Ko Zaw

Ko Zaw ပစ္စည်းအမှန်​ကိုသာ​ရောင်းပါတယ်

....လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ.၁။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာခြင်း၊ ရောဂါဖြစ်ခြင်း၊ ရော...
05/04/2022

....

လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ.
၁။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာခြင်း၊ ရောဂါဖြစ်ခြင်း၊ ရောဂါပိုးကူးစက်ခံရခြင်းကို လျှော့ချပေးနိုင်ပါတယ်။.
၂။ တခြားလူတစ်ယောက်နဲ့ အနီးကပ်ဆက်ဆံထိတွေ့နေရတဲ့အခါ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ၊ အကောင်းမြင်စိတ်တွေကို ဖြစ်စေတဲ့ ဟော်မုန်းများကို ဦးနှောက်က ပိုမိုထုတ်လုပ်ပေးပါတယ်။..
၃။ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးပြီး မိမိရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ် ပိုမိုယုံကြည်မှု ရှိလာစေတယ်။..
၎။ အမျိုးသမီးတွေမှာ တင်ပဆုံရိုးကြွက်သားများကို လေ့ကျင့်ခန်းလုပ်တာဖြစ်တဲ့အတွက် ဆီးထိန်းနိုင်အောင် ကူညီပေးတယ်။..
၅။ အမျိုးသားတွေမှာ ကျားဟော်မုန်းပိုတိုးစေသလို အမျိုးသမီးတွေမှာလည်း မဟော်မုန်းများ တိုးလာစေပါတယ်။..
၆။ နှလုံးကျန်းမာစေပြီး သက်လုံကောင်းစေတယ်၊ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း မြန်စေပါတယ်။..
၇။ သွေးပေါင်ချိန်ကို ကျစေပြီး ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်။..
၈။ လိင်ဆက်ဆံခြင်းဟာ လေ့ကျင့်ခန်းလုပ်သလို ဖြစ်စေတဲ့အတွက် ကယ်လိုရီနဲ့ သကြားဓာတ်တွေကို ပိုမိုလောင်ကျွမ်းစေတယ်။..
၉။ ခန္ဓာကိုယ်တွင်းက ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေတယ်။..
၁၀။ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။..
၁၁။ စိတ္ဖိစီးမွုကို နည်းပါးစေတယ်။ ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင်လည်း ကူညီပေးပါတယ်။..
လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအရ အကျိုးကျေးဇူးများစွာ ရှိစေနိုင်တယ်ဆိုပေမယ့် အကာအကြယ္ကို အမြဲသုံးဖို့တော့ သတိပြုသင့်ပါတယ်။..

.....အိပ်ရေးပျက်တာများလာရင် လိင်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်လား?..၁။ အိပ်ရေးပျက်တဲ့အခါ ဦးနှောက်အာရုံကြောစနစ်က လေးလံထိ...
30/03/2022

.....

အိပ်ရေးပျက်တာများလာရင် လိင်စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်လား?..
၁။ အိပ်ရေးပျက်တဲ့အခါ ဦးနှောက်အာရုံကြောစနစ်က လေးလံထိုင်းမှိုင်းပြီး အားနည်းလာတဲ့အတွက် အာရုံစူးစိုက်နိုင်မှု နည်းပါးလာမယ်။ ဒီအခါ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု လျော့နည်းလာနိုင်ပါတယ်။..
၂။ အိပ်ချိန်နည်းလာတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းများ ပိုထွက်လာပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေဟာ သွေးလည်ပတ်စီးဆင်းနှုန်းကို နှေးကွေးစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ ဒီအခါ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းလည်း လျော့နည်းသွားနိုင်ပါတယ်။..
၃။ အိပ်ရေးပျက်တာများသူတွေမှာ စိတ်ဆိုးစိတ်ဆတ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ စိတ်တိုင်းမကျခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများ၊ မကောင်းမြင်စိတ်တွေ များလာပြီး အရာရာကို စိတ်ပျက်လာခြင်း၊ မိမိချစ်သူအပေါ် စိတ်ခံစားမှု လျော့နည်းလာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။..
၎။ အိပ်ချိန်မပြည့်တဲ့အတွက် လူက လန်းဆန်းတက်ကြွမှုမရှိတဲ့အခါ လိင်မှုကိစ္စတွေကို သိပ်ပြီးမတွေးမိတော့သလို အမှန်တကယ် လုပ်နေတဲ့အခါမှာလည်း စိတ်မပါတဲ့အတွက် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့တိုင်အောင် ကာမသုခကို အပြည့်အဝခံစားရနိုင်မှာ မဟုတ်ပါဘူး။..
၅။ အိပ်ရေးပျက်ခြင်းဟာ အားအင်ကို ကုန်ခမ်းစေတယ်။ မောဟိုက်စေပြီး သက်လုံကျစေတယ်။ မူးဝေထိုင်းမှိုင်းစေတဲ့အတွက် လိင်စိတ်ဆန္ဒကို ကုန်ခမ်းလာစေပါတယ်။ ဦးနှောက်က ကောင်းစွာ အနားမယူနိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေကို ပိုခံစားရပြီး အကျိုးဆက်အနေနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။..
၆။ ညအိပ်ချိန် အလုံအလောက်မရခြင်းဟာ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းလာစေပြီး အမျိုးသမီးတွေမှာတော့ မဟော်မုန်း နည်းလာစေနိုင်ပါတယ်။ ဒီဟော်မုန်းတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ လိင်စိတ်ဆန္ဒ မြင့်တက်စေခြင်း၊ လိင်ဆက်ဆံခြင်းကို အမှန်တကယ် စိတ်ကျေနပ်မှုရစေခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြာခြင်းကို ကာကွယ်ပေးခြင်း၊ ပန်းသေပန်းညှိုးပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း စတဲ့တာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ ဒီအတွက် လိင်ဟော်မုန်းများ နည်းလာတာနဲ့အမျှ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ ကျဆင်းလာတော့မှာ အသေအချာပါပဲ။..
ဒါကြောင့် တတ်နိုင်သလောက် ညအိပ်ချိန်ကို အနည်းဆုံး ၇ နာရီ ပြည့်ဝစွာ အိပ်စက်အနားယူဖို့နဲ့ ညဘက်ကို ၁၂ နာရီထက် နောက်ကျပြီး မနေဖို့ အကြံပေးလိုက်ချင်ပါတယ်။ အကယ်လို့ သင့်မှာ အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးကုသမှုခံယူသင့်ပါတယ်။

....မျိုးအောင်ဖို့ ခက်တဲ့ အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာများအမျိုးသားတွေမှာ မျိုးအောင်ဖို့ခက်တဲ့ ရောဂါတစ်ခုခု ရှိတဲ့အ...
23/03/2022

....
မျိုးအောင်ဖို့ ခက်တဲ့ အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာများ
အမျိုးသားတွေမှာ မျိုးအောင်ဖို့ခက်တဲ့ ရောဂါတစ်ခုခု ရှိတဲ့အခါ ရောဂါရဲ့ လက္ခဏာတွေက ခန္ဓာကိုယ်မှာ ထင်ဟပ်နေပါတယ်။ ဒီလက္ခဏာတွေကို ကြည့်ပြီး ဒီအမျိုးသားက မျိုးအောင်ဖို့ ခက်လိမ့်မယ်လို့ မှန်းဆလို့ရပါတယ်။.
ဘာလက္ခဏာတွေလဲဆိုတော့
-ဝှေးစေ့အောင့်တာ၊ နာတာ
သုက်ပို့ပြွန်ရောင်တာ၊ ဝှေးစေ့အညှာလိမ်နေတာ စတဲ့ ဝှေးစေ့နဲ့ဆိုင်တဲ့ ရောဂါတစ်ခုခု ဖြစ်နေနိုင်ပါတယ်။.
-လိင်စိတ်နည်းပါးသွားတာ
ဒါကတော့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။.
-လိင်တံမထောင်မတ်နိုင်တာ
သွေးကြောမကောင်းတာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။.
-သုက်လွှတ်တဲ့နေရာမှာ ပြဿနာရှိနေတာ
သုက်လွှတ်မြန်တာ၊ နောက်ပြန်သုက်လွှတ်တာ၊ သုက်လွှတ်နှေးတာ စတဲ့ ပြဿနာတွေပါ။.
-ရင်သားတွေကြီးပြီး အမွေးအမျှင်နည်းတာ
ဒါကလည်း ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။.
-ဝှေးစေ့သေးသွားတာ
ဒီလိုအချက်တွေ ရှိနေရင် သတိထားသင့်ပါတယ်။ နောင်အခါမှာ ကလေးယူဖို့ အစီအစဉ်ရှိပြီး ဒီလက္ခဏာတွေ ခံစားနေရရင် စောစောစီးစီး ကုသထားသင့်ပါတယ်။.
Write to Moe Aung Naing

..လိင်စိတ်ဆန္ဒ လျော့နည်းလာရခြင်းရဲ့ တရားခံများ.၁။ စိတ်ဖိစီးမှုဟာ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်းရဲ့ အဓိကတရားခံဖြစ်ပါတယ်။ စိတ်...
16/03/2022

..
လိင်စိတ်ဆန္ဒ လျော့နည်းလာရခြင်းရဲ့ တရားခံများ.
၁။ စိတ်ဖိစီးမှုဟာ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်းရဲ့ အဓိကတရားခံဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ အများအပြားထွက်လာပြီး ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။ အာရုံကြောအားနည်းလာတာနဲ့အမျှ ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်လာပြီး လိင်စိတ်ဆန္ဒကို လျော့ကျသွားစေနိုင်ပါတယ်။.
၂။ အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းပြီး မဟော်မုန်းများနေတဲ့အခါ၊ အမျိုးသမီးတွေမှာ မဟော်မုန်းနည်းပြီး ကျားဟော်မုန်းများနေတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမျှခြေ (Hormonal Balance) ပျက်ယွင်းသွားပါတယ်။ ဒီဟော်မုန်းတွေဟာ လိင်စိတ်ဆန္ဒကို အဓိကလှုံ့ဆော်ပေးတဲ့ လိင်ဟော်မုန်းတွေဖြစ်တာကြောင့် ဟော်မုန်းပမာဏ ပြောင်းလဲသွားတဲ့အခါ လိင်စိတ်တွေလည်း နည်းသွားနိုင်ပါတယ်။.
၃။ နေ့စဉ်အစာအာဟာရကို စုံလင်စွာမစားသုံးတဲ့အခါ ခန္ဓာကိုယ်က အာဟာရချို့တဲ့မှုဖြစ်ပြီး သက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားကို ကျစေသလို ဦးနှောက်ကျန်းမာရေးနဲ့ ဟော်မုန်းထုတ်လုပ်နိုင်ခြင်းကိုလည်း ထိခိုက်စေပါတယ်။ ဟော်မုန်းထုတ်လုပ်မှုနည်းသွားတဲ့အခါ လိင်စိတ်ဆန္ဒက အလိုအလျောက်ကျသွားတတ်ပါတယ်။.
၎။ အားကစားလိုက်စားမှုမရှိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီ၊ အဆီပို၊ ကိုလက်စထရော၊ သကြားဓာတ်နဲ့ တခြားအဆိပ်အတောက်တွေ စုပုံလာတာကြောင့် ပိုပြီးလေးပင်လာသလို အဝလွန်လာစေတယ်။ အဝလွန်ခြင်းဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနဲ့ အကောင်းမြင်စိတ်ကို ထိခိုက်စေပြီး စိတ်ဖိစီးမှုဟော်မုန်းများကို ပိုထွက်လာစေနိုင်ပါတယ်။ ဒါ့အပြင် အထိုင်များပြီး လှုပ်ရှားမှုအားနည်းတဲ့အခါ လိင်စိတ်ဆန္ဒ လျော့နည်းသွားစေနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ဦးနှောက်သွေးကြောကျဉ်းရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။.
၅။ မိသားစုရေးရာ၊ အလုပ်ခွင်၊ ဘဝရည်မှန်းချက်၊ အချစ်ရေး၊ လူမှုရေးရာတွေမှာ ပဋိပက္ခတွေ များလာခြင်းဟာလည်း စိတ်ကျန်းမာရေးကို ထိခိုက်စေတာကြောင့် လိင်စိတ်ဆန္ဒကို လျော့ပါးသွားစေနိုင်ပါတယ်။.
၆။ စိတ်ဖိစီးမှုအပြင် စိတ်ဓာတ်ကျခြင်း၊ အကြောက်လွန်ခြင်း၊ အစိုးရိမ်လွန်ကဲခြင်း၊ စွဲလမ်းစိတ် များလွန်းခြင်း၊ စိတ်အတက်အကျမြန်ရောဂါများ၊ စိတ်ကစဉ့်ကလျားရောဂါ အစရှိတဲ့ စိတ်ရောဂါတွေဟာလည်း လိင်စိတ်ဆန္ဒကို လျော့နည်းသွားစေနိုင်တဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။.
လိင်စိတ်ဆန္ဒနည်းလာခြင်းဟာ အသက်အရွယ်၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေး၊ စားသောက်နေထိုင်မှုပုံစံ အားလုံးနဲ့ ဆက်စပ်နေနိုင်တာကြောင့် အဓိကတရားခံကို ရှာဖွေဖို့ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်တာတော့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်မှာပါ။

....👉သင်ယခုဆေးလိပ်သောက်တာရပ်လိုက်ရင်👉မိနစ်၂၀အကြာမှာ👉သွေးဖိအားနဲ့နှလုံးခုန်နှုန်းတွေပုံမှန်     ပြန်ဖြစ်လာပါမယ်။.👉၈နာရီအြ...
09/03/2022

....
👉သင်ယခုဆေးလိပ်သောက်တာရပ်လိုက်ရင်
👉မိနစ်၂၀အကြာမှာ
👉သွေးဖိအားနဲ့နှလုံးခုန်နှုန်းတွေပုံမှန်
ပြန်ဖြစ်လာပါမယ်။.
👉၈နာရီအကြာမှာ
သင့်ခန္ဓာကိုယ်ကနေ သင်နောက်ဆုံးဆေးလိပ်သောက်ခဲ့တုန်းမှာပါတဲ့ ကာဗွန်မိုနောက်ဆိုဒ် ခေါ် အဆိပ်ဓါတ်ငွေ့ ကိုစွန့်ထုတ်ပြီး ဖြစ်တဲ့အတွက် သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ် ပမာဏလျော့ကျပြီး အောက်စီဂျင်ပမာဏ များလာပါမယ်။.
👉နှစ်ရက်အကြာမှာ
ကိုယ်တွင်းက နီကိုတင်းဓါတ်တွေဖယ်ရှားပြီးသားဖြစ်တဲ့အတွက် သင့်ရဲ့အာရုံခံစားမှုတွေပိုကောင်းလာပါမယ်။..
👉၃ရက်အကြာမှာ
အဆုတ်ထဲမှာရှိတဲ့ချွဲတွေနဲ့တခြားအမှုန်တွေကို စွန့်ပစ်ဖယ်ရှားပြီးသားဖြစ်တဲ့အတွက် အသက်ရှုရတာပိုကောင်းမွန်လာပြီး အဆုတ်ထဲက လေပြွန်ငယ်လေးတွေလည်း ပြန်လည်ကောင်းမွန်လာပါမယ်။.
👉ရက်သတ္တပတ်နှစ်ပတ်အကြာမှာ
သွေးလည်ပတ်မှုပိုမိုကောင်းမွန်လာပြီး အဆုတ်လည်းအရင်ကထက် အလုပ်လုပ်လာနိုင်တဲ့အတွက် လမ်းလျှောက်တာ၊ပြေးတာ၊လေ့ကျင့်ခန်းလုပ်တာ၊အလုပ်လုပ်တာ စသဖြင့်လုပ်တဲ့အခါမှာ အရင်လိုအမောဖောက်တာမျိုးမရှိဘဲ အမောခံနိုင်လာပါမယ်။..
👉၃လအကြာမှာ
အမျိုးသားတွေဆိုရင် သုက်ထုတ်လုပ်မှုတွေပုံမှန်ပြန်ဖြစ်လာပြီး သုက်ကောင်အရေအတွက်တိုးလာပါမယ်။အမျိုးသမီးတွေအနေနဲ့လည်း သန္ဓေအောင်နိုင်ခြေပိုများလာပါမယ်။.
👉၄လကနေ ၉လအကြာမှာ
သင့်ရဲ့အဆုတ်ဟာ အတော်အသင့် ပြန်လည်ကောင်းမွန်တဲ့အဆင့်ကိုရောက်ပြီဖြစ်တဲ့အတွက် ချောင်းဆိုးတာ၊နှာပိတ်တာ၊အသက်ရှုမဝတာ၊မောပန်းတာတွေလျော့နည်းလာပြီး လေပြွန်ကျဉ်းခြင်းနဲ့တခြားအသက်ရှုလမ်းကြောင်းဆိုင်ရာပြသာနာတွေလည်းလျော့ပါးသက်သာလာပါမယ်။.


07/03/2022

တစ်ဗူး ၆၅၀၀၀ နဲ့

တစ်ဗူးဝယ်တစ်ဗူးလက်ဆောင်နဲ့ 

ဘာကွာလဲ Video လေးကိုသေချာကြည့်ပေးပါ။

💮ခြေထောက်တွေ ဖောရောင်နေရတဲ့အကြောင်းရင်း💮⏭ခြေထောက်လေးတွေခဏတာဖောနေခြင်းဟာငန်တဲ့အစားအစာတွေစားခြင်းနှင့်အကြာကြီးမတ်တပ်ရပ်နြေ...
23/02/2022

💮ခြေထောက်တွေ ဖောရောင်နေရတဲ့အကြောင်းရင်း💮
⏭ခြေထောက်လေးတွေခဏတာဖောနေခြင်းဟာငန်တဲ့အစားအစာတွေစားခြင်းနှင့်အကြာကြီးမတ်တပ်ရပ်နေခြင်းတို့ကြောင့်ဖြစ်ပါတယ်.ဒီအချက်တွေကြောင့်မဟုတ်ဘဲဖောရောင်နေတယ်ဆိုရင်တော့အောက်ပါအချက်တွေကြောင့်ဖြစ်ပါတယ်
1. သွေးပြန်ကြောစွမ်းဆောင်ရည်ကျဆင်းခြင်း⏮⏮
⏭ခြေထောက်ရှိသွေးပြန်ကြောတွေကောင်းကောင်းအလုပ်မလုပ်နိုင်ပါကသွေးတွေကောင်းစွာစီးဆင်းနိုင်မှာမဟုတ်တော့တဲ့အတွက်ခြေထောက်နှင့်ခြေကျင်းဝတ်တွေမှာသွေးတွေစုနေတတ်ပြီးခြေထောက်တွေဖောရောင်စေပါတယ်
2. နှလုံးပြဿနာ⏮⏮
⏭နှလုံးပြဿနာကြောင့်သွေးများကိုကောင်းစွာမညစ်နိုင်တဲ့အခါခြေထောက်နှင့်ခြေကျင်းဝတ်တွေဆီမှာသွေးတွေစုပုံနေတတ်ပါတယ်။ဒါကြောင့်သင့်ခြေထောက်လေးတွေဖောရောင်နေတာပါ
3. ကိုယ်ဝန်ရှိခြင်း⏮⏮
⏭သားအိမ်ထဲတွင်သန္ဓေသားလေးရှိနေခြင်းကြောင့်ဝမ်းဗိုက်ရှိသွေးပြန်ကြောတွေကိုဖိမိနေတတ်ပါတယ်။ဒါကြောင့်သွေးတွေကခြေထောက်နဲ့ခြေကျင်းဝတ်မှာစုပုံနေတတ်ပြီးဖောရောင်လာစေပါတယ်။ကိုယ်ဝန်ဆိပ်တက်နဲ့အမျိုးသမီးတွေဆိုပိုပြီးဖောရောင်နေတတ်ပါတယ်
💢 ဘယ်လိုလူတွေဖြစ်တတ်ကြလဲ❓
⏭အငန်ကြိုက်တဲ့သူ
⏭ အထိုင်များသူ
⏭အ၀လွန်သူတွေမှာလည်း သွေးလှည့်ပတ်မှုအားနည်းရာကနေ ခြေထောက်များဖောရောင်နေတတ်ပါတယ်✔️
⚜️ မူရင်းရေးသားသူ ⚜️

ဥပုသ်စောင့်သော ကျောက်ကပ်- ဟုတ်ပါတယ်ည ၆နာရီကျော်ရေများများမသောက်ပါနဲ့ကျောက်ကပ်အရမ်းအလုပ်လုပ်ရပါတယ်လို့တော့သိရပါတယ်ဆရာ (မှ...
16/02/2022

ဥပုသ်စောင့်သော ကျောက်ကပ်

- ဟုတ်ပါတယ်ည ၆နာရီကျော်ရေများများမသောက်ပါနဲ့ကျောက်ကပ်အရမ်းအလုပ်လုပ်ရပါတယ်လို့တော့သိရပါတယ်ဆရာ (မှားတယ်။)
- မဖြစ်နိုင်တာ အမေရ။ ရေများများသောက်မှ ကျောက်ကပ်က စားထားတဲ့ဟာတွေ ဆီးအဖြစ်နဲ့ စွန့်ထုတ်တာပါ ကျနော့်အမြင်ပါနော် (မှန်တယ်။)

ရေကို ရန်ရှာသူတွေက များတယ်။
မတ်တတ်ရပ် မသောက်နဲ့ဆိုသူတွေက တမျိုး။
ရေးအေး ကောင်းတယ် မကောင်းပြောသူတွေက တမျိုး။
ရေနွေး ကောင်းတယ် မကောင်းပြောသူတွေက တမျိုး။
ရေသန့် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောသူတွေကတမျိုး။

၆ နာရီကျော်ရင် ရေမသောက်နဲ့ဆိုတော့ အခုမွ အော် ကျောက်ကပ်လည်း ဥပုသ်စောင့်ပါလားလို့ သိတော့တယ်။

ကျွန်တော်ကတော့ မနက်လင်းကနေ ညအိပ်တဲ့အထိ ရေအေးဖြစ်ဖြစ် ရေနွေးဖြစ်ဖြစ် ရေသန့်ဖြစ်ဖြစ် သောက်တယ်။ ထိုင်လည်းသောက်၊ ရပ်လည်းသောက်၊ ကားပေါ်မှာလည်းသောက်၊ လေယာဉ်ပေါ်မှာလည်း သောက်ပါတယ်။ အခုထိ ကျောက်ကပ်နှစ်လုံးက မြန်မာပြည်မှာနေစဉ်ကလိုဘဲ။

ဒေါက်တာတင့်ဆွေ

15/02/2022

အစစ်/ အတု

· 📿ဒီလို အချိန် မှာ အဆုတ်ကောင်း နေဖို့က အရေးကြီး ဆုံးပါ📿.🍒အဆုတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးပါဆုံး ကိုယ်တွင်းအင်္ဂါတွေထဲမှာ ပါဝင်ပါ...
09/02/2022

·
📿ဒီလို အချိန် မှာ အဆုတ်ကောင်း နေဖို့က အရေးကြီး ဆုံးပါ📿.
🍒အဆုတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးပါဆုံး ကိုယ်တွင်းအင်္ဂါတွေထဲမှာ ပါဝင်ပါတယ်။ အများအားဖြင့် အသက်အရွယ် ကြီးရင့်လာချိန်မှာ အဆုတ်ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အသက်ရှူဖို့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အသက်သေဆုံးသည်အထိ အလုပ်လုပ်နေတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေနိုင်တဲ့ နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ရပါတယ်။.
✨ ပေါ့ပေါ့ပါးပါးနေပါ..
▪️ကိုယ်ရောစိတ်ပါ ပေါ့ပါးနေဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ်သွယ်လျတာကိုပဲ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး တက်ကြွစွာနေထိုင်ဖို့ အရေးကြီးပါတယ်။ သာမန်အချိန်မှာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တဲ့ အဆုတ်တွေဟာ အရေးပေါ်အခြေအနေမှာ အသက်ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ပါဘူး။ လိုအပ်ချိန်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ အဆုတ်တွေ ကောင်းမွန်ဖို့ လိုပါတယ်။.
✨ လေဆိုးလေညစ်ကို ရှောင်ပါ.
▪️အဆုတ်ကို ဒုက္ခပေးနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ ဆေးလိပ်ငွေ့၊ ဖုန်မှုန့်၊ ကားအိပ်ဇောနဲ့ စက်ရုံထွက် ဓာတ်ငွေ့တွေဟာ အဆုတ်ကို များစွာ ထိခိုက်စေပါတယ်။ အတတ်နိုင်ဆုံး ရှောင်ရှားပြီး ကျန်းမာရေးကို ဂရုစိုက်ပါ။ ဒီအရာတွေဟာ လတ်တလော ဒုက္ခပေးမယ့်ပုံ မပြပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာပါ။.
✨ လေ့ကျင့်ခန်းလုပ်မည့် နေရာကို သေချာရွေးချယ်ပါ.
▪️နေရာတိုင်းဟာ လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်ပါဘူး။ ကိုယ်နဲ့သင့်တော်တဲ့ နေရာကို သေချာရွေးချယ်ပြီး လေ့ကျင့်ပါ။ လူမထူထပ်ဘဲ လေကောင်းလေသန့်ရနိုင်တဲ့ နေရာတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးပါပဲ။ မှန်ကန်တဲ့နည်းလမ်းနဲ့ လေ့ကျင့်ခန်းလုပ်တာဟာ အဆုတ်ကို ပိုမိုသန်မာစေပြီး အမောခံနိုင်စေပါတယ်။.
✨အသက်ဝဝ ရှူပါ.
▪️လေကောင်းလေသန့်ရတဲ့နေရာတွေမှာ အသက်ကို ဝဝရှူပါ။ ရှူသွင်းလိုက်တဲ့ လေကို အပြည့်အဝ ခံစားပြီးမှ ရှူထုတ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ အခွင့်အရေး မရှိရင်တောင် အသက်ကို ဝဝရှူဖို့တော့ သတိရပါ။ အားလပ်ချိန်မှာ ဝင်လေထွက်လေကို သတိပြုကြည့်ပါ။.
✨သက်တောင့်သက်သာ အလုပ်လုပ်ပါ.
▪️မိမိအတွက် အဆင်ပြေမယ့် လုပ်ငန်းခွင်ကို ဖန်တီးပါ။ လုပ်ငန်းခွင် အဆင်မပြေမှုဟာ စိတ်ကိုရော၊ ကျန်းမာရေးကိုပါ များစွာထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှုများလာရင် အသက်ရှူနှုန်း မမှန်တော့ပါဘူး။ လုံလောက်တဲ့ အောက်စီဂျင် ရှူမသွင်းနိုင်တဲ့ အဆုတ်ဟာ ဘယ်လိုမှ ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။.
✨ ရေများများ သောက်ပါ.
▪️နည်းနည်းတော့ ထူးဆန်းနေနိုင်ပါတယ်။ ရေများများ သောက်ပေးတာဟာ လုံလောက်တဲ့ ရေဓာတ်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ခြောက်သွေ့နေတာဟာလည်း ရောဂါတွေ ဝင်ရောက်ဖို့ အခွင့်အလမ်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အချိန်တွေမှာ မသိသာနိုင်ပေမယ့် ရောဂါပိုးဝင်ရောက်လာချိန်မှာတော့ ကျန်းမာတဲ့ အဆုတ်က အများကြီး ခံနိုင်ရည်ရှိပါတယ်။.
✨သင့်တော်တဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ.
▪️ပြင်းပြင်းထန်ထန်လုပ်တိုင်း အကျိုးရှိတယ်လို့ မဟုတ်ပါဘူး။ အားမသုံးဘဲ ပုံမှန်လမ်းလျှောက်တာလည်း ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ အဓိက က သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်နေဖို့ပါပဲ။.
✨ပုံမှန် ဆေးစစ်မှုခံယူပါ.
▪️ကျန်းမာနေချိန်မှာလည်း ပုံမှန်ဆေးစစ်ပါ။ အသက်ရှူလမ်းကြောင်းဟာ အရေးအကြီးဆုံးပါ။ ရောဂါကြီးထွားမှု မရှိသေးခင်မှာ တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ .
🍒ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။


#မျှဝေသူ_Ma_Nilar_Htun

ကျောက်ကပ်အတွက်`ထာဝရေဆး အုန်းစိမ်းရည်းနင့်ကျောက်ဖရုံယ်ို                                                                 ...
03/02/2022

ကျောက်ကပ်အတွက်`ထာဝရေဆး အုန်းစိမ်းရည်းနင့်ကျောက်ဖရုံယ်ို
ဖန်ခွက်ထဲကို အုန်းစိမ်းရည်ထည့်၊ပြီးရင်
ကျောက်ဖရုံယိုတစ်တောင့်ထည့်စိမ်ထားလိုက်ပါ
တစ်နာရီကျော်လောက် စိမ်ထားရင်ရပါပြီ၊
အရည်လည်းသောက် အဖတ်လည်းစား၊
အဲဒါဟာကျောက်ကပ်အတွက် ထာဝရေဆး
ကျောက်ကပ် အမြဲတန်းကောင်းချင်ရင်
တစ်ပတ်တစ်ခါလောက် သောက်ပေးပါ
ကျောက်ကပ် မကောင်းတော့ဘူးဆိုရင်
တစ်ပတ် ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆောင်/ရှောင်
- ထုံးဓာတ်များတဲ့ရေကိုရှောင်ခြင်း
- အက်စစ်ဓာတ်များတဲ့အစားအသောက်ကိုလျှော့စားခြင်း
- အယ်ကာလီများတဲ့အစားအသောက်ကိုပိုစားခြင်း
- အသီးအရွက်မစားတဲ့အကျင့်ကိုပြုပြင်ခြင်း
- အနီရောင်အသားကိုသင့်ရုံသာစားခြင်း
- အသားထက်အဆီကနေကယ်လိုရီပိုရယူခြင်း
- ဝမ်းမချုပ်အောင်လေ့ကျင့်ခြင်း
- ချေွးထွက်အောင်ပြုလုပ်ပေးခြင်း
- သွားနှင့်ခံတွင်းကိုအမြဲသန့်ရှင်းနေစေခြင်း
- ကိုယ်လက်လှုပ်ရှားမှုများစေခြင်း
- ည၁၀နာရီအိပ်ယာဝင်ခြင်း
- အရက်သေစာမူးယစ်ဆေးဝါးရှောင်ရှားခြင်း
- အနားယူပေးခြင်း
- သင့်ရုံသာစားသောက်ခြင်း
- အစာကိုကြေညက်အောင်ဝါးစားခြင်း
- ဓာတုဆေးဝါးများကိုလိုအပ်မှသောက်ခြင်း
- ကွမ်းယာ၊ဆေးလိပ်သုံးစွဲမှုမများစေခြင်း
- ဆိုဒီယမ်ပါသောအစာများလျှော့စားခြင်း
- ပန်းရောင်ကျောက်ဆားသုံးခြင်း
- သွေးတိုးစာများလျှော့စားခြင်း
- မနက်စောစောစာကိုပြည့်စုံစွာစားခြင်း
- ရေသောက်မနည်းစေခြင်း
- နေရောင်ခြည်ခံပေးခြင်းတွေပဲဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင် လက်တွေ့သောက်သုံးပြီး
မူလတင်ပြသူ ဆရာသမား၏ ဆေးနည်းကို
တဆင့်ပြန်လည်မျှဝေ ကုသိုလ်ပြုပါတယ်ခင်ဗျာ

ဦးမြကြိုင်း
ရေးသားမှုကိုကူးယူဖြေပြလိုက်ပါတယ်

Omicron ကာကွယ်ဆေး ၂ ခါထိုးပီးသားသူလည်းကူးစက်ပါတယ်။ ခံစားရတဲ့ဝေဒနာကိုပြောပြရရင်... ရုတ်တရက် ကူးစက်ထားမှန်း မသိရပါဘူး။ ဒါေ...
26/01/2022

Omicron
ကာကွယ်ဆေး ၂ ခါထိုးပီးသားသူလည်းကူးစက်ပါတယ်။ ခံစားရတဲ့ဝေဒနာကိုပြောပြရရင်...
ရုတ်တရက် ကူးစက်ထားမှန်း မသိရပါဘူး။ ဒါကြောင့် ကူးစက်လွယ်တယ်ထင်ရပါတယ်။
ကူးစက်တယ်လို့ယူဆရတဲ့နေ့ရဲ့ ၂ ရက်မြောက်နေ့ကနေ လည်ချောင်းသေအောင်နာပါတယ်။ ငါးရိုးအကြီးကြီးဆူးနေသလိုပဲဗျ။ တံတွေးမျိုချရမှာကြောက်နေရတယ်။
နှာရည်အကြည်ရောင်က တောက်လျှောက်ကျလာပါတယ်။
ချောင်းတွေဆိုးလာပါတယ်။
နားကောင်းကောင်းမကြားရပဲ အူနေပါတယ်။
ထုံထိုင်းပြီးမျက်ခွံတွေလေးပြီး မလှုပ်ချင်ဘူး။
အားအင်ကုန်ခမ်းနေပါတယ်။
လူကမသောက်ပဲမူးနေတယ်။
ပါးစပ်အရသာပျက်နေပါတယ်။
အောက်စီဂျင်မဝဘူး ... အိပ်နေရင်း အရမ်းအသက်ရှုကြပ်ပါတယ်။
ကျွန်တော်က အဖျားနဲ့ ကိုယ်ပူချင်းလုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကြားသိရသလောက် အခြားအမျိုးသားတွေလဲ ကိုယ္မပူဘူး။
အမျိုးသမီးတွေကကျတော့ အတော်လေးကို အပူချိန်ကြိးကြီးနဲ့ ညေတြမွာ အဖျားတက်တယ်ပြောကြပါတယ်။
ဂ်ပန္က ဆရာဝန်ပြောပြချက်အရ ဒီ Omicron ဟာ လေထဲကနေ ကူးတာမို့ Mask မပါပဲ တစ်မီတာအတွင်း ၁၅ မိနစ်ကြာ စကားပြောတာနဲ့ ကူးပါတယ်တဲ့။
Mask တပ်ထားမယ်ဆိုရင် အတော်ကာကွယ်နိုင်တယ်။အိမ်ထဲမှာ အတူတူရှိနေရင်တော့ မိသားစုချင်းဆို ကူးပါတယ်တဲ့။
ကူးပြီဆိုတာနဲ့ self quarantine ၁၀ ရက်ဝင်ရပါမယ်တဲ့လေ။
ကိုဗစ်ဆေးရယ်လို့ သီးသန့်မသောက်ရပါဘူး။ ချောင်းဆိုးသက်သာအောင်၊ လည်ချောင်းနာ သက်သာအောင် သာမာန် အဖျားပျောက်ဆေးလောက်ပဲ သောကါရပါတယ်။
ဂျပန်မှာတော့ အတတ်နိုင်ဆုံး ၁၀ ရက်အပြင်မထွက်စေပါဘူး။ စားသောက်ဖို့အတွက် ဈေးဝယ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ public transportation မသုံးရ။ အမ်ားသုံး အိမ်သာမသုံးရ။ လူတွေနဲ့ မလိုအပ်ပဲ စကားမပြောရပါဘူး။
လူရှင်းတဲ့ပန်းခြံလိုနေရာတွေမှာ လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။
စဖြစ်တဲ့နေ့ကနေ ၃ ရက်လောက် အလူးအလဲ ခံရပြီးရင် အတော်သက်သာလာပါတယ်😇
အားလုံး ဂရုပြုကြပါနော်။
စေတနာဖြင့် ဝေဒနာရဲ့အကြောင်းကို မျှဝေခြင်းသာဖြစ်ပါတယ်။ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။
ကြည်ချမ်းငြိမ်း (day 5)
Tokyo, Japan
၂၀.၁.၂၀၂၂
Photo credit from internet

Address

No, 9 Yaw Min Gyi Street
Dagon
11191

Alerts

Be the first to know and let us send you an email when Ko Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ko Zaw:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram