07/01/2023
ဆေးပညာ ဗဟုဿုတ ( ၁၉ )
ကျောက်ကပ်အထူး သီးသန့်
ဆေးနည်း ၁
#ကျောက်ကပ်ရောဂါအတွက်အစွမ်းထက်သောမြန်မာတိုင်းရင်းဆေးစွမ်းကောင်း
ကျောက်ကပ်ရောဂါဖြစ်ခဲ့စဉ်က . . . . လွန်ခဲ့သော ၁၉၇၉ ခုနှစ် သြဂုတ် ၂၄ ရက် (သောကြာနေ့)တွင် ရန်ကုန်မြို့ရှိ ဒေါက်တာခင်မောင်င်း(M.B.B.S,H.R.C.P.D.CHD.T.M-8)ဦးစီးသော (အပူပိုင်းဆိုင်ရာရောဂါကုဌာန)အဆောင် ၁၉/၂၀ အခန်းနံပါတ် ၁၅၊ ခုတင်နံပါတ်-၆ ၌ တစ်လတိတိ (ကျောက်ကပ်အမြှေးရောင်)ရောဂါခံစားရသဖြင့် တက်ရောက်ကုသခဲ့ပါသည်။
ပရယ်နီဆလုံးနှင့် လဒ်စ်ဆစ်ဆီးဆေးများ ဆရာဝန်ညွှန်ကြားချက်အတိုင်းစားခဲ့ရာ ရက်ကြာလာသဖြင့် အသားအရေဖောသွပ်သွပ်ဖြစ်ကာ လက်ချောင်း ခြေချောင်းများ တစ်ချောင်းနှင့်တစ်ချောင်းကပ်သောရောဂါများပါ ထပ်ဆင့်ခံစားခဲ့ရပါသည်။ ထိုစဉ်က ဆေးတစ်ကပ်လျှင် ကျပ် ၁၀၀၀၀ ပေးရသော နိုင်ငံခြားဆေးကိုမှာပြီးစားသော်လည်း မသက်သာခဲ့ပါချေ။ ဆေးရုံက ကျွန်တော်၏ နောက်ကျောကိုဖောက်ပြီး ကျောက်ကပ်အသားစ အနည်းငယ်ယူပြီး စမ်းသပ်၍ကြည့်လိုကြောင်းပြောရာ မိမိကလက်မခံသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နောက်ခြောက်လပြည့်လျှင်သေဆုံးမည်ဖြစ်ကြောင်းမှတ်ချက်ပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကလက်မခံပဲ မကွေးဆေးရုံသို့လွှဲပြောင်းပေးခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ၁၉၇၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်(စနေနေ့)တွင် ဆေးရုံမှဆင်းခဲ့ရပြီး မကွေးတိုင်းဆေးရုံကြီးသို့တက်ခဲ့ရသည်။ မကွေးဆေးရုံကြီးသို့ရောက်သောအခါ ကျွန်တော်၏ကိုယ်ခန္ဓာမှာ ပီပါကြီးလောက်ရှိပြီး ပေါင်နှစ်လုံးမှာ ယခင်သာမန်ကိုယ်ခန္ဓာမျှလောက် ကြီးနေပါပြီ။ အင်္ကျီနှင့်လုံချည်ဝတ်၍မရသဖြင့် ကိုယ်လုံးတည်းနေရပါတော့သည်။ ကျွန်တော်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မရောင်သည့်နေရာဟူ၍ မရှိတော့ပါ။ ခြေသလုံး၊ ပေါင်နှင့်လက်မောင်းတို့မှာ အရည်တွေရွှဲနေပြီး လက်ဖြင့်ထိလျှင်ပြုတ်ကျတော့မယောင်၊ ပဲ့ကျတော့မယောင် ဖြစ်နေခဲ့သည်။ ရင်တွေကျပ်ပြီး အသက်ရှူမဝ ဖြစ်နေသည်။ မကြာခဏ အိပ်ချင်ပြီး ဘာစားစား မဝဘဲဖြစ်နေသည်။
မကွေးဆေးရုံ ၌ နှစ်လကြာသောအခါ ဆေးရုံအုပ်ကြီးဖြစ်သူက.....
"ခင်ဗျားနောက်နှစ်လဆိုရင်သေတော့မယ်။ စားချင်တာစားတော့ မရတော့ဘူး"
ဆိုပြီး ဆေးရုံမှ ဆင်းခွင့်လက်မှတ်ပေးလိုက်၍ ဆေးရုံမှ (သေလူ)အဖြစ်ဆင်းခဲ့ရပါသည်။ ကျွန်တော်၏ကျောက်ကပ်ဓါတ်မှန်ကိုကြည့်လိုက်သောအခါ (Nephrotic Sydrome) ခန္ဓာကိုယ်တစ်ခုလုံးဖောရောင်စေသော ကျောက်ကပ်ရောဂါလက္ခဏာစုကိုတွေ့ရသည်။
ကျွန်တော်၏ကျောက်ကပ်ကိုဖျက်ဆီးလိုက်သည့် တရားခံမှာ [Group(A)Haemolytic Streptococci] အရေပြားပိုးဝင်ခြင်း ကြောင့်ဖြစ်သည်။ ပီပါကြီးလောက်ကြီးနေသော ကိုယ်ခန္ဓာကြီးကို မသယ်နိုင်တော့သဖြင့် သေမည့်ရက်ကိုစောင့်ရင်း အိပ်ရာထဲ ၌ နောက်ကျောတွေ အပူလောင်ပြီး အနာများဖြစ်လာသည့်တိုင် တုံးလုံးလှဲ၍ မအိပ်ချင်လည်းအိပ် အိပ်ချင်လည်းအိပ်နေခဲ့ရသည်။ မြန်မြန်သေလျှင် အေးရောဆိုပြီး စိတ်ကိုတုံးတုံးချကာ လူနာလာမေးကြသော အပါင်းအသင်းမိတ်ဆွေများကို ရယ်စရာများပြောပြီးဧည့်ခံကာ မြန်မြန်နှစ်လပြည့်ပြီး သေပါတော့ဟုပင်ဆုတောင်းနေမိသည်။
တစ်နေ့တွင် ကျွန်တော့်ဇနီးက"ယောက်ျားရေ ရှင်တိုင်းရင်းမေဂျာနယ်မှာရေးထားတဲ့ ကိုယ်ဖောကိုယ်ရောင်ပျောက်ဆေး ဆောင်းပါးဖတ်ရလို့၊ အဲဒီဆေးကလေးဖော်ခဲ့တယ်။ ရော့ စားကြည့်စမ်း" လို့ပြောပြီးကျွေးလို့ ကျွန်တော်လည်းပျောက်လိုပျောက်ငြားဆိုပြီး ယင်းဆေးကို တဝကြီးယူစားလိုက်ပါသည်။ ကံကောင်းချင်တော့ ယင်းဆေးစားပြီး တစ်ညအိပ်ပြီးနောက်နေ့မှာ လူကောင်းပကတိဖြစ်ခဲ့ရပါသည်။ ရောဂါဖြစ်နေစဉ်က ကျွန်တော့အသက်က(၃၇)နှစ်ပဲရှိပါသေးသည်။
ကျွန်တော်ယခုဆောင်းပါးရေးနေသည်က ၁၃.၆.၂၀၁၆ ဆိုတော့အသက်(၇၈)နှစ်ထဲရောက်နေပါပြီ။ သန်သန်မာမာဖြင့်လမ်း(၄၀)က စာရေးဆရာများစုဝေးရာ လေအန်ကုန်းကိုလည်း အင်္ဂါနဲ့သောကြာနေ့များတွင် ဆရာမကြီးဒေါ်မာလာသိန်း ကုသိုလ်လုပ်သမျှ အစားအသောက်များကို ဘာမျှမရှောင်ဘဲ စားနေမိပါသည်။ ကျွန်တော်စားခဲ့သည့်ဆေးအကြောင်းကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှာ ရေးလိုက်ရာ ကျွန်တော်နှင့်ရောဂါတူသည့်လူနာများ၏အကူအညီတောင်းမှုကြောင့် ဆေးဖော်ပြီးပို့ခဲ့တာ အားလုံးပျောက်ကြသည်။ ယခုခေတ်မီလာ၍ ကျောက်ကပ်သွေးသစ်လဲသည့်စက်ကြီးများရောက်လာပြီး သွေးသစ်လောင်းကြရာမှာ အိမ်တွေ၊ ခြံတွေ၊ တိုက်တွေ၊ ကားတွေပြုတ်ပြီး ကျောက်ကပ်ဆေးရန် ငွေမရှိပါက သေကြရပါတော့သည်။ တချို့ရောဂါသည်များက တစ်ဆင့်စကားတစ်ဆင့်ကြားပြီး ကျောက်ကပ်ဆေးနေရင်းက ကျွန်တော့်ထံအကူအညီတောင်းကြရာမှာ ဆေးစားပြီး ရောဂါပျောက်၍ အသက်ရှင်နေကြသည်။ တချို့လူများက တိတုင်းရင်းမြန်မာဆေးကို မယုံကြည်ကြ။ အေ၏၏အသေခံသွားကြတာတွေ့ရသည်။ မယုံသည့်လူကိုအပြစ်မပြောလိုပါချေ။ ဆေးက ငွေမကုန်ဘူး။ ဖော်ရလို့လည်းလွယ်သည်။ ဤဆေး၏တန်ဖိုးကိုအထင်သေးကြသည်။ ယုံကြည်ကြသူများအတွက် ဆေးနည်းကလေးညွှန်းပြုပါရစေ။ အရေးအကြီးဆုံး သိထားရမည့်အချက်က ကျောက်ကပ်ရောဂါက ဝက်သား၊ မုန့်ဟင်းခါး၊ ကြက်ဥ၊ ဘဲဥ၊ ငါးသလောက်၊ ငါးတန်၊ ဆားနှင့်ငါးပိ၊ အထူးသဖြင့် စားအုန်းဆီ၊ ဝက်ဆီနဲ့ကြော်ထားသည့်ခေါက်ဆွဲကြော်မတည့်ဘူး။ တစ်နှစ်၊ နှစ်နှစ် ရှောင်ရမည်။ အချိုရည်ပုလင်းများ၊ အချိုရည်သံဘူးများသောက်ပါက မြေကြီးမှာ လက်ခတ်မလွဲသေချာ။
ဆေးအမည်(အမယ်)နှင့် ဆေးဖော်နည်းကို ပြောရပါလျှင်-
(၁) ဖလုမတောင်ဝှေး(ခ)ဘီလူးမတောင်ဝှေး(ခ)ရွှေတံတိုင်းပန်းပင်။
(၂) ရှားစောင်းလက်ပပ်
(၃) ကြက်သွန်အနီ
(၄) မန်ကျည်းသီးအမှည့်(နှစ်ချို့)
(၅) ထန်းလျက်အမည်း(အရက်ချက်သည့်ထန်းလျက်)
(၆) စမုန်မျိုးငါးပါးနှင့်ဆားသင့်တင့်ရုံတို့ဖြစ်ပါသည်။
ပထမ ဖလုမတောင်ဝှေး၊ ကြက်သွန်နီ၊ ရှားစောင်းလက်ပပ် တို့ကို နုပ်နုပ်စဉ်းပြီး နူးနပ်သွားအောင် အားလုံးရောကျိုလိုက်ပါ။ နူးသွားသည့်အခါ ကျေညက်သွားအောင် ထောင်းပါ။ မန်ကျည်းသီးမှည့်ကို ရေစိမ်ပြီး အနှစ်တိုက်ယူ။ အဲဒီ့မန်ကျည်းသီးမှည့်နှင့် ထောင်းထားသည့်ဆေးများရောနယ်၊ ယင်းသို့နယ်သည့်အခါမှ စမုန်မျိုးငါးပါးနှင့်ဆားသင့်တင့်ရုံထည့်ပြီး ရေခန်းအောင် ထပ်ပြီးကျိုချက်လိုက်ပါ။ ထန်းလျက်ကိုမူ ကြွက်မြီးတန်းအောင်ကျိုပြီး ကြွက်မြီးတန်းသွားပြီဆိုပါက အထက်ကဆေးများနှင့်ရောမွှေလိုက်။ ဒါဆို ကျောက်ကပ်ရောဂါပျောက်ဆေးပြီးသွားပြီ။
စားသုံးရမည့်နည်းမှာ ကလေး၊ လူကြီး ထမင်းစားဇွန်း(စတီးဇွန်းဖြင့်) တစ်နေ့သုံးကြိမ်စားပါ။ နံနက်အိပ်ယာထ တစ်ကြိမ်၊ နေ့လယ်ထမင်းစားပြီးတစ်ကြိမ်၊ ညအိပ်ယာဝင် တစ်ကြိမ် စားပါ။ ဆေးစားပြီးတိုင်းရေဝအောင်သောက်ပါ။ ဆေးနှင့်ပတ်သက်၍ မရှင်းသည်များရှိပါက ဖုန်း-၀၉၃၃၀၇၈၄၄၉ နှင့် ၀၉-၃၃၀၇၅၁၈၄ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြပါ၏။ မိသားစုဖျော်ပေးသည့် သံပရာရည်၊ ရှောက်ရည်ကိုသောက်ပါ။ ဆိုင်ဖျော်မသောက်ပါနှင့်။ ရေချိုးပါက ဆီးကို အရင်မသွားနှင့်။ ရေသုံးလေးခွက်ချိုးပြီးမှ ဆီးသွားပါ။ ရေမချိုးမီ ရေအဝသောက်ပါ။ ရေမချိုးမီ ဆီးသွားလိုက်ပါက (ဆီးအိမ်)ထဲမှာ ရေခံမရှိဖြစ်ပြီး ရေလောင်းချိုးလိုက်ပါက ခန္ဓာကိုယ်ထဲက အငွေ့တွေ ဆီးအိမ်ကို သွားရိုက်ပြီး (ပူချစ်နေတဲ့၊ မီးရဲရဲတောက်နေတဲ့မီးသွေးခဲကို ရေလောင်းလိုက်သလို ရှဲကနဲ အငွေ့ပူတွေထွက်သလိုဖြစ်ပြီး)ကျောက်ကပ်ကိုပျက်စီးနိုင်ပါတယ်။ ဤသည်ကို လိုက်နာရှောင်ကြဉ်ပြီး ယင်းဆေးကို ပုံမှန်စားမည်ဆိုပါက "ကျောက်ကပ်ရောဂါကြောက်စရာ မဟုတ်တော့ပါဘူးခင်ဗျာ"
"ရောဂါနဲ့ဆေး တွေ့အောင်ပေး၊ ကုရေးမခက်ပါ"
သဗ္ဗေ၊ အနိစ္စ၊ သင်္ခါရ။
ရေးသူ-
မကွေးညိုစိမ့် ၂-၈-၂၀၁၆ (အင်္ဂါနေ့)ထုတ် စံတော်ချိန်နေ့စဉ်
**********************************************
ဆေးနည်း ၂
အသည်းနဲ့ကျောက်ကပ် ကြိုက်တာလာ ငယ်နိုင်လို ပျောက်စေတဲ့ ဆေးစွမ်းကောင်း ဆင်နှာမောင်းပင် "
"
" ဆေးပင်ကြို ပုံ "
၁။ ဆင်နှာမောင်းပင် ၄ / ၅ ပင်ခန့် ကို ( အရွက်၊ အရိုး၊ အမြစ် ပါမကျန် )
ရေ သေချာစွာဆေးပါ။
၂။ ရေဆေးပြီးသား ဆင်နှာမောင်းပင်ကို ဓားဖြင့် နှုတ်နှုတ်စဉ်းပါ။
၃။ ထိုနောက် မြေအိုးထဲတွင် ရေသင့်တင့်ရုံ ထည့်ပြီး ၃ ခွက် ၁ ခွက် တင်အောင်
မီးသွေးမီးဖိုဖြင့် ကျိူပါ။ ( ထန်းလျက် ၃ ခဲ ခန့် ထည့်ကျိူ ပါက ဆေးသောက်ရတာ
ပိုပြီးအဆင်ပြေပါတယ်။ အာနိသင်လည်း ပိုရှိပါတယ်)
၄။ ကျိူ ပြီးသား ဆေးရည်ကို အချိန်အနည်းငယ်မျှကြာအောင် အအေးခံပါ။
၅။ ခပ်နွေးနွေးလေး ဖြစ်သောအခါ မနက် ၁ကြိမ် ည ၁ကြိမ် သောက်ပါ။
"မိတ်ဆွေ၏အသည်းနဲ့ ပတ်သက်သော ရောဂါ၊ ကျောက်ကပ်နှင့် ပတ်သက်သော ရောဂါကို ငွေကုန်ကြေးကျ မရှိပဲ သက်သာပျောက်ကင်းနိုင်ပါပြီ။"
ပုံပါအပင်က အခုမြင်နေရသော ကျနော် သမီးငယ်လေး
ရဲ့ကယ်တင်ရှင်ဆေးပင်လေးပါ။
အပင်နာမည်ကဆင်နှာမောင်းပင် နားကပ်ပင်လို့လည်း
ခေါ်ပါတယ် ။
သမီးလေ ၂၀၁၅ း၂၀၁၆.ခုနှစ် ပညာတက္ကသိုလ်ပညာ
သင်နှစ်နဲ့ ၂၀၁၆ း ၂၀၁၇ ပညာသင်နှစ်တွေမှာကျောက်ကပ်ဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲဆေးခန်းဆေးရုံး အထူကုတွေနဲ့အချိန်ကုန်ခဲ့ပါတယ်။
ယခုပုံပါအပင်ဖြစ်တဲ့ ဆင်းနှာမောင်းပင်အား မြန်မာဆေးဆရာက အပင်နုတ်.ရေဟြေင်အောင်ဆေး၍ ပဉ္စ ငါးပါးပြုတ်၍ သောက်ခိုင်းခဲ့ရာ
ရောဂါသည် လုံးဝပေါက်ကင်းသက်သာပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါတယ်။
မိဘပြည်သူတွေလည်း ဤဆေးပင်လေးအကြောင်း သိအောင်နှင့်ဆေးစွမ်းလေးအကြောင်း တင်ပြပေးလိုက်ပါတယ်။
ကျောက်ကပ်နဲ့ပတ်သတ်လျှင် အထူးကောင်းကြောင်း
ကိုယ်တွေ့ခံစားရလို့မျှဝေးပေးလိုက်တာပါ။
Aung
************************************************
ဆေးနည်း ၃
ကျောက်ကပ်ကျောက်တည်သူများကျောက်ကပ်ကျောက်တည်သူများ
ဆီးလမ်းကြောင်းကျောက်တည်သူများအတွက်
မြန်မာ့ဆေးနည်းတစ်ခု*
ဓါတ်ပုံမှာပါတဲ့ဆေးပင်ကလေးဟာ လမ်းဘေး
သို့မဟုတ် ကွင်းပြင်တွေမှာပေါက်ရောက်တတ်ပါတယ်။
အဲဒီအပင်လေးကိုဟင်းနုနွယ်ဆူးပေါက်လို့ဆေးပညာ
စသင်ပေးခဲ့တဲ့အဖိုးကပြောပြပါတယ်။
သည်အပင်လေးဟာ ဟင်းနုနွယ်မျိုးနွယ်ပါပဲ ဒါပေမဲ့
သူရဲ့ထူးခြားချက်ကဆူးကလေးတွေပါနေတာပါ။
ကျနော့ကိုဆေးပညာသင်ပေးခဲ့တဲ့ကျနော့အမေရဲ့
အဖေကျနော့အဖိုးဟာ ဆီးပူဆီးအောင့်ဆီးသွေးပါ ဆီးကျောက်တည်တဲ့လူနာတွေတွေ့တိုင်း သည်ဟင်းနုနွယ်ဆူးပေါက်ပင်တစ်ပင်လုံးကို ရေနဲ့သန့်စင်အောင်ဆေးပြီးဓါးနဲ့နုတ်နုတ်စင်းကာ
ရေကိုရေဖလားတစ်ခွက်ခန့်ထည့်ပြီးအိုးတစ်လုံးနဲ့ကျို
ပါတယ်။ဆေးပြုတ်ရည်အဖြစ်ဖန်တီးလိုက်တာပါ။
ပြုတ်ရည်ရပြီဆိုရင်အအေးခံပြီး ပြုတ်ရည်မှာသကြား
ခပ်ကာ လူနာကိုသောက်နိုင်သလောက်နည်းနည်း
ချင်းစတိုက်ပါတယ်။နေ့တိုင်းလည်း ဟင်းနုနွယ်ဆူးပေါက်အပင်သစ်နဲ့ကြိုသောက်ခိုင်းပါ
တယ်။
ထိုအခါလူနာမှာကျောက်ကြောင့်အောင့်ခြင်း ကိုက်
ခြင်းနာခြင်းများသက်သာ၍ကျောက်များထွက်ကျလာ
ပါတော့သည်။
ကျောက်သေးရင်တော့ အမှုန့်ဖြစ်ကာပျော်ကျစေပါ
တယ်။
ဆီးအိမ်ကျောက်ကပ်ဘယ်နေရာမှာပဲကျောက်ရှိရှိ
သည်ဆေးပင်လေးကပျောက်ကင်းအောင်အစွမ်း
ထက်ကုသနိုင်ပါကြောင်း အဖိုးပေးခဲ့သောဆေးနည်း
အားစေတနာဖြင့်လက်ဆင့်ကမ်းပါသည်။
credit>>>Nay MinLay
****************************************
ဆေးနည်း ၄
ကျော က်ကပ်ကျောက်ကပ် ရောဂါ အတွက် ဆေးတခွက်
ေကျာက်ကပ်ဝေဒနါ ခံစားနေရပြီး ကျောက်ကပ်မကြာခဏ ဆေးနေရပါစေ ကျောက်ကပ်ဖြစ်လို့စိတ်ညစ်ငွေကုန် များနေသူများအတွက် အစာလည်းဆေး , ဆေးလည်းအစာ ဆိုတဲ့ ဆိုရိုးစကားအတိုင်း
ကျောက်ကပ်အတွက် ဆေးတခွက် ကို တင်ပြပေလိုက်ရပါတယ်
အခု ဆေးနည်းဓာတ်ဆာဖြင့် ကျောက်ကပ်ရောဂါကို အင်မတန်ပြင်းထန်စွာခံစားနေရပြီးတပတ်အတွင်းကျောက်ကပ်မကြာ ခဏ
ဆေးနေရသူတွေ ရောဂါ ဖြစ်သူ အယောက် ၂၀ ရောက်လောက်ေပျာက် ကင်းအမြစ်ပြတ်သွားခဲ့ပါတယ်
ဆေးနည်းလေးကတော ပြုလုပ်ရတာ အရမ်းး လွယ်ကူပြီး မခဲရင်းတဲ့ ဓာတ်စာတခုပါ
ဆေးနည်းမှာ
ငမွေထိုးငါးနှင့်
လမ်းဘေးတွင်အလွယ်တကူရနိုင်သောထိခရုံးပင်ကိုတပတ်ဆယ်ရက်ခန့်နေ့စဥ် ချက်စားပါက ရောဂါအမြစ်ပြတ်ေပျာက်ကင်းသွားကြောင်းတွေ့ရှိရပါသည်
ဒါကြောင့် ကျန်းမာရေးဗဟုသုတ များရရှိစေရန် ဆေးအိမ်ကြီးဆေးဆိုင် မှ တဆင့်မျှဝေပေးခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်ပတ်သက်သောအသိပညာပေး စာပေများကိုနေ့စဥ်နှင်အမျှဆက်လက် တင်ပေးမည်ဖြစ်သောကြောင့်
ဆေးအိမ်ကြီးဆေးဆိုင် Page ကို Like & Follow လုပ်ထားပြီး
https://www.facebook.com/ဆေးအိမ်ကြီး-ဆေးဆိုင်-နှင့်-တိုင်းရင်းဆေးဖြန့်ချီရေး-101995735899191/
ဆေးအိမ်ကြီးဆေးဆိုင် မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ ဖတ်ရူ မေးမြန်းနိုင်ပါတယ် နော်
Crd .မူရင်း .Kyaw Myanmar
**********************************************
ဆေးနည်း ၅
ကင်ဆာရောဂါ နှင့် သဘာဝဆေး
====================
ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။
အရသာလဲမဆိုးတဲ့ဘဘာ၀အသီးပင်ရဲ့အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို
ပျောက်ကင်းသက် သာစေတာ မျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့
ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ကီမိုသွင်းတာ ကင်ဆာ cell
အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့
ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။
ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊
တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က
တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။
အကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ
သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။
ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ
ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။
ကင်ဆာဆဲလ် တွေ
စစ်တဲ့အခါတိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။
ဒူးရင်းသြဇာလို့ မြန်မာပြည်မှာခေါ်တဲ့အသီးကို သိကြမယ်ထင်ပါတယ်နော်။
အဲဒီအသီးပင်ရဲ့အရွက် ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။
ဆေးနည်းကတော့
အရွက် (၂၀) ရွက် ကို ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့ (၂)
နာရီကြာအောင်တည်ရပါမယ်။
တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ
(၅)ရက်သောက်ရမှာဖြစ်ပါတယ်။
လိုအပ်ရင် ဆက်သောက်သွားလို့ရပါတယ်။ အသီးလဲကြိုက်တတ်ရင်ရန်ဖန်ရံခါစားပေးပါ။
ကင်ဆာရောဂါရှိသူများ၊ အသိမိတ်ဆွေအမျိုးထဲမှ ရောဂါရှိသူများကို
သဘာဝဆေးဖြစ်တာကြောင့် ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့
တိုက်တွန်းကြပါနော်။
သက်သာပျောက်ကင်းသွားတယ်ဆိုရင် ...ကိုယ့်အတွက်အမြတ်ပါဘဲ.။
ယနေ့ခေတ်တွင် နိုင်ငံခြားမှ ဒူးရင်းသြဇာသုံးထားသော ပစ္စည်းများထွက်ပေါ်နေပြီဟုသိရပါသည်။
ကိုယ်တွေ့လူနာများမှပြောစကားများမျှဝေ
ပါသည်....။
Credit.. >>
********************************************
ဆေးနည်း ၆
ကင်ဆာမဖြစ်အောင်လုပ်နိုင်ပါပြီကင်ဆာမဖြစ်အောင်လုပ်နိုင်ပါပြီ
ကင်ဆာဖြစ်ရင်လည်းအသက်မသေအောင်ကာကွယ်နိုင်ပြီ!!!
+++++++++++++++++++++++++++++++++++++++++++++++++
ကင်ဆာအစ Autoimmune အော်တိုအင်မြူးကလို့ပြောရမလားပဲ ။
အရင်တုန်းကတော့ ကျမလည်း Autoimmune အော်တိုအင်မြူးရောဂါဆိုတာမသိခဲ့ပါဘူး ကိုယ်တိုင်ဖြစ်တော့မှလေ့လာရင်းသိရှိခဲ့ရတာပါ အော်တိုအင်မြူးရောဂါဆိုတာ အမျိုးပေါင်း၂၀၀ကျော်ရှိပါတယ် အဲဒီထဲမှာသွေးလေးဘက်နာအပြင်အရေပြားရောဂါတွေ နှင်းခူလိုရောဂါတွေနဲ့ ကျီးပေါင်းလို့ပြောနေကြတဲ့ရောဂါလည်းပါဝင်တာပါ
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့သားအိမ်တို့သားဥအိမ်က အကြိတ်တွေအလုံးတွေဖြစ်တယ်ဆိုတာလည်းAutoimmune တွေကြောင့်ဖြစ်လာတာပါ ။ ယောက်ကျားတွေမှာတော့ အလုံးတွေအြကြိတ်တွေဆီးအိမ်မှာဖြစ်ကြပါတယ် အဲဒီအလုံးတွေကနေ ကင်ဆာဘက်ကိုကူးသွားတာတွေလည်းရှိတတ်တာမို့ အလုံးအကြိတ်တွေဘယ်နေရာဖြစ်ဖြစ်သတိထားကြဖို့ပါ ။
အထူးသဖြင့်အော်တိုအင်မြူးရောဂါဆိုတာ မိမိကိုယ်တွင်းက ခုခံအားစံနစ်တွေ ကစဉ့်ကလျား ဖြစ်ပြီး မိမိရဲ့ကိုယ်တွင်းကအစိတ်အပိုင်းတွေကိုပြန်တိုက်ခံရတဲ့ရောဂါတွေကိုဆိုလိုတာပါ ဒီတော့ခုခံအားစံနစ်တွေ ဒီလိုတိုက်ခံရတာဟာ အစာအိမ်လမ်းကြောင်း အူလမ်းကြောင်းနဲ့အများကြီးသက်ဆိုင်ပါတယ်
အစာတွေမှာ တာရှည်ခံအောင်ထည့်ထားတဲ့အစားအစာတွေ ကြီးထွားဆေး ပိုသတ်ဆေးသုံးထားတဲ့အသီးအရွက်တွေ မွေးမြူရေးလုပ်ထားတဲ့အသားငါးတွေ စားတာမျိုး ဓါတုဆေးတွေ စားရတာမျိုးတွေများလာရင် ဓါတ်ရောင်ခြည်တွေ ဥပမာ CT Scan စီတီစကင် (MRI ) အမ်အာအိုင် (Ultrasound )အာထရာဆောင်း စသဖြင့်ရိုက်တာ တွေများလာရင် ကိုယ်ခန္တာကခုခံအားစံနစ်တွေက ကစဉ့်ကလျားဖြစ်ပြီး မိမိကိုယ်ခန္တာထဲက အစိတ်အပိုင်းတွေကိုရန်သူထင်ပြီး ပြန်တိုက်ခိုက်တာတွေဖြစ်လာတာကို အော်တိုအင်မြူးရောဂါတွေဖြစ်လာတယ်လို့အကြမ်းဖျင်းပြောလို့ရပါတယ်။
ခုခံအားစံနစ်တွေပြောင်းတော့ ဆဲလ်တွေလည်းကမောက်ကမတွေဖြစ်ရာကနေ ရောဂါတွေဖြစ်ိလာရတာပါပဲ ။ အဲဒီ ရောဂါတွေဖြစ်တဲ့အခါမှာ ဖြစ်တာကိုပဲလိုက်ကုသနေလို့မရပဲ အဓိက ပြသနာဖြစ်တဲ့ အစားအသောက်နဲ့ အနေအထိုင်တွေကို ပြုပြင်လိုက်မယ်ဆိုရင် ရောဂါတွေ သက်သာသွားနိုင်ပါတယ်။
အထူးသဖြင့် သန့်ရှင်းတဲ့သောက်ရေသောက်ရပါမယ် ပိုးသတ်ဆေးကင်းတဲ့ သန့်ရှင်းလတ်ဆတ်တဲ့အရွက်အသီးတွေစားရပါမယ် ။နေရာင်ခံပေးရပါမယ် လေ့ကျင့်ခန်းတွေလုပ်ရပါမယ်။ အချိုတွေကိုရှောင်ရပါမယ် တတ်နိုင်ရင် အစာအိမ်လမ်းကြောင်းအူလမ်းကြေ ာင်းနဲ့ မတည့်တဲ့ မကျေညှက်အစားအစားတွေကိုရှောင်ရပါမယ် ။ဒါတွေကို ရှောင်ရှားနိုင်ရင်တော့
အော်တိုအင်မြူးရောဂါလို့ခေါ်တဲ့ရောဂါအပြင်နောက်ဆက်တွဲ မူမမှန်တဲ့ဆဲလ်တွေဖြစ်လာတဲ့ ကင်ဆာရောဂါတွေကိုလည်း မဖြစ်အောင်လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ် ။
ကင်ဆာဆဲလ်ဆိုတာကိုယ်ခန္တာတွင်းက မူမမှန်တဲ့ဆဲလ်တွေအလျင်အမြန်အမြစ်တွေလို ပြန့်နှံ့့့လာမူဖြစ်ပါတယ်။
ဒီတော့လူတိုင်းမှာ ဒီလိုဖြစ်နိုင်တာကြောင့်ကြိုတင်ကာကွယ်နိုင်မယ်ဆိုရင် မဖြစ်နိုင်တော့ပါ။
ဒါတွေဖြစ်လာရတဲ့အကြောင်းရင်းဟာ ခုခံအားစံနစ်တွေ ကစဉ့်ကလျားဖြစ်ရာကနေခန္တာကိုယ်တွင်းက ဇိဝြဖစ်စဉ်တွေပြောင်းလဲလာရင်းနဲ့ ြ့ဖစ်လာတဲ့ ရောဂါတွေပါ မြန်မာနိုင်ငံမှာကင်ဆာတွေနဲ့
လူတွေသေတာတွေများသလို ကင်ဆာဆေးတွေ သွင်းရတဲ့လူတွေလည်းမနည်းပါဘူး။
ကင်ဆာဆေးသွင်းပေမဲ့လည်း အချိန်ကြာကြာမနေရပါဘူး။ ဒီတော့ ကင်ဆာဆေး(Chemo Therapy)ခီမိုဆိုတာကလည်းသူ့ကိုသွင်းလိုက်ရင် ခန္တာကိုယ်တွင်းက ကောင်းတဲ့ဆဲလ်ကော မကောင်းတဲ့ဆဲလ်ကောသတ်ပစ်တာကြောင့်
လူတွေက အားအင်းတွေချိနဲ့သွားကြပါတယ် ဒီအတွက် တခြားရောဂါ၀င်လာပြီး နောက်ဆုံးမှာကင်ဆာကိုလည်းမခုခံနိုင်ပဲ သေဆုံးသွားကြသူတွေလည်ှးရှိကြပါတယ်။
ဆရာမကြီး ဒေါက်တာခင်နွယ်၀င်းရဲ့ စာအုပ်တွေကို ဖတ်ကြည့်ချက်အရ ခီမို(Chemo Therapyသွင်းတာတွေဟာနောက်ဆုံးလူနာတွေအတွေက်အကျိုးသက်ရောက်မူတွေ သိတ်မရှိဘူးဆိုတာကိုတွေ့ရှိတယ်လို့ဆိုပါတယ်။
\
ဒီတော့လူနာတွေအနေနဲ့ အစားအသောက်အနေအထိုင် ပြုပြင်ပြောင်းလဲမူတွေလုပ်ကြည့်ပါအချိုကို ရှောင်လိုက်ရင်တော့ ကင်ဆာပိုးဟာဘယ်လိုနည်းနဲ့မှ ရပ်တည်လို့မရပါဘူး။
ကင်ဆာဖြစ်သူတွေ အချိုကို ရှောင်လိုက်ရင် ကင်ဆာကိုတိုက်နိုင်ပြီလို့သုတေးသနပြုသူတချို ကလည်းပြောပါတယ်
(ဆနွင်းသောက်ပါ အုန်းဆီသောက်ပါ ကြက်သွန်ဖြူစားပါ ထောပတ်သီးစားပါ ဂေါဖီပန်းစီမ်းစားပါ သစ်ကျပိုးမှုန့်သောက်ပါ လယ်ကန်ဇွန်းရွက်စားပါ ဒန့်ဒလွန်ရွက်စားပါ သင်္ဘောရွက်သောက်ပါ (ခက်ခဲရင်သင်္ဘောရွက်ကိုနေလှန်း ပြီးအခြောက်ခံပါ လက်နဲ့ချေလိုက်ရင်အမှန့်ဖြစ်သွားမယ် အဲဒီကျရင် လဘက်ခြောက်လိုမျိုး ရေနွေးနဲ့နေ့စဉ်သောက်ပေးပါ)
( ဘာကြောင့် လည်းဆိုတော့ ဒီအစားအသောက်တွေထဲမှာ Antioxidant
တွေပါ၀င်တာကြောင့် စားသင့်သောက်သင့်တယ်လို့ပြောတာပါ )
အဲဒီထဲက စားနိုင်တာ သောက်နိုင်တာများကို အဆင်ပြေသလောက် စားသုံးပါ )
ဒါကတော့ ဆရာမကြီးဒေါက်တာခင်နွယ်၀င်းနဲ့ဒေါက်တာဖြိုးမောင်မောင်နဲ့ တခြားဆရာ၀န်တွေ ရေးတဲ့စာအုပ်တွေက သိရှိချက်တွေလည်းပါ၀င်ပါတယ်
ဒီကနေ့ခေတ်မှာအရွက်အသီးတွေက ဘယ်နိုင်ငံကပဲလာလာတာရှည်ခံအောင် တာရှည်ခံဆေးတွေ ပိုသတ်ဆေးသုံးတာနဲ့မကင်းနိုင်တာကြောင့် မစားခင် မှာမု့န်ဖုတ်ဆော်ဒါမှုန့်နဲ့ ၁၅မိနစ်လောက်စိမ်ပြိးရေဆေးပြီးစားပါ ကြော်ချက်ပါ ။ဒါဆိုရင် ကိုယ်စားသုံးတဲ့အခါ၀င်သွားမဲ့အဆိပ်တွေ ပိုးသတ်ဆေးတွေထွက်သွားနိုင်ပါတယ်။
ဒါကတော့ ဆရာဝန်တွေရဲ့သုတေသနပြုချက်တွေကနေသိရှိချက်တွေကို ဝေမျှတာပါ။
မိတ်ဆွေများရောဂါဘယမျ
***********************************************
ဆေးနည်း ၇
♥️နှလုံးနဲ့ ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ🌱🌱🌱
==============================
(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ် အာတာလွတ်ဥဟာ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင် ပါတယ်။ အိပ်မပျော်တာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေအားလုံးကို ဖြေရှင်းပေးနိုင် ပါတယ်။
(၂) သွေးအားကို ထိန်းညှိပေးတယ် အာတာလွတ်ဥမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု များတာကြောင့် သွေးအားကို ထိန်းညှိပေးနိုင် ပါတယ်။ သွေးတိုးရောဂါ ရှိတဲ့ သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်
(၃) ကျောက်ကပ်အားကောင်းစေတယ် အာတာလွတ်ဥမှာ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။
(၄) နှလုံးအားကောင်းစေတယ် အာတာလွတ်ဥ ထဲမှာ ပါဝင်တဲ့ folate လို့ ခေါ်တဲ့ ဓာတ်ဟာ နှလုံးရောဂါဖြစ်စေတဲ့ homocysteine ဓာတ်ကို လျှော့ချပေး ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်မှု မြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝ တာကြောင့် သွေးလည်ပတ်မှု အားကောင်းစေ ပါတယ်။
(၅) ဗီတာမင်ဘီအုပ်စု ကြွယ်ဝတယ် အာတာလွတ်ဥမှာ ဗီတာမင်ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ကိုလက်စထောတွေ ပါဝင်တာကြောင့် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ သွေးအားနည်းရောဂါအပြင်၊ မူးမော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး ပါတယ်။
(၆) သွေးနီဥတိုးစေတယ် Copper နဲ့ သံဓာတ်ဟာ သွေးနီဥ အသစ်တွေဖြစ်ပေါ်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေဖြစ် ပါတယ်။ အာတာလွတ်ဥ ထဲမှာ ဒီဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားကောင်းစေ ပါတယ်။
(၇) ဉာဏ်ရည်ထက်မြက်စေတယ် အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးလည်ပတ်မှုအားကောင်းစေတဲ့လို့ ဦးနှောက် ထဲကို အောက်စီဂျင်လုံလောက်စွာ ရောက်ရှိစေတဲ့အတွက် ဉာဏ်ကောင်းစေ ပါတယ်။ သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်
*******************************************
ဆေးနည်း ( ၈ )
အုန်းရည် နှင့် ကျောက်ချဥ် =
***************************
ဆီးပူ၊ဆီးပူ၊ ဆီးအောင့်နဲ့ ဆီးတစ်စက် တစ်စက် ကျသည့် ဆီးရောဂါ ခံစားရသူများ မိနစ် အနည်းငယ်အတွင်း သက်သာ ပျောက်ကင်းစေမည့် ဆေးနည်း
ဆီးရောဂါသည်တွေအတွက် လုံးဝကျော်မသွားသင့်တဲ့ စာလေးပါ။ ဆီးပေါက်ရာမှာ ဆီးတစ်စက် ထွက်ဖို့ သေမလောက် ခံစားနေရတဲ့ ဆီးရောဂါသည်တွေအတွက် ဆေးနည်းလေးမျှဝေပေးလိုက်ပါတယ်။
ဆေးနည်း
အုန်းသီး အနုတစ်လုံးကို ထိပ်ကဖောက်။ ပြီးရင် ကျောက်ချဉ် ကွမ်းသီး လုံးမျှ အုန်းရည်ထဲထည့် (မိနစ်၃၀) လောက်စိမ် ဒါပါပဲ။ ပြီးရင် အကုန် သောက်လိုက်တာပါပဲဗျာ။
စမ်းကြည့်ကြပါ ပျောက်ရင် လက်ဆင့်ကမ်းပေးပါ။ ဆီးဝေဒနာရှင်တို့ များလှပါရဲ့ ဆီးပူ ဆီးအောင့်နဲ့ ဆီးတစ်စက်စက် ကျသည့် ဆီးရောဂါ ခံစားရသူများ မိနစ် အနည်းငယ်အတွင်း သက်သာပျောက်ကင်းခြင်း ကြုံရပါမည်။
စာကိုး - နက္ခတ္တရောင်ခြည်၊ အမှတ်-၃၆၅ ဇာ(တောင်ငူ)၏ ဆီးအောင့် ဆီးပူနှင့် ဆီးတစ်စက်ပြီး တစ်စက် ကျနေတဲ့ ဆီးရောဂါ ခံစားနေရသူများအတွက် အစွမ်းထက်တဲ့ ဆေးနည်းမှ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။
Credit : Original
**********************************************ဆေးနည်း( ၉ )
ကျောက်ကပ်ရောဂါ မဖြစ်အောင်ကာကွယ်နည်း
မကြာခဏ မောပန်းတတ်ခြင်းနှင့် လေပွ တတ်တာက ကျောက်ကပ် ပြဿနာကြောင့်
လည်း ဖြစ်နိုင်ပါတယ်။
တစ်ကမ္ဘာလုံး မှာ ရှိတဲ့ လူထဲက ၄၁ သန်းမှာ ကျောက်ကပ်ရောဂါနဲ့ ကြုံတွေ့နေကြရပြီး မောပန်းတာ. မှတ်ဥာဏ် ကျဆင်း တာနဲ့ ခြေထောက်ဖောရောင်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
👉 ကျောက်ကပ် ပြဿနာကို ၇၅ % ထိ လျော့ချနိုင်တဲ့ ပြုလုပ်သင့် အကြောင်အရာ
၁ ) - ကျောက်ကပ် ကျောက်တည်ခြင်း မဖြစ်အောင် -
အချဉ်အရသာရှိတဲ့ သစ်သီးကို စားပါ -
ကျောက်ကပ်မှာ ကျောက်တည်ရင် သေးငယ်တဲ့ ပမာဏ ကျောက်လေးတွေက အညစ်
အကြေးသန့်စင်တဲ့ ပြွန်လမ်းကြောင်းလေးတွေကို ပိတ်ဆို့နိုင်တဲ့အတွက် ခန္ဓာကိုယ်က
အဆိပ်အတောက်တွေကို သန့်စင်နိုင်စွမ်း လျော့နည်း သွားနိုင်ပါတယ်။
ဗီတာမင်စီ များစွာပါတဲ့ အချဉ်အရသာရှိတဲ့သစ်သီး ( သို့ ) ဘယ်ရီသီး ၁ ခွက်ကို နေ့စဉ်
စားသုံးရင် ကျောက်ကပ် ကျောက်တည်နိုင်ချေ ၅၀ % အနည်းဆုံးအထိ လျော့ချနိုင်
တယ်လို့ ဆွီဒင်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
အစားအစာမှ ရရှိတဲ့ ဗီတာမင်စီက ကျောက်တည်စေနိုင်တဲ့ ပုံဆောင်ခဲသေးသေးလေး
တွေကို ပျော်ဝင်နိုင်တာကြောင့်လို့ ဆိုပါတယ် ။
၂ ) - သွေးဖိအား ကျဆင်းအောင် နိ့နဲ့ နို့ထွက် ပစ္စည်းစားပါ
သွေးတိုးရောဂါက ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
သွေးတိုးရောဂါ က ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အဓိက အချက်ပါ -
သွေဖိအားကျဆင်းပြီး ကျောက်ကပ် ကျန်းမာရေးကောင်းအောင် နေ့စဉ် အဆီ ပါဝင်မူ
နည်းတဲ့ဒိန်ချဉ် ၁ ခွက်နဲ့ နွားနို့ ၁ ခွက်ကို သောက်ပါ။
၉၀၀ မီလီဂရမ်ပမာဏ ရှိတဲ့ ကယ်လ်စီယမ်ကို ရရှိစေတာကြောင့် သွေးကြောတွေ
relax ရရှိပြီး သွေးဖိအား မြင့်တက်နိုင်ချေ ၂၅ % လျော့ချနိုင်ကာ သွေးတိုးရှိသူတွေ
ကို သွေးဖိအား အမှတ် ၅ မှတ် ကျဆင်းနိုင်တယ်လို့ တီနီးဆီးလ် တက္ကသိုလ် မှ
သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
၃ ) - ကျောက်ကပ်ပျက်စီးမူ မရှိအောင် စပျစ်သီးအစေ့စားပါ
နှလုံးသွေးကြောတွေကို ပိတ်ဆို့နိုင်တဲ့ အဆီတွေဟာ ကျောက်ကပ်အတွင်းသွေးကြော
တွေကိုလည်း ပိတ်ဆို့နိုင်ပြီး ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။
နေ့စဉ် Grap Seed .Extract .300mg မှီဝဲပါက ၆ ပတ်အတွင်း အဆီစုဆောင်း
မူကို ဖယ်ရှားနိုင်ပြီး ကျောက်ကပ်အစွမ်း ပြန်လည် ပြည့်ဝနိုင်တယ်လို့ သုတေသီတွေက
ပြန်လည်ဖော်ထုတ်ထားတာပါ ။
Graps Seed Extract ဟာဘက်တီးရီးယားတွေကိုလည်းသေစေနိုင်တဲ့ဂုဏ်သတ္တိ
ရှိတာကြောင့် သင်ဟာ မကြာခဏဆီလည်းသေစေနိုင်တဲ့ဂုဏ်သတ္တိ
ရှိတာကြောင့် သင်ဟာ မကြာခဏဆီးလမ်းကြောင်း ပိုးဝင်တတ်သူ ဖြစ်ရင်လည်း ရောဂါပြန်လည်ဖြစ်နူန်းလျော့သွားနိုင်တယ်လို့ အဟာရဆိုင်ရာ ပညာရှင်ပြောပါတယ်။
၄ ) - ကျောက်ကပ် ဒုက္ခမရောက်အောင် အသိဥာဏ်နဲ့ဆေးသောက်ပါ
မကြာခဏ ကိုက်ခဲတတ်လို့ အက်စပရင် ဒါမှမဟုတ် ပါရာစီတမော ဆေးဝါးလိုမျိုး အ
ကိုက်ခဲပျောက်ဆေးတွေ သုံးစွဲနေရရင် တတ်နိုင်သမျှလျှော့ ပမာဏနည်းနည်းသာ
သောက်သင့်ပါတယ်။
ပမာဏနည်းတာကြောင့် ကျောက်ကပ်မှာ ဒဏ်ပိနိုင်ချေ လျော့နည်းသွားတယ်လို့
UCLAမှ သုတေသီတွေက ဆိုပါတယ်။
သင်ဟာ အကိုက်အခဲပျောက်ဆေးကို ပမာဏများစွာ သောက်သုံးဖို့လိုအပ်ရင် ( သို့ )
၄ ရက်ထက် ပိုကြာပြီး သုံးနေရရင် ဒါမှမဟုတ် ဆေးဝါးမျိုးစုံ သုံးနေရရင် ...
ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်တယ်လို့နယူးယောက်အမျိုးသားကျောက်ကပ်
အဖွဲ့မှ ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကုတွေက ပြောပြတယ်။
၅ ) - ကြက်သွန်ဖြူနဲ့ ကြက်သွန်နီစားပါ
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာ ပါဝက်တဲ့ ဆာလဖာဒြပ်ပေါင်းတွေဟာ ကျောက်ကပ်
အတွင်း အဆိပ်အတောက်တွေကို ပြေစေပြီး အညစ်အကြေးတွေကို ဖြိုခွဲပစ်နိုင်တယ်
လို့ သိရပါတယ်။
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာ တစ်သျူးတွေ အနာကျက်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်
ပစ္စည်းတွေလည်း အများအပြား ပါဝင်တာကြောင့် နေ့စဉ်စားသုံးနေရင် ကျောက်ကပ်
ပျက်စီးနိုင်ချေ နည်းသွားတယ်လို့ ဆိုပါတယ်။
၆ ) - ကညွတ် ဟာလည်း ကျောက်ကပ်စွမ်းအင် ပြန်ပြည့်နိုင်တဲ့ အစွမ်းထက် ပစ္စည်း
ဖြစ်တာမို့ တစ်ပတ်ကို ၂ ကြိမ် စားသုံးပေးရင် ကျောက်ကပ်အတွင်းမှ အဆိပ်အတောက်
တွေ ပျက်ပြယ်စေနိုင်ပါတယ်။
# ဒေါက်တာ ခင်မိုးမို
*******************************************
ဆေးနည်း ( ၁၀ )
ကျောက်ကပ်ကိုသန့်စင်ပေးနိုင်သောကျောက်ကပ်ကိုသန့်စင်ပေးနိုင်သော သဘာဝ ဖျော်ရည်လေးများ
==========================
#ဆောင်းပါးရှင် ပေါက်ပေါက်
ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသော က်မှုပုံစံ စံနစ်မကျခြင်းကြောင့် ရောဂါဝေဒနာအမျိုးမျိုး ခံစားနေကြရကာ၊ ဆန်းသစ်သောဝေဒနာများအနက် လူတော်တော်များများ ကျောက်ကပ်ပျက်စီးသောရောဂါကို တွေ့ကြုံနေကြရသည်။ ကျောက် ကပ်၏ လုပ်ငန်းဆောင်တာမှာ ခန္ဓာကိုယ်ထဲမှ မလိုလားအပ်သော အဆိပ်အတောက်များကိုဖယ်ရှား၍ သွေးကိုသန့်စင်ပေးပါ သည်။ အကယ်၍ ကျောက်ကပ်သည် သူအလုပ်လုပ်နိုင်သော ၀န်ဆောင်မှုထက် ပို၍ အလုပ်လုပ်ရသည့်အခါ ဖိအားများစွာဖြစ် လာပြီး ကျောက်ကပ်ပျက်စီးလာရသည်။ သို့သော် စိတ်မကောင်းမဖြစ်ပါနှင့်။ ကံကောင်းထောက်မစွာဖြင့် မိမိတို့လက်တစ်ကမ်း တွင် ကျောက်ကပ်ကို ကောင်းကျိူးပြုသော အစားအစာများစွာ ရှိနေကြပါသည်။ လုံ့လစိုက်ထုတ်၍ ကျောက်ကပ်ကိုသန့် စင်ပေးနိုင်သော သဘာဝဖျော်ရည်လေးများကို သောက်သုံးရင်း သင့်ကျောက်ကပ်ကို စောင့်ရှောက်ထားနိုင်ပါလိမ့်မည်။
အနီရောင်ဘယ်ရီသီး။
ကျောက်ကပ်ကို သဘာ၀နည်းဖြင့် သန့်စင်နိုင်ရန်အတွက် ထွေထွေထူးထူး ခက်ခက်ခဲခဲ တွေးတောရှာဖွေနေဖို့ မလိုပါ။ Cranberry (ခေါ်) အရသာချဉ်ပြုံးပြုံး အနီရောင်ဘယ်ရီသီးလေးများကို သတိရလိုက်ပါ။ Cranberry သီးလေးတွေက အဆိပ်အ တောက် အနည်ကျခြင်းကို စွမ်းအားပြည့် ဖယ်ထုတ်နိုင်ပြီး၊ ကျောက်ကပ်ကို ကျန်းမာအောင် ကာကွယ်စောင့်ရှောက်ပေး နိုင်ပါ သည်။ ထို့ပြင် ၄င်းအသီးများက ဆီးလမ်းကြောင်းနှင့် ဆီးအိမ်အတွင်း ဗက်တီးရီးယားပိုး၀င်ခြင်းတို့ကို တိုက်ထုတ်ပေးနိုင်ပြီး၊ ကျောက်ကပ်ရောဂါ အမျိုးမျိုးတို့ကိုလည်း ကုစားပေးနိုင်ပါသည်။
သောက်ရေသန့်။
ရေများများသောက်ရင် ကျောက်ကပ်က အလုပ်ပိုလုပ်ရ၍ ကျောက်ကပ်ပျက်စီးတယ် ဟု လူတချို့က အတွေးမှားနေ ကြသည်။ အမှန်စင်စစ် ကျောက်ကပ်ပြဿနာအမျိုးမျိုးအတွက် ရေက သဘာဝဆေးဖြစ်ပြီး၊ ကျောက်ကပ်ရောဂါ မဖြစ်အောင် လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် တစ်နေ့လျှင် သောက်ရေ ၈ ဖန်ခွက် သောက်ခြင်းဖြင့် သင့်ကျောက်ကပ်ကို ကာကွယ်စောင့်ရှောက်ပါ။ သို့သော် သန့်ရှင်း၍ ဓာတုကင်းစင်သော သောက်ရေသန့်ဖြစ်ဖို့လိုပါသည်။
သကြားမုန်လာဥ။
Beet root (ခေါ်) သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံး ကလည်း ကျောက်ကပ်အတွက် ဆေးတစ်ပါး ဖြစ်ပါသည်။ Beet root ထဲရှိ betaine ဓာတ်တိုးဆန့်ကျင်ပစ္စည်းဓာတ်က ကျောက်ကပ်အတွင်း ကယ်လ်စီယမ်ဖော့စဖရိတ် ဖြစ်တည်ခြင်းကို ရှင်းထုတ်ပေးကာ၊ ကျောက်ကပ်ကင်ဆာ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးထားနိုင်ပါသည်။ ထို့ကြောင့် Beet root ကို ဖျော်ရည်အဖြစ် တစ်နေ့တစ်ကြိမ် သောက်ပေးသင့်ပါသည်။ သကြားမုန်လာဥကို မြန်မာပြည်၏ အေးမြစိုစွတ်သော တောင်ပေါ် ဒေသရှမ်းပြည်နယ်တွင် တွေ့ရတတ်သည်။ သူ့အရောင်က သွေးနီရောင် (သို့မဟုတ်) ခရမ်းနီရောင်ဖြစ်ပြီး၊ ဓားဖြင့်လှီးလိုက်သ