Tarot Nann OoWai

Tarot Nann OoWai Tarot 3 Questions - 5000Ks(15min)
Dream Reading-5000ks(15min)
Tarot + Human Design + other Q & A - 10000ks(Need to book before 1day )

ယ​နေ့ ၂၆.၁.၂၀၂၅ အတွက် အဘိဇိ စတင်ချိန် နဲ့ ပြီးဆုံးချိန်ပါ ၄င်းချိန်အတွင်း လာဘ်ပွင့်ဂါထာရွတ်တာ မင်္ဂလာရှိသောအရာတို့ကို စတ...
26/01/2025

ယ​နေ့ ၂၆.၁.၂၀၂၅ အတွက် အဘိဇိ စတင်ချိန် နဲ့ ပြီးဆုံးချိန်ပါ ၄င်းချိန်အတွင်း လာဘ်ပွင့်ဂါထာရွတ်တာ မင်္ဂလာရှိသောအရာတို့ကို စတင် လုပ်ဆောင်တာတို့ သင့်တော်ပါတယ်

page မှာ မရှိခဲ့ရင်လဲ tiktok acc မှာ ဆက်သွယ်လို့ရပါတယ်နော်
25/01/2025

page မှာ မရှိခဲ့ရင်လဲ tiktok acc မှာ ဆက်သွယ်လို့ရပါတယ်နော်

5620 Followers, 30 Following, 28.8k Likes - Watch awesome short videos created by 🔮Tarot NannOoWai🔮

အရင် ကံကြမ္မာရေးရာအဖြေရှာဆိုတဲ့ page အဟောင်းလေးက messenger ဝင်မရတော့လို့ page အသစ်ဖွင့်ထားတာပါ မိတ်ဆွေများ ကိစ္စကြီးငယ်ရ...
25/01/2025

အရင် ကံကြမ္မာရေးရာအဖြေရှာဆိုတဲ့ page အဟောင်းလေးက messenger ဝင်မရတော့လို့ page အသစ်ဖွင့်ထားတာပါ မိတ်ဆွေများ ကိစ္စကြီးငယ်ရှိရင် ဒီ page မှာ ဆက်သွယ်နိုင်ပါတယ်နော်

Follow ပေးကြတဲ့မိတ်ဆွေများလဲအသက်ရှူတိုင်းငွေဝင်ကြပါစေ🥰

https://www.facebook.com/share/1Xc4nrg9S8/

 #အောင်မဲညိုနဲ့ဆုတောင်းဒီပန်းလေးကို အောင်မဲညို လို့လူသိများကြပါတယ်...။နာမည်နောက်တစ်မျိုးကတော့ အပရာဇိတပန်း လို့ခေါ်ပါတယ် ...
25/01/2025

#အောင်မဲညိုနဲ့ဆုတောင်း

ဒီပန်းလေးကို အောင်မဲညို လို့လူသိများကြပါတယ်...။
နာမည်နောက်တစ်မျိုးကတော့ အပရာဇိတပန်း လို့ခေါ်ပါတယ် တော်တော်များများသိကြမယ် မထင်ပါဘူး။အခုနောက်ပိုင်း လူသုံးကုန်ပစ္စည်းတွေမှာ တော်တော်အသုံးများလာပါပြီ။
အပရာဇိတပန်းကို အစိုရရင် ဘုရားမှာ ပန်းအဖြစ်လှူပါ မရခဲ့ရင် ပန်းခြောက်လေးတွေကို ရေနွေးဖြူထဲထည့် ရေနွေးအဖြစ်ကပ်လှူပါ။ပြီးရင် မြောက်အရပ်ကို မျက်နှာမူ လိုသောဆုကိုတောင်းရင် ပြည့်ဝစေပါတယ်၊ဆုတောင်းနေချိန်မှာ ဖိနပ်မစီးရပါ ကြမ်းပြင် မြေကြီးပေါ်မှာ ဖဝါးချထားရပါတယ်။
မြောက်အရပ်မျက်နှာမူ ဆုတောင်းလို့ရပါတယ်။
အကြိမ်ရေ ကန့်သတ်မထားပါဘူး ကိုယ့်ဆုတောင်းလေး ပြည့်တော့မယ်လို့ မြင်ယောင်လာတဲ့အထိတောင်းလို့ရပါတယ်...။
ကောင်းသောဆုများ ပြည့်ဝကြပါစေ.....။



၂၀၂၅ခုနှစ်ဟာပေါင်းခြင်းကိုးဂဏန်းရတဲ့နှစ်ဖြစ်တဲ့အပြင်ကျွန်မအတွက် အခြားကိုးနဝင်းကိုက်ဂဏန်းတွေတိုက်ဆိုင်တာတွေဒီနှစ်ထဲရှိလို...
25/01/2025

၂၀၂၅ခုနှစ်ဟာပေါင်းခြင်းကိုးဂဏန်းရတဲ့နှစ်ဖြစ်တဲ့အပြင်ကျွန်မအတွက် အခြားကိုးနဝင်းကိုက်ဂဏန်းတွေတိုက်ဆိုင်တာတွေဒီနှစ်ထဲရှိလို့ ကိုးနဝင်း အဓိဋ္ဌာန် မနက်ဖြန်စဝင်ပါမယ် စိတ်ဝင်စားတဲ့သူတွေလဲဝင်လို့ရအောင်ထပ်ဆင့်ကူးယူဓမ္မဒါနအဖြစ်မျှဝေပါတယ်နော်

ကိုးနဝင်း မိုးလင်းမှသိမယ်ဆိုတာ ဒီလိုပါ🙏
(လိုရာဆုတောင်းပြည့်အောင် ကိုးနဝင်းအဓိဌာန်ဖြင့် ပုတီးစိပ်နည်း)

ကိုးနဝင်း မိုးလင်းမှသိမယ်ဆိုတာ
သူ့အစွမ်းက ကြောက်စရာကောင်းလောက်အောင်အစွမ်းထက်တယ်။

လူဆိုတာ အခက်အခဲ ပြသနာတွေကြုံရင်
ညဘက်အိပ်မပျော်တော့ဘူး။
ကိုးနဝင်းပုတီးစိပ်သူကျတော့ ပြသနာတွေဘယ်လိုပဲကြုံကြုံ
စိတ်ချလက်ချသာအိပ်လိုက်။
မနက်ကျရင် အားလုံးပြေလည်လိမ့်မယ်။
ကိုးနဝင်းအစွမ်း မနက်မိုးလင်းမှပြမယ်။
အဲဒီသဘောကိုဆိုလိုတယ်။

ကိုးနဝင်းကို သာမန်ပုတီးစိတ်နိုင်ရင်တောင်
ငွေကြေးကိစ္စ၊ ပညာရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စ
အချုပ်အနှောင် အမှုအခင်းကိစ္စ၊ စီးပွားရေးကိစ္စအားလုံးအောင်မြင်ကျော်လွှားနိုင်တယ်။

*** *** ***

လိုရာဆုတောင်းပြည့်အောင် ကိုးနဝင်းအဓိဌာန်ဖြင့် ပုတီးစိပ်နည်း

- ကိုးနဝင်းစဝင်တာ တနင်္လာနေ့မှာ စဝင်ရပါမယ်။
ဒီအချက်ကတော့မခက်ပါဘူး။

- ဘုရားရှေ့တွင် သီလခံယူပြီး ကိုးနဝင်း အဓိဌာန်ဝင်ပါ။
လိုသောဆု တစ်ခုတည်းသာတောင်းပါ။
အဓိဌာန်ပျက်လျှင် နောက်တစ်ခေါက် တနင်္လာတွင် ပြန်ဝင်ရမည်။

- ပုတီးစိပ်ရာတွင် ကိုယ်နှင့် အဝတ်အစားသန့်ရှင်းစင်ကြယ်ရမည်။
ကိုယ်နံ့၊ ခံတွင်းနံ့ မနံစော်နေစေရ။

- ပုတီးစိပ်သောအခါ သာမန် ပါးစပ်မှ ဂုဏ်တော်ရွတ်နေရုံမဟုတ်ဘဲ
ဂုဏ်တော်၏ အနက်အဓိပ္ပာယ်ကို ဆင်ခြင်ပွားများကြည်ညိုနေရမည်။
အာရုံထဲတွင် ဘုရားရှင်၏ ပုံတော်ကိုမြင်ယောင်ပြီး ဂုဏ်တော်အနက်ကို
ဆင်ခြင်ပွားများနေရမည်။ ဤအချက်သည်ကား သာမန်လူများမလုပ်နိုင်ပေ။
လုပ်နိုင်ပါက လိုရာဆုတောင်းပြည့်ပေမည်။

- (၉ရက်မှာ အစိမ်းရောင်ခြယ်ထားတဲ့အကွက်ကနေ့တွေကသတ်သတ်လွတ်စားရမှာပါ)
သတ်သတ်လွတ်စားမည့်နေ့တွင် ဆိုင်စာများသတိထားဆင်ခြင်ရမည်။
သတ်သတ်လွတ်ဟုမှာသော်လည်း အကြော်ဆရာများမှာ လုပ်ချင်တာလုပ်တတ်ကြသည်။
ပုစွန်ခြောက်၊ ငံပြာရည်၊ နွားနို့၊ ပျားရည် စသည်တို့သည် သတ်သတ်လွတ်
အစာများဟု မဆိုနိုင်သောကြောင့် အိမ်တွင်သာ စနစ်တကျစီမံ စားသောက်ပါ။

*** *** ***

ဘုရားဂုဏ်တော်ကို ဆင်ခြင်ပွားများရာမှာ အနက်သိဖို့လိုတယ်။
အဲဒါကြောင့် အနက်ကို ဆက်ဖော်ပြပေးလိုက်ပါတယ်။

အရဟံ - ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။

အရပာံ - ပူဇော်ထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။

အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။

သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။

၀ိဇ်ဇာစရဏသမ်ဗန်နော - အသိဉာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။

သုဂတော - ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား။

လောကဝိဒူ - လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။

အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

သတ္တာဒေ၀မနုဿာနံ - လူ,နတ်,ဗြဟ္မာသတ္တဝါ အားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။

ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။

ဘဂဝါ- ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

https://play.google.com/store/apps/details?id=kyawthiha.com.koenawinn

Photo စာ credit ပါ

ဒီရက်ပိုင်း ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ နေထိုင်မကောင်းဖြစ်ခဲ့ပါလျှင် ဒီသူတော်စင်မဟိန္ဒရာဘိုးဘိုးထံတွင် ပျားရည် သို...
25/01/2025

ဒီရက်ပိုင်း ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ နေထိုင်မကောင်းဖြစ်ခဲ့ပါလျှင် ဒီသူတော်စင်မဟိန္ဒရာဘိုးဘိုးထံတွင် ပျားရည် သိုမဟုတ် စတုမဓူ ကပ်လှူ ၍ မိမိ သားသမီး မိဘ ဘိုးဘွား အမည်နေ့နာမ် ဖြစ်သည့်ဝေဒနါကို ကို ပြောပြ၍ ရောဂါပျောက်ကင်းပါစေရန် စောင့်ရှောက်ကုသပေးပါရန်တိုင်တည် ဆုတောင်းနိုင်ပါတယ်
ပုံတော်ကိုကူးယူ၍ထားနိုင်သလို နေရာအရပ်ရပ်ကဘိုးဘိုးရှိရာဓာတ်နန်းများရှိရာတွင်လဲလုပ်ဆောင်နိုင်ပါသည်
( မှတ်ချက်ဆုတောင်းအဓိဌာန်ပြုနေချိန်အတွင်းဝက်သား၊အမဲသားစားခြင်းကိုနေထိုင်မကောင်းသူကလေးငယ် နှင့်လူကြီး ရော ကိုယ်စားဆုတောင်းပေးသူရောရှောင်ပေးကြပါရန်)
Edit ကပ်လှူထားသော လှူဖွယ်တို့ကိုပြန်လည်စွန့်ရာတွင်လည်းကျန်းမာရေးကောင်းစေရန် ဆေးဝါးအဖြစ်အသုံးပြုရန်ပြန်လည်စွန့်ပါဘိုးဘိုးကြီးဟူ၍လျှောက်တင်ကာစွန့်၍ လူမမာများ ပြန်လည်သုံးစွဲနိုင်ပါတယ်

 #သံဗုဒ္ဓေဂါထာတော်အားဘာကြောင့်ရွတ်ပွားသင့်သလဲသံဗုဒ္ဓေ ဂါထာကို သီဟိုဠ်ခေတ်ရဟန်းတော်များစီရင်ရေးဖွဲ့ခဲ့ပြီး မြန်မာနိုင်ငံ ...
25/01/2025

#သံဗုဒ္ဓေဂါထာတော်အားဘာကြောင့်ရွတ်ပွားသင့်သလဲ

သံဗုဒ္ဓေ ဂါထာကို သီဟိုဠ်ခေတ်ရဟန်းတော်များစီရင်ရေးဖွဲ့ခဲ့ပြီး မြန်မာနိုင်ငံ မွာ သုဝဏဘူမိ သထုံခေတ်မှစ၍ ပူဇော်ရွတ်ပွားခဲ့ကြောင်း အဆို ရှိပါတယ် ။သထုံခေတ် အရှင်အရဟံမထေရ်ကြီးမှအစ အင်းဝခေတ် ဦးဥတ္တမကျော် ကုန်းဘောင်ခေတ် အဘဘိုးဘိုးအောင်တို့အလယ် ယနေ့ခေတ်ထွက်ရပ်ပေါက်ပြည်ရွှေဥမင်ဆရာတော်တို့အဆုံး ကျင့်ကြံပေါက်မြောက်ခဲ့ကြတဲ့ ဝိဇ္ဇာဓရ စာရင်းဝင် ဂါထာတော်ကြီးဖြစ်ပါတယ်။ ပွင့်တော်မူပြီးကြကုန်သော ၅သိန်း ၁သောင်း ၂ထောင် ၂ကျိပ်၈ဆူ ကုန်သော ဗုဒ္ဓဘုရားရှင်ကိုယ်တော်အပေါင်းကို အစထား၍ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြကုန်သော ဘုရားရှင်အနန္တကိုရှိခိုးပူဇော်သော ဂါထာတော်မြတ်ကြီးဖြစ်လို့ အစုံလင်အပြည့်ဝဆုံးဘုရားရှိခိုးဂါထာတော်ကြီးလည်းဖြစ်ပါတယ်။
အခု သံဗုဒ္ဓေ ဂါထာတော်ကြီးရဲ့ သင်္ချာ ပညတ်လျှို့ဝှက်ချက်ကိုရှင်းပြပါမယ်။
၅ သိန်းမှာပါတဲ့ ၅ ဂဏန်းဟာ ပထဝီ တေဇော အာပေါ ဝါယော အာကာသ ဆိုတဲ့ ဓာတ်ကြီးငါးပါးကိုကိုယ်စားပြုပါတယ်။ပထဝီဓာတ်မှ သောကြာ တေဇောဓာတ်မှ တနင်္ဂနွေ အင်္ဂါ အာပေါဓာတ်မှ တနင်္လာ ဝါယောဓာတ်မှ ဗုဒ္ဓဟူးစနေ အာကာသဓာတ်မှ ကြာသပတေးတို့ ပေါက်ပွားလာခြင်းကြောင့် ဓာတ် ၅ ပါးဟာ ဂြိုဟ် ၇ လုံးကိုအသီးသီးကိုယ်စားပြုပါတယ်။
၁သောင်း၂ထောင် မှာပါတဲ့ ၁၂ ဂဏန်းဟာ ရာသီ ၁၂ ခွင် ဘာဝ ၁၂ ပါးကိုကိုယ်စားပြုပါတယ်။
၂၈ ဂဏန်းဟာ အာသာဝတီအစေရဝတီအဆုံး ၂၇ လုံးသောနက္ခတ် နှင့် နက္ခတ်အကြီးအမှူးဖြစ်သော အဘိဇိ နက္ခတ် စုစုပေါင်းနက္ခတ် ၂၈ လုံးကိုကိုယ်စားပြုပါတယ်။
ထို့ကြောင့် သံဗုဒေ္ဓ ဂါထာတော်ကြီးကို ပူဇော်ပွားများခြင်းဖြင့်
ဓာတ်ကြီး ၅ ပါး
ဂြိုဟ်ကြီး ၇ လုံး
ရာသီ ၁၂ ခွင်
ဘာဝ. ၁၂ ပါး
နက္ခတ် ၂၈ လုံး တို့ဖောက်ပြန်မှုကြောင့်ဖြစ်သောအပြစ်များ စွမ်းအင်ရိုက်ခတ်မှုများ ဆိုးအားထကြွမှုများကို ကောင်းစွာပြုပြင်ကုစားနိုင်စွမ်းရှိသော ဂြိုဟ်ပြေနက္ခတ်ပြေရာသီပြေနဝင်းပြေ ဂါထာတော်ကြီးဖြစ်ပါကြောင်း။နေ့စဉ် သီလစောင့်ထိန်းပြီး ပုတီးတစ်ပတ်မှစ၍စွမ်းနိုင်သလောက် အာရုံမိမိစိပ်ပွားပါက ဓာတ်ခိုက်ပါဒ်ခိုက်နဝင်းခိုက်ရာသီခိုက်ဂြိုဟ်ခိုက်နက္ခတ်ခိုက်စသော စကြဝဠာစွမ်းအားစုများ၏ အညံ့အခိုက်များကိုကာကွယ်ကုစားနိုင်သောကြောင့် ဂြိုဟ်အားလုံးနီးပါးအသွားဖောက်သည် ယခုလိုအချိန်ကာလမှာ ရွတ်ဖတ်ပွားများသင့်ပါတယ်။

crd

Sayar Than Htike

25/01/2025

#စိန်ရတနာ 💎

စိန်သည်ကြွယ်ဝချမ်းသာ အောင်မြင်စေသောအထိမ်းအမှတ်ကျောက်မျက်ပစ္စည်းလဲဖြစ်သလို ချစ်ခြင်း၏ သင်္ကေတ ဟူ၍လဲ မှတ်ယူကြပါတယ် ဒါကြောင့် များသောအားဖြင့် လက်ထပ်လက်စွပ်တွေမှာ စိန်ကိုသုံးစွဲ ဝတ်ဆင်ကြပါတယ်
စိန်ကို ဝယ်ယူမယ်ဆိုရင်တော့အကောင်းဆုံးအချိန်က ဇန်နဝါရီလ ဖြစ်ပါတယ် ဇန်နဝါရီလမှာစိန်ဝယ်ယူဝတ်ဆင်ခြင်းဖြင့် ကံကောင်း လာဘ်ပွင့်စေ၍ ချမ်းသာခြင်း ထင်ပေါ်ကြော်ကြားခြင်းတို့ဖြစ်စေပါလိမ့်မယ် ထို့အပြင် စိန်သည်နည်းစနစ်မှန်စွာ ဝတ်ဆင်ပါက ပို၍ အကျိုးထူးကံကောင်းခြင်းကိုဖြစ်စေသောကြောင့် သေချာနည်းလမ်းတကျ ဝတ်သင့်တဲ့ ရတနာ တစ်ပါးလဲ ဖြစ်ပေသည်။ စိန်သည်လက်စွပ်အဖြစ် လက်ချောင်းတွင် ဝတ်ဆင်ပါက လက်ခလယ်တွင်သာ ဝတ်ဆင်လို့အကောင်းဆုံးဖြစ်သည် ။ လက်ထပ်လက်စွပ်မဟုတ်ပဲ လက်သူကြွယ် နှင် လက်ညိုးတွင်ဝတ်ပါက ကံဆိုး ၍မနာလိုသူ ရန်သူ ပေါတတ်သည်ဟု အယူရှိကြသည်။လက်သန်းတွင်ဝတ်ပါကလဲ ငွေမမြဲ အလုပ်ခက်ခဲ လာဘ်ပိတ်တတ်ပါတယ် ။
စိန်ကို လက်ဝတ်ရတနာ ပြုလုပ်ပါကလဲ စိန်အလုံးရေ မဂဏန်းသာ သုံးပါ စုံဂဏန်းသုံးလျှင် ကံညံတတ်ပါတယ် ။ စိန်ကို အခြားရတနာကျောက်များနှင့်တွဲဖက်စီခြယ် ဝတ်ဆင်နိုင်သောလဲ မဟူရာနှင့်တွဲဖက်မဝတ်သင့် ဝတ်သည့်လူခိုက်တတ်သည် ။ အခြားကျောက်အမျိုးအစားကို အလည်မှာထား ၍ စိန်ကိုခြံရံဝတ်ဆင်နိုင်သောလည်း စိန်ကို အလည်ထားပြီးအခြားကျောက်ခြံရံ မဝတ်ကောင်းပါ။ စိန်ကို သန့်စင်ရန် အချိန်ကောင်း ၅ချိန် ရှိပါတယ် ၄င်းအချိန်တို့မှာ 🌈
ဝတ်ဆင်သူပိုင်ရှင်မွေးနေ့ မနက် ၇နာရီမှ မနက်၉နာရီတွင်း
တနင်္ဂနွေ မနက် ၆:၀၀ မှ မနက် ၇:၀၀ တွင်း
တနင်္လာ မနက် ၇:၃၀ မှ မနက် ၉:၀၀
ဗုဒ္ဓဟူး မနက် ၇:၀၀ မှ မနက် မနက် ၉:၀၀
သောကြာ မနက် ၇:၃၀ မှ မနက် ၉:၀၀ နာရီ အတွင်းတို့မှာ ၄င်းရက်ထဲမှ လပြည့်ရက်နှင့် တိုက်ဆိုင်သည့် ရက်တစ်ရက်တွင် စိန်သိဒ္ဓိဖွင့်ပေးရပါမည်။ ယခုဖော်ပြပါရက်ထဲတွင်အင်္ဂါနေ့မပါသောလဲ အင်္ဂါသားသမီးများမှာ အင်္ဂါနေ့ မနက် ၇:၀၀ မှ ၉အတွင်းပြုနိုင်သည် ။ ပထမဆုံးသိဒ္ဓိဖွင့်ရာမှာ စိန်ကို သန့်စင်ရပါမယ် သန့်စင်ရာမှာ နွားနို့စိမ်းစစ်စစ် ဖြင့် ၂၁ ကြိမ်ဆေးကြောပေးရမည် ၄င်းနောက် တလျှော်ရည်ဖြင့် ၂၁ ကြိမ် ဆေးပေးပါ ပြီးနောက် ရိုးရိုးရေသန့်တွင် အမွေးနံသာရှိသောပန်းတို့ ဖြင့်တစ်ကြိမ် ရောဆေးကြော၍ စိန်ကို ကတီပါ အဝတ်စ အနီမှာ တင်ပါ ပြီးလျှင်စိန်နားမှာ အမွှေးတိုင် ၃ တိုင်ထွန်းညှိပေးပါ စိန် သိဒ္ဓိတက်၍ မိမိစိန်ကျောက် တန်ခိုးတောက်လာပါလိမ့်မည်

NannOoWai

 #သံပရာရေခွက်ကံနိမ့်နေတယ်လို့ ခံစားရယင် ဖြစ်စေ၊မိမိအိမ်၊ ရုံးမှာ အခိုက်ဓါတ်တွေများနေသူဖြစ်စေNegative Energy များကြုံတွေ့...
25/01/2025

#သံပရာရေခွက်

ကံနိမ့်နေတယ်လို့ ခံစားရယင် ဖြစ်စေ၊မိမိအိမ်၊ ရုံးမှာ အခိုက်ဓါတ်တွေများနေသူဖြစ်စေ
Negative Energy များကြုံတွေ့နေရသူများ အတွက်
ရှေးဟောင်း ဝါစတုသျှတ္တရ ပညာအရ၊
သံပုရာသီး တလုံးကို
ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲထည့်ပြီး
မိမိအိမ်၊ မိမိရုံးရဲ့ အဝင်ဝနားမှာ ထားလိုက်ပါ။
စနေ့နေ့တိုင်း ရေလဲပေးပါ။

သံပုရာသီးက ရေပေါ်တက်နေယင်
သင့်အိမ်မှာ ကောင်းမြတ်တဲ့ မင်္ဂလာ Positive Energy တွေရှိနေပါတယ်။
တကယ်လို့များ သံပုရာသီးဟာ အောက်ခြေဘက်ဆင်းနေယင် Negative Energy အမင်္ဂလာဓါတ်တွေ များလို့ သတိထားဘို့ ရှိနေပါတယ်တဲ့။

သံပုရာသီး ထည့်ထားပြီနောက်၊ ရေက အမြုပ်နှစ်တွေထွက်၊၊ မကြည်ပဲ နောက်လာယင် မကောင်းတဲ့ စွမ်းအင်တွေကို စတင်စုပ်ယူပေးနေပြီတဲ့။

လူဝင်လူထွက်များတဲ့ အိမ်တွေအတွက် အရေးကြီးတဲ့ အချက်တချက်ပါပဲ။

အထူးသဖြင့် အပူသည်တွေ စုစည်းတဲ့ နေရာဟာ
မိမိအလုပ်ခန်း ဖြစ်နေတတ်တဲ့..

- ဗေဒင်ဟောခန်း။
- ဆေးခန်း။
- စတဲ့ နေရာတွေကတော့ အထူးလိုအပ်ပါလိမ့်မယ်။

အရေးကြီးတာကတော့
ဖန်ခွက် အကြည်
ရေအကြည် ဖြစ်ပြီး
စနေနေ့တိုင်းမှာ ရေလဲပေးဘို့ပါပဲ။

သံပုရာသီး ပုပ်လာယင်လည်း လဲပစ်ပေးပါ။
ပလပ်စတစ်ခွက်နဲ့ မသုံးပဲ ဖန်ခွက်နဲ့ပဲ အသုံးပြုပေးပါ။
ဖန်ခွက်က မကောင်းတဲ့ စွမ်းအင်ကို ပြန်ကန်ထုတ်ပေးပါတယ်။

crd
ဆရာနျူမာန် (MOTAA)

Address

Thin GaHa Street
Dagon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959952120000

Website

Alerts

Be the first to know and let us send you an email when Tarot Nann OoWai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram