Sa Kyi Health & Wellness

Sa Kyi Health & Wellness သက်ရှည် ကျန်းမာပျော်ရွှင်ဖို့ SaKyi နဲ့အတူ စတင်ပြောင်းလဲလိုက်ကြရအောင်။

✨Happy Healthy New Year✨2026 နှစ်သစ်ဟာ စိတ်သစ်၊ လူသစ် နဲ့ လမ်းသစ်တွေဖောက်နိုင်မယ့် အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ပါစေကြောင်...
01/01/2026

✨Happy Healthy New Year✨

2026 နှစ်သစ်ဟာ စိတ်သစ်၊ လူသစ် နဲ့ လမ်းသစ်တွေဖောက်နိုင်မယ့် အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ပါစေကြောင်း လိုချင်၊ ဖြစ်ချင်တာမှန်သမျှ ဖြစ်ခွင့်ရတဲ့ နှစ်ဖြစ်ပါစေကြောင်း Sa Kyi မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...🥰

21/12/2025

Sa Kyi မှ ၂၀၂၅ မှာကြုံတွေ့ခဲ့ရတာတွေကို reflect လုပ်ပြီး 2026 ကို Positive Vibe အပြည့်နဲ့ကြိုဆိုဖို့အတွက် ၃ရက်တာ Mindfulness Practice Free Programလေးကို စီစဉ်ပေးထားပါတယ်….🤍

Dec 22,23,24 ည ၉:၁၅မှ ၉:၃၅ ထိ ၃ရက်တိုင်တိုင် Join ရမှာဘဲဖြစ်ပါတယ်…
စိတ်ပါဝင်စားလို့ Join ချင်သူများအတွက် Comment မှ Link မှာ စာရင်းပေးသွင်းနိုင်ပါတယ်….

နှစ်သစ်ကို အကြည်လင်ဆုံးစိတ်ထားလေးတွေနဲ့ အကောင်းဆုံး ကြိုဆိုနိုင်ဖို့ Sa Kyi လက်ဆောင် 15 Min Mindfulness Practice ကို Join နိုင်ပါပီ✨💕

😴အနားယူခြင်းကလည်း အကျိုးရှိတဲ့အလုပ်လုပ်ခြင်းတစ်မျိုးပါပဲဒီကမ္ဘာကြီးက အမြဲတမ်းအလုပ်ရှုပ်ပြီးလည်ပတ်နေသလားလို့ပဲ မေးခွန်းထု...
16/12/2025

😴အနားယူခြင်းကလည်း အကျိုးရှိတဲ့အလုပ်လုပ်ခြင်းတစ်မျိုးပါပဲ

ဒီကမ္ဘာကြီးက အမြဲတမ်းအလုပ်ရှုပ်ပြီးလည်ပတ်နေသလားလို့ပဲ မေးခွန်းထုတ်ရလောက်အောင် အခုခေတ်မှာ အငြိမ်မနေ ၊ အလုပ်ရှုပ်နေမှ ဘဝတိုးတက်ရေးအတွက် အထောက်အကူဖြစ်တာကလည်း ပုံသေကားချပ်တစ်ခုလိုဖြစ်လာတာအမှန်ပါ။

နေ့စဉ်နေ့တိုင်း နေ့ညမနား အလုပ်ပြီးရင်းအလုပ်ဆိုပြီး ရှေ့ဆက်နေခဲ့ကြတဲ့သူတွေအဖို့ သီးသန့်အချိန်တစ်ခုပေးပြီး အနားယူဖို့ဆိုတာ အင်မတန် တုံ့ဆိုင်းမိကြတဲ့ အတွေးတစ်ခုပါ။
“ငါ ပင်ပန်းတယ်၊ အလုပ်တွေလည်းအများကြီးရှိတယ်၊ခဏလောက်တော့နားချင်သေးတယ်၊နားလိုက်ရင် ပျင်းရိသလို၊အချိန်ဖြုန်းမိသလိုများဖြစ်သွားမလား”ဆိုတဲ့ သံသယတွေ၊စိတ်ပူပန်မှုတွေလည်းရှိတတ်ကြပါတယ်။

ဒါပေမယ့် လက်ခံရခက်တဲ့ အမှန်တရားတစ်ခုကိုပြောပြရမယ်ဆို အနားမယူ၊စက္ကန့်မိနစ်မလတ် အလုပ်လုပ်နေတိုင်းလည်း လုပ်သမျှအရာ အဆင်ပြေအောင်မြင်ချောမွေ့နေဖို့ဆိုတာခက်ပါလိမ့်မယ်၊ဘာလို့လဲဆိုတော့ လူဆိုတာ စက်တစ်ခုမဟုတ်တဲ့အတွက် တစ်နေ့တာရဲ့ ၂၄ နာရီမှာ သေချာပိုင်းခြားစိတ်ဖြာပြီး အိပ်သင့်ချိန်အိပ် ၊ စားသင့်ချိန်စား ၊ အလုပ်ချိန်မှာကြိုးစားလုပ် ၊ နားသင့်ချိန်နားရပါမယ်။

သင်အိပ်ပျော်နေရင်တောင် သင့်ရဲ့ အတွင်း vital organs တွေက အနားမယူရပါဘူး၊

🫀တစ်နေ့ကို နှလုံးဟာ အကြိမ်ရေသန်းချီပြီးခုန်ပေးရပါတယ်၊
🧠 စိတ်တွေမွန်းကြပ်လာပြီ၊ဦးနှောက်တွေခြောက်လာပြီဆိုတဲ့အထိ တွေးတောစဉ်းစားရတာတွေလည်းရှိပါတယ်၊
💪🏻 သင့်ရဲ့စိတ်အတိုင်း ကိုယ်ခန္ဓာကလည်းအမြဲလှုပ်ရှားသွားလာနေရတဲ့အတွက် muscles တွေကလည်း အချိန်နဲ့တစ်ပြေးညီ အလုပ်လုပ်နေခဲ့ကြတာပါ။

ဒါကြောင့် သင့်အနေနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုညှာတာပြီး အချိန်သီးသန့်ပေးရင်း အနားယူစရာရှိတာ ယူပြီးမှ အလုပ်ဆက်လုပ်ဖို့အကြံပေးပါရစေ🥰
အနားယူတယ်ဆိုတာ အချိန်ဖြုန်းတာ၊ပျင်းရိတာမျိုးမဟုတ်ပဲ သင့်ရဲ့ ကျန်းမာရေးပိုမိုကောင်းမွန်ဖို့၊ Energy တွေတိုးလာစေဖို့အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ဆိုရင်တောင် မမှားပါဘူး။

