13/07/2022
အဖြေ တိုက်ရန်
အမေး - ဝိတ်လျှော့နေစဉ် ကော်ဖီသောက်လို့ရပါသလား?
အဖြေ - သောက်တဲ့ ကော်ဖီ အမျိုးအစားပေါ် အများကြီးမူတည်ပါတယ်။
1. ကော်ဖီကြမ်း တခွက် မှာ (သကြား နို့ဆီမပါ) - ကယ်လိုရီ ၁၀ တောင် မပြည့်ပါဘူး။ ဒါဆိုရင်တော့ သောက်လို့ရပါတယ်။
2. သောက်တာ အားမပေးပေမယ့် အများ သောက်နေကြတဲ့ 3 in 1 ကတော့ တစ်ထုပ်ကို ကယ်လိုရီ ၈၀-၁၅၀ အထိ ပါတတ်ကြပါတယ်။
3. ဆိုင်ထိုင်သောက်ကြတဲ့ ကော်ဖီတွေကတော့ အမျိုးအစား ပေါ်မူတည်ပြီး ကယ်လိုရီ ၂၅၀-၄၅၀ အထိ ရှိနိုင်ပါတယ်။
4. အကယ်၍ ကော်ဖီကြမ်း ကို ခါးလွန်းလို့ မသောက် နိုင်ရင် အဆီထုတ်နို့ နှင့် ဖျော်ပြီး သကြား (မထည့်ရင် ပိုကောင်းပါသည်) လက်ဖက်စားဇွန်း ဇွန်း တဝက် လောက် ထည့်ပြီး ဖျော်ရင်တော့ ကယ်လိုရီ ၆၀ ပတ်ခြာလည် ရှိနိုင်ပါတယ်။
(၁), (၄) ဖျော် သောက်နည်း ကို တော့ ကျန်းမာရေးအတွက် သင့်တော်လို့ ပိုပြီး အားပေးပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်