Ko Zaw

Ko Zaw စစ်မှန်သောပစ္စည်းများကိုသာရောင်းပေ?

27/07/2022

................................................................................................................................................................................................................................................................................

စိတ်ဖိစီးမှုကြောင့် တုပ်ကွေးဖြစ်နိုင်ခြေ များသလား?
တုပ်ကွေးတွေက ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာပါ။ စိတ်ဖိစီးမှုဝေဒနာဟာ တုပ်ကွေးကို တိုက်ရိုက်ဖြစ်စေတာမျိုး မဟုတ်ပေမယ့် ဖြစ်နိုင်ခြေကို များစေပါတယ်။

မိုးရာသီလိုကာလမှာ ပတ်ဝန်းကျင်အခြေအနေက ဗိုင်းရပ်စ်တွေပေါက်ပွားဖို့ အခွင့်အလမ်းများစေပါတယ်။ လူတိုင်းကလည်း နေ့စဉ်နဲ့အမျှ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့နေရပါတယ်။ ဒါပေမယ့် လူတိုင်း တုပ်ကွေးမဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ခုခံအားက ပြန်တိုက်ထုတ်လိုက်လို့ပါ။ ဒါကြောင့် တချို့ဆို လက္ခဏာတောင် မပြလိုက်ပါဘူး။

ဒါပေမယ့် ခုခံအားမကောင်းဘူးဆိုရင်တော့ တုပ်ကွေးဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို အလွယ်တကူဝင်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ဓာတ်တိုးပျက်စီးစေတာ၊ ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်စေတာကြောင့် ခုခံအားကျပြီး ရောဂါတွေကို ခံနိုင်ရည်ကျစေပါတယ်။

ဒါကြောင့် ကိုယ့်မှာ ဘာရောဂါမှ မရှိဘူးဆိုရင်တော့ စိတ်ဖိစီးမှုကိုတော့ သတိထားသင့်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချသင့်သလို ခုလိုမိုးရာသီမှာ စိတ်ဖိစီးမှုကြောင့် ခုခံအား မကျစေဖို့ ခုခံအားတက်အောင် နေထိုင်စားသောက်သင့်ပါတယ်။.
-စိတ်ဖိစီးမှု လျော့ပါးကင်းစင်အောင်လို့
-အာဟာရပြည့်အောင် စားသောက်တာ
-အိပ်ရေးဝဝအိပ်တာ
-လိုအပ်ရင် အားဆေးမှီဝဲတာ စတာတွေကို လိုက်နာသင့်ပါတယ်။.


You sent...ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအနေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ...
14/07/2022

You sent...
ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအနေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ ဈပေတာ့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ..
Day 0 - ကူးစက်ခံရတယ်ဆိုပါတော့..
Day 1 - မွာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်..
Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အမ်ားစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်..
Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်..
Day 4 - နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ္ကို အအေးထပ်မမိအောင် သတိထားပါ..
Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုးနံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆားရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်..
Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်..
Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့..
တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်..
ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ
ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကေတာ့ စိတ္ခ်ရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ..
and respect to bro
Dr. Hadee Maung July 2022

အားလုံး မင်္ဂလာပါ ကျွန်တော် ဒီနေ့ဖော်ပြပေးမယ့်အကြောင်းအရာ ကေတာ့ ' Grounding (or) Earthing( ကမ္ဘာမြေကြီးနှင့်ခန္ဓာကိုယ်ထိတွေ့...
29/06/2022

အားလုံး မင်္ဂလာပါ ကျွန်တော် ဒီနေ့ဖော်ပြပေးမယ့်အကြောင်းအရာ ကေတာ့ ' Grounding (or) Earthing
( ကမ္ဘာမြေကြီးနှင့်ခန္ဓာကိုယ်ထိတွေ့ခြင်း ကြောင့်ရရှိ
လာသော ကျန်းမာရေး အကျိုးကျေးဇူး မ်ား အကြောင်း)
ပဲဖြစ်ပါတယ်
ကျွန်တော်တို့ နေ့စဉ် ထိတွေ့နေရတဲ့ ကမ္ဘာမြေကြီးကနေ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာ သိကြပါသလား?
ကမ္ဘာမြေကြီး ( Ground ) နှင့် ခန္ဓာကိုယ် အစိတိတစ်ခုခုဖြင့် ထိခြင်းကို Grounding (သို့မဟုတ်)
Earthing လို့ ခေါ်ပါတယ်
Grounding (or) Earthing ပြုလုပ်ခြင်းဖြင့်
ခန္ဓာကိုယ်ရောင်ရမ်းမှုများလျော့ကျလာခြင်း
( Anti- inflammatory effects)
နာကျင်မှုများလျော့ကျလာခြင်း
စိတ်ဖိစီးမှာလျော့ကျစေနိုင်ခြင်း
သွေးလည်ပတ်မှု အားကောင်းစေခြင်း
ခန္ဓာကိုယ်စွမ်းအင် ရရှိခြင်း
နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ခြင်း
ခုခံအားတက်စေနိုင်ခြင်း
စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်
ကမ္ဘာမြေကြီး တွင် သဘာဝ ဓါတ်စွမ်းအားများစွာ
ရှိပါတယ် ၊ ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိ
တွေ့လိုက်တဲ့ အခါ ထို သဘာဝ ဓါတ်စွမ်းအားများဟာ
ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအတွင်းသို့ ဝင်ကာ
ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်
ပါတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်တွင် free radicles လို့ခေါ်တဲ့
မော်လီကျုးတွေဟာ အများအပြားထွက်ရှိပါတယ်
ထို free radicals တွေဟာ
အဖိုဓါတ် ( postive charge) ရှိတဲ့အတွက်ခန္ဓာကိုယ်ရှိ
ဆဲလ္မ်ားဆီမွ electrons လို့ခေါ်တဲ့
အမဓါတ် ( Negative charge) ရှိသော မော်လီကျူး
တွေကို ဆွဲယူပါတယ်
ဒါကြောင့် elcetrons ဆွဲယူခြင်း ခံရေသာ
ဆဲလ္မ်ားဟာ ရောင်ရမ်းပျက်ဆီးခြင်း
ဖြစ်သွားကြပါတယ်
ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိလိုက်တဲ့အခါ ကမ္ဘာမြေကြီးမှ electrons မ်ားစြာကို ခန္ဓာကိုယ်အတွင်းပို့ဆောင်ပေးပါတယ် ၊ ဒီ elcetrons တွေဟာ ဒုက္ခပေးသောfree radicals မ်ားကို ဖျက်ဆီးပေးပါတယ်
ဒါကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ္မ်ား ရောင်ရမ်းခြင်း နည်းပါးသွားရခြင်းဖြစ်ပါတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်ရှိ သွေးနီဥများမျက်နှာပြင်တွင် အမဓါတ်ရှိသော molecules မ်ား (Negative charge)
ဖြင့်ဖွဲ့စည်းထားပါတယ်
သွေးနီဥများ တစ်ခုနှင့်တစ်ခု သည် အမဓါတ် မော်လီကျူးများရှိခြင်းကြောင့် ဆဲလ် တစ်ခုခုနှင့်တစ်ခု
တွန်းကန်ကာ သွေးကြောအတွင်း သွေးမပြစ်အောင်ထိန်းထားပေးပါတယ်
ထိုတွန်းကန်အား (repulsive force) ကို zeta poetntial လို့ ခေါ်ပါတယ်
ကမ္ဘာမြေကြီးမှ zeta potential ကို သွေးနီဥ များမှရရှိနိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို
ကောင်းစေနိုင်ပါတယ်
နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါတယ်
ဒီလိုကျန်းမာရေးအကျိုးကျေးဇူးရရှိအောင် မိမိ၏ ခန္ဓာကိုယ်ကို မြေကြီးနှင့် ထိတွေ့ပေးရပါမယ်
ဥပမာ - ဖိနပ် မပါပဲ မြေကြီးပေါ် လှမ်းလျောက်ခြင်း
- မျက်ခင်းပြင်များတွင် လှဲလှောင်းခြင်း
-မြေကြီးဖြင့် ပြုလုပ်ထားသော
အသုံးအဆောင်များ ကိုင်တွယ်ခြင်း
- ကေလးမ်ားအား မြေကြီးပေါ်တွင် ဆော့ကစား
စေခြင်း
- မြေဖြင့် ပြုလုပ်ထားသော ကစားစရာများဖြင့်
ဆော့စေခြင်း စသည်နည်းလမ်းများသည်
ကမ္ဘာမြေကြီးနှင့် ခန္ဓာကိုယ်ထိစပ်နိုင်သော
နည်းလမ်းများဖြစ်ပါတယ်
..
မှတ်ချက်။ ကျန်းမာရေး ဗဟုသုတ အဖြင့်သာ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆေးပညာအရ ပိုမိုတိကျသော အချက်များ ရှိနိုင်ပါသည်။
မေတ္တာဖြင့်
ဒေါက်တာအောင်သူထွန်း
4.1.2021
Independence Day

...........................................................................................................................
15/06/2022

........................................................................................................................................
သင်္ဘောသီး နှင့် သွေးတိုးဆီးချို၊ ကျောက်ကပ်၊ ကင်ဆာရောဂါများ - အာဟာရဆိုင်ရာ သိကောင်းစရာ"
(unicode version)
၁၂လ ရာသီပတ်လုံးရနိုင်ပြီး ဈေးသင့်တော်တဲ့ အတွက် မြန်မာလူမျိုးတို့ အကြိုက် အချိုတည်းစရာလေးကတော့ သင်္ဘောသီးပါ။ ချိုမြတဲ့ အရသာ၊ စားချင်စဖွယ် အရောင် နဲ့ အနံ့ တို့ကြောင့် လူကြိုက်များပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ဆို သင်္ဘောသီးက ဆရာပါပဲ။ ဒီလို စားလို့ကောင်းပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သင်္ဘောသီးကို ဘေးဥပဒ်မဖြစ်အောင် ဘယ်လိုစားကြမလဲ ဖတ်ကြည့်ကြရအောင်။
သင်္ဘောသီး (Papaya) - တစ်ခါစားစာ ပမာဏမှာ (ပို့စ်ရဲ့ ပထမဆုံး comment မှာ ပြပေးထားပါတယ်)
- ကယ်လိုရီ ၄၅ kcal ၊ ကစီဓာတ် (carbohydrate) ၁၁.၃ ဂရမ်၊ အသားဓာတ် ၀.၇ ဂရမ်၊ အဆီဓာတ် ၀ ဂရမ် နဲ့ အမျှင်ဓာတ် ၂.၃ ဂရမ် ပါဝင်ပါတယ်။
- ဗီတာမင်စီ ဓာတ် အထူးကြွယ်ဝစွာပါတာကြောင့် တစ်ခါစားပမာဏ စားပေးရုံနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ ဓာတ်ကို လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A ဓာတ် နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။
- သင်္ဘောသီးစားခြင်းဟာ (၁) အသက်ကြီးလို့ မျက်စိမှုန်တာကို နှေးစေ (၂) ပန်းနာရင်ကျပ် သက်သာစေ (၃) ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါများကို ကာကွယ်နိုင် (၄) အရိုးကျန်းမာရေးကို အထောက်အကူပြု (၅) ဆီးချိုရောဂါကို သက်သာစေ (၆) ဝမ်းမှန်စေ (၇) ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေကြောင်း သုတေသနတွေ အရသိရှိရပါတယ်။
"သင်္ဘောသီး နှင့် ဆီးချိုရောဂါ"
သင်္ဘောသီးဟာ အမျိုးအစား (၁) ဆီးချိုရောဂါ သာမက အမျိုးအစား (၂) ဆီးချိုရောဂါမှာပါ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးဖို့ သုံးပါတယ်။ ဒါပေမယ့် မှည့်လေ ဆီးချိတက်လေမို့ မစိမ်းမမှည့် ကြားအချိန်မှာ စားတာ အကောင်းဆုံး ဖြစ်ပါတယ်။
သင်္ဘောရွက်ဟာ ဆိုရင်လည်း အင်ဆူလင်ဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုထိန်းရာ မှာ အထောက်အကူ ပြုပါတယ်။ (တန်ဆေးလွန်ဘေးဖြစ်လို့ အလွန်အကျွံ ကြိုသောက်တာတွေတော့ မလုပ်သင့်ပါဘူး)
- တစ်နေ့ကို တစ်ခါစားစာ = ပုံတွင်ပြထားသော အတုံးအရွယ် ၂ တုံး
- တစ်ပတ်ကို ၂-၃ ကြိမ်
- ​ထမင်းနဲ့ အချိန်ခွာစားပါ။
- ဖျော်ရည်ထက် အသီးအတိုင်း စားတာပိုကောင်းပါတယ်။
"သင်္ဘောသီး နှင့် ကျောက်ကပ်ရောဂါ"
သင်္ဘောသီးမှာ ပိုတက်ဆီယမ် များတဲ့အတွက် ကျောက်ကပ်ဆေးရခါနီး အဆင့်လူနာတွေ ခဏရှောင်သင့်ပါတယ်။ ကျောက်ကပ်အားနည်းတဲ့ အဆင့် ၂/၃ မှာဆိုရင် သို့ ကျောက်ကပ်ဆေးနေပြီ ဆိုရင် စားလို့ရပါတယ်။
တစ်ခါစားပမာဏ - ပထမဆုံး comment ပုံတွင်ပြထားတာရဲ့ တစ်ဝက်ခန့် (၁ ပတ်ကို ၂ကြိမ်) စားလို့ရပါတယ်။
"သင်္ဘောသီး နဲ့ သွေးတိုး"
သင်္ဘောသီးဟာ အမျှင်ဓာတ်များလို့ သွေးတိုးကိုကျစေပြီး ဝမ်းမှန်စေပါတယ်။
တစ်နေ့ကို တစ်ခါစားပမာဏ အတိုင်း တစ်ပတ် ၃ ကြိမ်စားလို့ရပါတယ်။
"သင်္ဘောသီး နှင့် ကင်ဆာ"
သင်္ဘောသီးမှာ Lycopene လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်ပါတာကြောင့် ဆဲလ်ပျက်စီးမှုနဲ့ ဓာတ်တိုးမှုကို သိသိသာသာလျှော့ချပေးပြီး ကင်ဆာဆဲလ်တွေလည်း သေစေပါတယ် (ရင်သားကင်ဆာဆဲလ် တွေကို သေစေနိုင်တာကို သုတေသနမှာ တွေ့ရှိရပါတယ်)။ ဒါ့အပြင် သင်္ဘောစေ့ဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေ လျော့ပါးစေနိုင်တာကို လည်း တွေ့ရပါတယ်။ (ဒါပေမယ့် တန်ဆေးလွန်ဘေး ဖြစ်တဲ့ အတွက် အလွန်အမင်း ကျိတ်သောက်တာ သူချည်း ဖိစားတာတွေ မလုပ်ပဲ တစ်ခါစားစာ ပမာဏကိုပဲ နေ့တိုင်း စားပေးသင့်ပါတယ်)
အာဟာရမျှတအောင် သစ်သီးစုံစားပေးဖို့လည်း မမေ့ပါနဲ့နော်။
အစာလည်းဆေး ဆေးလည်းအစာဖြစ်လို့ အားလုံးကျန်းမာနိုင်ကြပါစေ။
မေတ္တာဖြင့်
Dr. ဆုမြတ်သဇင်
အာဟာရအထူးပြု ဆရာဝန်.......................................................................................................................................
“သင်္ဘောသီး နှင့် သွေးတိုးဆီးချို၊ ကျောက်ကပ်၊ ကင်ဆာရောဂါများ -
အာဟာရဆိုင်ရာ သိကောင်းစရာ"
(zawgyi version)
၁၂လ ရာသီပတ်လုံးရနိုင်ပြီး ဈေးသင့်တော်တဲ့ အတွက် မြန်မာလူမျိုးတို့ အကြိုက် အချိုတည်းစရာလေးကတော့ သင်္ဘောသီးပါ။ ချိုမြတဲ့ အရသာ၊ စားချင်စဖွယ် အရောင် နဲ့ အနံ့ တို့ကြောင့် လူကြိုက်များပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ဆို သင်္ဘောသီးက ဆရာပါပဲ။ ဒီလို စားလို့ကောင်းပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ သင်္ဘောသီးကို ဘေးဥပဒ်မဖြစ်အောင် ဘယ်လိုစားကြမလဲ ဖတ်ကြည့်ကြရအောင်။
သင်္ဘောသီး (Papaya) - တစ်ခါစားစာ ပမာဏမှာ (ပို့စ်ရဲ့ ပထမဆုံး comment မှာ ပြပေးထားပါတယ်)
- ကယ်လိုရီ ၄၅ kcal ၊ ကစီဓာတ် (carbohydrate) ၁၁.၃ ဂရမ်၊ အသားဓာတ် ၀.၇ ဂရမ်၊ အဆီဓာတ် ၀ ဂရမ် နဲ့ အမျှင်ဓာတ် ၂.၃ ဂရမ် ပါဝင်ပါတယ်။
- ဗီတာမင်စီ ဓာတ် အထူးကြွယ်ဝစွာပါတာကြောင့် တစ်ခါစားပမာဏ စားပေးရုံနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ ဓာတ်ကို လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A ဓာတ် နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။
- သင်္ဘောသီးစားခြင်းဟာ (၁) အသက်ကြီးလို့ မျက်စိမှုန်တာကို နှေးစေ (၂) ပန်းနာရင်ကျပ် သက်သာစေ (၃) ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါများကို ကာကွယ်နိုင် (၄) အရိုးကျန်းမာရေးကို အထောက်အကူပြု (၅) ဆီးချိုရောဂါကို သက်သာစေ (၆) ဝမ်းမှန်စေ (၇) ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေကြောင်း သုတေသနတွေ အရသိရှိရပါတယ်။
"သင်္ဘောသီး နှင့် ဆီးချိုရောဂါ"
သင်္ဘောသီးဟာ အမျိုးအစား (၁) ဆီးချိုရောဂါ သာမက အမျိုးအစား (၂) ဆီးချိုရောဂါမှာပါ သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးဖို့ သုံးပါတယ်။ ဒါပေမယ့် မှည့်လေ ဆီးချိတက်လေမို့ မစိမ်းမမှည့် ကြားအချိန်မှာ စားတာ အကောင်းဆုံး ဖြစ်ပါတယ်။
သင်္ဘောရွက်ဟာ ဆိုရင်လည်း အင်ဆူလင်ဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုထိန်းရာ မှာ အထောက်အကူ ပြုပါတယ်။ (တန်ဆေးလွန်ဘေးဖြစ်လို့ အလွန်အကျွံ ကြိုသောက်တာတွေတော့ မလုပ်သင့်ပါဘူး)
- တစ်နေ့ကို တစ်ခါစားစာ = ပုံတွင်ပြထားသော အတုံးအရွယ် ၂ တုံး
- တစ်ပတ်ကို ၂-၃ ကြိမ်
- ​ထမင်းနဲ့ အချိန်ခွာစားပါ။
- ဖျော်ရည်ထက် အသီးအတိုင်း စားတာပိုကောင်းပါတယ်။
"သင်္ဘောသီး နှင့် ကျောက်ကပ်ရောဂါ"
သင်္ဘောသီးမှာ ပိုတက်ဆီယမ် များတဲ့အတွက် ကျောက်ကပ်ဆေးရခါနီး အဆင့်လူနာတွေ ခဏရှောင်သင့်ပါတယ်။ ကျောက်ကပ်အားနည်းတဲ့ အဆင့် ၂/၃ မှာဆိုရင် သို့ ကျောက်ကပ်ဆေးနေပြီ ဆိုရင် စားလို့ရပါတယ်။
တစ်ခါစားပမာဏ - ပထမဆုံး comment ပုံတွင်ပြထားတာရဲ့ တစ်ဝက်ခန့် (၁ ပတ်ကို ၂ကြိမ်) စားလို့ရပါတယ်။
"သင်္ဘောသီး နဲ့ သွေးတိုး"
သင်္ဘောသီးဟာ အမျှင်ဓာတ်များလို့ သွေးတိုးကိုကျစေပြီး ဝမ်းမှန်စေပါတယ်။
တစ်နေ့ကို တစ်ခါစားပမာဏ အတိုင်း တစ်ပတ် ၃ ကြိမ်စားလို့ရပါတယ်။
"သင်္ဘောသီး နှင့် ကင်ဆာ"
သင်္ဘောသီးမှာ Lycopene လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်ပါတာကြောင့် ဆဲလ်ပျက်စီးမှုနဲ့ ဓာတ်တိုးမှုကို သိသိသာသာလျှော့ချပေးပြီး ကင်ဆာဆဲလ်တွေလည်း သေစေပါတယ် (ရင်သားကင်ဆာဆဲလ် တွေကို သေစေနိုင်တာကို သုတေသနမှာ တွေ့ရှိရပါတယ်)။ ဒါ့အပြင် သင်္ဘောစေ့ဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေ လျော့ပါးစေနိုင်တာကို လည်း တွေ့ရပါတယ်။ (ဒါပေမယ့် တန်ဆေးလွန်ဘေး ဖြစ်တဲ့ အတွက် အလွန်အမင်း ကျိတ်သောက်တာ သူချည်း ဖိစားတာတွေ မလုပ်ပဲ တစ်ခါစားစာ ပမာဏကိုပဲ နေ့တိုင်း စားပေးသင့်ပါတယ်)
အာဟာရမျှတအောင် သစ်သီးစုံစားပေးဖို့လည်း မမေ့ပါနဲ့နော်။
အစာလည်းဆေး ဆေးလည်းအစာဖြစ်လို့ အားလုံးကျန်းမာနိုင်ကြပါစေ။
မေတ္တာဖြင့်
Dr. ဆုမြတ်သဇင်
အာဟာရအထူးပြု ဆရာဝန်
#ပြန်လည်မျှဝေသည်။
#မူရင်းရေးသားသူအား_လေးစားစွာဖြင့်Creditပေးပါသည်။
#မနီလာထွန်း

" Heart Attack " ဖြစ်ခြင်းကို စက္ကန့်ပိုင်းအတွင်းကာကွယ်ဖို."""""""""""""""""""""""""""""""""""""""""""""""""""""""""""""ရ...
08/06/2022

" Heart Attack " ဖြစ်ခြင်းကို စက္ကန့်ပိုင်းအတွင်းကာကွယ်ဖို.
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""
ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့
သေစေနိုင်သော အခြေအနေကနေ
ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ပါ။
💔 နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ
အထူးသတိထားဖတ်မှတ်ထားဖို့လိုပါတယ်....
(၁။) အခုအချိန်က သင် အလုပ်မှာ အရမ်းပင်ပန်းလာပြီး အိမ်ကို တယောက်တည်း ပြန်လာတဲ့ ညဘက် ခုနစ်နာရီခွဲလောက်လို့ ဆိုကြပါစို့။
(၂။) သင်ဟာ တကယ်ပဲ မောပန်းနွမ်းလျ နေမှာပေါ့။
(၃။) ရုတ်တရက် သင့်ရဲ့ ဘယ်ဘက်ရင်အုံမှာ စူးပြီးနာလာမယ်။ အဲ့လို နာနေတာကနေ သင့်ရဲ့ လက်မောင်း နဲ့ မေးရိုးတွေပါ နာသလို အောင့်သလို ဖြစ်လာမယ်။ အခြေအနေက ရုတ်တရက် ပိုဆိုးလာမယ်။ သင့်အိမ်နဲ့ အနီးဆုံး ဆေးရုံကလည်း သုံးမိုင်လောက် ဝေးနေတယ်။
(၄။) ကံမကောင်းစွာပဲ သင် ဆေးရုံကို ရောက်အောင် သွားနိုင်မလားဆိုတာ မသေချာဘူး ဖြစ်နေတယ်။
(၅။) သင်ဟာ အရေးပေါ်အသက်ကယ်ကုသနည်း (CPR) ကို သင်ဖူးပေမယ့် သင့်ကိုယ်သင် ဘယ်လိုပြန်ကယ်မလဲ။
(၆။) တယောက်တည်းရှိနေချိန် ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်း (Heart attack) ဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲ။ နှလုံးခုန်နှုန်းကလည်း ပုံမမှန် လူကလည်း သတိလစ်ဖို့ တစ်ဆယ်စက္ကန့်လောက်ပဲ လိုတော့တယ် ဆိုကြပါစို့။
(၇။) အဲ့လို ခံစားနေရရင် ပြင်းပြင်းထန်ထန် ထပ်ကာထပ်ကာ ချောင်းဆိုးခြင်းဖြင့် သင့်ကိုယ်သင် ကယ်တင်နိုင်ပါတယ်။ ချောင်းတခါ မဆိုးခင်တိုင်း အသက်ဝဝရှူပါ။ ချောင်းဆိုးရင်လည်း သလိပ်ထွက်အောင် ဆိုးနေရသလို ကြာကြာဆိုးပါ။ နှစ်စက္ကန့် တကြိမ်စီ အသက်ဝဝရှူလိုက် ချောင်းဆိုးလိုက် လုပ်နေပါ။ နှလုံးခုန်တာ ပုံမှန်ပြန်ဖြစ်တဲ့အထိ ၊သို့မဟုတ် ကူညီမယ့်လူရောက်တဲ့အထိ ဆက်လက်လုပ်ဆောင်ပါ။
(၈။) အသက်ဝဝရှူတာက အဆုတ်ကို အောက်ဆီဂျင်များများရစေပါတယ်။ ချောင်းဆိုးတာက နှလုံးကို ညှစ်ပေးပြီး သွေးလည်ပတ်မှုကို ဆက်ထိန်းပေးရုံသာမက နှလုံးခုန်နှုန်းပြန်မှန်အောင် လုပ်ပေးပါတယ်။ ဒီနည်းနဲ့ Heart attack ရနေသူတွေ ရုတ်တရက် မသေဆုံးပဲ ဆေးရုံကိုရောက်အောင် ကူညီနိုင်ပါတယ်။
(၉။) သင် တတ်နိုင်သလောက် လူများများကို ပြောပြပေးပါ။ သူတို့အသက်ကို ကယ်တင်ရာရောက်ပါတယ်။
Credit မှတ်စုကြမ်း ၁၈

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ ************************မနက်၃နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာ တွေ့ရတယ်၃နာရီ မှ ၈နာရီ ကြားမှာ ရေေ...
01/06/2022

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ
************************
မနက်၃နာရီဝန်းကျင်မှာ
ကွယ်လွန်ကြတာ တွေ့ရတယ်
၃နာရီ မှ ၈နာရီ ကြားမှာ
ရေသောက် အနဲဆုံးဖြစ်ပြီး
သွေးအပြစ်ဆုံးအချိန်မို့
နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ
အိပ်ရေးပျက်မှာစိုးလို့
ညဖက်ရေ
မသောက်တဲ့ အကျိုးဆက်ပါ
နှလုံးဆရာဝန်ကြီးတွေပြောပါတယ်
၊နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ်
သွေးမပျစ်အောင်
ရေကိုသတိရတိုင်း သောက်ပေးကြပါ
ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။
ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။
ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်
လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။
မမှန်ဘူးခင်ဗျား ။
နှလုံးနာတဲ့ ဝေဒနာ အဲ (Heart Attack) နှင့် ရေဆိုတာ
ဒွန်တွဲနေပါတယ်။
လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့်
ဆီးပိုသွားတတ်သလဲ
နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။
ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့
ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။
ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ
အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့်
တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ
ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီးဝင်ဖို့
ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။
ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။
ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ်
ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ။
#ရေပိုသောက်ပေးသင့်တဲ့အချိန်
မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာ
အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။
နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။
ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့်
နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။
အဲ ပြောရအုံးမယ်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါ
ရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။
ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ Leg Cramp
မှလည်း ကင်းဝေးစေပါတယ်။
ဘာကြောင့်လဲ။
ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ
ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်
သိချင်လျှင် (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of
American College of Cardiolo

...........လိင်တံထိပ်အရေပြား ရှည်လွန်းခြင်းဟာ အမျိုးသားကျန်းမာရေးအရ ကြည့်မယ်ဆိုရင် ဆိုးကျိုးများစွာ ဖြစ်စေနိုင်တာကြောင့်...
25/05/2022

...........
လိင်တံထိပ်အရေပြား ရှည်လွန်းခြင်းဟာ အမျိုးသားကျန်းမာရေးအရ ကြည့်မယ်ဆိုရင် ဆိုးကျိုးများစွာ ဖြစ်စေနိုင်တာကြောင့် စောစီးစွာ အရေပြားဖြတ်ထားတာတော့ အကောင်းဆုံးဖြစ်မှာပါ။
ထိပ်အရေပြားရှည်လွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေအနေနဲ့
လိင်အင်္ဂါထိပ်ဖူးပတ်လည်တွင် အဖြူရောင်အဖတ်များ အလွန်များပြီး ဘက်တီးရီးယားပိုးမွှား အများအပြားပေါက်ဖွားနေခြင်း
လိင်အင်္ဂါမှ အောက်သိုးသိုးအနံ့ဆိုးများ ထွက်နေခြင်း
လိင်တံထိပ်ဖူးနဲ့ လိင်တံထိပ်အရေပြား ရောင်ရမ်းခြင်း
လိင်အင်္ဂါအတွင်း၊ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း
လိင်အင်္ဂါပွန်းပဲ့ရန် လွယ်ကူခြင်း
အကာအကွယ်မဲ့ လိင်ဆက်ဆံသည့်အခါ လိင်အင်္ဂါထိပ်မှ ရောဂါပိုးများ ဆက်ဆံဖော်ရဲ့ အင်္ဂါထဲသို့ ဝင်သွားနိုင်ခြင်း
လိင်တံကင်ဆာ ဖြစ်နိုင်ခြေပိုများလာခြင်း စတာတွေ ပါဝင်ပါတယ်။
လိင်တံထောင်မတ်နေချိန်မှာ နောက်လှန်ဆွဲကြည့်ရန် လွယ်ကူခြင်း၊ ပျော့နေချိန်မှာ ထိပ်ဖူးကို အလွယ်တကူမြင်ရခြင်း မရွိတဲ့အခါ၊ ထိပ်အရေပြားဟာ ထိပ်ဖူးကို တော်တော်ကျော်လွန်ပြီး ရှည်ထွက်၍ ငုံနေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ခွဲစိတ်အထူးကုဆရာဝန်နဲ့ သေချာပြသပြီး ထိပ်အရေပြားဖြတ်ဖို့ စီစဉ်သင့်ပါတယ်။

18/05/2022

တစ်ဗူး ၆၅၀၀၀ နဲ့

တစ်ဗူးဝယ်တစ်ဗူးလက်ဆောင်နဲ့ 
ဘာကွာလဲ Video လေးကိုသေချာကြည့်ပေးပါ။

17/05/2022

အစစ်/ အတု

17/05/2022

ဆက်သွယ်မှာယူရန် ….☎☎ 09 750 207 631
ဘိုင်အိုမန့်နစ် တစ်ဗူးဝယ်လျှင် လက်ဆောင်(၁) မျိုးပေးမဲ့ အထူး ပရိုမိုးရှင်း
အစီစဉ်
အထူးဈေး - 70000 ks
ဘိုင်အိုမန့်နစ် 2022 ခုနှစ် နောက်ဆုံးထုတ် စာတန်းပါ
.
. ☎☎ 09 750 207 631 (Viber and Call)
QR Code ကို Scan ဖတ်ပီး ထွက်ပေါ်လာမဲ့ Website မှာ
စစ်လို့ ရပါတယ်!!
ဒါ့ကြောင့် အစစ်ဖြစ်ကြောင်းကို အာမခံပါတယ်
ပစ္စည်းမှန်ကန်မှု့ကိုအဓိကထားပြီး ရောင်းချပေးတာ ကြောင့် မြန်မြန်ဝယ်ယူထားကြပါလို့
စေတနာအရင်းခံကာရောင်းချနေသောကြောင့် လုံးဝအမှန်အကန်ဆိုတာ ယုံကြည်စိတ်ချရစွာဝယ်ယူနိုင်ပါတယ်ခင်ဗျ
ဆီးချို/ သွေးတိုး ကြောင့် ပန်းသေ/ပန်းညိုး ဖြစ်နေတဲ့ သူတွေ
သုတ်လွှတ် မြန်နေတဲ့ သူတွေ မွေးရာပါ သေးပီးတိုနေတဲ့သူတွေ
ဆေးလိပ်နှင့် အရက်ကို အလွန် အကျွံ သောက်လို့ အတူနေချိန် ငယ်ပါ ညိုးသွားတဲ့သူတွေ
စိတ်ကပါ ပေမဲ့ ငယ်ပါက ထောင် မလာဘူးဆိုတဲ့ သူတွေ အတွက်
ရက်ပိုင်းအတွင်း သိသိသာသာဖြစ်လာစေမယ့် (ဘိုင်အိုမန့်နစ်)အာမခံ
100% အထူးကောင်းမွန်ပါသည်
လနဲ့ချီ စောင့်စရာမလိုပဲ ရက်ပိုင်အတွင်း
အာနိသင်ပြကာ အကောင်းဆုံး စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်
နောက်ဆုံးပေါ် နည်းပညာဖြစ်တဲ့အတွက် သောက်သုံးစဉ်
ခေါင်းကိုက်ခြင်း ရင်တုန်ခြင်းမဖြစ်ပဲ
ဦးနောက်နဲ့ အာရုံကျောကို လန်းဆန်းလာစေမှာဖြစ်ပါတယ်
အချိန် တိုတွင်းမှာ
မိတ်ဆွေ ရဲ့ အိမ်ထောင်ရေးသုခ ပြည့်ဝ လာမှာ ဖြစ်ပါတယ်
အထူးအာမခံနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်
မသောက်တဲ့ အချိန်မှာပြန်သေးမသွားပဲ
ထာဝရကြီး ရှည် ဖြစ်ကြောင်းအာမခံပါတယ်
အိမ်ထောင်မှု့ ဘဝ ပြည့်စုံ စိတ်တိုင်းကျစေပြီး
မိမိကိုကိုယ် ယုံကြည့်မှု့ အပြည့်နဲ့
လျောက်လှမ်းနိင်မှာ ဖြစ်ပါတယ်.
ပုံမှန်နေချိန်ထက် နာရီဝက်ကျော် သုတ်ထိန်းပေးခြင်း
2022 Update နောက်ဆုံးထုတ် ဘိုင်အိုမန့်နစ် မှာ
(1) ဗူးတောင့်တိုင်းမှာ (ဘိုင်အိုမန့်နစ် Herbal ) စာတန်းပါရမယ်
(2) ဗူးရဲ့ထိပ်မှာ #1 စတေကာမဟုတ်ပဲ ဘိုင်အိုမန့်နစ် တံဆပ်ပါရမယ်
(3) အတွင်းဗူး ရဲ့ ထိပ်က Original စာတန်းပါ ခဲပိတ်ပါရမယ်
(4) ဗူး ရဲ့ အောက်ခြေမှာ Expire Date နဲ့ QR Code ပါရမယ်
(5) QR Code ကို Scan ဖတ်ပီး Website မှာ မှန်ကန်ကြောင်း စစ်လို့ ရပါမယ်
ဒီ အချက် ၅ ချက်နဲ့ ကိုက်ညီလျင် ဘိုင်အိုမန့်နစ် အစစ်ကို ရရှိမှာ ဖြစ်ပါ တယ်
တစ်ကယ်လို့ ပစ္စည်းမှာယူတော့မယ်ဆို ရင် လာပို့တဲ့ အချိန်မှာ ပစ္စည်းကို တစ်ခါထဲ ဖောက်ပီးစစ်ပါ !! တစ်ခုခု လွဲချော် ခဲ့လျင် ယူမသွားပဲ လာပို့တဲ့သူနဲ့ ပြန်ထည့်ပေးလိုက်ပါ မိတ်ဆွေ .
#ဘိုင်အိုမန့်နစ်စာတန်းပါ__တစ်ဗူးလျင်
(၁) ဘိုင်အိုမန့်နစ် Spray သုတ်ထိန်း(1)ဗူး
လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်
#ပရိုမိုးရှင်းကာလ အတွင်း ဝယ်ယူမှသာ လက်ဆောင်ရမှာပါ
ဈေးနှုန်း = တစ်ဗူး( 70000 ကျပ်)
ကဲ --- မိတ်ဆွေ စဉ်းစားမနေတော့ပဲ အခုပဲ ဖုန်းဆက်ပီး မှာယူလိုက်ပါ🏃🏃
ဆက်သွယ်မှာယူလိုပါက
☎☎ 09 750 207 631
(၁၄)ရက်အသုံးပြုလို့မှ ထူးခြားတဲ့အာနိသင် မရရှိဘူးဆိုရင် ပစ္စည်းဗူးပြန်သိမ်းပြီး ငွေအပြည့်ပြန်အမ်ပေးပါတယ် ၁၀၀ % အာမခံပါတယ်။
ဈေးနှုန်း = တစ်ဘူး( 70000 ကျပ်).
ဆက်သွယ်မှာယူရန် ….☎☎ 09 750 207 631..
Page Chat Box မှ လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။

သုက်ရည်ကို မျိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား=====================================HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆ...
17/05/2022

သုက်ရည်ကို မျိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား
=====================================

HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အကာအကွယ် ( ကွန်ဒုံး) အသုံးမပြုပဲ လိင်ဆက်ဆံရင် HIV ပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။

လူသိအများဆုံးသော လိင်ဆက်ဆံခြင်းနည်းလမ်းများ.
၁။ ပါးစပ်၊ လျှာဖြင့် လိင်တံ၊ မိန်းမကိုယ်ကို နှိုးဆွခြင်း၊ စုပ်ယူခြင်း (Oral S*x).
၂။ လိင်တံဖြင့် မိန်းမကိုယ်ထဲသို့ ထိုးသွင်းဆက်ဆံခြင်း (Vaginal S*x).
၃။ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း (A**l S*x) ဆိုပြီး ၃မျိုး ရှိပါတယ်။.
ဘယ်လိုလိင်ဆက်ဆံခြင်းက HIV ပိုး ကူးစက်နှုန်း အမြင့်ဆုံးလဲ။
ကွန်ဒုံးအသုံးမပြုပဲ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းဟာ ကူးစက်နိုင်ခြေအမြင့်ဆုံး ဖြစ်ပြီး ဒုတိယနေရာမှာတော့ ကြန္ဒုံးမပါပဲ မိန်းမကိုယ်တွင်း ထိုးသွင်းဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတာကိုတော့ ကူးစက်နိုင်ခြေ အနည်းဆုံးလို့တော့ သုတေသီက လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမယ့်လည်း လုံးဝမကူးစက်နိုင်တာ မဟုတ်တဲ့အတွက် အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံး ကို အသုံးပြုဖို့ အရေးကြီးပါတယ်။
သုက်ရည်မျိုချမိတဲ့အခါ HIV ပိုး ကူးစက်နိုင်ခြေရှိလား။
ဖြစ်နိုင်ခြေ နည်းပေမယ့် လုံးဝမကူးစက်နိုင်တာမျိုး မဟုတ်ပါဘူး။ ရောဂါပိုးရှိသူရဲ့ သွေး၊ သုက်ရည်၊ ရာသီသွေး၊ မိခင်နို့ရည်ဟာ ကိုယ်ခန္ဓာထဲရှိ သွေးလမ်းကြောင်းထဲ ဝင်ရောက်ခြင်းဖြင့် HIV ပိုး ကူးစက္တာ ဖြစ်ပါတယ်။ ကူးစက်နိုင်ခြေနည်းတဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှာလည်း သုက်ရည်ကို မျိုချမိရင် ကူးစက်နိုင်ခြေ ပိုမြင့်နိုင်ပါတယ်။.
တခြားဘယ်လိုအခြေအနေတွေမှာ ကူးစက်နိုင်ခြေ ပိုများနိုင်လဲ။
ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ သုက်ရည်မျိုချမိတာအပြင်.
၁။ ပါးစပ်အတွင်း အနာပေါက်နေတာ.
၂။ သြားခြဲစိတ္ထားတာ၊ အနာမကျက်သေးတာ.
၃။ ခံတွင်းနဲ့ လျှာမှာ ပွန်းပဲ့ဒဏ်ရာ ရှိနေတာ.
၎။ ရောဂါပိုးရှိတဲ့ အမျိုးသမီးရဲ့ ရာသီသွေး၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်ကို မျို
ချမိတာတွေကြောင့် ကူးစက်နိုင်ခြေ ပိုများနိုင်ပါတယ်။
လိင်ဆက်ဆံဖော်ဟာ တစ်ဦးတစ်ယောက်ထက် များနေမယ်ဆိုရင်လည်း HIV ပိုး ကူးစက်နိုင်ခြေမြင့်လာနိုင်ပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့ နေရာမှာ ဘာတွေသတိထားဖို့ လိုမလဲ။.
၁။ ကိုယ့်ပါးစပ်ထဲမှာ အနာပေါက်နေတာ၊ သြားခြဲထားတာ၊ ဒဏ်ရာရှိရင် လုံးဝမပြုလုပ်သင့်ပါဘူး။.
၂။ လိင်တံမှာ ပွန်းပဲ့ဒဏ်ရာ၊ မှိုအရေပြားရောဂါအပြင် လိင်အင်္ဂါကြွက်နို့ ရွိမရွိ မဆက်ဆံခင်မှာ စစ်ဆေးပါ။.
၃။ လိင်ဆက်ဆံတဲ့အခါ ကြမ်းတမ်းစွာ ဆက်ဆံတာ၊ လိင်အင်္ဂါ သို့မဟုတ် မိန်းမကိုယ် သွားနဲ့ မခြစ်မိစေဖို့ သတိထားပါ။.
၎။ ပါးစပ်ဖြင့် လိင်ဆက်ဆံမှု မပြုလုပ်ခင်မှာ သြားတိုက္တာ၊ သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေးလုပ်တာ၊ အမာစာ စားတာမျိုး မလုပ်သင့်ပါဘူး။.
၅။ အကောင်းဆုံးကတော့ ဘယ်လို လိင်ဆက်ဆံမှုမျိုး ပြုလုပ်ပါစေ ကွန်ဒုံးကို အမြဲအသုံးပြုပါ။.
Ye Myo Myat မွ ရေးသားသည်။

သုက်ကောင်ရေနည်းနေရင် ကလေးရပါ့မလား?====================================သုက်ကောင်ရေ နည်းတယ်ဆိုတာက သုက်ရည် ၁မီလီလီတာမြာ သုက...
11/05/2022

သုက်ကောင်ရေနည်းနေရင် ကလေးရပါ့မလား?
====================================

သုက်ကောင်ရေ နည်းတယ်ဆိုတာက သုက်ရည် ၁မီလီလီတာမြာ သုက်ကောင် ၁၅မီလီယမ်အောက် နည်းနေတာမျိုးပါ။ စုံတွဲ ၃တွဲမှာ ၁တွဲက ကေလးရဖို့ ခက်နေတာ သုက်ကောင်ရေ ပြဿနာကြောင့်ပါ။
သုက်ကောင်ရေ နည်းရတာက
-အမျိုးသားဟော်မုန်းမမျှတတာ
-ဝှေးစေ့က ကပ္ပာယ်အိတ်ထဲမှာ မရှိဘဲ ဝမ်းဗိုက်ထဲရောက်နေတာ
-သုက်ပို့ပြွန် ပျက်စီးနေတာ
-လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိနေတာ
-ဆီးကျိတ်ရောင်တာ
-ဝှေးစေ့သွေးကြောထုံးတာ
-လိင်အင်္ဂါကို ခွဲစိတ်မှု လုပ္ဖူးတာ
-ဝှေးစေ့ ပူလွန်းတာ
-အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတွေ သုံးတာ
-အလွန်ကျွန်သုံးတာ
အများစုကေတာ့ အကြောင်းရင်း ရှာမရဘဲ နည်းနေတတ်ပါတယ်။
သုက်ကောင်ရေနည်းတာနဲ့ ကလေးမရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပုံမှန်ထက်တော့ ခက်ခဲနိုင်ပါတယ်။
ရောဂါအခံရှိလို့ ကုသလိုက်ရင်တော့ ပိုပြီးတော့ ကလေးရနိုင်ခြေ များပါတယ်။

Address

NO,99 Yaw Min Gyi Road

11191

Alerts

Be the first to know and let us send you an email when Ko Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ko Zaw:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram