Shwe Ooh Gyi Pharmacy & Family Dental Clinic

Shwe Ooh Gyi Pharmacy & Family Dental Clinic စောစောသိ မြန်မြန်ကု သွားကျန်းမာစေဖ?

https://www.facebook.com/share/p/MkVFoEHFE6ZnjUJh/?mibextid=oFDknk
09/03/2024

https://www.facebook.com/share/p/MkVFoEHFE6ZnjUJh/?mibextid=oFDknk

Root Canal Treatment သည် သွား၏ အမြစ်အတွင်း ထိ ကုသပေးသော လုပ်ငန်းစဉ် ဖြစ်ပါသည်။

အဖိုးတန်သော သွားများကို မဆုံးရှုံးစေဘဲ ပုံမှန် အတိုင်း အသုံးပြု ၍ ရစေရန်၊ မနာကျင်စေရန် ပြုလုပ်ပေးသော ကုသမှု တခု ဖြစ်ပါသည်။

Dr. Family ၏ ဆေးခန်း ခွဲ တခု ဖြစ်သော
ကျော်အထူးကု ဆေးခန်း၏ အပေါ်ထပ်၊ အောက်ဂိတ်၊ ၁၆ ရပ်ကွက်၊ ရွှေပြည်သာ မြို့နယ်တွင် သက်ြန် အကြို အနေဖြင့် ၅၀% လျှော့ဈေး ဖြင့် သွားကျန်းမာရေး ကုသမှု များပေးလျက် ရှိနေပါသည်။

09793117914 နှင့် 09780956070 တို့သို့ ကြိုတင် ရက်ချိန်းယူနိုင်ပြီ ဖြစ်ပါသည်။

ဆရာနှင့် ရင်းရင်းနှီးနှီး တိုင်ပင်ပြီး မိမိတွင်လိုအပ်နေသော ကုသမှု ကိုသာမက ငွေပေးချေမှု ပုံစံ များကိုပါ တိုင်ပင် ဆွေးနွေးနိုင်ပြီ ဖြစ်ပါသည်။

ဆေးခန်း လိပ်စာ မြေပုံ (Google map)
https://goo.gl/maps/VuN6ow9mXAMfpZzA9


#လျော့ဈေး #သွားဆေးခန်း
#ရွှေပြည်သာ

  to original uploader
04/06/2023

to original uploader

 #စပါးလင်ခြင်ပြေးတိုင်လေးလာပါပီခဗျာသွေးလွန်တုပ်ကွေးတွေ ရန်ကုန်က ဆေးရုံတွေ အထူးကုတွေမှာ စနေပီကျွန်တော်တို့ ဒါလေးကို မပြတ်...
21/06/2022

#စပါးလင်ခြင်ပြေးတိုင်လေးလာပါပီခဗျာ

သွေးလွန်တုပ်ကွေးတွေ ရန်ကုန်က ဆေးရုံတွေ အထူးကုတွေမှာ စနေပီ

ကျွန်တော်တို့ ဒါလေးကို မပြတ်တန်းထွန်းရင်ခြင်တကယ်ကို မလာပါဘူးနော်

အဲ့လောက်ကောင်းမယ် မထင်ထားဘူးဆိုပြီး နဲနဲလေးမှာရင် နောင်တရမိတဲ့ထဲ ထိပ်ဆုံးက ပါတဲ့ ပစ္စည်းမျိုး

၁ထုပ်ထဲဆို မမှာနဲ့နော် စေတနာနဲ့ ပြောတာ တကယ်…

ဘာလို့ဆို အမတို့ နောက်တခါ ထပ်ကို လာဝယ်မှာသေချာလို့ deli ခ ကုန်မှာ စိုးလို့ပါ

အိမ်ရှေ့မှာ 3တိုင် ခွက်လေးထဲ ထည့်ထွန်းထားတာ ခြင် လုံးဝ မလာတော့တာတော့...

မဟုတ်ရင် တဝီဝီနဲ့ အဲ့အသံကို ကြားလို့ကို မရတာ အရမ်းမုန်းသောအသံမို့

အနံ့လေးကလဲ စပါးလင်နံ့သင်းသင်းလေးမို့ ထိုင်းက spaတွေထဲ ရောက်သွားသလိုကို ခံစားရတာ...

နယ်စပ်မှာ ဒါပဲထွန်းကြပီး တအားနာမည်ကြီးတာတဲ့
ပြီးတော့ ထိုင်းမှာ တရားဝင်ရောင်းခွင့်ရှိသော ခြင်ဆေးထဲ best sellerပါနော်

1ထုပ် … အတိုင် 100 …

ကျွန်တော်တို့ရွှေအိုးကြီးဆေးခန်းမှာဆေးခန်းဖွင့်ပွဲအနေဖြင့်အောက်ပါဝန်ဆောင်မှုတွေကို၁လတိတိပေးနေပါပြီနော်အမှတ်၁၇၂၄ က၊ အောင်...
08/03/2022

ကျွန်တော်တို့ရွှေအိုးကြီးဆေးခန်းမှာဆေးခန်းဖွင့်ပွဲအနေဖြင့်အောက်ပါဝန်ဆောင်မှုတွေကို၁လတိတိပေးနေပါပြီနော်
အမှတ်၁၇၂၄ က၊ အောင်ခေမာလမ်း၊ထ/၁၆ရပ်ကွက်၊ရွှေပြည်သာမြို့နယ်

Credit: Steven's thoughtsအစာ လဲ ဘေး၊ ဘေးလဲ အစာ။  ကျွန်တော့ကား ဝပ်ရှော့ ဆရာ ကြီး ပြော သော စကားတခွန်း ရှိ သည်။ ကားအင်ဂျင်မ...
22/02/2022

