14/07/2022
You sent
ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအနေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ ဈပေတာ့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ.
Day 0 - ကူးစက်ခံရတယ်ဆိုပါတော့
Day 1 - မွာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်
Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အမ်ားစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်
Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်
Day 4 - နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ္ကို အအေးထပ်မမိအောင် သတိထားပါ
Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုးနံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆားရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်
Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့
တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်
ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ
ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကေတာ့ စိတ္ခ်ရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ
and respect to bro
Dr. Hadee Maung July 2022