21/04/2026
အမွှာကိုယ်ဝန် (Multiple Pregnancy) ပက်သတ်ပြီး ပြောပြပေးမယ်နော်။
👯အမွှာ လို့ ပြောလိုက် ရင် နှစ်မွှာပူး၊ သုံးမွှာပူး၊ ၄ မွှာပူး စသဖြင့် အမွှာ လေးတွေရှိပါတယ်။
ဘယ်လို လူမျိုးတွေမှာ အမွှာသန္ဓေတည် သလဲ?
၁။ အမေ ရဲ့ အသက်အရွယ် (Maternal Age)
အသက် ၃၅ နှစ်အထက် အမျိုးသမီးတွေမှာ အမွှာကိုယ်ဝန်ရနိုင်ခြေ ပိုများပါတယ်။ ခန္ဓာကိုယ်ထဲက Follicle-stimulating hormone (FSH) ပမာဏ မြင့်တက်လာတာကြောင့် တစ်လတည်းမှာ မျိုးဥ တစ်လုံးထက်ပိုပြီး ကြွေနိုင်ခြေ များလာလို့ ဖြစ်ပါတယ်။
၂။ မျိုးရိုးဗီဇ (Family History)
မိခင်လောင်းရဲ့ မိသားစုမျိုးရိုး (အထူးသဖြင့် မိခင်ဘက်က မျိုးရိုး) ထဲမှာ အမွှာရှိခဲ့ရင် အမွှာကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါဟာ မျိုးဥတစ်လုံးထက်ပိုကြွေတတ်တဲ့ မျိုးရိုးဗီဇ ကြောင့် ဖြစ်ပါတယ်။
၃။ ခန္ဓာကိုယ် အချိုးအစား (Body Mass Index - BMI)
BMI ၃၀ နှင့်အထက် ရှိတဲ့ အမျိုးသမီးတွေမှာ အမွှာကိုယ်ဝန် ရနိုင်ခြေ ပိုများတယ်လို့ လေ့လာမှုအချို့က ဆိုပါတယ်။ ခန္ဓာကိုယ်ထဲက Insulin-like Growth Factor (IGF) မြင့်မားမှုက မျိုးဥကြွေနှုန်းအပေါ် သက်ရောက်မှု ရှိနိုင်တာကြောင့်ပါ။
၄။ ဆေးပညာအကူအညီဖြင့် ကိုယ်ဝန်ယူခြင်း (Assisted Reproductive Technology - ART)
ဒါကတော့ လက်ရှိကာလမှာ အမွှာကိုယ်ဝန်ဖြစ်စေတဲ့ အဓိကအချက်ပါ။
🐣IVF (In-vitro Fertilisation): သန္ဓေသားလောင်း (Embryo) တစ်ခုထက်ပိုပြီး သားအိမ်ထဲ ထည့်လိုက်တာမျိုးမှာ ဖြစ်တတ်ပါတယ်။
💊Ovulation Induction: မျိုးဥကြွေဆေးများ (ဥပမာ - Clomifene)သောက်သုံး ခြင်းက မျိုးဥ အများအပြားကို တစ်ပြိုင်တည်း ကြွေ အောင်လုပ်ဆောင်လို့ဘဲ ဖြစ်ပါတယ်။
👯အမွှာ သန္ဓေတွေမှာ မျိုးဥနှစ်လုံး ကနေ အမွှာသန္ဓေ ဖြစ်တာ နဲ့ မျိုးဥ တစ်လုံး ကနေ အမွှာ သန္ဓေ ဖြစ်တာ ဆိုပြီး နှစ်မျိုး ရှိပါတယ်။
ဘယ်လိုတွေ ကွာခြားချက်ရှိလဲ ဆိုတာကတော့
၁။ ရုပ်ချင်းတူအမွှာ (Identical Twins / Monozygotic)
ဒါကတော့ မျိုးဥတစ်လုံးတည်းကို သုတ်ပိုးတစ်ကောင်တည်းက ပေါင်းစပ်ပြီးမှ နှစ်ခုကွဲထွက်သွားတာ ဖြစ်ပါတယ်။
🧬မျိုးရိုးဗီဇ တူညီမှု အားဖြင့် သူတို့ဟာ DNA ၁၀၀% နီးပါး တူညီကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ကျား/မ အင်္ဂါရပ်ဟာ အမြဲတမ်း တူညီနေရတာ ဖြစ်ပါတယ်။ (ဥပမာ - နှစ်ယောက်လုံး ယောင်္ကျားလေး (သို့) နှစ်ယောက်လုံး မိန်းကလေး) ဖြစ်တာမျိုးပါ။
၂။ ရုပ်ချင်းမတူအမွှာ (Dizygotic twin )
ဒါကတော့ မိခင်ဆီက မျိုးဥနှစ်လုံး တစ်ပြိုင်တည်း ကြွေလာပြီး ဖခင်ဆီက သုတ်ပိုးနှစ်ကောင်နဲ့ သီးခြားစီ ပေါင်းစပ်မိတာ ဖြစ်ပါတယ်။
🧬မျိုးရိုးဗီဇ တူညီမှု အားဖြင့် သူတို့ဟာ DNA ၅၀% ခန့်သာ တူညီကြပါတယ်။ ဆိုလိုတာကတော့ သာမန်မောင်နှမအရင်းတွေ တူညီကြတဲ့ နှုန်းအတိုင်းပါပဲ။
👯ဒီလို အမွှာ တွေက ရုပ်ချင်းမတူနိုင်သလို၊ ကျား/မ လည်း ကွဲပြားနိုင်ပါတယ်။ (ကျားတစ်ယောက်၊မတစ်ယောက် အမွှာ ဖြစ်နိုင်သလို၊ နှစ်ယောက် လုံး ကျား/မ တူ အမွှာဖြစ်နေနိုင်ပါတယ် ) မျိုးရိုးဗီဇအရတော့ သူတို့ဟာ မောင်နှမအရင်းတွေ တစ်ပြိုင်တည်း မွေးလာသလိုမျိုးပဲ ဖြစ်ပါတယ်။
ယေဘူယျ အားဖြင့်ပြောရင် အမွှာ တွေမှာရုပ်ချင်းမတူ အမွှာ( Dizygotic twin ) က ၇၀% လောက်ရှိပြီး၊ ရုပ်ချင်းတူအမွှာ ( monozygotic twin ) က ၃၀% လောက်ရှိပါတယ်။
💭အမွှာ ကိုယ်ဝန်တွေမှာ အချင်း နဲ့ ရေမွှာအိတ် ဘယ်လို တွေ ရှိလည်း ဆိုတာ က်ုယ်ဝန် ရလာဒ် ကို ကြည့်ဖို့ အတွက် အရေးကြီးပါတယ်။ အချင်း ၂ ခု ၊ ရေမွှာအိတ်လည်း ၂ ခု နဲ့ အမွှာ တွေက ဆိုးကျိုး အနည်းဆုံး အမွှာ တွေဘဲ ဖြစ်ပါတယ်။
👯ရုပ်ချင်း မတူအမွှာ တွေမှာ ကိုယ်ပိုင် အချင်း၊ ကိုယ်ပိုင်ရေမွှာအိတ်ပိုင်ဆိုင် ကြပါတယ်။
ရုပ်ချင်းတူအမွှာအချို့မှာ ကိုယ်ပိုင် အချင်း၊ ကိုယ်ပိုင် ရေမွှာ အိတ် ပိုင်ဆိုင် ပြီး၊ ၂၀% မှာတော့ အချင်း ၁ ခု နဲ့ ရေမွှာအိတ် ၂ ခု ပိုင်ဆိုင် ပြီး၊ ၁% မှာတော့ အချင်း ၁ ခု ရေမွှာအိတ် ၁ ခု တည်း ပ်ိုင် ဆိုင် တတ်ကြပါတယ်။
နောက်အပါတ်တွေမှာ လည်း အမွှာ ကိုယ်ဝန် နဲ့ ပါတ်သက်ပြီး ဆက်လက် ပြောပြပေးသွားပါမယ်။
အမွှာ ကိုယ်ဝန် နဲ့ ပါတ်သက်ပြီး သိလိုတာတွေ ကို comment (သို့) cb ကနေ မေးမြန်း နိုင်ပါတယ်။
By: Dr. Fertina
#မေမေ့ရဲ့ ပထမဆုံးလက်ဆောင်မွန်