Mudra Pre-School

Mudra Pre-School မိမိ၏ အသည်းကျော် ရင်သွေးငယ်များအား
လုံခြုံ စိတ်ချရသော ပတ်ဝန်းကျင်နှင့်
ချစ်ခင်ကြင်နာမှု အပြည့်ပေးနိုင်သော ဆရာမများ
ရှိရာ MUDRA KID's ZONE သို့ လာအပ်ပါရှင့်😍

28/12/2025

တယ်လီဂရမ်ရဲ့ သားကောင်မိန်းမပျိုများ

၂၄.၅.၂၀၂၅

အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ မို့မို့ (အမည်လွှဲ) အတွက်တော့ သူမရဲ့ အနာဂတ်နဲ့ ကျောင်းပညာရေးဟာ တယ်လီဂရမ်ချန်နယ်တစ်ခုရဲ့ VIP ဝင်ကြေးရဖို့အတွက် "ရောင်းကုန်" တစ်ခုလို အသုံးချခံလိုက်ရပါတယ်။

အဖွဲ့ဝင် လေးသောင်းကျော်ရှိတဲ့ "Ultra Nub" ဆိုတဲ့ တယ်လီဂရမ်ချန်နယ်မှာ မို့မို့ရဲ့ ချစ်သူဟောင်းက သူတို့နှစ်ဦးရဲ့ ရုပ်သံဖိုင်တင်ရုံတင်မကဘဲ မို့မို့ရဲ့ ကျောင်းသူဘဝဓာတ်ပုံ၊ ဖေ့ဘွတ်ခ်အကောင့်နဲ့ နေရပ်လိပ်စာတွေကိုပါ တွဲတင်ပြီး စနစ်တကျ ရောင်းစားခဲ့တာပါ။

မို့မို့တစ်ယောက် သူမရဲ့ဘဝ ဒစ်ဂျစ်တယ်ငရဲထဲ ရောက်သွားမှန်း သိလိုက်ရတာကတော့ သူငယ်ချင်းတွေရဲ့ သတင်းစကားကြောင့်ပါ။

“နင့်ပုံနဲ့ ဗီဒီယိုတွေ တယ်လီဂရမ်မှာ ပျံ့နေတယ်ဆိုပြီး Screenshot တွေနဲ့ လာပြကြမှ သိလိုက်တာ" လို့ မို့မို့က သူမရဲ့ ထိတ်လန့်စရာ အခိုက်အတန့်ကို ပြန်ပြောပြပါတယ်။

ဒီအကြောင်းကို မိဘတွေကို မပြောပြရဲခဲ့ပေမဲ့ တမြို့တည်းနေသူတွေကတဆင့် သတင်းက မိဘတွေဆီ ရောက်သွားခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ အရှက်သိက္ခာကို လူတကာက ဈေးဖြတ်နေကြပြီဆိုတာသိလိုက်ရတဲ့အချိန်မှာ ဖခင်ဖြစ်သူဟာ ဝမ်းနည်းရှက်ရွံ့လွန်းတာကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။

“ဖေဖေကတော့ သိသိချင်းမူးလဲသွားတယ်။ မေမေကတော့ ငိုလည်းငိုတယ်၊ သမီးကိုလည်း ရိုက်တယ်” လို့ မို့မို့က ဆိုပါတယ်။

မိဘတွေက သမီးဖြစ်သူရဲ့ သိက္ခာကို ကယ်တင်ဖို့ ချန်နယ်ပိုင်ရှင်ကို ကျပ် ၁၀ သိန်းပေးပြီး ရုပ်သံဖျက်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။အဆိုပါငွေကို KBZ Pay ကနေ လွှဲပေးခဲ့ပြီး ခြေရာခံဖို့ ကြိုးစားခဲ့ပေမဲ့ အကောင့်တွေဟာ တဆင့်ပြန်ဝယ်ယူထားတဲ့အကောင့်တွေဖြစ်နေတာကြောင့် ရှာဖွေဖို့ မတတ်နိုင်ခဲ့ပါဘူး။

ပထမဆုံးတင်ခဲ့တဲ့ချန်နယ်က ဖျက်ပေးခဲ့ပေမဲ့ တခြားချန်နယ်တွေက ကူးယူတင်ထားကြပြီဖြစ်လို့ ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်တော့ပါဘူး။

နောက်ဆုံးမှာတော့ မိဘတွေကအရှက်ရကာ မို့မို့ကို ကျောင်းထုတ်ပြီး တနယ်တကျေးသို့ ပြောင်းရွှေ့သွားခဲ့ကြသလို စိုးရိမ်ပူပန်မှုတွေကြောင့် ကျောင်းပညာရေးကိုလည်း ပုံမှန်အတိုင်း ဆက်မထားတော့ပါဘူး။

အခုဆို မို့မို့ဟာ သာမန်လူနေမှုဘဝ ပျောက်ဆုံးသွားခဲ့ရပြီး အပြင်ထွက်ဖို့တောင် မဝံ့ရဲတော့ပါဘူး။ အွန်လိုင်းကနေ စာသင်နေရတဲ့အခြေအနေမှာတောင် “ကင်မရာဖွင့်လိုက်ရင် ငါ့ကို သူတို့ သိနေမလား” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှင်သန်နေရတယ်လို့ သိရပါတယ်။

မို့မို့လိုပဲအလားတူပြဿနာ ကြုံနေရသူကတော့ အသက် ၂၂ နှစ်အရွယ် မဖြူဖြူ (အမည်လွှဲ) ပါ။ ဖြူဖြူရဲ့ ရည်းစားဟောင်းဖြစ်သူက သူတို့နှစ်ဦးရဲ့ ရုပ်သံကို အဖွဲ့ဝင် ၁၄၀၀၀၀ ဦးဝန်းကျင်ရှိတဲ့ Dark King Free ချန်နယ်မှာ ရောင်းစားခဲ့တာပါ။

အဲဒီလိုရောင်းစားခံရပြီးနောက်မှာ အကောင့်အတုနဲ့ အမျိုးသားတစ်ဦးက ဖြူဖြူနဲ့ သူမရဲ့ ရည်းစားဟောင်းတို့ရဲ့ရုပ်သံကို Messenger ကနေ ပေးပို့ပြီး စတင်ခြိမ်းခြောက်ခဲ့ပါတယ်။

“Video ပို့လာပြီး နင့် HD ကို ငါ့ကို လာရောင်းထားတယ်။ မတင်စေချင်ရင် ပိုက်ဆံလွှဲပေးရမယ်ပြောတယ်" လို့ ဖြူဖြူက ဆိုပါတယ်။

ဖြူဖြူက သူတောင်းတဲ့ပမာဏအတိုင်း ကျပ်ငွေ ၂ သိန်း ပေးခဲ့ပေမဲ့ ကျူးလွန်သူကရပ်မသွားဘဲ သူမကို အတူအိပ်ဖို့ပါ ထပ်မံအကြပ်ကိုင်လာပါတယ်။ဖြူဖြူကငြင်းဆန်တဲ့အခါ "အတူမအိပ်ချင်ရင် Video Call ကနေ လိင်မှုကိစ္စပြုလုပ်ပေးရမယ်" လို့ ဖိအားပေးပြန်ပါတယ်။

“ဗီဒီယိုတင်ခံရမှာ ကြောက်တာရော၊ မျက်နှာမပါစေရဘူးဆိုတာကြောင့်ပါ လိုက်လျောမိခဲ့တယ်” လို့ ဖြူဖြူက ဆိုပါတယ်။

ဒါပေမဲ့ ကျူးလွန်သူက နေ့စဉ်နီးပါး ထပ်မံတောင်းဆိုလာတာကြောင့် ဖြူဖြူက သည်းမခံနိုင်တော့ဘဲ ဆက်သွယ်မှုဖြတ်တောက်လိုက်တဲ့အခါမှာတော့ သူမရဲ့ မူလရုပ်သံတွေအပြင် Video Call မှတ်တမ်းတွေကိုပါတယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေပစ်ခဲ့ပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်တွေဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လက်စားချေမှုသက်သက်မဟုတ်တော့ဘဲ နည်းပညာကို အလွဲသုံးစားလုပ်ကာ အမျိုးသမီးတွေကို အကာအကွယ်မပေးနိုင်တဲ့ တရားစီရင်ရေး အခြေအနေပေါ် အခြေခံပြီး၊ သူတို့ရဲ့ ဘဝနဲ့ သိက္ခာကို အရင်းပြုကာ စနစ်တကျ လည်ပတ်နေတဲ့ အွန်လိုင်း ညစ်ညမ်းစီးပွားရေးယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက Facebook အသုံးပြုမှုကို ကန့်သတ်လာတာကြောင့် တယ်လီဂရမ်ကို အသုံးပြုမှုများပြားလာခဲ့ရာကနေ ဒီလို "ညစ်ညမ်းစီးပွားရေးယန္တရား" ကြီး အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ တယ်လီဂရမ်ဟာ နိုင်ငံခြားညစ်ညမ်းကားမျှဝေရာကနေ နောက်ပိုင်းမှာတော့ ရည်းစားဟောင်းကို လက်စားချေလိုသူတွေအသုံးချစရာနယ်ပယ်တစ်ခုဖြစ်လာပါတယ်။

ရုပ်သံပေးပို့သူတွေထဲမှာ အတူနေခဲ့ဖူးတဲ့ချစ်သူဟောင်းတွေက အများဆုံးဖြစ်ပြီး သူတို့နဲ့ ပြန်မတွဲချင်တဲ့အခါမှာ နာမည်ဖျက်ဖို့အတွက် အခုလိုလုပ်ဆောင်ကြတာပါ။

ဒီလုပ်ငန်းဟာ ငွေရလွယ်တဲ့ဈေးကွက်တစ်ခုဖြစ်လာတာနဲ့အမျှ ကျူးလွန်သူတွေဟာ နည်းလမ်းမျိုးစုံနဲ့ အမြတ်ထုတ်လာကြပါတယ်။

ရည်းစားဟောင်းတွေက လက်စားချေရုံတင်မကဘဲ တည်းခိုခန်းတွေမှာ ခိုးယူမှတ်တမ်းတင်တာ၊ ဖုန်းပြုပြင်သူတွေက ဖုန်းထဲက အချက်အလက်တွေကို ခိုးယူတာနဲ့ လူမှုကွန်ရက်အကောင့်တွေကို ဖောက်ထွင်းခိုးယူတာတွေအထိ လုပ်ဆောင်လာကြတာပါ။

ဒါတင်မကဘဲ အလုပ်ရှာဖွေနေတဲ့ အမျိုးသမီးတွေကို အေဂျင်စီဟန်ဆောင်ကာ Video Call ခေါ်ဆိုပြီး လိမ်လည်မှတ်တမ်းတင်တာတွေပါ ရှိလာပါတယ်။

အလုပ်ရှာဖွေနေသူ မြမြ (အမည်လွှဲ) ကတော့ Facebook က Group တွေမှာ အလုပ်လိုကြောင်း ပို့စ်တင်ခဲ့ရာမှ ခြိမ်းခြောက်ခံလိုက်ရတာပါ။

“အလုပ်လိုတဲ့ ပို့စ်တစ်ခုကို ဖေ့ဘွတ်ဂရုထဲ တင်လိုက်တာ။ နောက်တော့ အကောင့်တစ်ခုက လာဆက်သွယ်တယ်။ သူက အလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီကပါတဲ့။ အလုပ်ကိစ္စဖုန်းပြောချင်လို့ ကိုင်ပါဆိုလို့ ကိုင်လိုက်တဲ့အချိန် သူ့ရဲ့အင်္ဂါကို ကိုင်ထားတဲ့ပုံကြီးမြင်လိုက်ရတာပဲ" လို့ သူမရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

အဲဒီနောက် မြမြရဲ့ မျက်နှာပါတဲ့ Screenshot ကိုယူပြီး ငွေ ၅ သောင်းမပေးရင် ဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ငွေမပေးခဲ့တဲ့အတွက် အဆိုပါပုံကို ကျူးလွန်သူက ဖြန့်ဝေခဲ့ပါတယ်။

မြမြလိုကြုံတွေ့ခဲ့ရသူ ၁၀ ဦးထက်မနည်းရှိပြီး ဒီဖြစ်စဉ်ဟာ "ကျားဖြန့်" လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့လည်း သူမက သုံးသပ်ပါတယ်။

ပိုမိုဆိုးရွားလာတဲ့အချက်ကတော့ AI လို ခေတ်မီနည်းပညာနဲ့ လှည့်ကွက်တွေကို အသုံးချလာခြင်း ဖြစ်ပါတယ်။

ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်သံမရှိသူတွေကိုပင် AI နည်းပညာသုံးကာ ညစ်ညမ်းပုံတွေအဖြစ် ပြုပြင်ပြီး အသရေဖျက်ငွေညှစ်တာတွေရှိလာပါတယ်။

"နာမည်ကြီးတဲ့ မိန်းကလေးတွေကိုဆို AI နဲ့လုပ်ပြီး ဂရုတွေထဲတင်တာ၊ အဲဒီကောင်မလေးတွေရဲ့ ပို့စ်တွေအောက်မှာ AI နဲ့လုပ်ထားတာတွေကို Comment လိုက်ရေးတာတွေ လုပ်ကြတယ်" လို့ အမျိုးသမီးအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

လိင်မှုကိစ္စရုပ်သံတွေကို အခကြေးငွေနဲ့ ရောင်းချနေတဲ့ တယ်လီဂရမ်ချန်နယ်ပေါင်း ၃၀၀ ကျော်ရှိပြီး ၂၀၂၂ ခုနှစ်အစောပိုင်းကနေ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အမျိုးသမီး ၂၀၀၀ ကျော်ရဲ့ ရုပ်သံတွေ ဖော်ပြခံခဲ့ရတယ်လို့ နစ်နာသူတွေကို ကူညီပေးနေသူ ကိုဂျွန် (အမည်လွှဲ) က ပြောပါတယ်။

အလားတူ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရသူတွေကို ကူညီပေးနေတဲ့ Against S*xual Violence (ASV) အဖွဲ့ဝင်တွေ ကူညီဖြေရှင်းပေးခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၅၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
အဆိုးဆုံးကတော့ ဒီလုပ်ငန်းကြီးဟာ မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်ကလေးတွေကို အဓိကပစ်မှတ်ထားလာတာပါပဲ။

၂၀၂၅ ခုနှစ်အတွင်းမှာပဲ အသက်မပြည့်သေးတဲ့ကလေးငယ် ၂၀ ဦးကျော်ရဲ့ လိင်မှုကိစ္စ အမြတ်ထုတ်ခံရတဲ့ဖြစ်စဉ်တွေကိုကူညီပေးခဲ့ရတယ်လို့ ကိုဂျွန်က ဆိုပါတယ်။

"ဆယ်ကျော်သက်အရွယ်ဆိုတာ စူးစမ်းချင်စိတ်များတတ်တဲ့အရွယ်ပါ။ လိင်မုဆိုးတွေက ဒီမသိနားမလည်မှုကိုအခွင့်ကောင်းယူပြီး ရည်းစားဖြစ်အောင်ကြိုးစား၊ အတူနေဖို့ဖျားယောင်းပြီး ရရှိလာတဲ့မှတ်တမ်းတွေနဲ့ပဲ သူတို့အလိုကျထပ်ဆင့်အသုံးချဖို့ ခြိမ်းခြောက်တတ်ကြတယ်” လို့ အမျိုးသမီးအရေး ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

ဒီစီးပွားရေးပုံစံဟာ Facebook နဲ့ TikTok လို လူမှုကွန်ရက်တွေမှာ "အမြည်း" ပြ လူစုကာ တယ်လီဂရမ်ထဲကို ဆွဲခေါ်သွားတာပါ။

အဲဒီချန်နယ်တွေမှာ Free Channel နဲ့ VIP Channel ဆိုပြီး နှစ်မျိုးရှိပါတယ်။ Free Channel မှာ အပိုင်းအတိုလေးတွေပြပြီး ဆွဲဆောင်ကာ အပြည့်အစုံကြည့်ချင်ရင်တော့ ငွေပေးသွင်းခိုင်းတာပါ။

ချန်နယ်ပိုင်ရှင်တွေက သာမန်မိန်းကလေးတွေရဲ့ ရုပ်သံဆိုရင် ကျပ် ၅၀၀၀ ကနေ ၃၀၀၀၀ အတွင်း ဝယ်ယူလေ့ရှိပြီး နာမည်ကြီး ဆယ်လီတွေရဲ့ ရုပ်သံဆိုရင် ကျပ် ၁၀ သိန်းအထိ ပေါက်ဈေးရှိပါတယ်။
ရုပ်သံဝယ်ယူဖို့အတွက် ချန်နယ်ပိုင်ရှင်တွေဟာ ငွေအနည်းငယ်သာ စိုက်ထုတ်ရပေမဲ့ VIP ဝင်ကြေးတွေကနေတစ်ဆင့် များစွာသော အကျိုးအမြတ်ကို ပြန်လည်ညှစ်ထုတ်နေတာပါ။

ဒါတင်မကသေးဘဲ ကာယကံရှင်တွေက ရုပ်သံလာပြန်ဖျက်ခိုင်းတဲ့အခါမှာလည်း 'ဖျက်ခိုင်းခ' အဖြစ် ငွေကြေးထပ်မံတောင်းခံကာ နည်းလမ်းမျိုးစုံနဲ့ အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၁၃၀၀၀၀ ကျော်ရှိတဲ့ "Dark King Free" လို ချန်နယ်မျိုးမှာ အဖွဲ့ဝင်အားလုံးရဲ့ တစ်ဝက်ခန့်ကသာ VIP ဝင်ကြေး ကျပ် ၁ သောင်းစီ ပေးသွင်းကြတယ်ဆိုရင်တောင် ကျပ်သိန်းပေါင်း ၆,၀၀၀ ကျော် (ကျပ်သန်း ၆၀၀ ကျော်) အထိ အမြတ်အစွန်းရရှိနေတာဖြစ်ပါတယ်။

ဒီစက်ဝိုင်းကြီးအရှိန်မပျက်လည်ပတ်နေဖို့ အဓိကလောင်စာကတော့ ကြည့်ရှုသူတွေဆီက ရရှိတဲ့ ငွေကြေးပါပဲ။

“ကိုယ်ပေးလိုက်တဲ့ VIP ဝင်ကြေးက နောက်ထပ် အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီး ဖြစ်သွားတယ်” လို့ တယ်လီဂရမ်မှာ လိင်မှုကိစ္စပြုနေတဲ့ ရုပ်သံရောင်းစားခံခဲ့ရတဲ့ မနီနီက ဆိုပါတယ်။

ကိုယ်ကြည့်နေတဲ့ ဗီဒီယိုရဲ့ နောက်ကွယ်မှာ ကာယကံရှင် အမျိုးသမီးဟာ သတ်သေဖို့အထိ ကြိုးစားနေရတာမျိုး ဖြစ်နိုင်တာကြောင့်၊ ကြည့်ရှုသူဟာ ရာဇဝတ်မှုကို ဘေးကကြည့်နေသူ မဟုတ်တော့ဘဲ ဒီလုပ်ငန်းကြီး တိုးချဲ့နိုင်အောင် ငွေကြေးစိုက်ထုတ်ပေးနေတဲ့ ရှယ်ယာရှင်တစ်ယောက်လို ဖြစ်နေတယ်လို့ သူမက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရဆိုရင်တော့ ရွေးကောက်ပွဲကို ဝေဖန်တဲ့သူ ဒါမှမဟုတ် Facebook မှာ စာပြန် Share မိတဲ့သူတွေကိုတောင် မြို့အနှံ့မှာ လိုက်လံဖမ်းဆီးနေတာ တွေ့ရပါတယ်။

ဒီဇင်ဘာလအတွင်းမှာတင် ရွေးကောက်ပွဲကို နှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မအူပင်၊ တောင်ကြီး၊ ပြင်ဦးလွင်နဲ့ မုံရွာစတဲ့ မြို့တွေက ပြည်သူ ၁၁ ဦးကို အမှုဖွင့်ဖမ်းဆီးခဲ့တာပါ။

အွန်လိုင်းပေါ်က ဝေဖန်ရေးသားမှုတွေကိုတော့ ဖော်ထုတ်ဖမ်းဆီးပြနေပေမဲ့ တယ်လီဂရမ်ပေါ်မှာ အမျိုးသမီးတွေကို ဗြောင်ကျကျ ခြိမ်းခြောက်ငွေညှစ်ပြီး အကြပ်ကိုင်နေတဲ့သူတွေကိုတော့ အရေးယူတာမျိုး မတွေ့ရသေးပါဘူး။

ဒါဟာ ဥပဒေဆိုတာ သူတို့အာဏာတည်မြဲဖို့အတွက်ပဲ ရှိနေပြီး ပြည်သူတွေရဲ့ လုံခြုံရေးအတွက်တော့ လုံးဝကို အကာအကွယ်မပေးနိုင်ဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဒီလိုမျိုး ကျူးလွန်သူတွေ လွတ်မြောက်နေရတာဟာ နိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍ ပျက်သုဉ်းနေမှုအပြင်၊ နိုင်ငံရဲ့ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့်လည်း ဖြစ်တယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းပြစ်မှုတွေအတွက် သီးသန့် ‘ဆိုက်ဘာဥပဒေ’ မရှိသေးဘဲ အီလက်ထရောနစ်ဥပဒေကိုသာ အားကိုးနေရဆဲလို့ သိရပါတယ်။

လက်ရှိသုံးနေတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဟာ အများပြည်သူမြင်ကွင်းမှာ ဖြစ်ပျက်တာတွေကိုပဲ အရေးယူနိုင်ပြီး သီးသန့်အခန်း (Private) ထဲမှာ ခြိမ်းခြောက်ငွေညှစ်တဲ့ ဖြစ်စဉ်တွေအတွက်တော့ ဥပဒေအရ အားနည်းချက်တွေ ရှိနေတယ်လို့ CDM တရားသူကြီး ဒေါ်သဉ္ဇာမြက ထောက်ပြထားပါတယ်။

ဒါကြောင့်လည်း သီးသန့် Messenger ကနေ ခြိမ်းခြောက်ခံရတဲ့ အမှုတွေကို အရေးယူဖို့ ခက်ခဲနေတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

ဒီလိုဖြစ်စဉ်တွေကို ကြုံတွေ့ရတဲ့ အမျိုးသမီးတွေထဲက တချို့ကတော့ သတ္တိရှိရှိနဲ့ ထုတ်ဖော်ပြောဆိုလာတာမျိုးတွေ ရှိပေမယ့် ဒီဖြစ်စဉ်တွေအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေက လက်ရှိမှာ မရှိဘူးလို့ သိရပါတယ်။

“ကာယကံရှင်တွေဘက်က ဒီဖြစ်စဉ်တွေကို ထုတ်ပြောလာကြတာ များလာတယ်ဆိုပေမယ့် တရားမျှတမှုပိုင်းမှာတော့ Zero (သုည) အဆင့်ပဲ။ တကယ်တော့ ဘယ်သူမှ ဒါကို ထိထိရောက်ရောက် ဖြေရှင်းပေးတာမျိုး မရှိသလို၊ နစ်နာသူတွေအတွက် အမှန်တရားဆိုတာလည်း ရှိမနေပါဘူး။" လို့ အမျိုးသမီးအရေးလှုပ်ရှားသူ မဇက်ပီက ပြောပါတယ်။

အခုလို အမှန်တရားအတွက် ရပ်တည်ပေးမယ့်သူ မရှိတာရယ်၊ အမျိုးသမီးတွေကို အကာအကွယ်မပေးနိုင်တဲ့ တရားစီရင်ရေး အခြေအနေတွေရယ်ကြောင့်ပဲ အမျိုးသမီးတွေရဲ့ သိက္ခာကို အရင်းပြုထားတဲ့ ညစ်ညမ်းစီးပွားရေးယန္တရားကြီးဟာ အရှိန်အဟုန်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

S*x Tape ဖြန့်ခံရတဲ့ အမျိုးသမီးတွေအတွက် အဆိုးရွားဆုံးကတော့ သူတို့ရဲ့ မိသားစုဝင်တွေဆီက ရလာမယ့် ဖိအားတွေပါပဲ။

မြန်မာနိုင်ငံက S*x Education (လိင်ပညာပေးမှု) အားနည်းတဲ့နိုင်ငံဖြစ်နေတော့ ဒီလိုဗီဒီယိုတွေ ထွက်လာတဲ့အခါမှာ ဆွေမျိုးတွေကြားထဲမှာတင်မကဘဲ၊ မိတ်ဆွေအသိုင်းအဝိုင်းထဲမှာပါ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူတွေက ပြောပါတယ်။

ဒီလို ခွဲခြားဆက်ဆံမှုတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ဒဏ်ရာရထားပြီးသား အမျိုးသမီးတွေအတွက်တော့ ပိုပြီးဆိုးရွားစေပါတယ်။ ဒါဟာ သူတို့ကို မိမိကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိတောင် တွန်းပို့နေသလို ဖြစ်နေတယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုပေးနေသူတွေကလည်း ထောက်ပြထားပါတယ်။
အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးအများစုဟာ ဖြစ်စဉ်ဖြစ်ပြီး လနဲ့ချီ ကြာသွားတဲ့အထိတောင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ဆက်ပြီး ခံစားနေကြရတာပါ။

မို့မို့၊ ဖြူဖြူနဲ့ မြမြတို့ဆိုရင် ဒီလို ခြိမ်းခြောက်ခံရတဲ့ဖြစ်စဉ်နဲ့ ကြုံခဲ့ရတာ ၁ နှစ်နီးပါးရှိနေပြီဖြစ်ပေမဲ့ ဒီနေ့အထိ စိတ်မလုံခြုံကြသေးပါဘူး။

'ကိုယ်မသိတဲ့သူက စကားလာပြောရင်ပဲဖြစ်ဖြစ်၊ Messenger က နိုတီအသံ ကြားရင်ပဲဖြစ်ဖြစ် ကြောက်ပြီး ငိုချင်လာတယ်။ တယ်လီဂရမ်ဆိုရင်လည်း အခုထိ ပြန်မဖွင့်ရဲသေးဘူး' လို့ ဖြူဖြူက သူ့ရဲ့ စိတ်ဒဏ်ရာကို ပြောပြပါတယ်။

အမျိုးသမီး ထောင်ပေါင်းများစွာ အခုလို လိင်အမြတ်ထုတ်ခံနေရပေမဲ့ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု ရဖို့ဆိုတာကတော့ လက်တွေ့မှာ မလွယ်ကူတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒါကြောင့်လည်း နစ်နာသူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ကျူးလွန်သူတွေကို လူမှုရေးအရ ပြစ်ဒဏ်ပေးတာမျိုး၊ ညစ်ညမ်းချန်နယ်တွေကို Report ဝိုင်းထုတာမျိုးတွေကိုပဲ လုပ်ဆောင်နေကြပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာတင် ASV Team က အဖွဲ့ဝင်တွေရဲ့ Report ထုမှုကြောင့် လိင်ကိစ္စတွေ ဖြန့်ဖြူးပြီး ငွေရှာနေတဲ့ တယ်လီဂရမ်ချန်နယ်ပေါင်း ၁၆၇ ခုအထိ ပျက်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီညစ်ညမ်းစီးပွားရေးယန္တရားကို အပြီးအပိုင် တိုက်ဖျက်ဖို့ကတော့ အတော်လေး ခက်ခဲနေပါသေးတယ်။

ကျူးလွန်သူတွေဟာ သူတို့ချန်နယ်တွေ Report ထုခံရလို့ ပျက်သွားရင်တောင်မှ အဖွဲ့ဝင် (Member) အများကြီးရှိတဲ့ တခြားတယ်လီဂရမ်ချန်နယ်တွေကို ပိုက်ဆံနဲ့ ပြန်ဝယ်ပြီး ဒီလုပ်ရပ်တွေကိုပဲ ထပ်ခါတလဲလဲ လုပ်ဆောင်နေကြလို့ပါ။

နောက်ဆုံးမှာတော့ ဒီညစ်ညမ်းစီးပွားရေး ယန္တရားကြီး ပျက်စီးသွားဖို့ဆိုရင် ရောင်းတဲ့သူကို တားဆီးရုံတင်မကဘဲ ဝယ်ယူကြည့်ရှုသူ မရှိတော့အောင် လုပ်ဆောင်နိုင်မှသာ အထိရောက်ဆုံး ဖြစ်မှာပါလို့ မနီနီကတော့ သူမရဲ့အမြင်ကိုဆိုပါတယ်။



News Hive သတင်းဌာန၏သတင်းများကို www.newshivemedia.com တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

27/12/2025

Mudra Kid's Zone
Preschool နှင့်
လက်တွဲရန် Subject Tr
၂ဦး အလိုရှိပါသည်။
တက္ကသိုလ်တက်ဆဲ(or)
ဘွဲ့ရ ဖြစ်ရမယ်။
PPTT လက်မှတ်ရှိသူ
ဦးစားပေးခေါ်ပါမည်။

Salary ညှိနိှုင်း😊

ဆက်သွယ်ရန်
Viber:09421162701

စက်မြေ၊ ဆရာစံလမ်းမကြီး၊ ဒလမြို​့။

Merry Christmas အမှတ်တရ😍🥰😘
27/12/2025

Merry Christmas အမှတ်တရ😍🥰😘

Merry Christmasအမှတ်တရ😍😍🥰😘😘
27/12/2025

Merry Christmas
အမှတ်တရ😍😍🥰😘😘

16/10/2025
16/10/2025
သူပြောသလိုပါပဲ
31/08/2025

သူပြောသလိုပါပဲ

သားသမီးဆိုတာမိဘတိုင်းရဲ့ အနာဂတ် ဘဝလေးတွေပါပဲ။သူတို့လေးတွေအပေါ်မွေးကတည်းက ဒုက္ခပေါင်းစုံခံပြီးကျွေးမွေးပြုခဲ့ကြရတယ်။ကိုယ်...
28/08/2025

သားသမီးဆိုတာ
မိဘတိုင်းရဲ့ အနာဂတ် ဘဝလေးတွေပါပဲ။
သူတို့လေးတွေအပေါ်
မွေးကတည်းက ဒုက္ခပေါင်းစုံခံပြီး
ကျွေးမွေးပြုခဲ့ကြရတယ်။
ကိုယ် မရခဲ့တဲ့ အခွင့်အရေးတွေ
သားသမီးကို ပေးချင်ကြတယ်၊ ပေးခဲ့ကြတယ်။
အနာဂတ်ကို တောက်ပနေတာပဲ မြင်ချင်ကြတယ်။
သူတို့ရဲ့ အနာဂတ်ကို
မူကြိုအရွယ်မှာ စပြီး မိဘတွေ
ရင်းနှီးမြုပ်နှံကြရပြီ။
ခေတ်နဲ့အညီ မူကြိုပညာရေး အရေးကြီးတာကိုလည်း
မိဘတိုင်းက သိကြတယ်။
တစ်ချို့တွေ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ သူတွေတောင်မှပဲ သူတို့ကလေးကို
သာမန်ထက် ပိုကောင်းတဲ့ နေရာကို ပို့ပေးကြတယ်။

ဒီနေရာမှာ ချမ်းသာသည် ဖြစ်စေ၊
ဆင်းရဲသည် ဖြစ်စေ၊
ဆရာ၊ ဆရာမ တွေက တန်းတူဆက်ဆံပေးဖို့နဲ့
ဖေဖေ၊ မေမေတို့ရဲ့ မျော်လင့်ချက်တွေကို သိဖို့၊
ကိုယ်တိုင်ကလည်း ဆရာမ တာဝန် ကျေကြဖို့
အလွန်အရေးကြီးပါတယ်။

မိဘတွေရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို
ဆရာ၊ ဆရာမတွေက သိသလိုမျိုး
ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲကိုလည်း
မိဘတွေက သိဖို့ လိုပါတယ်။

ကျနော်တို့ Founder တွေက ကလေးတစ်ယောက်ရဲ့ လစာနဲ့ ဆရာမတစ်ယောက် ငှားပေးလို့ မရပါဘူး။
ကလေး ၄ ယောက် ( Or) ၅ ယောက်မှ ဆရာမ ၁ယောက် လစာပဲ ရှိပါသေးတယ်။
ကိုယ်က လစာပေးထားတာပဲ ဆိုတဲ့ စိတ်နဲ့ ကိုယ်ဖြစ်ချင်တာတွေ အများကြီး တောင်းဆိုချင်လို့ မရပါဘူး။

ကလေး ဘက်စုံ ဖွံ့ဖြိုးဖို့ဆိုရင်
အများနည်းတူ ကျောင်းပုံမှန် မြဲဖို့လိုသလို၊
ကလေးကို ကိုယ့်အား ကိုယ်ကိုးတတ်ဖို့လည်း
သင်ပေးရပါတယ်။

ကိုယ်က ကိုယ့်ကလေးကို ဘက်စုံဖွံ့ဖြိုးဖို့
စိတ်ဆုံးဖြတ်ထားပြီးရင်
အဲ့ပန်းတိုင်ကို မရောက်ရောက်အောင် လျောက်ပါ။
ရေရှည်ကိုတွေးပြီး ကိုယ့်ရဲ့ ဝင်ငွေနဲ့
ကိုက်ညီမဲ့ ကျောင်းမျိုးပဲ ထားပါ။
မနိုင်ဝန်ထမ်းမိရင်လည်း
ကလေးရဲ့ အနာဂတ်က မရေမရာ ဖြစ်သွားနိုင်လို့ပါ။

မိဘနဲ့ ဆရာ လက်တွဲညီမှ ကလေးတွေရဲ့ အနာဂတ်က
ကောင်းမှာမို့ ကိုယ်ရွေးချယ်မဲ့လမ်းကို
သေချာရွေးပြီး အဆုံးထိ လျောက်နိုင်ကြပါစေ၊
ထူးချွန်ထက်မြတ်တဲ့ အနာဂတ်မျိုးဆက်သစ်တွေ
ရရှိပိုင်ဆိုင်နိုင်ကြပါစေ လို့
ဆုတောင်းပေးလိုက်ပါတယ်🙏

ချစ်ခြင်းများစွာဖြင့်
MudraKid'sZonePreschool

ငါ့ စပျစ်သီးကို ဘယ်သူချဥ်တယ် ပြောနေပါလိမ့်🧐🧐ဆင်ခြေတွေထက် လက်တွေ့ လုပ်ပြလိုက်ပါလား😍
04/06/2025

ငါ့ စပျစ်သီးကို ဘယ်သူချဥ်တယ် ပြောနေပါလိမ့်
🧐🧐
ဆင်ခြေတွေထက် လက်တွေ့ လုပ်ပြလိုက်ပါလား😍

မူကြိုဆရာမကောင်း တစ်ယောက်ဟာတိုင်းပြည်ရဲ့ အနာဂတ်ကိုပါပြောင်းလဲပေးနိုင်တယ်ဆိုရင်ယုံကြလား????တိုးတက်နေတဲ့ နိုင်ငံတိုင်းမှာမ...
03/06/2025

မူကြိုဆရာမကောင်း တစ်ယောက်ဟာ
တိုင်းပြည်ရဲ့ အနာဂတ်ကိုပါ
ပြောင်းလဲပေးနိုင်တယ်ဆိုရင်
ယုံကြလား????

တိုးတက်နေတဲ့ နိုင်ငံတိုင်းမှာ
မူကြိုကျောင်းတွေဟာ
ခေတ်မှီပြီး ကျယ်ဝနိးတဲ့ ကစားကွင်းတွေ၊
AC အခန်းကျယ်ကြီးတွေနဲ့
ကလေးစိတ်ပညာကို နားလည်တဲ့
PHD ဘွဲ့ရ ဆရာကြီး၊ ဆရာမကြီးတွေကို
ဦးစီးစေပြီး ပညာသင်ကြားပေးဖို့
ခန့်အပ်တာဝန် ပေးကြပါသတဲ့။

ကလေးတွေကို မူကြိုအရွယ်မှာကတည်းက
တကယ့် ပညာရှင်ကြီးတွေနဲ့
ထားပြီး ကြီးပြင်းစေတာမို့
ကလေးတွေဟာ ငယ်ကတည်းက
တည်ငြိမ်ရင့်ကျက်နေပါပြီ။
( ၃ နှစ် ၅နှစ် ကလေးတွေရဲ့ ဦးနှောက်ကလည်း လူကြီးလောက်နီးနီးကို ဖွံ့ဖြိုးနေတာမို့ ဘာမဆို သင်လွယ်တတ်လွယ်တဲ့ အရွယ် ဖြစ်နေလို့ပါပဲ။)

ကလေးတွေဟာ အတုမြင် အတတ်သင်ဆိုတဲ့အတိုင်း
သူတို့နဲ့ အတူနေသူတွေရဲ့ အပြုအမူအတိုင်း
အတုယူ ရှင်သန်ကြပါတယ်။

ဒါကြောင့် ကျနော်တို့ ကျောင်း Founder တွေဟာ
မူကြို ဆရာမကောင်း တစ်ယောက်ရဖို့
အတော်ခက်ခက်ခဲခဲ ရှာကြရပါတယ်။

ဒီနိုင်ငံရဲ့ ပညာရေးအသိက
မူကြိုဆရာမ အလုပ်ဆိုတာနဲ့
ကလေးထိန်း အလုပ်လို့ တန်းမြင်ကြပုံပါပဲ။
ရေရှည်ထက် ရေတိုကိုပဲ ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့
သူတွေကြားထဲ စိတ်တူကိုယ်တူနဲ့
လက်တွဲမဲ့သူကို ရှာရတာ တကယ်မလွယ်ပါဘူး။

တကယ် ပညာကို တန်ဖိုးထားပြီး လက်တွဲနေတဲ့
ဆရာမတွေကိုတော့ အမြဲတန်ဖိုးထားလေးစားလျက်ပါပဲ😍😘

Address

Sayar San Street
Dalla

Telephone

+959421162701

Website

Alerts

Be the first to know and let us send you an email when Mudra Pre-School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mudra Pre-School:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram