Hanuman Health Care By Choo Choo

Hanuman Health Care By Choo Choo ကျမ်းမာ မှ ချမ်းသာ သုခ ရရှိနိူင်မည်

20/01/2023

ဆရာဆိုသည်မှာ October 30, 2021 admin Uncategorized 0 ဆရာဆိုသည်မှာတောင်ကိုရီးယားနိုင်ငံမှာ ဆရာဟူသည် နိုင်ငံတော်ကိုတည်ဆောက်သူ လို့ဆ.....

ပန်းပွင့်စိမ်းရဲ့ကောင်းကျိုးများကျန်းမာရေးနဲ့သင့်တော်တဲ့အသီးအရွက်တွေကိုပြရမယ်ဆိုရင် ပန်းပွင့်စိမ်းကလည်း မပါမဖြစ် ပါဝင်မှ...
21/07/2022

ပန်းပွင့်စိမ်းရဲ့ကောင်းကျိုးများ

ကျန်းမာရေးနဲ့သင့်တော်တဲ့အသီးအရွက်တွေကိုပြရမယ်ဆိုရင် ပန်းပွင့်စိမ်းကလည်း မပါမဖြစ် ပါဝင်မှာပါပဲ။ ပန်းပွင့်စိမ်းရဲ့အကျိုးတွေက များပြားလှတယ်ဆိုတာ သိပေမယ့် ပိုပြီး တိတိကျကျသိသွားရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင် ကူညီပေးနိုင်ခြင်း
(၂) သွေးဖိအားနှင့် ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ခြင်း
(၃) အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ခြင်း (၄) သွားနဲ့သွားဖုံး ကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ခြင်း
(၅) အရိုးသန်မာအောင် ကူညီပေးနိုင်ခြင်း

(၆) လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ကာကွယ်ဖို့ကူညီနိုင်ခြင်း၊
(၇) အရေပြားကျန်းမာရေးနဲ့ပတ်သက်သမျှကို ကောင်းမွန်ဖို့ကူညီပေးနိုင်ခြင်း
(၈) ဒဏ်ရာအနာတရဖြစ်ခြင်းမှ သက်သာအောင်ကူညီနိုင်ခြင်း
(၉) မျက်လုံးကျန်းမာရေးကို ကောင်းမွန်အောင်ကူညီပေးခြင်း
(၁၀) သွေးတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားရာတွင် ကူညီပေးနိုင်ခြင်း

(၁၁) အသည်းရောဂါကို ကာကွယ်ရာတွင် အထောက်အကူဖြစ်နိုင်ခြင်း
(၁၂) ရေဓာတ်ကိုထိန်းပေးပြီး သွေးထဲကအက်ဆစ်ဓာတ်ကိုပါ ထိန်းပေးဖို့ ကူညီပေးခြင်း
(၁၃) ဟော်မုန်းနဲ့ပတ်သက်တဲ့ကျန်းမာရေးကို ကောင်းမွန်ဖို့နဲ့ အဒရီနယ်ဂလင်း (adrenal gland)ရဲ့လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်ဖို့ အထောက်အကူဖြစ်စေနိုင်ခြင်း
(၁၄) ခန္ဓာကိုယ်အတွင်း လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်စေခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်းကို ထိန်းပေးဖို့ ကူညီစေခြင်း
(၁၅) အသက်အရွယ်ကြီးရင့်အိုမင်းလာခြင်းကြောင့်အမြင်အာရုံေ၀ဝါးခြင်းမှ ကာကွယ်ရာတွင်ကူညီပေးနိုင်ခြင်း

credit -BAWA

📌 ဒူးနား နေပါသလား🍀 ဟာန်နုမာန် တိုင်းရင်း ဆေးကပ်ခွာ လေးနဲ့ လိမ်းဆေးဆီ ကို သတိရလိုက်ပါ👵 အသက်အရွယ်ရလာတာကြောင့် ခန္ဓာကိုယ် အ...
17/07/2022

📌 ဒူးနား နေပါသလား

🍀 ဟာန်နုမာန် တိုင်းရင်း ဆေးကပ်ခွာ လေးနဲ့ လိမ်းဆေးဆီ ကို သတိရလိုက်ပါ

👵 အသက်အရွယ်ရလာတာကြောင့် ခန္ဓာကိုယ် အတွင်းမှ ရိုးတွင်း ချဥ်ဆီတွေ လျော့နည်းလာတာကြောင့်လည်း ဒူးနာတာ ဖြစ်တတ်ပါတယ်
🏃⛹အားကစား သမားများ ပြေးလွှာရင်း အခက်အသင့်တဲ့ အခါမျိုးတွေမှာလည်း ဒူး နာ တာတွေ ဖြစ်တတ်ပါတယ်

အဝလွန်ပြီ ခန္ဓာကိုယ် အလေးချိန်များခြင်းကြောင့်လဲ ဒူးနာ တာဖြစ်တတ်ပါတယ်

🔎အကြောင်းအမျိုးမျိုးကြောင့် ဒူးနာတာတွေ ဖြစ်တတ်ပါတယ်

📌ဒူးနာပြီ ဆိုတာနဲ့

👉အထိုင်အထတွေ မကောင်း တော့ဘူး 👉လှေခါး အတတ်အဆင်းတွေ မလုပ်နိုင်တော့ဘူး
👉လမ်းကြာကြာမလျောက် နိုင်တော့ပါဘူး
👍ဒီလိုဝေဒနါတွေကို သက်သာပျောက်ကင်းစေဖို့ ဟာန်နုမာန်တိုင်းရင်းဆေးရဲ့ အကူညီကို ယူလိုက်ပါဗျာ

လိမ်းဆေးအဆီကို နေ့ဘက်မှာ ၂ကြိမ် ၃ကြိမ် လိမ်းပေးပြီ ညဘက်မှာ ဆေးကပ်ခွာ လေးကို ကပ်ပြီးအိပ် မနက် အိပ်ယာထတဲ့ အချိန်ကျမှ ခွာပေးပါ(ကြာချိန် ၆/၈ နာရီ ကပ်ပေးလို့ရပါတယ်)

📌လူကြီးမင်းရဲ့ ဝေဒနါ ခံစားရတဲ့အပေါ်မူတည်ပြီး ဆေးကပ်ခွာကို စွဲကပ်ပေးရပါတယ်

⚜ဆေးကပ်ခွာ ၁၀ ချပ် ခြေထောက်ဆေးရည်စိမ် တစ်ထုပ် လက်ဆောင်ပါကို ၁၃၅၀၀ ကျပ်
⚜လိမ်းဆေး အဆီ ၁၃၅၀၀ကျပ်ပါ

အသုံးပြုလိုပါက
☎၀၉၇၉၉၆၂၂၄၀၃
☎၀၉၉၅၀၀၀၄၂၁၉
ဆက်သွယ် မေးမြန်း မှာယူနိုင်ပါတယ်

သင် ရှဲယ်ပေးခြင်းဖြင့် လူပေါင်းများစွာရဲ့ ဒုက္ခဝေဒနာကို ကယ်တင်ပေးလိုက်ပါ"တောင်သုံးလုံးသာဿနာပြုဆေးဝိဇ္ဇာအဘိုးသံ၏ဆီးချိုပျ...
17/07/2022

သင် ရှဲယ်ပေးခြင်းဖြင့် လူပေါင်းများစွာရဲ့ ဒုက္ခဝေဒနာကို ကယ်တင်ပေးလိုက်ပါ
"တောင်သုံးလုံးသာဿနာပြုဆေးဝိဇ္ဇာအဘိုးသံ၏
ဆီးချိုပျောက် ဆေးနည်း"
"ဆီးချိုမည်မျှပင်တက်နေစေကာမူဆေးဝိဇ္ဇာ အဘိုးသံ၏ဆေးနည်းကသက်သာပျောက်ကင်းစေပါလိမ့်မည်။ အသုံးပြုသော ဆေးအမည်များကမြင်တွေ့နေုကြမို့ အထင်မသေးကြပါနင့်။ နွယ်မြက်သစ်ပင်ဆေးဘက်ဝင်ပါသည်။
"ဆေးနည်း"
၁။မာလကာရွက် ၅ရွက်
၂။ကြက်သွန်ဖြူဥ. ၁ဥ
၃။ကြက်သွန်နီဥ. ၁ဥ
၄။သံပုရာ ၁စိပ်
၅။ဆား အနည်းငယ်
၆။ရေ. မတ်ခွက်ဖြင့်၃ခွက်
၎င်းဆေးအမည်များကိုသုံးခွက်တစ်ခွက်တင်ကြို၍နေ့စဉ် သောက်ပေးပါ။
အရသာမှာဖန် သက် ခါး ချဉ်ဖြစ်ပြီးအဝါ ရောင်ဖြစ်သည်။ ဆေးပတ်လည်လျင်ဆီးချိုစစ်ဆေးကြည့်ပါကအံ့သြဘွယ်သက်သာပျောက်ကင်းသည်ကိုတွေ့ရပါမည်။

စာကိုး။နက္ခတ္တရောင်ခြည်
ရဲမျိုးသူ(ဗောဓိမြိုင်)🌹သြဇာ(၃)ရွက် သွေးတိုးပြတ်🌹

အမျိုးမျိုးအကြောင်းကြောင့်သွေးတိုးနေကြသည်။
သွေးတိုးရှိသူတို့ သွေးတိုးအမြစ်ပြတ်စေရန်ဆေးရွက်
သည်ကား သြဇာရွက်ဖြစ်ကြောင်းဘိုးတော်သိန်းပြော
ဖူးသည်။
"သွေးတိုးအရိပ်အယောင်မြင်တာနဲ့သြဇာရွက်ကို
ဘုရားဆေး တရားဆေး သံဃာဆေးအဖြစ်နဲ့နေ့
တိုင်းဝါးစားတာပဲ"
"ဆေးဆိုတော့ သကြားလုံးလိုတော့ဘယ်ချိုမလဲ
ငါပြောသလိုသာလုပ်သွေးတိုးတယ်ဆိုတာမကြားစေ
ရပါဘူးကြာ"
နက္ခတ္တရောင်ခြည်
=============
နေ့စဉ်အရက်သောက် အလုပ်အလုပ်ပင်ပန်းခြင်း်ကြောင့်အအိပ်အစား
ပျက်သူ "မူးတယ်မူးတယ်"ဆိုကာလှဲသွား၏။
အကြောင်းကသွေးတိုးခြင်းဖြစ်သည်။
သွေးတိုးကျဆေးမရှိ အရေးပေါ် အသက်ကယ်လိုက်
သည်က သြဇာရွက်ဖြစ်သည်ဆိုသည်။အရွက်၄-၅ရွက်
ခူးပြီး ဝါးစေ၍ ရေအေးဖြင့်တိုက်လိုက်ခြင်းသာ။
အမှန်ပင် သက်သာပျောက်ကင်းခဲ့သည်။
ထိုဆေးရွက်က သြဇာရွက်သာဖြစ်သည်။
သြဇာ၃ရွက်မှန်မှန်စားပါကသွေးတိုးစေခြင်းအရှင်းကင်းပါကြောင်း သိမီသမျှ။

မဂ်လာ နံနက်လေးပါကောင်းမြတ်စိတ်ထားဖြင့် မေတ္တာ ပွားများနိုင်ကြပါစေသတ္တာဝါ အနန္တရ ချမ်းသားကိုယ်စိတ် မြဲကြပါစေဘေးဥပါဒ် အန္တ...
17/07/2022

မဂ်လာ နံနက်လေးပါ
ကောင်းမြတ်စိတ်ထားဖြင့် မေတ္တာ ပွားများနိုင်ကြပါစေ
သတ္တာဝါ အနန္တရ ချမ်းသားကိုယ်စိတ် မြဲကြပါစေ
ဘေးဥပါဒ် အန္တရယ် ရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးကြပါစေ🙏🙏🙏🙏

⚜နမောငါးချက်စီးပွားတက်ကျင့်စဉ်⚜ 🌻 မိမိနေအိမ်ဘုရားတွင် ပန်း ရေချမ်း ဆီးမီး နံ့သာတိုင် ကပ်လှူ၍နမောငါးချက် ကျင့်စဉ် ပြုလုပ်...
16/07/2022

⚜နမောငါးချက်စီးပွားတက်ကျင့်စဉ်⚜

🌻 မိမိနေအိမ်ဘုရားတွင်
ပန်း ရေချမ်း ဆီးမီး နံ့သာတိုင် ကပ်လှူ၍
နမောငါးချက် ကျင့်စဉ် ပြုလုပ်ပါ။
မိမိမွေးနေ့မှစ၍ပြုလုပ်ရပါမည်။

ပထမ= နမောတဿ (၅)ပါတ်
ဒုတိယ= နမောတဿ ဘဂဝတော (၅)ပါတ်
တတိယ= နေမာတဿ အရဟတော (၅)ပါတ်
စတုတ္ထ= နမောတဿ သမ္မာသမ္ဗုဒ္ဓဿ (၅)ပါတ်
ပဉ္စမ = နေမာတဿ ဘဂဝေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓဿ (၅)ပါတ်

အားလုံး တစ်နေ့ကို (၂၅)ပါတ် စိပ်ရပါမည်။
မိမိနိုင်သလောက် (၉)ရက် တစ်ကြိမ်
သို့မဟုတ် (၁၈)ရက် တစ်ကြိမ် စိပ်ပါ။
မွေးနေ့မှပြန်စပြီး မကြာခဏ အဓိဌာန်တင်၍စိပ်ပေးပါ။
နေ့စဉ်ပြုလုပ်နိုင်ပါက ပို၍ကောင်းပါသည်။

ဘုရားရှေ့မှာ သေချာ အဓိဌာန်၍ မိမိလိုရာဆုတစ်ခု တောင်း၍စိပ်ပါ အကျိုးပေးမြန်ပါလိမ့်မည်။

အခြား အမျိုးသမီးတစ်ဦးမှာ
ဤကျင့်စဉ်အား အခါမလပ် ပြုလုပ်ခဲ့သောကြောင့် အိမ်ငှားဘဝမှ နေ၍
ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားဖြင့် နေနိုင်သောသူ တစ်ဦးအဖြစ် ရောက်ရှိခဲ့ပါသည်။

ဘဝတွင် အဆင်မပြေဘူးဟုသာ ညည်းငြူနေကြပြီး လက်တွေ့တွင် မိမိကိုယ်တိုင်မှ ဘုရားမေ့ တရားမေ့ ကျင့်ကြံအားထုတ်မူမရှိသော် ဘယ်သို့သော ယတြာကမှ မိမိအား အစွမ်းကုန် ကူညီနိုင်မည်မဟုတ်ပေ။

မိမိကိုယ်တိုင်မှလည်း ကြိုးစားကျင့်ကြံ၍ နေထိုင်မှသာ ကံကြမ္မာအဆိုးပျောက်၍ ကံကြမ္မာအကောင်းရောက်မည်သာဖြစ်၏။

ယုံယုံကြည်ကြည်ဖြင့်ပြုလုပ်ပါက အကျိုးပေးမြန်ပါသည်။
ထို့ကြောင့် ပြန်လည်မျှဝေခြင်းပါ။

ဤအဓိဌာန်ကျင့်စဉ် ပြုလုပ်သူအပေါင်း စီးပွားလာဘ်လာဘတိုးတတ်ပြီး ဘုန်းတန်ခိုး သြဇာ အာဏာကြီးမား၍ ဘဝအခြေအနေ မြင့်မားကြပါစေ။

မူရင်း

🌺 SM Wai 🌺

မရမ်းကုန်းက အမက ဒူးနာနေလို့ ဆိုပြီ ဆေးကပ်ခွာလေး တစ်ဗူး စမ်းသုံးချင်လို့တဲ့ ဝေဒနါနဲ့ဆေး တွေ့ပြီ အမြန်ဆုံး သက်သာပျောက်ကင်း...
15/07/2022

မရမ်းကုန်းက အမက ဒူးနာနေလို့ ဆိုပြီ ဆေးကပ်ခွာလေး တစ်ဗူး စမ်းသုံးချင်လို့တဲ့ ဝေဒနါနဲ့ဆေး တွေ့ပြီ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ

 #မျက်စိမှုန်သူများအတွက်_ဆေးစွမ်းကောင်း (နတ်မျက်စဉ်း)🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀အခုကျနော်ပြောမဲ့ နတ်မျက်စဉ်းဆေးနည်းက အမှတ်(၁၃၄)၊ စက်တ...
15/07/2022

#မျက်စိမှုန်သူများအတွက်_ဆေးစွမ်းကောင်း (နတ်မျက်စဉ်း)
🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀
အခုကျနော်ပြောမဲ့ နတ်မျက်စဉ်းဆေးနည်းက အမှတ်(၁၃၄)၊ စက်တင်ဘာလ၊ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတာပါ။
မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန် လည် တင်ပြတာပါခင်ဗျာ။
ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာ မှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင် စာရေးသူ ကိုယ်တိုင် ရေးသား ခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည် တင်ပြ လိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ၀န်ခံလိုက်ပါသည်။
မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။
သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကို အခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည် လုံး၀မမှုန်ပါ မျက်မှန် မတတ်ရပါ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အ၀ ရှိနေပါသည် မျက် မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။
ကျွန်တော် ဆရာကြီး ဦးကြည်ဟန်နှင့် ကရင်ပြည်နယ် ကော့လုံ ကျွန်းတွင် တွေ့ဆုံမိကြပါ သည်။ ဆရာကြီး၏ မျက်စိအား ကောင်းမွန်နေမှုကို အံ့သြမိသည် သို့ပါ၍ ဆရာကြီး အား မေးမြန်း ပြောဆို မိပါသည်။
“ဆရာကြီးရဲ့ မျက်စိဟာ လူငယ် တစ်ဦးလို ကောင်းမွန်နေတာ တွေ့ရတယ် မျက်စိမမှုန်ဘူး မျက်စိဟာ အားနည်း မှု အရိပ်အယောင် မတွေ့ရဘူး ကြည်လင်ရွှန်းလဲ့နေတယ် "
ဒီတော့ဆရာကြီးမှာ မျက်စိနဲ့ပတ်သက်လို့ အစွမ်းရှိစေမယ့် ဆေးနည်းကောင်း များရှိရင် ကျွန်တော့်ကိုညွှန်ပြ ပြောဆိုပေးပါခင်ဗျာ။
ကျွန်တော်ကငယ်ငယ်နဲ့ မျက်စိအားနည်းနေလို့ပါ”
“အစွမ်းထက်တဲ့ မျက်စဉ်းတစ်မျိုးဖော်ပြီး ခတ်ပါ ဦးလဲ အဲဒီ မျက်စဉ်းခတ်ခဲ့လို့ အခုလိုမျက်စိ အားမနည်းဘဲ ပကတိကောင်းမွန်နေ တာပါပဲ”
“ဟုတ်ကဲ့၊ နည်းလမ်း ညွှန်ပြပေးပါ မျက်စဉ်းကို ဖော်ပါ့မယ် ဆရာကြီး”
#ဆေးနည်း
“မနက်စောစောမှာ စံပယ်ပင်က စံပယ်ပန်း(၃)ပွင့် ခူးယူရမယ် ရေပြောင်အောင် ဆေးရမယ် "
စံပယ်ပင် မရှိတဲ့သူကလဲ စံပယ်ပန်းရောင်းတဲ့ဆီက၀ယ်ပေါ့။
ဒါပေမယ့် ခပ်လတ်လတ်ကို ၀ယ်ပါ။
နွမ်းရင် မယူနဲ့။
“အဲဒီ စံပယ်ပန်းကို ဖန်ခွက်အလွတ်တစ်ခုမှာ ထည့်ရမယ် "
နောက် ရေသန့်သန့် ဖန်ခွက်(၃)ပုံ (၂)ပုံ ထည့်ရမယ်။
တစ်နေ့လုံး စိမ်ထားရမယ်။
ညမှာ မျက်စိကို ခတ်ခါနီး ပန်းကို ဖယ်ပစ်လိုက်၊ အဲဒီရေကို အဲဒီည မျက်စိကို ခတ်။
ပထမဦးဆုံး ခတ်တဲ့နေ့ နံနက်မှာ မျက်စိမှာ ထူးထူးခြားခြား မျက်ချေးတွေ ပိတ်နေလိမ့်မည်။
အ၀တ်ပွတစ်ခုကို ရေဆွတ်ပြီး မျက်စိကို ပွတ်သတ် သန့်ရှင်းမှု လုပ်ပေးရမယ်။
အဲဒီပန်းစိမ်ရေကို (၇)ရက်ဆက်တိုက် ခတ်ပေးရမယ်။
မျက်ချေးက တစ်နေ့ တခြား နည်းသွားမယ်။
(၇)ရက်ခတ်မိရင်ပဲ မျက်စိမှုန်နေသူ ပြန်လင်းပြီး။
မျက်စိမှာ တိမ်ရှိရင် ပျောက်သွားမယ်။
မျက်စိအား အရင်ထက် ထူးထူးကဲကဲ ကောင်းလာ မယ်။
(၇)ရက် ဆက်တိုက် ခတ်ပြီးရင် (၁၅)ရက်လောက် နားရမယ်။
နောက် (၁၅)ရက်ပြည့်ရင် ပထမ(၇)ရက်သုံးခဲ့တဲ့ မျက်စဉ်းရေကို မသုံးရဘူး။
နောက်တစ်ခါ အသစ်ပြန်ပြီး ပန်းကိုစိမ် ရတဲ့မျက်စဉ်းရေကို (၇)ရက်ဆက်ခတ်။
(၇)ရက်ပြီးရင် (၁၅)ရက်နားရမယ်။
ဒီလို(၇)ရက်ခတ်၊
(၁၅)ရက်နား၊
(၃)ပတ်ပြည့်ရင် မျက်စိဝေဒနာတွေ ကင်းဝေးသွားပြီး။
မျက်စိမှုန်၊ မျက်ခိုးထွက်၊ မျက် မှန်တပ်ရသူ၊ မျက် မှန်လွတ်မယ် တိမ်ရှိရင် ပျောက် မယ်။
ဘာအန္တရာယ်မှ မရှိဘူး ဆေးနည်းက လွယ်တယ်။
ဒါပေမယ့် စည်းစနစ်ကျ လုပ်ဆောင်ရမယ်။
" လက်တွေ့ ဆေးနည်းမို့ လက်တွေ့သာလုပ်ကြည့် အကျိုးရှိစေရမယ်”
“ယုံကြည်ပါတယ်။ ဆရာကြီးကိုယ်တိုင် လက်တွေ့ တွေ့နေရပြီပဲ။ ဒါနဲ့ဆရာကြီး ဒီနည်းပညာကို ဆရာကြီး ဘယ်သူ့ဆီက ရခဲ့တာပါလဲ။
သိပါရစေ” “ဒီအစွမ်းထက် မျက်စဉ်းရခဲ့တဲ့နေရာက ဒီကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာက ပဲ။
ပေးအပ်တဲ့ ပုဂ္ဂိုလ်က “နမ့်ပန်ကျောင်းက ဆရာတော် ဦးနန္ဒဝံသ” က လမ်းညွှန်နည်းပေးခဲ့တာပဲ” တိုက်ဆိုင်မှုရှိသူ၊ မျက်စိဝေဒနာရှင်များ လက်တွေ့ ဆောင်ရွက်မှုဖြင့် အကျိုးဖြစ်နိုင်စေရန် လမ်းညွှန်ဖော်ပြ ရေးသား လိုက်ရပါသည်။
ဆေးနည်းပညာ ပေးအပ်လမ်းညွှန်ပေးခဲ့သော ကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာ နမ့်ပန်ကျောင်းမှ ဆရာတော် ဦးနန္ဒဝံသ နှင့် ဆရာကြီး ဦးကြည်ဟန်တို့အား မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြလိုက် ပါသည်။
ဝေဒနာရှင်အပေါင်းတို့ ကျန်းမာပါစေ ဆန္ဒပြုလျှက်..............
ဖြူစင်အလိုကင်းနိုင်ပါစေ
အညတရ ဘိက္ခု wallမှ.....
#မှတ်ချက်။
#အထူးသတိပြုရန်မှာ
စပယ်ပန်းသည် အော်ဂဲနစ် ( သဘာဝပန်းပွင့် ) ဖြစ်ရပါမည် ။
ယခုရောင်းတန်းပန်းများမှာ သိပ္ပံနည်းဖြင့် ဆေးဖျန်းအသုံးပြုသည်ကများသဖြင့် မျက်လုံးအတွက် အသုံးပြုရန်မသင့်ပါ ။ ။
ခရက်ဒစ်

👉 ဒူးနာ နေပါသလား👉ခါးကြောညှပ်ပြီး ခါးနာနေပါသလား👉ဇက်ကြောတတ်ပြီိး ဇက်ကျီးပေါင်း ဖြစ်နေပါသလား👉ညောင်းညာ ကိုက်ခဲ့ပြီ ခြေတွေ လက...
15/07/2022

👉 ဒူးနာ နေပါသလား
👉ခါးကြောညှပ်ပြီး ခါးနာနေပါသလား👉ဇက်ကြောတတ်ပြီိး ဇက်ကျီးပေါင်း ဖြစ်နေပါသလား
👉ညောင်းညာ ကိုက်ခဲ့ပြီ ခြေတွေ လက်တွေ မသယ်နိုင်ပဲ ဖြစ်နေပါသလား

📌တန်းခိုရှင်လို့ အမည်တတ်ရလောက်အောင် အစွမ်းထက်နေတဲ့ ဟာန်နုမာန် တိုင်းရင်းဆေးကပ်ခွာလေးရှိနေပါတယ်ဗျ

🍀သဘာဝ ပစ္စည်း တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာကြောင် ဘေးထွက်ဆိုးကျိုး (လုံးဝ လုံးဝ)မရှိပါဘူးဗျ
📌ပါဝင် ပစ္စည်း များဖြစ်တဲ့
🍀ကက်စ်မူနာဂျင်း
🍀သစ်ကြမ်းပိုးခေါက်
🍀ဝါးမီးသွေး
🍀ကြက်သွန်နီ
🍀ပူစီနံ ဆိုတဲ့
သဘာဝပစ္စည်း တွေဟာ
👍ကိုယ်ခန္ဓာ အတွင်း ရှိတဲ့ သွေးလည်ပတ်မူ့စနစ်ကို ကောင်းမွန်စေပြီး ကြွက်သားနာကျင်ယောင်ယမ်းတာကို သက်သာစေပြီး ကိုယ်တွင်းအပူတွေကိုစုပ်ယူပေးတာမို့ ညောင်းညာကိုက်ခဲခြင်းကို သက်သာစေ,နူစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်

👍ဆေးကပ်ခွာရဲ့ အာနိသင် ကောင်းမွန်တာကြောင့် တစ်ထုပ်စမ်းသုံးဖူး သူတိုင်းထပ်ခါထပ်ခါ မှာယူနေတဲ့ ဆေးစွမ်းကောင်းလေးပါ
တိုင်းရင်းဆေးဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ ဝေဒါနာ အပေါ်လိုက်ပြီး ဆေးအထုပ်ရေ သုံးစွဲပုံ ကွာခြားတတ်ပါတယ်

ဆေးကပ်ခွာ ၁၀ချပ် ခြေထောက်ဆေးရည်စိမ် ၁ထုပ် လက်ဆောင် ပါကို ၁၃၅၀၀ကျပ်
လိမ်းဆေးအဆီ ၁၃၅၀၀ကျပ်

မှာယူလိုပါက 09799622403 /09950004219သို့ ဆက်သွယ်မှာယူနိူင်နိုင်ပါတယ် page ရဲ့ cbမှာ လည်း မှာယူနိုင်ပါတယ်
အားလုံး ကျန်းမာ သုခ အပေါင်းနဲ့ ပြည့်စုံကြပါစေ



.

မဂ်လာရှိသော   နံနက်ခင်းလေးပါဗျခန္ဓာ ကျန်းမာ စိတ်ချမ်းသာလို့ ဝင်ငွေတိုးပွား လာဘ်ပေါများကြပါစေ🙏🙏🙏
15/07/2022

မဂ်လာရှိသော နံနက်ခင်းလေးပါဗျ
ခန္ဓာ ကျန်းမာ စိတ်ချမ်းသာလို့
ဝင်ငွေတိုးပွား လာဘ်ပေါများကြပါစေ🙏🙏🙏

🧏🏻‍♂️ ဟာန်နုမာန်တိုင်းရင်းဆေး များကို 💁🏻‍♂️အကြောနဲ့ ကြွက်သား နာကျင်ရောင်ယမ်းတဲ့ အခါ💁🏻‍♂️ခန္ဓာကိုယ် အတွင်း အပူအပူတ်များတဲ...
14/07/2022

🧏🏻‍♂️ ဟာန်နုမာန်တိုင်းရင်းဆေး များကို

💁🏻‍♂️အကြောနဲ့ ကြွက်သား နာကျင်ရောင်ယမ်းတဲ့ အခါ
💁🏻‍♂️ခန္ဓာကိုယ် အတွင်း အပူအပူတ်များတဲ့ အခါ
💁🏻‍♂️ညောင်းညာကိုက်ခဲတဲ့ အခါ တွေမှာ အသုံးပြုပေးလို့ ရသလို
💁🏻‍♂️ခြေသလုံးကြွက်တတ်တဲ့ အခါ

ခန္ဓာကိုယ် တွင်း သွေးလေ လည်ပတ်မူ့ ကောင်းအောင်လဲ ကပ်ပေး လို့ ရပါတယ်

မှာယူလိုပါ က
☎09799622403,09950004219 ဆက်သွယ် မှာယူနိူင်ပါတယ်

"ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ"            အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံးရောဂါပါလို့ကျနော်ပြေ...
14/07/2022

"ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ"

အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံး
ရောဂါပါလို့ကျနော်ပြောလျှင်ယုံနိုင်မည်မဟုတ်ပါ
ကိုယ်တိုင်မှမခံစားဖူးတာကိုး။သင့်ပတ်ဝန်းကျင်၌
ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့သွားနေသူတွေ။တင်
ပါးခွက်ကလေးကိုဖိကာပွတ်ကာသွားလာနေတဲ့
သူတွေ။ပေါင်ကိုက်ဒူးကိုက်ခြေသလုံးတလျှောက်
ထုံကျင်နေတဲ့သူတွေတွေ့ယင်အင်တာဗျူးကြည့်
ပါ။လေသံတခုတည်းထွက်တာတွေ့ရပါလိမ့်မည်
(ရောဂါအတော်စုံအောင်ဖြစ်ဖူးပါတယ်ဗျာ…ဒီတခါအခံရခက်ဆုံးပဲ)လို့ဖြေကြပါလိမ့်မည်။

ဒီရောဂါအကြောင်းကိုကျနော့်ဆရာသမား
(Fighter အရာရှိကြီး)တယောက်အိပ်ယာပေါ်က
မထနိုင်ပဲ ကိုက်ခဲလွန်းလို့မျက်ရည်တွေတွေကျ
ပြီးအံကြိတ်ခံနေရတာမကြည့်ရက်လို့ကျနော်ထဲ
ထဲဝင်ဝင်လေ့လာဖူးသည်။သူ့အခြေအနေက
မတ်တပ်ပင်မရပ်နိုင်ရှာတော့။လူကခါးတစေါင်း
ကြီးဖြစ်နေပြီ။တပ်မတော်ကပင်ထွက်ရတော့မည့်
အနေအထားပါ။ကျနော်နဲ့သိကျွမ်းသောအရိုးအ
ကြောပါရဂူတွေ…Rehabilitation ပါရဂူတွေ……
Phisiotheraphist တွေ……စုံနေပါဘီ။
MRI ရိုက်ဓါတ်မှန်ရိုက်…
လေ့ကျင့်ခန်းလုပ်…
အကိုက်အခဲပျောက်ဆေးမျိုးစုံသောက်…
ဓါတ်ကင်Vibrator နဲ့နှိပ်……မထူးခြားတော့ဗမာဆရာတွေအကြောပညာရှင်တွေ……အနှိပ်ပညာရှင်တွေ ……
အို- မြန်မာပြည်တနံတလျားစုံသလောက်နီးပါးဆိုပါတော့
ကုန်လိုက်တဲ့ငွေ……သွားလိုက်ရတဲ့ခရီး……အချိန်
ကတဖြည်းဖြည်းနဲ့တနှစ်ပြည့်တော့မည်။မသက်
သာသည့်အပြင်ပို၍ပို၍ဆိုးလာပါသည်……ခြေ
ထောက်ပါထုံကျင်လာပြီးညာခြေထောက်ကအာ
ရုံခံစားမှုမရှိတော့။တင်ပါးခွက်ထဲကမချိမဆန့်
ကိုက်ခဲသည့်ဒဏ်ကိုအယင်ကလိုအံကျိတ်မခံနိုင်
တော့သဖြင့်အော်ဟစ်၍ခံစားနေရရှာသည်။

ကျနော်လည်းလက်လှမ်းမှီရာဆေးပညာ
စာစောင်တွေ။အာယုဗ္ဗေဒတွေစုံစီနဖာဖတ်သည်။
ခါးခွဲလျှင်ပျောက်နိုင်သည်။ပြန်ဖြစ်ချင်လည်းဖြစ်
မည်။အကြမ်းဖျဉ်းပြောရလျှင် လူ့ခန္ဓာကိုယ်မှာ
အကြီးဆုံးအာရုံကြောမကြီးSciatic Nerve ဟာ
ခါးရိုး L4,L5 နေရာကစထွက်ပြီးဘယ်ညာဖြာကာ
တင်ပါးခွက်မှတဆင့်ခြေထောက်တလျှောက်ကို
Supply လုပ်ပါတယ်။ခါးရိုးကျဉ်းသူ, ခါးဆစ်မှာ
အတက(်ကျီးပေါင်း)ထွက်သူ။ခါးရိုးတီဘီရှိသူ ။
ခါးဆစ်တခုနှင့်တခုကြားကDisc အပြားလေးများ
ကျွံထွက်သူ တို့မှာထိုအာရုံကြောကိုဖိမိထိမိသ
ဖြင့် မခံစားနိုင်လောက်အောင် Lကွေးနေရာဖြစ်
သောတင်ပါးခွက်မှာသွားကိုက်ခဲတာပါ။သေသေ
ချာချာသိထားရမှာတခုက ဖြစ်ထာကခါးပါနော်။
ခံစားရတာကတင်ပါးခွက်ပါနော်။ဆရာဝန်တွေက
ဘယ်ဘက်ဖြစ်ယင်Sciatica Left ညာဖက်ဖြစ်
ယင်Sciatica Right လို့ခေါ်ဆိုကြပါတယ်။
တချို့သဘောတရားနားမလည်တဲ့အနှိပ်ဆရာ
တွေကလူနာတင်ပါးခွက်ကိုက်တယ်ပြောလေ
တင်ပါးခွက်ကိုစွတ်နှိပ်လေ……ကိုက်နေတဲ့အာရုံ
ကြောကိုနှိပ်တော့လူနာကလည်းသက်သာသ
ယောင်ယောင်ပေါ့။ခဏနေယင်တော့အကြော
တွေကယောင်ကိုင်းထလာပြီးအော်ရဘီ ငိုရဘီ ပေါ့ ။ဒါကြောင့်နားမလည်တဲ့လူနဲ့မပြမိပါစေနဲ့။

ဒီရောဂါဘာကြောင့်ဖြစ်သလဲမေးယင်
အခန့်မသင့်လို့ပဲလို့ဖြေရလိမ့်မယ်ထင်ပါရဲ့ ။
ယေဘူယျအားဖြင့်အဝလွန်သူ- အထိုင်များသူ -
ဆီးချိုရှိသူ - ခါးအလုပ်များသူ လို့အယင်က ဆို
ခဲ့ကြပေမယ့်သုတေသနစစ်တမ်းအရအမေရိကန်
မှာအသက်၄၀ ကျော်ယင်ကျား ၈၄ /ံ့ မ ၇၄ /ံ့
ဖြစ်ပါသတဲ့။တနည်းပြောရယင်လူတိုင်းနီးပါးဟာ
တချိန်ချိန်မှာဖြစ်လာနိုင်တယ်လို့ဆိုလိုပါတယ်။
Cauda Equina Sydrome လို့ခေါ်တဲ့အာရုံ
ကြောမျှင်တွေဖိနှိပ်ထိခိုက်ခံရတဲ့အခါနာတာရှည်
ဖြစ်သွားပြီးဆီးဝမ်းမထိမ်းနိုင်အောက်ပိုင်းသေ
ကြာလာယင်အကြောသေလေဖြတ်တဲ့အထိမို့
ပေါ့လို့ရတဲ့ရောဂါမဟုတ်ပါဖူး။ကျနော့်ဆရာသ
မားဖြစ်သွားတာကတော့ပြောရယင် အားနာပြီး
Position Disorder ဖြစ်သွားတာပါ။တနေ့မှာ
ပြည်ကနေရန်ကုန်ကိုစစ်သုံးမာဇဒါE2000 ပိကပ်
ကားလေးနဲ့ခရီးသွားပါတယ်။ဖြစ်ချင်တော့ကား
ထွက်ကာနီးမှအရာရှိကတော်တယောက်ကသူ့
မိခင်အသည်းအသန်ဖြစ်လို့ဆိုပြီးအကြုံလိုက် ပါ
တယ်။ကားခေါင်းကကျဉ်းပါတယ်။သူကအားနာ
တတ်သူညှာတာတတ်သူမို့ခေါင်းခန်းထဲကိုခေါ်
တင်ခဲ့ပါတယ်။ခြောက်နာရီလောက်ခရီးရှည်ကြီး
မှာကျနော့်ဆရာကအလယ်ကကြပ်ကြပ်သပ် သပ်လိုက်ယင်းထိုအရာရှိကတော်နဲ့ထိမိမှာစိုးလို့
မိန်းမသါးမို့အားနာယင်းကိုယ်ကိုကျုံ့သည်ထက်
ကျုံ့ကာဟန်ချက်မညီPosition မမှန်ပဲလိုက်လာ
ခဲပါသတဲ့။ခရီးဆုံးတော့ခါးတွေကပူပြီးညောင်း
ကိုက်နေပါသတဲ့။နောက်နေ့ကျတော့ခါးနာပါသ
တဲ့။၃ ရက်လောက်နေတော့ဒီရောဂါရခဲ့တာပါပဲ။
ခါးဆစ်ရိုးတခုနဲ့တခုအကြားကကြားခ ံ inter -
vertebral Disc. ကျွံထွက်သွားတာပါ။

ဒီရောဂါဖြစ်သူဘယ်လောက်များသလဲ ?
မြန်မာထိုင်းစင်္ကာပူမလေးရှား သွားကုသူတွေရဲ့
အခြေအနေ? သောက်ရတဲ့ဆေးတွေ?ခံစားရတဲ့
အခြေအနေတွေသိချင်သပ ဆိုယင်Face Book
မှာ "ခါးနာခြင်း Back Pain Group "လို့ရှာကြည့်
ပါ။ကျနော်အပိုမပြောကြောင်းသင်ကိုယ်တိုင်တွေ့
မြင်ရပါလိမ့်မယ့် ့ ့ ့ ့ ့ ့ ့ ့ ့ ့့ကျနော့်ဆရာသမားဟာ အရိုးအထူးကု ဂုရုကြီး
လို့ခေါ်ကြတဲ့ပြင်သစ်နိုင်ငံကProfessor Alain
Patel နဲ့တောင်ကုခဲ့ဖူးပါတယ်။အခြေအနေက
မတိုးတက်ပါဖူး။အော်မြဲအော် ကိုက်မြဲကိုက်လျက်

FBမှာပလူပျံအောင်share နေကြသည့် ရေထဲ
ဆင်းထန်းလျက်ဘယ်နှစ်ခဲစား တို့။အာလူးပါးပါး
ကပ် တာ တို့။ဘဲဥပြုတ်စားတာ တို့ ။သက်ရင်း
ကြီးမိဿလင် စည်းတာ တို့ စုံစီနဖာလုပ်သော်
လည်း အော်မြဲအော်ကိုက်မြဲကိုက်လျှက်။အကိုက်
အခဲပျောက်ဆေးတွေ။လူးရတဲ့ဆေးပူ ဆေးအေး
တွေလည်းစုံလှဘီ။ရန်ကုန်မြို့မှာအသစ်စက်စက်
ဖွင့်တဲ့ဆေးရုံကြီးကပါရဂူ တယောက်က မခွဲချင်
ဖူးဆိုတော့လည်း Operation ခန်းထဲထည့်။သေ
ချာTV Screen နဲ့ကြည့်ပြီးခါးထဲကို Steroid
ဆေးထိုးထည့်ပေးပါတယ်။OK သွားပါတယ်။But
သို့သော်လည်း ၃ ရက်မြောက်မှာပြန်ဖြစ်ပြန်ပြီ။

အခုရေးချင်တဲ့နေရာရောက်ပါပြီ။
ကျနော်လည်းဆရာသမားအတွက်စိတ်မကောင်း
ပါ။ဘေးကကြည့်ပြီးဘာမှလည်းမကူညီနိုင်။ သူ
လည်းဆေးထောက်ခံစာနဲ့ထွက်ခွင့်တင်လိုက်ပါ
ပြီ။တနေ့မှာ ပြည်မြို့ မင်းကြီးတောင်ပေါ်ကဘုန်း
ကြီးကျောင်းကိုကျနော်မုန့်သွားလှူယင်း စာဖတ်
ခန်းထဲက (အထင်မသေးနဲ့မြန်မာ့ဆေး) ဆိုတဲ့
ဆရာသိန်း ပြုစုသည်…………တန်ဖိုး ၅ ကျပ်………
စာအုပ်လေးဖတ်မိပါတယ်။အဲဒီမှာ………တင်ပါး
ခွက်ကိုက်သော်မခက်လော……အိုးမှုတ်ခွက်နင်း
သော်မပျောက်လော……ဆိုတဲ့ဆောင်းပါးလေး
ဖတ်မိပါတယ်။အားရဝမ်းသာကျနော်ဖတ်ကြည့်
ပြီးချက်ချင်းပဲPhotostat မိတ္တူကူးပါတယ်။
ကျနော့်ဆရာသမားကိုပြေးပြပါတယ်။ဆရာသမားက အနာကိုက်ခဲနေတဲ့ကြားကမချိပြုံးပြုံးယင်း
(မင်းကွာ…ငါဆေးကုတာတပြည်လုံးနှံ့ရုံမက ပြင်
သစ်ကပါရဂူနဲ့တောင်မပျောက်ထာ) လို့ပြောရှာ
ပါတယ်။ဒါပေမယ့်ကျနော်လက်မလျှော့ပါ။သူ့ရဲ့
ဇနီးနဲ့အတူတူ စာအုပ်ပါလေ့ကျင့်ခန်းတွေလုပ်
ဖြစ်အောင်အတင်းတွန်းအားပေးခဲ့ပါတယ်။ပထမ
တရက် မထူးခြား။ဒုတိယတရက် ခါတိုင်းထက်
နည်းနည်းသက်သာလာသည်။ တတိယရက်
ကျတော့ ကေါင်းကေါင်းအိပ်လို့ရပါပြီ။တနှစ်တိ
တိခံစားရတဲ့ရောဂါ ၅ ရက်မြောက်တော့အရှင်း
ပျောက်။ဆယ်ရက်လေါက်နေတော့ပုံမှန်လုပ်ငန်း
ခွင်ပြန်ဝင်နိုင်ပါပြီ။အခုချိန်ထိလည်းခါးပြန်မနာ
တော့ပါ။

သူတယောက်ထဲလားဆိုတော့မဟုတ်ပါ။အလား
တူဝေဒနာရှင် ဆယ့်နှစ်ယောက်တိတိကိုကျနော်
ဒီနည်းနဲ့ကယ်ခဲ့ဖူးပါသည်။မင်းတို့တပ်ထဲမှာ
ပုံစံတူဝေဒနာသည်အဲ့သလောက်များသလားလို့
မထင်ပါနဲ့။တပ်ထဲက ၃ ယောက်ပါ။အပြင်က
ဝေဒနာသည် ၉ ယောက်ပါ။ကျနော်ဒီနည်းသိပြီး
တဲ့နောက်မှာ သွားယင်းလာယင်း ခါးစေါင်းနေတဲ့
ဝေဒနာသည်တွေ။ခြေထော့နဲ့ထော့နဲ့ဝေဒနာ
သည်တွေ။တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒ
နာသည်တွေတွေ့ယင်ကျနော်က သိသိမသိသိ
အတင်းလိုက်မိတ်ဖွဲ့ပါတယ်ဘယ်လိုဖြစ်ထာလဲ?
ပေါင်တန်းနေတယ်မဟုတ်လား?ခြေထောက်
ခြေဖျားတွေထုံကျင်နေတယ်မဟုတ်လား?
တင်ပါးခွက်ကမခံစားနိုင်အောင်ကိုက်ခဲနေတယ်
မဟုတ်လား?ခါးနာတာကစ တာမဟုတ်လား?
ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ကူညီချင်တယ်-ကယ်
တင်ချင်တယ်လေ။ဇီဝိတဒါနပေါ့…………

ကဲ ဆေးနည်းလေး - စလိုက်ကြရအောင်……

အချိန်ဆယ်မိနစ်ဆိုရပါပြီ။
အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့……
မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ (သို့)
ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။လူက နှစ်
တောင်လောက်ခွာပြီးခြေစုံရပ်ပါ။ဘယ် (သို့)ညာ
ခြေတဖက်ကိုထိုတန်းပေါ်သို့လှမ်းတင်လိုက်ပါ။
ကျန်တဖက်ကရပ်လျက်ပေါ့။ထိုသို့တင်လိုက်ပါ
ကထိုခြေထောက်၏ပေါင်ကြောများတောင့်တင်း
နေပါလိမ့်မည်။၄င်းပေါင်ခြေသလုံးအောက်ဖက်ရှိ
ကြွက်သားများကိုမိမိလက်၂ဖက်နှင့်နှိပ်နယ်ချေ
ပေးပါ။ငါးမိနစ်ခန့်။ပြီးလျှင်နောက်တဖက်ပြောင်း
အလားတူ။

အရမ်းမချွံထက်သောအုန်းမှုတ်ခွက်(တခြမ်းစီ)
အနေတော်ကိုကြမ်းပြင်မှာချထားပါ။ဘယ်ညာ
၂ဖက်စလုံးတက်ရပ်ပါ။ပြီးလျှင်ဘယ်ညာဘယ်
ညာစည်းချက်ကျကျအချက်၁၀၀ခန့်နင်းပါ ။
နင်းသည့်အခါခြေဖဝါးအလယ်ခွက်မနင်းရပါ။
ခြေဖဝါးစေါင်းပတ်လည် ဘယ်စေါင်းညာစေါင်း
ဖနောင့်ခြေဖျားလေးများစုံအောင်နှံ့အောင်ပူထူ
လာအောင်နင်းရမည်။ပြုတ်မကျအောင်တန်းတ
ခုခုကိုကိုင်ထားပါ။

ပြီးပါပြီ။ ဒါပါပဲ။ ထိုအချိန်မှစ၍တညလုံးခြေဖဝါး
ရေမထိပါစေနှင့်။တညလုံးခြေဖဝါးကအပူတွေ
တရှိတ်ရှိတ်ထွက်သလိုခံစားရပါလိမ့်မည်။အလွန်
လွယ်ကူပါသည်။တခုပဲ သတိပြုရမည်ရောဂါကြီး
လျှင်ပထမဆုံးခါးအမြင့်လောက်ခြေထောက် ကို
မြှောက်နိုင်မည်မဟုတ်ပါ။နိုင်သလောက်အမြင့်ပဲ
လုပ်ခိုင်းပြီးတဖြည်းဖြည်းချင်းတိုးမြှင့်သွားပါလေ။
အလွန်လွယ်ကူသောနည်းမို့အထင်မသေးပါနှင့်။
ကျနော်နည်းပေး၍ပျောက်ကင်းသွားသူ ၁၂ ဦးထဲ
တွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန်
တယောက်ပါဝင်ပါသည်။

အုန်းမှုတ်ခွက်နင်းရုံနဲ့ဘာကြောင့်
ပျောက်သလဲ?ကျနော့်ကိုလာမမေးပါနှင့်။ပထဝီ
တေဇောအာပေါဝါယောကျနော်မသိပါ။ကျနော်
ဗိန္နောဆရာမဟုတ်ပါ ။အရိုးအကြောပညာရှင်
Ortho/physiotheraphy /Rehabilitation
ကျနော်ဘာမှမသိပါ။ကျနော်ဆရာဝန်လည်း
မဟုတ်ပါ။ဆေးပညာလည်းနားမလည်ပါ။သာမန်
တပ်မတော်သား စစ်သားတဦးသာဖြစ်ပါသည်။
ပျောက်ခဲ့ဖူးလို့
ပျောက်စေချင်လို့
အတွေ့အကြုံမျှဝေခြင်းသာဖြစ်ပါသည်။
ယုံကြည်လျှင်လုပ်ကြည့်ပါ။

မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍…အကြံပေး
စကားပြောကြားယင်းဒီအကြောင်းရေးဖို့စိတ်ကူး
ရလာတာပါ။စေတနာရှေ့ထား သနားစာနာစိတ်
ဖြင့်အပင်ပန်းခံစာအရှည်ကြီးရေးခြင်းဖြစ်ပါသည်။

ကျနော်ဆေးဆရာမဟုတ်ပါ
Credit: original uploader
Credit photo
ပြန်လည်မျှဝေသည်။

Address

No. 8
Dagon

Telephone

+959950004219

Website

Alerts

Be the first to know and let us send you an email when Hanuman Health Care By Choo Choo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram