Mascots Laboratory Referral Centre

Mascots Laboratory Referral Centre Mascots Laboratory Referral Centre

Centre of Excellence providing one stop service to Myanmar patients

Medical Referral
- Asking second opinion from the specialists at National University Hospital, Tan Tock Seng Hospital & Mount Alvernia Hospital
- Arrangement of outpatient appointments with specialists , health screening appointment , direct admission
- Travel related services ( Visa application, Flight reservation and confirmation, Accommodation)
- Billing and Financial information
- Arrangement of Medical Assistance during treatment at hospital
- Any other services upon request

Laboratory Referral
- Sending Blood samples and Biopsies to Singapore from Monday to Thursday
- Daily Sample collection

Academic Purpose
- Clinical updates by Singapore Doctors
- Clinical Fellowship Program

🌏🎗️World Cancer Day (4 February)🎗️🌏      ယနေ့ကျရောက်တဲ့ “ကမ္ဘာ့ကင်ဆာရောဂါနေ့”မှာ ကင်ဆာရောဂါကို သတ္တိရှိစွာ မလျှော့သောဇွဲ...
04/02/2026

🌏🎗️World Cancer Day (4 February)🎗️🌏
ယနေ့ကျရောက်တဲ့ “ကမ္ဘာ့ကင်ဆာရောဂါနေ့”မှာ ကင်ဆာရောဂါကို သတ္တိရှိစွာ မလျှော့သောဇွဲဖြင့် ရင်ဆိုင်ကျော်လွှားနေ/ခဲ့ကြတဲ့ ကင်ဆာဝေဒနာရှင်များအားလုံးကို ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ အားပေးဂုဏ်ယူကြောင်း ပြောချင်ပါတယ်။
နှစ်စဉ် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာဟာ ကင်ဆာရောဂါကို ခံစားနေရပြီး မိမိတွင်ကင်ဆာဖြစ်ပွါးနေသည်ကို အချိန်နောက်ကျမှ သိရှိနေရခြင်းများ ကြုံတွေ့နေရပါတယ်။ ကင်ဆာရောဂါဖြစ်ပွါးနေမှုကို စောစီးစွာ ရှာဖွေသိရှိခြင်းဟာ ကင်ဆာရောဂါကုသမှုအတွက် အလွန်အရေးကြီးပါတယ်။
ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေသိရှိခြင်းကြောင့် ထိရောက်သော ကုသမှုများ အချိန်မီပြုလုပ်နိုင်ခြင်း၊ ရောဂါပျောက်ကင်းနိုင်မှု ရာခိုင်နှုန်းမြင့်မားခြင်း၊ ကင်ဆာအဆင့်နိမ့်သဖြင့် ရိုးရှင်းသော ကုသမှုများကို ပြုလုပ်နိုင်ကာ ကုန်ကျစရိတ်သက်သာခြင်း၊ ကင်ဆာ၏နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးမှု လျော့နည်းခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
ကင်ဆာရောဂါဖြစ်ပွါးခြင်းနှင့် ပတ်သက်သော ဗဟုသုတများကို သိရှိခြင်း၊ ရောဂါရှာဖွေစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်း၊ စောစီးစွာ ကင်ဆာရောဂါကို ရှာဖွေသိရှိပြီး တိကျမှန်ကန်သော ကင်ဆာကုထုံးများဖြင့် ကုသပျောက်ကင်းနိုင်ခြင်း၊ ကင်ဆာဝေဒနာရှင်များ လျှောက်လမ်းနေရသော ကင်ဆာကုသမှုစဉ်တွင် ကြုံတွေ့ရနိုင်သော အခက်အခဲများကို သိရှိနားလည်ထားကာ အားပေးကူညီခြင်းဖြင့် ကင်ဆာရောဂါကို အတူတကွ ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။
ကင်ဆာရောဂါကို စောစီးစွာ သိရှိနိုင်ရန် ကြိုတင်စစ်ဆေးမှုများနှင့် တိကျမှန်ကန်သော အဖြေများ ရရှိနိုင်သည့် သွေးနှင့်အသားစ စစ်ဆေးခြင်းများကို Mascots Laboratory Referral Centre မှ နွေးထွေးစွာဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄



🤔Liquid Biopsyစစ်ဆေးမှုက ပုံရိပ်ဖော်နည်းပညာတွေထက် Minimal Residual Disease (MRD)ကို ဘာကြောင့် ပိုမိုစောစီးစွာ သိရှိနိုင်...
31/01/2026

🤔Liquid Biopsyစစ်ဆေးမှုက ပုံရိပ်ဖော်နည်းပညာတွေထက် Minimal Residual Disease (MRD)ကို ဘာကြောင့် ပိုမိုစောစီးစွာ သိရှိနိုင်တာလဲ🤔
ကင်ဆာကုသမှုမှာ အခက်ခဲဆုံးအချက်တွေထဲက တစ်ခုက ကင်ဆာကုသမှုပြီးနောက် ကင်ဆာပြန်လည်ဖြစ်ပွါးလာတာကို ပုံရိပ်ဖော်နည်းပညာတွေလို ပုံမှန်စစ်ဆေးစမ်းသပ်မှုတွေမှာ မတွေ့နိုင်ခင် စောစီးစွာ သိရှိနိုင်ဖို့ပါ။ Precision oncology တိုးတက်လာတာနဲ့အမျှ Liquid Biopsyစစ်ဆေးခြင်းဟာ ကင်ဆာရောဂါကို စောင့်ကြည့်တဲ့ နည်းလမ်းတွေအတွက် ကောင်းမွန်တဲ့ စစ်ဆေးမှုတစ်ခု ဖြစ်လာပါတယ်။
CT၊ MRI၊ PET scan တို့လို ပုံရိပ်ဖော်စစ်ဆေးမှုတွေက မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အကျိတ်အရွယ်အစား ရှိမှသာ တွေ့နိုင်ပေမယ့် Liquid Biopsy ကတော့ သွေးထဲမှာ လည်ပတ်နေတဲ့ circulating tumor DNA (ctDNA)တွေကို စမ်းသပ်စစ်ဆေးတာကြောင့် ကင်ဆာပြန်လည်ဖြစ်ပွါးလာတာကို စောစီးစွာ သိရှိနိုင်ပါတယ်။ ဒီctDNAဆိုတာက အနည်းငယ်ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကနေ သွေးထဲကို ထုတ်လွှတ်နေတဲ့ အလွန်သေးငယ်တဲ့ မျိုးရိုးဗီဇ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
MRDကို ရှာဖွေရာမှာ Liquid Biopsyက ပိုအာရုံခံနိုင်စွမ်းရှိပြီး စောစီးစွာ သိရှိနိုင်တဲ့ အကြောင်းအရင်းတွေကတော့
✅ ကင်ဆာပြန်လည်ဖြစ်ပွါးလာခြင်းကို မော်လီကျူးအဆင့်အနေအထားမှာပင် စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်း
✅Next Generation Sequencing နည်းပညာတွေကြောင့် ကင်ဆာဆဲလ်မှ ဆင်းသက်လာတဲ့ ctDNAကို ပုံရိပ်ဖော်စစ်ဆေးမှုတွေမှာ မြင်
နိုင်လောက်တဲ့ အကျိတ်မဖြစ်လာခင်ကတည်းက တွေ့ရှိနိုင်ခြင်း
✅သာမန်အတိုင်း သွေးဖောက်ယူကာ စစ်ဆေးစမ်းသပ်မှု ပြုလုပ်တဲ့အတွင် ကိုယ်ခန္ဓာတွင်း နေရာအားလုံးရဲ့ ရောဂါဖြစ်ပွါးမှုကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်ခြင်း
✅ပစ်မှတ်ထားကုသခြင်းကဲ့သို့သော ကုသမှုများကို ပြုလုပ်နိုင်ရန် ဆုံးဖြတ်ရာတွင် ပိုမိုတိကျစွာ သိရှိနိုင်ခြင်း
✅ကင်ဆာကုသမှုအပေါ် တုံ့ပြန်မှုကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ခြင်း
✅လူနာတစ်ဦးချင်းစီအတွက် ကိုက်ညီတဲ့ နောက်ဆက်တွဲ စောင့်ကြည့်မှုအစီအစဉ် ပြုလုပ်နိုင်ပြီး ရလဒ်တွေကို ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်ပါတယ်။
ကင်ဆာရောဂါများအား သွေးဖောက်စစ်ဆေးရုံမျှဖြင့် ရှာဖွေဖော်ထုတ်ကုသနိုင်ပြီဖြစ်ပြီး Mascots Laboratory Referral Centreမှ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများရှိ အဆင့်မြင့်ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🩸အောင်မြင်သော ကျောက်ကပ်အစားထိုးကုသခြင်းအတွက် အရေးကြီးသည့် သွေးစစ်ဆေးမှု Tissue Typing (HLA Typing)🩸       ကျောက်ကပ်အစားထ...
27/01/2026

🩸အောင်မြင်သော ကျောက်ကပ်အစားထိုးကုသခြင်းအတွက် အရေးကြီးသည့် သွေးစစ်ဆေးမှု Tissue Typing (HLA Typing)🩸
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာတွင် Tissue Typing စစ်ဆေးမှုသည် ကျောက်ကပ်အစားထိုးမှု အောင်မြင်ရန်နှင့် အစားထိုးပြီးနောက်ပိုင်း လူနာ၏နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေ ဆက်လက်ကောင်းမွန်စေရန်အတွက် အလွန်အရေးပါသည့် သွေးစစ်ဆေးမှုတစ်ခုပဲ ဖြစ်ပါတယ်။
Tissue Typing စစ်ဆေးမှုဆိုသည်မှာ ကျောက်ကပ်အစားထိုးကုသမည့် လူနာနှင့် ကျောက်ကပ်အလှူရှင်တို့၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ရှိနေသော Human Leukocyte Antigens (HLAs)ဟု ခေါ်သည့် ပရိုတင်းများ ကိုက်ညီမှုရှိ၊မရှိကို သွေးမှတစ်ဆင့် စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ HLAsများဟာ ကိုယ်ခံအားစနစ်မှ ကိုယ်ခန္ဓာအတွင်းရှိဆဲလ်များသည် ကိုယ်ခန္ဓာ၏ဆဲလ်များ ဟုတ်၊မဟုတ် ခွဲခြားသည့် လုပ်ငန်းတွင် ပါဝင်သော အဓိကအရေးကြီးသည့် ပရိုတင်းများ ဖြစ်ပါတယ်။
HLAsအမျိုးအစားများ Class I (A, B, C)နှင့် Class II (DR, DP, DQ)တို့ ရှိသည့်အနက် Tissue Typing စစ်ဆေးရာတွင် HLA-A, HLA-B, HLA-Cနှင့် HLA-DRတို့အား ကိုက်ညီမှုရှိ၊မရှိကို ကျောက်ကပ်အစားထိုးကုသမှုမတိုင်ခင် အဓိကစစ်ဆေးကြပါတယ်။ လူနာနှင့် အလှူရှင်၏ HLAsများ အနီးစပ်ဆုံး ကိုက်ညီမှုရှိမှသာလျှင် လူနာ၏ကိုယ်ခံအားစနစ်မှ အစားထိုးကျောက်ကပ်ကို တိုက်ခိုက်မှုမရှိဘဲ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှု အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသရာတွင် Tissue Typingစစ်ဆေးခြင်းဖြင့်
✅HLAsကိုက်ညီမှုရှိခြင်းကြောင့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်နိုင်ချေ မြင့်မားခြင်း
✅ လူနာ၏ခန္ဓာကိုယ်မှ အစားထိုးကျောက်ကပ်အား ငြင်းပယ်နိုင်ချေကို လျှော့ချနိုင်ခြင်း
✅အစားထိုးကျောက်ကပ်အား ငြင်းပယ်နိုင်ချေကို လျှော့ချနိုင်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများနှင့် အရေးပေါ်အခြေအနေများ ဖြစ်ပွါးခြင်း လျော့နည်းကာ ဆေးရုံမှ မြန်ဆန်စွာ ဆင်းနိုင်ခြင်း
✅အစားထိုးကျောက်ကပ်အား ငြင်းပယ်မှု မရှိသဖြင့် ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်းကောင်းမွန်ကာ ပိုမိုကျန်းမာ အသက်ရှည်သော လူနေမှုဘဝကို ရရှိနိုင်ခြင်း
✅လူနာတစ်ဦးချင်းစီအလိုက် ခုခံအားလျှော့ချသောဆေးများအား အနိမ့်ဆုံးပမာဏဖြင့် ဘေးထွက်ဆိုးကျိုးနည်းစွာ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
Mascots Laboratory Referral Centre တွင် ကျောက်ကပ်အစားထိုးကုသရန်အတွက် လိုအပ်သော Tissue Typing သွေးစစ်ဆေးခြင်းနှင့် အခြားသော သွေးစစ်ဆေးမှုများစွာကိုလည်း စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပေးနေပါပြီ။ သွေးစစ်ဆေးခြင်း ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ )၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit-5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄



🔬Biopsy Sampleတွေကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးတာလဲ🔬       ရောဂါအမျိုးအစားများကို တိကျမှန်ကန်အောင...
22/01/2026

🔬Biopsy Sampleတွေကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးတာလဲ🔬
ရောဂါအမျိုးအစားများကို တိကျမှန်ကန်အောင် ရှာဖွေဖော်ထုတ်တဲ့အခါ အဆင့်မြင့်နည်းပညာများနဲ့ ကျွမ်းကျင်မှုများသာမက Biopsy Sampleတွေကို နည်းလမ်းမှန်ကန်စွာ စနစ်တကျကိုင်တွယ်ခြင်းဟာလည်း အရေးကြီးဆုံး အခြေခံအချက်ပဲ ဖြစ်ပါတယ်။
🤔တစ်ရှူးနမူနာများကို စတင်ယူတဲ့အချိန်မှစပြီး လုပ်ငန်းအဆင့်ဆင့်တိုင်းဟာ ဘာကြောင့်အရေးကြီးရတာလဲ🤔
✅Biopsy Sampleများကို မှန်ကန်တဲ့ fixationအချိုးအစားနဲ့ အချိန်မီ processingပြုလုပ်ခြင်းက ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပြီး တစ်ရှူးအရည်အသွေးကို ထိန်းသိမ်းနိုင်ပါတယ်။
✅တစ်ရှူးအရည်အသွေးကောင်းမွန်တာကြောင့် တစ်ရှူးနမူနာချို့ယွင်းချက်များ မဖြစ်ဘဲ မှားယွင်းဖော်ပြမှု၊ ရလာဒ်မရှင်းလင်းမှုများ လျော့နည်းကာ ရောဂါအမျိုးအစားခွဲခြားမှုကို တိကျသေချာစေပါတယ်။
✅တိကျမှန်ကန်သော ရောဂါအမျိုးအစားအဖြေများကို ရရှိတဲ့အတွက် ယုံကြည်စိတ်ချရသော ရောဂါကုသမှုနည်းလမ်းများကို ရွေးချယ်နိုင်ပြီး ကုသမှုရလာဒ်ကောင်းများ ရရှိနိုင်ပါတယ်။
✅လူနာအချက်အလက်များနှင့် နမူနာယူသည့်နေရာကို ရှင်းလင်းမှန်ကန်စွာ Labelတပ်ခြင်းနှင့် ဓာတ်ခွဲခန်းသို့ အချိန်မီ စနစ်တကျပို့ဆောင်ခြင်းများက တိကျမှန်ကန်သော ရောဂါအဖြေများကို ရရှိစေနိုင်တာမို့ biopsyပြန်လည်ပြုလုပ်ရခြင်းများကို လျှော့ချနိုင်ပါတယ်။
Biopsy Sampleများကို နည်းလမ်းမှန်ကန်စွာ စနစ်တကျကိုင်တွယ်ခြင်းဟာ ရောဂါအမျိုးအစားများ ခွဲခြားဖော်ထုတ်မှုအပေါ် ယုံကြည်မှုပိုရှိစေပြီး တိကျမှန်ကန်တဲ့ အဖြေရလာဒ်များကြောင့် ရောဂါနှင့်ကိုက်ညီသော ကုသမှုနည်းလမ်းများကို ရွေးချယ်နိုင်ကာ ဓာတ်ခွဲခန်းများရဲ့ အမြင့်ဆုံးစံနှုန်းများကို ထိန်းသိမ်းထားနိုင်ပါတယ်။
ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့ကာ အသားစစစ်ဆေးမှုအမျိုးမျိုးကို ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။ အသားစစစ်ဆေးခြင်း(Biopsy)အကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄



🧬ကျောက်ကပ်ရောဂါများ ကုသရာတွင် အကျိုးရှိစေတဲ့ မျိုးရိုးဗီဇစစ်ဆေးခြင်း (Genetic Testing for Renal Diseases)🧬       ကျောက်က...
10/01/2026

🧬ကျောက်ကပ်ရောဂါများ ကုသရာတွင် အကျိုးရှိစေတဲ့ မျိုးရိုးဗီဇစစ်ဆေးခြင်း (Genetic Testing for Renal Diseases)🧬
ကျောက်ကပ်ရောဂါအများစုဟာ မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲချို့ယွင်းခြင်းများကြောင့်လည်း ဖြစ်ပွါးနိုင်တယ်လို့ သုတေသနအဖွဲ့အစည်းများက ရှာဖွေတွေ့ရှိထားကြပါတယ်။ ထိုသို့သောကျောက်ကပ်ရောဂါများကို ကုသရာတွင် မျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲခြင်း ရှိ၊မရှိကို စစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ပွါးမှုအခြေအနေ၊ တိကျသော ကုသမှုနည်းလမ်းများနှင့် နောက်ဆက်တွဲရောဂါအခြေအနေများကိုပါ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲ ကုသနိုင်ပါတယ်။
မျိုးရိုးဗီဇချို့ယွင်းပြောင်းလဲမှုများကြောင့် ဖြစ်တတ်သော ကျောက်ကပ်ရောဂါများတွင် Polycystic Kidney Diseaseနှင့် Nephrotic Syndromeမှာ အဖြစ်များသော မျိုးရိုးဗီဇဆိုင်ရာ ကျောက်ကပ်ရောဂါများ ဖြစ်ပါတယ်။ Polycystic Kidney Diseaseဟာ PKD1 (သို့) PKD2စတဲ့ မျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲမှုကြောင့် ကျောက်ကပ်တွင် ရေအိတ်တည်သောရောဂါ ဖြစ်ပါတယ်။ Nephrotic Syndromeကတော့ ကလေးများနှင့် လူငယ်များတွင် အဖြစ်များတတ်ပြီး NPHS1, NPHS2, WT1စတဲ့ မျိုးရိုးဗီဇ ချို့ယွင်းပြောင်းလဲမှုများကြောင့် ဖြစ်ပွါးနိုင်ပါတယ်။
🤔ဘယ်သူတွေက Genetic Testingကို ပြုလုပ်သင့်လဲ🤔
✅အသက်၃၀မတိုင်ခင် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွါးသူများ
✅မိသားစုဝင်များတွင် ကျောက်ကပ်ဆေးနေရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကျောက်ကပ်ရောဂါ ဖြစ်ပွါးဖူးသူများ
✅ဆီးထဲတွင် သွေး၊ ပရိုတင်းဓာတ်ပါပြီး ကျောက်ကပ်အားနည်းသူများ
✅မွေးရာပါကျောက်ကပ်ချို့ယွင်းမှုရှိသော ကလေးငယ်များ
✅ဆေးကုသမှုများကို ကောင်းမွန်စွာ တုံ့ပြန်ခြင်းမရှိသော ကျောက်ကပ်ရောဂါ ဖြစ်ပွါးနေသူများ
✅ကျောက်ကပ်ဖွဲ့စည်းပုံမမှန်ကန်ခြင်း (သို့) ကျောက်ကပ်ရေအိတ်တည်ရောဂါ ဖြစ်ပွါးနေသူများ
မျိုးရိုးဗီဇချို့ယွင်းပြောင်းလဲမှုများကို စစ်ဆေးခြင်းဖြင့် ရောဂါစောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ပြီး မှန်ကန်ထိရောက်သော ကုထုံးနည်းလမ်းများကို ရွေးချယ်နိုင်ကာ မလိုအပ်သော ဆေးကုသမှုများကို ရှောင်ရှားနိုင်ပါတယ်။ ထို့ပြင် ရောဂါတိုးတက်မှုအခြေအနေကို သိရှိနိုင်ခြင်း၊ ကျောက်ကပ်အစားထိုးမှုအတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်း၊ မိသားစုဝင်များတွင်ပါ ဖြစ်ပွါးနိုင်ချေရှိ၊မရှိ သိရှိနိုင်ခြင်းစတဲ့ အရေးကြီးသော အချက်အလက်များကိုပါ သိရှိနိုင်ပါတယ်။
သွေးဖောက်စစ်ဆေးရုံမျှဖြင့် ကျောက်ကပ်ရောဂါများအတွက် မျိုးရိုးဗီဇချို့ယွင်းပြောင်းလဲမှုများကို စစ်ဆေးနိုင်ပြီဖြစ်ပြီး ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ အမေရိကန်နိုင်ငံရှိ အဆင့်မြင့်ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄





ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလု...
03/01/2026

ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး တိကျသော ရောဂါရှာဖွေမှုများ၊ စစ်ဆေးစမ်းသပ်မှုများနှင့် ထိရောက်သော ဆေးသွင်းကုသမှုများ ပြုလုပ်လိုပါက Mascots Laboratory Referral Centre (ရန်ကုန်)တွင် ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ။

🌟ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများ
👩‍⚕️ဒေါက်တာရွှေစင်ဝင်း
M.B.,B.S, M.Med.Sc (Medical Oncology), MRCP (UK), Fellowship in Medical Oncology (Singapore)

👨‍⚕️ဒေါက်တာဟိန်းတေဇာစိုး
M.B.,B.S, M.Med.Sc (Medical Oncology), Dip.Med.Ed, Fellowship in Palliative Medicine (Singapore)

👩‍⚕️ဒေါက်တာလင်းလင်းကြည်
M.B.,B.S, M.Med.Sc (Radiation Oncology)

တိုင်ပင်ဆွေးနွေးပြသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

Mascots Laboratory Referral Centre (Yangon)
အမှတ် ၂၄(၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
01 8377 878, 09 2611 66664



🧪ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများ🧪      နာတာရှည်ကျောက်ကပ်ဝေဒနာခံစားနေရပြီး ကျောက်ကပ်ဆေ...
28/12/2025

🧪ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများ🧪
နာတာရှည်ကျောက်ကပ်ဝေဒနာခံစားနေရပြီး ကျောက်ကပ်ဆေးရန်လိုအပ်နေသူများ၊ ကျောက်ကပ်ပုံမှန်ဆေးနေရသော ဝေဒနာရှင်များ၊ ကျောက်ကပ်ဆေးရုံဖြင့် မလုံလောက်သော ကျောက်ကပ်ပျက်ဆီးနေသည့် ဝေဒနာရှင်များအတွက် အသင့်တော်ဆုံးကုထုံးဖြစ်တဲ့ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်ရန် လူနာတွင် ကြံ့ခိုင်သောကျန်းမာရေး အခြေအနေ ရှိ/မရှိ၊ အလှူရှင်​၏ကျန်းမာရေး ကောင်းမွန်မှု ရှိ/မရှိ၊ ခွဲစိတ်မှုမပြုလုပ်ခင် လူနာနှင့် အလှူရှင်တို့​၏ သွေးအုပ်စုများ၊ ခုခံအားများ ကိုက်ညီမှု ရှိ/မရှိ၊ လူနာ​၏ ခုခံအားတိုက်ဖျက်နိုင်စွမ်း အားကောင်းမှု ရှိ/မရှိကို တိကျမှန်ကန်စွာ ကြိုတင်စစ်ဆေးရန် အထူးအရေးကြီးပါတယ်။
ကျောက်ကပ်အစားထိုးကုသခြင်းအတွက် အလွန်အရေးကြီးသော ကျောက်ကပ်အစားမထိုးမီနှင့် အစားထိုးပြီးနောက်ပိုင်းတွင် ပြုလုပ်ရမည့် သွေးစစ်ဆေးမှုများ-
🌟 Donor Screening Tests
🌟 Crossmatch
🌟 Flow Crossmatch with Pronase
🌟 Flow Crossmatch without Pronase
🌟 Donor Specific Antibody
🌟 Tissue Typing
🌟 CMV test , BK test , Anti-PLA2R test
🌟 Sirolimus level , Tacrolimus Level
🌟 Cyclosporine Level, Everolimus Level
ဖော်ပြထားသော သွေးစစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် လူနာအတွက် ကျောက်ကပ်အစားထိုးကုသမှု အောင်မြင်နိုင်ချေ ပိုမိုမြင့်တက်ခြင်း၊ အလှူရှင်၏ကျောက်ကပ်ကို လူနာ၏ခုခံအားစနစ်မှ ငြင်းပယ်နိုင်ခြင်းရှိ၊မရှိ ကြိုတင်သိရှိနိုင်ခြင်း၊ ထိုသို့သိရှိခြင်းကြောင့် မလိုအပ်သော အစားထိုးခွဲစိတ်မှု ပြုလုပ်မိခြင်းမှ ရှောင်ရှားနိုင်ခြင်းနှင့် အစားထိုးကုသမှုနောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများစွာကို လျှော့ချပေးနိုင်ခြင်း စသည့် အရေးပါသော အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
Mascots Laboratory Referral Centreမှ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများအပြင် အခြားသော သွေးစစ်ဆေးမှုများစွာကိုလည်း စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပေးနေပါပြီ။ သွေးစစ်ဆေးခြင်း ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ )၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




👩🏻‍⚕️Liquid Biopsy စစ်ဆေးဖို့ ဆရာဝန်တွေက ဘယ်အခြေအနေတွေမှာ အကြံပြုကြလဲ?👨🏻‍⚕️       Precision Medicineပညာရပ် တိုးတက်လာတာနဲ...
23/12/2025

👩🏻‍⚕️Liquid Biopsy စစ်ဆေးဖို့ ဆရာဝန်တွေက ဘယ်အခြေအနေတွေမှာ အကြံပြုကြလဲ?👨🏻‍⚕️
Precision Medicineပညာရပ် တိုးတက်လာတာနဲ့အမျှ တိကျမှန်ကန် ထိရောက်တဲ့ ကုသမှုတွေကို ပြုလုပ်နိုင်ဖို့ Liquid Biopsy စစ်ဆေးခြင်းဟာလည်း အရေးပါတဲ့ စစ်ဆေးမှုတစ်ခု ဖြစ်လာပါတယ်။ Liquid Biopsy ဆိုတာကတော့ သာမန်အတိုင်း သွေးဖောက်စစ်ဆေးရုံဖြင့် သွေးကြောများအတွင်း စီးဆင်းလျက်ရှိသော ctDNA ဟု ခေါ်သော ကင်ဆာဆဲလ်များမှ ထုတ်လွှတ်လိုက်သည့် DNAများကို စစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါမျိုးရိုးဗီဇ ချို့ယွင်းမှု ရှိ၊မရှိ စစ်ဆေးနိုင်သော နည်းပညာတစ်ခု ဖြစ်ပါတယ်။
Liquid Biopsy စစ်ဆေးဖို့အတွက် ဆရာဝန်တွေ အကြံပြုနိုင်တဲ့ အရေးကြီးအခြေအနေတွေကတော့
✅အသားစစ်ဆေးမှု (Tissue biopsy) ပြုလုပ်ရန်အတွက် ကင်ဆာဟု သံသယရှိသော အလုံးအကျိတ်များမှ အသားစ/တစ်ရှူးစများ ရယူရန် ခက်ခဲသည့်အခါ (သို့) အန္တရာယ်ရှိသည့်အခါ
✅မျိုးရိုးဗီဇပြောင်းလဲချို့ယွင်းမှုများကို သိရှိလိုပြီး လူနာတစ်ဦးချင်းစီအတွက် သင့်လျော်သော Targeted therapy ရွေးချယ်ရန် လိုအပ်သည့်အခါ
✅ဆေးယဉ်ပါးမှု (Resistance) ဖြစ်ခြင်းနှင့် ဆေးသွင်းကုသခြင်းအပေါ် ထိရောက်မှု ရှိ၊မရှိကို စောစီးစွာ သိရှိနိုင်ရန်
✅ပုံရိပ်ဖော်စစ်ဆေးမှုများထက် ပိုမိုစောစီးစွာ ကင်ဆာပြန်လည်ဖြစ်ပွားမှုကို ရှာဖွေသိရှိလိုသည့်အခါ
✅ကင်ဆာကုသခြင်း တိုးတက်မှုအခြေအနေနှင့် ပြန်လည်ဖြစ်ပွါးနေခြင်း ရှိ၊မရှိကို မျက်ခြေမပြတ် စောင့်ကြည့်ရန်အတွက် အကြိမ်ကြိမ်စစ်ဆေးရန် လိုအပ်သည့်အခါ သာမန်အတိုင်း သွေးဖောက်စစ်ဆေးရုံဖြင့် Liquid Biopsyပြုလုပ်နိုင်တာကြောင့် ခန္ဓာကိုယ်ထိခိုက်မှု နည်းပါးတဲ့အတွက် အချိန်ကြာကြာ ရောဂါအခြေအနေကို ဆက်လက်စောင့်ကြည့်နိုင်ရန် အထူးသင့်လျော်ပါတယ်။
ကင်ဆာရောဂါများအား သွေးဖောက်စစ်ဆေးရုံမျှဖြင့် ရှာဖွေဖော်ထုတ်ကုသနိုင်ပြီဖြစ်ပြီး Mascots Laboratory Referral Centreမှ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများရှိ အဆင့်မြင့်ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄


🦠ကျောက်ကပ်အစားထိုးကုသပြီးနောက် Viral Load (ပိုးကောင်ရေ) စစ်ဆေးဖို့ ဘာကြောင့်အရေးကြီးတာလဲ🦠       ကျောက်ကပ်အစားထိုးကုသတာဟာ...
15/12/2025

🦠ကျောက်ကပ်အစားထိုးကုသပြီးနောက် Viral Load (ပိုးကောင်ရေ) စစ်ဆေးဖို့ ဘာကြောင့်အရေးကြီးတာလဲ🦠
ကျောက်ကပ်အစားထိုးကုသတာဟာ ကျောက်ကပ်ပျက်စီးနေသောလူနာများအတွက် အသက်ရှင်နိုင်ရန် အရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်တဲ့အတွက် အစားထိုးကျောက်ကပ်ကို မထိခိုက်စေရန် စစ်ဆေးစောင့်ရှောက်မှုတွေကို စနစ်တကျလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိုစစ်ဆေးမှုများထဲမှ Viral Load (ပိုးကောင်ရေ) စစ်ဆေးမှုဟာ လူနာရဲ့ကျန်းမာရေးနဲ့ အစားထိုးကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန်နေစေဖို့ အရေးပါတဲ့ စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။
Viral Laod (ပိုးကောင်ရေ) စစ်ဆေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့-
🔬ဗိုင်းရပ်စ်ကူးစက်မှုများကို အစောဆုံး ရှာဖွေတွေ့ရှိနိုင်ခြင်း🔬
အစားထိုးကုသပြီးနောက် ကိုယ်ခံအားလျော့ဆေး(Immunosuppressant)များကို သောက်သုံးရသဖြင့် CMV (Cytomegalovirus), BK virus, EBV (Epstein–Barr virus) ကဲ့သို့သော ဗိုင်းရပ်စ်များကူးစက်ဖို့ ပိုမိုလွယ်ကူပါတယ်။ Viral Load စစ်ဆေးမှုဟာ ရောဂါလက္ခဏာများ မပြသခင်ကပင် ဗိုင်းရပ်စ်ကူးစက်မှုကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်စေပြီး အချိန်မီကုသမှု ပေးနိုင်ရန် ကူညီနိုင်ပါတယ်။
🛡️အစားထိုးကျောက်ကပ်ကို ကာကွယ်ပေးနိုင်ခြင်း🛡️
အချို့ဗိုင်းရပ်စ်တွေဟာ အစားထိုးကျောက်ကပ်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပြီး ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်အားနည်းခြင်း (သို့) အစားထိုးကျောက်ကပ်အားငြင်းပယ်ခြင်း ကဲ့သို့သော ပြဿနာများကို ဖြစ်စေနိုင်တာကြောင့် Viral Load စစ်ဆေးခြင်းဖြင့် ထိုပြဿနာများကို လျော့နည်းစေပါတယ်။
👩🏻‍⚕️ပိုမိုကောင်းမွန်သော ကုသမှုနည်းလမ်းများကို ပံ့ပိုးပေးနိုင်ခြင်း👩🏻‍⚕️
Viral Load ပမာဏများကို ပုံမှန်စစ်ဆေးခြင်းဟာ ဆရာဝန်များအနေဖြင့် လူနာများအား antiviralဆေးများနှင့် ကိုယ်ခံအားလျော့ဆေးများကို တိကျစွာ သောက်သုံးရန် ညွှန်ကြားမှုပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
📈အစားထိုးကုသမှု အောင်မြင်မှုနှုန်းကို တိုးတက်စေနိုင်ခြင်း📈
Viral Load စစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်းဖြင့် အစားထိုးကုသမှု နောက်ဆက်တွဲဆိုးကျိုးများကို လျော့နည်းစေနိုင်ကာ လူနာရဲ့ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်တာကြောင့် အစားထိုးကုသမှုအောင်မြင်မှုနှုန်းကို မြင့်တက်စေပါတယ်။
ထို့ကြောင့် ကျောက်ကပ်အစားထိုးကုသမှု ခံယူထားသော လူနာများအနေဖြင့် ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကာ ပုံမှန်ရက်ချိန်းပြသခြင်း၊ Viral Load (ပိုးကောင်ရေ) စစ်ဆေးခြင်းကဲ့သို့ ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်း၊ ညွှန်ကြားထားသည့် ဆေးဝါးများကို အချိန်မှန်သောက်သုံးခြင်းများကို သေချာစွာ လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးပါတယ်။
ဆီးနှင့်ကျောက်ကပ်ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်လိုခြင်း၊ သွေးတွင်းရှိ ကိုယ်ခံအားလျော့ဆေးပမာဏများ၊ Viral Loadစစ်ဆေးမှုများနှင့် ကျောက်ကပ်လုပ်ဆောင်မှုများကို သိရှိနိုင်ရန် ပုံမှန်သွေးစစ်ဆေးခြင်းများအတွက် ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄



ဆီးနှင့်ကျောက်ကပ်ကျန်းမာရေးပြဿနာများဖြစ်သည့်🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ပိုးဝင်ခြင်း🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တွင...
04/12/2025

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေးပြဿနာများဖြစ်သည့်
🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ပိုးဝင်ခြင်း
🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်း
🔸မွေးရာပါ ကျောက်ကပ်ရောဂါများ
🔸 အရေပြားလေးဘက်နာနှင့် အဆစ်အမြစ်ရောဂါများ၏ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါများ
🔸 သွေးတိုးနှင့် ဆီးချိုကြောင့် ဖြစ်သော ကျောက်ကပ်ပြဿနာများ
🔸ဆီးသွားလျှင် သွေးနှင့်အနည်များပါခြင်း
🔸ကျောက်ကပ်ရေအိတ်တည်ခြင်း
🔸ကျောက်ကပ်ပိုးဝင်ခြင်း
🔸ကျောက်ကပ်ရောင်ရမ်းခြင်းစသည့် ဆီးနှင့်ကျောက်ကပ်ရောဂါများ
🔸နာတာရှည်ကျောက်ကပ်ရောဂါများ
🔸ကျောက်ကပ်အစားထိုးကုသရန်အတွက် တိုင်ပင်ဆွေးနွေးမှုများ
🔸ကျောက်ကပ်အစားထိုးပြီးနောက် လိုအပ်သော တိုင်ပင်ဆွေးနွေးကုသမှုများအတွက် Mascots Laboratory Referral Centre (ရန်ကုန်)တွင် ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသနိုင်ပါပြီ။
ထို့အပြင် ကျောက်ကပ်အစားထိုးကုသခြင်းနှင့် ပတ်သက်သည့် အရေးကြီးသော သွေးစစ်ဆေးမှုများအတွက်လည်း စင်ကာပူနိုင်ငံသို့ အပတ်စဥ် ပို့ဆောင်စစ်ဆေးပေးလျက်ရှိပါတယ်။

🌟ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ
👨‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာကျော်စွာထက်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), Dr.Med.Sc (Nephrology), FRCP (Edin)

👨‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ဆန်းလွင်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), FRCP (Edin), Dr.Med.Sc (Nephrology)

👨‍⚕️ဒေါက်တာမင်းအောင်ဟိန်း
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), MRCPE, Dr.Med.Sc (Nephrology), Fellowship in Nephrology and Renal Transplant (Apollo, India)

တိုင်ပင်ဆွေးနွေးကုသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

🏥 ရန်ကုန်ရုံး - အမှတ် (၂၄/၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - 01 8377 878, 09 2611 66664



🔬ကျောက်ကပ်အသားစစစ်ဆေးခြင်း (Renal Biopsy) ပြုလုပ်ရန် လိုအပ်နိုင်သည့် အခြေအနေများ🔬       ကိုယ်ခန္ဓာတွင်းရှိ ကျောက်ကပ်များ...
29/11/2025

🔬ကျောက်ကပ်အသားစစစ်ဆေးခြင်း (Renal Biopsy) ပြုလုပ်ရန် လိုအပ်နိုင်သည့် အခြေအနေများ🔬
ကိုယ်ခန္ဓာတွင်းရှိ ကျောက်ကပ်များဟာ သွေးတွင်းရှိ အဆိပ်အတောက်များ သန့်စင်ပေးခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ သွေးနီဥများထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်းစတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ်တွေ ပုံမှန်အလုပ်မလုပ်တဲ့ အချိန်မှာ Renal Biopsyစစ်ဆေးခြင်းက ကျောက်ကပ်ရောဂါရဲ့အဖြေကို တိတိကျကျသိရှိနိုင်ဖို့ အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုပဲ ဖြစ်ပါတယ်။
Renal Biopsyပြုလုပ်ဖို့ ဆရာဝန်တစ်ယောက်က အောက်ပါအခြေအနေတွေကြောင့်အကြံပြုနိုင်ပါတယ်။
🔬ဆီးထဲတွင် အသားဓာတ်ပမာဏ အလွန်များနေခြင်း
🔬ဆီးအရောင်ရင့်၍ ဆီးထဲ သွေးပါခြင်း
🔬ပုံမှန်ကျောက်ကပ်လုပ်ငန်းများ မလုပ်ဆောင်နိုင်တော့ခြင်းကြောင့် Creatinineတက်လာခြင်း၊ eGFRကျလာခြင်း
🔬ကိုယ်ခံအားစနစ်နှင့် သက်ဆိုင်သော ကျောက်ကပ်ရောဂါများ ဖြစ်ပွါးခြင်း
🔬ကျောက်ကပ်အစားထိုးကုသပြီးနောက် အစားထိုးကျောက်ကပ်အား ငြင်းပယ်ခြင်းနှင့် အခြားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးနိုင်ကြောင်း သံသယရှိခြင်း
🔬ဖြစ်ပွါးနေသော ကျောက်ကပ်ရောဂါအတွက် ကိုယ်ခံအားလျော့ဆေးများ အသုံးပြုရန် လိုအပ်ခြင်း
🔬ကျောက်ကပ်ပုံရိပ်ဖော် စစ်ဆေးမှုများတွင် သံသယဖြစ်စရာ အလုံးအကျိတ်များ စစ်ဆေးတွေ့ရှိခြင်း
Renal Biopsyစစ်ဆေးခြင်းဟာ ရောဂါကို တိကျစွာ စစ်ဆေးသိရှိနိုင်ရုံတင်မက မှန်ကန်ထိရောက်တဲ့ ကုသမှုနည်းလမ်းတွေကို ရွေးချယ်နိုင်ပြီး ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွါးမှုနည်းပါးအောင် လျော့ချနိုင်တဲ့အတွက် ဖော်ပြပါ ရောဂါအခြေအနေတွေမှာ Renal Biopsyပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။
ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့ကာ ကျောက်ကပ်အသားစ စစ်ဆေးမှုအပါအဝင် အသားစစစ်ဆေးမှုအမျိုးမျိုးကို ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။ အသားစစစ်ဆေးခြင်း(Biopsy)အကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🩸ကင်ဆာမျိုးရိုးဗီဇ ပြောင်းလဲချို့ယွင်းခြင်းများကို သွေးမှတစ်ဆင့် စစ်ဆေးသိရှိနိုင်ပါပြီ🩸      ကျွန်ုပ်တို့ Mascots Labora...
25/11/2025

🩸ကင်ဆာမျိုးရိုးဗီဇ ပြောင်းလဲချို့ယွင်းခြင်းများကို သွေးမှတစ်ဆင့် စစ်ဆေးသိရှိနိုင်ပါပြီ🩸
ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ တောင်ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်ဓာတ်ခွဲခန်း IMBDxသို့ ပေးပို့စစ်ဆေးလျက်ရှိသော ကင်ဆာမျိုးရိုးဗီဇပြောင်းလဲချို့ယွင်းခြင်းများကို သိရှိနိုင်ရန် သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Liquid Biopsy)များဖြစ်သည့် AlphaLiquid testများထဲမှ ထပ်မံထွက်ရှိလာသော test အသစ်များကိုပါ ပေးပို့စစ်ဆေးနိုင်ပြီဖြစ်ကြောင်းကို သတင်းကောင်းပါးပါရစေ။ AlphaLiquid test အသစ်များကတော့ AlphaLiquid HRRနှင့် AlphaLiquid Breast တို့ပဲဖြစ်ပြီး ပစ်မှတ်ထားကုထုံးများ(Targeted therapies)အတွက် တိကျသော စစ်ဆေးမှုအဖြေများနှင့် ကုသမှုများကိုပါ သိရှိနိုင်ပါတယ်။
AlphaLiquid HRRဟာ HRR (Homologous Recombination Repair)နှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ၁၉မျိုးကို ဖော်ထုတ်စစ်ဆေးရန် တုံ့ပြန်မှုမြင့်မားတဲ့ နည်းပညာကို အသုံးပြုထားတဲ့ စစ်ဆေးမှုဖြစ်ပြီး PARP inhibitor ကုသမှုအသုံးပြုသော လူနာများအတွက် HRR မျိုးရိုးဗီဇပြောင်းလဲမှုများကို တိကျစွာစစ်ဆေးသိရှိနိုင်ပါတယ်။ ထိုသို့စစ်ဆေးသိရှိထားခြင်းကြောင့် တိကျမှန်ကန်တဲ့ ကုသမှုနည်းလမ်းများစွာကို ရွေးချယ်နိုင်ပြီး လက်ရှိကုသမှုနည်းလမ်းများတွင်လည်း ပိုမိုထိရောက်သော ကုထုံးအသစ်များကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
AlphaLiquid Breastကတော့ ရင်သားကင်ဆာကုသမှုနည်းလမ်းများအား မြန်ဆန်တိကျစွာ ထောက်ပံ့ပေးနိုင်ရန်အတွက် ရည်ရွယ်ထားသည့် စစ်ဆေးမှုတစ်ခုဖြစ်ပြီး ရင်သားကင်ဆာနှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ၁၈မျိုးနှင့် အခြားကင်ဆာဆိုင်ရာ မျိုးရိုးဗီဇ ၇မျိုးကိုပါ စစ်ဆေးသိရှိနိုင်ပါတယ်။ Hybrid-capture deep sequencing နည်းစနစ်ကို အသုံးပြုထားသဖြင့် ရင်သားကင်ဆာ မျိုးရိုးဗီဇများရဲ့ SNVs, InDels နှင့် CNAsများကို တိကျမှန်ကန်စွာ ဖော်ထုတ်နိုင်ပြီး ctDNA ပမာဏနည်းသည့် သွေးနမူနာများတွင်ပါ ပိုမိုသေချာတဲ့ စစ်ဆေးတွေ့ရှိမှုများကို ဖော်ပြပေးနိုင်ပါတယ်။ ရင်သားကင်ဆာကုသမှုအတွက် တိကျသေချာသော စစ်ဆေးမှုရလဒ်များကို ရရှိနိုင်ခြင်းကြောင့် ဟော်မုန်းကုသမှုအား တုံ့ပြန်မှုမရှိခြင်း Hormone Therapy Resistance (Eg. ESR1), PIK3CA Inhibitors, HER2 မျိုးရိုးဗီဇ ပစ်မှတ်ထားကုသမှုများနှင့် AKT Pathway Inhibitorsကုသမှုများအတွက် ထိရောက်သော ကုသမှုနည်းလမ်းများကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။
ကင်ဆာရောဂါများနှင့်ပတ်သက်သည့် မျိုးရိုးဗီဇပြောင်းလဲချို့ယွင်းခြင်းများကို သိရှိနိုင်ရန် သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Liquid Biopsy)များကို ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ တောင်ကိုရီးယားရှိ အဆင့်မြင့်ဓာတ်ခွဲခန်း IMBDxသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




Address

No. 24(1-C) , Nawarat Condo , Samone Street
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+95943099995

Website

Alerts

Be the first to know and let us send you an email when Mascots Laboratory Referral Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mascots Laboratory Referral Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Mascots Medical & Laboratory Centre သည် ပြီးပြည့်စုံသော ဝန်ဆောင်မှုများဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေးကို တာဝန်ယူဆောင်ရွက်ပေးနေပါသည်။


  • အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသမှုခံယူနိုင်ခြင်း

  • မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆရာဝန်နှင့် ဆွေးနွေးကုသမှုခံယူနိုင်ခြင်း

  • ကင်ဆာဆေးသွင်းကုသနိုင်ခြင်း