Alin Tann Mental Health Center-အလင်းတန်းစိတ်ကျန်းမာရေးစင်တာ

  • Home
  • Myanmar
  • Dagon
  • Alin Tann Mental Health Center-အလင်းတန်းစိတ်ကျန်းမာရေးစင်တာ

Alin Tann Mental Health Center-အလင်းတန်းစိတ်ကျန်းမာရေးစင်တာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Alin Tann Mental Health Center-အလင်းတန်းစိတ်ကျန်းမာရေးစင်တာ, Mental Health Service, ဒဂုံရိပ်မွန်အိမ်ယာ၊အမှတ် (၂၁၆ )၊ ဧကရာဇ်လမ်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။, Dagon.

02/03/2025

ယစ်မူးမိုက်နဲ့ မင်းသမီး

တစ်ချိန်က လူစည်ကားသော မြို့တစ်မြို့၌
သတိုးမောင် အမည်ရှိ အမျိုးသားတစ်ဦးရှိသည်။ သူသည် ..အရက်နွံ့ ထဲတွင် နစ်မွန်းလျှက် နေ့ရက်များစွာ...အသိဥာဏ် လွတ်နေ...ခြင်း.. အဓိပ္ပါယ်မဲ့ ကျယ်လောင်စွာ ရယ်မောနေ တတ်ခြင်း..တစ်ခါတစ်ရံ ရန်လိုခြင်း... သောက်စရာ ငွေစ ပြတ်လျှင် လမ်းများပေါ်တွင် ရံဖန်ရံခါ တောင်းရမ်းကာ.. ငွေစ အနည်းငယ် ရယုံဖြင့်.... နီးစပ်ရာ စားသောက်ဆိုင်တွင် တစ်ညတာ လုံး.. သောက်စားကာ ပေါ့ပျက်ပျက် နေထိုင်သည့် ..နာမည်ရ အရက်မူးသမားဟု လူသိများသည်။ မင်းသမီး လေး
ခင်ဦးငယ် မှလွဲ၍ လူတိုင်းက သူ့ကို ဆုံးရှုံးရခြင်းအဖြစ် မြင်ကြသည်။

ဘုရင်ကြီး၏ ကြင်နာပြီး ဉာဏ်ရည်ထက်မြက်သော သမီးတော် ခင်ဦးငယ် သည် မကြာခဏဆိုသလို သူ့ကိုယ်သူ ရုပ်ဖျက်ကာ မြို့သူမြို့သားများကြားတွင် လှည့်လည်လေ့ရှိသည်။ သတိုးမောင် ၏မူးယစ်ခြင်းပုံပြင်များစွာကို သူမကြားခဲ့ရသော်လည်း တစ်ညတွင် မတူညီသောအရာတစ်ခုကို သူမတွေ့လိုက်ရသည်။

သတိုးမောင် သည် အရက်မူးနေသော်လည်း ဆာလောင်နေသည့် ခွေးလေခွေးလွင့် များအား သူ၏နောက်ဆုံးပေါင်မုန့်ကို ဝေငှနေသည်။ "မင်းတို့ ထိုက်တန်ပါတယ်.. အခုတော့. ငါ အားလုံး ကို လောက်ငှ အောင် မကျွေးနိုင်သေးပေမယ့် တစ်နေ့​
​နေ့ တော့ပေါ့ ....''..မျှော်လင့်ချက်... အရေးကြီးသော ..အရာ..ထို့နောက်..သူ၏ လေးနက်သော်လည်း ရိုးသားသော စကားလုံးများအကြောင်း တစ်စုံတစ်ခုက ခင်ဦးငယ် ၏နှလုံးသားကို ထိမိသွားသည်။

သူ့အကြောင်းပိုမိုလေ့လာရန် စိတ်ပိုင်းဖြတ်ထားပြီး သူမသည် သတိုးမောင် ကို တိတ်တဆိတ် မိတ်ဖွဲ့ခဲ့သည်။ ညနေတိုင်း သူမ..သောက်ဖို့မဟုတ်ဘဲ စကားပြောဖို့ စားသောက်ဆိုင်မှာ သူနဲ့တွေ့တယ်။ သူ့အိပ်မက်တွေ၊ နောင်တတွေ၊ ပုလင်းနောက်ကွယ်မှာ ဝှက်ထားတဲ့ နာကျင်မှုတွေကို သူမ နားထောင်ခဲ့တယ်။

တစ်ညတွင် အရက်အလွန်အကျွံသောက်ပြီးနောက် သတိုးက ..ခင်ဦးငယ် ကိုကြည့်ကာ "ကျွန်တော်က ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်စေချင်တယ်။ မင်းလိုတစ်ယောက်ယောက်က..."...... ...

ခင်ဦးငယ် က ပြုံးပြီး "ဒါဆို ပိုကောင်းလာမယ်။ ငါ မင်းကို ယုံကြည်တယ်" လို့ ပြန်ဖြေတယ်။ သူမ ယုံကြည်ထားသည့်အတိုင်း..
သတိုးမောင်. ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲလိုခြင်းက—သူမအတွက်မဟုတ်ဘဲ၊ သူ့အတွက် သူ့ကိုယ်ပိုင်တန်ဖိုးကို သိမြင်စေသောကြောင့်ဖြစ်သည်။ သူသည် အရက်သောက်ခြင်းမှ ရပ်စဲကာ တော်ဝင်သံတမန်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သူ့ကိုယ်သူ ရိုသေလေးစားသူ ဖြစ်လာခဲ့သည်။

နှစ်အတန်ကြာသောအခါ ယစ်မူးသောလူမိုက်မဟုတ်တော့ဘဲ ဂုဏ်အသရေရှိသော ဘုရင်ကြီးရှေ့တွင် ရပ်နေသောအခါ မင်းသမီးလေးက သူ့လက်ကိုကိုင်ကာ "ငါပြောခဲ့ဖူးတယ်နော်...ကဲ အခုကစပြီး
မင်းကပိုကောင်း...ပိုထိုက်တယ်" လို့ပြောတယ်။

အချစ်သည် ကုစားရုံမျှမက—ပြောင်းလဲသွားကြောင်း သက်သေပြကာ ကြင်နာမှုနှင့် ဉာဏ်ပညာဖြင့် လက်ထပ်ခဲ့ကြသည်။ သတိုးမောင် တစ်ယောက်လဲ သူ့တစ်သက်တာလုံးတွင် ချိုမြိန်သောအရာကို ရှာတွေ့သောကြောင့် နောက်ထပ် အရက်တစ်စက် မျှကိုမှ မလိုအပ်တော့ပါ။

02/03/2025

နွေဦးရဲ့ သရုပ်သကန် ဖြစ်သော နွေလေရူး.....
တဖြူးဖြူး ....တိုက်ခတ်နေလေသည်... ထိုနွေရူးနဲ့ အတူ....ဆောက်တည်ရာမဲ့ အမှီခိုမဲ့ စုစည်းရာမဲ့ နေသော စိတ်တို့ကို စုစည်းဖို့ကြိုးစားရင်း
ကိုလင်းထက် တစ်ယောက် အလင်းရောင်မရှိသော တိုက်ခန်းတွင် ထိုင်ကာ စားပွဲပေါ်ရှိ ဝီစကီပုလင်းတစ်ဝက်ကို စိုက်ကြည့်နေသည်။ ဤကဲ့သို့သောညများ—တစ်ကိုယ်တည်း အရက်သောက်ရင်း၊ သူ့ဘဝ၏ အချည်းနှီးဖြစ်မှုကို မေ့ဖျောက်ရန် ကြိုးစားရင်း၊ တစ်ယောက်တည်း နေခဲ့ရသည့်ညများကို ဆုံးရှုံးခဲ့ရသည်။ သူ၏ဇနီး ခင်မာလာ ကလည်း
တစ်ဦးတည်းသော သားလေး Ethan ကို ခေါ်ဆောင်သွားပြီး ခြောက်လခန့်က ထွက်ခွာသွားခဲ့သည်။ "မင်းပြောင်းလဲဖို့အဆင်သင့်ဖြစ်ရင် ငါ့ကိုဖုန်းဆက်လိုက်ပါ" လို့ သူမကပြောခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအလဲက မဖြစ်နိုင်ဘူးလို့ အခု ချိန်ထိမြင်တယ်။ ဒီလိုနဲ့ ယုံကြည်မှု့ မဲ့စွာ...လမ်းမ များပေါ်တွင် ဟိုဟို ဒီဒီ.. လျှောက်လှမ်းရင်း..ညနေခင်း..တစ်ခု မှာတော့ “မျှော်လင့်ချက်သစ် ပြန်လည်ထူထောင်ရေးဌာန – သင့်ကိုယ်သင် ပြန်ရှာတွေ့အောင် ကူညီခြင်း” ဟူသော ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။ သူသည် စကားကို ရပ်လိုက်ပြီး၊ သူ့နှလုံးခုန်သံ။ ဒါက တကယ်ပဲ အထောက်အကူ ဖြစ်နိုင်သလား။

နောက်နေ့မနက်မှာ ကိုလင်းထက် တစ်ယောက် မရဲတစ်ရဲ ... ဆေးခန်းတံခါးကို ဖြတ်လျှောက်သွားတယ်။ စန္ဒာ လို့ အမည်ပေးထားတဲ့ သူနာပြုက သူ့ကို နွေးထွေးတဲ့ အပြုံးနဲ့ နှုတ်ဆက်တယ်။

"မင်္ဂလာပါ ကိုလင်းထက် ...ထို့နောက်သူမ ပြုံးပြရင်း ဘာမှ အားမယ်ပါနဲ့ ရှင် .....အကူညီလိုအပ်နေကြတာ အများကြီးပါ....အားတင်းထားပါ
ရှင်တစ်ယောက်တည်းတော့ မဟုတ်ဘူး။"

နှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် သူမျှော်လင့်ချက် တဖျပ်ဖျပ် ခံစားခဲ့ရသည်။

ရက်တွေ ရက်သတ္တပတ်တွေ ဖြစ်သွားတယ်။ ခရီးက နာကျင်တယ်—နုတ်ထွက် ၊ ထွက်ပြေး..ချင်ပေမယ့် ကုထုံးနဲ့ အမှန်တရားကို ရင်ဆိုင်တယ်။ ဒါပေမယ့် ဝန်ထမ်းတွေရဲ့ ကြင်နာမှုနဲ့ သူလို တခြားသူတွေရဲ့ ဇာတ်လမ်းတွေက သူ့ကို ခွန်အားဖြစ်စေတယ်။ အရက်မသောက်ဘဲ အနာဂတ်ကို မြင်လာပါတော့တယ်။ ဒီလိုနဲ့ ရက် မှ လ စားရင်း..... ကြံ့ ကြံ့ ခံ တွန်းလှန်အောင် မြင်ဖို့ လမ်းစများစွာ တွေ့ရှိပြီး

တစ်နေ့တွင်၊ ဆေးရုံ ရုံးအဖွဲ့၏
အဖွဲ့အစည်းအဝေးတစ်ခုပြီးနောက် စန္ဒာ သည် သူ့အား ဖုန်းတစ်လုံးပေးခဲ့သည်။ “သူတို့ကို ခေါ်ဖို့ အချိန်တန်ပြီ” လို့ သူမက ညင်သာစွာပြောသည်။

တုန်ရီနေသောလက်များဖြင့် ကိုလင်းထက် ....
လပေါင်းများစွာ တမ်းတနေရသော ..ဘယ်လောက် မူးရူးနေပါစေ....မမေ့နိုင်သော... မေ့ပျောက်လို့ မဖြစ်နိုင်သော..ချစ်ဇနီး..ခင်မာလာ ၏နံပါတ်ကိုခေါ်ဆိုလိုက်သည်။
Hello...... တစ်ဖက်မှ အသက်ရှူသံကိုသာကြားနေရသည်
"မင်္ဂလာပါ?".. ထပ်ခါထူးမိရင်း သူမအသံက သတိကြီးစွာ။

"မာလာ၊ ငါပဲလေ... ငါကြိုးစားနေတယ်။ ငါပိုကောင်းလာပြီ။"

တိတ်တိတ်လေး ...ထို့နောက် တိုးတိုးလေး ပြန်ဖြေသည်။ "မောင်... မာလာနဲ့ သားလေး မင်းကိုလွမ်းတယ်။"

သူ့မျက်လုံးထဲတွင် မျက်ရည်များ စီးကျလာသည်။ "နှစ်ယောက်လုံးကို လွမ်းတယ်။"

လအတော်ကြာပြီးနောက် ကိုလင်း သည် ကြောက်ရွံ့ထိတ်လန့်သော်လည်း မျှော်လင့်ချင်းများစွာ
ပြည့်နှက်သော အိမ်ဟောင်းအပြင်တွင် ရပ်နေခဲ့သည်။ တံခါးပွင့်လာပြီး တံခါးရှေ့မှာ....ချစ်လှစွာသော ဇနီး နှင့် သားလေး
Ethan က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူ့ဆီ ပြေးသွားသည် ။ "အဖေ!"

ခင်မာလာ က ပြုံးပြီး မျက်လုံးတွေ တောက်ပြောင်နေသည်။ "အိမ်ကနေကြိုဆိုပါတယ် မောင်"

နှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ အမှန်တကယ် အသက်ရှင်နေခဲ့သည်...လျှောက်သောလမ်းများ ဝေဝါးပေမယ့်...အလင်းတန်း တစ်ခု ကို အဆွဲ ပြုပြီ....ဆွဲခေါ်သော လက်တွေ နောက် လျှောက်လှမ်းရင်း.....နောက်ဆုံးမှာတော့သူ့ အိမ်ပြန်လမ်းကို ရှာတွေ့ခဲ့လေးပြီ...........

08/07/2024

မင်္ဂလာပါရှင် 💛💛

♦️အရက်မူးယစ်စွဲလန်းခြင်းကြောင့် ဖြစ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ၊ စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ အကြောင်းတစ်စုံတစ်ခုကြောင့် စိတ်ဒဏ်ရာ ရရှိထားခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာ အမျိုးမျိုးတို့ကို “အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ” တွင် ချိုသာသောဈေးနှုန်းများ၊ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများဖြင့် လွယ်ကူလျင်မြန်စွာ တက်ရောက်ကုသနိုင်ပါပြီရှင်။

♦️ကျွန်မတို့” အလင်းတန်း စိတ်ကျန်းမာရေး ဆေးရုံ”တွင် ဝါရင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင် သူနာပြုဆရာမများ၊ အကူသူနာပြုများ၊ ၂၄ နာရီ တာဝန်ကျ ဝန်ထမ်းများဖြင့် လူနာတစ်ယောက်ချင်းစီတိုင်းကို နွေးထွေးစွာ ပြုစုကုသ ပေးလျက်ရှိပါတယ်။ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးမှ နေ့စဉ်အနီးကပ် ကြည့်ရှုကုသပေးသည့်အပြင် တာဝန်ကျ ဆေးရုံဝန်ထမ်းများမှလည်း အချိန်မှန် ဆေးတိုက်ပေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုပြုလုပ်ရာတွင် ကူညီပေးခြင်း၊ လေ့ကျင့်ခန်း ကူလုပ်ပေးခြင်း၊ ဂရုတစိုက် အနီးကပ်စောင့်ကြပ်ပေးနေခြင်းတို့ကြောင့် မိသားစုမှလည်း လူနာစောင့်စရာ မလိုအပ်ပဲ စိတ်ချလက်ချ အပ်နှံထားနိုင်ပါတယ်ရှင့်။

♦️လူနာတွင် စိတ်ကျန်းမာရေးအပြင် တစ်ခြားသော ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာပါကလည်း လိုအပ်သည့်ဆေးစစ်ချက်များပြုလုပ်ပေးပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရန် စီစဉ်ပေးထားပါတယ်ရှင့်။

♦️နေရာထိုင်ခင်းအတွက်လည်း ဆေးရုံတက်နေတယ်လို့ မထင်ရအောင် သပ်ရပ်သန့်ရှင်းပြီး ကျယ်ဝန်းသော အခန်းများဖြင့် ( air conနှင့်တကွ) ထားရှိပေးထားပါတယ်။ ပတ်ဝန်းကျင်အနေအထားကိုလည်း လူနာများအတွက် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ နေနိုင်အောင် စီမံပေးထားပါတယ်။

🧑‍🍳အစားအသောက်အတွက်လည်း ကျွမ်းကျင်သော စားဖိုမှူးများဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို သီးသန့်ထမင်းစားခန်းတွင် တစ်နေ့သုံးကြိမ် ချက်ပြုတ်ပြင်ဆင်ကျွေးမွေးလျက်ရှိပါတယ်။ ဒါ့အပြင် ဒိုဘီစနစ်ပါ ထားရှိပေးထားတာမို့ ဘာမှထပ်မလိုအပ်တော့အောင် ပြည့်စုံပါတယ်ရှင်။

🌟🌟🌟ထူးခြားချက်အနေနဲ့ကတော့
ကျွန်မတို့ “ အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ”မှ စိတ်မကျန်းမာသော လူနာများကို အမြန်ဆုံး သက်သာပျောက်ကင်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်သည်အထိ တာဝန်ယူ ကုသပေးလျက်ရှိပါတယ်ရှင်။ ယခုအချိန်တွင် လူနာများပိုအဆင်ပြေစေရန်အတွက် တစ်လစာ package စျေးနှုန်းများကိုလည်း ယခင်ထက် ၃၀ ရာခိုင်နှုန်း လျော့ချပေးထားပါတယ်ရှင့်။ 🌟🌟🌟
(တစ်လစာ package ထဲမှာ တစ်လစာ ဆေးဖိုး+ ဆရာဝန်ကြည့်ခ+ အခန်းခ+ထမင်းစားရိတ်( တစ်နေ့ ၃ ကြိမ်) + ဒိုဘီအပ်ခ+ပြုစုစောင့်ရှောက်ခ အားလုံးပါဝင်ပြီးသားပါရှင့် ။ ဒါကိုမှ 30% discount ထပ်လျော့ပေးထားတာနော် 🤗🤗)

♦️ဒါ့အပြင် ဖုန်းဆက်ပေးရုံနဲ့ အိမ်အရောက် လာကြိုပေးတဲ့ ဝန်ဆောင်မှုလည်း ရှိတာမို့ အခုပဲ ဖုန်းခေါ်လိုက်ပါနော်💁‍♀️💁‍♀️
☎️09 400783010
☎️09 400824755
အလင်းတန်းစိတ်ကျန်းမာရေးဆေးရုံ
အမှတ် (၅၃၃ )၊ ဇေယျာသုခလမ်း၊ မြောက်ဒဂုံမြို့နယ် (၃၁)ရပ်ကွက် ၊ ရန်ကုန်မြို့။

♦️ပြင်ပလူနာအနေနဲ့ ပြချင်တဲ့လူနာတွေကိုလည်း
နေ့စဉ် ညနေ ၅ နာရီမှ ၆ နာရီအထိ စိတ်ကျန်းမာရေးဆရာဝန်ကြီးကိုယ်တိုင် ကြည့်ရှုပေးနေပါတယ်ရှင့်။
(ဖုန်းဆက်ပြီး booking ယူပေးဖို့တော့ မမေ့ပါနဲ့နော် 🤗🤗)

အားလုံး စိတ်ရော၊ကိုယ်ရော ကျန်းမာပျော်ရွှင်ကြပါစေရှင် 💛💛💛

08/07/2024
15/12/2023

လူနာတွေကို ဆေးကုသမူ ပေးသည့် အပြင် လူနာတွေ စိတ်အပန်းပြေစေဖို့ ရေကူးချိန် ရေကူး စာဖတ်ချိန် စာဖတ် တရားထိုင်ချိန် တရားထိုင် ခြင်းလုံးခတ် ကစားချိန် ကစားဖြင့်
စိတ်ပိုင်းဆိုင်ရာများ ပြန်လည် ကျန်းမာလာစေရန် ပြုပြင် စောင့်ရှောက်ပေးနေသည်မှာ
#အလင်းတန်း စိတ်ကျန်းမာရေး ဆေးရုံ #ပါ
ဆေးရုံဖုန်း 09400783010,09984570528

စိတ်ကျရောဂါ (Depression) ဆိုတာ… (ဖတ်ရန်ကြာချိန် ၃ မိနစ်)▪️Depression လို့ ခေါ်တဲ့ စိတ်ကျရောဂါ ဟာ ကမ္ဘာပေါ်မှာ အဖြစ်များတ...
17/06/2023

စိတ်ကျရောဂါ (Depression) ဆိုတာ…
(ဖတ်ရန်ကြာချိန် ၃ မိနစ်)

▪️Depression လို့ ခေါ်တဲ့ စိတ်ကျရောဂါ ဟာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ စိတ်ရောဂါ တွေထဲက တစ်ခု ဖြစ်တယ်။
သုတေသန ပြုလုပ်ထားတဲ့ အချက်အလက် များအရ ဆို ရင်တော့ ကမ္ဘာလူဦးရေ ရဲ့ ၃.၈ ရာခိုင်နှုန်း ခန့်က စိတ်ကျရောဂါ ကို ခံစားနေရတယ် ဆိုပြီး ဖော်ပြထားတာတွေ ရှိပါတယ်။

▪️အဲ့တော့ စိတ်ရောဂါ ပေါ့နော်…နားလည်လွယ်အောင်ပြောရရင် “စိတ်” မှာ ဖြစ်တဲ့ ရောဂါတစ်ခု…တချို့အတွက် ဆို နားလည်ရခက်သော/ ရှင်းပြရခက်သော အခြေအနေ တစ်ခု ဖြစ်နေတာပေါ့။
ဟုတ်လည်း ဟုတ်ပါတယ်။ ဥပမာ- ကျွန်တော်/ကျွန်မ က တော့ ဖြင့် သွေးတွင်းအဆီ များ တဲ့ရောဂါရှိနေပါတယ် ဆိုရင် သွေးစစ်ကြည့် လိုက်တာနဲ့ သွေးထဲ မှာ cholesterol level တွေ တက်နေတဲ့ ဓာတ်ခွဲခန်း အဖြေ က သက်သေပြနေပါလိမ့်မယ်။

◾️နောက်တစ်ခု က စိတ်ကျရောဂါ ဟာ စိတ်ညစ်တယ် ဆိုတဲ့ feeling တစ်ခုနဲ့ တူမလိုလိုနဲ့ မတူနေပါဘူး။
ဒီ မတူဘူး ဆိုတဲ့ အချက်လေးကလည်း အရေးကြီးပါတယ်။
ပြောရမယ်ဆိုရင် ကျွန်တော်တို့ တွေဟာ စိတ်ညစ်တယ် ဆိုတဲ့ feeling ကို နေ့စဉ်နှင့်အမျှ ၊အချိန် နှင့်အမျှ ခံစားဖူးကြပါတယ်။
ဥပမာ -လျှပ်စစ်မီးကမမှန်၊ ရာသီဥတုကလည်းမြိုက်နေအောင်ပူ လို့ စိတ်ညစ်ရတာမျိုး၊ အလုပ်မှာ အဆင်မပြေတာလေးတွေ ရှိလို့ စိတ်ညစ်ရတာမျိုး၊ ကားတွေကပိတ် လို့ ရောက်ချင်တဲ့ နေရာ ကို မြန်မြန်မရောက်နိုင် လို့ စိတ်ညစ်ရတာမျိုးတွေ စသဖြင့် နေ့စဉ် သောကလေးတွေ ကြောင့် စိတ်ညစ်တာမျိုးတွေတော့ အနည်းနဲ့ အများ ရှိတတ်ကြတာပါပဲ။

🍂တခါတလေကျပြန်တော့လည်း ဘာမှ မယ်မယ်ရရ မရှိပဲ အမှိုင်းလေးတစ်ဖြတ် စိတ်ညစ်သွားတာမျိုးလည်း ရှိတတ်ကြတယ်။ ဒါပေမယ့် အခြေအနေတစ်ခု ပြောင်းလဲ သွားရင် သို့မဟုတ် တခြား ကောင်းတဲ့ အာရုံ ပြောင်းလိုက်ရင် ဒီစိတ်ညစ်တဲ့ ခံစားချက်လေးက ပျောက်သွားရော…

◾️စိတ်ကျရောဂါ ကျတော့ အဲ့လို မဟုတ်ဘူးရယ်။
ကိုယ် မတွေးချင်တော့တိုင်း ကိုယ် မေ့ပစ်လိုက်ယုံ နဲ့ သူဟာ ထွက်မသွားပါဘူး။ သင်နဲ့ အတူ အနည်းဆုံး ၂ ပတ် ဆက်တိုက် အတူ ရှိနေပြီး နောက်ပိုင်း သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပါ ထိခိုက်လာစေနိုင်တဲ့ အထိ ကို ဖြစ်စေနိုင်တယ်။

◼️သူတို့ ဘာတွေ ပြောတတ်ကြလဲ…

စိတ်ကျရောဂါ ခံစားနေရတဲ့ သူတွေ ပြောလေ့ရှိတာတွေ က တော့-

👉🏼နေရတာမပျော်ရွှင်ဘူး…

👉🏼ဘဝ ကြီး က လည်း အဓိပ္ပာယ် မဲ့ လိုက်တာ…

👉🏼ကိုယ့်ကိုကိုယ် ပဲ အပြစ်တွေ တင်နေမိတယ်…

👉🏼အရင် ကိုယ် စိတ်ဝင်စားတဲ့ အလုပ်လေးတွေ တောင် လုပ်ဖို့ စိတ်မပါတော့ပါဘူး…

👉🏼ဘာမှ လုပ်ချင်ကိုင်ချင် စိတ် မရှိ၊ အားအင်တွေလည်း မရှိတော့ပါဘူး…

👉🏼အိပ်လို့လည်း မပျော်၊ ခံတွင်းတွေလည်း ပျက်၊ အစားအသောက်တွေလည်း မကောင်း နဲ့…

👉🏼အလုပ်မှာလည်း အာရုံ စိုက်မရ အကုန် အလွဲလွဲ အချော်ချော် ချည်း ဖြစ်နေတာပဲ…

🔺အဆိုးဆုံး နဲ့ အရေးကြီးဆုံး ပြောလေ့ရှိတာကတော့ “ငါ အသက်မရှင်ချင်တော့ပါဘူး/ သေလည်း မထူးတော့ပါဘူး/သေသွားတာပဲ ကောင်းမယ် ထင်ပါတယ်နော်” စတဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မယ့် အကြောင်းတွေ ခဏခဏ တွေးမိလာပြီ၊ ပြောမိလာပြီ ဆိုရင်တော့ ဒါဟာ စိတ်ကျရောဂါ အတွက် ကုသမှု ခံယူဖို့ လိုအပ်လာပါကြောင်း ပြတဲ့ warning ပဲ ဖြစ်ပါတယ်။🔺

▪️စိတ်ကျရောဂါ ဟာ လူတိုင်းမှာ ဖြစ်နိုင်ချေရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်း ခြင်း ခံရတဲ့ သူတွေ၊ နောက်ပြီး ကိုယ်တန်ဖိုးထားတဲ့ အရာ၊ ကိုယ် ချစ်တဲ့သူ ကို ဆုံးရှုံးလိုက်ရတဲ့ သူတွေ အစရှိတဲ့ လောကဓံရဲ့ ရိုက်ချက်တွေ ကို ခံစားရ တဲ့ သူတွေ မှာ ဆို စိတ်ကျရောဂါ ပိုပြီး အဖြစ်များကြပါတယ်။ တခြား ဖြစ်စေတဲ့ အကြောင်းတွေလည်း ရှိပါသေးတယ်။
နောက် လာမယ့် post တွေ မှာ လည်းရှင်းပြပေးသွားဦးမှာပါ။

▪️စိတ်ကျရောဂါ ဖြစ်တာဟာ ရှက်စရာ မဟုတ်သလို “ငါဘာလို့ဒီလောက်ပျော့ညံ့ရတာလဲ” ဆိုတဲ့ အတွေးတွေ နဲ့ ကိုယ့်ကိုကိုယ် အပြစ်တင် ဖို့ မလိုအပ်ပါဘူး။ ဝေဒနာ ခံစားနေရတဲ့ လူ တစ်ယောက်ကိုလည်း သူပျော့ညံ့လို့ ဒီလို ဖြစ်တာ ဆိုပြီး ပြောလို့ မရပါဘူး။

▪️စိတ်ကျရောဂါ ခံစားနေရတဲ့ သူ ဒါမှမဟုတ် သူတို့ရဲ့ မိသားစုဝင်တွေ၊ ရင်နှီးကျွမ်းဝင် တဲ့ သူတွေ မေးတတ်ကြတာကတော့ - “ကျွန်တော်/ကျွန်မ (သို့မဟုတ်) သူ ဘာဖြစ်တာလဲဟင်၊ ဘယ်လို လုပ်ရမလဲ၊ ပြန်မှ ကောင်းပါ့မလား” စသဖြင့် မေးခွန်းများ မေးတတ်ကြပါတယ်။
တကယ်လည်း စိတ်ကျနေတဲ့ အချိန် မှာ အပျက်သဘော ဆောင်တဲ့ negative thoughts တွေ က တအားများတော့ ဒီလိုတွေ မေးတယ်၊ မပျောက်မှာ စိုးရိမ်တယ် ဆိုတဲ့ အရာတွေကို နားလည်လို့ ရ ပါတယ်။

▪️ဒါပေမယ့် သိရမှာက စိတ်ကျရောဂါဟာ ကာယကံရှင်တွေ စိုးရိမ်သလိုမျိုး ကုသလို့ မရတော့တဲ့ ရောဂါကြီး မဟုတ်ပါဘူး။ ဝေဒနာ ခံစားနေရတဲ့ သူကို သူ နဲ့ သင့်တော်မယ့် ဆရာဝန်၊ သင့်တော်မယ့် ကုထုံး၊ ကာယကံ ရှင်ရဲ့ ရောဂါ ပျောက်ကင်းချင်တဲ့ စိတ် အပြင် မိသားစု ရယ် လူမှုအသိုင်းအဝန်းရယ် ရဲ့ ဖေးမ ကူညီ မှုနဲ့ ဆို ရောဂါ သက်သာလာဖို့ အသေချာပဲ ဖြစ်ပါတယ်။

🚫အရေးကြီးတာ တစ်ခု က တော့ စိတ်ကျရောဂါ ခံစား နေရသူကို သွားပြီး အပြစ်တင် ဝေဖန်တာမျိုးတို့၊ ဂရုမစိုက်ပဲ လစ်လျူရှုတာမျိုး တို့ မလုပ်မိစေဖို့ပါပဲ။ နောက်ပြီး အဲ့လို ဝေဖန် အပြစ်တင် လစ်လျူရှု တတ်တဲ့ ပတ်ဝန်းကျင် (သို့မဟုတ်) မိသားစု နဲ့ သာဆိုရင်တော့ မီးလောင်ရာ လေပင့် သလို မျိုး ဖြစ်ပြီး ရောဂါ သက်သာ ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

▪️ခု ဒီ topic လေးကတော့ စိတ်ကျရောဂါ နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ကို ခြုံငုံ ပြီး နားလည်လွယ်အောင် ဖော်ပြရေးသားထားပါတယ်။ တကယ် တော့ စိတ်ကျရောဂါ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဆိုတာ ရေးရင် ရေးသလောက်၊ ပြောပြရင် ပြောပြသလောက် စိတ်ဝင်စားဖို့လည်း ကောင်းသလို ကျယ်လည်း ကျယ်ပြန့် ပါ တယ်။

ဒါပေမယ့် အပေါ်က အချက်တွေကို သိနားလည်ပြီး ကိုယ့် အတွက်ပဲ ဖြစ်ဖြစ်၊ တခြားသူ အတွက်ပဲ ဖြစ်ဖြစ် အထောက်ကူ ပြုပြီး ကူညီ ဖေးမ ပေးနိုင်မယ် ဆိုရင်တော့ တော်တော်လေး ကို အကျိုးရှိလှပါပြီ။

👨‍⚕️ခုတော့ စာလေးလည်း နဲနဲရှည်သွားပြီ ဆိုတော့ ဒီမှာ ပဲ ရပ်လိုက်ပါဦးမယ်။ နောက်လာမယ့် topic တွေမှာ စိတ်ကျရောဂါ ဟာ ဘာကြောင့် ဖြစ်သလဲ ဆိုတာနဲ့ ပတ်သက် ပြီး သိသင့်တာလေးတွေရယ်၊ ကုသမှုပိုင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာလေးတွေရယ် ကို ဆက်လက် ဖော်ပြပေးသွားဦးမှာပါ။

👨‍⚕️တကယ်လို့ စာဖတ်သူတို့ ခံစားနေရတဲ့ အကြောင်းတွေ၊ ကိုယ့် အတွေ့ အကြုံတွေ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ သူ / ကိုယ်မိသားစုဝင် တစ်ဦးဦး အကြောင်း တွေ ကို ဆွေးနွေးချင်တယ်၊ တိုင်ပင်ချင်တယ်၊ ဝေမျှ ပေးချင်တယ် ဆိုရင်တော့ comment မှာ ဒါမှမဟုတ် chat box မှာ လာရောက်ပြောပြ နိုင်ပါတယ်။
နောက်ထပ်သိချင်တဲ့ အကြောင်းအရာတွေ ရှိရင်လည်း မေးမြန်းနိုင်ပါတယ်။

😊အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။

အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ

လိပ်စာ - အမှတ် (၅၃၃)၊ ဇေယျာသုခလမ်း၊ ၂၈ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ် (၃၁)ရပ်ကွက်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်း -
09400783010



အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံမိသားစု အဟာရဒါနအလှူများ ပေးဝေလှူဒါန်း12.5.24
15/05/2023

အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံမိသားစု

အဟာရဒါနအလှူများ ပေးဝေလှူဒါန်း

12.5.24

🔊အသိပေးပန်ကြားခြင်း🔊⚠️ယခု Page က ​ကြေငြာခွင့်ပိတ်ခံထားရသောကြောင့်😢ဆေးရုံနဲ့ ပတ်သက်တာ သိလိုသမျှ မေးမြန်းစုံစမ်းမှုများ သိ...
15/11/2022

🔊အသိပေးပန်ကြားခြင်း🔊
⚠️ယခု Page က ​ကြေငြာခွင့်ပိတ်ခံထားရသောကြောင့်😢
ဆေးရုံနဲ့ ပတ်သက်တာ သိလိုသမျှ မေးမြန်းစုံစမ်းမှုများ သိရှိလိုပါက link ချထားသော Page လေး👇ကို လာရောက်မေးမြန်းစုံစမ်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ🔊🙏🙏🙏
နောက်ပိုင်း update ဝန်ဆောင်မှုများကိုလည်း ထိုpage မှာဘဲ တင်သွားမှာ ဖြစ်တာကြောင့် like & follow လုပ်ထားဖို့ မေတ္တာရပ်ခံအပ်ပါတယ်🤩👇👇👇
https://m.facebook.com/story.php?story_fbid=120195407528633&id=100086145236227&mibextid=Nif5oz

https://www.facebook.com/AlinnTannMentalHospitalhttps://www.facebook.com/AlinnTannMentalHospital

မူးယစ်​ဆေးစွဲလမ်းမှုကို ဘယ်လိုစနစ်တကျဖြတ်​တောက်ကြမလဲ❓1 / 3မူးယစ်ဆေးစွဲလမ်းမှုကို ဘယ်လိုဖြတ်တောက်ကြမလဲ❓  မူးယစ်ဆေးတွေကို ...
15/09/2022

မူးယစ်​ဆေးစွဲလမ်းမှုကို ဘယ်လိုစနစ်တကျဖြတ်​တောက်ကြမလဲ❓

1 / 3

မူးယစ်ဆေးစွဲလမ်းမှုကို ဘယ်လိုဖြတ်တောက်ကြမလဲ❓

မူးယစ်ဆေးတွေကို အထူးသဖြင့် လူငယ်သဘာဝစမ်းသပ်လိုစိတ်နဲ့ စမ်းသုံးကြည့်ရာကနေ စွဲလမ်းသွားတတ်ကြတာများပါတယ်။ အချို့ကလည်း စိတ်ညစ်နေတာတွေ ဖြေဖျောက်ဖို့၊ high ဖြစ်တဲ့ခံစားချက်ကိုလိုချင်လို့ဆိုပြီး သုံးမိတတ်ကြပါတယ်။

စိတ်ကြွမူးယစ်ဆေး၊ ထုံထိုင်းမူးယစ်ဆေး၊ ဘိန်းဖြူ၊ No4 ၊ WY စတဲ့မူးယစ်ဆေးတွေဟာ စသုံးမိပြီးစွဲလမ်းသွားတဲ့အခါ ဖြတ်ရအလွန်ခက်ခဲတတ်ပါတယ်။

ဆေးစွဲနေတဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးရော ကိုယ့်မိသားစုပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတာကြောင့် ဆေးဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

✅ ဘယ်လိုအခြေအနေတွေဆို လုံးဝဆေးဖြတ်သင့်နေပြီလဲ။
• မနက်နိုးတာနဲ့ ဆေးသုံးမိနေရင်
• မိသားစုဝင်တွေက ကိုယ့်ကိုအလွန်အမင်းစိတ်ပူနေပြီဆိုရင်
• ဆေးသုံးတဲ့အကြောင်းကို လျှို့ဝှက်ထားမိရင်
• ဆေးသုံးဖို့ ပိုက်ဆံတွေခိုးမိနေရင်
• ဆေးကိုအသိစိတ်လွတ်ပြီး မထိန်းနိုင်ဘဲသုံးစွဲမိနေပြီဆိုရင်

2 / 3

စတာတွေထဲမှ အချို့ကိုမိမိခံစားနေရပြီဆိုရင် အချိန်မလွန်ခင် ဆေးဖြတ်တောက်ဖို့ ကြိုးစားသင့်ပါပြီ။

✅ မူးယစ်ဆေးစွဲလမ်းမှုကို ဖြတ်တောက်နိုင်ဖို့အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့စိတ်ဆန္ဒဘဲဖြစ်ပါတယ်။ ကိုယ်ကဆေးဖြတ်လိုတဲ့ ဆန္ဒမရှိရင် အခြားသူက ဘယ်လောက်လုပ်ပေးပေးမရပါဘူး။

✅ ဆေးဖြတ်တော့မယ်ဆိုရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး စနစ်တကျကုသမှုခံယူဖို့လိုပါတယ်။ ကိုယ့်ဘာသာအိမ်မှာ ရုတ်တရက်ဖြတ်လိုက်တာ၊ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးတွေဝယ်သောက်တာမျိုးက အန္တရာယ်ရှိစေနိုင်ပါတယ်။

စနစ်တကျကုသမှုမခံယူဘဲ ဆေးဖြတ်မယ်ဆိုရင် ပျော့ခွေခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ တုန်ရီနေခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း စတဲ့ withdrawal symptoms တွေကို ဆိုးဆိုးရွားရွားခံစားရတတ်ပါတယ်။

ဒါကြောင့် ဆေးဖြတ်နေစဥ်အတွင်းမှာ ဆရာဝန်ရက်ချိန်းအတိုင်း မှန်မှန်သွားရောက်ပြသဖို့လိုပါတယ်။

3 / 3

✅ ဆေးဖြတ်ပြီး ပြန်လည်ထူထောင်နေစဥ်အတွင်းမှာ

• ဆေးသုံးတတ်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ဝေးဝေးနေတာ၊
• စိတ်ဖိစီးမှုတွေကို ဆေးမသုံးဘဲ ဖြေလျော့နိုင်မယ့် နည်းလမ်းမျိုးကိုရှာဖွေတာ (ဥပမာ- သီချင်းနားထောင်တာ၊ တရားထိုင်တာ)
• ကိုယ်လက်လှုပ်ရှားမှုများများလုပ်ပေးတာ၊
• ဆေးပြတ်သွားတဲ့အခါ ရရှိမယ့်ကောင်းကျိုးတွေကို အမြဲတွေးတောနေတာမျိုး စတာတွေကို လိုက်နာနေထိုင်သင့်ပါတယ်။

ဒါ့အပြင် စိတ်ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့ ကိုယ့်ကိုချစ်ခင်တဲ့ မိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ နွေးနွေးထွေးထွေးနေထိုင်တာ၊ စျေးဝယ်ထွက်တာ၊ ခရီးတိုလေးတွေထွက်တာ စသဖြင့်ပြုလုပ်ပေးသင့်ပါတယ်။

✅ ဒါကြောင့် ဆေးဖြတ်ဖို့ဆန္ဒရှိနေတယ်ဆိုရင် ဖြတ်ဖို့အချိန်လွန်နေပြီလား၊ ရပါ့မလားလို့မတွေးဘဲ စိတ်ကျန်းမာရေးဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးကာ ဆေးဖြတ်နိုင်ဖို့ကြိုးစားကြမယ်ဆိုရင် ပုံမှန်လူကောင်းတစ်ယောက်အတိုင်း ကျန်းကျန်းမာမာ နေထိုင်လာနိုင်မှာဖြစ်ပါတယ်။

စိတ်ထွက်​ပေါက်ရ​စေဖို့ ​အရက်အလွန်အကျွံ​သောက်မိ​နေပြီလားစိတ်ထွက်ပေါက်ရစေဖို့ အရက်အလွန်အကျွံသောက်မိနေပြီလား?နေ့စဥ်လူမှုဘဝမ...
14/08/2022

စိတ်ထွက်​ပေါက်ရ​စေဖို့ ​အရက်အလွန်အကျွံ​သောက်မိ​နေပြီလား

စိတ်ထွက်ပေါက်ရစေဖို့ အရက်အလွန်အကျွံသောက်မိနေပြီလား?

နေ့စဥ်လူမှုဘဝမှာ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စသဖြင့် အဖက်ဖက်ကနေ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ အများအပြားကြုံတွေ့ကြရနိုင်ပါတယ်။

အဲ့သည်လို ကြုံတွေ့ကြရတဲ့အခါ စိတ်ထွက်ပေါက်ရနိုင်ဖို့အတွက် သီချင်းဆိုတာ၊ ကခုန်တာ၊ အရက်သောက်တာ စသဖြင့်အမျိုးမျိုးပြုလုပ်ကာ စိတ်ကိုဖြေလျှော့လေ့ရှိကြပါတယ်။

✅ သီချင်းဆိုတာ၊ ကခုန်တာတွေက မိမိကျန်းမာရေးအတွက် မထိခိုက်စေနိုင်ပေမယ့် အရက်သောက်ခြင်းကို စိတ်ထွက်ပေါက်အဖြစ်ရွေးချယ်ပြီး နေ့စဥ်ရက်ဆက်သောက်မိနေတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုပါ ရင်ဆိုင်လာရနိုင်ပါတယ်။

ပထမပိုင်းမှာတော့ အရက်ကို စိတ်ထွက်ပေါက်ရာရဖို့ သောက်သုံးခဲ့ကြပေမယ့် စွဲလမ်းသွားတဲ့အခါ အရက်ဖြတ်ဖို့ လုံးဝခက်ခဲသွားပြီး နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊

အစာအိမ်သွေးကြောပေါက်ခြင်း စတာတွေကို ခံစားလာနိုင်ပါတယ်။

အရက်ကိုသောက်သင့်တဲ့ပမာဏထက်မကျော်လွန်ဘဲ အနည်းငယ်စီသောက်သုံးတာက ပြဿနာမရှိတတ်ပေမယ့် အလွန်အကြူးစွဲစွဲလမ်းလမ်းသောက်သုံးတဲ့အခါမှာတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိလာစေနိုင်ပါတယ်။

ဒီနေ့မှာတော့ အရက်သောက်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ပြောပြပေးသွားပါမယ်။

✅ အရက်သောက်ပြီး တစ်ခဏအတွင်း ဘာတွေခံစားလာရနိုင်လဲ။

အရက်သောက်ပြီးပြီးချင်းမှာတော့ စိတ်ထဲသာယာသလို၊ ယုံကြည်မှုရှိသလို၊ စိတ်ညစ်စရာတွေအားလုံးပြေပျောက်သွားသလိုမျိုး ခံစားကောင်းခံစားရနိုင်ပါတယ်။

သို့ပေမယ့် အရက်သောက်ပြီး အချိန်အနည်းငယ်အကြာမှာတော့ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ ရန်လိုခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေကို အရက်မ

သောက်ခင်ကထက် ပိုမိုဆိုးရွားစွာ ခံစားလာရတတ်ပါတယ်။

✅ ရေရှည်မှာဘာတွေခံစားလာရနိုင်လဲ။

အရက်ကို နေ့စဥ်မသောက်ရမနေနိုင်ဘဲ စွဲစွဲလမ်းလမ်း၊ အလွန်အကျွံသောက်မိနေပြီဆိုရင်တော့-

လေဖြတ်နိုင်ခြေမြင့်မားလာခြင်း၊
ဦးနှောက်သွေးလည်ပတ်မှုနှေးကွေးလာခြင်း၊
သတိမေ့တတ်လာခြင်း၊
စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း၊
စိတ်ကစဥ့်ကလျားဖြစ်လာခြင်း၊
စိုးရိမ်ကြောင့်ကြဖြစ်ခြင်း၊
အမူအကျင့်များပြောင်းလဲလာခြင်း၊
မိမိကိုယ်ကိုအဆုံးစီရင်လိုစိတ်ဖြစ်လာခြင်း၊
စတာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ဒါ့အပြင် မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ခြင်း စတာတွေကိုပါ ခံစားလာရနိုင်ပါတယ်။

✅ အရက်သောက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တွေကိုပျက်စီးစေနိုင်သလား။

အရက်သောက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တွေကိုတော့ တိုက်ရိုက်မပျက်စီးစေနိုင်ပါဘူး။ သို့ပေမယ့် ဦးနှောက်အာရုံကြောအတွင်း သတင်းပို့ပေးတဲ့ ဓါတုပစ္စည်းလေးတွေဖြစ်တဲ့ neurotransmitters လေးတွေကိုတော့ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်ဟာ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားလာရတာဖြစ်ပါတယ်။

✅ အခုဆိုရင်တော့ အရက်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို သိရှိသွားကြပြီလို့ မျှော်လင့်ပါတယ်။

မိမိက အရက်အလွန်အကျွံစွဲလမ်းနေပြီဆိုရင် စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ များစွာထိခိုက်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါကြောင့် မိမိကျန်းမာရေးအတွက်ရော မိမိမိသားစုအတွက်ပါ စဥ်းစားပြီး အချိန်မီအရက်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

✅ အရက်စွဲလမ်းနေသူတစ်ယောက် အရက်ဖြတ်တော့မယ်ဆိုရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ

စနစ်တကျကုသမှုခံယူပြီး အရက်ကို တဖြည်းဖြည်းချင်းဖြတ်တောက်ပစ်ရမှာဖြစ်ပါတယ်။

မိမိကိုယ်တိုင် အိမ်မှာချက်ချင်းအရက်သောက်ခြင်းကို ရပ်လိုက်တဲ့အခါ လက်တုန်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ စိတ်ပူပန်ကြောင့်ကြဖြစ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ချွေးစီးပြန်ခြင်း စတာတွေကို ခံစားရနိုင်တာကြောင့် အရက်ဖြတ်တဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျလုပ်ဆောင်ဖို့လိုပါတယ်။

ဒါကြောင့် အရက်အလွန်အကျွံသောက်သုံးခြင်းဟာ မိမိအသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အချိန်မီဖြတ်တောက်ဖို့ ကြိုးစားသင့်ပါတယ်နော်။

စိတ်ဖိစီးမှုကင်းဝေးဖို့အတွက် ဘယ်လိုဖြေလျှော့ကြမလဲ❓နေ့စဉ်လူနေမှုဘဝမှာ လှုပ်ရှားသွားလာ ရုန်းကန်ကြရရင်းနဲ့ တစ်ခါတလေမှာ ကိုယ...
29/07/2022

စိတ်ဖိစီးမှုကင်းဝေးဖို့အတွက် ဘယ်လိုဖြေလျှော့ကြမလဲ❓

နေ့စဉ်လူနေမှုဘဝမှာ လှုပ်ရှားသွားလာ ရုန်းကန်ကြရရင်းနဲ့
တစ်ခါတလေမှာ ကိုယ့်ရဲ့ စိတ်ဖိစီးမှု ခံစားချက်တွေကို ဖြေလျှော့ဖို့၊ သက်သာအောင်လုပ်ပေးဖို့ ခက်ခဲနေကြပါတယ်။
ဒါကြောင့် စိတ်ထဲမှာ အမြဲ မွန်းကြပ်လာပြီး
စိတ်ဆိုးဒေါသထွက်လွယ်လာကာ
စိတ်လည်းမတည်ငြိမ်တော့မှာ မဟုတ်ပါဘူး.

အဲ့ဒီအခါမှာ ကိုယ့်ရဲ့ စိုးရိမ်သောကကြောင့်
စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီဆောဟော်မုန်းပမာဏစာ တဖြေးဖြေးနဲ့ များလာမှာအသေအချာပါပဲ.
ဒီကမှတစ်ဆင့် ရေရှည် သွေးတိုးနဲ့ နှလုံးရောဂါ စတဲ့ ကျန်းမာရေး ပြဿနာများပါ ရင်ဆိုင်လာရမှာပါ.

တင်းကြပ်လှတဲ့ စိတ်ဖိအားတွေ
ဖယ်ရှားနိုင်အောင် ကိုယ်နှင့် စိတ်ကို ဖြေလျှော့ပေးဖို့က အရေးကြီးလာပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာတော့ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ချို့ကို မျှဝေလိုက်ပါတယ်..

တစ်ပုံချင်းစီရဲ့ အောက်တွင် ဖတ်ရှုနိုင်ပါတယ်..၊၊

#စိတ်ဖိစီးမှုဖြေလျော့ခြင်း

အလင်းတန်း မိသားစုရဲ့ ဝါဆိုသင်္ဃန်းကပ်အလှူပုံရိပ်များကို ကုသိုလ်ယူနိုင်ရန်အတွက် မျှဝေလိုက်ပါတယ်..။  #အလင်းတန်းစိတ်ကျန်းမာ...
29/07/2022

အလင်းတန်း မိသားစုရဲ့ ဝါဆိုသင်္ဃန်းကပ်အလှူ
ပုံရိပ်များကို ကုသိုလ်ယူနိုင်ရန်အတွက် မျှဝေလိုက်ပါတယ်..။


#အလင်းတန်းစိတ်ကျန်းမာရေးဆေးရုံ

Address

ဒဂုံရိပ်မွန်အိမ်ယာ၊အမှတ် (၂၁၆ )၊ ဧကရာဇ်လမ်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
Dagon
11191

Telephone

+959400783010

Website

Alerts

Be the first to know and let us send you an email when Alin Tann Mental Health Center-အလင်းတန်းစိတ်ကျန်းမာရေးစင်တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Alin Tann Mental Health Center-အလင်းတန်းစိတ်ကျန်းမာရေးစင်တာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram