Mascots Laboratory Referral Centre

Mascots Laboratory Referral Centre Mascots Laboratory Referral Centre

Centre of Excellence providing one stop service to Myanmar patients

Medical Referral
- Asking second opinion from the specialists at National University Hospital, Tan Tock Seng Hospital & Mount Alvernia Hospital
- Arrangement of outpatient appointments with specialists , health screening appointment , direct admission
- Travel related services ( Visa application, Flight reservation and confirmation, Accommodation)
- Billing and Financial information
- Arrangement of Medical Assistance during treatment at hospital
- Any other services upon request

Laboratory Referral
- Sending Blood samples and Biopsies to Singapore from Monday to Thursday
- Daily Sample collection

Academic Purpose
- Clinical updates by Singapore Doctors
- Clinical Fellowship Program

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေးပြဿနာများဖြစ်သည့်🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ပိုးဝင်ခြင်း🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တွင...
04/12/2025

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေးပြဿနာများဖြစ်သည့်
🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ် ပိုးဝင်ခြင်း
🔸ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်း
🔸မွေးရာပါ ကျောက်ကပ်ရောဂါများ
🔸 အရေပြားလေးဘက်နာနှင့် အဆစ်အမြစ်ရောဂါများ၏ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါများ
🔸 သွေးတိုးနှင့် ဆီးချိုကြောင့် ဖြစ်သော ကျောက်ကပ်ပြဿနာများ
🔸ဆီးသွားလျှင် သွေးနှင့်အနည်များပါခြင်း
🔸ကျောက်ကပ်ရေအိတ်တည်ခြင်း
🔸ကျောက်ကပ်ပိုးဝင်ခြင်း
🔸ကျောက်ကပ်ရောင်ရမ်းခြင်းစသည့် ဆီးနှင့်ကျောက်ကပ်ရောဂါများ
🔸နာတာရှည်ကျောက်ကပ်ရောဂါများ
🔸ကျောက်ကပ်အစားထိုးကုသရန်အတွက် တိုင်ပင်ဆွေးနွေးမှုများ
🔸ကျောက်ကပ်အစားထိုးပြီးနောက် လိုအပ်သော တိုင်ပင်ဆွေးနွေးကုသမှုများအတွက် Mascots Laboratory Referral Centre (ရန်ကုန်)တွင် ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသနိုင်ပါပြီ။
ထို့အပြင် ကျောက်ကပ်အစားထိုးကုသခြင်းနှင့် ပတ်သက်သည့် အရေးကြီးသော သွေးစစ်ဆေးမှုများအတွက်လည်း စင်ကာပူနိုင်ငံသို့ အပတ်စဥ် ပို့ဆောင်စစ်ဆေးပေးလျက်ရှိပါတယ်။

🌟ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ
👨‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာကျော်စွာထက်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), Dr.Med.Sc (Nephrology), FRCP (Edin)

👨‍⚕️တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ဆန်းလွင်
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), FRCP (Edin), Dr.Med.Sc (Nephrology)

👨‍⚕️ဒေါက်တာမင်းအောင်ဟိန်း
M.B.,B.S, M.Med.Sc (Internal Medicine), MRCP (UK), MRCPE, Dr.Med.Sc (Nephrology), Fellowship in Nephrology and Renal Transplant (Apollo, India)

တိုင်ပင်ဆွေးနွေးကုသရန်အတွက် ကြိုတင်ရက်ချိန်းရယူလိုပါက အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။

🏥 ရန်ကုန်ရုံး - အမှတ် (၂၄/၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ အမျိုးသားကဇာတ်ရုံအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - 01 8377 878, 09 2611 66664



🔬ကျောက်ကပ်အသားစစစ်ဆေးခြင်း (Renal Biopsy) ပြုလုပ်ရန် လိုအပ်နိုင်သည့် အခြေအနေများ🔬       ကိုယ်ခန္ဓာတွင်းရှိ ကျောက်ကပ်များ...
29/11/2025

🔬ကျောက်ကပ်အသားစစစ်ဆေးခြင်း (Renal Biopsy) ပြုလုပ်ရန် လိုအပ်နိုင်သည့် အခြေအနေများ🔬
ကိုယ်ခန္ဓာတွင်းရှိ ကျောက်ကပ်များဟာ သွေးတွင်းရှိ အဆိပ်အတောက်များ သန့်စင်ပေးခြင်း၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း၊ သွေးနီဥများထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်းစတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ်တွေ ပုံမှန်အလုပ်မလုပ်တဲ့ အချိန်မှာ Renal Biopsyစစ်ဆေးခြင်းက ကျောက်ကပ်ရောဂါရဲ့အဖြေကို တိတိကျကျသိရှိနိုင်ဖို့ အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုပဲ ဖြစ်ပါတယ်။
Renal Biopsyပြုလုပ်ဖို့ ဆရာဝန်တစ်ယောက်က အောက်ပါအခြေအနေတွေကြောင့်အကြံပြုနိုင်ပါတယ်။
🔬ဆီးထဲတွင် အသားဓာတ်ပမာဏ အလွန်များနေခြင်း
🔬ဆီးအရောင်ရင့်၍ ဆီးထဲ သွေးပါခြင်း
🔬ပုံမှန်ကျောက်ကပ်လုပ်ငန်းများ မလုပ်ဆောင်နိုင်တော့ခြင်းကြောင့် Creatinineတက်လာခြင်း၊ eGFRကျလာခြင်း
🔬ကိုယ်ခံအားစနစ်နှင့် သက်ဆိုင်သော ကျောက်ကပ်ရောဂါများ ဖြစ်ပွါးခြင်း
🔬ကျောက်ကပ်အစားထိုးကုသပြီးနောက် အစားထိုးကျောက်ကပ်အား ငြင်းပယ်ခြင်းနှင့် အခြားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးနိုင်ကြောင်း သံသယရှိခြင်း
🔬ဖြစ်ပွါးနေသော ကျောက်ကပ်ရောဂါအတွက် ကိုယ်ခံအားလျော့ဆေးများ အသုံးပြုရန် လိုအပ်ခြင်း
🔬ကျောက်ကပ်ပုံရိပ်ဖော် စစ်ဆေးမှုများတွင် သံသယဖြစ်စရာ အလုံးအကျိတ်များ စစ်ဆေးတွေ့ရှိခြင်း
Renal Biopsyစစ်ဆေးခြင်းဟာ ရောဂါကို တိကျစွာ စစ်ဆေးသိရှိနိုင်ရုံတင်မက မှန်ကန်ထိရောက်တဲ့ ကုသမှုနည်းလမ်းတွေကို ရွေးချယ်နိုင်ပြီး ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွါးမှုနည်းပါးအောင် လျော့ချနိုင်တဲ့အတွက် ဖော်ပြပါ ရောဂါအခြေအနေတွေမှာ Renal Biopsyပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။
ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့ကာ ကျောက်ကပ်အသားစ စစ်ဆေးမှုအပါအဝင် အသားစစစ်ဆေးမှုအမျိုးမျိုးကို ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။ အသားစစစ်ဆေးခြင်း(Biopsy)အကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🩸ကင်ဆာမျိုးရိုးဗီဇ ပြောင်းလဲချို့ယွင်းခြင်းများကို သွေးမှတစ်ဆင့် စစ်ဆေးသိရှိနိုင်ပါပြီ🩸      ကျွန်ုပ်တို့ Mascots Labora...
25/11/2025

🩸ကင်ဆာမျိုးရိုးဗီဇ ပြောင်းလဲချို့ယွင်းခြင်းများကို သွေးမှတစ်ဆင့် စစ်ဆေးသိရှိနိုင်ပါပြီ🩸
ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ တောင်ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်ဓာတ်ခွဲခန်း IMBDxသို့ ပေးပို့စစ်ဆေးလျက်ရှိသော ကင်ဆာမျိုးရိုးဗီဇပြောင်းလဲချို့ယွင်းခြင်းများကို သိရှိနိုင်ရန် သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Liquid Biopsy)များဖြစ်သည့် AlphaLiquid testများထဲမှ ထပ်မံထွက်ရှိလာသော test အသစ်များကိုပါ ပေးပို့စစ်ဆေးနိုင်ပြီဖြစ်ကြောင်းကို သတင်းကောင်းပါးပါရစေ။ AlphaLiquid test အသစ်များကတော့ AlphaLiquid HRRနှင့် AlphaLiquid Breast တို့ပဲဖြစ်ပြီး ပစ်မှတ်ထားကုထုံးများ(Targeted therapies)အတွက် တိကျသော စစ်ဆေးမှုအဖြေများနှင့် ကုသမှုများကိုပါ သိရှိနိုင်ပါတယ်။
AlphaLiquid HRRဟာ HRR (Homologous Recombination Repair)နှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ၁၉မျိုးကို ဖော်ထုတ်စစ်ဆေးရန် တုံ့ပြန်မှုမြင့်မားတဲ့ နည်းပညာကို အသုံးပြုထားတဲ့ စစ်ဆေးမှုဖြစ်ပြီး PARP inhibitor ကုသမှုအသုံးပြုသော လူနာများအတွက် HRR မျိုးရိုးဗီဇပြောင်းလဲမှုများကို တိကျစွာစစ်ဆေးသိရှိနိုင်ပါတယ်။ ထိုသို့စစ်ဆေးသိရှိထားခြင်းကြောင့် တိကျမှန်ကန်တဲ့ ကုသမှုနည်းလမ်းများစွာကို ရွေးချယ်နိုင်ပြီး လက်ရှိကုသမှုနည်းလမ်းများတွင်လည်း ပိုမိုထိရောက်သော ကုထုံးအသစ်များကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
AlphaLiquid Breastကတော့ ရင်သားကင်ဆာကုသမှုနည်းလမ်းများအား မြန်ဆန်တိကျစွာ ထောက်ပံ့ပေးနိုင်ရန်အတွက် ရည်ရွယ်ထားသည့် စစ်ဆေးမှုတစ်ခုဖြစ်ပြီး ရင်သားကင်ဆာနှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ၁၈မျိုးနှင့် အခြားကင်ဆာဆိုင်ရာ မျိုးရိုးဗီဇ ၇မျိုးကိုပါ စစ်ဆေးသိရှိနိုင်ပါတယ်။ Hybrid-capture deep sequencing နည်းစနစ်ကို အသုံးပြုထားသဖြင့် ရင်သားကင်ဆာ မျိုးရိုးဗီဇများရဲ့ SNVs, InDels နှင့် CNAsများကို တိကျမှန်ကန်စွာ ဖော်ထုတ်နိုင်ပြီး ctDNA ပမာဏနည်းသည့် သွေးနမူနာများတွင်ပါ ပိုမိုသေချာတဲ့ စစ်ဆေးတွေ့ရှိမှုများကို ဖော်ပြပေးနိုငိပါတယ်။ ရင်သားကင်ဆာကုသမှုအတွက် တိကျသေချာသော စစ်ဆေးမှုရလဒ်များကို ရရှိနိုင်ခြင်းကြောင့် ဟော်မုန်းကုသမှုအား တုံ့ပြန်မှုမရှိခြင်း Hormone Therapy Resistance (Eg. ESR1), PIK3CA Inhibitors, HER2 မျိုးရိုးဗီဇ ပစ်မှတ်ထားကုသမှုများနှင့် AKT Pathway Inhibitorsကုသမှုများအတွက် ထိရောက်သော ကုသမှုနည်းလမ်းများကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။
ကင်ဆာရောဂါများနှင့်ပတ်သက်သည့် မျိုးရိုးဗီဇပြောင်းလဲချို့ယွင်းခြင်းများကို သိရှိနိုင်ရန် သွေးမှတစ်ဆင့် စစ်ဆေးခြင်း (Liquid Biopsy)များကို ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ တောင်ကိုရီးယားရှိ အဆင့်မြင့်ဓာတ်ခွဲခန်း IMBDxသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🚨မုန့်ချိုအိတ်ကင်ဆာ ရောဂါလက္ခဏာ သတိပြုပါ🚨      ရောဂါရှာဖွေတွေ့ရှိချိန် နောက်ကျတတ်သော ကင်ဆာရောဂါများထဲတွင် မုန့်ချိုအိတ်က...
22/11/2025

🚨မုန့်ချိုအိတ်ကင်ဆာ ရောဂါလက္ခဏာ သတိပြုပါ🚨
ရောဂါရှာဖွေတွေ့ရှိချိန် နောက်ကျတတ်သော ကင်ဆာရောဂါများထဲတွင် မုန့်ချိုအိတ်ကင်ဆာဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မုန့်ချိုအိတ်ကင်ဆာဟာ ဖြစ်ပွါးကာစ အစောပိုင်းတွင် သေချာထင်ရှားသည့် ရောဂါလက္ခဏာများမရှိတဲ့အတွက် အချို့သောလူနာများသည် ကင်ဆာဖြစ်ပွါးနေတာကို နောက်ပိုင်းအဆင့်မှသာ သိရှိတတ်ကြပါတယ်။ မုန့်ချိုအိတ်ကင်ဆာ၏ အဓိကရောဂါလက္ခဏာအချို့ကို ကြိုတင်သိရှိထားပါက ရောဂါဖြစ်ပွါးနေသည်ကို စောစီးစွာ သတိပြုမိနိုင်ကာ ထိရောက်မှန်ကန်သော ကုသမှုများကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။
မုန့်ချိုအိတ်ကင်ဆာနှင့် ပတ်သက်သော သတိပြုရန်လိုအပ်သည့် အဓိကလက္ခဏာများ-
❗️နာတာရှည် ဝမ်းဗိုက်နှင့်ကျောနာကျင်ခြင်း
❗️ အစာမကြေခြင်း (သို့) အစာစားချင်စိတ်လျော့နည်းခြင်း
❗️အသားနှင့် မျက်လုံးများဝါခြင်း
❗️ဆီးအရောင်မည်းခြင်း
❗️ဝမ်းအရောင်ဖျော့ခြင်း
❗️အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျခြင်းစသည့်တို့ ဖြစ်ပါတယ်။ ဖော်ပြပါလက္ခဏာများထဲမှ တစ်ခုထက်ပို၍ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်။
မုန့်ချိုအိတ်ကင်ဆာကို ရှာဖွေသိရှိနိုင်ရန် ဆရာဝန်များက CT scan၊ MRI၊ Ultrasound ကဲ့သို့သော ပုံရိပ်ဖော်စမ်းသပ်မှုများကို အသုံးပြုကြပြီး Endoscopic Ultrasound (EUS) ပြုလုပ်ခြင်း၊ CA 19-9 ကဲ့သို့သော သွေးတွင်းကင်ဆာဓာတ် စစ်ဆေးမှုများပြုလုပ်ခြင်း၊ ကင်ဆာကို အတည်ပြုရန် biopsy, liquid biopsy ပြုလုပ်ခြင်းများနှင့် မိသားစုမျိုးရိုးတွင် မုန့်ချိုအိတ်ကင်ဆာဖြစ်ပွါးဖူးသူများအတွက် genetic testing စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိပါတယ်။ ထိုသို့ရောဂါရှာဖွေစစ်ဆေးမှုများကို ကြိုတင်ပြုလုပ်ပါက ကင်ဆာဖြစ်ပွါးနေခြင်းရှိမရှိကို အချိန်မီသိရှိပြီး မှန်ကန်ထိရာက်တဲ့နည်းလမ်းများဖြင့် ရောဂါပျောက်ကင်းသည်အထိ ကုသနိုင်ပါတယ်။
မုန့်ချိုအိတ်ကင်ဆာ ကုသမှုနည်းလမ်းများမှာ ကင်ဆာရှိရာနေရာ၊ အဆင့်နှင့် လူနာ၏ ကျန်းမာရေးအခြေနေကို အခြေခံပြီး ခွဲစိတ်ကုသမှု (Whipple surgery)၊ ကင်ဆာဆေးသွင်းကုထုံး (Chemotherapy)၊ ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)၊ မျိုးရိုးဗီဇပြောင်းလဲမှုအလိုက် ပစ်မှတ်ထားကုသမှု (Targeted therapy)၊ Immunotherapyကုသမှုနှင့် Palliative care စသည့်နည်းလမ်းများ ဖြစ်ပါတယ်။
မုန့်ချိုအိတ်ကင်ဆာနှင့်ပတ်သက်သည့် မျိုးရိုးဗီဇပြောင်းလဲချို့ယွင်းခြင်းများကို သိရှိနိုင်ရန် အသားစစစ်ဆေးခြင်းနှင့် သွေးမှတစ်ဆင့် စစ်ဆေးခြင်းများကို ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများရှိ အဆင့်မြင့်ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🙏တန်ဆောင်တိုင် ဆုမွန်ကောင်း🙏      တန်ဆောင်မုန်းလပြည့်နေ့တွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ချစ်ခင...
04/11/2025

🙏တန်ဆောင်တိုင် ဆုမွန်ကောင်း🙏

တန်ဆောင်မုန်းလပြည့်နေ့တွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ချစ်ခင်ရတဲ့ မိသားစုများနှင့်အတူ သာယာချမ်းမြေ့သော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Mascots Laboratory Referral Centre မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။



🧪ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများ🧪      နာတာရှည်ကျောက်ကပ်ဝေဒနာခံစားနေရပြီး ကျောက်ကပ်ဆေ...
30/10/2025

🧪ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများ🧪
နာတာရှည်ကျောက်ကပ်ဝေဒနာခံစားနေရပြီး ကျောက်ကပ်ဆေးရန်လိုအပ်နေသူများ၊ ကျောက်ကပ်ပုံမှန်ဆေးနေရသော ဝေဒနာရှင်များ၊ ကျောက်ကပ်ဆေးရုံဖြင့် မလုံလောက်သော ကျောက်ကပ်ပျက်ဆီးနေသည့် ဝေဒနာရှင်များအတွက် အသင့်တော်ဆုံးကုထုံးဖြစ်တဲ့ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်ရန် လူနာတွင် ကြံ့ခိုင်သောကျန်းမာရေး အခြေအနေ ရှိ/မရှိ၊ အလှူရှင်​၏ကျန်းမာရေး ကောင်းမွန်မှု ရှိ/မရှိ၊ ခွဲစိတ်မှုမပြုလုပ်ခင် လူနာနှင့် အလှူရှင်တို့​၏ သွေးအုပ်စုများ၊ ခုခံအားများ ကိုက်ညီမှု ရှိ/မရှိ၊ လူနာ​၏ ခုခံအားတိုက်ဖျက်နိုင်စွမ်း အားကောင်းမှု ရှိ/မရှိကို တိကျမှန်ကန်စွာ ကြိုတင်စစ်ဆေးရန် အထူးအရေးကြီးပါတယ်။
ကျောက်ကပ်အစားထိုးကုသခြင်းအတွက် အလွန်အရေးကြီးသော ကျောက်ကပ်အစားမထိုးမီနှင့် အစားထိုးပြီးနောက်ပိုင်းတွင် ပြုလုပ်ရမည့် သွေးစစ်ဆေးမှုများ-
🌟 Donor Screening Tests
🌟 Crossmatch
🌟 Flow Crossmatch with Pronase
🌟 Flow Crossmatch without Pronase
🌟 Donor Specific Antibody
🌟 Tissue Typing
🌟 CMV test , BK test , Anti-PLA2R test
🌟 Sirolimus level , Tacrolimus Level
🌟 Cyclosporine Level, Everolimus Level
ဖော်ပြထားသော သွေးစစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် လူနာအတွက် ကျောက်ကပ်အစားထိုးကုသမှု အောင်မြင်နိုင်ချေ ပိုမိုမြင့်တက်ခြင်း၊ အလှူရှင်၏ကျောက်ကပ်ကို လူနာ၏ခုခံအားစနစ်မှ ငြင်းပယ်နိုင်ခြင်းရှိ၊မရှိ ကြိုတင်သိရှိနိုင်ခြင်း၊ ထိုသို့သိရှိခြင်းကြောင့် မလိုအပ်သော အစားထိုးခွဲစိတ်မှု ပြုလုပ်မိခြင်းမှ ရှောင်ရှားနိုင်ခြင်းနှင့် အစားထိုးကုသမှုနောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများစွာကို လျှော့ချပေးနိုင်ခြင်း စသည့် အရေးပါသော အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
Mascots Laboratory Referral Centreမှ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများအပြင် အခြားသော သွေးစစ်ဆေးမှုများစွာကိုလည်း စင်ကာပူနိုင်ငံရှိ ကမ္ဘာ့အဆင့်မီဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပေးနေပါပြီ။ သွေးစစ်ဆေးခြင်း ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ )၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - Block(3)၊ Unit 5၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🩺ရင်သားကျန်းမာရေးစစ်ဆေးမှုများ နှစ်စဉ်ပုံမှန်ပြုလုပ်ပါက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ🩺       ယခုအောက်တိုဘာလဟာ Breast ...
25/10/2025

🩺ရင်သားကျန်းမာရေးစစ်ဆေးမှုများ နှစ်စဉ်ပုံမှန်ပြုလုပ်ပါက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ🩺
ယခုအောက်တိုဘာလဟာ Breast Cancer Awareness Monthဖြစ်တဲ့အတွက် ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ သိကောင်းစရာအချို့ကို ဝေမျှပေးချင်ပါတယ်။ နှစ်စဉ်တိုင်းမှာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးအများစုနှင့် အမျိုးသားအချို့ဟာ ရင်သားကင်ဆာရောဂါကြောင့် အသက်ဆုံးရှူံးရခြင်းများ ဖြစ်ပွါးလျက်ရှိပါတယ်။ သို့သော် ရင်သားကျန်းမာရေးစစ်ဆေးမှုများကို နှစ်စဉ်ပုံမှန်ပြုလုပ်ပါက ရင်သားကင်ဆာကို အချိန်မီသိရှိနိုင်ကာ သက်သာပျောက်ကင်းသည်အထိ ကုသနိုင်ပါတယ်။
🌟ရင်သားကျန်းမာရေး နှစ်စဉ်ပုံမှန်စစ်ဆေးခြင်း၏ အကျိုးကျေးဇူးများ🌟
✅ရင်သားကင်ဆာဖြစ်ပွါးနေခြင်းရှိ၊မရှိကို စောစီးစွာ ကြိုတင်သိရှိနိုင်ခြင်း
✅အချိန်မီသိရှိနိုင်တာကြောင့် ပိုမိုထိရောက် ကောင်းမွန်တဲ့ ကုသမှုများကို ရွေးချယ်ပြုလုပ်နိုင်ခြင်း
✅ကင်ဆာကို အစောပိုင်းအဆင့်တွင် ကုသခြင်းဖြင့် စရိတ်သက်သာပြီး ဝေဒနာပြင်းထန်မှု လျော့နည်းနိုင်ခြင်း
✅နှစ်စဉ်ပုံမှန်စစ်ဆေးခြင်းကြောင့် ရင်သားကျန်းမာရေးအတွက် စိတ်ချရခြင်း၊ စောင့်ကြည့်ထိန်းသိမ်းနိုင်ခြင်း
အမျိုးသမီးများအတွက် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများရဲ့ ရင်သားကင်ဆာစစ်ဆေးမှု လမ်းညွှန်ချက်များကတော့ အသက်၄၀မှ ၄၄နှစ်အတွင်း ဆရာဝန်နှင့်တိုင်ပင်ကာ ရင်သားဓာတ်မှန်စစ်ဆေးခြင်းကို နှစ်စဉ်ပုံမှန် စတင်ပြုလုပ်သင့်ပြီး အသက်၄၅မှ ၅၄နှစ်အတွင်း ရင်သားဓာတ်မှန်စစ်ဆေးခြင်းကို နှစ်စဉ်ပုံမှန် မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ အသက်၅၅နှစ်နှင့်အထက် အမျိုးသမီးများကတော့ တစ်နှစ်လျှင်တစ်ကြိမ် (သို့) နှစ်နှစ်လျှင်တစ်ကြိမ် ရင်သားဓာတ်မှန်စစ်ဆေးခြင်းကို ဆက်လက်ပြီးပြုလုပ်သင့်ပါတယ်။
မိသားစုမျိုးရိုးထဲတွင် ရင်သားကင်ဆာ ဖြစ်ပွါးဖူးခြင်း၊ ရင်ဘတ်ကို ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးခြင်း၊ BRCAမျိုးရိုးဗီဇချို့ယွင်းပြောင်းလဲမှုခြင်းစသော ရင်သားကင်ဆာဖြစ်ပွါးနိုင်ချေမြင့်မားနိုင်သည့် အမျိုးသမီးများကတော့ ရင်သားဓာတ်မှန်စစ်ဆေးမှုကို အသက် ၃၀နှစ်မှ စတင်ပြုလုပ်သင့်ပါတယ်။ ထို့ပြင် အမျိုးသားများသည်လည်း မိသားစုထဲတွင် ရင်သားကင်ဆာဖြစ်ပွါးဖူးသူများရှိပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကာ စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
ရင်သားကျန်းမာရေးအခြေအနေကို ကြိုတင်စစ်ဆေးသိရှိနိုင်ဖို့ Mascots Laboratory Referral Centre (Yangon)တွင် ရင်သားဓာတ်မှန် (Mammogram)စစ်ဆေးခြင်း ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ရက်ချိန်း ရယူလိုပါက အောက်ပါလိပ်စာနှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။

🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅



🪔သီတင်းကျွတ် ဆုမွန်ကောင်း🪔     ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ခ...
06/10/2025

🪔သီတင်းကျွတ် ဆုမွန်ကောင်း🪔
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ချစ်ခင်ရတဲ့ မိသားစုများနှင့်အတူ သာယာချမ်းမြေ့သော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Mascots Laboratory Referral Centreမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။


🩸သွေးမှတဆင့် ကင်ဆာရောဂါ မျိုးရိုးဗီဇချို့ယွင်းမှုများကို ရှာဖွေစစ်ဆေးနိုင်ပါပြီ🩸          ကင်ဆာရောဂါများကို ကုသရာတွင် ထိ...
01/10/2025

🩸သွေးမှတဆင့် ကင်ဆာရောဂါ မျိုးရိုးဗီဇချို့ယွင်းမှုများကို ရှာဖွေစစ်ဆေးနိုင်ပါပြီ🩸
ကင်ဆာရောဂါများကို ကုသရာတွင် ထိရောက်သော ကင်ဆာကုထုံးများကို ရွေးချယ်နိုင်ရန်အတွက် ကင်ဆာရောဂါနှင့် ဆက်စပ်သော မျိုးရိုးဗီဇချို့ယွင်းမှုများကို သွေးမှတဆင့် ရှာဖွေစစ်ဆေးမှု (Liquid Biopsy) ပြုလုပ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ Liquid Biopsy ဆိုတာကတော့ သာမန်အတိုင်း သွေးဖောက်စစ်ဆေးရုံဖြင့် သွေးကြောများအတွင်း စီးဆင်းလျက်ရှိသော ctDNA ဟု ခေါ်သော ကင်ဆာဆဲလ်များမှ ထုတ်လွှတ်လိုက်သည့် DNAများကို စစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါမျိုးရိုးဗီဇ ချို့ယွင်းမှု ရှိ၊မရှိ စစ်ဆေးနိုင်သော နည်းပညာတစ်ခု ဖြစ်ပါတယ်။

🤔Liquid Biopsy စစ်ဆေးခြင်းဖြင့် ဘာတွေသိရှိနိုင်မလဲ🤔
Liquid Biopsy သည် ကင်ဆာမျိုးရိုးဗီဇ ချို့ယွင်ပြောင်းလဲမှုများ (Gene Mutation)၊ မတူညီသော မျိုးရိုးဗီဇများ လွဲမှားပေါင်းစည်း လာသောကြောင့် ထွက်ပေါ်လာသော မျိုးရိုးဗီဇများ (Gene Fusion)၊ DNA ပေါင်းစည်းပြုပြင်ခြင်း ချို့ယွင်းမှု (DNA mismatch repair)ကြောင့် ဖြစ်ပေါ်လာသော မျိုးရိုးဗီဇ ပုံသဏ္ဍာန်မတည်ငြိမ်မှု (Microsatellite instability)များကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။

🤔Liquid Biopsy ရဲ့ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ🤔
🌟ကျန်းမာနေသူများတွင် နောင်အခါ ကင်ဆာရောဂါဖြစ်နိုင်ချေ ရှိ၊မရှိကို ကြိုတင်စစ်ဆေးသိရှိနိုင်ခြင်း
🌟မျိုးရိုးလိုက်တတ်သောကင်ဆာများအတွက် မိသားစုတွင်မည်သူက ကင်ဆာဖြစ်ပွါးနိုင်ချေ ပိုပြီးမြင့်မားနေခြင်း ရှိ၊မရှိကို ကြိုတင်စစ်ဆေးသိရှိနိုင်ခြင်း
🌟ကင်ဆာရောဂါဖြစ်ပွါးနေမှုကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်း
🌟လူနာတစ်ဦးချင်းစီ၏ ရောဂါအခြေအနေအလိုက် တိကျမှန်ကန်သော ဆေးဝါးများကို အသုံးပြုပြီး ကုသနိုင်ခြင်း
🌟ကုသမှုအပေါ် တုံ့ပြန်မှုကောင်း၊မကောင်း ဘေးထွက်ဆိုးကျိုးရှိ၊မရှိ စောင့်ကြည့်စစ်ဆေးနိုင်ခြင်း
🌟ကုသမှုအလုံးစုံပြုလုပ်ပြီးထားသောလူနာများတွင် ကင်ဆာရောဂါထပ်မံဖြစ်ပွါးနေခြင်း ရှိ၊မရှိကို စောင့်ကြည့်စစ်ဆေးနိုင်ခြင်း
🌟သွေးမှတဆင့် စစ်ဆေးရခြင်းကြောင့် လွယ်ကူစွာ စစ်ဆေးနိုင်ခြင်း
🌟အသားစထုတ်ယူရန် မလွယ်ကူသည့် ကင်ဆာများနှင့် ထပ်မံစစ်ဆေးရန် အသားစမလုံလောက်သော အခြေအနေများတွင် ကင်ဆာအမျိုးအစားကို သိရှိနိုင်ခြင်းနှင့် ကင်ဆာကုထုံးရွေးချယ်ရန် အထောက်အကူပြုခြင်းစတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။

⏳Liquid Biopsyစစ်ဆေးရင် အချိန်ဘယ်လောက် ကြာနိုင်မလဲ⏳
စစ်ဆေးမှုအချိန် ၂ပတ်မှ ၃ပတ်ဝန်းကျင်အထိ ကြာနိုင်ပါတယ်။
ကင်ဆာရောဂါများအား သွေးဖောက်စစ်ဆေးရုံမျှဖြင့် ရှာဖွေဖော်ထုတ်ကုသနိုင်ပြီဖြစ်ပြီး Mascots Laboratory Referral Centreမှ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများရှိ အဆင့်မြင့်ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - အမှတ် B-30, ပတ္တမြားအိမ်ရာ၊ ၇၃လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄


🤔ကျောက်ကပ်အစားထိုးပြီးနောက် ခရီးသွားလို့ရသလား🤔       ကျောက်ကပ်အစားထိုးလူနာများဟာ အောင်မြင်တဲ့ကျောက်ကပ်အစားထိုးကုသမှု ပြု...
27/09/2025

🤔ကျောက်ကပ်အစားထိုးပြီးနောက် ခရီးသွားလို့ရသလား🤔
ကျောက်ကပ်အစားထိုးလူနာများဟာ အောင်မြင်တဲ့ကျောက်ကပ်အစားထိုးကုသမှု ပြုလုပ်ပြီးနောက် ခရီးသွားလာဖို့အတွက် စီစဉ်တဲ့အခါ မိမိတို့ရဲ့ ကျန်းမာရေးအတွက် လုံခြုံစွာ ခရီးသွားနိုင်ဖို့ အောက်ပါ အရေးကြီးအချက်တွေကို သိရှိထားဖို့လိုပါတယ်။
👨‍⚕️ခရီးမထွက်ခင် အထူးသဖြင့် ခရီးရှည်များ၊ နိုင်ငံခြားခရီးစဉ်များအတွက် ဆရာဝန်နှင့် ဦးစွာဆွေးနွေးတိုင်ပင်ကာ ကျန်းမာရေးအခြေအနေကို စစ်ဆေးပါ။
💊မိမိသောက်နေရသောဆေးဝါးများကို ခရီးစဉ်အတွက် လုံလောက်စွာ ပြင်ဆင်ပြီး သယ်ရလွယ်တဲ့အိတ်ထဲတွင်ထည့်ပါ။
📝ဆေးသောက်ရမည့်အချိန်ဇယားနှင့်အတူ ဆရာဝန်လက်မှတ်ပါတဲ့ ဆေးညွှန်းစာရွက်ပါယူဆောင်သွားပါ။
💧ရေဓာတ်ပြည့်ဝနေရန် လိုအပ်သဖြင့် (အထူးသဖြင့် အပူပိုင်းဒေသများသို့) ခရီးသွားပါက ရေများများသောက်ပါ။
🧼ခရီးသွားလာစဉ် ကူးစက်ရောဂါပိုးများမှ ကာကွယ်ရန် လက်ကိုပုံမှန်ဆေးခြင်း၊ လက်သန့်ဆေးရည်သုံးခြင်း၊ maskတပ်ခြင်း၊ လူထူထပ်သောနေရာများကို ရှောင်ရှားခြင်းများ ပြုလုပ်ပါ။
🏥မိမိတည်းခိုနေထိုင်မည့်နေရာတစ်ဝိုက်တွင် ဆေးရုံဆေးခန်းများရှိ၊မရှိ ကြိုတင်ရှာဖွေထားပါ။
📇 ကျန်းမာရေး အရေးပေါ်ကိစ္စများအတွက် ဆရာဝန်များနှင့် အဆင်ပြေစွာ ဆက်သွယ်နိုင်အောင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ မှတ်သားထားပါ။
🛌ခရီးစဉ်တစ်လျှောက် ပြင်းထန်သော လှုပ်ရှားမှုများကို ရှောင်ရှားပြီး ကောင်းစွာ အနားယူပါ။
🛡️ကျောက်ကပ်အစားထိုးခြင်းနှင့် ပတ်သက်တဲ့ ကျန်းမာရေးပြဿနာများအတွက် အာမခံထောက်ပံ့မှုရှိတဲ့ ခရီးသွားအာမခံများကို ရယူပါ။
ဖော်ပြထားတဲ့နည်းလမ်းတွေကို သေသေချာချာပြင်ဆင်ထားပါက ကျောက်ကပ်အစားထိုးကုသပြီးနောက် လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ပါပြီ။
ဆီးနှင့်ကျောက်ကပ်ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်လိုခြင်း၊ သွေးတွင်းရှိ ကိုယ်ခံအားလျော့ဆေးပမာဏများနှင့် ကျောက်ကပ်လုပ်ဆောင်မှုများကို သိရှိနိုင်ရန် ပုံမှန်သွေးစစ်ဆေးခြင်းများအတွက် ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ)၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - အမှတ် B-30, ပတ္တမြားအိမ်ရာ၊ ၇၃လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




🤔ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)ဆိုတာ ဘာလဲ🤔      ပြန်ရည်ကျိတ်ကင်ဆာဟာ ခန္ဓာကိုယ်တွင် ပိုးမွှားများကို တိုက်ထုတ်တဲ့ခုခံအားစနစ...
20/09/2025

🤔ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma)ဆိုတာ ဘာလဲ🤔
ပြန်ရည်ကျိတ်ကင်ဆာဟာ ခန္ဓာကိုယ်တွင် ပိုးမွှားများကို တိုက်ထုတ်တဲ့ခုခံအားစနစ်ဖြစ်သည့် ပြန်ရည်ကြောများ ဖြစ်ပွါးသော ကင်ဆာအမျိုးအစားဖြစ်ပြီး Lymphocytesဟုခေါ်သော သွေးဖြူဥများ ထိန်းချုပ်မှုမရှိဘဲ ပွါးများလာကာ ပြန်ရည်ကျိတ်များ ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းကြီးထွားလာခြင်းဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ကင်ဆာကို အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားနိုင်ပြီး Hodgkin lymphoma (HL)နှင့် Non-Hodgkin lymphoma (NHL)တို့ဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ကင်ဆာ ပိုမိုဖြစ်ပွါးနိုင်စေသောအချက်များမှာ ကိုယ်ခံအားစနစ်အားနည်းခြင်း၊ Epstein Barr virus (EBV)ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ ကူးစက်ခြင်း၊ အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့ဖူးခြင်း၊ မိသားစုဝင်များတွင် ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ပွါးဖူးခြင်းစသည်တို့ဖြစ်ပါတယ်။
⚠️ပြန်ရည်ကျိတ်ကင်ဆာတွင် အတွေ့များသော ရောဂါလက္ခဏာများ⚠️
❗️လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့တွင် နာကျင်မှုမရှိဘဲ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
❗️ကြာရှည်စွာ ဖျားခြင်း
❗️ညဘက် ချွေးထွက်များခြင်း
❗️အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျဆင်းခြင်း
❗️မောပန်းပင်ပန်းလွယ်ခြင်း
❗️အသားအရေများ အလွန်အမင်းယားယံခြင်း
ဖော်ပြပါရောဂါလက္ခဏာများ ခံစားရပါက ဦးစွာ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သွေးစစ်ဆေးမှုများ၊ CT, MRI, PET Scanတို့ကဲ့သို့ ပုံရိပ်ဖော်ဓာတ်မှန်စစ်ဆေးခြင်း၊ ပြန်ရည်ကျိတ်မှ အသားစယူစစ်ဆေးခြင်း(Lymph Node Biopsy)၊ ရိုးတွင်းချဉ်ဆီ စစ်ဆေးခြင်း (Bone Marrow Biopsy)စသည်တို့ကို ပြုလုပ်ကာ ရောဂါဖြစ်ပွါးနေခြင်းရှိ၊မရှိကို စစ်ဆေးသိရှိနိုင်ပါတယ်။ ထို့အပြင် ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားနှင့် ရောဂါအဆင့်ကို သိရှိနိုင်ပြီး တိကျမှန်ကန်ထိရောက်တဲ့ ကုထုံးများကို ရွေးချယ်နိုင်ပါတယ်။
ပြန်ရည်ကျိတ်ကင်ဆာအများစုဟာ စောစီးစွာရှာဖွေတွေ့ရှိပါက ရောဂါကိုမပျံ့နှံ့အောင် ထိန်းချုပ်နိုင်သည့်အပြင် ပျောက်ကင်းသည်အထိ ကောင်းမွန်စွာ ကုသနိုင်ပါတယ်။ ကုသမှုနည်းလမ်းများမှာ ကင်ဆာဆေးသွင်းကုသမှု (chemotherapy)၊ ဓာတ်ရောင်ခြည်ကုသမှု (radiation therapy), immunotherapy ကုသမှု, ပစ်မှတ်ထားကုသမှု (targeted therapy)နှင့် ပင်မဆဲလ်အစားထိုးကုသမှု (stem cell transplant) စသည်တို့ ဖြစ်ပါတယ်။
ပြန်ရည်ကျိတ်ကင်ဆာနှင့်ပတ်သက်ပြီး အသားစစစ်ဆေးခြင်း (Biopsy)၊ ရိုးတွင်းချဉ်ဆီ စစ်ဆေးခြင်း (Bone Marrow Biopsy)များအတွက် ကျွန်ုပ်တို့ Mascots Laboratory Referral Centreမှ စင်ကာပူနိုင်ငံရှိ အဆင့်မြင့်ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးပေးနေပြီဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုခြင်းနှင့် စစ်ဆေးနိုင်ရန် စုံစမ်းလိုပါက အောက်ပါလိပ်စာများနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏥 ရန်ကုန်ရုံး - အမှတ် (၂၄/ ၁စီ) ၊ နဝရတ်ကွန်ဒို၊ စမုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၂၉၉၉၉၂၊ ၀၉-၉၇၇၅၉၉၉၉၅
🏥 မန္တလေးရုံး - အမှတ် B-30, ပတ္တမြားအိမ်ရာ၊ ၇၃လမ်း၊ ၁၁၁လမ်းနှင့် ၁၁၂လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ဖုန်းနံပါတ်များ - ၀၉-၉၇၇၄၉၉၉၉၄၊ ၀၉-၉၇၇၄၃၃၃၃၄




Address

No. 24(1-C) , Nawarat Condo , Samone Street
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+95943099995

Website

Alerts

Be the first to know and let us send you an email when Mascots Laboratory Referral Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mascots Laboratory Referral Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

Our Story

Mascots Medical & Laboratory Centre သည် ပြီးပြည့်စုံသော ဝန်ဆောင်မှုများဖြင့် လူကြီးမင်းတို့၏ ကျန်းမာရေးကို တာဝန်ယူဆောင်ရွက်ပေးနေပါသည်။


  • အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသမှုခံယူနိုင်ခြင်း

  • မိသားစုကျန်းမာရေးစောင့်ရှောက်မှုဆရာဝန်နှင့် ဆွေးနွေးကုသမှုခံယူနိုင်ခြင်း

  • ကင်ဆာဆေးသွင်းကုသနိုင်ခြင်း