Credit: Steven's thoughts
အစာ လဲ ဘေး၊ ဘေးလဲ အစာ။

ကျွန်တော့ကား ဝပ်ရှော့ ဆရာ ကြီး ပြော သော စကားတခွန်း ရှိ သည်။ ကားအင်ဂျင်မှာ ဖြစ် တဲ့ ပြဿနာ အား လုံး ဟာ ထဲ့ တဲ့ ဓါတ်ဆီ မ ကောင်း လို့ ပဲ တဲ့။

Hippocrates က တော့ ‘ All diseases began in the gut ‘ ဟု ဆို ခဲ့ သည်။

ပညာရှိ များ ခေါင်း ချင်း တိုက် မိသည့်သဘော ပါပဲ။ Hippocrates က ပြဿနာ အားလုံး ၏ အရင်း အမြစ် သည် ‘အာဂ လူ ‘ အူ ကလာ တာ ဟု ဆို လို ရင်း ဖြစ် သည်။

၁၉ ရာစု အ မေရိကန် စာရေးဆရာ John Billing က ‘ a good reliable set of bowel is worth more to a man than any quantity of brain ‘ ဟု ဆို ပါသည်။ လူ တ ယောက် အတွက် ယုံကြည် စိတ်ချ စွာ အလုပ်လုပ် သော အူ လမ်း ကြောင်း သည် သူ ၏ ဦး နှောက် ထက် တန်ဖိုး ရှိ သည် ဟု အဓိပ္ပါယ် ရသည်။

ခွဲစိတ်ဆရာ ဝန်ကြီး Nicolas Senn က တော့ ရိုးရိုး လေး ပဲ။ ‘ He who farts-lives ‘ ဟူ ၏။

ယခု ခေတ် တွေ့ရှိချက် များ အရ ရောဂါအားလုံး အစာ လမ်း ကြောင်း မှ အရင်း တည် သည် ဆို သော အယူ အဆ သည် ရာနှုန်း ပြည့် မမှန် တော့ ပေ။ သို့ ရာတွင် အစာလမ်း ကြောင်း တွင် ဖြစ် ပေါ် သော ရော ဂါ အများစု က တော့ စား သည့် အစား အသောက် ပေါ်တွင် မူ တည် နေ ကြောင်း တွေ့ရ ပေသည်။

အတိတ် ကို ပြန်ကြည့် ကြဦး စို့။ ရှေး နှစ် ပေါင်း များစွာ က Scandinavian ကျွန်းဆွယ် တွင် နေ ထိုင်သူ များသည် သူတို့ ၏ ပင်တိုင် အစားအစာ ဖြစ် သော ငါး ကို အထား ခံ အောင် မီးခိုးကျပ် တိုက် ပြီး တနှစ်ပတ်လုံး စားသုံး ကြသည်။ ငါး ကျပ် တင် ကို ကာ လရှည် ကြာ စားသုံး ကြ သောသူတို့ သည် အစာ အိမ် ကင်ဆာ ရောဂါ ဖြစ် လာသည် ကို တွေ့ ကြရသည်။ ဒုတိယ အစာ အိမ် ကင်ဆာ အဖြစ် များ သော နိုင် ငံ များ က တော့ အရှေ့ အာရှ နိုင် ငံ များ ပင်။

အစာအိမ် ကင်ဆာ အဖြစ်များ သော အာရှ နိုင် ငံ များ ၏ အဓိက အစားအစာ များ မှာ ဆားနယ် ထား သော ငါးပိ ငါး ခြောက် များ၊ အချဉ် တည် ထား သော ဂေါ်ဖီ မုန်လာ အသီးအရွက်များ၊ သရက် မရမ်း သံပုရာသီး သနပ် များ ဖြစ် နေ ကြသည်။ အရှေ့ တိုင်း သား တို့ အကြိုက် အစားအ စာ များ ကလဲ အချဉ် ၊ အငန် ၊ အစပ် လွန် ကဲ သော အစား အစာ များ ဖြစ် နေ ပြန် ၏။ သူ တို့ စား သော စား စရာ နောက် တမျိုး က တော့ အသား ငါး နှင့် အသီး အရွက် ကင် များ ကို အချဉ် ရည် ဖြင့် တို့ စား သော စား ဖွယ် ရာ ဖြစ် သည်။ အကင် ဆိုတာ ကို hydro carbon ဟု ခေါ် သည်။ တနည်း ပြောရ ရင် မီး သွေး ပါ ပဲ။

အနောက်တိုင်း နိုင် ငံသား များ သည် ငါး ကျပ် တင် များ ရှောင်ရှား လာ နိုင် ပြီး အစာအိမ် ကင် ဆာ ဖြစ် နှုံး ကျ ဆင်း လာသည်။ သို သော် သူ တို့ မှာ အူ မ ကြီး ကင်ဆာ အဖြစ် များ နေ ပြန်သည်။ အ ကြောင်း က တော့ သူ တို့ သည် အသား ကို အား ပြု စား ကြ ပြီး အသီး အရွက် စား သုံး မှု နဲ ကြောင်း တွေ့ ရသည်။ သူတို့ သည် အ​ရှေ့ တိုင်း သား များ နှင့် စာ လျှင် ဝမ်း ပို ချုပ် ကြ သည်။ ၃-၄ ရက် တကြိမ် ဝမ်းသွား သူ များ ၊ တပတ် တကြိမ် ဝမ်း သွား သူ များ အထိ ရှိ ကြ သည်။ ဝမ်း ချုပ် ခြင်း သည် အူ မကြီး ကင်ဆာ ၏ အကြောင်း ရင်း ခံ တခု ပင် ဖြစ် ပါ
သည်။

ဇာတ် လမ်း က မပြီး သေး။ ရှေ့ ဆက် ပြန်သည်။

ကမ္ဘာရွာ ကြီး ဖြစ် လာ သော အခါ အ ရှေ့ နှင့် အနောက် အစား အစာ တွေ ရော သွား ကြ သည်။

အ နောက် နိုင်ငံသား တွေ က Sushi ပို စားလာ ကြသည်။ ဝမ်းချုပ် ခြင်း ၏ ဆိုး ကျိုး ကို ပို နား လည် လာ ကြ ပြီး ဟင်း သီး ဟင်း ရွက် အသီး အနှံ ကို ဦးစား ပေး စား လာ ကြသည်။ ဝမ်းချုပ် ခြင်း ပြဿနာ ကို ဖြေရှင်း လာ ကြရုံ မက အူမ ကြီး ကင်ဆာ ကို ပါ ပုံမှန် စစ် ဆေး စောင့် ကြည့် သော screening program များ လုပ် လာ ကြသည်။ ဤ သို့ ဖြင့် အူမကြီး ကင်ဆာ ဖြစ် ပွါး နှုန်း သည် လျော့ကျ လာ ခဲ့ လေ သည်။

အရှေ့ တိုင်း သားတွေ က လဲ အ နောက် တိုင်း အစားအစာ များ ဖြစ် သည့် ဘိစတိတ်၊ ပီဇာ ၊ ဟမ်ဘာဂါ စ သ ဖြင့် အမျိုး မျိုး စား လာ ကြ သည်။ ထို အခါ အရှေ့ တိုင်း မှာ၊ အူ မကြီး ကင်ဆာ တွေ ဖြစ် နှုန်း တက် လာ ပါ ရော တဲ့။

အရှေ့ တိုင်း က မြန်မာ နိုင် ငံ မှာ ဘယ် လို ရှိ ပါ သလဲ။ မြန်မာ နိုင်ငံမှာ ရှေး ယခင် က အစာ အိမ်ကင်ဆာ ဖြစ် ပွါး မှု များ ပြီး အူမကြီး ကင်ဆာ ဖြစ် ပွါး မှု က နည်း ပါး ခဲ့သည်။ ယခု နောက်ပိုင်း တွင် အစာအိမ် ကင် ဆာ ဖြစ်ပွါးမှု က လျော့ကျ မသွား ပဲ အူမ ကြီး ကင်ဆာ ဖြစ် ပွါး မှု က ပါ ရင်ဘောင် တန်း လိုက် လာ သည်။ သို့ ဖြင့် မြန်မာ နိုင်ငံ သည် အခြား နေရာ မှာ နောက်ကျ နေ ချင် နေမည်။ ကင်ဆာ ဖြစ် ပွါး မှု မှာ တော့ အထူး တိုး တက် သော နိုင် ငံ အဖြစ် ကမ္ဘာမှာ ရပ်တည် နိုင် ခဲ့ ပြီ ဖြစ် သည်။

မြန်မာ လူ မျိုး တို့ စားသည့် အစာ ကို ကြည့် ပါဦး။ ချဉ် ပေ့ ၊ စပ် ပေ့ ၊ ငန် ပေ့ ဆို တာာချည်းပါ ပဲ။

ဒါဆို ကျွန် တော် ကျွန်မ တို့ ဘာ တွေ ရှောင် ရမလဲ။ ခု စား နေ တဲ့ ထမင်း ဝိုင်း ကို ကြည့် လိုက် လေ။ နီရဲ နေ သော ဆီ လက်သုံးလုံး နစ် နေ တဲ့ ဝက်ဆီပြန်၊ ရှောင် လိုက် လေ။ ငရုတ်စေ့ တွေ ပေါ လော မျော နေတဲ့ ငါးပိ ရည်ချို၊ မီးကျွမ်း နေ တဲ့ ငါး ကင်နဲ့ အစိမ်း ရောင် အချဉ် ရည် ၊ ပူ ပြီးစပ်၍ ထုံ နေ သော မာလာရှမ်း ကော၊ ရှောင် လိုက် လေ။

ဟင်၊ ဒါဆို စားစရာဘာမှ မကျန် တော့ ဘူး။ မဟုတ်ဘူး လေ ၊ ရှောင် ဆို ပေမယ့် အာ သာ ရှိ ရင် တခါ တလေ စား၊ အဆီလျှော့၊ အစပ် လျှော့ ၊ အငန်လျှော့ အရသာ တွေ မျှတ သွား အောင် လုပ် ပေါ့။ ဟင်း သီးဟင်းရွက်သား ငါး က တော့ ပါ ပေစေ။ အရည် သောက် လေး လဲထဲ့။ ထမင်း ပန်းကန် ကို လေး စိတ် စိတ် ရင် ထမင်း က တစိတ်၊ အသားငါး က တစိတ်၊ ဟင်းသီးဟင်းရွက် က တဝက် စားရတာ။ ထမင်း က အပုံ ကြီး လျှော့စားရတယ်။
အရက်၊ ဆေးလိပ် ကိုရှောင်။ ဆေး လိပ် က ဘာ ဆိုင် လို့လဲ။ ဆေး လိပ်က ရှုသွင်းရုံ မက အငွေ့ တွေ မြို ပါချ တယ် ခင်ဗျ။ ဆေး လိပ် သောက် လျှင် အစာအိမ် ၊ ပန်ကရိယ ကစလို့ ဆီး အိမ် ထိ ကင်ဆာ ဖြစ် နိုင် သည်။

အစာအိမ် အူ လမ်း ကြောင်း ရောဂါလက္ခဏာ ကို ဘယ် လို သိ နိုင် မလဲ။

အစာ အိမ်အူ လမ်း ကြောင်း ဆို တာ ပါး စပ်ကစ၊ စအို ထိ တဆက်တည်းပိုက် လိုင်း ကြီး ပဲ။ တခုခု ဖြစ်ရင် ဗိုက် နာ ဗိုက် အောင့် ဖြစ် မယ် ။ အထက်ပိုင်း ပြဿနာ ရှိရင် ပျို့မယ် ၊ အန်မယ်။ အောက်ပိုင်း ပြဿနာရှိရင် ဝမ်း လျှော ဝမ်း ပျက် ၊ ဝမ်း ချုပ် ဖြစ် လာ လိမ့်မယ်။ လူ တ ယောက် ၏ မစင် သည် သွေး မပါရ။ ချွှဲ မပါရ။ ပါ လာ ရင် တခု ခု မှား နေ ပြီ။

လူ ဆို တာ တစွပ်စွပ်စား တဲ့ အမျိုး။အစာ အိမ်အူ လမ်း ကြောင်း မှာ ခဏခဏ ပြဿနာ ပေါ်တတ်သည်။ သေး သေး ကိစ္စ ကို တအား ကြီး စိတ်ပူ စရာမလို သလို ၊ အရေးကြီး ပြဿနာ ကို လဲ ပေါ့ပေါ့ နေ ၍ မရ။ အဲ ဒီ နှစ်ခု ဘယ် လို ခွဲ ခြားရမလဲ။
ခါတိုင်း အစာ မကြေ၊ ရင် ပြည့်၊ ဝမ်း ပျက် ရင် ကု သလို ပဲ ကု လေ။ ၇ ရက် တပတ် ဆို ကောင်း သွား သင့် သည်။ မကောင်း လျှင်၊ ဒါမှမဟုတ် ခဏခဏ ပြန် ဖြစ် လျှင် ဆရာဝန် နှင့် တိုင် ပင် ပါ။ စမ်း သပ် စစ် ဆေး သင့် သည်။

အစာ အိမ် မှန် ပြောင်း ၊ အူ မ ကြီး မှန် ပြောင်း ဆို တာ ရှိ သည်။ တချို့ က ပိုက် ချ တယ် ဟု ခေါ် သည်။ တချို့ က မီး သီး မျို တယ် ခေါ် သည်။ ဘယ် လို ပဲ ခေါ် ခေါ် မှန် ပြောင်း ကြည့် လျှင် အစာ အိမ် နှင့် အူ လမ်း ကြောင်း ရှိ ရောဂါ အများ စု က တန်း ပေါ် သည်။

တိုးတက် သော နိုင် ငံ များ တွင် အစာအိမ် မှန် ပြောင်း ၊ အူ မ ကြီး မှန် ပြောင်း ကို နှစ် အပိုင်း အခြား အလိုက် ပုံမှန် ကြည့်ရသည်။ ထိုသို့စစ် ဆေး နိုင် လျှင် တော့ အတိုင်း ထက် အလွန် အ ကောင်း ဆုံး ပါ ပဲ။
Screening မလုပ် နိုင် သူ တွေ အတွက် တော့ ရောဂါ လက္ခဏာ ပေါ် တာ နဲ့မှန် ပြောင်း ကြည့် သင့် သည်။ ရော ဂါ လက္ခဏာ ပေါ် နေ သည့် တိုင် နေ့ ရွှေ့ ည ရွှေ့ ၊ ရော ဂါ သိ သော အချိန်ကျ တော့ နောက် ကျ နေ ပြီ။ ရော ဂါ ဆို တာ ကလဲ စော စောသိ မှ ပျောက် အောင် ကု လို့ ရသည်။

အစာ အိမ် အူ လမ်း ကြောင်း သည် တချို့ ရော ဂါ တွေ လို ရင့် မှ လ က္ခဏာ ပေါ် တာ မဟုတ်။ စော စော စီး စီး ကတည်း က ပဲ လက္ခဏာ တွေ ပြ နေ တတ် သည်။ ရောဂါ လက္ခဏာ တွေ က အလံ ထောင် ထားသလို ၊ နံရံ မှာ ရေး ထားသလို အရှင်း ကြီး။ မြင် အောင် ကြည့် တတ်ဖို့ ပဲ လို သည်။

အစာ အိမ် အူ လမ်း ကြောင်း ရော ဂါ သည် အစာ ဝင် သော လမ်း မှာ ဖြစ် သည့် ရော ဂါ မို့ လူ ကို အစား အသောက် ပျက် စေ သည်။ ထို့ ကြောင့် အချိန် တို အတွင်း မှာ ပိန် ကျ သွား သည်။ သို့ ပါ၍ ဝိတ်ကျ လာ လို့ ဝမ်း မသာ သင့် ၊ တနေ့ တခြား ပိန် လာ ရင် စစ် ဆေး သင့် ပါသည်။

မြန်မာ ပြည် တွင် ခွဲ စိတ် ဆရာဝန် တို့ အများ ဆုံး ကု ရသော ရော ဂါ ထဲ တွင် အစာ အိမ် ကင် ဆာ ၊ အူ မကြီး ကင် ဆာ သည် ထိပ် ဆုံး က ပါ သည်။ ထို ရော ဂါ များ သည် ကနဦး တွင် အသားပို အသား တက် က လေး က စ ၍ ဖြစ် ပေါ် ကြသည်။ ကင် ဆာ အဖြစ် မပြောင်း သေး သော အသား ပို လေး များ ဆို ခွဲ စိတ် ရန် ပင် မလို ၊ မှန် ပြောင်း မှ တဆင့် ဖြတ် ထုတ် လို့ ရ သည်။ လူ နာ မှာ လဲ မိ မွေး တိုင်း ဖမွေး တိုင်း အရာ မယွင်း ရော ဂါ ပျောက် အောင် ကု လို့ ရသည်။ ရော ဂါ ရင့် လာ ရင် တော့ ဤ သို့ မရ နိုင် တော့ ပါ။

နောက် ဆုံး ပြော ချင် တာ က တော့ ‘ အစာ လဲ ဘေး၊ ဘေး လဲ အစာ ‘ 'အစာလဲဆေး ဆေးလဲအစာ' ဆို တာ ပါ ပဲ။

20/02/2022
ဒီနေ့က တင်းဂွေ နေ့ဆိုတော့ ဘေဘီ။ ဖုန်းဘေလ် မဲဖောက်ပေးပါမယ်။ စည်းကမ်းလေးတွေက👍ခု page ကို like လေးလုပ်ပေးပြီး ကြိုက်ရာ ပို့...
20/02/2022

ဒီနေ့က တင်းဂွေ နေ့ဆိုတော့ ဘေဘီ။ ဖုန်းဘေလ် မဲဖောက်ပေးပါမယ်။
စည်းကမ်းလေးတွေက
👍ခု page ကို like လေးလုပ်ပေးပြီး ကြိုက်ရာ ပို့စ် တခုကို share ပေးပါ။
😻ပြီးရင် comment မှာ share ထားတဲ့ screen shot လေးကို သူငယ်ချင်းနှစ်ယောက်ကို tag တွဲခဲ့ပေးပါနော်။
✌️ဖုန်းဘေလ် ၃၀၀၀ တန် ၂ယောက် ပေးပါမယ်။
အဖြေမှန်သူတယောက်ထက်များရင် မဲနှိုက်ပေးပါမယ်။ ခုကနေ ၄၈ နာရီအတွင်းနော်။
🎼ကဲ ဖုန်းဘေလ်လေး ပေါက်အောင် ပါ၀င်ပေးကြပါဦး။ 😘

🦷 ကလေးနှင့် သွားကျန်းမာရေး (အပိုင်း၂) 🦷👶 ဒီအပိုင်းမှာတော့ ကလေးတွေသွားဆေးခန်းမှာဘယ်အချိန်ကနေစပြီး စစ်ဆေးသင့်တာလဲ ဆိုတာနဲ့...
20/02/2022

🦷 ကလေးနှင့် သွားကျန်းမာရေး (အပိုင်း၂) 🦷

👶 ဒီအပိုင်းမှာတော့ ကလေးတွေသွားဆေးခန်းမှာဘယ်အချိန်ကနေစပြီး စစ်ဆေးသင့်တာလဲ ဆိုတာနဲ့သွားဆေးခန်းမသွားမှီ ကိုယ့်ကလေးကိုဘယ်တွေပြောပြထားရမလဲဆိုတာလေး ဖော်ပြသွားမှာပါ။
🦷ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက်သွားပေါက်ချိန် မတူကြပါဘူး။ ဒါကြောင့် ပါးစပ်ထဲမှာသွားစပေါက်ပြီဆိုတာနဲ့သွားဆေးခန်းမှာစပြီးစစ်ဆေးသင့်ပါတယ်။ သွားတစ်ချောင်းစထွက်ပြီဆိုတာနဲ့သွားပိုးစားခြင်းဆိုတဲ့ပြသနာကစပေါ်လာနိုင်လို့ပါပဲ။
👪ပထမဆုံးအကြိမ်သွားဆေးခန်းကိုသွားတော့မယ်ဆိုရင်မိဘတွေဘက်ကနေ ပြောပြပေးရမှာကတော့
🙅သွားဆေးခန်းဆိုတဲ့နေရာဟာ "ကြောက်စရာကောင်းတဲ့နေရာမဟုတ်" ကြောင်းနဲ့ 🦷 သွားလေးတွေကျန်းမာနေမှ မနာမကျင်ဘဲ ဆေးတွေအများကြီးမသောက်ရဘဲ ပျော်ရွှင်စွာ စားသောက် ဆော့ကစားနိုင်မှာဖြစ်ကြောင်း ကို အကောင်းဘက်ကနေရှင်းပြရပါမယ်။
🤷 ဒီနေရာမှာ ကျွန်တော့် အတွေ့အကြုံအရ မိဘကအချိန်မှီ ရှင်းမပြနိုင်ခင်မှာ အကို၊ ဦးလေး ၊ကလေးထိန်း စတဲ့ ဘေးပတ်ဝန်းကျင်က သို့ ဆွေမျိုးတွေက ကလေးကိုစနောက်ပြီး ခြောက်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။
👀 ပလာယာကြီးနဲ့ နှုတ်မှာ၊ အပ်အကြီးကြီးနဲ့ ထိုးမှာ စသည်ဖြင့်ပေါ့။ ဒါမျိုးတွေပြောခြင်းက ကလေးကို ဘာမှ မတွေ့ကြုံရသေးခင် ကြောက်စိတ်မွေးပေးလိုက်တာမို့ ရှောင်ကျဥ်သင့်ပါတယ်။
🧠တချို့မိဘတွေကလဲ စကားနားမထောင်ရင်ဆရာဝန်ကအပ်ကြီးနဲ့ထိုးလိမ့်မယ်ဆိုပြီး ခြောက်လေ့ရှိပါတယ်။ ဒါကလဲ ကလေးရဲ့စိတ်ထဲမှာကြောက်စိတ်ဝင်သွားအောင် လှုံ့ဆော်ပေးလိုက်တာနဲ့တူလို့ မိဘတွေအနေနဲ့ သတိထား ရှောင်ကျဥ်ဖို့ လိုအပ်ပါတယ်။
👪နောက်တစ်ခုက မိဘတွေအနေနဲ့ ကလေးပါးစပ်ကိုဟခိုင်းပြီး တူတူဆော့ကစားသလို ပုံစံမျိုးနဲ့ သွားလေးတွေကို စစ်ပေးသင့်ပါတယ်။ ကျွန်တော့် သမီးဆို သူနဲ့အ မြဲ ဆော့ကစားနေကျမို့ "အာ" အသံကြားတာနဲ့ ပြေးလာပြီး ပါးစပ်ဟပြနေကျပါ။ကလေးစိတ်ထဲမှာသူပါးစပ်လေးဟပြတာဟာ ကြောက်စရာမဟုတ်ပါလားဆိုတာ နားလည်နေတဲ့သဘောပါပဲ။
🦷 နောက် သွားဆေးခန်းနဲ့ပတ်သက်တဲ့စာအုပ်တွေ၊ အကြောင်းအရာတွေကို ဖတ်ပြတာတို့ ၊သူတို့ကြိုက်တဲ့ ကာတွန်း ဇာတ်ကောင်လေးတွေ သွားဆေးခန်းသွားတဲ့ ဗီဒီယိုလေးတွေပြတာတို့ လုပ်ပေးသင့်ပါတယ်။ ဒီလိုနဲ့ ကလေးကသွားဆေးခန်းကို တဖြေးဖြေးပိုပြီး ရင်းနှီးလာမှာပါ။
👪သွားဆေးခန်းသွားပြတော့မယ်ဆို မိဘတွေဘက်ကဘာတွေ ဆောင်ရ၊ ရှောင်ရမလဲ။
🙅ပထမဆုံးဘိုကင်တင်ပြီဆိုရင် ဘိုကင်အချိန်ဟာ ကလေးအိပ်တတ်တဲ့အချိန် ဖြစ်နေလား၊ ဒါမှမဟုတ်ထမင်းစားတတ်တဲ့အချိန်လား ဆိုတာကြည့်ရပါမယ်။
💤 ကလေးအိပ်တတ်တဲ့ အချိန်ဆိုရင် ကလေးတွေရဲ့ပူးပေါင်းလုပ်ဆောင်လိုစိတ်အနည်းဆုံး အချိန်ဖြစ်လို့ အဲ့လိုအချိန်မျိုးကို ရှောင်ရပါမယ်။
🍱 ထမင်းစားတတ်တဲ့အချိန်ဆိုရင်တော့ ကလေးဗိုက်ဆာမနေအောင် သေချာကျွေးထားဖို့ လိုအပ်ပါတယ်။ ဗိုက်ဆာနေရင်ကလေးတွေက တက်ကြွလန်းဆန်းမနေဘဲ ပူးပေါင်းပါဝင်မှု အားနည်းနိုင်ပါတယ်။
👨‍⚕️သွားဆရာဝန်ကရော ကလေးကိုဘာတွေလုပ်ပေးမှာလဲ။
🦷 ပထမဆုံးအနေနဲ့ သွားပေါက်တာပုံမှန်ဟုတ်မဟုတ် စစ်ဆေးပေးပါတယ်။ ထွေထွေထူးထူးအရေးပေါ်နာတာမရှိဘူးဆိုရင် အဲ့လိုစစ်ဆေးပြီး သွားကျန်းမာရေးပညာပေးတာနဲ့ သွားတိုက်ပုံနည်းမှန်လမ်းမှန်ကို ပြောပြပေးလေ့ရှိပါတယ်။
🥴 တကယ်လို့သွားကနာနေရင် သို့ ပိုးစစားနေပြီဆိုရင်တော့ minimum invasive techniques လို့ခေါ်တဲ့ အနည်းဆုံး မနာမကျင်စေတဲ့နည်းနဲ့သွားကိုကုသဖို့လုပ်ပေးလေ့ရှိပါတယ်။ အဲ့လိုလုပ်ပေးနေရင်းကလေးကရုတ်တရက်နာသွားခဲ့ရင်လဲ မိဘကောဆရာဝန်ပါ ကလေးကိုဝိုင်းဝန်းဖျောင်းဖျ ပေးဖို့လိုအပ်ပါတယ်။
💗ဒီနေရာမှာ (အထူးသဖြင့်) မေမေတွေဟာ သွားဆေးခန်းရောက်ရင် ကလေးလေးက နာရတော့မှာပဲ ဆိုပြီး ကလေးကို ဘာမှမလုပ်ရသေးခင် မေမေက အရင် မျက်ရည် ကျတတ်ပါသေးတယ်။အဲ့လိုမိဘတွေတွေ့ပြီဆိုရင်တော့ ကလေးထက်အရင် မိဘတွေကို တစ်ရက်လောက် အသိပညာပေးရတတ် ပါတယ်။
🤝ဆိုတော့ ဒီလောက်ဆိုရင် မိဘနဲ့ ဆရာဝန် ပူးပေါင်းမှု နဲ့ ပြင်ဆင်ရန်၊ ဆောင်ရန် ရှောင်ရန် လေးတွေက စုံသလောက်ရှိပြီမို့ နောက်တပိုင်းမှာ ပြန်ဆုံကြပါစို့။

🦷စောစောသိ မြန်မြန်ကု သွားကျန်းမာစေဖို့ သတိပြုကြပါခင်ဗျာ။ 🦷




ို့ရပါတယ်။ #ကူးယူဖော်ပြရင် credit ပေးပါခင်ဗျာ။

🦷ကလေးနှင့်သွားကျန်းမာရေး (အပိုင်း၁)🦷👶ကလေးတစ်ယောက်ဟာလူ့လောကထဲစရောက်ပြီဆိုတာနဲ့ ကလေးရဲ့ ခံတွင်းကျန်းမာနေအောင် ၊ သန့်ရှင်းန...
18/02/2022

🦷ကလေးနှင့်သွားကျန်းမာရေး (အပိုင်း၁)🦷

👶ကလေးတစ်ယောက်ဟာလူ့လောကထဲစရောက်ပြီဆိုတာနဲ့ ကလေးရဲ့ ခံတွင်းကျန်းမာနေအောင် ၊ သန့်ရှင်းနေအောင်မိဘတွေကဂရုစိုက် ပေးဖို့ လိုပါတယ်။
👨‍⚕️ပါးစပ်ထဲမှာ သွားလေးတွေထွက်လာပြီရင်တော့ ခံတွင်းသန့်ရှင်းရေးတစ်ခုတည်းသာမဟုတ်ဘဲ သွားလေးတွေပါကျန်းမာသန့်ရှင်းအောင်ဂရုစိုက်ပေးရပါတော့တယ်။ အဲ့ဒီအချိန်ကျရင် သွားဆရာဝန်တွေနဲ့မိဘတွေပူးပေါင်းရမယ့်အချိန်ရောက်လာပါပြီ။
ဘာလို့လဲဆိုတော့ ကလေးသွားစပေါက်ပြီဆိုတာနဲ့၆လတစ်ကြိမ်လောက်ကိုပုံမှန်စစ်ဆေးမှုပြုလုပ်သင့်လို့ပါပဲ။
👪တကယ်တမ်း လက်တွေ့မှာတော့ ကလေးမိဘအများစုဟာ ကလေးသွားတွေမနာမချင်း သွားဆေးခန်းကို ပုံမှန်လာမစစ်ဆေးကြပါဘူး။ကလေးကသွားနာပြီး ညမအိပ်ရတော့မှသာ လာပြလေ့ရှိကြပါတယ်။ ဒီအခါ သွားဆေးခန်းကိုပထမဆုံးအကြိမ်လာလာချင်းမှာပဲအပ်နဲ့ထွင်းမရတော့ဘဲ ပုဆိန်နဲ့ပေါက် ရတော့တာပဲ။
🤢ဒီလိုဖြစ်ပြီဆိုတာနဲ့ ကလေးတွေရဲ့ပထမဆုံးသွားဆေးခန်း အတွေ့အကြုံကမကောင်းနိုင်တော့ဘူးပေါ့။ သွားဆရာဝန်တွေကလဲ ကလေးတွေရဲ့ first experienceကိုbad experience မဖြစ်အောင်လုပ်ကြရပါတယ်။ ကလေးကိုအနာသက်သာအောင် ဆေးအရင်ပေးပြီး နောက်တခါ ပြန်ချိန်းရတာပါပဲ။
👪သွားဆေးခန်းကကလေး ကိုဆေးပဲ ပေးရင်လဲ တချို့မိဘက မကြိုက်ကြပြန်ဘူးဗျ။ နောက်တခါမလာရအောင် "ဆရာ သွားကို နှုတ်သာပစ်၊" ကလေးကအရမ်းနာလို့ အကိုင်တောင်မခံတာကို " ချုပ်သာလုပ် " လို့ပြောတတ်ကြပါသေးတယ်။
🥴အဲ့လိုလုပ်လိုက်ရင်ကလေးကပိုကြောက်သွားကြပါတယ်။ကလေးကနောက်ဆိုသွားဆေးခန်းကိုသူ့ဦးနှောက်ထဲမှာ "ကြောက်စရာကောင်းတဲ့နေရာ" လို့မှတ်လိုက်တတ်ပါတယ်။ ဒီအခါ ကြီးတဲ့အထိလဲသွားဆေးခန်းသွားဖို့ ကြောက်နေတော့မှာပါ။
👨‍⚕️တကယ်တမ်းတော့ သွားစပေါက်ပြီဆိုတာနဲ့သွားဆေးခန်းဆိုတဲ့နေရာဟာ လူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့နေရာတစ်ခုပါ။ သွားနာ၊သွားကိုက်ပြီဆိုရင်ဖြစ်နေတဲ့နေရာကိုမကုသဘဲ ဆေးလေးသောက်ရုံနဲ့မပျောက်နိုင်ပါဘူး။
👪ဒါကြောင့် ကလေးဘဝ ကတည်းက သွားဆေးခန်းကို ပုံမှန်သွားရောက်စစ်ဆေးလေ့ရှိပြီး သွားကျန်းမာရေးအတွက် ဗဟုသုတတွေ ရှိနေစေဖို့မိဘတွေက ကလေးအတွက် ပြောပြ လေ့ကျင့်ထားပေးဖို့ လိုအပ်လှပါတယ်။ မိဘတွေက ဘာတွေ ပြင်ဆင်ပြောပြထားရမလဲဆိုတာကိုတော့ အပိုင်း ၂ မှာ ဆက်လက်ဖော်ပြပါမယ် ခင်ဗျာ။

🦷စောစောသိ မြန်မြန်ကု သွားကျန်းမာစေဖို့ သတိပြုကြပါခင်ဗျာ🦷


  myanmar health journal Dr. Aung Soe Winအရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူတစ်ယောက်က ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ...
17/02/2022

myanmar health journal Dr. Aung Soe Win
အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူ
တစ်ယောက်က ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်ဆိုတော့...
ဇစ်မြစ်ကို လိုက်ကြည့်လိုက်တဲ့အခါမှာ...

အဖြေကတော့
ဒီလူဟာ မုန့်ဟင်းခါးအလွန်ကြိုက်လို့ နေ့တိုင်းစားသူပါတဲ့
မုန့်ဟင်းခါးမှာပါတဲ့ မုန့်ဖတ် မချဉ်အောင် မပုတ်မသိုး
အောင်သုံးတဲ့ ဓါတုဆေးဝါးတွေကြောင့်ပါတဲ့ ...

မုန့်ဖတ်လုပ်တဲ့ဖို အားလုံးနီးပါးကလည်း မုန့်ဖတ်တွေ
မပုတ်အောင် အတွက် လူသေတွေမပုတ်အောင်သုံးတဲ့
ဖေါ်မလင်တွေ သုံးကြတယ်ဆိုတော့
ကိုယ်တွေလည်း ကြားဖူးတာတော့ကြာပါပြီ...

မုန့်ဖတ်ဖိုတွေရဲ့ လက်သုံးစကားက လူတကာ က
သုံးနေကြလို့ သူတို့လည်းမသုံးမဖြစ် သုံးလိုက်ရတာပါတဲ့...

ဒီကြားထဲ သစ်သီးသည်တွေက မှည့်ဆေးတွေသုံး..
ပုဇွန်ခြောက်ငခြောက်က ဓါတုဆေးတွေဖြန်း....
အစာအတု ဆေးအတု ရေသန့်အတု နဲ့ ဆိုးဆေးတွေ ဓါတုဆေးတွေကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့
ဘဝတွေထဲက...

ကိုယ်တိုင်စိုက် ကိုယ်တိုင်ချက်ကတော့ အကောင်းဆုံးပါပဲ။ မလွယ်ပေမယ့် တတ်နိုင်သလောက်ပေါ့။

ကျန်းမာခြင်းသည် လာဘ်ကြီးတပါး ဖြစ်နေတဲ့ခေတ်မှာကျန်းမာစေမယ့် လိုက်နာသင့်တဲ့အချက်တွေ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့ အ...
16/02/2022

ကျန်းမာခြင်းသည် လာဘ်ကြီးတပါး ဖြစ်နေတဲ့ခေတ်မှာ
ကျန်းမာစေမယ့် လိုက်နာသင့်တဲ့အချက်တွေ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) ရေများများသောက်ပါ။ ခေတ်နဲ့အညီ ၀င်ငွေရှာနေကြရတဲ့အချိန်မှာရေသောက်ဖို့မေ့နေတတ်ကြပါတယ်။ တကယ်တော့ ရေဟာ ဆေးတမျိုးလဲဖြစ်ပါတယ်။ ရေကိုသတိလေးထားပြီးအချိန်မှန်သောက်ဖို့လိုအပ်ပါတယ်။
၂) ကယ်လိုရီကိုတတ်နိုင်သမျှလျှော့စားပါ။ ထမင်း အာလူး နဲ့ ဂျုံ ပြောင်းတို့ဟာ ကစီဓာတ်များစေပြီး နောက်ပိုင်းမှာ သွေးတိုး ဆီချို ပိုဖြစ်စေနိုင်လို့ လျှော့စားသင့်ပါတယ်။
၃) သမမျှတစွာ တခါစားလျှင် နဲနဲသာစားပါ။ တထိုင်ထဲအလွန်အကျွံစားခြင်းဟာ ကိုယ်တွင်း ကလီစာများကို လိုတာထက်ပိုပြီး အလုပ်လုပ်စေတဲ့အတွက် သမမျှတစွာချင့်ချိန်စားသုံးဖို့လိုအပ်ပါတယ်။ တချိန်ထဲမှာ အလုပ်ဖိလုပ်လိုက်ရရင် လူတွေ ပင်ပန်းထိခိုက်တတ်သလို ကိုယ်တွင်းကလီစာတွေလဲ ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်း မှန်မှန် အလုပ်လုပ်ပြီး အောင်ပွဲရတဲ့ သူလို ကိုယ်တွင်းကလီစာတွေလဲ ဖြည်းဖြည်း မှန်မှန် အလုပ်လုပ်ပြီး အထိအခိုက်နဲစေရန် တထိုင်ထဲ အလွန်အကျွံစားသုံးခြင်းကိုရှောင်ရှားသင့်ပါတယ်။
၄) အငံဓာတ်နဲ့ အဆီဓာတ်များကိုတတ်နိုင်သလောက်လျှော့စားပါ။ မြန်မာလူမျိုးများကိုက ဆီများမှ ဟင်းကောင်းတယ် ထင်တတ်ကြပါတယ်။ ငပိ ငါးခြောက်လေးပါမှ ထမင်းစားဝင်တတ်ကြပါတယ်။ အငံဓာတ်များခြင်း အဆီစားများခြင်းကလဲ နောက်ပိုင်းမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်လို့ လျှော့စားသင့်ပါတယ်။
၅) စိတ်ဖိစီးမှု နည်းစေခြင်း နှင့် ကောင်းစွာ အိပ်စက်ခြင်း ကလဲ ကျန်းမာစေဖို့ မရှိမ ဖြစ်လိုအပ်ပါတယ်။ ကိုယ့်ကိုထိခိုက်စေနိုင်တဲ့ပတ်ဝန်းကျင် အတွေးတွေ လူတွေကိုတတ်နိုင်သမျှ ရှောင်ကျဉ်ခြင်းဖြင့် မိမိ ကျန်းမာရေး ကို မိမိ စောင့်ရှောက်သင့်လှပါတယ်။
#ဒေါက်တာမိုရ်
#ရွှေအိုးကြီးအထူးကုဆေးခန်း

Auto reply in these days... 😁😁
11/02/2022

Auto reply in these days... 😁😁

Address

Aung Khae Mar Street
Dagon
11411

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959263626239

Website

Alerts

Be the first to know and let us send you an email when Shwe Ooh Gyi Pharmacy & Family Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Ooh Gyi Pharmacy & Family Dental Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram