My Therapist

My Therapist mindfulness & mental health

စိတ်သက်သာယာ ရဖို့ဒါတွေလုပ်ပါ
01/04/2025

စိတ်သက်သာယာ ရဖို့ဒါတွေလုပ်ပါ

💢 🔊💢  #သဘာ၀ဘေးဒဏ်များ ကို ကြုံတွေ့ရပြီးတဲ့ နောက်မှာ စိတ်ဒါဏ်ရာရစရာ အဖြစ်တွေကို ရင်ဆိုင်ကြ ရပါတယ်။👉ဒါကြောင့်မို့လို့ ရေရှ...
01/04/2025

💢 🔊💢 #သဘာ၀ဘေးဒဏ်များ ကို ကြုံတွေ့ရပြီးတဲ့ နောက်မှာ စိတ်ဒါဏ်ရာရစရာ အဖြစ်တွေကို ရင်ဆိုင်ကြ ရပါတယ်။

👉ဒါကြောင့်မို့လို့ ရေရှည်စိတ်ဒါဏ်ရာ မဖြစ်စေရန်

👉 ကြောက်လန့်စရာ အဖြစ်အပျက်ကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှုတွေ၊ ကြောက်စိတ်တွေ၊ ၀မ်းနည်းမှုတွေ ကိုဖြေလျော့ဖို့အတွက်

ငလျှင်ဒဏ်အဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံခဲ့သူဖြစ်စေ၊ တဆင့်စကားကြားခဲ့ရသူဖြစ်စေ၊ မျက်မြင် မြင်တွေ့ခဲ့ရသူဖြစ်စေ၊ အကူအညီပေးခဲ့ရသူဖြစ်စေ မည်သူမဆို My Therapist Page မှာ အချိန်မ‌ ရွေးဆက်သွယ်ပြီး Mental Health Counselor များနှင့် #အခမဲ့ဆွေးနွေးနိုင်ပါတယ်ရှင် ...


01/01/2025
တနင်္ဂနွေ ပိတ်ရက်လေးမှာMental Health Day ပွဲနေ့က မဲပေါက်ခဲ့တဲ့ Cloud83 Art Lab ရဲ့ candle making workshop လေးကို join ခဲ...
15/12/2024

တနင်္ဂနွေ ပိတ်ရက်လေးမှာ

Mental Health Day ပွဲနေ့က မဲပေါက်ခဲ့တဲ့ Cloud83 Art Lab ရဲ့ candle making workshop လေးကို join ခဲ့တယ်။

အမွှေးနံ့လေးတွေကြောင့် relaxing လဲဖြစ်ရတယ်။ ကိုယ်တိုင်တခုခုကို တီထွင်နေတဲ့အချိန်မှာ positive vibes လေးနဲ့ စိတ်သက်တောင့်သက်သာလဲ ဖြစ်ရတယ်

Process တလျှောက်လုံးမှာ ….
🌸 ထိတွေ့ရတဲ့ ဖယောင်းရဲ့ texture
🌸 အမွှေးနံ့ လေးတွေ
🌸 ကြားနေရတဲ့ relaxation song
🌸 ပတ်ဝန်းကျင်က အရာတွေ ကို သတိထားမိရင်းနဲ့ မိမိကိုယ်ရဲ့ feelings & emotions ကို ပြန်သုံးသပ်မိတယ်။

ဆရာမလေးရဲ့ ရှင်းပြသွားတဲ့ ဖယောင်းနဲ့ အမွှေးနံ့တွေ အကြောင်း သေချာနားထောင်ရင်း

ဒီဇင်ဘာလရဲ့ တခုသော တနင်္ဂနွေနေ့လေးကို Christmas theme လေးနဲ့ ကုန်ဆုံးခဲ့တယ် ….

၆.၁၂.၂၀၂၄ နေ့က Mental Playground ရဲ့ ဖိတ်ခေါ်မှုကြောင့် My Therapist က Counselor Eingyin နဲ့ Tr Yadana တို့ စမ်းချောင်းမ...
13/12/2024

၆.၁၂.၂၀၂၄ နေ့က Mental Playground ရဲ့ ဖိတ်ခေါ်မှုကြောင့် My Therapist က Counselor Eingyin နဲ့ Tr Yadana တို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်း Capital Shopping Center မှာ လုပ်ဖြစ်ခဲ့တဲ့ အခက်အခဲတွေကြား ပြုံးထားရအောင် ဆိုတဲ့ talk show အမှတ်တရ ပုံရိပ်လေးတွေ

ဒီလိုမျိုး စိတ်ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အသိပညာပေးတာလေးတွေ လူထုကြားမှာ လုပ်ရတာ စိတ်ဝင်စားကြတာ တွေ့ရတော့ ထပ်ပြီးလုပ်ပေးချင်မိတယ်

Talk show လေးကို
- အခက်အခဲဆိုတာ ဘာတွေလဲ
- အခက်အခဲတွေကြောင့် စိတ်ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေလဲ
- ဘာကြောင့်ပြုံးထားဖို့ လိုအပ်တာလဲ
- ပြုံးနိုင်အောင်ဘာတွေ လုပ်သင့်လဲ ဆိုပြီး အပိုင်းလေး ပိုင်း နဲ့ တင်ဆက်ပေးခဲ့တယ်

#အခက်အခဲတွေကြားပြုံးထားရအောင်

ဒီအစီအစဉ်မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ ရှင်
04/12/2024

ဒီအစီအစဉ်မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ ရှင်

အခက်အခဲတွေကြား ပြုံးထားရအောင် ☺

နေ့စဥ် လူနေမှုဘဝမှာ အမြဲကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကြားကနေ ရှုပ်ထွေးနေတဲ့စိတ်ခံစားချက်များ တစ်စတစ်စကြီးထွားလာတဲ့အခါ ဖြေရှင်းလို့မရတဲ့ အစိုင်အခဲကြီးအဖြစ်နဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာပါတယ်။ ဒီလို အခက်အခဲတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်မလဲ။

ဒီအတွက် Wellington Pharmacy (ဝယ်လင်တန်ဆေးဆိုင်) ကနေ "အခက်အခဲတွေကြား ပြုံးထားရအောင်" ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ ဆွေးနွေးပွဲလေးတစ်ခုကို Capital Supermarket စမ်းချောင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပွဲမှာ ကြုံလာရတဲ့ အခက်အခဲတွေကြား က စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် ဘယ်လိုမျိုးစီမံခန့်ခွဲမလဲ၊ လက်တွေ့ကျကျ ဘယ်လိုပြုမူနေထိုင်ရမလဲ စတဲ့ စိတ်ဝင်စားစရာဗဟုသုတတွေကို Mental Health Counsellor တွေဖြစ်ကြတဲ့ Ma Eingyin နှင့် Tr yadana တို့က ဟောပြောပေးသွားမှာဖြစ်ပါတယ်...

ဒါ့အပြင် ပွဲတက်ရောက်သူများအတွက် စိတ်ဝင်စားဖွယ် ဆုလက်ဆောင်တွေအပြင် Mindful Activity တွေကိုပါ ပါဝင်နိုင်မှာမို့လို့ Wellington Pharmacy (ဝယ်လင်တန်ဆေးဆိုင်) ရဲ့ Chat Box မှာ လာရောက်စာရင်းပေးသွင်းနိုင်ပါပြီ။

လူဦးရေကန့်သတ်ထားတဲ့အတွက် မြန်မြန်စာရင်းပေးသွင်းလိုက်တော့နော်။

ပါဝင်ဆွေးနွေးပေးသူများ - Mental Health Counsellor - Eingyin & Tr Yadana
နေရာ - Capital Supermarket စမ်းချောင်း
နေ့ရက် - ၆.၁၂.၂၀၂၄ (သောကြာနေ့)
အချိန် - နေ့လယ် ၂ နာရီမှ ညနေ ၅နာရီအထိ
စာရင်းပေးသွင်းရမည့်နေရာ - Wellington Pharmacy (ဝယ်လင်တန်ဆေးဆိုင်) Chat Box



“ #စိတ်ထဲမှာထားပြီးတသက်လုံးသတိမရဘဲနေကြရအောင်”             ကျွန်မတို့ ဘဝမှာ ချစ်သူ၊ရည်းစား ၊ အိမ်ထောင်ဘက် တွေ ပြတ်စဲကြတဲ့...
31/10/2024

“ #စိတ်ထဲမှာထားပြီးတသက်လုံးသတိမရဘဲနေကြရအောင်”

ကျွန်မတို့ ဘဝမှာ ချစ်သူ၊ရည်းစား ၊ အိမ်ထောင်ဘက် တွေ ပြတ်စဲကြတဲ့အခါ၊ ခွဲခွာသွားကြတဲ့အခါ တွေမှာ စိတ်ထိခိုက်ပြီး စိတ်ခံစားချက်တွေ ပြင်းထန်စွာခံစားကြရပါတယ်။ (ဥပမာ - လွမ်းဆွေးတာ၊ ဒေါသထွက်တာ၊ စိတ်အားငယ်တာ၊ ငါဘာများမှားလို့လဲ ဆိုပြီး ဇဝေဇဝါ မရေရာတဲ့ ခံစားချက် နဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိတာ ၊ မုန်းတာ စတာတွေပေါ့)

အဲ့ဒီတော့ ဒီလို အခြေအနေကနေ ပုံမှန်အခြေအနေကို ပြန်‌ရောက်ဖို့ နဲ့ (move on) ရုန်းထွက်ဖို့ ဆိုရင် letting go process လို့ခေါ်တဲ့ စိတ်ထဲက အရာတွေကိုလွှတ်ချရတဲ့ နည်းလမ်းကို လိုက်နာလုပ်ဆောင်ဖို့ တော့လိုအပ်ပါလိမ့်မယ်။ letting go process ရဲ့ အဓိက သော့ချက်ကတော့ (forgive & forget) မေ့ဖျောက်ခြင်း နဲ့ ခွင့်လွှတ်ခြင်း ပါဘဲ။
အပြောလွယ်ပေမဲ့ လိုက်လုပ်ဖို့တော့ ခက်ပါလိမ့်မယ်၊ ဒီတော့ လုပ်ရမဲ့ အချက်တွေကို လေ့လာကြည့်ရအောင်

၁. #ဆုံးရှုံးမှုအခြေအနေမှန်ကိုလက်ခံခြင်း
မိတ်ဆွေက လက်ရှိမှာကြုံတွေ့နေရတဲ့ relationship ပျက်ဆဲ၊ ခွဲခွာ စတဲ့ ဆုံးရှုံးမှုက တကယ်ကြုံနေပြီဆိုတာကို အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ခွဲခွာသွားသူက ပြန်လာမှာပါ၊ သူကငါ့ကိုချစ်ပါတယ် ထားသွားမှာမဟုတ်ပါဘူး၊ သူအသစ်တွေ့တယ် ဆိုတာမဟုတ်ပါဘူး စသည်ဖြင့် မျှော်လင့်ချက်အမှားတွေကို မတွေးဘဲနဲ့ အမှန်အတိုင်းလက်ခံပါ။

၂. #စိတ်ခံစားချက်တွေကိုမဖိနှိပ်ခြင်း
ဆုံးရှုံးလိုက်ရပြီ ဆိုတာကို သိလိုက်တဲ့အချိန် လက်ခံလိုက်ပြီးတဲ့အချိန်မှာ ခံစားလို့မကောင်းတဲ့ စိတ်ခံစားချက်တွေနဲ့ အတူ ငိုကြွေးမိတာ ယူကြုံးမရတာတွေ ဖြစ်‌ပေါ်လာတတ်ပါတယ်။ ဒါတွေက မိတ်ဆွေက (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) ပျော့ညံ့လို့၊ စိတ်ခွန်အားနည်းသူမို့လို့ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ဆုံးရှုံးမှု နဲ့ ဝမ်းနဲ့ကြေကွဲခြင်းက ဆက်တိုက်ဖြစ်တတ်တဲ့ သဘောအရ ဖြစ်လာတဲ့ စိတ်ခံစားချက်တွေဖြစ်လို့ ရှက်စရာ ကြောက်စရာ မလိုဘဲ ဖြစ်ခွင့်ပေးလိုက်ပါ။

၃. #စွန့်လွှတ်ဖို့လေ့ကျင့်ခြင်း
ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ပေါက်ကွဲ၊ ခံစားပြီးတဲ့အခါမှာ မိတ်ဆွေရဲ့ လမ်းခွဲသွားတဲ့ (သို့) လူ့လောကက ထွက်ခွာသွားတဲ့ ex အပေါ်မှာထားတဲ့ စိတ်ခံစားချက်တွေကို စွန့်လွှတ်ဖို့ အချိန်ရောက်ပါပြီ၊ ဒါမှသာ သင်ဘဝမှာ ကောင်းမွန်စွာ ဆက်လက်ရှင်သန်ရမှာဖြစ်ပါတယ်။

၄. #မိမိကိုယ်ကိုကိုယ်အချိန်ပေးစောင့်ရှောက်ခြင်း
အရင်က ၂ ယောက်အတူတူလုပ်ခဲ့တဲ့ အရာတွေကို တယောက်ထဲ လုပ်ကြည့်ဖို့ ကြိုးစားခြင်း၊ ၂ ယောက်အတူ ရှိစဥ်က မလုပ်ဖြစ်တဲ့၊ လုပ်ဖို့အခွင့်မသာခဲ့တဲ့ အရာတွေကို လုပ်ခြင်း၊ ဝါသနာပါတာတွေကို အချိန်ပေးခြင်း၊ အရင်က အချိန်မပေးဖြစ်ခဲ့တဲ့ သူတွေနဲ့ အချိန်ဖြုန်းခြင်း၊ အအိပ်အစား ပုံမှန်ဖြစ်အောင်ကြိုးစားခြင်း နဲ့ ခန္တာကိုယ် လှပအောင် အားကစားလှုပ်ရှားမှု တခုခုလုပ်ခြင်းဖြင့် မိမိကိုယ်ကို အချိန်ပေးပါ။

၅. #မိမိတဲ့relationshipဘဝကိုပြန်လည်သုံးသပ်ခြင်း
Ex နဲ့ အတူရှိစဥ်က ကောင်းတဲ့အချက်တွေ၊ မကောင်းတဲ့အချက်တွေ၊ ကိုယ့်အမှားတွေ နဲ့ သူ့ရဲ့ အမှားတွေ ၊ မိမိကြိုက်တဲ့အရာ မကြိုက်တဲ့အရာတွေ၊ သင်ခန်းစာယူရမဲ့ အကြောင်းတွေ ကို ပြန်လည်သုံးသပ်ပါ။
ဒီလို အချက်တွေကို ပြုလုပ်ပြီး သင်ကလွှတ်လပ်ပေါ့ပါးစွာ ဘဝကို ရှေ့ဆက်ဖို့ ပြင်ဆင်ပါ။

သတိရစရာ (memories ) တွေ ဆိုတာ မေ့ဖျောက်ဖို့ ခက်ပါတယ်။ ဟုတ်ပါတယ် ဖျောက်လို့ မရပါဘူး သို့သော် ဖိနှိပ်ထားဖို့လဲ မလိုပါဘူး။ သတိရစရာတွေ ကတိုက်ဆိုင်ရင် ပေါ်လာတတ်ပေမဲ့ ပြန်လည်တမ်းတ ရယူလိုခြင်း မရှိတော့တဲ့ အခါ မိတ်ဆွေက heal ဖြစ်ပြီး ဒီ relationship ကို move on သွားပြီလို့ ပြောလို့ရပါတယ်။

🍀🍀 ဖျောက်မရတဲ့ memories တွေကတော့ စိတ်ထဲမှာရှိနေမှာပါ သတိတရတမ်းတနေ စရာတော့ မလိုအပ်ပါဘူး။

🍀🍀 ဒီတော့ မိတ်ဆွေက ရှေ့ဆက်ပျော်ရွှင်တဲ့ ဘဝအတွက် new life or new relationship အတွက် ဆိုရင် ex နဲ့ ပတ်သတ်တာတွေကို
“ #စိတ်ထဲမှာထားပြီးတသက်လုံးသတိမရဘဲနေကြရအောင် “

Counselor Eingyin
31OCT2024

🔊🔊🔊September လက My Therapist ရဲ့ ပဲ့ကိုင်ရှင် Counselor Eingyin ရဲ့ မွေးနေ့လ ဆိုတော့🌸🌸🌸💢ပရဟိတ အနေနဲ့ လိုအပ်သူများကို တဦး...
01/09/2024

🔊🔊🔊September လက My Therapist ရဲ့ ပဲ့ကိုင်ရှင် Counselor Eingyin ရဲ့ မွေးနေ့လ ဆိုတော့🌸🌸🌸

💢ပရဟိတ အနေနဲ့ လိုအပ်သူများကို တဦးလျှင် free counseling ( ၅ sessions) အခမဲ့ တိုင်ပင် ဆွေးနွေးပေးမှာ မို့လက်မလွှတ်သင်တဲ့ အခွင့်အရေးဘဲနော်

လူဦးရေကလဲ ကန့်သတ်ထားသေးတယ်ဆိုတော့ အမြန်ပြေး booking တင်လိုက်တော့။

🎀 အိမ်ထောင်ရေး ၊ အချစ်ရေး အခက်အခဲ
🎀 Anxiety (စိတ်အလွန်အမင်းပူတတ်ခြင်း)
🎀 ဒေါသထွက်လွယ်ခြင်း၊
🎀 စိတ်ဖိစီး လွန်းလို လုပ်ချင်ကိုင်ချင်စိတ်ပျောက်ခြင်း
🎀 အအိပ်အစားမမှန် ဖြစ်ခြင်း
🎀 စိတ်ဓါတ်အလွန်အမင်းကျပြီး လူတွေနဲ့ ဝေးဝေးနေချင်နေခြင်း
🎀 လတ်တလော ဆုံးရူံးမှုတခုခုနဲ့ ကြုံတွေ့ခဲ့ရခြင်း

🥺🥺 အဲ့လိုတွေဖြစ်နေပြီ နေ့စဉ်ဘဝ မှာ ပျော်စရာမရှိဘဲ ခက်ခက်ခဲခဲ ဖြတ်သန်းနေရပြီဆိုရင် Counseling Sessions ကသင့်အတွက်ပါ။

Counselor က ဝေဖန်ခြင်းမရှိ၊ သင်မလိုခြင်တဲ့ အကြံတွေ ပေးခြင်းမရှိဘဲ သင်နဲ့ အတူတူ ဆွေးနွေးတိုင်ပင် ပြီး သင့်ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးမှာ ဖြစ်ပါတယ်။

Online Session မို့လို့ ကမ္ဘာရဲ. ဘယ်နေရာကမဆို ဆက်သွယ် ရယူနိုင်ပါတယ်

အသက် ၁၈နှစ်မှ စ၍ ကျား၊ မ ၊ LGBTQAI+ မရွေး ဆွေးနွေးနိုင်ပါတယ်။

အောက်ပါ google form မှ ရက်ချိန်းရယူပါ။
👇👇👇
https://forms.gle/yGkTYZoEV334npEZ6

ပိုမို သိလိုရှိ လိုပါက Page Messenger မှ ဆက်သွယ်မေးမြန်း နိုင်ပါတယ် …


Address

Dagon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959885120138

Website

Alerts

Be the first to know and let us send you an email when My Therapist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to My Therapist:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram