အလှအပရေးရာ အသိကြွယ်စေဖို့

  • Home
  • Myanmar
  • Dagon
  • အလှအပရေးရာ အသိကြွယ်စေဖို့

အလှအပရေးရာ အသိကြွယ်စေဖို့ အာဟာရ ၊ ကျန်းမာရေးနှင့် အလှအပ ဆိုင်ရာအသိကြွယ်ဝစေရန် ရည်ရွယ်ပါသည်။

06/02/2022

အာဟာရ မျှတအောင် ဘယ်လိုစားရမလဲဆိုတာ လေးရှင်းပြထားတယ်နော်

07/01/2021

ဝက်ခြံနဲ့ပတ်သက်ပြီး သိသင့်တာလေးတွေ ဆောင်ရန်ရှောင်ရန်လေးတွေကို
Dr. Aye Sandar Aung ကပြောပြထားပါတယ်နော်။

https://fb.watch/2SmK-0IQ_8/

06/04/2018

ပျော်ရွှင်ဖွယ်မြန်မာနှစ်သစ်သင်္ကြန်အကြို အချိန်အခါလေးပါနော်☺️
နွေရာသီဖြစ်တာကြောင့် အသားရေထိမ်းသိမ်းရာမှာ မရှိမဖြစ်လိုအပ်တဲ့ sunscreens လေးတွေလူးကြဖို့မမေ့နဲ့နော်☺️
သင်္ကြန်နားနီးလာပြီဆိုတော့ သင်္ကြန်မှာရေဆော့ကစားကြမယ့် customers လေးများ အတွက် အသားအရေထိန်းသိမ်းဖို့ Sunscreens ရွေးချယ်နည်းလေးတွေပြောပြပေးချင်ပါတယ်ရှင်😍
Sunscreens လေးတွေရွေးတော့မယ်ဆိုရင် broad spectrum sunscreens လေးတွေကိုအသုံးပြုစေချင်ပါတယ်ရှင်။ နေရောင်ခြည်မှလာတဲ့ UV A, UV B နှစ်မျိုးလုံးကိုကာကွယ်နိုင်တဲ့ broad spectrum sunscreens လေးတွေကမှ နေရောက်ခြည်ဒဏ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်နော်။
Sunscreens လေးတွေဝယ်တော့မယ်ဆိုရင် ingredients (ပါဝင်ပစ္စည်း) များကိုကြည့်ကာရွေးချယ်သင့်ပါတယ်နော်။ SPF -15, SPF -30 အစရှိတဲ့ ကာကွယ်ပေးနိုင်မှုပမာဏ ကိုလဲရွေးချယ်သင့်သလို ပြုလုပ်ပစ္စည်းလေးများကိုလဲရွေးချယ်သင့်ပါတယ်နော်။ UV A နဲ့ UV B ကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့ ingredients တွေကတော့Oxybenzone, Titanium dioxide နဲ့ zinc oxideတို့ဖြစ်ပါတယ်နော်။Oxybenzone ကတော့ အရေပြားဓတ်မတည့်မှုဖြစ်စေတတ်ပါတယ်နော်။ sensitive skin, acne prone skin အသားအရေတွေအနေနဲ့အသုံးမပြုသင့်ပါဘူးရှင်။
Sunscreens လေးတွေကို အပြင်ထွက်ရေဆော့မကစားခင် ၃၀ မိနစ် အလိုကြိုလိမ်းပေးသင့်ပါတယ်နော်။ ၂နာရီခြားတစ်ခါပြန်လူးပေးရပါမယ်နော်။ ဝက်ခြံအသားအရေတွေအနေနဲ့ make up လူးရာမှာ coverage အရမ်းထူတဲ့ make up foundation တွေကိုရှောင်သင့်ပါတယ်နော်။ sunscreens လိမ်းတဲ့အခါမှာ မျက်နှာပေါ်ရှိ T zone area ကိုများများပိုလိမ်းပေးသင့်ပါတယ်နော်။ T zone area မှာ ချွေးပေါက်လေးတွေပိုကျယ်ပြီးအဆီပိုထွက်တာကြောင့် ထွက်လာတဲ့အဆီလေးတွေက sunscreens လေးတွေကိုပျက်စေနိုင်တာကြောင့်အဲ့နေရာလေးတွေကိုပိုလူးသင့်ပါတယ်နော်။မျက်နှာ အသားရေတင်မဟုတ်ပဲ ကိုယ်ခန္ဓာကိုပါ sunscreens လေးတွေကို လူးပေးသင့်ပါတယ်နော်။ နေကာမျက်မှန်လေးတွေတပ်ဖို့လဲမမေ့နဲ့နော်။ အသားအရေတင်မက မျက်လုံးလေးတွေကိုကာကွယ်ဖို့လဲလိုအပ်တယ်နော်။ ပြီးတော့ ဦးထုပ်လေးတွေဆောင်းဖို့လဲပြောပါရစေနော်။ သင်္ကြန်မှာ အားလုံးပဲ အထာကျကျလှနိုင်ကြပါစေနော်။😍

မင်္ဂလာပါရှင်။ဒီတစ်ခေါက်မှာတော့ပျိုမေတို့အတော်များများသိချင်မယ်ထင်တဲ့ အသားဖြူစေသောဓာတ်- Glutathione အကြောင်းလေးပြောပြချင်ပ...
04/03/2018

မင်္ဂလာပါရှင်။
ဒီတစ်ခေါက်မှာတော့ပျိုမေတို့အတော်များများသိချင်မယ်ထင်တဲ့ အသားဖြူစေသောဓာတ်- Glutathione အကြောင်းလေးပြောပြချင်ပါတယ်ရှင်။
•Glutathione ဆိုတာဘာလဲ?
Glutathione ဆိုတာ ခန္တာကိုယ်မှာရှိတဲ့ ဓတ်တိုးပစ္စည်း( cells အကောင်းများကိုတိုက်ဖျက်သောပစ္စည်း) များကိုဖျက်စီးပေးသော Antioxidant ဓတ်တမျိုးဖြစ်ပါတယ်။Antioxidants ရဲ့အစွမ်းကတော့ cellများကိုပျက်စီးယိုယွင်းခြင်းမှကာကွယ်ပေးခြင်းဖြစ်ပါတယ်။
•Glutathione က ခန္တာကိုယ်တစ်ခုလုံးမှာ ကောင်းကျိုးသက်ရောက်မှုများစွာရှိတဲ့ထဲကမှ ခုအသားရေနဲ့အလှအပဆိုင်ရာ ကောင်းကျိုးလေးတွေကိုပြောပြမယ်နော်။
* Glutathione က အရေပြားပေါ်ရှိ cells လေးများဓတ်တိုးခြင်းကိုကာကွယ်ပေးခြင်းဖြင့် အသားရေတွင် အရေးအကြောင်းများဖြစ်စေခြင်းကိုတားဆီးပေးပါတယ်။
* Skin lightening ability လို့ခေါ်တဲ့ အကျိုးရှိလို့ အသားရေကိုကြည်လင်လာစေပါတယ်နော်။
* Melanin လို့ခေါ်တဲ့ အသားကိုညိုစေတဲ့ရောင်ခြယ်ဖြစ်ပေါ်မှုကိုတားဆီးပေးနိုင်တဲ့သတ္တိရှိပါတယ်။ Melanin ဖြစ်ပေါ်မှုကိုတားခြင်းအားဖြင့် အသားရေကိုဖြူဝင်းကြည်လင်စေပါတယ်နော်။
* အသားရေကို UV radiation နှင့် အသားရေပျက်စီးစေတဲ့ free radicals များမှလဲ antioxidant အစွမ်းသတ္တိကြောင့်ကာကွယ်ပေးနိုင်ပါတယ်နော်။
ယနေ့ခေတ်မှာတော့ Glutathione ကိုအသားဖြူဆေးအနေနဲ့အသုံးပြုများလာပါတယ်။ Glutathione ကို ကိုယ်တွင်းသို့ စားဆေး နှင့် ထိုးဆေး များဖြင့် ဖြည့်စွက်နိုင်ပါတယ်။
အဲ့လိုမှမဟုတ်ပဲ သဘာဝနည်းအတိုင်း Glutathione ပါဝင်သောအစားအစာများစားခြင်းဖြင့်လဲ Glutathione ရဲ့အစွမ်းသတ္တိကိုရယူနိုင်ပါတယ်နော်။
•Glutathione များစွာပါဝင်သောအရွက်များ
- ကညွတ် ( asparagus)
- ဟင်းနုနွယ်ရွက် (spinach)
- ရုံးပတီသီး ( okra)
- ပန်းဂေါ်ဖီစိမ်း ( broccoli)
အသီးများ
- မုန်လာဥနီ (Carrots)
- ဂရိတ်ဖုသီး ( Grape fruit)
- လိမ္မော်သီး ( Orange)
- ဖရုံသခွားသီး ( Zucchini)
- ခရမ်းချဉ်သီး ( Tomatoes) တို့ပဲဖြစ်ပါတယ်နော်။
သတိပြုရမှာကတော့ အသီးအရွက်လေးတွေကိုရေနဲ့စင်စင်ဆေးပြီး အစိမ်းအတိုင်းစားသုံးပေးရင်ပိုပြီး ကောင်းပါတယ်နော်။ ချက်ပြုတ်လိုက်ရင် glutathione ပါဝင်မှုပမာဏကျဆင်းသွားလို့ပါနော်။
ကျန်းမာပြီးလှပသောအသားရေပိုင်ရှင်လေးများဖြစ်ကြပါစေနော်😇

မင်္ဂလာပါရှင်။ခုတလော Detoxလုပ်ပြီး weight ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းလေးတွေခေတ်စားလာလို့ Detox လုပ်ရခြင်းအကြောင်းလေးကို မ...
24/01/2018

မင်္ဂလာပါရှင်။
ခုတလော Detoxလုပ်ပြီး weight ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းလေးတွေခေတ်စားလာလို့ Detox လုပ်ရခြင်းအကြောင်းလေးကို မျှဝေချင်ပါတယ်ရှင်။
၁ ) Detox လုပ်တယ်ဆိုတာ ဘာလဲ?
Detox လုပ်တယ်ဆိုတာက လူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်ဓတ်များနှင့် ကိုယ်ခန္ဓာအားအန္တရာယ်ဖြစ်စေသော အရာများကိုဖယ်ရှားပေးခြင်းဖြစ်ပါတယ်နော်။
၂ ) Detox နည်းလမ်းဘယ်လောက်ရှိလဲ?
Detox လုပ်တဲ့နည်းပေါင်းများစွာရှိပါတယ်။ Chemicals(ဓာတုပစ္စည်း), Drugs (ဆေးဝါးများ), Laxatives (ဝမ်းနှုတ်ဆေး) အစရှိသောဆေးများသုံး၍Detoxလုပ်နိုင်သကဲ့သို့ သဘာဝသစ်သီးသစ်ဖုနှင့် organic foods(ဓတ်မြေသြဇာ အသုံးမပြုပဲစိုက်ပျိုးထားသော အစားအစာများ) ကိုစားသုံး၍လည်း Detox လုပ်နိုင်ပါတယ်နော်။
၃ ) Organic foods နှင့် သဘာဝသစ်သီးသစ်ဖုများ အသုံးပြု၍ Detox လုပ်ခြင်းသည် ကိုယ်တွင်း Antioxidants (aging processကိုတားမြစ်စေသောဓတ်) ထုတ်ပေးကာ အသည်းရှိ liver enzymes များကို လှုံ့ဆော်ပေးသဖြင့် enzymes များအလုပ်လုပ်ကာ အန္တရာယ် အဆိပ်အတောက်ဖြစ်စေသောအရာများကို ကိုယ်တွင်းမှ စွန့်ထုတ်ခြင်းကိုဖြစ်စေပါတယ်။ Chemicals, Laxatives and Drugs( Fasting drugs- အဆီကကျဆေးများ) သည် ဘေးထွက်ဆိုးကျိုးများစွာရှိသောကြောင့် ထိုဆေးဝါးများကို Detox လုပ်ရာတွင်အသုံးမပြုသင့်ပါ။
Detox လုပ်ရာတွင်အရေးကြီးသော အချက်မှာ toxins (အဆိပ်အတောက်များ) ခန္တာကိုယ်မှ စွန့်ပစ်စေခြင်းဖြစ်သဖြင့် ထိုသို့စွန့်ပစ်စေနိုင်ရန် သောက်ရေများများ (၈ခွက်မှ ၁၂ခွက်) အနည်းဆုံးသောက်ပေးသင့်ပါတယ်။ ရေများများသောက်ခြင်းသည် ဆီးနှင့် ဝမ်း များများသွားခြင်း နှင့်ချွေးထွက်ခြင်းကိုလှုံ့ဆော်ကာ ထိုနည်းများဖြင့် အဆိပ်အတောက်များ ဖယ်ရှားစွန့်ပစ်စေခြင်း ဖြစ်သဖြင့် အဓိက အရေးကြီးဆုံးမှာ Detox လုပ်နေစဉ်ကာလအတွင်း ရေများများသောက်ပေးရန်လိုအပ်ပါတယ်နော်။Detox ကိုပုံမှန်အားဖြင့် ၃ရက် လုပ်ကြပါတယ်နော်။ Detox လုပ်ခြင်းအားဖြင့် အဆိပ်အတောက်ဖယ်ရှားပေးခြင်းကြောင့် ကျန်းမာရေးကောင်းမွန်စေသကဲ့သို့ ရေများများသောက်ခြင်းကြောင့် အသားရေကိုရေဓတ်ပြည့်ဝစေကာ အသားအရေကြည်လင်ဝင်းပစေခြင်းနှင့် ကိုယ်အလေးချိန်လဲကျစေတယ်နော်။ Detox လုပ်နေစဉ်ကာလတွင်းအဆီဓတ်အများကြီးပါတဲ့အစားအစာတွေကိုတော့ရှောင်ရမယ်နော်။

အလွယ်ဆုံး Detox အရည်ဘယ်လိုဖန်တီးမလဲ?
ရေသန့်ဗူးကြီး - ၁ဗူး
သခွားသီးအကြီး- ၁တောင့် (ပါးပါးလှီးပါ)
သံပုရာသီး- ၁လုံး (ပါးပါးလှီးပါ)
ပူစီနံရွက် (ထည့်လိုကထည့်ပါ)။
ပါဝင်ပစ္စည်းများကို ရော၍ထည့်ကာ ၁၀မိနစ်ထားပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၁ည သိပ်ပြီး နောက်နေ့မနက်တွင်စတင်၍သောက်နိုင်ပါတယ်နော်။ ၃ရက်ဆက်တိုက်သောက်ရမယ်နော်။ ရေကိုလဲတတ်နိင်သမျှ များများလေးသောက်ပေးနော်။
မှတ်ချက်။ ။ ကိုယ်ကြိုက်နှစ်သက်ရာ သစ်သီးနှင့် လည်း Detox အရည်ဖန်တီးနိုင်ပါတယ်နော်။
အလှတရားများနှင့်ပြည့်စုံနိုင်ကြပါစေရှင်။

Dr.Aye Sandar Aung

07/01/2018

မင်္ဂလာပါရှင်
ဒီတစ်ခါမှာတော့ basic skin care steps for night လေးတွေပြောပြချင်ပါတယ်နော်။
အဆင့် ၁) မိတ်ကပ်ဖျက်ခြင်း။
မျက်နှာအရေပြားထဲက cellsလးတွေဟာ ခန္ဓာကိုယ်သဘာဝအရ သူ့ဘာသူညဘက်မှာ လိုအပ်ချက်တွေကိုချွေးပေါက်တွေကိုဖွင့်ခြင်းဖြင့်ပြန်လည်ပြုပြင်ပါတယ်နော်။ မိတ်ကပ်တွေကိုသေချာမဖျက်ပဲထားလိုက်ရင် ချွေးပေါက်လေးတွေမပွင့်နိုင်ပဲ အရေပြားပေါ်မှာ အစက်အပြောက်, အသားရေမညီညာခြင်းနဲ့ ဝက်ခြံတွေထွက်လာတတ်တယ်နော်။ အဲ့တာကြောင့် မိတ်ကပ်လူးပြီးရင်သေချာစင်ကြယ်အောင် ဖျက်သင့်တယ်နော်။
အဆင့် ၂) Toner သုံးခြင်း။
Toner သုံးခြင်းဟာ မျက်နှာသစ်ပြီးကျန်ရှိတဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးရုံမက ရေဓတ်ဖြည့်ပေးခြင်း, ချွေးပေါက်ကျဉ်းအောင်လုပ်ပေးခြင်း, အဆိပ်မတောက်ဖယ်ရှားပေးခြင်းအစရှိတဲ့အကျိုးကျေးဇူးရစေပါတယ်နော်။
အဆင့် ၃) Moisturizing Serumလူးခြင်း။
အသားခြောက်, အဆီပြန်, ပုံမှန်အသားရေ အစရှိတဲ့ ဘယ်အသားရေမဆို သင့်တော်တဲ့ ရေဓတ်ဖြည့်ပေးတဲ့ moisturizing serum လေးကိုသုံးပေးသင့်ပါတယ်နော်။ အသားရေကြည်ကြည်လေးနဲ့အရေပြားကောင်းဖို့အဓိက အချက်က အရေပြားမှာလိုအပ်တဲ့ရေဓတ်ပြည့်နေဖို့ပဲနော်။
အဆင့် ၄) Night Repair Creamလူးခြင်း။
အပ်ါမှာပြောခဲ့သလို ညဘက်မှာ cellsတွေပြုပြင်ပေးတဲ့ အဆင့်ကို အထောက်အကူပြုပေးနိုင်တာလေးကတော့ night repair creamလေးလူးဖို့ပါနော်။
အဆင့် ၅) Eyes serumလူးခြင်း။
အသက်၂၀ ကျော်အရွယ်မှစပြီး aging process(အသက်ကြီးအရွယ်ရောက် အသားရေပြောင်းလဲခြင်း) စတင်လာလို့ မျက်အိတ်ဖောင်းခြင်း မျက်တွင်းကျခြင်း မျက်လုံးနားတဝိုက် အရေးအကြောင်းဖြစ်ပေါ်လားခြင်း တွေကိုကာကွယ်နိုင်အောင် Eyes Serum လေးလူးပေးသင့်တယ်နော်။ လူးတဲ့အခါမှာမျက်လုံးအတွင်းဘက်ထောင့်မှ အပြင်ဘက်ထောင့်ကိုပဲဆွဲပြီးလူးပေးရမယ်နော်။
ဒီအဆင့်လေး၅ချက်ကိုနေ့တိုင်း ဂရုတစိုက်လေးလုပ်ပေးမယ်ဆိုရင် မျက်နှာအသားရေကြည်လင်ပြီးကျန်းမာတဲ့အသားရေကိုထာဝစဉ်ပိုင်ဆိုင်နိုင်မှာမို့ လုပ်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်။

22/09/2017

မင်္ဂလာပါနော်😊
Admin အလုပ်တွေရှုပ်နေတာနဲ့ post မတင်ဖြစ်တာကြာပါပြီ။
ဒီတစ်ခါမှာတော့ မျက်နှာအသားအရေထိန်းသိမ်းဖို့နည်းတွေထဲက အဓိကကျတဲ့ homemade scrub လုပ်နည်းလေးပြောပြပေးမယ်နော်😊
Rice milk cleanser/ scrub
ဒါလေးကတော့ဂျပန်ရိုးရာအသားအရေထိန်းသိမ်းနည်းလေးတစ်ခုပါနော်။ အသားအရေကိုအာဟာရများစွာဖြည့်တင်းပေးနိုင်တဲ့ Vitamin E များစွာပါဝင်ပြီး scrub အမှုန်လေးတွေနဲ့ပွတ်တိုက်ပေးတဲ့အတွက် အရေပြားပေါ်ကသေနေတဲ့ဆဲလ်လေးတွေကိုဖယ်ရှားပေးပြီး နို့ရည်ရဲ့အစွမ်းဖြစ်တဲ့ vitamins and proteins များစွာပါဝင်တာကြောင့် အသားလေးကိုကြည်လင်ဝင်းပစေပြီး လိုအပ်တဲ့အာဟာရလေးတွေပြန်လည်ပြည့်တင်းစေနိုင်တယ်နော်☺️
လိုအပ်သောပစ္စည်းများ: ဆန်လုံးညို အမှုန့် ၁/၄ ခွက်
ဆန်နို့ - စားပွဲတင်ဇွန်း ၃ဇွန်း ကိုရောနယ်ပေးပါ။ မျက်နှာကိုကြိုက်နှစ်သက်ရာဆပ်ပြာနှင့် သစ်ပေးပြီးscrub လေးနှင့်ညင်သာစွာပွတ်ပေးပါ။ ၅မိနစ်ခန့်ပွတ်ပြီးပါက ရေနွေးလေးနှင့်ဆေးပါနော်။
တစ်ပတ်နှစ်ကြိမ်ပုံမှန်လေးလုပ်ပေးရုံပဲနော်။ုကြည်လင်ဝင်းပသော အသားအရေလေးများပိုင်ဆိုင်နိုင်ကြပါစေနော်😍

21/09/2016

ဒီတစ်ခါတော့ ကိုယ့်အိမ်မှာကို ပေါ့ပေါ့ပါးပါးလေးနဲ့ အသားရေကြည်ပြီးဝင်းအောင်လုပ်တဲ့နည်းလေးပြောပြမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
၁။ ဒိန်ချဉ်( စားပွဲတင်ဇွန်း၁ဇွန်း)
၂။ ပျားရည်( စားပွဲတင်ဇွန်းတစ်ဝက်)
၃။ လိမ္မော်ရည်( လိမ္မော်သီးမှညှစ်ချထားသောအရည် စားပွဲတင်ဇွန်း၁ဇွန်း)
၎။ သံပရာရည် (စားပွဲတင်ဇွန်း၁ဇွန်း)
၅။ ကွေကာအုပ် (စားပွဲတင်ဇွန်း၁ဇွန်း) တို့ကိုစုပေါင်းရောနယ်ပေးပါ။ ထို့နောက် မျက်နှာနှင့်လည်ပင်းပေါ်သုတ်လိမ်းပေးပါ။ ၁၀-၁၅မိနစ်ခန့်ထားပြီး ရေနွေးနွေးလေးဖြင့် မျက်နှာသစ်ပေးပါ။ ထို့နောက် moisturizer cream လိမ်းပေးပါ။
ညဘက်တွင်ပြုလုပ်ခြင်းကပိုထိရောက်ပါတယ်။
မနက်ပိုင်းတွင်ပြုလုပ်ပါက အသားရေသည် ပုံမှန်ထက်ပိုမိုနူးညံ့ကာ ထိခိုက်လွယ်သဖြင့် နေလောင်ဒဏ်ကိုသာမန်ထက် ပိုခံစားရစေနိုင်ပါတယ်နော်။
တစ်ပတ်ကို အများဆုံး၃ကြိမ်လုပ်လို့ရတယ်နော်။
ကျန်တဲ့နေ့တွေမှာတော့ facial mask လေးအုပ်ပေးရင်ပိုကောင်းပါတယ်ရှင်။

16/09/2016

ဒီတစ်ခေါက်မှာတော့ အားလုံးသိချင်ပြီးအဖြစ်များတဲ့ဝက်ခြံအကြောင်းလေးတင်ပေးမယ်နော်

ဝက်ခြံဘာလို့ဖြစ်လဲ?
လူတွေတွေးနေကြတဲ့ဝက်ခြံဖြစ်စေတဲ့အချက်လေးတွေကတော့
၁. သန့်ရှင်းမှုမရှိခြင်း
၂. အစားအသောက်
၃. ဟော်မုန်းပြောင်းလဲခြင်း
၄. အနေအထိုင်အပြုအမူ(အိပ်ရေးမဝခြင်း)
၅. စိတ်ဖိစီးခြင်း
၆.မျက်နှာအဆီထွက်များခြင်း တို့ဖြစ်ကြပါတယ်

ဒါပေမယ့် ဝက်ခြံဖြစ်စေတဲ့အဓိကအချက်ကတော့
အရေပြားပေါ်ရှိအမွှေးလေူများကျွတ်ခြင်း
အဆီအိတ်လေးများ အလုပ်အရမ်းလုပ်ရာမှ အဆီများစွာထွက်ခြင်း
ဝက်ခြံဖြစ်စေသော propionobacterium acnesများကြောင့် နီရဲရောင်ရမ်းခြင်းတို့ပဲဖြစ်ပါတယ်
ဒါ့အပြင် ဝက်ခြံကိုညှစ်ခြင်း/ အဆီများစွာပါသော အလှပြင်ပစ္စည်းများသုံးခြင်း/ steroids နှင့် အတက်ရောဂါ တွင်သောက်သောဆေးဝါးများနှင့် progesterone ပါဝင်သောကိုယ်ဝန်တားဆေးများ သောက်သုံးခြင်းတို့ကြောင့်လဲဖြစ်နိုင်ပါတယ်

ဝက်ခြံအဖြစ်များတဲ့နေရာတွေကတော့ မျက်နှာ/ လည်ပင်း/ ရင်ဘတ်/ ပုခုံး နဲ့ကျောပြင်တို့ပဲဖြစ်ပါတယ်

ဝက်ခြံကို mild / moderate/ severe ဆိုပြီးအဆင့်သုံးဆင့်ခွဲလေ့ရှိပါတယ်
အမာရွတ်နှင့် ချိုင့်ခွက်ဖြစ်ပေါမှုမှာ အဆင့်ပေါ်မူတည်ပါတယ်
အဆင့်ဘယ်လိုခွဲမလဲ?
Mild- အဖြူ အမဲအစက်သေးသေးလေးများရှိပြီးရေင်ရမ်းမှုမရှိပါ။
Moderate- အစက်များသာမက အနီရောင်အဖုများရှိပြီးရောင်ရမ်းနေခြင်း
Severe- nodules ဟုခေါ်သော အလုံးများပြည်တည်သည်ဟုယူဆရသော အဖုအလုံးများရှိခြင်းတို့ဖြစ်ပါတယ်ရောင်ရမ်းမှုလဲရှိပါတယ်
ဘယ်လိုကာကွယ်မလဲ?
မျက်နှာသစ်ဆပ်ပြာကိုတတ်နိုင်သမျှ အမွှေးနံ့ပါတာတွေရှောင်ပါ
Salicylic acidပါသောဆပ်ပြာသုံးပါ
အဆီများစွာပါသော cosmetics တွလိမ်းခြင်းရှောင်ပါ
ဝက်ခြံများစွာဖြစ်ပေါ်နေပြီဆိုပါက ထိရောက်စွာ ကုသမှုခံယူရန်အရေးကြီးပါတယ်
စျေးကွက်ထဲပေါ်နေသောဝက်ခြံပျောက်သည်ဆိုသောဆေးများမှာ အပေါ်ရန်ကုသမှုသာဖြစ်ပါတယ်
ဝက်ခြံမှာ ရေရှည်ကုသမှုခံယူရသော အရေပြားရောဂါတစ်ခုဖြစ်ပါတယ်နော် စိတ်ရှည်ပြီးလိုက်နာမှပျောက်ကင်းမှာပါနော် သိချင်တာရှိပါကမေးမြန်းနိုင်တယ်နော်
ဝက်ခြံကင်းပြီး လှပသောမျက်နှာလေးများပိုင်ဆိုင်နိုင်ကြပါစေနော်

မိန်းကလေးများ မိမိအသားအရေ အမျိုးအစားကို နားလည်ကာ မိမိနှင့်ကိုက်ညီသော skin care သုံးနိုင်ဖို့ အသားအရေ ခွဲခြားနည်းလေး တင်ြ...
20/07/2016

မိန်းကလေးများ မိမိအသားအရေ အမျိုးအစားကို နားလည်ကာ မိမိနှင့်ကိုက်ညီသော skin care သုံးနိုင်ဖို့ အသားအရေ ခွဲခြားနည်းလေး တင်ပြပေးလိုက်တယ်နော်:-)

အသားအရေ အမျိုးအစားခွဲခြင်း
၁ ) ပုံမှန်အသားအရေ
၂ ) အဆီပြန်သောအသားအရေ
၃ ) ခြောက်သွေ့သောအသားအရေ
၎ ) ပေါင်းစပ်အသားအရေ
၅ ) ထိခိုက်လွယ်သောအသားအရေ

၁ ) ပုံမှန်အသားအရေ
အရေပြားနူးညံ့ချောမွေ့မှုရှိခြင်း
အဆီပြန်ခြင်း သို့မဟုတ် အရေပြားအဖတ်များဖြစ်နေမှုမရှိခြင်း
ချွေးပေါက်များ ပုံမှန်အတိုင်းရှိခြင်း

၂ ) အဆီပြန်သောအသားအရေ
အရေပြား အဆီပြန်ကာ ပြောင်လက်နေခြင်း
နူးညံ့မှုမရှိဘဲ အရေပြားမာကာကြမ်းတမ်းခြင်း
ချွေးပေါက်များ ပုံမှန်ထက် ကျယ်နေခြင်း
မျက်နှာပေါ်တွင် အမည်းစက်အသေးလေးများနှင့် ဝက်ခြံဖြစ်လွယ်ခြင်း

၃ ) ခြောက်သွေ့သောအသားအရေ
အရေပြားတွင်စိုစွတ်မှုမရှိဘဲ မာကြောကြမ်းတမ်းခြင်း
မျက်နှာပေါ်တွင် အရေပြားအဖတ်များဖြစ်ပေါ်ခြင်း (အထူးသဖြင့် မျက်နှာသစ်ပြီးစအချိန်တွင်ပိုမိုဖြစ်ပေါ်သည်)
နှင်းခူနှင့် အရေးကြောင်းများဖြစ်လွယ်ခြင်း
ချွေးပေါက်ကျဉ်းခြင်း

၎ ) ပေါင်းစပ်အသားအရေ
မိန်းကလေးအများစုတွင် ပေါင်းစပ်အသားအရေ တွေ့ရများသည်
ပုံမှန်| အဆီပြန်| ခြေက်သွေ့ အသားအရေ များတွင်တွေ့ရသည့် လက္ခဏာများပေါင်းကာတွေ့ရလေ့ရှိသည်
T- zone တွင် အဆီပြန်ကာ ကျန်နေရာများတွင် ပုံမှန် သို့မဟုတ် ခြောက်သွေ့နေတတ်သည်

၅ ) ထိခိုက်လွယ်သောအသားအရေ
အသားရေ နီခြင်း| ယားယံခြင်း| ပူလောင်ခြင်း| ခြေက်သွေ့ခြင်း များဖြစ်လွယ်သည်
အများစုမှာ cosmetic products များသုံးပြီးချိန်တွင် အဖြစ်များသည်
မိမိနှင့် ဓတ်မတည့်သော အလှပြင်ပစ္စည်းများ| အစားအစာများ စားပြီးချိန်တွင်ပိုမိုတွေ့ရတတ်သည်

မိန်းကလေးများ မိမိအသားအရေအမျိုးအစားကို သိရှိကာ မိမိနှင့်ကိုက်ညီသော skin care များအသုံးပြုနိုင်ကြပါစေ:-)

Address

Pyay Road
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595051565

Alerts

Be the first to know and let us send you an email when အလှအပရေးရာ အသိကြွယ်စေဖို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အလှအပရေးရာ အသိကြွယ်စေဖို့:

Share