📌 Work with Productivity ☘️💪🏻
Productivity ရှိမှလည်း Motive ရှိတယ်၊ Motive နဲ့တကွ အလုပ်လုပ်မှလည်း Work done ဖြစ်မှာပါ။
📌 အနားကောင်းကောင်းယူမှသာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေးကြီးတဲ့ system တွေအကုန် ဆက်လည်ပတ်နိုင်မယ်၊
📌 ကြွက်သားတွေကို အနားပေးမယ်၊
📌 Hormones balance ဖြစ်လာစေမယ်၊
📌 မွန်းကြပ်နေတဲ့ Emotions တွေ stable ပြန်ဖြစ်လာမယ်

အကောင်းဆုံးအကြံတစ်ခုကို စကြည့်အနေနဲ့ပေးရမယ်ဆိုရင် အခုကစပြီး သင်ဟာ Creativity ရှိရှိ Productivity ရှိရှိ အလုပ်လုပ်ချင်တယ်၊တိုးတက်အောင်မြင်ချင်တယ်ဆိုရင် တစ်နေ့တာကို Time management ကောင်းကောင်းလုပ်ပြီး သေချာအနားယူဖို့ပြောချင်ပါတယ်

📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

☘️ကျန်းမာဖို့အတွက် perfect ဖြစ်နေစရာမလိုပါဘူး ၊ Consistency ရှိနေဖို့ပဲလိုတာပါ💪🏻လောကကြီးမှာ လူအများစုဖြစ်တတ်တဲ့ သဘောသဘာဝ...
13/12/2025

☘️ကျန်းမာဖို့အတွက် perfect ဖြစ်နေစရာမလိုပါဘူး ၊ Consistency ရှိနေဖို့ပဲလိုတာပါ💪🏻

လောကကြီးမှာ လူအများစုဖြစ်တတ်တဲ့ သဘောသဘာဝက အရာအားလုံးမှာအဘက်ဘက်ကပြီးပြည့်စုံချင်ကြတာပါ

ပညာရေး၊စီးပွါးရေး၊အလုပ်အကိုင်၊လူမှုရေး၊မိသားစု အစရှိတဲ့အရေးကြီးတဲ့အခန်းကဏ္ဍတိုင်းမှာ လိုလေသေးမရှိအောင် ဟာကွက်မရှိအောင် နေ့စဉ်ဘဝမှာ အားလပ်ချိန်တောင်မချန်ထားမိပဲ အာရုံစိုက်ပြီးကြိုးစားအားထုတ်တတ်ကြပါတယ်။

ဒါပေမယ့် ဘဝရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သေးသေးမွှားမွှား healthy habit လေးကအစ healthcare step တွေအထိ လုပ်ဖြစ်ရဲ့လားဆိုရင်တော့ အများစုရဲ့အဖြေက No ဖြစ်နေကြတာပါပဲ။

ဘဝမှာ ကျန်တဲ့အခန်းကဏ္ဍအပိုင်းအခြားတွေမှာ ပြီးပြည့်စုံနေတဲ့ perfection ဆိုတဲ့အရာကိုလိုအပ်ကောင်းလိုအပ်လောက်ပေမယ့် ကျန်းမာပျော်ရွှင်သက်ရှည်စွာနေထိုင်နိုင်ဖို့အတွက်တော့ Perfect daily routine ထက် Consistency ရှိနေဖို့က ပိုအရေးကြီးပါတယ်ရှင်

‼️Consistency ရှိခြင်းဆိုတာဘာလဲ

ဘယ်လိုအကြောင်းအရင်းတွေပဲရှိပါစေ၊ဘာကိစ္စတွေပဲပေါ်လာပါစေ ကိုယ်လုပ်နေတဲ့အရာကို မပျက်မကွက်ပဲ နေ့စဉ်မှန်မှန်အားထက်သန်စွာဆက်လုပ်ဆောင်နိုင်တဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်

Consistency ရှိရှိ ကျန်းမာစွာနေထိုင်တတ်တယ်ဆိုတာ Perfect ဖြစ်နေဖို့ထက် ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မူတည်ပြီး ၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားတွေပေါ်မူတည်ပြီး ပြောင်းလဲတိုးတက်လာတဲ့ ရေရှည်တည်တံ့စေတဲ့ Positivity တစ်ခုလည်းဖြစ်ပါတယ်။

Healthy lifestyle တစ်ခုကိုစတင်ကျင့်သုံးလာတဲ့အချိန်ကစပြီး နေ့စဉ်ဘဝမှာ သင့်အနေနဲ့ လန်းဆန်းတက်ကြွတယ် ၊ Productivity တွေရှိတယ် ၊ ကျန်းမာပေါ့ပါးတယ် လို့ခံစားလာရမှာဖြစ်တဲ့အတွက် ဒီအရာတွေကို ရေရှည်အနာဂတ်မှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်ဆို consistency ရှိမှုက ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။

ဒါဖြင့် …. သင်ကိုယ်တိုင်ကလည်း မှားယွင်းနေတဲ့ ဘဝနေထိုင်နည်းတွေကို သတိထားမိပါရက်နဲ့ ပြုပြင်ပြင်ဆင်ဖို့ခက်ခဲနေတဲ့ အခြေအနေမျိုး ကြုံနေရပြီဆိုရင် စကြည့်က တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးကိုအနီးကပ်ဂရုစိုက်ပေးမယ့် အဖော်မွန်လေးအဖြစ်ရှိနေပါတယ်။

စကြည့်မှာ လူကြီးလူငယ်မရွေး ကျန်းမာပျော်ရွှင်တဲ့ lifestyle လေးတစ်ခုကို Consistency ရှိရှိမွေးမြူနိုင်အောင် ဆောင်ရွက်အားဖြည့်ပေးနေတဲ့ health program လေး ၂ခုရှိပါတယ်

အသက် ၅၀ အောက် လူငယ်လူလတ်ပိုင်းတွေအတွက် One on One program နဲ့
အသက် ၅၀ နဲ့အထက် ဦးဦးဒေါ်ဒေါ် လူကြီးပိုင်းတွေအတွက် Guardianship program ပါ

လူငယ်လူလတ်ပိုင်းတွေ အများစုစိတ်ဝင်စားကြတဲ့ One on One program လေးမှာဆိုရင် လက်ရှိခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ယုံကြည်မှုလျော့နေတဲ့သူတွေအတွက် မှန်ကန်တဲ့ Healthy lifestyle ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet plan နဲ့ ပေါ့ပေါ့ပါးပါး workout လေးတွေကို နေ့စဉ်နေ့တိုင်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း အချိန်တစ်ခုရောက်တဲ့အခါ ကျန်းမာလှပတဲ့ အိပ်မက်ထဲက Body goals လေးတွေရရှိမှာဖြစ်ပါတယ်။

နောက်ပြီး အသက် ၅၀ စက်ဝန်းထဲရောက်လာလို့တစ်ခုမဟုတ်ကြုံရတတ်တဲ့ သက်ကြီးပိုင်းရောဂါတွေ… သွေးတိုး၊ဆီးချို၊အဝလွန်၊လေးဖက်နာ အစရှိတာတွေကြောင့် ကိုယ့်မိသားစုအသိုင်းအဝိုင်းထဲက လူကြီးတွေရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်နေရတယ်ဆိုရင်လည်း စကြည့်ရဲ့ Guardianship program လေးရှိနေပါတယ်။

ဒီ Program လေးမှာဆိုရင် လူကြီးတွေအနေနဲ့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေရှိရင်လည်း သက်သာအောင် ၊ မလိုလားအပ်တဲ့ ထပ်တိုးရောဂါတွေလည်း မရှိလာရစေအောင် နေ့စဉ်နေ့တိုင်း ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ Specific Individualized Plan တွေနဲ့အတူ အနီးကပ်ကြပ်မတ်ပြီး ဂရုစိုက်စောင့်ရှောက်ပေးမှာဖြစ်ပါတယ်။

Program ၂ခုလုံးမှာ အထူးကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ Health consultant တွေနဲ့အတူ client တစ်ယောက်ချင်းစီအတွက် နွေးထွေးပျူငှါတဲ့ communication coordinator လေးတွေကပါ နေ့စဉ်နေ့တိုင်းအဖော်ပြုအကြံပေးနေမှာဖြစ်လို့ စကြည့်ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့ ပြောပါရစေနော်🥰

📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

🏠 သင့်ကိုယ်ပိုင်အိမ်လေးဖြစ်တဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့မမေ့ပါနဲ့လောကကြီးမှာ မွေးဖွားလာပြီးတည်းက ဘယ်အိမ်မှာမှ အခ...
10/12/2025

🏠 သင့်ကိုယ်ပိုင်အိမ်လေးဖြစ်တဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့မမေ့ပါနဲ့

လောကကြီးမှာ မွေးဖွားလာပြီးတည်းက ဘယ်အိမ်မှာမှ အခြေချပြီး မနေသေးခင် သင့်ရဲ့ခန္ဓာကိုယ်ဟာ သင်ပိုင်ပြီးသား အိမ်လေး တစ်လုံးဖြစ်ပါတယ်။ သင်နောက်ဆုံးအချိန်ထိအတူနေသွားရမယ့်အိမ်လေးတစ်လုံးဆ်ိုလည်း မမှားပါဘူး။

⏰ အချိန်တိုင်း စက္ကန့်မလတ် နေ့နေ့ ညညအတူရှိနေတဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို အချိန်တစ်ခုပေးပြီး သေချာဂရုစိုက်သင့်တာတော့အမှန်ပါပဲ။

✍🏻သင်နေတဲ့ အိမ်မှာ ရှုပ်ပွလာရင် သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရသလို သင့်ရဲ့ခန္ဓာကိုယ်ဟာလည်း ပင်ပန်းလာတဲ့အခါ အနားယူဖို့လိုအပ်ပါတယ်

✍🏻သင့်ရဲ့ အိမ်ဟာ လေဝင်လေထွက်ကောင်းပြီးနေရောင်ခြည်အလင်းရောင်ရဖို့ အရေးကြီးသလို သင့်ရဲ့ခန္ဓာကိုယ်ကလည်း ဂရုစိုက်ကြင်နာမှု နဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊အာဟာရဖြည့်တင်းမှုတွေလိုအပ်ပါတယ်

✍🏻မထိန်းသိမ်းမစောင့်ရှောက်ပဲ ပစ်ထားတဲ့ အိမ်ဟာ ပျက်စီးယိုယွင်းလာတတ်သလို နေ့စဉ်နေထိုင်စားသောက်မှုတွေဟာ နည်းစနစ်မကျပဲ မှားယွင်းတဲ့အချိန်ကြာလာရင် Break down ဖြစ်လာမှာ အသေအချာပါပဲ

အခိုင်အခံ့ဆုံးပါဆိုတဲ့ တိုက်တွေ၊အိမ်တွေတောင် မတော်တဆ အမှားတစ်ခုခုကြောင့် ပျက်စီးယိုယွင်းတတ်သလို နေ့စဉ်စက္ကန့်မလတ် သင့်ရဲ့စိတ်နဲ့အတူ အလုပ်လုပ်နေရတဲ့ ခန္ဓာကိုယ်ကိုလည်း မနားမနေ run ခိုင်းမိရင် ပင်ပန်းအားနည်းလာနိုင်တာ သဘာဝပါ။

ဒါကြောင့် … တစ်နေ့တာမှာ လုပ်စရာရှိတာတွေလည်းလုပ် ၊ သင့်ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်းကနေ ဂရုစိုက်စောင့်ရှောက်ရပါမယ်နော်

✅ အာဟာရဖြစ်ပြီး ကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်ပါ
✅ လိုအပ်ရင် လိုအပ်သလို အနားကောင်းကောင်းယူပါ
✅ ခန္ဓာကိုယ်အလေးချိန်ကို target လေးတစ်ခုထားပြီး သေချာထိန်းသိမ်းပါ
✅ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးပါ
✅ စိတ်ပင်ပန်းနွမ်းနယ်စေမယ့် ကိစ္စတွေကို တတ်နိုင်သလောက်ရှောင်ပြီး စိတ်ပျော်ရွှင်အောင်ထားပါ

သင့်ခန္ဓာကိုယ်ဟာ စက်ယန္တရားတစ်ခုမဟုတ်တဲ့အတွက် အခုချိန်ကစပြီး ကျန်ရှိနေတဲ့ဘဝသက်တမ်းမှာ တက်ကြွတဲ့ energy တွေ ၊ ဂရုစိုက်ကြင်နာမှုတွေ ၊ ကျန်းမာသန်စွမ်းစေမယ့် ခွန်အားတွေနဲ့ တည်ဆောက်ထားတဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးကို လူတိုင်းလူတိုင်းပိုင်ဆိုင်နိုင်ကြစေဖို့ စကြည့်က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် 🥰

📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

♻️ကျန်းမာနေတဲ့အတွက် အသက်ရှင်နေတာဖြစ်သလို အသက်ရှင်နိုင်ဖို့အတွက် Wellness ရှိခြင်းက ခွန်အားတွေပေးပါလိမ့်မယ်💪🏻☘️WELLNESS :...
07/12/2025

♻️ကျန်းမာနေတဲ့အတွက် အသက်ရှင်နေတာဖြစ်သလို အသက်ရှင်နိုင်ဖို့အတွက် Wellness ရှိခြင်းက ခွန်အားတွေပေးပါလိမ့်မယ်💪🏻

☘️WELLNESS : The state of being healthy in both body & mind🩵

Wellness ဆိုတဲ့စကားလုံးလေးကြားလိုက်ရင် ပြေးမြင်ယောင်သင့်တာက ခန္ဓာကိုယ်ကျန်းမာနေရုံ သီးသန့်မဟုတ်ပဲ တက်ကြွလန်းဆန်းပြီး စိတ်ပျော်ရွှင်မှုရရှိခြင်းဖြစ်ပါတယ်။
တစ်နည်းအားဖြင့် Wellness is all about energy, balance and peace.☘️

Wellness တစ်ခု ရှိတယ်ဆိုတာ ကိုယ့်ကိုကိုယ် အရာရာမှာ တစ်ခြားသူနဲ့ လိုက်နှိုင်းယှဉ်နေတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်ပျော်ရွှင်မှု နဲ့ emotions တွေကို ဘယ်လောက်အလေးထားပြီး support လုပ်ပေးဖြစ်နေလဲဆိုတဲ့အပေါ်အဓိကမူတည်ပါတယ်။

တကယ်တမ်းစဉ်းစားကြည့်လိုက်ရင် Health နဲ့ Wellness ဆိုတာ သင့်ရဲ့ life step တိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေအဖြစ် အတူတကွ အမြဲယှဉ်တွဲနေတာဖြစ်ပါတယ်၊
☘️ဥပမာပြောရရင် ကျန်းမာရေးဆိုတာ သင့်နှလုံးလို့မှတ်ယူလိုက်မယ်ဆိုပါစို့ ၊ wellness ဆိုတာ မှန်ကန်တိကျတဲ့ သင့်ရဲ့နှလုံးခုန်သံလိုမျိုး အရေးပါပါတယ်☘️

စိတ်ပင်ပန်း ထိခိုက်ပြီး motive တွေကျဆင်းနေခဲ့ရင်…
Productivity တွေမရှိတော့ရင်…
Life goals တွေအတွက်ခွန်အားတွေယုတ်လျော့နေခဲ့ရင်….
နေ့စဉ်ဘဝမှာ ဘယ်အရာကိုမှ စိတ်အားထက်သန်မှုမရှိတော့ရင်…. အချိန်တစ်ခုရောက်တဲ့အခါ ကိုယ်ခန္ဓာကျန်းမာရေးကိုပါ တစ်စတစ်စနဲ့ ထိခိုက်လာမှာဖြစ်ပါတယ်

ဒီနှစ်ခုဟာ အပြန်အလှန်မှီခိုရင်း အရေးပါတဲ့အတွက် ကိုယ့်ကိုကိုယ် တကယ်ချစ်မြတ်နိုးတယ်ဆိုရင် အခန်းကဏ္ဍနှစ်ခုစလုံးမှာ အားမနည်းရလေအောင် လိုအပ်ချက်တွေ၊မှားယွင်းနေတဲ့ဘဝနေထိုင်နည်းတွေကို ဖြည့်စွက်ပြုပြင်ပြောင်းလဲရင်း ကောင်းမွန်တောက်ပတဲ့ Lifestyle လေးတစ်ခုကိုမွေးမြူသင့်ပါတယ်🥰

စကြည့်ရဲ့ One on One program 🩵မှာဆိုရင် ခန္ဓာကိုယ်ကျန်းမာလှပနေအောင် Physical wellness , Nutritional wellness တွေသာမက Mental & Emotional wellness ပါတစ်ခါတည်းပိုင်ဆိုင်နိုင်အောင်

✅Stress management
✅Emotional balance
✅Mindfulness session တွေလည်းပါဝင်တာဖြစ်တဲ့အတွက် ဒီ program လေးကို join လိုက်ပြီဆိုတာနဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ နည်းလမ်းမှန်မှန်နဲ့ healthy habits တွေကိုကျင့်သုံးလာနိုင်မယ့်အပြင် energy အပြည့် positivity အပြည့်နဲ့ နေ့စဉ်ဘဝကို ကျော်လွှားဖြတ်သန်းနိုင်သွားမှာဖြစ်ပါတယ်🥰

ကိုယ်ကျန်းမာမှ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်၊
ကိုယ်ပျော်ရွှင်မှ ကိုယ့်ဘေးနားက ချစ်ခင်ရတဲ့သူတွေကိုလည်း ပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။

📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

နေ့စဉ်ကြိုးစားလည်ပတ်နေရတဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို ငှဲ့ညှာပါ၊ကြင်နာပါ 🫂🩵☀️ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ တစ်နေက...
02/12/2025

နေ့စဉ်ကြိုးစားလည်ပတ်နေရတဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို ငှဲ့ညှာပါ၊ကြင်နာပါ 🫂🩵

☀️ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ တစ်နေကုန် ကိုယ်ရော စိတ်ပါ မနားတမ်း run ပြီး ညဘက် အိပ်ရာပေါ်ကျောခင်းဖို့အချိန်ထိ schedule အပြည့်နဲ့ ပင်ပင်ပန်းပန်းကြိုးစားရှင်သန်လည်ပတ်နေရတဲ့သူတွေအဖို့ ၂၄ နာရီလုံးမှာ မိနစ်ပိုင်းဖြစ်ဖြစ်၊နာရီပိုင်းဖြစ်ဖြစ် ခဏတဖြုတ်လောက် အနားသေချာယူဖြစ်ရဲ့လားဆိုတာ ကိုယ့်ကိုကိုယ်စဉ်းစားကြည့်ပါ

လူ့လောကထဲ ရောက်လာချိန်က စလို့ သင့်ရဲ့ခန္ဓာကိုယ်ဟာ သင်နဲ့အတူ ကျန်းမာချိန်၊နာမကျန်းဖြစ်ချိန်၊အောင်မြင်ချိန်၊ကျရှုံးချိန် စက္ကန့်မလတ် အချိန်တိုင်းမှာ ကြံ့ကြံ့ခံရင်း တောက်လျှောက်အတူတည်ရှိလာတဲ့ အိမ်လေးတစ်လုံးဆိုရင်တောင် မမှားပါဘူး

🏡အိမ်တစ်လုံးမှာနေထိုင်ပြီဆိုတာနဲ့ သန့်ရှင်းသပ်ရပ်အောင် ၊ ရည်ရှည်တည်တံ့ခိုင်မြဲအောင် အဘက်ဘက်ကနေ ပြုပြင်ပြောင်းလဲပြီး အစစအရာရာထိန်းသိမ်းရသလိုပဲ …. သင့်ခန္ဓာကိုယ်ကိုလည်း ကျန်းမာလန်းဆန်းသစ်လွင်နေအောင် အစဉ်အမြဲ ဂရုစိုက်နေထိုင်သင့်တာအမှန်ပါ

😥ပင်ပန်းတဲ့အချိန်တွေမှာ ကုန်ခမ်းခါစပြုနေတဲ့ energy တွေကို အတင်းစိုက်ထုတ်ပြီး ကိုယ့်ကိုကိုယ့် ဆက်တွန်းအားပေးနေမယ့်အစား အချိန်ခဏလေးပေးပြီး သေချာအနားယူကြည့်ပါ။

🧐အလုပ်ရှုပ်လွန်းလို့ဆိုပြီး အဆင်ပြေသလို စားသောက်မယ့်အစား တစ်နေ့တာမှာ မနက်စာ၊နေ့လည်စာ၊ညစာကို အာဟာရမျှမျှတတနဲ့ ကျန်းမာပြီး အားဖြစ်စေမယ့်အစားအသောက်တွေကို သေချာရွေးချယ်ကြည့်ပါ။

🏃ပင်ပန်းလို့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲပြီး ခြေတစ်လှမ်းတောင်မရွေ့ချင်တဲ့အချိန်တွေမှာ အိပ်ရာပေါ် တန်းပြီးလှဲပစ်မယ့်အစား break လေးခဏယူပြီးတာနဲ့ အညောင်းအညာပြေအောင် ၊ သွေးလည်ပတ်မှုကောင်းအောင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းလေးတွေမှန်မှန်လုပ်ကြည့်ပါ။

အသက်အရွယ်အလိုက်၊ ခန္ဓာကိုယ်အတွက် အခြေအနေအရ လိုအပ်ရင်လိုအပ်သလို vitamin တွေ supplements တွေကို မှီဝဲကြည့်ပါ၊ regular medical checkup တွေပုံမှန်လုပ်ဖို့လည်း မမေ့ပါနဲ့နော်🩵။

ကိုယ့်ဘဝမှာ ကိုယ့်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို first priority ထားဖို့လိုပါတယ် ၊ ကိုယ့်ရဲ့ အရာရာကို ဦးစားပေးလုပ်ဆောင်ပြီးမှ နောက်ထပ်တိုး အခန်းကဏ္ဍတွေကို အချိန်ပေးရင်းနှီးမြှုပ်နှံဖို့ စကြည့်က အကြံပေးပါရစေနော်

🩵စကြည့် ရဲ့One on One program မှာဆိုရင် Health & Wellness ကို လူတိုင်းပိုင်ဆိုင်နိုင်စေဖို့ ဦးတည်ရင်း ….

တစ်နေ့တာအိပ်ချိန်မှန်စေဖို့✅
ကျန်းမာတဲ့အစားအသောက်တွေ ရွေးချယ်တတ်ဖို့✅
သင့်တော်တဲ့ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းရင်း ကျန်းမာလန်းဆန်းတက်ကြွနေစေဖို့ workout plan တွေ နဲ့အတူ ✅
သွက်လက်ပေါ့ပါး ကျန်းမာတဲ့ Daily routine လေးတစ်ခုပိုင်ဆိုင်နိုင်ဖို့✅

လူတစ်ယောက်ချင်းစီတိုင်းရဲ့ lifestyle ပေါ်မူတည်ပြီး အသေးစိတ် individualized ဖြစ်တဲ့ Workout plan ၊ Diet plan တွေအပြင် Detoxing mind ရလာဖို့အထိ wellness program လေးတွေပါ ပါဝင်တာမို့ တစ်နေ့တာ schedule က ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ …. အချိန်တစ်ခုယူပြီး ဖြည်းဖြည်းမှန်မှန်နဲ့ effective ဖြစ်လာတဲ့အထိပြုပြင်ပြောင်းလဲနိုင်အောင် Sa Kyi ရဲ့ သက်ဆိုင်ရာ Team တွေနဲ့အတူ ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာဝန်တွေကိုယ်တိုင် ဆွေးနွေးအကြံပြုရင်းကူညီလက်တွဲခေါ်ပေးတာမို့ စိတ်ချလက်ချ ပါဝင်နိုင်ပါတယ်ရှင်

📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

👋🏻 အနာဂတ်မှာစောင့်မျှော်နေတဲ့ သင်ဟာ လက်ရှိပစ္စုပ္ပန်ကသင့်ကို အမြဲကျေးဇူးတင်နေမယ့် healthy lifestyle လေးတစ်ခု စတင်မွေးမြူ...
29/11/2025

👋🏻 အနာဂတ်မှာစောင့်မျှော်နေတဲ့ သင်ဟာ လက်ရှိပစ္စုပ္ပန်ကသင့်ကို အမြဲကျေးဇူးတင်နေမယ့် healthy lifestyle လေးတစ်ခု စတင်မွေးမြူဖို့ Ready ပဲလား?

☘️တကယ် ကျန်းမာပျော်ရွှင်ချင်တယ်ဆိုရင် မနက်ဖြန်ဆိုတာထက် လက်ရှိသင့်လက်ထဲမှာရှိနေတဲ့ဒီနေ့က ပိုသေချာတာဖြစ်တဲ့အတွက် အချိန်ဆွဲမနေသင့်တာအမှန်ပါ

လက်ရှိပစ္စပ္ပုန်မှာ သင့်ရဲ့နေထိုင်စားသောက်မှု ပုံစံတွေကသာ နောင်တစ်ချိန် အနာဂတ်မှာ ပုံရိပ်ထင်လာမှာဖြစ်ပါတယ်။

ပင်ပန်းနေရင်တောင် ကျန်းမာရေးအတွက် ကြိုးစားပြီး နေ့စဉ်မပျက်မကွက်လုပ်ဆောင်ဖြစ်တဲ့ healthy habits တွေကြောင့် အသက်တွေကြီးလာတဲ့တစ်နေ့မှာ သင့်ရဲ့ကျန်းမာတဲ့ ပုံရိပ်ကို ဂုဏ်ယူပီတိဖြစ်စွာ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်🥰

✊🏻လူဆိုတာ Motivation ရှိရင် လက်တွေ့လုပ်ဆောင်ဖို့အတွက် တွန်းအားဖြစ်တဲ့အတွက်ကြောင့် စိတ်ထဲနှလုံးသွင်းထားရမယ့်အချက်တစ်ခုက “ငါဟာကျန်းမာဖို့အတွက် အခုကတည်းက ကြိုးစားပြုပြင်ပြောင်းလဲရမယ် ၊ အနာဂတ်မှာ ဒီ့ထက်ပိုပြီး ပိုကောင်းတဲ့အရာတွေကို ပိုင်ဆိုင်နိုင်အောင် အမြဲကျန်းမာပျော်ရွှင်နေရမယ်” ဆိုတာပါပဲ။

🌙 ညစဉ်ညတိုင်း အလုပ်လုပ်ရင်းဖြစ်စေ ၊ စိတ်ပျော်ရွှင်မှုနောက်ကိုလိုက်ပြီး ညဉ့်နက်ခဲ့တာတွေဖြစ်စေ ၊ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်ခဲ့တာတွေကြောင့်ဖြစ်စေ ဘာကြောင့်ပဲအိပ်ရေးပျက်ပျက် မှားယွင်းနေတဲ့ sleep pattern ကိုပြန်တည့်မတ်နိုင်ခဲ့ရင်….?

☀️ မနက်ခင်းအိပ်ရာနိုးတိုင်းမှာ Morning exercise မှန်မှန်လုပ်ဖို့ မမေ့လျော့ခဲ့ရင်….?

🍽️ အစားအသောက်တွေကို မှန်ကန်စွာရွေးချယ်နိုင်ပြီး healthy diet တစ်ခုကို အစားထိုးနိုင်ခဲ့ရင် ….?

😥 စိတ်ဖိစီးစေတဲ့ အရာတွေကို တတ်နိုင်သလောက်လျှော့ချပြီး wellness ရယူရင်း တစ်နေ့တာကို စိတ်အေးချမ်းပျော်ရွှင်စွာ နေထိုင်ဖြစ်ခဲ့ရင် ….?

နေ့စဉ်နေထိုင်စားသောက်တဲ့ routine အဆင့်ဆင့်တိုင်းမှာ စည်းကမ်းရှိရှိ Boundary လေးတွေထားနိုင်ခဲ့ရင်….?

♻️ဒီအလေ့အကျင့်တွေ အားလုံးရဲ့နောက်မှာ ကျန်းမာပျော်ရွှင်ခြင်းဆိုတဲ့ ပန်းတိုင်က အနာဂတ်မှာ သင့်ကိုကျေးဇူးတင်ရင်း စောင့်မျှော်နေမှာ အမှန်ပါပဲ🥰

လွယ်ကူရိုးရှင်းတဲ့ healthy habit လေးတွေကို စုပေါင်းတည်ဆောက်ပြီးတဲ့အခါ healthy lifestyle က သင့်ဘဝထဲကို အလိုအလျောက် ဝင်ရောက်လာမှာဖြစ်တဲ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ဘဝသက်တမ်းတစ်လျှောက် အစဉ်အမြဲ ကျန်းမာပျော်ရွှင်နေဖို့ စကြည့် Team က နွေးထွေးစွာ ဆုတောင်းပေးလိုက်ပါတယ်ရှင်🥰

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

☘️လွှတ်ချစရာရှိတာတွေက်ိုစိတ်သန့်သန့်နဲ့ လွှတ်ချပြီး ထွေးပွေ့စရာရှိတာတွေကို တန်ဖိုးထားပြီး ထွေးပွေ့ပါ။☘️တစ်ခါတလေ ဘဝမှာလူအ...
25/11/2025

☘️လွှတ်ချစရာရှိတာတွေက်ိုစိတ်သန့်သန့်နဲ့ လွှတ်ချပြီး ထွေးပွေ့စရာရှိတာတွေကို တန်ဖိုးထားပြီး ထွေးပွေ့ပါ။☘️

တစ်ခါတလေ ဘဝမှာလူအများစုဟာ ကိုယ်အတွက်မဟုတ်တဲ့အရာတွေကိုသိပေမယ့်လည်း energy တွေ အကုန်ခံ effort တွေ စိုက်ထုတ်ပြီး အချိန်အကုန်ခံခဲ့တာမျိုး ရှိဖူးကြမှာပါ။

ကိုယ်ကျန်းမာဖို့၊ပျော်ရွှင်ဖို့အတွက်ဆိုတာထက် နေ့စဉ်တာဝန် ဝတ္တရားတွေနောက်လိုက်ရင်း ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်သက်တမ်းတွေမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့လျော့နေခဲ့ကြပါတယ်။

မသိမသာလျစ်လျူရှုခဲ့တဲ့စိတ်ဖိစီးမှုတွေ၊ အိပ်ရေးပျက်ခံခဲ့တဲ့ညတွေ၊ ကိုယ့်ကိုယ်ကို မညှာပဲ အလုပ်တွေအများကြီး ခိုင်းခဲ့မိတာတွေ… စတာတွေက သင့်ကို အချိန်တစ်ခုထိ ပင်ပန်းအောင် လုပ်ခဲ့ပြီးပြီဆိုရင် စွန့်လွှတ်ဖို့ အချ်ိန်တန်ပါပြီ….။

ကိုယ်ကျန်းမာပြီးပျော်ရွှင်စေတဲ့ အလေ့အကျင့်ကောင်းတွေက်ို ဘဝထဲမှာ အခုချိန်ကစပြီး ထွေးပွေ့ မွေးမြူသင့်ပါတယ်၊ ငယ်တုန်းရွယ်တုန်း တက်တက်ကြွကြွရှိတဲ့အချိန််မှာ ရောဂါမဖြစ်ဘူးဆိုတိုင်း အမှန်တကယ်ကျန်းမာနေရဲ့လားဆိုတာလည်း ဆန်းစစ်နိုင်ဖို့လည်းလိုပါတယ်။

သင့်ရဲ့ ….
✅Own energy,
✅Sleep quality,
✅Stress level,
✅Immunity ,
✅Happiness နဲ့
✅Daily routine တွေကို Step by Step ပြုပြင်ပြောင်းလဲရင်း Healthy lifestyle တစ်ခုကိုပိုင်ဆိုင်နိုင်အောင် ကြိုးစားရပါမယ်။

ဒီလို Healthy lifestyle လေးတစ်ခု မွေးမြူထားမယ်ဆိုရင် “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ” ဆိုပြီး နောင်တစ်ချိန်မှာ ကိုယ့်ကိုကိုယ် ဂုဏ်ယူနိုင်တဲ့အခိုက်အတန့်လေးတွေလည်းပိုင်ဆိုင်နိုင်မှာပါ။

Your mood will change ✅
Your confidence will lift✅
Your health will reset ✅
Your relationships will soften✅
Your mind will become lighter✅
Your spirit will feel connected again✅

ဒါဖြင့် … ဘဝသက်တမ်းရဲ့ တစ်ဝက်ကိုကျော်ဖြတ်ပြီး အချိန်တွေကုန်လွန်ပြီးတဲ့နောက် အသက် ၅၀ ဆိုတဲ့အရွယ်ကိုရောက်လာတဲ့အချိန်မှာလည်းမိသားစုအသိုင်းအဝိုင်းတွေဆီက ဂရုစိုက်နွေးထွေးမှုနဲ့အတူ သက်ရှည်ကျန်းမာဖို့ စကြည့်မှာ သက်ကြီးပိုင်းတွေအတွက် သီးသန့်ဆောင်ရွက်ပေးနေတဲ့ Program လေးလည်းရှိပါသေးတယ်ရှင်

ကျန်ရှိနေတဲ့ lifetime တစ်လျှောက်လုံး ပေါ့ပါးသွက်လက်ကျန်းမာစွာနေထိုင်နိုင်ဖို့ Sa Kyi ရဲ့ program လေးတွေနဲ့အခုပဲလက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။🙏🏻

📍Guardianship Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…
https://www.facebook.com/share/p/19ZQpU5ef6/?mibextid=wwXIfr

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

Healthy Habits တွေကိုသင်ရွေးချယ်ခဲ့လို့ Healthy lifestyle က သင့်ကိုပြန်ရွေးချယ်ခဲ့တာဖြစ်ပါတယ်☘️ ‼️လူအများစုရဲ့အားနည်းချက...
22/11/2025

Healthy Habits တွေကိုသင်ရွေးချယ်ခဲ့လို့ Healthy lifestyle က သင့်ကိုပြန်ရွေးချယ်ခဲ့တာဖြစ်ပါတယ်☘️

‼️လူအများစုရဲ့အားနည်းချက်က ကိုယ်နေ့စဉ်ကျင့်သုံးနေထိုင်မိနေတဲ့ အလေ့အကျင့်တွေက သင့်တော်မတော်၊ကျန်းမာရေးနဲ့ညီမညီ သတိမထားမိတတ်ကြတာပါပဲ၊ယေဘုယျအားဖြင့်လူအယောက် ၁၀၀မှာ ထက်ဝက်ကျော်လောက်က နေ့စဉ်ဘဝမှာ healthy habits တွေကို မမွေးမြူနိုင်သေးဘူးဆိုတာကိုရော လက်ခံပါသလား?

လွဲမှားနေတဲ့ Lifestyle တစ်ခုမှာ အနေကြာလာပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်က အချက်တွေပြရင်း ပြုပြင်ပြောင်းလဲဖို့ အသိစိတ်တံခါးလေးကို တိုးတိုးလေးလာခေါက်ပါလိမ့်မယ်… ✊

အချိန်တစ်ခုအထိ ပုံစံခွက်တစ်ခုထဲနေလာတာကြာပြီးတဲ့နောက် ရုတ်တရက်ဆိုသလို နေထိုင်စားသောက်ပုံတွေကိုပြောင်းလဲရတာခက်ခဲကောင်းခက်ခဲပါလိမ့်မယ် ….. အိပ်ရာဝင်ချိန် မမှန်ခဲ့တဲ့သူအနေနဲ့ Healthy habit တစ်ခုစတင်မွေးမြူတဲ့အခါ အချိန်မှန်အိပ်ရာဝင်ဖို့ ၊ အိပ်ပျော်ဖို့ ကြိုးစားကောင်းကြိုးစားရပါလိမ့်မယ် ၊ စိတ်အလိုလိုက်ပြီး စားသောက်ခဲ့တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေကို ရှောင်ကြဉ်ပြီး Healthy Diet Plate တစ်ခုကို အစားထိုးစားသောက်ရတဲ့အခါ ငြီးငြူဖြစ်တာမျိုးရှိကောင်းရှိပါလိမ့်မယ် …. ၊ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲလို့ အိပ်ရာထဲပဲ တန်းပြီး ပစ်လှဲချင်စိတ်တွေကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်အညောင်းညာပြေအောင် ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် Daily exercise တွေကို မှန်မှန်လုပ်ဖို့ ပျင်းရိမိတဲ့အချိန်မျိုးလည်းရှိကောင်းရှိနိုင်ပါတယ် ..။

ဒါပေမယ့် ဒါတွေအားလုံးက အချိန်ခဏတာပါပဲ… ကျင့်သားရလာတာနဲ့တစ်ပြိုင်နက် Healthy daily routine တစ်ခုကြောင့် လူရော စိတ်ပါ တက်ကြွလန်းဆန်းပြီး သိသိသာသာတိုးတက် ကျန်းမာလာတာကို သင်ကိုယ်တိုင်ပဲ သတိထားမိလာမှာပါ။

Outcomes တွေကို မြင်လာရင် ၊ တိုးတက်ပြောင်းလဲမှုတွေကို ခံစားမိလာရင် Efforts ထုတ်ခဲ့တာတွေအတွက် ဂုဏ်ယူပီတိဖြစ်နေရမှာ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်

One Small Habit - One Small Promise to yourself - A big change of your lifestyle 🩵

ဒီလို Healthy Habits တွေကို သင့်ဘဝထဲ မှန်ကန်ထိရောက်စွာ ဆွဲခေါ်နိုင်ဖို့ဆိုရင် နည်းစနစ်ကျစွာ လမ်းညွှန်ပြုပြင်ပြောင်းလဲပေးနေတဲ့ Sa Kyi Team ရဲ့ One on One program လေးကိုလည်း တီးခေါက်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေနော်🥰

🍀One on One program လေးဟာ Body transformation program တစ်မျိုးဖြစ်ပြီး သင့်အနေနဲ့ လိုအပ်တဲ့အချိန်တစ်ခုပေးရုံနဲ့ 🌿New healthy lifestyle လေးတစ်ခုကို သင့်ဆီလက်ဆောင်အဖြစ်ယူလာပေးမှာပါရှင်

🩵ဒီ program လေးမှာ….

မှန်ကန်တဲ့ 📌Lifestyle & Daily routine တွေ၊လိုအပ်နေတဲ့ 📌Diet plan & Workout plan တွေကို ကျန်းမာရေးနဲ့အညီလက်တွေ့လုပ်ဆောင်နိုင်အောင် 🩺ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာဝန်တွေ၊ ✅health consultant တွေ၊ ✅ နေ့စဉ်အနီးကပ်ဂရုစိုက်ပေးမယ့် online client communication coordinator လေးနဲ့အတူ 🩵သက်ဆိုင်ရာ team member တွေအားလုံးက နွေးထွေးစွာကူညီလမ်းညွှန်ပေးမှာပါရှင် 🌿

💪🏻ရေရှည်ကျန်းမာလှပပျော်ရွှင်ဖို့ဆိုရင် Program ကာလတစ်လျှောက်လုံးမှာ စိတ်ရှည်ပြီးယုံယုံကြည်ကြည်နဲ့ instructions တွေအားလုံးကိုလုပ်ဆောင်ဖို့သာလိုအပ်ပါတယ်🥰တဖြည်းဖြည်းပြောင်းလဲတိုးတက်လာတဲ့ result တွေကိုသတိထားမိလာတဲ့အခါ ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့ ခွန်အားဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်ရှင်😍

သင်ရွေးချယ်ခဲ့တဲ့အရာတွေကပဲ သင့်ဘဝကို ပြန်ပုံဖော်ပေးသွားမှာဖြစ်တဲ့အတွက် လူတိုင်းလူတိုင်း အမှန်ကန်ဆုံးရွေးချယ်မှုတွေနဲ့အတူ အကျန်းမာဆုံးဖြစ်ကြပါစေလို့လည်း စကြည့် team မှ ဆုတောင်းပေးလိုက်ပါတယ်နော် 🩵

📍One on One Program အကြောင်း အသေးစိတ်ကို ဒီ Link လေးမှာ ဝင်ကြည့်ပေးပါရှင်…

https://www.facebook.com/share/p/19CRjqUuCw/?mibextid=wwXIfr

𝐦.𝐦𝐞/𝐬𝐚𝐤𝐲𝐢𝐡𝐞𝐚𝐥𝐭𝐡𝐚𝐧𝐝𝐰𝐞𝐥𝐥𝐧𝐞𝐬𝐬


#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

လွန်ခဲ့တဲ့ ၂နှစ်ခန့်က ကိုယ့်မိသားစုဝင်တွေနဲ့ ချစ်ရတဲ့သူတွေကို ကျန်းမာရေးကောင်းမွန်စေချင်တဲ့ မှန်ကန်တဲ့ lifestyle တစ်ခုတည...
10/11/2025

လွန်ခဲ့တဲ့ ၂နှစ်ခန့်က ကိုယ့်မိသားစုဝင်တွေနဲ့ ချစ်ရတဲ့သူတွေကို ကျန်းမာရေးကောင်းမွန်စေချင်တဲ့ မှန်ကန်တဲ့ lifestyle တစ်ခုတည်ဆောက်နိုင်ဖို့အတွက် အကူညီပေးမယ်ဆိုတဲ့ အိမ်မက်လေးနဲ့ “စကြည့်”ကို စတင်ခဲ့ပါတယ်…

ဒီနေ့မှာတော့ “စကြည့်”က ပြည်တွင်းရော ပြည်ပမှာ ရှိတဲ့ Clients ပေါင်းများစွာကို lifestyle transformation လုပ်ပေးနိုင်ခဲ့ပါပီ…

Client တစ်ယောက်ချင်းဆီတိုင်းရဲ့အောင်မြင်မှု story တစ်ခုချင်းဆီတိုင်းက ကျွန်မတို့ “စကြည့်” အတွက် အားဖြစ်စေခဲ့ပါတယ်…

“စကြည့်” ကို ခုချိန်ထိ support ပေးတဲ့ client တစ်ယောက်ချင်းဆီကို ကျွန်မတို့ “စကြည့်” မိသားစုဝင်များက ကျေးဇူးအများကြီးတင်ပါတယ်…🩵

#ပျော်ရွှင်ကျန်းမာစကြည့်ပါ

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)🌕ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာအခါသမယမှာ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပြီး ...
04/11/2025

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)🌕

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာအခါသမယမှာ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပြီး လိုရာဆန္ဒပြည့်စုံပါစေကြောင်း Sa Kyi Team 🩵 မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🩵

#တန်ဆောင်မုန်းလပြည့်ဆုတောင်း

Address

Naypyidaw

Telephone

+959250357339

Website

Alerts

Be the first to know and let us send you an email when Sa Kyi Health & Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sa Kyi Health & Wellness:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram