Good Health with Hepachol - အသည်းအားဆေး

  • Home
  • Myanmar
  • Dagon
  • Good Health with Hepachol - အသည်းအားဆေး

Good Health with Hepachol - အသည်းအားဆေး Liver supplement, Health.

ဒီနေ့ကသောကြာနေ့လေ Happy Friday လေးပေါ့ 🤩🤩🤩✨ ဘော်ဒါတွေနဲ့ ဆုံမယ်...စားမယ်...သောက်မယ်...ပျော်ကြမယ်နေ့လေ❗အပျော်မလွန်ခင် အသည...
27/09/2024

ဒီနေ့ကသောကြာနေ့လေ Happy Friday လေးပေါ့ 🤩🤩🤩
✨ ဘော်ဒါတွေနဲ့ ဆုံမယ်...စားမယ်...သောက်မယ်...ပျော်ကြမယ်နေ့လေ
❗အပျော်မလွန်ခင် အသည်းလေးကို ဂရုစိုက်ဖို့တော့ မမေ့နဲ့နော်
💥 အသည်းကိုကာကွယ်ဖို့အတွက်ကတော့ ဟက်ပါကောအသည်းအားဆေးလေးရှိတယ်လေ
❤️ ဟက်ပါကောမှာ ဂျာမနီနိုင်ငံမှရရှိသော soya Lecithin ပါဝင်တဲ့အတွက် ပျက်စီးနေသော အသည်းဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး ထပ်ပြီးမပျက်စီးအောင်လည်းကာကွယ်ပေးပါတယ်။
💥 အရက်၊ဘီယာစတဲ့ အသည်းကိုပျက်စီးစေနိုင်တဲ့ အဆိပ်အတောက်များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
❤️ ဒါ့အပြင် Vitamin B complex ပါဝင်တာကြောင့် အသည်းသွေးလှည့်ပတ်မှုကိုကောင်းမွန်စေနိုင်ပြီး အသည်း၏လုပ်ငန်းဆောင်တာများကိုကောင်းမွန်စေနိုင်ဖို့ အထောက်အကူပြုပါတယ်။
❤️ Vitamin E, Selenium, Zinc တို့ပါဝင်တာကြောင့် အသည်းကိုပျက်စီးစေနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမှ ကာကွယ်ပေးနိုင်ခြင်း ၊ အသည်းရောင်ခြင်းများကိုလျော့ချပေးနိုင်ခြင်း ၊ အသည်းအဆီဖုံးခြင်းများကိုကာကွယ်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကိုပေးစွမ်းနိုင်ပါတယ်။
💥 အသည်းကခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တာမို့ အသည်းလေးကျန်းမာနေစေဖို့ ဟက်ပါကောအသည်းအားဆေးလေးကို တစ်နေ့တစ်လုံး (သို့) နှစ်လုံး ကျားမ မရွေးသောက်သုံးနိုင်ပါတယ်။
👉 အသည်းကိုနှစ်ဆကာကွယ်ပေးထားနိုင်တဲ့ ဟက်ပါ‌ကော အသည်းအားဆေး 🫶
🛒အမြို့မြို့အနယ်နယ်ရှိဆေးဆိုင်တိုင်း၊ ရွှေအိုးဆိုင်ခွဲတိုင်း၊ Medicare ဆိုင်ခွဲတိုင်း၊ Life plus ဆိုင်ခွဲတိုင်း၊ သစ်ခွဆေးဆိုင်တိုင်း၊ 365 pharmacy ဆိုင်ခွဲတိုင်းတွင် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါတယ်ရှင်။

#အထိရောက်ဆုံးအသည်းအားဆေး
#ဟက်ပါကော

❗ဗီတာမင်အီးပေါကြွယ်ဝတဲ့အစားအစာတွေစားသုံးခြင်းက သင့်အသည်းကျန်းမာရေးကို အများကြီးအထောက်အကူပြုတယ်ဆိုတာ သင်သိပါသလား?👉 အဆီမှာ...
26/09/2024

❗ဗီတာမင်အီးပေါကြွယ်ဝတဲ့အစားအစာတွေစားသုံးခြင်းက သင့်အသည်းကျန်းမာရေးကို အများကြီးအထောက်အကူပြုတယ်ဆိုတာ သင်သိပါသလား?
👉 အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင်အီးမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် အသည်းဆဲလ်နံရံလေးတွေပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင်
👉 သွေးအတွင်းရှိ အသည်းအင်ဇိုင်းတစ်ချို့ကိုလျော့ချပေးနိုင်ခြင်း
👉 အသည်းရောင်ခြင်း၊ အသည်းအဆီဖုံးခြင်းများကို လျော့ချပေးနိုင်ခြင်း
👉 ကျန်းမာသော ခန္ဓာကိုယ်အညွှန်းကိန်းကို ရရှိစေနိုင်ခြင်း
👉 အသည်း၏လုပ်ငန်းဆောင်တာများကို ‌ထောက်ပံ့ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။
📌နေကြာဆီ၊ပဲပိစပ်ဆီ၊အယ်မွန်စေ့၊နေကြာစေ့၊ မြေပဲ၊ မြေပဲထောပတ်၊ ဆယ်လ်မွန်ငါး၊ အနီရောင်ငြုပ်ပွသီး ၊ ထောပတ်သီး၊ သရက်သီးနှင့် ကီဝီသီးတို့မှာ ဗီတာမင်အီးပေါကြွယ်ဝတာကြောင့် နေ့စဥ်စားသုံးတဲ့အစားအစာတွေထဲမှာ ထည့်စားသင့်ပါတယ်။
🔺အသည်းကျန်းမာရေးတွက်ဆိုရင်တော့ လက်ဆီသင်၊ဗီတာမင်ဘီအုပ်စု၊ဗီတာမင်အီး၊ ဆလီနီယမ် နှင့် ဇင့်တို့ အချိုးကျမျှတစွာပါဝင်တဲ့ ဟက်ပါကော အသည်းအားဆေးလေးကို တစ်နေ့ ၁ လုံး (သို့) ၂ လုံး ပုံမှန်မှီဝဲပေးဖို့လိုမယ်နော်။
💁သင့်အသည်းတွက်အမြဲရှိနေမည့် ....ဟက်ပါကောအသည်းအားဆေး 🫶

#အထိရောက်ဆုံးအသည်းအားဆေး
#ဟက်ပါကော

♥️ အသည်းကခန္ဓာကိုယ်တွင်း ကျန်းမာစေဖို့ လုပ်ငန်းပေါင်း ၅၀၀ ကျော်ကို ပြုလုပ်ပေးနေရတဲ့ အရေးအကြီးဆုံးသော အစိတ်အပိုင်းဖြစ်ပါတ...
25/09/2024

♥️ အသည်းကခန္ဓာကိုယ်တွင်း ကျန်းမာစေဖို့ လုပ်ငန်းပေါင်း ၅၀၀ ကျော်ကို ပြုလုပ်ပေးနေရတဲ့ အရေးအကြီးဆုံးသော အစိတ်အပိုင်းဖြစ်ပါတယ်။
♥️ ခန္ဓာကိုယ်တွင်းအဆိပ်စွန့်ထုတ်ပေးခြင်းလုပ်ငန်းစဥ်များ၊ အစာခြေဖျက်မှုကောင်းမွန်စေရန်အတွက် အစာခြေရည်ထုတ်လုပ်ပေးခြင်း ၊ ခန္ဓာကိုယ်တွက်လိုအပ်သော အာဟာရနှင့် သက်စောင့်ဓာတ်များကို သိုဆည်းထားခြင်း စတဲ့လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရပါတယ်။ ❗ကျန်းမာရေးနှင့်မသင့်တော်သော အစားအစာများကိုစားသုံးခြင်း ၊ အရက်ဘီယာသောက်သုံးခြင်း ၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားသုံးခြင်း စတဲ့အသည်းကိုအဆိပ်အတောက်ဖြစ်စေနိုင်သောအရာများကြောင့် အသည်းပျက်စီးစေနိုင်ပါတယ်။
♥️ ဒါကြောင့် အသည်းလေးမပျက်စီးအောင် ဟက်ပါကောအသည်းအားဆေးလေးကို အမြဲမှီဝဲသင့်ပါတယ်။
📌 ဟက်ပါကောမှာပါဝင်တဲ့ လက်ဆီသင်က အသည်းဆဲလ်များကိုပြန်လည်ပြုပြင်ပေးပြီး အသည်းဆဲလ်လေးတွေ ထပ်ပြီးမပျက်စီးအောင် ကာကွယ်ပေးပါတယ်။
📌 ဗီတာမင်ဘီအုပ်စုကြောင့် အသည်းသွေးလှည့်ပတ်မှုစနစ်ကိုကောင်းမွန်စေနိုင်ပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။
📌 ဗီတာမင်အီးပါဝင်တောကြောင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကိုရရှိစေနိုင်ပြီး အသည်းရောင်ရမ်းခြင်းများနှင့်အသည်းအဆီဖုံးခြင်းများကိုကာကွယ်ပေးပါတယ်။
📌 ဇင့်ဓာတ်ပါဝင်တာကြောင့် အသည်းအဆီဖုံးခြင်းကိုလျော့ချပေးနိုင်ပြီး အသည်းမှာအဆိပ်အတောက်ဖြစ်မှုကိုလျော့ချပေးနိုင်ပါတယ်။
📌 ဆလီနီယမ်ပါဝင်တာကြောင့် အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
💌 ဒါကြောင့် အသည်းလေး ဒီ့ထက်ပိုပြီးမပျက်စီးရအောင် ဟက်ပါကောအသည်းအားဆေးကို တစ်နေ့ ၁ လုံး (သို့) ၂ လုံး ပုံမှန်မှီ၀ဲဖို့တော့ လိုမယ်နော်။

#ဟက်ပါကော
#အထိရောက်ဆုံးသောအသည်းအားဆေး

"အာဇာနည်နေ့ တို့မမေ့"၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါ...
19/07/2024

"အာဇာနည်နေ့ တို့မမေ့"
၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဦးညွတ် ဂါရဝပြုအပ်ပါသည် ။

#အာဇာနည်နေ့
#ဟက်ပါကော
#အသည်းအားဆေး

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဝမ်းအေးချမ်းပါစေကြောင်း Hepachol အသည်းအားဆေးမိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ...
13/04/2024

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဝမ်းအေးချမ်းပါစေကြောင်း Hepachol အသည်းအားဆေးမိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်

နေ့စဉ်ဘဝမှာ မသိလိုက် မသိဘာသာနဲ့ အသည်းကို ထိခိုက်စေတဲ့ အပြုအမူတွေလုပ်လေ့ရှိပါတယ်။🔺အရက်၊ဘီယာ သောက်သုံးခြင်း၊🔺 အဆီများတဲ့အစ...
16/09/2023

နေ့စဉ်ဘဝမှာ မသိလိုက် မသိဘာသာနဲ့ အသည်းကို ထိခိုက်စေတဲ့ အပြုအမူတွေလုပ်လေ့ရှိပါတယ်။
🔺အရက်၊ဘီယာ သောက်သုံးခြင်း၊
🔺 အဆီများတဲ့အစားစာတွေစားခြင်း၊
🔺 အဝလွန်နေခြင်း၊
🔺 သကြားလွန်ကဲစွာစားသုံးခြင်း၊
🔺 ဆေးဝါးများစွာ သောက်သုံးနေရခြင်း၊
🔺 သန့်ရှင်းမှုမရှိသော အစာများစားမိခြင်း။
စသည့် အပြုအမူတွေဟာ အသည်းကို ထိခိုက်စေပါတယ်။
♥️ အသည်းဟာ ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်တဲ့အပြင် အရေးပါတဲ့လုပ်ဆောင်ချက်တွေ လုပ်တဲ့နေရာမို့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
♥️ ဟက်ပါကောအသည်းအားဆေးမှာ အသည်းကိုအားဖြည့်ပေးမယ့် ဂျာမနီနိုင်ငံ သဘာဝကုန်ကြမ်းများမှရရှိသော Soya လက်ဆီသင် 20% ပါဝင်ပါတယ်။ ဒါတင်ပဲမဟုတ်ပါဘူး ဟက်ပါကောမှာ အသည်းအားကောင်းစေဖို့ ဗီတာမင် B1, B2, B6, B12 ၊ နီကိုတင်းနမိုက်၊ စီလီနီယမ်၊ ဖောလစ်အက်စစ်၊ ဇင့်တို့အပြင် ဗီတာမင် E တို့ အချိုးစားမျှတစွာ ပါဝင်တာမို့ ဆေးတစ်လုံးတည်းနဲ့ အာနိသင်ကောင်းများစွာကိုရရှိမှာ ဖြစ်ပါတယ်။
အသည်းအတွက်တင်မက တခြားသောဗီတာမင်၊ သတ္တုဓာတ်တွေပါ ပါဝင်နေတာမို့ တစ်မျိုးတည်းနဲ့အရမ်းကို အဆင်ပြေပါတယ်။
✔️အရက်ဘီယာနဲ့မကင်းတဲ့သူတွေ၊ အသည်းခြောက်နေသူတွေ၊ အသည်းအဆီဖုံးသူတွေ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီးပိုး ရှိသူတွေ၊ အသည်းကျန်းမာရေးမကောင်းသူတွေနဲ့ အသည်းကိုကြိုတင်ကာကွယ်ထားချင်သူတွေဟက်ပါကောလိုမျိုး အသည်းအားဆေးတစ်ခုခုကို ပုံမှန် မှီဝဲသင့်ပါတယ်။
♥️ ဟက်ပါကောအသည်းအားဆေးတစ်မျိုးထဲ‌သောက်ရုံနဲ့ ပျက်စီးနေတဲ့ အသည်းဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ထပ်မံမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

♥️ အမျိုးသားရော အမျိုးသမီးတွေပါ ဟက်ပါကောကို တစ်နေ့ တစ်လုံး သို့ နှစ်လုံး နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် ကျန်းမာပျော်ရွင်သော မိသားစုဘဝကို ဖြတ်သန်းလိုက်ပါနော်။

🛒🛍️ဟက်ပါကောအသည်းအားဆေးကို ရွှေအိုးဆေးဆိုင်များ၊ Medicare ဆိုင်ခွဲတိုင်းနှင့် မြို့နယ်တိုင်းရှိ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီ။

#အထိရောက်ဆုံးသောအသည်းအားဆေး
#ဟက်ပါကော

⚠️ အသည်းက ခန္ဓာကိုယ်ထဲမှာ ဒုတိယမြောက်အကြီးဆုံ:အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာသိပါသလား ?? ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို အ...
15/09/2023

⚠️ အသည်းက ခန္ဓာကိုယ်ထဲမှာ ဒုတိယမြောက်အကြီးဆုံ:အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာသိပါသလား ??
ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို အညစ်အကြေးအဖြစ်ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ပြင်ပကိုစွန်ထုတ်ပေးတယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုလဲဖြစ်ပါတယ် ။
⚠️ အသည်းက ခန္ဓာကိုယ်တွက် အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပေမယ့် မိမိကိုယ်တိုင်ကရော အသည်းမှာ အဆိပ်တွေမစုပုံစေဖို့ ကာကွယ်ပေးထားမိရဲ့လား?

✨ ဒါကြောင့် ဒီနေ့မှာ အသည်းကို detox လုပ်ပေးနိုင်တဲ့ အစားအစာအချို့ကို ပြောပြပေးသွားမယ်နော် ...

✅ Cruciferous vegetable
ပန်း‌‌ဂေါ်ဖီ ၊ ပန်းဂေါ်ဖီအစိမ်း၊ ဂေါ်ဖီပန်းပွင့် စတဲ့ Cruciferous vegetables တွေမှာ အာဟာရဓာတ်တွေများစွာပါဝင်တဲ့အပြင် Vitamin C နှင့် Vitamin K1 , carotenoid တို့ပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ carotenoid တွေထဲမှာမှ Indole-3-carbionol နှင့် sulforaphane တို့က အသည်းကနေ အဆိပ်အတောက်တွေကို ဖျက်ဆီးပေးနိုင်တဲ့ အင်ဇိုင်းထွက်မှုကို အားပေးပြီး အသည်းတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။
✅ Green Tea
သဘာဝဓာတ်တိုးပစ္စည်းတွေအများကြီးပါဝင်တဲ့ လက်ဖက်စိမ်းထဲမှာ Epigallocatechin-3-galate (EGCG) ပါဝင်တာကြောင့် အသည်းကျန်းမာ‌ရေးကိုအများကြီးအ‌ထောက်အကူပြုစေပါတယ်

✅ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ကိုက်လန်၊ ဟင်းနုနွယ် နှင့် နံနံမျိုးရင်းများ စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ကလိုရိုဖီးလို့ခေါ်တဲ့ အစိမ်းရောင်ခြယ်ပစ္စည်းပါဝင်တဲ့အပြင် ဗီတာမင်နှင့်သတ္ထုဓာတ်တို့များစွာပါဝင်ပါတယ်။ အစိမ်းရောင်ခြယ်ကလိုရိုဖီးက အသည်းရဲ့ အဆိပ်ချေဖျက်မှု့စွမ်းရည်ကို ပိုကောင်းလာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။
✅ အခွံမာသီးများ
အခွံမာသီးတွေစားခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း ရှိသင့်ရှိထိုက်သော အင်ဆူလင်ပမာဏကို ထိန်းပေးထားနိုင်ခြင်း၊ ကောင်းမွန်သော ကိုလက်စရောပမာဏကိုထိန်းပေးထားနိုင်ခြင်း၊ အမျှင်ဓတ်တွေအများကြီးပါဝင်တာကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်။ ဒါ့အပြင် Omega 3 , Omega 6 fatty acid တွေပါဝင်တာကြောင့် အသည်းကို ပိုပြီးကျန်းမာစေပါတယ်။
✅ ဘယ်ရီသီးများ
ဘယ်ရီမျိုးနွယ်ဝင်အသီးတွေမှာ flavonoid တွေပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာများကိုကောင်းမွန်စေပြီး အသည်းမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။
✅ ချဥ်သောအသီးများ
သံပုရာသီးကဲ့သို့သော ချဥ်သောအသီးအနှံတွေထဲမှာ ကိုယ်ခံအားကိုတက်စေတဲ့ ဗီတာမင်စီ အများကြီးပါဝင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ထိုကဲ့သို့သောအသီးတွေမှာ ဗီတာမင်စီ ပါဝင်တဲ့အပြင် bioactive polyphenol ပါဝင်တာကြောင့် အသည်းကျန်းမာရေးကိုအများကြီးအထောက်အပံ့ဖြစ်စေပါတယ်။
✨အထက်ဖော်ပြပါ အစားအစာတွေကို နေ့စဥ်ပုံမှန်စားပေးခြင်းအားဖြင့် မိမိအသည်းကိုအန္တရာယ်ဖြစ်စေနိုင်မဲ့ အဆိပ်အတောက်တွေရန်မှ ကာကွယ်ပေးနိုင်ပြီပေါ့။
♥️ အသည်းလေးကျန်းမာဖို့နဲ့ မပျက်စီးဖို့တွက် ဟက်ပါကော အသည်းအားဆေးလေးက တစ်ဖက်တလမ်းကနေ ဝင်ကူပေးပါရစေ 🤗
♥️ ဟက်ပါကောအသည်းအားဆေးလေးမှာ အသည်းကျန်းမာရေးနှင့်အသည်းလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်တဲ့ ဗီဝာာမင်တွေအပြင် ပျက်စီးနေတဲ့အသည်းဆဲလ်လေးတွေကိုပြန်လည်ပြုပြင်ပေးပြီး အသည်းဆဲလ်များ ထပ်ပြီးမပျက်စီးအောင်ကာကွယ်ပေးနိုင်တဲ့ လက်ဆီသင် ပါဝင်ပါတယ်။
♥️ တနေ့ ၁ လုံး (သို့) ၂ လုံး လိုအပ်သလို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာတဲ့အသည်းကို ပေးစွမ်းနိုင်ပါတယ်။

♥️ သင့်အသည်းကို ဂရုစိုက်ခြင်းဟာ သင်ချစ်ရသော သင့်မိသားစုကို ဂရုစိုက်ခြင်းနှင့်ထပ်တူကျတာကြောင့် ဒီကနေ့ကနေစပြီး အသည်းလေးကို ဟက်ပါကောနဲ့အတူဂရုစိုက်ကြရအောင် 🤗🤗🤗

#အထိရောက်ဆုံးအသည်းအားဆေး
#ဟက်ပါကော


ပေါ့ဆလို့မရပါ အသည်းအဆီဖုံးရောဂါ 📍အခုနောက်ပိုင်းမှာအဖြစ်များလာတဲ့ရောဂါတစ်ခုဖြစ်ပြီး လူ ၁၀ ယောက်မှာ ၉ ယောက်က အသည်းအဆီဖုံးရ...
13/09/2023

ပေါ့ဆလို့မရပါ အသည်းအဆီဖုံးရောဂါ
📍အခုနောက်ပိုင်းမှာအဖြစ်များလာတဲ့ရောဂါတစ်ခုဖြစ်ပြီး လူ ၁၀ ယောက်မှာ ၉ ယောက်က အသည်းအဆီဖုံးရောဂါကို ခံစားနေရပါတယ်။
♦️အသည်းမှာအဆီပိုတွေစုပုံသွားခြင်းကြောင့် အသည်းအဆီဖုံးရောဂါဖြစ်ပေါ်လာပါတယ် ။ အသည်းအဆီဖုံးခြင်းကို သင့်တော်ထိရောက်တဲ့ဆေးကုသမှုတွေမလုပ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ အသည်းရောင်ခြင်း ၊ အသည်းခြောက်ခြင်း နောက်ဆုံးအဆင့် အသည်းကင်ဆာဖြစ်နိုင်တဲ့အဆင့်ထိတောင် ရောက်နိုင်တာမို့ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ် ။
♦️အသည်းအဆီဖုံးခြင်း အမျိုးအစား ၂ မျိုးရှိပါတယ်။
အရက်ကြောင့် အသည်းအဆီဖုံးခြင်း ( Alcoholic Fatty Liver Disease , AFLD) နှင့်
အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးခြင်း ( Non alcoholic Fatty Liver Disease , NAFLD) ဆိုပြီး နှစ်မျိုးရှိပါတယ်။
♦️NAFLD အမျိုးအစား ကို‌တော့ အဝလွန်သူတွေ ၊ ဆီးချိုရောဂါအခံရှိသူတွေ ၊ သွေးတိုးရောဂါအခံရှိသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သင့်တော်တဲ့ဆေးကုသမှု ၊ ကျန်းမာ‌ရေးနဲ့ညီညွတ်တဲ့ Healthy life style , healthy diet style လေးတွေက အသည်းဆဲလ်လေးတွေ တဖန်ပြန်လည်ကျန်းမာလာဖို့အတွက် ကူညီပေးနိုင်ပါတယ်။

♦️ ဒါကြောင့် ဒီနေ့မှာ အသည်းကျန်းမာရေးကောင်းဖို့ အသည်းအဆီဖုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးသွားမယ်နော်

✔️ ကိုယ်အလေးချိန်ကိုထိန်းပါ

ကိုယ်အလေးချိန်တက်လာခြင်း (အထူးသဖြင့် ခါးဘေးပတ်လည်အဆီများတက်လာခြင်း) က အသည်းအဆီဖုံးရောဂါဖြစ်နိုင်ချေအများဆုံးဖြစ်တာကြောင့် မိမိအရပ်နှင့်သင့်တော်တဲ့ BMI ထားရှိဖို့လိုအပ်ပါတယ်။

✔️ သွေးတွင်းအချိုဓာတ်ထိန်းခြင်း
Insulin resistance နှင့် blood sugar level အရမ်းမြင့်တတ်လာခြင်းက အသည်းမှာ အဆီကို ပိုစုလာစေပါတယ်။ အမျှင်ဓာတ်များတဲ့အစားအစာတွေ ၊ အချိုဓာတ်ကိုလျော့ချထားတဲ့အစားအစာတွေကို စားသုံးပေးခြင်းက သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ပါတယ်။

✔️ အဆီများသောအစားအစာများကိုအလွန်အကျွံစားသုံးခြင်း
ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့အဆီ နှင့် ကိုလက်စရောပမာဏ ကို မြင့်တက်စေနိုင်တဲ့ ပြည့်ဝဆီ ကဲ့သို့သော အဆီများများကို အလွန်အကျွံ့စားသုံးခြင်းကြောင့် အသည်းမှာ အဆီစုပုံမှုနှုန်းကို ပိုမြင့်လာစေပါပြီး အသည်းအဆီဖုံးရောဂါကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
❗ဘယ်လိုအစားအစားတွေကိုစားသုံးရမလဲ ?

✅ ဗီတာမင်နှင့်အမျှင်ဓာတ်များစွာပါဝင်သော သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ ၊
ဗီဝာာမင်ဘီအုပ်စု၊ မဂ္ဂနီဆီယမ် နှင့် သံဓာတ်ပါဝင်သော ဆန်လုံးညို၊ မုရော စတဲ့အစေ့အဆန်များ
အဆီမပါသောအသားများ ၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ တိုဟူး၊ အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများ စားသုံးခြင်းက အသည်းရဲ့လုပ်ငန်းဆောင်တာများကိုထောက်ပံ့ပေးပါတယ်။
✅ ထောပတ်သီး ၊ အစေ့အဆန် နှင့် ငါးများမှ ရရှိသော healthy fat များက အသည်းရောင်ရမ်းခြင်းကိုလျော့ချပေးပြီး အသည်းဆဲလ်များကို ပြန်လည်ကျန်းမာဖို့ကူညီထောက်ပံ့ပေးပါတယ်။

❗အသည်းကျန်းမာရေးတွက် ဘာတွေလုပ်ဆောင်ရမလဲ?

🔺အရက်တွေအလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ရှားပါ ။ လုံးဝမသောက်ရင်တော့အကောင်းဆုံးပေါ့နော် ဒါပေမယ့် မရှောင်နိုင်ရင်တောင် Limit လေးထားပြီးသောက်ပါ။
🔺အချိုများတဲ့အစားအစာတွေ ၊ အဆီများတဲ့အစားအစာတွေကိုရှောင်ပါ။
🔺အငန်လျော့စားပါ။
🔺ကိုယ်လက်လေ့ကျင့်ခန်း တစ်နေ့ မိနစ် ၃၀ ခန့်ပုံမှန်ပြုလုပ်ပေးပါ။
🔺မလိုအပ်ဘဲဆေးတွေအလွန်အကျွံသောက်သုံးခြင်းမှာရှောင်ရှားပါ။
♥️အသည်းမပျက်စီးအောင်ကာကွယ်ပြီး အသည်းဆဲလ်လေးတွေကို ပြန်လည်ကျန်းမာစေတဲ့ ဟက်ပါကော အသည်းအားဆေးလေးကို တစ်နေ့ ၁ လုံး ပုံမှန်သောက်ပေးပါ။
ဒီတော့ အသည်းကျန်းမာရေးတွက် ဆောင်ရမှာ ရှောင်ရမှာတွေကို သိသွားပြီဆိုတော့ အသည်းလေးကို ဂရုစိုက်ဖို့မမေ့နဲ့နော် 🤗🤗
♥️ သင့်အသည်းကိုဂရုစိုက်ခြင်းက သင့်မိသားစုကိုချစ်တာနှင့်ထပ်တူကျတာမို့ ဒီကနေ့ကနေစပြီး အထိရောက်ဆုံးအသည်းအားဆေး ဟက်ပါကောကို တစ်နေ့ ၁ လုံးသောက်သုံးပေးပြီး အသည်းလေးကို ဂရုစိုက်လိုက်ကြရအောင် 🥰🥰🥰

#အထိရောက်ဆုံးသောအသည်းအားဆေး
#ဟက်ပါကော

💌 သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံက သင့်အသည်းရဲ့ ကျန်းမာမှုကို အများကြီး သက်ရောက်စေပါတယ်။ 💌 အရက်ဘီယာများအလွန်အကျူးသောက်သု...
12/09/2023

💌 သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံက သင့်အသည်းရဲ့ ကျန်းမာမှုကို အများကြီး သက်ရောက်စေပါတယ်။
💌 အရက်ဘီယာများအလွန်အကျူးသောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ‌ကိုယ်လက်‌လေ့ကျင့်ခန်းပုံမှန်မပြုလုပ်ခြင်း၊ အဆီအစိမ့်များအလွန်အကျွံစားသုံးခြင်း စတဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့အကြောင်းအရာတွေကြောင့် အသည်းအဆီဖုံးခြင်းကဲ့သို့သောရောဂါများကိုဖြစ်ပေါ် လာစေပါတယ်။
📩 ဒီနေ့မှာတော့ မင်မင်က အသည်းကို ပျက်စီးစေတတ်တဲ့ စားသောက်နေထိုင်မှု ပုံစံအချို့ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
♦️ဆေးလိပ်သောက်ခြင်း
စီးကရက်နှင့်ဆေးလိပ်ကြီးသောက်သုံးခြင်းတွေက နှလုံးနှင့်အဆုပ်ကျန်းမာရေးကိုဆိုးဆိုးဝါးဝါးထိခိုက်စေသည့်အပြင် စီးကရက်မှာပါဝင်တဲ့ Chemical များကြောင့်အသည်းကိုပါပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှာ ယောင်ရမ်းခြင်းကိုဖြစ်စေနိုင်သည့် Cytokines များဖြစ်ပေါ် လာနိုင်ပြီးအသည်းဆဲလ်များကိုပျက်စီးစေနိုင်ပါတယ်။
♦️အဝလွန်ခြင်း
အဝလွန်တဲ့အပြင် ခန္ဓာကိုယ်တွင်း မကောင်းတဲ့ အဆီများ (ကိုလက်စရောများ) များလာခြင်းကြောင့် သွေးတိုးရောဂါ၊ နှလုံး‌ရောဂါများကို ဖြစ်စေသည့်အပြင် အသည်းရဲ့ ပင်မလုပ်ဆောင်ချက်များကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အဆီဓာတ်များစုပုံလာခြင်းကြောင့် အသည်းအဆီဖုံးခြင်း ၊ အသည်းပျက်စီးခြင်း နှင့် အသည်းကင်ဆာဖြစ်ခြင်းတို့ကိုပါ ဖြစ်ပေါ်လာစေပါတယ်။
♦️ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်မှုမရှိခြင်းကြောင့် သွေးလှည့်ပတ်မှုစနစ်နှေးကွေးစေပြီး အသည်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းမျိုး ဥပမာ စက်ဘီးစီးခြင်း ၊ လမ်းလျှောက်ခြင်း ၊ ရေကူးခြင်း ၊ အေရိုးဗစ်‌လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် အဆိပ်အတောက်များ ဖယ်ရှားပေးနိုင်တဲ့အပြင် စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။
♦️ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများစားသုံးခြင်း
ပြည့်ဝဆီများနှင့်ကြော်ထားသော အစားအစာများ ၊ ကဆီဓာတ်ပေါကြွယ်ဝသောအစားအစာများ ၊ ဆိုးဆေးပါသောအစားအစာများ၊ ချိုလွန်း ငန်လွန်း‌သောအစားအစာများ ၊ အသင့်စားအစားအစားများ စတဲံ ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများစားသုံးခြင်းကလည်းအသည်းရဲ့လုပ်ငန်းဆောင်တာများကိုပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။
♦️အရက်ဘီယာသောက်သုံးခြင်း
အရက်ဘီယာသောက်သုံးခြင်းက အသည်းကိုပျက်စီးစေနိုင်တဲ့ အဓိကကျဆုံးသောရန်သူပဲဖြစ်ပါတယ်။ နေ့စဥ်နေ့တိုင်းအရက်သောက်သုံးခြင်းက အသည်းဆဲလ်‌များကိုပျက်စီးစေပြီး အသည်းကိုအနာဖြစ်စေခြင်းနှင့်အသည်းခြောက်ခြင်းကိုပါဖြစ်စေနိုင်ပါတယ်။
♦️တချို့သောဆေးဝါးများကြောင့်အသည်းပျက်စီးခြင်း
အနာသက်သာစေသော ဆေးများအလွန်အကြူးသောက်သုံးခြင်းကြောင့်လဲအသည်းကိုပျက်စီးစေနိုင်ပါတယ်။

💌 အထက်မှာဖော်ပြထားတဲ့ အသည်းကိုပျက်စီးစေတတ်တဲ့ အလေ့အထတွေနဲ့ ကင်းရှင်းအောင်နေဖို့မလွယ်ကူရင်တော့ ဟက်ပါကောအသည်းအားဆေးကိုသာတနေ့ ၁ လုံးပုံမှန်သောက်ဖို့မမေ့နဲ့နော်
♥️ ဟက်ပါကော အသည်းအာဆေး‌ေလးကို ဂျာမနီနိုင်ငံမှရရှိသော လက်ဆီသင်၊ ဗီတာမင်ဘီ အုပ်စု၊ ဗီတာမင်အီး ၊ ဖောလစ်အက်ဆစ်၊ ဆလီနီယမ် နှင့် ဇင့်တို့နဲ့ စ‌နစ်တကျဖော်စပ်ထားတာကြောင့် သင့်အသည်းကို မပျက်စီးအောင် ၂ ဆ ကာကွယ်ပေးနိုင်ပါတယ်။
♥️ဒါကြောင့် ကျန်းမာတဲ့အသည်းအတွက် ဟက်ပါကောက မရှိမဖြစ်လိုအပ်တယ်လို့ပြောတာပေါ့....🤗

#အထိရောက်ဆုံးသောအသည်းအားဆေး
#ဟက်ပါကော

"အာဇာနည်နေ့ တို့မမေ့"၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါ...
19/07/2023

"အာဇာနည်နေ့ တို့မမေ့"
၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဦးညွတ် ဂါရဝပြုအပ်ပါသည် ။

#အာဇာနည်နေ့

နေ့စဥ်ဖြတ်သန်းနေရင်းနဲ့ မသိလိုက် မသိဘာသာနဲ့ အသည်းပျက်စီးစေတဲ့ အပြုအမူတွေ လုပ်မိနေလား 🤷🔺ဥပမာ အရက်အလွန်အကျွံသောက်မိတာ၊ ဘီယ...
17/03/2023

နေ့စဥ်ဖြတ်သန်းနေရင်းနဲ့ မသိလိုက် မသိဘာသာနဲ့ အသည်းပျက်စီးစေတဲ့ အပြုအမူတွေ လုပ်မိနေလား 🤷

🔺ဥပမာ အရက်အလွန်အကျွံသောက်မိတာ၊ ဘီယာနေ့တိုင်းသောက်မိနေတာ၊ ဆီကြော်တွေစားမိနေတာ၊ လက်သုပ်ချဥ်တွေနဲ့ ကြာရှည်ခံဆိုးဆေးတွေပါတဲ့အစားအစာတွေ စားမိနေတာမျိုးတွေပေါ့

🔺ဒီအကြောင်းအရာတွေက အသည်းကိုပျက်စီးစေတဲ့ လမ်းစပဲဖြစ်ပါတယ်။

ဒါကြောင့် ဟက်ပါကော အသည်းအားဆေးလေးကို ပုံမှန်မှီဝဲပေးဖို့ လိုအပ်တာပေါ့။

♥️ ဟက်ပါကော အသည်းအား‌ဆေးလေးထဲမှာဆိုရင် အသည်းဆဲလ်များပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးပြီး အသည်းဆဲလ်လေးတွေ ထပ်ပြီးမပျက်စီးအောင် ကာကွယ်ပေးနိုင်တဲ့ လက်ဆီသင် ၊ အသည်းသွေးလှည့်ပတ်မှုကိုကောင်းမွန်စေတဲ့ ဗီတာမင်ဘီ အုပ်စုနှင့် အသည်းကို ပျက်စီးစေသည့် အဆိပ်အတောက်နှင့် ပိုးမွှားများကိုကာကွယ်ပေးနိုင်တဲ့ ဆလီနီယမ်နဲ့ ဇင့်တို့ပါဝင်ပါတယ်။

♥️ တနေ့ ၁ လုံး ပုံမှန်သောက်ပေးခြင်းအားဖြင့် ကျန်းမာသောအသည်း ကျန်းမာသောကိုယ်ခန္ဓာကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် 💁

#ဟက်ပါကော
#အသည်းအားဆေး
#နှစ်ဆကာကွယ်ပေးထားနိုင်မှု

💡အသည်းက ခန္ဓာကိုယ်ထဲမှာ ဒုတိယမြောက်အကြီးဆုံးအဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 💌 ဒါ့အပြင် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိ...
07/03/2023

💡အသည်းက ခန္ဓာကိုယ်ထဲမှာ ဒုတိယမြောက်အကြီးဆုံးအဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

💌 ဒါ့အပြင် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို အညစ်အကြေးအဖြစ်ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်ပေးပါတယ်။

💌 အသည်းက ခန္ဓာကိုယ်တွက် အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပေမယ့် မိမိကိုယ်တိုင်ကရော အသည်းမှာ အဆိပ်တွေမစုပုံစေဖို့ ကာကွယ်ပေးထားမိရဲ့လား❓

💡ဒါကြောင့် ဒီနေ့မှာ အသည်းကို detox လုပ်ပေးနိုင်တဲ့ အစားအစာအချို့ကို ပြောပြပေးသွားမယ်နော် 🤗

🔮 Cruciferous vegetable

ပန်း‌‌ဂေါ်ဖီ ၊ ပန်းဂေါ်ဖီအစိမ်း၊ ဂေါ်ဖီပန်းပွင့် စတဲ့ Cruciferous vegetables တွေမှာ အာဟာရဓာတ်တွေများစွာပါဝင်တဲ့အပြင် Vitamin C နှင့် Vitamin K1 , carotenoid တို့ပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ carotenoid တွေထဲမှာမှ Indole-3-carbionol နှင့် sulforaphane တို့က အသည်းကနေ အဆိပ်အတောက်တွေကို ဖျက်ဆီးပေးနိုင်တဲ့ အင်ဇိုင်းထွက်မှုကို အားပေးပြီး အသည်းတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

🔮 Green Tea
သဘာဝဓာတ်တိုးပစ္စည်းတွေအများကြီးပါဝင်တဲ့ လက်ဖက်စိမ်းထဲမှာ Epigallocatechin-3-galate (EGCG) ပါဝင်တာကြောင့် အသည်းကျန်းမာ‌ရေးကိုအများကြီးအ‌ထောက်အကူပြုစေပါတယ်

🔮 အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ကိုက်လန်၊ ဟင်းနုနွယ် နှင့် နံနံမျိုးရင်းများ စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ကလိုရိုဖီးလို့ခေါ်တဲ့ အစိမ်းရောင်ခြယ်ပစ္စည်းပါဝင်တဲ့အပြင် ဗီတာမင်နှင့်သတ္ထုဓာတ်တို့များစွာပါဝင်ပါတယ်။ အစိမ်းရောင်ခြယ်ကလိုရိုဖီးက အသည်းရဲ့ အဆိပ်ချေဖျက်မှု့စွမ်းရည်ကို ပိုကောင်းလာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။

🔮 အခွံမာသီးများ
အခွံမာသီးတွေစားခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း ရှိသင့်ရှိထိုက်သော အင်ဆူလင်ပမာဏကို ထိန်းပေးထားနိုင်ခြင်း၊ ကောင်းမွန်သော ကိုလက်စရောပမာဏကိုထိန်းပေးထားနိုင်ခြင်း၊ အမျှင်ဓတ်တွေအများကြီးပါဝင်တာကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်။ ဒါ့အပြင် Omega 3 , Omega 6 fatty acid တွေပါဝင်တာကြောင့် အသည်းကို ပိုပြီးကျန်းမာစေပါတယ်။

🔮 ဘယ်ရီသီးများ
ဘယ်ရီမျိုးနွယ်ဝင်အသီးတွေမှာ flavonoid တွေပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာများကိုကောင်းမွန်စေပြီး အသည်းမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

🔮 ချဥ်သောအသီးများ
သံပုရာသီးကဲ့သို့သော ချဥ်သောအသီးအနှံတွေထဲမှာ ကိုယ်ခံအားကိုတက်စေတဲ့ ဗီတာမင်စီ အများကြီးပါဝင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ထိုကဲ့သို့သောအသီးတွေမှာ ဗီတာမင်စီ ပါဝင်တဲ့အပြင် bioactive polyphenol ပါဝင်တာကြောင့် အသည်းကျန်းမာရေးကိုအများကြီးအထောက်အပံ့ဖြစ်စေပါတယ်။

💌 အထက်ဖော်ပြပါ အစားအစာတွေကို နေ့စဥ်ပုံမှန်စားပေးခြင်းအားဖြင့် မိမိအသည်းကိုအန္တရာယ်ဖြစ်စေနိုင်မဲ့ အဆိပ်အတောက်တွေရန်မှ ကာကွယ်ပေးနိုင်ပြီပေါ့။

❤️အသည်းလေးကျန်းမာဖို့နဲ့ မပျက်စီးဖို့တွက် ဟက်ပါကော အသည်းအားဆေးလေးက တစ်ဖက်တလမ်းကနေ ဝင်ကူပေးပါရစေ
❤️ ဟက်ပါကောအသည်းအားဆေးလေးမှာ အသည်းကျန်းမာရေးနှင့်အသည်းလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်တဲ့ ဗီဝာာမင်တွေအပြင် ပျက်စီးနေတဲ့အသည်းဆဲလ်လေးတွေကိုပြန်လည်ပြုပြင်ပေးပြီး အသည်းဆဲလ်များ ထပ်ပြီးမပျက်စီးအောင်ကာကွယ်ပေးနိုင်တဲ့ လက်ဆီသင် ပါဝင်ပါတယ်။
❤️ တနေ့ ၁ လုံး (သို့) ၂ လုံး လိုအပ်သလို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာတဲ့အသည်းကို ပေးစွမ်းနိုင်ပါတယ်။

❤️ သင့်အသည်းကို ဂရုစိုက်ခြင်းဟာ သင်ချစ်ရသော သင့်မိသားစုကို ဂရုစိုက်ခြင်းနှင့်ထပ်တူကျပါတယ်။

#ဟက်ပါကော
#အသည်းအားဆေး

Address

Building(30), Room(101), First Floor, Zagawah Street
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
18:00 - 19:00

Telephone

+959455247066

Website

Alerts

Be the first to know and let us send you an email when Good Health with Hepachol - အသည်းအားဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Good Health with Hepachol - အသည်းအားဆေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram