတ်ချိန်တမိနစ်_________________ရှောက်ရွက်က လူ့ခန္တာကိုယ်အတွက် အကျိုးကျ...
15/12/2024

ရှောက်ရွက်စားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ဖတ်ချိန်တမိနစ်
_________________
ရှောက်ရွက်က လူ့ခန္တာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိပြီး သဘာဝဆေ:အဖြစ် အသုံးပြုလို့ရပါတယ်။ ရှောက်ပင်မှာဆိုရင် အသီးရော အရွက်ရောက အလွန် အသုံးဝင်လှပါတယ်။
၁။ ကိုယ်ခံအား ကောင်းစေခြင်း
တစ်နှစ်မှာ တစ်ကြိမ်ထက်ပိုပြီး ဖျားနာခဲ့မယ်ဆိုရင် ကိုယ်ခံအားမကောင်းတာကို ဖော်ပြနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
ရှောက်ရွက်က သဘာဝပဋိဇီဝဆေ:အနေနဲ့ လုပ်ဆောင်ပေးတာကြောင့်
အအေးမိခြင်းနဲ့ တုပ်ကွေးဝေဒနာတွေကို
အလျင်အမြန်သ.က်သာစေပြီး
ရောဂါပိုးပြန်ဝင်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။
၂။ ကျန်းမာသန်စွမ်းစေခြင်း
ရှောက်ရွက်ရည်သောက်ပေးတာက
ခန္တာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး
နေ့သစ်တစ်ရက်စတင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။
ရှောက်ရွက်အခြောက် (သို့) အစိမ်းကို
မသောက်ခင် ငါးမိနစ်ခန့်ကြိုပြီး ရေမှာစိမ်ထားပေးပါ။
၃။ ခံတွင်းနံ့ သင်းပျံ့စေခြင်း
ရှောက်ရွက်မှာပါဝင်တဲ့ antioxidants တွေက ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားများကို ချေမှုန်းပေးနိုင်တာကြောင့်
ခံတွင်းအနံ့ဆိုးခြင်းကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။
၄။ ရောင်ရမ်းခြင်းများကို သ.က်သာစေခြင်း
ခန္တာကိုယ်မှာရှိတဲ့ ရောဂါအများစုက
ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။
ရှောက်ရွက်စားပေးခြင်းဖြင့် ရောင်ရမ်းခြင်းတွေကို
သဘာဝအတိုင်း လျော့ချပေးနိုင်ပြီး
ခန္တာကိုယ်ကိုလည်း ပြန်လည်သ.က်သာစေပါတယ်။
၅။ ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်ခြင်း
အသည်းနဲ့ ကျောက်ကပ်ကို
သန့်စင်ပေးဖို့အတွက်လည်း
ရှောက်ရွက်ကို စားပေးသင့်ပါတယ်။
အဲ့လို စားပေးတာကြောင့်
ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါ၊
ခေါင်းကို*က်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကို*က်ခြင်းစတဲ့ ရောဂါဝေဒနာများ ဖြစ်ပွါးနှုန်းကိုလည်း လျော့ချပေးနိုင်ပါတယ်။
၆။ ဆံပင်အရှည်မြန်စေခြင်း
ရှောက်ရွက်မှာ ဆံသားအရှည်မြန်စေနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ပါဝင်ပါတယ်။
ရှောက်ရွက်ကို ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေ:တွေမှာ အသုံးပြုကြသလို ကောင်းကျိုးပိုရအောင်လည်း စားပေးသင့်ပါတယ်။
၇။ အခန်းအနံ့ မွှေးစေခြင်း
ရှောက်ရွက်က သဘာဝအတိုင်း
အခန်းအနံ့ကို သင်းပျံ့စေနိုင်ပါတယ်။
ရှောက်ရွက်ကို ပါးပါးလှီးပြီး
ရေမှာ 2နာရီလောက် စိမ်ထားပါ။
အဲ့အရည်ကို စပ်ပရေးဘူးထဲ ပြောင်းထည့်ပြီး မိမိနှစ်သက်နေရာကို ဖြန်းပြီး အသုံးပြုပေးရုံပါပဲ။
ဒီသဘာဝ air freshener က
စိတ်ဖိစီးမှုလျော့ပါးစေနိုင်ပြီး
အဓိကအာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။
ရှောက်ရွက်ကို အသုံးပြုရာမှာ အစိမ်းလိုက်စားပေးဖို့ ကို ပိုမိုအကြံပြုချင်ပါတယ်။ ဓားနဲ့ အရွက်ရဲ့ အလယ်ရိုးကို ဖယ်ပြီး အရွက်နှစ်ခုကို ထပ်ကာ လိပ်ပေးပါ။ ပြီးနောက် တတ်နိုင်သလောက် ပါးပါးလှီးပြီး ဟင်းလျာ၊ အသုပ်နဲ့ အခြားအစာအစာတွေနဲ့အတူ ထည့်သွင်းစားသောက်ပေးသင့်ပါတယ်။
ဒါဆို ရှောက်ရွက်ရဲ့ အကြောင်းလေးလည်း ပြည့်ပြည့်စုံစုံ သိပြီထင်ပါတယ်နော်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

Address

No, 99 Yawmin Gyi Road
Dagon
11191

Telephone

+959750207699

Website

Alerts

Be the first to know and let us send you an email when Moe Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Moe Aung:

Share